Ch 2
Viewers 222

🩺 Chapter 2    

 

 

Chapter 2

ရှန်းထင်းကျိုးသည် အမွေးပွချစ်သူတစ်ဦးဖြစ်ပြီး ၎င်းတို့ကိုမြင်လျှင် dandelion ပန်းကဲ့သို့ တယုတယပွတ်သပ်ပေးမည့်သူမျိုးဖြစ်တယ်။

 

သူ့အိမ်ကိုအလှဆင်သည့်အခါ ဧည့်ခန်းထဲမှာ အလွန်သေးငယ်သော အဖြူ၊ အမည်း၊ မီးခိုးရောင် အပြင်အဆင်ကို သုံးထားခဲ့ပေမယ့် အိပ်ခန်းထဲတွင် အမွှေးပွတွေနှင့်ပြည့်နှက်နေပြီး ကော်ဇောတွေကလည်း အမွှေးပွပွနဲ့ လျှောက်လို့ကောင်းနေပါတယ်။

 

ရှန်းထင်းကျိုးသည် ကူရှင်ကို ခဏကြာအောင် ပြင်းပြင်းပွတ်သပ်လိုက်ရင်း သူ၏စိတ်ထဲမှ ရှက်ရွံ့မှုအတွက် ထွက်ပေါက်ရှာလိုက်တယ်။ ထို့နောက် ကူရှင်ကို နဂိုအခြေအနေသို့ ပြန်ပြင်ပြီး ထောင့်ချိုးနေရာတွင် ပြန်ထားလိုက်တယ်။

 

အိပ်ခါနီးတွင် ကုတင်ဘေးစားပွဲပေါ်ရှိ သူ့ဖုန်းက ရုတ်တရက်တုန်ခါသွားတယ်။

 

ရှန်းထင်းကျိုး ဖုန်း‌ကိုကောက်ကိုင်လိုက်ပြီး စုန့်ချင်းနင်ထံမှ ဖုန်းဝင်လာတာကို တွေ့လိုက်ရသောကြောင့် သူချက်ချင်း ပြန်ဖြေလိုက်တယ်။

 

တစ်ဖက်မှ စိုးရိမ်နေသောအသံတစ်ခု ထွက်ပေါ်လာပြီး "ဒေါက်တာရှန်း၊ ကျေးဇူးပြုပြီး ရွှေဖြူဟိုတယ်၊ အခန်းနံပါတ် ၁၉၀၂ ကို လာခဲ့ပေးလို့ရမလား? ကျင့်ဟန်မှာ ပြဿနာနည်းနည်း ကြုံနေရလို့ပါ"

 

လီကျင့်ဟန်သည် ရှန်းထင်းကျိုး၏ ဒုတိယမြောက်အလုပ်ရှင် ဖြစ်တယ်။

 

စုန့်ချင်းနင်သည် လီကျင့်ဟန်ရဲ့ ဖခင်၏ ဒုတိယအိမ်ထောင်ဖက် ဖြစ်တယ်။

 

လီကျင့်ဟန်၏ မိထွေးဖြစ်သူ၊ အမျိုးသားတစ်ဦး။

 

စုန့်ချင်းနင်သည် ရှန်းထင်းကျိုးနှင့် ပြတ်တောင်းပြတ်တောင်း ဖုန်းပြောနေရင်း သူ့၏ လင်ပါသားကို တွဲထားကာ ရှေ့သို့ ဖြည်းဖြည်းချင်းသွားနေတယ်။

 

"သူ ဧည့်စောင့်ခန်းထဲမှာ အရက်တစ်ခွက်သောက်တယ်.....အရက်ထဲမှာ တစ်ခုခုတော့ ပါနိုင်လောက်တယ်၊ သူသောက်ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့အပြုအမူတွေ လုပ်လာတယ်.....ဟုတ်တယ်၊ စိတ်ရှုပ်ထွေးနေပြီး အသက်ရှူသံတွေလည်း မြန်နေတယ်"

 

ရုတ်တရက် သူ့‌ဘေးနားကလူသည် ယိမ်းယိုင်သွားကာ‌ အောက်သို့ လျှောကျသွားတယ်။

 

စုန့်ချင်းနင်သည် လန့်ဖျပ်သွား၍ သူ့နားနားကဖုန်းကို လွှတ်ချလိုက်ပြီး အလိုအလျောက်လက်လှမ်းကာ လီကျင့်ဟန်ကို ထောက်ကူပေးထားလိုက်တယ်။ ဖုန်းမှာ လွှင့်စင်သွားပြီး နံရံကို ထိမှန်သွားသောကြောင့် ဖုန်းမျက်နှာပြင်မှာ မည်းမှောင်သွားလေတယ်။

 

