Ch 1
Viewers 217

🩺 Chapter 1

 

 

ည၇နာရီတွင် ရှန်းထင်းကျိုးသည် လိပ်ပြာခေါက်ဆွဲကို ကိုယ်တိုင်ချက်လိုက်သည်။

 

အိုးထဲကို အသားဆော့စ်လောင်းပြီးသည်နှင့် တံခါးခေါက်သံ ရုတ်တရက်မြည်လာခဲ့သည်။

 

တံခါးအပြင်ဖက်ရှိလူသည် အလျင်လိုနေပုံရပြီး လူခေါ်ခေါင်းလောင်းသံမြည်နေရုံသာမက တံခါးကိုလည်း အဆက်မပြတ်ခေါက်နေသည်။

 

ရှန်းထင်းကျိုး အနည်းငယ် ထိတ်လန့်သွားသည်။သူ၏ပန်းကန်ပြားကို ချလိုက်ပြီး တံခါးဖွင့်ရန် လျှောက်သွားခဲ့သည်။

 

တံခါး၏အပြင်ဖက်တွင် နေကာမျက်မှန်အမည်းနှင့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရင်းနှီးနေသော မျက်နှာနှစ်ခုကို တွေ့လိုက်ရသည်။

 

ရှန်းထင်းကျိုး၏တုန့်ပြန်မှုကိုစောင့်မနေပဲ ထိုလူနှစ်ယောက်သည် သူ့အား တစ်ဖက်တစ်ချက်စီ ဂျိုင်းမှ "မ"ကာ ထွက်သွားကြသည်။

 

ရှန်းထင်းကျိုး: !!!

 

သန်မာထွားကျိုင်းသော အမျိုးသားနှစ်ဦး၏ရှေ့တွင် 1.8 မီတာရှိသော ရှန်းထင်းကျိုးသည် ၎င်းတို့ထံမှ ဓါတ်လှေကားအဝင်ပေါက်ဆီသို့ ကြက်ပေါက်လေးတစ်ကောင်နှယ် ဆွဲခေါ်သွားခံလိုက်ရသည်။

 

သူ့ခြေထောက်တွင် ဝတ်ထားသည့် အမွေးပွဖိနပ်တစ်ဖက်မှာ ခရီးတစ်ဝက်တွင်ပင် ပြုတ်ကျသွားသည်။

 

အနက်ရောင်ဝတ်ထားသူမှာ ရပ်လိုက်ပြီး ဖိနပ်တစ်ဖက်ကို ကောက်ကိုင်လိုက်ကာ သူ့အပေါ်ကို လှဲချလိုက်သည်။

 

ရှန်းထင်းကျိုး၏သူငယ်အိမ်များ အနည်းငယ်တုန်ခါသွားပြီး ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်နေသောမျက်နှာမှာ ပြိုလဲသွား၍ " မင်းဘာလုပ်နေတာလဲ? "

 

ဖိနပ်တစ်ဖက် ကောက်ကိုင်လိုက်သော အမျိုးသားက " ဒေါက်တာရှန်း မစ္စတာဟဲ နည်းနည်းနေမကောင်းဖြစ်နေတယ် "

 

ရှန်းထင်းကျိုး အသက်ရှူမဝသလို ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ညဝတ်အကျီကိုကြည့်ပြီး " ဒါဆို မင်းငါ့အဝတ်အစား လဲတာကို ခဏစောင့်ဦး " ဟုကြောင်တောင်တောင်နှင့် ပြောလိုက်သည်။

 

ထိုလူ၏အမူအရာသည် ရှန်းထင်းကျိုးထက်ပင် ပို၍သိမ်မွေ့လှသည်၊ " မစ္စတာဟဲ၊ သူ့ရောဂါက နည်းနည်း အရေးတကြီးဖြစ်နေတယ် "

 

ရှန်းထင်းကျိုး သံသယဝင်လာပြီး " ဘယ်လောက်အရေးကြီးနေလို့လဲ? "

 

နည်းနည်း နေမကောင်းဖြစ်နေတာလို့ ပြောလိုက်တာမဟုတ်ဘူးလား??

