Ch 40
Viewers 557

🍉 Chapter 40

 

 

ကျီဖေး စောင်းမြောင်းပြောဆိုမှုသည် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်ပြီး သူမ၏လှောင်ပြောင်သောလေသံသည် စင်္ကြံလမ်းတစ်ခုလုံးသို့ပျံနှံ့သွားသည်။ စကားလုံးတစ်လုံးချင်းစီတိုင်းသည် ကြာပွတ်ကဲ့သို့ ပေါက်ကွဲထွက်လာကာ စုံတွဲစီသို့ရိုက်ခတ်သွားသည်။ ၎င်းတို့ကို တိုက် ရိုက်စော်ကားခြင်းနှင့်နှိုင်းယှဉ်ပါက ဤကဲ့သို့ သွယ်ဝိုက်စွာအရှက်ရစေခြင်းသည် နှစ်ဆပိုနာကျင်ရသည်။

 

နှစ်ယောက်လုံး၏မျက်နှာမှာ ဖြူဖျော့သွားသည်။

 

ဒေါသကြောင့် မောပန်းနွမ်းနယ်နေသည့်ပုံဖြစ်နေသည်။

 

ထို့နောက် ကျီဖေးက "အဲ့ဒါအမှန်ပဲမဟုတ်လား ဉီးလေးနဲ့အန်တီ၊ ရှင့်တို့ရဲ့ အကြံတွေကျဆုံးသွားတာသနားစရာပဲ"

 

ကောင်းဟောင်သည် ထိုအမျိုးသမီးကို လက်မထောင်ပြရန်အဆင်သင့်ဖြစ်နေသည်။ အဲ့လိုကြားရတာ အရမ်းစိတ်ကျေနပ်မိတယ်။

 

ဒီတစ်ကြိမ်မှာတော့ မစ္စချူ သည်းမခံနိုင်တော့ပေ။ သူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး တုန်တုန်ယင်ယင်ဖြင့် မျက်လုံးများနီရဲလျှက် မည်သူ့အကြည့်ကိုမှရင်မဆိုင်နိုင်တော့ပေ။ သူတို့ မှားယွင်းနေကြောင်း အသိအမှတ်မပြုနိုင်သည့်ပုံပင်။

 

"မဟုတ်ဘူး ငါတို့က အသက်ကြီးပြီလေ။အဲ့တာကြောင့်...."

 

အမှန်တော့ သူတို့ အဲ့တာကိုထည့်မစဉ်းစားခဲ့ပေ။ ချုရှင်းယွဲ ‌အနေဖြင့်ကိုယ့်ကိုယ်ကို စတေးရသည်မှာ သူတို့အ တွက် ပုံမှန်ဖြစ်သည်ဟု ပေါ့ပေါ့တန်တန်ယူဆထားကြသည်။

 

"ဟက်!! ခင်ဗျားမှာ အရှက်မရှိဘူးပဲ"

 

ချင်ကျောက်သည် အေးစက်စွာပြောပြီး မစ္စတာချူကို  သနားစရာကောင်းလောက်အောင် နံရံဆီသို့တွန်းထုတ်လိုက်သည်။

 

မိမိထက်ငယ်ရွယ်သောသူတစ်ယောက်ထံမှ ထိုကဲ့သို့ ကြိမ်းမောင်းခံရသည်မှာ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလိုပင်။ ဒါ လုံးဝအရှက်ရစရာပဲ။

 

နောက်ဆုံး မစ္စတာချူသည် မြေပြင်ပေါ်သို့လဲကျသွားပြီး လုံးဝအရှက်ရသွားသည်။ ထိုအခြေအနေတွင် သူက

 

"ချူမိသားစုကို ဝေဖန်ဖို့ မင်း အလုပ်မဟုတ်ဘူး၊ ထွက်သွား!...မင်းတို့အားလုံးထွက်သွား!"ဟု အော်ဟစ်လိုက်သည်။

 

ကျီဖေး- "အိုးး..ကျွန်မက ဝေဖန်ချင်ယုံတင်မကဘူး၊ ရှင့်မိသားစုရဲ့အမူအကျင့်တွေကို လူမှုအသိုင်းအဝိုင်းထဲထိဖြန့်ဖို့လည်းစီစဉ်ထားတယ်။ ရှင်တို့မိသားစုက ဘယ်လိုမိသားစုမျိုးလဲဆိုတာ လူတိုင်း သိနိုင်အောင်ပေါ့။"

 

"မဟုတ်ဘူးး! မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ?!"