စုန့်ချင်းနင်က ဖုန်းကိုကောက်ယူတော့မည့်အချိန်မှာ လက်တစ်ဖက်က သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ယင်နေတယ်။ သူ့ခေါင်းလှည့်၍ ကြည့်လိုက်တယ်။

 

လီကျင့်ဟန်၏ဆံပင်များသည် နဖူးပေါ်သို့ ဖရိုဖရဲကျနေပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်တယ်။ "ငါ့ကို ဧည့်ခန်းထဲ အရင်ခေါ်သွားပါ"

 

စုန့်ချင်းနင် အမြန်ခေါင်းညိတ်လိုက်ပြီး အံကြိတ်ကာ ကတ်ကိုပွတ်ဆွဲလိုက်၍ လီကျင့်ဟန်ကို အခန်း ၁၉၀၂ ထဲသို့ ကူညီပြီး လိုက်ပို့လိုက်တယ်။

 

သူမီးတွေမဖွင့်ခင်မှာ လီကျင့်ဟန်က အသက်ပြင်းပြင်းရှူနေသောအသံဖြင့် ပြောလိုက်တယ်။ "ရေချိုးခန်းထဲကို သွား"

 

စုန့်ချင်းနင်က သူ့ကို ရေချိုးခန်းထဲသို့ဆွဲခေါ်သွားပြီး လီကျင့်ဟန်ကို နံရံဖြင့်မှီကာ ထောက်ထားရင်း မောပန်းနွမ်းနယ်သလို ခံစားလိုက်ရတယ်။

 

သူ ကြမ်းပြင်ပေါ်မှာ ဒူးထောက်၍ လီကျင့်ဟန်၏ နောက်ထပ်ညွှန်ကြားမှုကို စောင့်နေလိုက်တယ်။

 

ဒါပေမယ့် သူဆီကနေ စကားတစ်လုံးမှ မထွက်လာသောကြောင့် စုန့်ချင်းနင်သည် မတတ်နိုင်ဘဲ မော့ကြည့်လိုက်ရတယ်။

 

ရေချိုးခန်းထဲတွင် မီးမဖွင့်ထားဘဲ စက်ြန်လမ်းမှ မီးအလင်း လိမ္မော်ရောင်လေးတစ်ခုသာလျှင် လင်းနေတယ်။

 

လီကျင့်ဟန်သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေကာ သူ့မျက်မှန်မှာ တစ်နေရာတွင် ပြုတ်ကျနေပြီး သူ့၏ဝတ်စုံထဲမှာ ထည့်သွင်းဝတ်ဆင်ထားသည့် ရှပ်အကျီမှာ တွန့်ကြေနေပြီး ကော်လာလည်း ပွင့်နေတယ်။ သူ၏သွယ်လျသော မျက်လုံးများသည် သူ၏အနက်ရှိုင်းဆုံးတွင် ပုန်းကွယ်နေသောမီးလျှံကဲ့သို့ လိုချင်တပ်မက်မှုများနှင့် စွန်းထင်းနေပြီး သူ့ကို ထိတ်လန့်ဖွယ်ရာ စူးစိုက်၍ ကြည့်နေတယ်။

 

စုန့်ချင်းနင်၏အသက်ရှူသံတွေ ရပ်တန့်သွားပြီး နှလုံးမှာ သူ့ရင်ဘတ်ကို ဆန့ကျင်၍ ပြင်းထန်စွာ ခုန်နေတယ်။

 

လီကျင့်ဟန်က သူ့လက်ကိုမြှောက်လိုက်ပြီး စုန့်ချင်းနင်၏လည်ပင်းနောက်ကို သူ၏ပူနွေးသောလက်ဖဝါးဖြင့် အုပ်ကိုင်လိုက်ကာ သူ့ကိုယ်နှင့် နီးကပ်လာအောင် ဆွဲခေါ်လိုက်တယ်။

 

ဟိုတယ်၏ လူခေါ်ခေါင်းလောင်းသံက ရုတ်တရက်မြည်လာပြီး ရေချိုးခန်းအတွင်းရှိ တိတ်ဆိတ်မှုကို အနှောင့်အယှက် ဖြစ်သွားစေတယ်။

 

စုန့်ချင်းနင်၏သူငယ်အိမ်များ သိသိသာသာ ကျုံ့သွားပြီး အိပ်မက်မှနိုးထလာသလို သူ့ရှေ့မှလူအား တွန်းထုတ်လိုက်တယ်။

 

လီကျင့်ဟန်က နည်းနည်းလေးတောင်မှ မရွေ့လျားသွားခဲ့ဘူး။ သူသည် စုန့်ချင်းနင်၏လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့နဖူးကို စုန့်ချင်းနင်၏ ပခုံးနားကို နှိမ့်ချကာ သူ၏နက်ရှိုင်းအက်ကွဲသောအသံဖြင့် "မကြောက်ပါနဲ့၊ အိပ်ရာဝင်ဖို့ ကူညီပေးပါဦး"