 

" အရမ်းအရေးကြီးတယ် " ထိုလူသည် ရှန်းထင်းကျိုး၏အကြည့်ကို ရှောင်လိုက်သည်။" အဲ့ဒီကိုရောက်ရင် သိပါလိမ့်မယ် "

 

အောက်ထပ်ရောက်သည်နှင့် ဓါတ်လှေကားတံခါး ပွင့်သွားသည်။

 

သူတို့နှစ်ဦးအကြည့်ချင်းဖလှယ်ကာ ရှန်းထင်းကျိုးထံမှ လက်ကိုရုတ်သိမ်းကာ ဓါတ်လှေကားထဲမှလျှောက်သွားခဲ့သည်။

 

ရှန်းထင်းကျိုး: ………

 

လွှမ်းမိုးချုပ်ကိုင်တတ်သော သူဌေးဝတ္ထုတိုင်းတွင် "သခင်လေးအရမ်းပျော်နေတာကို ငါမမြင်ရတာကြာပြီ"ဟု ပြောမည့် အိမ်ထိန်းအပြင် မိသားစုဆရာဝန်တစ်ဦးလည်း မရှိမဖြစ်လိုအပ်သည်။

 

ရှန်းထင်းကျိုးသည် မိသားစုဆရာဝန်တစ်ဦး ဖြစ်ပြီးလွှမ်းမိုးချုပ်ကိုင်တတ်သော သူဌေးများ၏ ခက်ခဲသော ပြဿနာအားလုံးကို ဖြေရှင်းရန်ကူညီပေးခဲ့သည် ။

 

မှန်ပါတယ်၊ သူဌေးတွေ!!!

 

သူ့တွင် အလုပ်ရှင်စုစုပေါင်း လေးဦးရှိသည်။အလုပ်ရှင် နံပါတ်တစ်သည် သူ့အားခေါင်းကိုက်စေ သည်။ဒီကိုယ်ရံတော်နှစ်ယောက်မှာလည်း အလုပ်ရှင် နံပါတ်တစ်ထံမှ ဖြစ်သည်။

 

ရှန်းထင်းကျိုးကို ကိုယ်ရံတော်များမှ ကားထဲသို့တွန်းပို့ပြီးနောက် အနက်ရောင် Bentley သည် ဖြတ်လမ်းကိုဖြတ်ကာ ဟဲရန်ထင်း၏ဗီလာသို့ သွားရာ လမ်းတွင် မိနစ်နှစ်ဆယ်ကျော်ကြာ မောင်းခဲ့ရသည်။

 

သူကားပေါ်မှ ဆင်းသည့်အခါ မူးဝေအားနည်း၍ ခြေမခိုင်သလို ခံစားလိုက်ရသည်။

 

ဒါကို ကိုယ်ရံတော်ကမြင်သွားကာ တုံ့ဆိုင်းမနေပဲ သူ့ကို လှမ်းဖမ်းလိုက်သည်။ ထို့နောက် မြန်မြန်လမ်း လျှောက်သွားလိုက်သည်။

 

ဟဲရန်ထင်း၏လက်ထောက် တံခါးကိုဖြတ်၍ဝင်လာသောအခါ ရှန်းထင်းကျိုး မျက်နှာပူသွားပြီး မလိုဘူးပြောလုနီးပါး ဖြစ်သွားသည်။

 

လက်ထောက်သည် ရှေ့သို့လှမ်းလာပြီး ရှန်းထင်းကျိုး၏လက်ထဲကို ဆေးသေတ္တာအား ထည့်ပေးလိုက်ပြီး " ဒုက္ခဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ် ဒေါက်တာရှန်း "ဟု ပြောလိုက်သည်။

 

ရှန်းထင်းကျိုးသည် သူနှင့်‌‌ ဆေးသေတ္တာကို တံခါးအားဖြတ်၍ တွန်းပို့လိုက်သည့် အချိန်မတိုင်ခင်အထိစကားတစ်ခွန်းမှပြောရန် အချိန်မရလိုက်ပေ။

 

 á€›á€žá€”်းထင်းကဝိုး: …….

 

ဒါကဘယ်လိုအခြေအနေလဲ??