မစ္စချူသည် ချက်ချင်းအော်ဟစ်လိုက်သည်။

 

"အိုးးး ခင်ဗျား အရင်ကသိပ်ဖြောင့်မတ်တာမဟုတ်ဘူးလား ? ခင်ဗျားလုပ်တာမှန်တယ်လို့ ခင်ဗျားမထင်ဘူးလား? အခု လူတွေသိမှာကို ဘာလို့ကြောက်နေတာလဲ"

 

ကောင်းဟောင်လည်း မနေနိုင်တော့ဘဲ ပါဝင်ထေ့ငေါ့လိုက်သည်။

 

"ခင်ဗျားက ချူရှင်းယွဲရဲ့စရိုက်ကိုပဲပြင်ချင်နေတာ ခင် ဗျားတို့ရဲ့စရိုက်ကို အရင်ဆုံးကောင်းကောင်းပြင်ဖို့ ဘာလို့မလုပ်တာလဲ"

 

မစ္စချူ လုံးဝအေးခဲသွားသည်။

 

ကျီဖေးနှင့်ကောင်းဟောင် အကြည့်ချင်းဖလှယ်ကာ အချင်းချင်းလက်မထောင်ပြလိုက်သည်။

 

ချင်ရှန့်သည် အလယ်မှာနေလျက်: ငါလည်း ကူညီပေးတယ်လေ မင်းတို့ မသိဘူးလား ?

 

မစ္စချူ- "မင်းတို့ အားလုံးရူးသွားပြီလား ? ဒါ မင်းတို့နဲ့ဘာဆိုင်လို့လဲ ? ချူရှင်းယွဲက မင်းတို့ရဲ့ချင်မိသားစုနဲ့ စေ့စပ်ထားတာကို ဖြတ်သိမ်းလိုက်ပြီ!"

 

ချင်ကျောက် အေးစက်စွာပြောလိုက်သည်။

 

"စေ့စပ်ပွဲပြတ်သွားတာက ကျနော်နဲ့မထိုက်တန်လို့လက်ခံပါတယ်။ ဒါပေမဲ့ ဒီသခင်လေးပြောပြမဲ့ ချူရှင်းယွဲ့ရဲ့ကိစ္စတွေကို နားလည်နိုင်အောင် အဆုံးထိနားထောင်    ကြည့်လိုက်!"

 

ချင်ကျောက် သူတို့စုံတွဲကို ငုံ့ကြည့်လျက် ပြင်းပြင်းထန် ထန်ပြောလိုက်သည်။

 

 "ခင်ဗျားတို့မသိသေးတာတစ်ခုရှိတယ်။ ခင်ဗျားတို့ရဲ့ အဖိုးတန်သမီးလေးက ဝူထျန့်ဆီက ပိုးကူးစက်ခံထားရတယ်။ သူ ဒီနေ့အရိုက်ခံရတယ် ဘာလို့လဲဆိုတော့ သူက ရှင်းယွဲ့ကို ဆေးထိုးအပ်နဲ့အန္တာရာယ်ပြုဖို့ကြိုးစားခဲ့လို့ပဲ။ သူ့ရဲ့ မနာလိုမှုတွေနဲ့ရည်ရွယ်ချက်တွေက သူ့ကို နောက် ဆက်တွဲအကျိုးဆက်တွေ ခံစားရစေခဲ့တယ်လေ။ သူက ချူရှင်းယွဲ့အဖြစ် ဟန်ဆောင်ရတာကိုကြိုက်တယ်မဟုတ်လား ? ဒါ သူနဲ့ ထိုက်တန်တာကိုရခဲ့တာပဲလေ"

 

ဒါကိုကြားတော့ ချူလင်မယားနှစ်ယောက် အံ့ဩသွားကြသည်။

 

ဘာရောဂါလဲ ? ဘယ်လိုကူးစက်ခံခဲ့တာလဲ ?