 

စုန့်ချင်းနင် ထူးထူးခြားခြား စိတ်ငြိမ်သွားပြီး သူ့ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်တယ်။

 

ရှန်းထင်းကျိုးသည် အခန်းတံခါးပွင့်မလာခင်အထိ အပြင်ဘက်မှာ နှစ်မိနစ်တိတိ စောင့်လိုက်ရတယ်။

 

ဟိုတယ်၏ အခန်းဝင်ပေါက်နားက အလင်းရောင်သည် မှိန်‌ဖျော့နေတယ်။ စုန့်ချင်းနင်သည် တံခါးအတွင်း၌ မတ်တပ်ရပ်နေပြီး သူ့အဝတ်များမှာ ဘာ့ကြောင့်မှန်းမသိ စိုစွတ်နေကာ ပါးပြင်များလည်း အနည်းငယ်နီနေသေး၍ ထိတ်လန့်တုန်လှုပ်နေသောလေထုနှင့် စိမ့်ဝင်ပျံ့နှံ့နေတယ်။

 

သူခေါင်းငုံ့လိုက်ပြီး ကြားလို့ရရုံမျှသောအသံဖြင့် " ဝင်ခဲ့ပါ ၊ ဒေါက်တာရှန်း "

 

ရှန်းထင်းကျိုးသည် ၎င်းကထူးဆန်းနေတာကို တွေ့သွားပြီး သူ့ကိုထပ်ပြီးကြည့်လိုက်တယ်။

 

စုန့်ချင်းနင်၏လည်ပင်းတွင် ခြင်ကိုက်ထားသကဲ့သို့ အလွန်ထင်ရှားနေသော အမှတ်အသားတစ်ခုရှိနေတယ်။ ရှင်းရှင်းလင်းလင်းမြင်ရဖို့ အလင်းရောင်က ရှန်းထင်းကျိုးအတွက် မှိန်ဖျော့လွန်းနေ၍ သူ့၏စိတ်ကို သူ့အလုပ်ရှင်ပေါ်မှာပဲ အာရုံစိုက်လိုက်တယ်။ သူမေးလိုက်တယ်။ " မစ္စတာလီ ဘယ်မှာလဲ? "

 

စုန့်ချင်းနင်၏အသံသည် တိုးနေပြီး မပြတ်မသားစကားပြောလိုက်တယ်။ " သူ ၊ သူ အထဲမှာရှိတယ် "

 

မလာခင်တွင် ရှန်းထင်းကျိုးသည် လီကျင့်ဟန်၏အခြေအနေနှင့်ပတ်သက်၍ သာမန်ထင်မြင်ယူဆချက်ရှိခဲ့တယ်။

 

အရက်ထဲမှာ ဆေးခတ်ထားတယ်။

 

ဒီလိုအဖြစ်အပျက်တွေက တော်တော်လေးအဖြစ်များတယ်။ ချမ်းသာပြီးချောမောသည့် သူဌေးတွေကြားထဲတွင် လူဆယ်ယောက်မှာ ခုနစ်ယောက်က သားကောင်အခြေအနေသို့ရောက်ရှိသွားပြီး ကျန်နေသည့် သုံးယောက်၊ သူတို့၏ရည်မှန်းချက်မှာတော့ သူဌေးတွေ၏ အနာဂတ်အိမ်ထောင်ဖက်ဖြစ်ဖို့ရန် ဖြစ်တယ်။

 

ရှန်းထင်းကျိုးသည် ဒီအရာများကို မတုန်လှုပ်တော့သည်အထိပင် မြင်ဖူးခဲ့တယ်။

 

လီကျင့်ဟန်၏အခြေအနေက မပြင်းထန်ပါဘူး။ ရှန်းထင်းကျိုးသည် ရှေးဦးသူနာပြုပစ္စည်းတွေထဲမှ glucose ရည်ကို ထုတ်ယူလိုက်တယ်။

 

Glucose ရည်သည် သွေးလည်ပတ်မှုပမာဏကိုတိုးစေပြီး ခန္ဓာကိုယ်မှ အရက်နှင့် စိတ်ကြွဆေးများကို လျင်မြန်စွာ ဖယ်ရှားရန် ကူညီပေးတယ်။

 

ရှန်းထင်းကျိုးသည် လီကျင့်ဟန်၏လက်မောင်းကို ပိုးသတ်ရန်ဆွဲယူလိုက်ပြီး အကြောဆေးပေးခါနီးတွင် လီကျင့်ဟန်က ရုတ်တရက်ပြင်းပြင်းထန်ထန် ချောင်းဆိုးလာတယ်။

 