 

သူ၏အမွှေးပွဖိနပ်နှင့် ညဝတ်အကျီကို ဝတ်ဆင်ထားပြီး စံအိမ်ဝင်ပေါက်မှာ မှင်သက်ကာ မတ်တပ်ရပ်နေခဲ့သည်။

 

လေထုထဲတွင် ပျံ့လွှင့်နေသည့် သံချေးတက်နေသော အနံ့သည် ရှန်းထင်းကျိုး၏ နှာခေါင်းထိပ်ကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။

 

ဆရာဝန်တစ်ယောက်အနေဖြင့် သွေးနံ့ကို ထူးထူးခြားခြား အာရုံခံစားမိပြီး အနံ့၏နောက်သို့လိုက်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။

 

ဝင်ပေါက်ကိုဖြတ်သွားပြီး ဧည့်ခန်းထဲမှ အခြေအနေကို မြင်လိုက်ရသောအခါ ရှန်းထင်းကျိုး၏ နှလုံးခုန်သံ မြန်သွားသည်။

 

ကြမ်းပြင်တွင် ကွဲကြေနေသော မှန်ကွဲများနှင့် သွေးများ စွန်းထင်းနေသည်။ ပရိဘောဂများ ဝရုန်းသုန်းကား မှောက်လျက်သား ဖြစ်နေပြီး စကျင်ကျောက်ကော်ဖီစားပွဲမှာလည်း ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ရှိနေသည်။

 

ကြမ်းပြင်မှ မျက်နှာကြက်ထိ ကြီးမားသော ပြတင်းပေါက်ရှေ့တွင် ရှန်းထင်းကျိုး၏ အလုပ်ရှင်သည် ရင်ဘတ်နှင့် လက်များတွင် သွေးများစွန်းထင်းနေပြီး ရှပ်အကျီမှာလည်း သွေးများစွာ စွန်းထင်းနေသော လူငယ်တစ်ဦးကို လည်ပင်းညှစ်ထားသည်။ သူ့၏ဘေးတွင် လိုက်ကာများမှာ လေတိုက်သော ကြောင့် လွင့်နေသည်။

 

Oh my god , ဒါက ဘယ်လိုလူသတ်မှုမျိုးလဲ??

 

ရှန်းထင်းကျိုး ကြက်သီးမွေးညင်းများ ထသွားကာ ထိတ်လန့်သွားပြီး ရဲကိုခေါ်ရန် သူ့ဖုန်းကို လှမ်းကိုင်လိုက်သည်။ ဒါပေမယ့် သူဒီလိုမလုပ်ခင်မှာပဲ အေးစက်ပြီး လှောင်ပြောင်နေသည့် အသံတစ်ခု ဧည့်ခန်းထဲမှာ ထွက်ပေါ်လာသည်။

 

" မင်း ငါ့ကို မသတ်ချင်ဘူးလား "

 

ဟဲရန်ထင်းသည် အသီးလှီးဓားတစ်ချောင်း ကိုင်ထားသည့် လူငယ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သွေးစွန်းနေသောဓားအဖျားအား သူ့ကိုယ်ကို ဦးတည်၍ အေးစက်နေသောအကြည့်ဖြင့် " မင်းလက်ကို မလှုပ်နဲ့၊ မြဲမြဲကိုင်ထားပြီး ဒီကိုထိုး "

 

အယ်?

 

ဓားကိုင်ထားသည့် လူငယ်ကို မြင်လိုက်ရသဖြင့် ရှန်းထင်းကျိုး သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

 

ကျန်းကျီသည် ဟဲရန်ထင်း၏ ချုပ်ထားသောလက်ကို ဖယ်ထုတ်ရန်ကြိုးစားရင်း အော်ဟစ်ဆဲဆိုကာ အံကြိတ်နေသည်။

 

ဓားအဖျားသည် ဟဲရန်ထင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များကိုဖြတ်၍ အသားကိုလှီးဖြတ်လိုက်သည်။

 

ပြန့်ကျဲနေသော သွေးတွေကို ကြည့်ရင်း ကျန်းကျီသည် သူ့လက်ကို ဖြည်လျော့လိုက်ပြီး နီရဲနေသည့် သူ့မျက်လုံးများတွင် နာကျင်မုန်းတီးမှုများနှင့် ပြည့်နှက်နေကာ " မင်းက အရူးပဲ "

 

ဟဲရန်ထင်းသည် ရယ်နေပေမယ့် သူ့မျက်လုံး‌တွေမှာ ရက်စက်မှုတွေ အပြည့်ဖြင့် " လင်းရွှယ်ယန်ကို မင်း နောက်တစ်ကြိမ် ထပ်တွေ့ဝံ့ရင် ငါ သူ့လက်ချောင်းတစ်ချောင်းကို ဖြတ်ပစ်လိုက်မယ် "

 

ကျန်းကျီ၏ ဖြူဖျော့နေသော နှုတ်ခမ်းများ တုန်လှုပ်သွားသည်။

 