 

"မဖြစ်နိုင်ဘူး..." မစ္စချူ ထအော်လိုက်သည်။

 

အစောကဆရာဝန်များနှင့်သူနာပြုများသည် တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ ထူးဆန်းသောသဘောထားတွေရှိပုံရသည်ကို ရုတ်တရက်သတိရလိုက်သည်။ ဓားအထိုးခံရခြင်းဖြစ်ရပ်နှင့် မသက်ဆိုင်သော ချူရွှယ်ချီအတွက် အရေးကြီးသော မေးခွန်းများရှိကြောင်း ရဲများက ပြောကြားခဲ့သည်။

 

ချင်ကျောက် ပြောခဲ့သည်များသာ အမှန်ဖြစ်ပါက ချူ   ရွှယ်ချီသည် ရာဇဝတ်မှုတစ်ခုဖြစ်သည့် ရောဂါတစ်ခုအား ရည်ရွယ်ချက်ရှိရှိဖြန့်နေခြင်းပင်။

 

"ချူရှင်းယွဲ့ ဒါကိုသိပြီးတာတောင်မှ ချူရွှယ်ချီကိုကယ်သင့်တယ်လို့ ခင်ဗျားတို့ ထင်နေသေးရင် ခင်ဗျားက တိရစ္ဆာန်တွေထက်တောင်ပိုဆိုးတာပဲ"

 

ချူလင်မယားနှစ်ယောက်၏မျက်နှာများ နီမြန်းလာကာ ၎င်းတို့၏ အမူအရာများအဆက်မပြတ်ပြောင်းလဲနေပြီး ဤထုတ်ဖော်ခံရမှုကြောင့် သိသိသာသာတုန်လှုပ်သွားခဲ့ကြသည်။

 

ချင်ကျောက် ၎င်းတို့၏တုံ့ပြန်မှုကို ဂရုမစိုက်ပေ။ သူ့သဘောထားကို ရှင်းရှင်းလင်းလင်းပြောပြီး သတိပေး ရန်လာခဲ့ခြင်းဖြစ်သည်။

 

"ကျွန်တော့်စကားတွေကို မှတိထား။ အခုကစပြီး ခင်ဗျားရဲ့အဖိုးတန်သမီးနဲ့ဝေးဝေးနေ၊ ကျွန်တော်နဲ့ ချူရှင်းယွဲ့တို့ရဲ့ ရရှေ့ကို ဘယ်တော့မှမပေါ်လာနဲ့။ သူ့ကို မတွေ့နဲ့။ ဆက်လည်း မဆက်သွယ်နဲ့။ ခင်ဗျားတို့ ချူရှင်းယွဲ့ကို နောက်တစ်ခေါက် ထပ်နှောက်ယှက်တာကို ကျွန်တော်ရှာတွေ့ခဲ့ရင် ခင်ဗျားတို့သုံးယောက်ကို အဟားခ့ရမယ့်မိသားစုဖြစ်အောင်လုပ်ဖို့ ကျွန်တော့်ရဲ့အဆက်အသွယ်နဲ့အရင်းအမြစ်တွေ အကုန်သုံးပစ်မယ်"

 

ချင်မိသားစု၏အင်အားကိုအားမကိုးပဲ သူ့ကိုယ်ပိုင်အစွမ်းအစနှင့် အောင်မြင်အောင်လုပ်နိုင်သည်။အဆုံးမှာ ထိပ်တန်းနာမည်ကြီးစတား ချင်ကျောက်၏ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ကောင်းဟောင်သည်ပင် သူ့ကျောကို ဖြောင့်တန်းအောင်မဆန့်ဘဲ မနေနိုင်ပေ။