ဒါကိုမြင်တော့ စုန့်ချင်းနင်က ရေတစ်ခွက်ကို အမြန်ပို့လိုက်တယ်။

 

လီကျင့်ဟန်သည် ရေကိုရရှိသောအခါ သူ၏လက်ချောင်းများက စုန့်ချင်းနင်အား မတော်တဆထိမိသွားတယ်။ ပူလောင်သောအထိအတွေ့ကြောင့် စုန့်ချင်းနင် တစ်ခုခုကို တွေးမိသွားပြီး သူ၏နားရွက်များပူလောင်လာကာ သူ့လက်ကိုအမြန်နောက်ဆုတ်လိုက်တယ်။

 

ရှန်းထင်းကျိုး၏မျက်ခုံးများ လှုပ်သွားတယ်။

 

ဒါက သူ့စိတ်ကူးပဲလား?? ဒါမှမဟုတ် သူတို့နှစ်ယောက်ကြားက လေထုကပဲ သိမ်မွေ့နေတယ်လို့ထင်ရတာလား??

 

လီကျင့်ဟန်သည် အေးဆေးတည်ငြိမ်နေပြီး ချောင်းဆိုးခြင်းကိုထိန်းကာ ရေအနည်းငယ်သောက်လိုက်တယ်။

 

အများကြီးတွေးတောမနေတော့ဘဲ လီကျင့်ဟန် ချောင်းဆိုးတာရပ်သွားသည်နှင့် ပိုးသတ်ခြင်းလုပ်ငန်းစဉ်ကို တစ်ကြိမ်ပြန်လုပ်လိုက်ပြီးနောက် ဆေးထိုးပေးလိုက်တယ်။

 

ဆေးသွင်းနေစဉ်အတွင်း ရှန်းထင်းကျိုးသည် တချို့ကိစ္စရပ်များအတွက် စုန့်ချင်းနင်ကို ညွှန်ကြားလိုက်တယ်။

 

စုန့်ချင်းနင်သည် ဂရုတစိုက်နားထောင်လို့ပြီးသွားသောအခါ မေးလိုက်တယ်။ "သူ့ရဲ့အစားအသောက်ကိုရော အာရုံစိုက်ဖို့ လိုအပ်လား "

 

ရှန်းထင်းကျိုးက ပြန်ဖြေလိုက်တယ်။ " ဒီရက်ပိုင်းမှာ အစာကြေလွယ်တဲ့တစ်ခုခုကို စားရင်အကောင်းဆုံးပဲ"

 

စုန့်ချင်းနင်က ခေါင်းညိတ်လိုက်ပြီး သူ့ကိုလည်းကြည့်နေတဲ့ ကုတင်ပေါ်ရှိ လီကျင့်ဟန်ကို မရည်ရွယ်ဘဲ ဖျတ်ခနဲကြည့်လိုက်တယ်။ သူ၏မည်းနက်နေသောမျက်လုံးများသည် မမြင်နိုင် ပိုးမျှင်အိမ်ကဲ့သို့ ထင်ရတယ်။

 

ပျာယာခတ်သွားသလိုခံစားရပြီး စုန့်ချင်းနင်သည် သူ့အကြည့်ကို အမြန်ရှောင်လွှဲလိုက်တယ်။

 

ရှန်းထင်းကျိုးသည် ဒီမြင်ကွင်းကို မြင်လိုက်ရပြီး အစောပိုင်းက သံသယတွေ ထပ်မံ၍ပလုံစီတက်လာတယ်။

 

မိထွေး နှင့် လင်ပါသား

 

ဒီထင်မြင်ချက်နှစ်ခု........

 

ရှန်းထင်းကျိုး၏စိတ်သည် " နစ်မြှုပ်ခြင်း " ကို အလိုအလျောက်ကစားသွားတယ်။

 

ရပ်၊ ရပ်

 

သူ့၏ဝမ်းကွဲလေးသည် ထူးဆန်းသောအတွဲတွေ တွဲပေးရတာကို နှစ်သက်ပြီး သူမ၏မိဘများကို block ထားသော်ငြားလည်း social media ပေါ်တောင်မှ သူတို့ကို ပို့စ်တင်ခဲ့တယ်။

 

မနေ့ကပဲ သူမ နစ်မြှုပ်ခြင်းနှင့်အတူ မိထွေးနှင့်လင်ပါသား CP ၏ video ကိုတင်ခဲ့တယ်။ ကြည့်ရတာတော့ ဒီသီချင်းမှာ ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ဒွိဟဖြစ်စေသောတေးသွားမျိုး ရှိနေသည်မှာ ထင်ရှားပါတယ်။

 

ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ဒွိဟဖြစ်ခြင်းရှိမရှိ ရှန်းထင်းကျိုးမသိပေမယ့် ဒီဟာက တော်တော်လေးဆွဲဆောင်မှု‌တော့ရှိတယ်။