ဝင်ပေါက်ထောင့်နားမှာ ချောင်းကြည့်နေသော ရှန်းထင်းကျိုးသည် နားထောင်ရင်း ခေါင်းညိတ်လိုက်သည်၊ လင်းရွှယ်ယန်၏ နာမည်ကို ကြားလိုက်ရပြီး သူ့အလုပ်ရှင် ဒေါသထွက်နေသည့် အကြောင်းကို နောက်ဆုံးတော့ နားလည်သွားသည်။

 

လင်းရွှယ်ယန်သည် ကျန်းကျီ၏ အချစ်ဦးဖြစ်သည်။ ဟဲရန်ထင်း မပေါ်လာခင်အထိ သူတို့သည် သုံးနှစ်ကြာ တည်ငြိမ်သော ဆက်ဆံရေးရှိခဲ့သည်။

 

ဟဲရန်ထင်းသည် အေးစက်ပြီးတပ်မက်ဖွယ်ကောင်းသော ကျန်းကျီကို မြင်မြင်ချင်း ချစ်မိသွားကာ ' ငါမင်းကို လိုက်မယ်၊ မင်းထွက်ပြေးမယ်၊ နောက်ပြီး ငါမင်းကို ထပ်လိုက်မယ် ' ဆိုတဲ့ ဂိမ်းတစ်ခုကို စတင်လိုက်သည်။

 

အဲ့ဒီလိုဖြစ်နေသည်မှာ လင်းရွှယ်ယန် ကားမတော်တဆမှုဖြစ်ပြီး ခွဲစိတ်မှုအတွက် ငွေပမာဏ တော်တော်များများ လိုအပ်နေသည့်မတိုင်ခင်အထိ ဖြစ်သည်။ အဖြစ်အပျက်များ ပြောင်းလဲသွားသည်။

 

ကျန်းကျီသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး လင်းရွှယ်ယန်၏ မိသားစုမှာလည်း သာမန်သာဖြစ်ကာ ဈေးကြီးလှသော ဆေးဖိုးဝါးခများကို မတတ်နိုင်ပေ။

 

ဤအခိုက်အတန့်တွင် ဟဲရန်ထင်းသည် အခြေအနေများကို အခွင့်ကောင်းယူကာ လင်းရွှယ်ယန်၏ ဆေးဖိုးကို ပေးရမည့် အလဲအလှယ်အဖြစ် ကျန်းကျီအား ၎င်း၏ချစ်သူဖြစ်လာစေရန် ‌အကျပ်ကိုင်ခဲ့သည်။

 

ခွဲစိတ်ပြီးနောက် လင်းရွှယ်ယန်၏ အသက်ကို ကယ်လို့ရခဲ့ပေမယ့် ဆေးရုံတွင် နှစ်ဝက်ကျော်ကြာအောင် လဲလျောင်းကာ သတိလစ်နေခဲ့သည်။

 

ဒါကြောင့်

 

ကျန်းကျီသည် လင်းရွှယ်ယန်ကိုတွေ့ရန် ဆေးရုံသို့ တိတ်တဆိတ်သွားခဲ့ပြီး ဟဲရန်ထင်း၏ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ယနေ့မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။

 

ရှန်းထင်းကျိုး : ဒီဆက်ဆံရေးက ဒီလောက်ထိ သွေးထွက်သံယို ဖြစ်မှရမှာလား??

 

သူ အခုသွားပြီး ဟဲရန်ထင်း၏ဒဏ်ရာကို ပတ်တီးစီးပေးရမလား??

 

နေဦး၊ ဘယ်သူ့မှာ ဓါးရှိနေတာလဲ??

 

ရှန်းထင်းကျိုး ချောင်းကြည့်လိုက်ပြီး သဘောပေါက်သွားသည်။ အိုးးး မဟုတ်ဘူး၊ ဓါးက မစ္စတာဟဲ၏ လက်ထဲမှာရှိနေတယ်။

 

သူ့၏စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေပြီး ရူးသွပ်မှု ကျရောက်နေသောကြောင့် မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရခြင်းမျိုးမဖြစ်စေရန် အချိန်ပိုကြာအောင်စောင့်နေခြင်းသည် အကောင်းဆုံးဖြစ်သည်။

 

ရုတ်တရက် ရှန်းထင်းကျိုး၏မျက်လုံးများ ပြူးကျယ်သွားသည်။

 