 

ချူလင်မယားနှစ်ယောက်လုံး တုန်တုန်ယင်ယင်ဖြင့် ထိုခြိမ်းခြောက်မှုကိုကြောက်ရွံ့နေကြသည်။

 

"ငါတို့ သူ့ကို အစားထိုးကုသခိုင်းမှာမဟုတ်ဘူး။ ဒါပေမဲ့မိသားစုအဆက်အသွယ်အားလုံး ဖြတ်ခိုင်းမှာလား ?"

 

"အရှက်မဲ့တဲ့မျက်နှာနဲ့ မိသားစုအကြောင်းလာမပြောနဲ့။ ခင်ဗျား သူ့ကို ချစ်ပေးဖူးလား။သူ အခု ခင်ဗျားနဲ့ ဘာမှ မပတ်သတ်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုသိပြီး အဖြစ်မှန်ကိုရင်ဆိုင်လိုက်၊ ခင်ဗျား မိဘတစ်ယောက်လိုပြုမူနိုင်သေးတယ်လို့ ခင်ဗျား ထင်နေသေးတာလား ?"

 

ချင်ကျောက်၏ ယဉ်ကျေးသိမ်မွေ့စွာကြီးပြင်းလာမှု သည် ဤစုံတွဲရှေ့ လုံးလုံးလျားလျားပြိုကွဲသွားသည်။

 

"မင်း...မင်း..."

 

မစ္စတာချူသည် ဒေါသထွက်လွန်းသဖြင့် စကားကိုဆုံးအောင်ပင် မပြောနိုင်တော့ပေ။

 

မစ္စချူသည် ဆူပူကြိမ်းမောင်းခံရသဖြင့် မျက်ရည်ကျခဲ့သည်။ သူ ချင်ရှန့်ဘက်သို့လှည့်ပြီး

 

"ဒါ ချင်မိသားစုရဲ့သားသမီးတွေကိုပျိုးထောင်တဲ့ပုံလား! ခင်မင်တာကြာပြီဖြစ်တဲ့မိသားစုရဲ့ အကြီးအကဲတွေကို  ဒီလို ပွင့်ပွင့်လင်းလင်းခြိမ်းခြောက်တာကလေ! ငါတို့မိသားစုက ရင်းနှီးလာခဲ့တာ မျိုးဆက်လေးဆက်လောက်ရှိပါပြီ!"

 

ချင်ရှန့်က "တူညီတဲ့အရာကိုပဲ မေးချင်ပါတယ်! ခင်ဗျားရဲ့ထူးဆန်းတဲ့ရောဂါရှိတဲ့သမီးကို ညသန်းခေါင်မှာ ကျွန်တော့်ညီရဲ့ အခန်းတံခါးကိုလာခေါက်ခိုင်းတာကရော ခင်ဗျားတို့ မိသားစုပျိုးထောင်တဲ့ပုံလား ?"

 

သူ့လေသံသည် ပျော့ပြောင်းနေသော်လည်း သူ့စကားမှာ ရေခဲမြှားသကဲ့သို့ ထိုစုံတွဲဆီထိုးဖောက်သွားသည်။

 

"ဒါ ဘယ်လိုဖြစ်ရတာလဲ ?"

 

ချူလင်မယားနှစ်ယောက် ရုတ်တရက် တစ်ခုခုကိုသဘောပေါက်သွားကာ မျက်နှာများသိသိသာသာပြောင်းလဲသွားသည်။

 

"နားလည်မှုလွဲတာဖြစ်မယ်..."