 

ရှန်းထင်းကျိုးသည် ရှုပ်ထွေးနေသောအတွေးများကို ဖယ်လိုက်ပြီး စုန့်ချင်းနင်ကို ပြောလိုက်တယ်။ " မစ္စတာလီရဲ့အခြေအနေက တည်ငြိမ်သွားပါပြီ။ ရေများများသောက်ပြီး များများအနားယူဖို့ရန် သေချာအောင် ကြည့်ရှုစစ်ဆေးပေးပါ "

 

စုန့်ချင်းနင် ခေါင်းညိတ်လိုက်တယ်။ " ကောင်းပြီ "

 

ဆေးသွင်းပြီးသွားပြီးနောက် ရှန်းထင်းကျိုး အပ်ကိုဖယ်လိုက်ကာ လီကျင့်ဟန်၏လက်မောင်းပေါ်ရှိ ထိုးဖောက်ထားသည့်နေရာကို ဂွမ်းလုံးဖြင့်ဖိလိုက်တယ်။ " သွေးထွက်တာရပ်ဖို့ မင်းနှစ်မိနစ်လောက်ဖိထားရန် လိုအပ်တယ် "

 

လီကျင့်ဟန် စုန့်ချင်းနင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှလည်းမပြော၊ လှုပ်လည်းမလှုပ်ခဲ့ပါဘူး။

 

ရှန်းထင်းကျိုးသည် သွေးထွက်ခြင်းကိုရပ်တန့်ရန် ဂွမ်းလုံးဖြင့်ဖိထားရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

 

စုန့်ချင်းနင် သုံး၊ လေးစက္ကန့်မျှတုံ့ဆိုင်းသွားတယ်။ ထို့နောက် ဖြည်းညှင်းစွာချဉ်းကပ်လာပြီး နူးနူးညံ့ညံ့ ပြောလိုက်တယ်။ " ဘာလို့.....ကျွန်တော်မလုပ်ရမှာလဲ၊ ဒေါက်တာရှန်း?? "

 

ရှန်းထင်းကျိုးက မငြင်းပါဘူး။ စုန့်ချင်းနင်၏လက်နှင့် ဂွမ်းလုံးကို အစားထိုးပြီးနောက် ဆေးနှစ်ခွက်ထုတ်ကာ တစ်နာရီအကြာတွင် သောက်ရန်နှင့် အခြားဆေးတစ်ခွက်ကို နောက်တစ်နေ့မနက် အစာအိမ်ထဲဘာမှမရှိခင် သောက်ဖို့ လီကျင့်ဟန်ကို ညွှန်ကြားလိုက်တယ်။

 

ဆေးကို ကုတင်ဘေးစားပွဲပေါ်တင်လိုက်သောအခါ ရှန်းထင်းကျိုးသည် စုန့်ချင်းနင်၏လည်ပင်းတွင် အနီရောင်အမှတ်အသားကို တွေ့လိုက်ရတယ်။

 

စောစောက အလင်းရောင်မှိန်တဲ့နေရာမှာ မမြင်လိုက်ရပေမယ့် နောက်ဆုံးတော့ ဒီအချိန်မှာ သူမြင်လိုက်ရတယ်။

 

နှစ်ဆယ့်ရှစ်နှစ်ကြာ သူတစ်ယောက်တည်းရှိနေခဲ့ပေမယ့် သူထင်တာမမှားရင် အဲဒီမှာ ရှိသင့်တယ်......။

 

နေပါဦး၊ စုန့်ချင်းနင်၏ခင်ပွန်း၊ လီကျင့်ဟန်၏ဖခင်အရင်းဖြစ်သူသည် လွန်ခဲ့သည့်နှစ်လက လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့ပြီး သူတောင် ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သေးတယ်။

 

တစ်ချက်တွေးကြည့်ရရင် စုန့်ချင်းနင်သည် လီကျင့်ဟန်၏ အမျိုးသားမိထွေးဖြစ်သော်လည်း လီကျင့်ဟန်ထက် နှစ်နှစ်ငယ်နေတယ်။

 

" နစ်မြှုပ်ခြင်း " ၏‌ရှေ့ပြေးသည် ရှန်းထင်းကျိုး၏နားထဲတွင် တစ်ဖန်ထွက်ပေါ်လာတယ်။

 

ရှန်းထင်းကျိုး : ..........