ဧည့်ခန်းထဲတွင် ဟဲရန်ထင်းက ကျန်းကျီကို ပြတင်းပေါက်နှင့်ကပ်လျက် တွန်းလိုက်ပြီး ခေါင်းကိုမော့ထားရန် အတင်းအကြပ် ကျန်းကျီ၏မေးစေ့ကို လက်မနှင့်လက်ညှိုးဖြင့်ညှပ်ထားပြီးနောက် သူ့နှုတ်ခမ်းများဖြင့်အုပ်ကာ ကျန်းကျီ၏ပါးစပ်ကို သူ့သွားများဖြင့် ဖွင့်ဟလိုက်သည်။

 

ကျန်းကျီသည် အလွန်တုန်လှုပ်သွားပြီး ဒေါသဖြစ်သဖြင့် ဟဲရန်ထင်း၏ပခုံးကိုတွန်းရန် သူ့ခေါင်းကိုလှုပ်ယမ်းလိုက်သော်လည်း မလုပ်နိုင်တဲ့အခါမှာ ဟဲရန်ထင်း၏ဒဏ်ရာရနေသော လက်မောင်းကိုလှမ်းဆွဲလိုက်လေသည်။

 

ဟဲရန်ထင်း နာကျင်သွားသော်လည်း ကျန်းကျီကို မလွှတ်ပေးဘဲ သူ့ကိုပို၍ပင် နမ်းလိုက်လေသည်။

 

သွေး၏ရနံ့၊ အားလျော့နေသော ပြတ်တောက် ပြတ်တောက်အသက်ရှုသံ၊ စိုစွတ်မှုရောနှောနေသော မပြတ်မသားအသံများက အာရုံခံစားမှုအားလုံးကို လှုံ့ဆော်ပေးနေသည်။

 

ရှန်းထင်းကျိုးသည် ဒီလို ရုတ်တရက်ပြောင်းလဲသွားသည့် အဖြစ်အပျက်များကို နားမလည်နိုင်ဘဲ ရပ်နေသည့်နေရာတွင်ပင် မှင်တက်မိနေသည်။

 

မဟုတ်ဘူး၊ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ?? အကြောင်းပြချက်တစ်ခုခုတော့ရှိရမယ် ဟုတ်တယ်မလား??

 

ဘယ်လိုဖြစ်လို့ သူတို့နမ်းတာနဲ့ အဆုံးသတ်သွားရတာလဲ??

 

ဒဏ်ရာက မနာဘူးလား??

 

ရှန်းထင်းကျိုး အံ့အားသင့်သွားသလို အပြင်ဘက်မှတံခါးပွင့်သွားကာ ညလေညှင်းများ ဝင်လာသည်။

 

ဟဲရန်ထင်းလက်ထောက် ဖြစ်နိုင်သည်ဟု ရှန်းထင်းကျိုးတွေးကာ လှည့်ကြည့်လိုက်သည်။

 

အိုးး ကောင်လေး ၊ အဲဒါ သူဌေးဟောင်းပဲ

 

ပိုပြီးတိတိကျကျပြောရရင် ၎င်းမှာ ဟဲရန်ထင်း၏အဘိုးဖြစ်သည်။

 

တစ်ယောက်ယောက်က အဘိုးကြီးကို ပြောပြသင့်တယ်။ သူ့မျက်လုံးများတွင် အေးစက်သောအကြည့်နှင့် သူ့နောက်တွင် မုန်တိုင်းကျရောက်တော့မည့် အရိပ်‌အယောင်များ ပေါ်ထွက်နေသည့် အရပ်ရှည်သောကိုယ်ရံတော်လေးယောက်ရှိသည်။

 

ဟဲရန်ထင်း၏လက်ထောက်များနှင့် သက်တော်စောင့်များသည် ထိတ်လန့်နေသောငုံးများကဲ့သို့ တံခါးပေါက်တွင် ကျုံ့သွားကြသည်။

 

ရှန်းထင်းကျိုးသည် အဘိုးကြီး၏ရူးနေသောမြေးကို သင်ခန်းစာတစ်ခု သင်ပေးရန်အတွက် သူ့ခြေထောက်များကို အလိုလိုရွှေ့ပေးလိုက်သည်။

 

အဘိုးအိုသည် ဧည့်ခန်းအတွင်းမှ ပရမ်းပတာအခြေအနေကိုပင် မကြည့်ဘဲ သူ့နောက်မှ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ " ကျေးဇူးပြုပြီး မစ္စတာကျန်းကို ပြန်လိုက်ပို့ပေးလိုက်ပါ "

 