 

ချင်ရှန့်မတ်တပ်ထရပ်ပြီး "ခင်ဗျားကြားလိုက်တာ ကျွန်တော့်ညီရဲ့သတိပေးချက်၊ အခု ဒါက ချင်မိသားစုရဲ့ သတိပေးချက်ပဲ၊ ကျွန်တော့်ညီရဲ့ဆန္ဒကိုထပ်ပြီးဆန့်ကျင်ရင် ချူမိသားစုကနေ ခင်ဗျားတို့သုံးယောက်ကိုနှင်ထုတ်တဲ့အချိန် မရောက်မချင်း ချူမိသားစုရဲ့ လုပ် ငန်းအားလုံးကိုဖိနှိပ်ဖို့အတွက် ချင်အဖွဲ့အစည်းရဲ့အာဏာကိုသုံးမယ်။ အဲ့တာကြောင့် အန်ကယ်ချူ၊ အန်တီချူ ၊ ကျွန်တော်တို့မိသားစုနဲ့ ကြာကြာခင်မင်ခဲ့တာကိုထောက်ပြီး ကိုယ့်ဘာသာလုပ်လိုက်ကြပါ။ ကျွန်တော်တို့လည်း ကိစ္စတွေကို အရမ်းမဆိုးရွားသွားစေချင်ပါဘူး။ အဲ့တာကြောင့် ချူမိသားစုရဲ့ ဒုတိယဉီးလေးကို နောက်မှအ ကြောင်းကြားလိုက်ပါ့မယ်။"

 

ချူလင်မယားနှစ်ယောက်သည် ချက်ချင်းဆိုသလို ၎င်းတို့၏ဝိညာဉ်များ အပြင်သို့ဆွဲထုတ်ခံလိုက်ရသကဲ့ခံစားလိုက်ရသည်။ သူတို့ ချင်ရှန့်ကိုကြည့်ပြီးနောက် ချင်ကျောက်ကို ဖြူဖျော့သည့်မျက်နှာဖြင့ကြည့်လိုက်ကြသည်။ ထို့ကဲ့သို့သော အကြွင်းမဲ့ခြိမ်းခြောက်မှုအောက်တွင် သူတို့ စကားတစ်ခွန်းမျှမဆိုနိုင်ခဲ့ကြပေ။

 

မကြာမီ ချူရွှယ်ချီနိုးလာခဲ့သည်။ သူသည် ဆင်းရဲဒုက္ခများကို ကျင့်သားမရပဲ အထူးသဖြင့် သူမျက်နှာတစ်ဝက် နီးပါးထိ ကြီးမားသောအရိုးအထိနက်သည့် အနာရွတ်ကို ခံစားလိုက်ရသောအခါတွင် သူမသည် ငိုကြွေးစပြုလာသည်။

 

သူ့ အချစ်ရေးပျက်စီးသွားသည်။ သူ့အသက်မွေး ဝမ်း ကျောင်းလမ်းမှာ ပျက်စီးသွားသည်။ သူ့ဘဝလည်း ပျက်သွားရသည်။

 

သူ့အော်ဟစ်ပြီးသည်အထိ သူမ မိဘတွေကိုမမြင်ခဲ့ရသလို ပုံမှန်နှစ်သိမ့်ပေးရန်ပင် ရောက်မလာခဲ့ကြပေ။

 

ချူရွှယ်ချီ တစ်ခုခုမှားယွင်းနေပြီဟု နောက်ကျစွာခံစားလိုက်ရပြီး သူ့ မိဘတွေကို အဲ့ဩစွာကြည့်လိုက်သည်။

 

"မင်းမှာ ကူးစက်ရောဂါရှိနေတာလား ?"

 

"မင်းကျဲနဲ့ ချင်ကျောက်ကိုကူးစက်ချင်သေးတာလား ?"

 

"သမီးလေး ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ!"

 

"မင်း ဘာတွေလုပ်ခဲ့လဲ မင်း သိလား?!"