 

ဒီသီချင်းက အဆိပ်ပြင်းလွန်းပြီး သူ့ဝမ်းကွဲတင်ထားသည့် video ကလည်း အဆိပ်ပြင်းလွန်းတယ်။

 

တကယ်တော့ စုန့်ချင်းနင်က သူ့ထက်နှစ်နှစ်ငယ်ပြီး သူတို့က တူညီတဲ့အထက်တန်းကျောင်းကိုတောင်မှ တက်ခဲ့ကြတယ်။

 

ရှန်းထင်းကျိုးသည် ဒီဂျူနီယာလေးအပေါ် ထင်မြင်ချက်တော့ မရှိပါဘူး။ သူတို့က ကျောင်းသားဟောင်းများဖြစ်ကြောင်း နောက်ဆုံး စုန့်ချင်းနင်ပြောပြသည့်အခါမှာသာ သူသိခဲ့ရတယ်။

 

သူ့ဂျူနီယာလေး၏သိမ်မွေ့သော အသွင်အပြင်ကိုကြည့်ရင်း ရှန်းထင်းကျိုး သူ့နှလုံးသားက အရမ်းညစ်ပတ်လွန်းတယ်လို့ မတတ်နိုင်ဘဲ ခံစားလိုက်ရတယ်။

 

လီကျင့်ဟန်သည် အခြေခံအားဖြင့်ကျန်းမာသောကြောင့် ရှန်းထင်းကျိုးသည် အကြာကြီးမနေခဲ့ပေ။

 

စုန့်ချင်းနင်သည် ရှန်းထင်းကျိုးနောက်မှ တံခါးဆီသို့လိုက်သွားကာ ချီတုံချတုံအမူအရာဖြင့် သူ့ကိုကြည့်နေတယ်။

 

ရှန်းထင်းကျိုး : ???

 

ရှန်းထင်းကျိုးက အစမ်းမေးကြည့်လိုက်တယ်။ " အခြားဘာရှိသေးလို့လဲ?? "

 

စုန့်ချင်းနင်က တံခါးလက်ကိုင်ကို ခဏလောက် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ထို့နောက် ခေါင်းရမ်းလိုက်ကာ " ဘာမှမဟုတ်ပါဘူး၊ လမ်းမှာ ဂရုစိုက်ပါ "

 

ရှန်းထင်းကျိုးသည် သူက လီကျင့်ဟန်နှင့်ပတ်သက်၍ စိတ်ပူနေကြောင်း မှန်းဆမိပြီး ထွက်မလာခင် ခဏလောက် နှစ်သိမ့်ပေးခဲ့တယ်။

 

ဒီနေ့မှာ ရှန်းထင်းကျိုး ပင်ပန်းနွမ်းနယ်နေခဲ့တယ်။ သူအိမ်ပြန်ရောက်တော့ မနက် ၂ နာရီ ထိုးနေပြီ၊ နောက်တစ်နေ့မနက် ၉ နာရီအထိ သူတောက်လျှောက်အိပ်နေခဲ့တယ်။

 

မနက်စာစားပြီးနောက် ရှန်းထင်းကျိုး ဖိနပ်ဗီရိုထဲမှ ကားသော့ကို ဆွဲယူလိုက်တယ်။ သူထွက်သွားခါနီးမှာပဲ အိတ်ကပ်ထဲက ဖုန်းမှာမြည်လာတယ်။

 

ချင်စစ်: စစ်ဆေးမှုရလဒ်တွေ အားလုံးထွက်လာပြီ။ မင်းဘယ်အချိန် သူတို့ကို လာယူမလဲ။

 

ရှန်းထင်းကျိုး စာပြန်လိုက်တယ်။ "ငါမကြာခင် အဲ့ဒီကို လာခဲ့မယ်" ၊ ချင်စစ်က စာမပြန်တော့ဘူး။

 

ချင်စစ်သည် ရှန်းထင်းကျိုး၏ တက္ကသိုလ်က အခန်းဖော်ဖြစ်တယ်။ ဘွဲ့ရပြီးနောက် ချင်စစ်သည် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လစာမြင့်မားသော အလုပ်တစ်ခုကို ရွေးချယ်ခဲ့စဉ် ရှန်းထင်းကျိုးကတော့ ချမ်းသာသောမိသားစုတစ်ခုအတွက် သီးသန့်ဆရာဝန် ဖြစ်လာခဲ့တယ်။

 

သူတို့သည် နှစ်များစွာတစ်လျှောက်လုံး အဆက်အသွယ်မပြတ်ခဲ့ဘဲ ရံဖန်ရံခါ စားသောက်ဖို့ တွေ့ဆုံခဲ့ကြတယ်။

 

ရှန်းထင်းကျိုးသည် ဆေးရုံသို့ မိနစ်လေးဆယ်ကျော်ကြာလောက် ကားမောင်းသွားခဲ့တယ်။

 

ဆေးခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ရှန်းထင်းကျိုးသည် အဖြူရောင်ကုတ်အကျီဝတ်ဆင်ထားပြီး သူ့၏ရုံးခန်းထိုင်ခုံပေါ်တွင်ထိုင်ကာ လက်ထောက်ကို ညွှန်ကြားနေသည့် ချင်စစ်ကို မြင်လိုက်ရတယ်။