" ကျေးဇူးပြု၍ " ဟူသော စကားလုံးကို သူသုံးထားသော်လည်း သူ့၏လေသံ သို့မဟုတ် အပြောအဆိုတွင် နွေးထွေးမှု သို့မဟုတ် ယဉ်ကျေးမှုကို မတွေ့ရပေ။

 

ဒါကိုကြားတော့ သက်တော်စောင့်တွေက ကျန်းကျီဆီသို့ လျှောက်သွားလိုက်သည်။

 

ဟဲရန်ထင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ သစ်သားစာအုပ်စင်ထဲသို့ ဓါးကို ပြင်းထန်စွာထိုးလိုက်ပြီး အေးတိအေးစက်နဲ့ ပြတ်ပြတ်သားသားပြောလိုက်သည်။ " သူ့ကို ဘယ်သူထိရဲတာလဲဆိုတာ ငါတွေ့ချင်ပါသေးတယ် "

 

သူ့၏မျက်ခုံးကြားရှိ ဩဇာလွှမ်းမိုးလိုသောရောင်ဝါသည် အဘိုးအိုနှင့် တထေရာတည်း တူနေသည်။

 

တော်လှန်ပုန်ကန်တတ်သောမြေးဖြစ်သူကို ကြည့်ပြီး အဘိုးအိုသည် ဒေါသမထွက်သော်လည်း ဂရုမစိုက်ဟန်ဖြင့် ပြောရုံသာပြောလိုက်သည်။ " ငါအရင်က မင်းကိုပြောဖူးတယ်၊ မင်းရဲ့ဘေးမှာ ‌မနေနိုင်တဲ့အရာတွေကို သိမ်းမထားနဲ့ "

 

ရှန်းထင်းကျိုး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

 

သခင်ကြီးက ရူးနေတဲ့မြေးကို ခက်ခဲတဲ့သင်ခန်းစာတစ်ခု သင်ပေးတော့မည်ဟု မျှော်လင့်ထားသော်လည်း ဒီလိုမျိုးရလဒ်ကိုတော့ သူမမျှော်လင့်ထားပေ။

 

ကျန်းကျီသည် အရှက်တကွဲဖြစ်သွားကာ လက်သီးများကို ဆုပ်ထားသည်။

 

ဟဲရန်ထင်းသည် သခင်ကြီးဟဲကို တည့်တည့်ကြည့်လိုက်ပြီး သူ့၏ခိုင်မာသောသဘောထားဖြင့် " ဒါက ကျွန်တော့်ကိစ္စပဲ ၊ အဘိုးဝင်စွက်ဖက်ဖို့ မလိုဘူး "

 

အဘိုးအိုက လှောင်ရယ်လိုက်ပေမယ့် ကျန်းကျီကိုတော့ နောက်တစ်ကြိမ် ခေါ်သွားရန်အား မပြောခဲ့ပေ။ အဲ့ဒီအစား သူသည် ဟဲရန်ထင်းကို သူနှင့်အတူ အိမ်ဟောင်းသို့ ပြန်ခိုင်းသည်။

 

ဟဲရန်ထင်းသည် အေးစက်စက်ဖြင့် မျက်နှာလွှဲသွားသော ကျန်းကျီကို ကြည့်လိုက်သည်။

 

ဟဲရန်ထင်းက ဘာမှမပြောဘဲ အဘိုးအိုနောက်သို့ လိုက်သွားခဲ့သည်။

 

သူ ရှန်းထင်းကျိုးကို ဖြတ်သွားစဉ် ဟဲရန်ထင်း ခဏရပ်ကာ နူးညံ့သောအသံတိုးတိုးဖြင့် ပြောလိုက်သည်။ " သူ့လက်ကို မှန်ကွဲစတွေနဲ့ ဖြတ်မိထားတယ် "

 

ဤသို့ပြောပြီးနောက် ဟဲရန်ထင်းသည် ဗီလာထဲမှထွက်ကာ သခင်ကြီး၏ကားထဲသို့ ဝင်သွားခဲ့သည်။

 

ဟဲရန်ထင်းထွက်သွားပြီးတာနဲ့ ကျန်းကျီဟာ အလွန်အမင်းကို မအီမသာဖြစ်လာပြီး ရေချိုးခန်းထဲကို ပြေးသွားကာ အော့အန်လိုက်သည်။

 