 

"Ahhhhh အဲ့တာ ရှင်တို့အပြစ်ပဲ! ကျွန်မကို မွေးပြီး ချူရှင်းယွဲ့ကိုမမွေးသင့်ဘူး! သမီးသူတို့ကို ကူးစက်စေချင်တယ်! ချူရှင်းယွဲ့ကသာ ချင်ကျောက်ကိုမဆွဲထားပဲ စော စောက စေ့စပ်ပွဲဖြတ်ပစ်လိုက်ရင် သမီး သူနဲ့ ပွင့်ပွင့်လင်းလင်းနေလို့ရခဲ့မှာ! ချင်ကျောက်ကသာ အရမ်းခေါင်းမာမနေပဲ သမီးကိုထိဖို့မငြင်းပယ်ခဲ့ရင် ဝူထျန့်ဆီက ကူးစက်ခံရမှာမဟုတ်ဘူး။ ဒါ သူတို့ရဲ့အမှားပဲ!။ သမီးအသက်မရှင်နိုင်ဘူးဆိုရင် သူတို့ကိုလည်း သမီးနဲ့အတူ သေစေချင်တယ်!"

 

"ဖြန်းးး!"

 

မစ္စတာချူ၏လက်သည် ပြင်းထန်စွာကျဆင်းလာကာ ချူရွှယ်ချီ မျက်နှာပေါ်ရှိ ဒဏ်ရာကိုပြန်လည်ပွင့်သွားစေပြီး သွေးများပြန်ထွက်စေသည်။

 

"အာ့!" ချူရွှယ်ချီ ဖခင်ဖြစ်သူကိုမယုံကြည်နိုင်စွာကြည့်လိုက်သည်။

 

"အဖေ သမီးကိုရိုက်လိုက်တာလား ? အဖေ သမီးကိုတစ် ခါမှမရိုက်ဖူးဘူး!"

 

"ယောကျာ်း၊ မလုပ်နဲ့..."

 

မစ္စချူ သူ့ကိုတားချင်သော်လည်း ဘယ်သူ့ကိုတားသင့်သည်ကို သူ မသိပေ။

 

မစ္စတာချူ သူ့ လက်ဖဝါးကိုကြောင်တက်တက်စိုက်ကြည့်ကာ ချူရှင်းယွဲ့ကို ဘယ်လောက်အထိရိုက်ခဲ့ဖူးကြောင်းသတိရမိသည်။ ငိုသည်ထက် နာကျင်စွာရယ် မောလိုက်သည်။

 

များမကြာမီတွင် လက်ရှိချူလုပ်ငန်းစု၏အကြီးအကဲထံမှ ဖုန်းဝင်လာသည်။ ချူရှင်းယွဲ့ မရှိတော့သကဲ့သို့နေပြီး အရှက်မဲ့စွာဖြင့် ချူရှင်းယွဲ့ထံ နောက်တစ်ကြိမ်ထပ်မချဉ်းကပ်ဖို့ ဒေါသတကြီးပြောနေသည့်အသံက သူတို့ကိုသတိပေးလိုက်သည်။ မဟုတ်ပါက ချူမိသားစုမှထုတ် ပယ်ခံရမည်ဖြစ်သည်။

 

ဖုန်းချပြီးနောက် ချူလင်မယားနှစ်ယောက် စကားအကြာကြီးမပြောဖြစ်ခဲ့ကြပေ။ သူတို့သမီးလေးနှင့်အတူ အသက်မဲ့နေသောမျက်လုံးများဖြင့် ထိုင်နေကြသည်။ သားသမီးကိုပြုစုစောင့်ရှောက်ရင်း နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ နေခဲ့ရသလိုပင်။ သို့သော် သူတို့၏စိတ်များမှာ လုံးဝကိုပြိုလဲသွားခဲ့ကြသည်။

 

ထိုအချိန်မှစ၍ ချူမိသားစု(၃)ယောက်သည် ချူရှင်းယွဲ့၏ ကမ္ဘာမှလုံးဝပျောက်ကွယ်သွားခဲ့သည်။

 

မကြာခင်မှာပင် ချူရှင်းယွဲ့ သူ့ အခြေအနေကိုသိလိုသ  ဖြင့် သူမ၏ဖုန်းကိုဖွင့်လိုက်ကာ ချင်ကျောက်ကိုဖုန်းခေါ်လိုက်သည်။

 

အိမ်မှာ သက်သာရာရနေသော ချင်ကျောက် ချက်ချင်းထလာသည်။

 

သူသည် ယခု blacklist မဟုတ်တော့ပေ။ သူ unblock ခံလိုက်ရပြီ!