 

ရှန်းထင်းကျိုး တံခါးနားမှာ ခဏလောက် စောသ့်နေလိုက်တယ်။ ချင်စစ် သူ့အလုပ်တွေပြီးတာနဲ့ ရှန်းထင်းကျိုးက အိတ်တစ်အိတ်ကိုင်ကာ လမ်းလျှောက်သွားလိုက်တယ်။

 

စက္ကူအိတ်ပေါ်ရှိ အမှတ်တံဆိပ်လိုဂိုကို မြင်လိုက်ရတော့ ချင်စစ်၏မျက်လုံးများ အနည်းငယ်တောက်ပလာကာ " Red Bakery ကို မင်းသွားခဲ့တာလား??"

 

ရှန်းထင်းကျိုးက စက္ကူအိတ်ကို ချင်စစ်အားကမ်းပေးလိုက်ကာ " မင်းအကြိုက်ဆုံးဒိုးနပ်နဲ့ ချောကလက်နှစ်လွှာချိစ်ကိတ် "

 

ချင်စစ်က အချိုကြိုက်ပေမယ့် သူ့မှာ ကြောင်ရှစ်ကောင်ရှိကတည်းက အိမ်မှာ အချိုတွေ မသိမ်းဝံ့ဘဲ သူ့၏ကြောင်မျိုးနွယ်အဖော်လေးတွေ သူတို့ကို မတော်တဆစားမိမှာကို စိုးရိမ်နေရတယ်။

 

ချင်စစ်သည် ကျေနပ်စွာဖြင့် လက်ခံလိုက်ပြီး အံဆွဲထဲမှ ဆေးမှတ်တမ်းများအား ရှန်းထင်းကျိုးကို ကမ်းပေးလိုက်တယ်။

 

ဒီမှတ်တမ်းတွေက ရှန်းထင်းကျိုး၏ တတိယမြောက်အလုပ်ရှင်အတွက် ဖြစ်တယ်။

 

ဒီအလုပ်ရှင်မှာ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာအခြေအနေရှိနေတယ်။ သူသည် အမျိုးသားတစ်ယောက်ဖြစ်နေပေမယ့် ကိုယ်ဝန်ဆောင်နိုင်ပြီး သုံးလကျော်ရှိနေပြီဖြစ်တယ်။

 

မနေ့က ရှန်းထင်းကျိုး သူ့ကို အချို့သောအခြေခံစစ်ဆေးမှုများအတွက် ဒီဆေးရုံသို့ ခေါ်လာပြီး ချင်စစ်ကတော့ မှတ်တမ်းတွေကို ကူညီစီစဉ်ပေးခဲ့တယ်။

 

ရှန်းထင်းကျိုး ဆေးမှတ်တမ်းတွေကို ဖွင့်လိုက်ပြီး ပြထားသည့်အရာမျိုးမျိုးကို လျင်မြန်စွာ ကြည့်လိုက်တယ်။

 

အားလုံး အဆင်ပြေပါတယ်။

 

ကလေးရော၊ မိဘရော ကျန်းမာပါတယ်။

 

ချင်စစ် ချောကလက်ချိစ်ကူိတ်ကို တမြုံ့မြုံ့ဝါးရင်း မေးလိုက်တယ်။ "နေ့လည်စာ အတူတူစားချင်လား??"

 

ရှန်းထင်းကျိုးက စစ်ဆေးမှုမှတ်တမ်းကို ဖိုင်တွဲတစ်ခုထဲထည့်လိုက်ပြီး ပြောလိုက်တယ်။ "နေ့လည်စာအကြောင်း ထားလိုက်တော့၊ ငါဒီမှတ်တမ်း မစ္စတာစုကို အရင်ပို့ပေးရမှာ၊ ငါအခုသွားတော့မယ်"

 

ချင်စစ်က သူ့ကို အော်လိုက်တယ်။ "ခဏလေး"

 

ရှန်းထင်းကျိုး နောက်ပြန်လှည့်လိုက်တယ်။

 

ချင်စစ်က ရှန်းထင်းကျိုးရှေ့မှာ သော့ချိတ်သုံးခုကို တွဲလောင်းချလိုက်ပြီး "မင်း တစ်ခုလောက် လိုချင်လား? သူတို့ကို ကြောင်မွှေးတွေနဲ့ လုပ်ထားတာ"

 

ရှန်းထင်းကျိုး၏မျက်လုံးများသည် လှုပ်ယမ်းနေသော သော့ချိတ်များနောက်သို့ လိုက်သွားကြတယ်။ သူ့မှာသာ အမြီးတစ်ခုရှိရင် ပန်ကာလို ယမ်းနေလိမ့်မယ်။

 

အိုး ဘုရားရေ

 

ချစ်ဖို့ကောင်းလိုက်တာ!!!