၎င်းသည် သူ၏အစာအိမ်‌နှင့် အူလမ်းကြောင်းရှိ ကြွက်သားများကျုံ့သွားစေသည့် ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာ ကမောက်ကမကြောင့်ဖြစ်သည်။

 

ရှန်းထင်းကျိုး ဆေးသေတ္တာကိုကိုင်ကာ ကျန်းကျီထွက်လာတာကို ရေချိုးခန်းတံခါးတွင် စောင့်ဆိုင်းနေခဲ့သည်။

 

ဟဲရန်ထင်း၏လက်ထောက်က ချဉ်းကပ်လာပြီး မေးသည်။ " မစ္စတာကျန်း အဆင်ပြေရဲ့လား "

 

ရှန်းထင်းကျိုးသည် လက်ထောက်ကိုလှည့်ကြည့်လိုက်သည်။

 

ရှန်းထင်းကျိုး၏အကြည့်ကို ကြည့်ပြီး လက်ထောက်သည် အနည်းငယ် အပြစ်ရှိသလိုခံစားရကာ ကိုးရိုးကားယားရယ်လိုက်သည်။ " တောင်းပန်ပါတယ် ဒေါက်တာရှန်း ၊ အဲဒါက အရေးပေါ်အခြေအနေဖြစ်တာကြောင့် မင်းရဲ့ညဝတ်အကျီနဲ့ပဲ ကျွန်တော်တို့ မင်းကိုခေါ်ခဲ့ရတယ် "

 

ရှန်းထင်းကျိုးအပေါ် အပြစ်ရှိသလို ခံစားရသော်လည်း .......

 

လက်ထောက်သည် ရှန်းထင်းကျိုးကို နောက်တစ်ကြိမ် ခိုးကြည့်ရုံဖြင့် မကူညီနိုင်ပေ။

 

သူ့စိတ်ထဲတွင် ရှန်းထင်းကျိုး၏အဝတ်အစားများသည် အမြဲသပ်ရပ်နေပါသည်။ သူ့အကျီထိပ်ဆုံးထိ ကြယ်သီးတပ်ထားပြီး သူ့ဘောင်းဘီမှာလည်း အတွန့်တွေမရှိပေ။ သူ့ဆံပင်တွေကို သေသေချာချာ ဖြီးထားတယ်။ ဦးခေါင်းမှခြေဖျားအထိ အထက်တန်းစားရောင်ဝါကို ပေါ်လွင်စေသည်။

 

ဒါပေမယ့် ရှေ့ကလူက အမွေးပွပွနဲ့ သူ့ဖိနပ်တစ်ရံမှာ ယုန်နားရွက်နှစ်ခုတောင် ရှိနေတယ်။ ပုံမသွင်းရသေးသော သူ့ရဲ့အနက်ရောင်ဆံပင်တွေက သူ့မျက်နှာတစ်ဝိုက်တွင် နူးနူးညံ့ညံ့နဲ့ကျနေပြီး ဖြောင့်စင်းသောနှာခေါင်းနှင့် နီထွေးထွေးနှုတ်ခမ်းများကို မီးမောင်းထိုးပြနေသည်။ သူ့ရဲ့မျက်တောင်တွေက ရှည်လျားပြီး သူ့အသက်ထက် သုံးလေးနှစ်လောက်ငယ်နေပုံပေါ်သည်။

 

လက်ထောက် : အိုး ဒေါက်တာရှန်းမှာ တကယ့်ကို ရိုးရှင်းတဲ့ပုံစံ ရှိနေတာပဲ။

 

ရှန်းထင်းကျိုးသည် ခွေးနှင့်ကြောင် အမျိုးအစားအားလုံးကို သီးသန့်ဆွဲဆောင်ပြီး ၎င်းတို့ကို ဆွဲသွင်းရန် ရူးသွပ်သည့်အသံများပင် ပြုလုပ်နိုင်သည်ဟု တွေးကြည့်ရန် ခက်ခဲစေသည်။

 

-Kitty မင်းဘယ်ကိုသွားနေတယ်လို့ထင်လဲ??

 

-ဘယ်လောက်ပဲပြေးနေပါစေ Daddy ရဲ့ဆုပ်ကိုင်မှုကနေ မလွတ်မြောက်နိုင်ပါဘူး။

 

-ဟီးဟီးဟီး ၊ ဟီးဟီးဟီး

 

ရှန်းထင်းကျိုး : ..........