 

ဟူးရေးးး!

 

ချူရှင်းယွဲ့ ချင်အိမ်သို့လာလည်မည်ဟု အတည်ပြုလိုက်သောအခါ ချင်ကျောက်သည် အောက်ထပ်သို့ပြေးဆင်းသွားပြီး TVတွင် ဒရာမာကားကြည့်နေသော မားမားချင်၊ ချင်ရန်နှင့်ကျီဖေးတို့ကို ထိပ်လန့်စေခဲ့သည်။

 

မေးမြန်းပြီးနောက် လူတိုင်းစိတ်လှုပ်ရှားလာသည်။အ တင်းအဖျင်းပြောစရာရှိနေသည် မဟုတ်ပါလား ?

 

ချင်ကျောက် ချူရှင်းယွဲ့အားကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရန်ထွက်သွားခဲ့သည်။

 

သုံးယောက်သား အိမ်မှာစောင့်နေခဲ့သော်လည်း ချင်ကျောက်အမြန်ပြန်လာခဲ့သည်။

 

ဒေါသတကြီးဖြင့် သူနှင့်အတူ တစ်စုံတစ်ယောက်ကို ဆွဲခေါ်လာခဲ့သည်။

 

အနီးကပ်ကြည့်လိုက်သောအခါ ၎င်းမှာ ယနေ့အိမ်ပြန် လာမည့် ချင်ရုန်ဖြစ်နေသည်။

 

ဘာဖြစ်တာလဲ ? တစ်ယောက်က ဘာလို့အရမ်းဒေါသထွက်နေပြီး တစ်ယောက်ကအရမ်းစိတ်ဆိုးနေရတာလဲ။

 

ကျီဖေး အတင်းအဖျင်းမရှာဘဲမနေနိုင်ပေ။

 

[အို ချင်ရုန်က မိသားစုကိုမပြောပဲ ရည်းစားတစ်ယောက် တိတ်တဆိတ်ရခဲ့တာပဲ။]

 

မားမားချင်နှင့် ချင်ရန်: ????

 

[ချင်ကျောက် ကားဂိတ်ကိုရောက်တော့ ဆံပင်ရွှေရောင်နဲ့ကောင်တစ်ကောင်နဲ့ ချင်ရုန် အတူရပ်နေတာကိုတွေ့လိုက်တယ်။ လူမြင်ကွင်းမှာတောင် ဆံပင်ရွှေရောင်နဲ့ကောင်က ဆေးလိပ်သောက်နေပြီး ချင်ရုန်ရဲ့မျက်နှာပေါ်ကိုဆေး လိပ်ငွေ့တွေမှုတ်ထုတ်လိုက်သေးတယ်။ လက်တစ်ဖက်ကချင်ရုန်ရဲ့ခါးကိုဖက်ထားပြီး နောက်တစ်ဖက်က သူမရဲ့စကပ်အောက်က ပေါင်ကိုပွတ်သတ်နေသေးတာ၊ ဒီမြင် ကွင်းကိုမြင်လိုက်ရလို့ ချင်ကျောက် ချက်ချင်းဒေါသထွက်သွားခဲ့တာကိုး]

 

မားမားချင်၊ ချင်ရန် : ခဏလေး၊ ဒေါသထွက်နေလို့ !!!!!

 

အကျင့်စာရိတ္တကောင်းမွန်လှပါတယ်ဆိုတဲ့ညီမလေးက တောဝက်လို တစ်ယောက်နဲ့ကြိုက်နေတာတဲ့လား ??