 

ချင်စစ်သည် တြိဂံပုံနားရွက်များနှင့် အပြာရောင်မျက်လုံးကြီးများ အစုံအလင်ရှိနေသော ကြောင်ခေါင်းလုံးလုံးလေးကဲ့သို့ ပုံဖော်ထားတယ်။

 

တစ်ခုမှာ ငွေရောင်ကြောင်မွှေးနဲ့ လုပ်ထားတဲ့ လေးတစ်ခုတောင် ရှိနေတယ်။

 

ရှန်းထင်းကျိုးသည် ဝမ်းသာအားရအော်ဟစ်ချင်သော်လည်း စိတ်တည်ငြိမ်အောင် ထိန်းနိုင်ခဲ့တယ်။ သူစိတ်မပါ့တပါ ပြောလိုက်တယ်။ "သူတို့ထဲက ဘယ်ဟာနေနေ အဆင်ပြေတယ်"

 

ရှန်းထင်းကျိုး အဖက်မလုပ်ဟန်ဆောင်နေတာကို မြင်ရတော့ ချင်စစ်က သဘောမကျသလို သူ့လျှာကို ဖြောက်ခနဲမြည်စေလိုက်တယ်။

 

ခေါင်းအေးအေးထားဖို့ ကြိုးစားနေတုန်းလား၊ ဟမ့်??

 

ချင်စစ် ရှန်းထင်းကျိုးကို မစနောက်ခင်မှာ သူ့စားပွဲပေါ်ရှိဖုန်းက မြည်လာတယ်။ စာရင်းဝင်ကုမ္ပဏီတစ်ခု၏ ဒုဥက္ကဌဖြစ်သူ၊ မနက်ပိုင်းတွင် ချိန်းဆိုရန် စီစဉ်ထားသော အရမ်းအရေးကြီးသည့် လူနာတစ်ဦးထံမှ ဖြစ်တယ်။

 

ချင်စစ် ဖုန်းပြန်ဖြေလိုက်တယ်။

 

မမျှော်လင့်ထားသည့် ကိစ္စတစ်ခု ဒီမနက်ခင်းမှာ ရှိနေတယ်လို့ ဒုဥက္ကဌ၏လက်ထောက်က ဖုန်းဆက်ပြီး နေ့လည်ပိုင်းကို ချိန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 

ချင်စစ်သည် လက်ထောက်နှင့် အနည်းငယ် ညှိနှိုင်း၍ ဖုန်းပြောပြီးသွားသောအခါ ရှန်းထင်းကျိုး ရုံးခန်းထဲမှာ မရှိတော့ပေ။ ချင်စစ် ဒုက္ခခံ၍ ပြုလုပ်ထားသော သော့ချိတ်သုံးခုမှာလည်း မရှိတော့ပေ။

 

ချင်စစ်:.........

 

ဒီလူယုတ်မာက ဘယ်ကနေရောက်လာတာလဲ?? တစ်ခုတောင်မချန်ခဲ့ဘဲ အားလုံးကိုယူသွားတယ်။

 

ဆေးရုံကနေထွက်လာပြီးတော့ ရှန်းထင်းကျိုးက ကြောင်သားမွှေးသော့ချိတ်လေးကို သူ့သော့တွေမှာ စိတ်အားထက်သန်စွာ ချိတ်ပေးလိုက်တယ်။

 

အရမ်းချစ်စရာကောင်းတယ်၊ တကယ်ကို အရမ်းချစ်စရာကောင်းတယ်။

 

Ssshhhh

 

ရှန်းထင်းကျိုးသည် သူ့ကား၏နောက်ကြည့်မှန်ပေါ်တွင် နောက်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။ မီးနီနေချိန်တိုင်းမှာ သူတောင့်မခံနိုင်ဘဲ ကြောင်ခေါင်းလေးကို ပုတ်လိုက်တယ်။

 

ဒီလို နူးညံ့တဲ့အမွှေးတွေနဲ့ ကြောင်လို ချစ်စရာကောင်းသောသက်ရှိ ဘယ်လိုများရှိနေနိုင်တာလဲ??

 

ဒါဟာ လုံးဝကို အလွယ်တကူမထိန်းနိုင်အောင် ဖြစ်ခဲ့တယ်။

 

သူအငြိမ်းစားယူပြီးတာနဲ့ ချင်စစ်လိုကြောင်တွေအုပ်စုလိုက် မွေးမြူမယ်လို့ ဆုံးဖြတ်လိုက်သည်။ ကြောင်ချေးကျုံးသူတစ်ယောက်အနေနဲ့ ဘယ်လောက်တောင်ပျော်ရွှင်နေရမလဲဆိုတာ သူမတွေးဘဲမနေနိုင်ခဲ့ပေ။