 

လက်ထောက်က ဘာတွေစိတ်ကူးယဉ်နေမှန်း သူမသိပေမယ့် လက်ထောက်ရဲ့မျက်လုံးထဲမှာ လွဲမှားနေတဲ့အကြည့်တွေက ပိုပိုတိုးလာပြီး မငြိမ်မသက်ဖြစ်နေတယ်။

 

လက်ထောက်သည် လျှို့ဝှက်ဆန်းကြယ်ပြီး မယုံကြည်နိုင်လောက်သည့်ပုံပေါက်နေသည်။

 

" ဒေါက်တာရှန်းရဲ့ဖိနပ်တွေက.....တော်တော်ထူးခြားပြီး သက်တောင့်သက်သာရှိပုံပေါ်တယ်နော် "

 

ရှန်းထင်းကျိုး၏ခြေချောင်းများသည် ကောက်ကွေးစပြုလာသော်လည်း သူသည် အရွယ်ရောက်ပြီးသူတစ်ယောက်၏ ထက်မြက်ပြီး အတွေ့အကြုံများမှု၊ ချောမွေ့မှုတွေနှင့်အတူ လက်ထောက်ကိုပြုံးပြုံးရွှင်ရွှင်ဖြင့် စိတ်တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားသည်။

 

လက်ထောက်၏အကြည့်က " ငါနားလည်တယ် ၊ နားလည်တယ် " လို့ သူမျက်နှာပေါ်မှာ ပေါ်နေသည်။

 

ရှန်းထင်းကျိုး :.....

 

ကျန်းကျီသည် ရေချိုးခန်းထဲတွင် တစ်နာရီကျော်ကြာအောင်နေခဲ့သည်။ ရှန်းထင်းကျိုးသည် စိုးရိမ်စိတ်ဖြင့် တံခါးခေါက်လိုက်ပြီး နောက်ဆုံးတွင် ကျန်းကျီ ထွက်ပေါ်လာသည်။

 

ကျန်းကျီပြန်ထွက်လာချိန်မှာတော့ သူကိုယ်တိုင် စိတ်တည်ငြိမ်သွားသည်။ ရှန်းထင်းကျိုးသည် သူ့လက်ပေါ်ရှိ ဒဏ်ရာအသေး အမွှားများကို ပြုစုနေစဉ် ကျန်းကျီသည် တစ်‌လျှောက်လုံး မျက်လုံးများမှိတ်ထားပြီး တိတ်ဆိတ်နေခဲ့သည်။

 

သူ၏ချောမောသောမျက်နှာသည်အလွန်အေးစက်နေတယ်။ သူ့လက်တွေကို တင်းတင်းကြပ်ကြပ် အတူတကွဆုပ်ကိုင်ထားစဉ်တွင် သူ၏လည်ပင်းရှိ သွေးကြောများကို ရှင်းရှင်းလင်း လင်းမြင်နေရသည်။

 

ရှန်းထင်းကျိုး ကျန်းကျီကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ သူ့ဒဏ်ရာတွေကို မြန်မြန်ကြည့်လိုက်သည်။

 

ဟဲရန်ထင်း၏ဗီလာကနေ အိမ်ကိုပြန်ရောက်တော့ လိပ်ပြာခေါက်ဆွဲကလည်း အေးသွားတာကြာပြီ။

 

ရှန်းထင်းကျိုးသည် ခေါက်ဆွဲကို မိုက်ခရိုဝေ့ဗ်ထဲတွင် နှစ်မိနစ်ခန့် ပြန်အပူပေးပြီး ညစာအတွက် ကြက်ဥကို သူ ကိုယ်တိုင်ပဲ မကျက်တကျက်ကြော်လိုက်သည်။

 

ကောင်းမွန်စွာ အိပ်စက်ရမည့်အချိန်ဇယားနှင့်အတူ အလုပ်မရှိတောင်မှ ဆယ်နာရီခွဲတွင် ချက်ချင်းအိပ်ရာဝင်ခဲ့သည်။

 

ညသန်းခေါင်မှာ ရှန်းထင်းကျိုး အိပ်ပျော်နေရာကနေ ရုတ်တ ရက်ထထိုင်လိုက်ပြီး သူ့နဖူးပေါ်က အရေးအကြောင်းများ တွန့်သွားသည်။

 

သူ့မှာ တစ်ခုခုမှားနေတာများ ရှိနေတာလား?? တခြားသူတွေ ဘာဖိနပ်ဝတ်လဲဆိုတာကို သူဘာကြောင့် ဂရုစိုက်နေမိတာလဲ??