Ch 4
Viewers 219

🩺 Chapter 4

 

 

 

ရုပ်ရှင်နှင့် တီဗွီဒရာမာများတွင်သာ တွေ့ရတက်သည့်ခေါင်းတလားအား အိပ်ခန်းအလယ်တွင် ရုတ်တရက်ချထားလေသည်။

 

ဖြစ်နိုင်တာက မစ္စတာရှု၊ သူ.......

 

ရှန်းထင်းကျိုး၏နှုတ်ခမ်းများ တုန်ယင်သွားပြီး မျက်လုံးများပူလောင်လာကာ သူ့နှလုံးသားက သည်းမခံနိုင်သော ဝမ်းနည်းခြင်းများနှင့် ပြည့်နှက်လို့သွားသည်။

 

မစ္စတာရှု ဘယ်လိုဖြစ်တာလဲ…? ဒီလောက်ငယ်ငယ်လေးပဲ ရှိသေးတာကို၊ ခေါင်းတလားထဲကနေ ထထိုင်နေတယ်!!! (သူ့စိတ်ထဲပြောလို့မှမဆုံးသေးဘူး ဟိုကထထိုင်နေတာ 🤣)

 

 

ရှန်းထင်းကျိုးသည် ခေါင်းတလားထဲမှ ဖြည်း ညှင်းစွာထလာပြီး သူ့အား လှည့်ကြည့်နေသည့် ပုံသဏ္ဍာန်တစ်ခုအား ထိတ်လန့်စွာဖြင့်ကြည့်လိုက်လေသည်။

 

 

ခေါင်းတလားထဲရှိလူသည် မြင့်မားသော မျက်ခုံးတန်းနှင့်အတူ ထင်ရှားပေါ်လွင်သောမျက်နှာ၊ နှုတ်ခမ်းပါးပါးနှင့် လှပသောဖီးနစ်မျက်လုံးတစ်စုံ ရှိပြီး အနည်းငယ် မှောင်ရိပ်သန်းနေသော အလင်းရောင်အောက်တွင် ပေါ်ထွက်လာသည်။

 

 

ရှန်းထင်းကျိုးသည် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ သူ့နှလုံးက ဒုတိယအကြိမ် ရပ်တန့်လု နီးပါးဖြစ်သွားလေသည်။ သူ အချိန်အတော်ကြာ ကြောင်နေပြီးမှ သူ့လည်ချောင်းထဲမှ စကားလုံးတစ်လုံးကို ညှစ်ထုတ်လိုက်သည်။

 

 

"မင်း....."

 

 

ရှုရွှင်းက မေးလာသည်။

 

 

"ဒီဝတ်စုံ အဆင်ပြေရဲ့လား ?"

 

 

ရှန်းထင်းကျိုး အတွေး နှစ်စက္ကန့်၊ သုံးစက္ကန့်လောက်အေးခဲသွားကာ "ကြည့်…ကြည့် ကောင်းပါတယ်"

 

 

အရောင်က ထင်းလွန်းနေတာကလွဲလို့ပေါ့။ အနက်ရောင်လည်စည်းနဲ့ အနက်ရောင်ဝတ်စုံကို ဘယ်သူက ဝတ်လို့လဲ ??

 

 

သူ ဈာပနပွဲတစ်ခုကို သွားထားတာတော့ မဟုတ်ပါဘူးနော်…

 

 

ရှန်းထင်းကျိုး ညည်းတွားပြီးနောက် ရှုရွှင်း အသံကို ကြားလိုက်ရသည်။

 

 

"ဒါဆို ငါ့ရုပ်အလောင်းကို မြေချတဲ့ အခမ်းအနားဝတ်စုံအဖြစ် ထားလိုက်မယ်"

 

 

ရှန်းထင်းကျိုး : ???

 

 

အိပ်ခန်းတံခါးပွင့်လာပြီး ဆံပင်ဖြူနေသည့် အဘိုးအိုတစ်ယောက် လျှောက်ဝင်လာသည်။

 

 

"ညစာအဆင်သင့်ဖြစ်ပါပြီ"

 

 

ရှုရွှင်းသည် သေချာ ချည်ထားသော နက်ကတိုင်ကို ဆွဲချွတ်ပြီး ခေါင်းတလားပေါ် ပစ်တင်လိုက်ရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

 

 

"ငါတို့ ဒီမှာပဲ ညစာစားမယ်"

 

 

အဘိုးအိုသည် ခေါင်းတလားကိုရော အခေါင်းအတွင်းထဲမှ လူကိုပါ မမြင်ချင်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။

 

 

သူ ရှန်းထင်းကျိုးအား ပြောလိုက်သည်။

 

 

"ဆေးဖက်ဝင်အပင် သုံးမျိုးပါတဲ့ အိပ်ဆေးအတွက် ပါဝင်ပစ္စည်းတွေကို ပြင်ပေးထားတယ်၊ ဒေါက်တာရှန်း၊ မင်း ပြန်ရင်နည်းနည်း ယူသွားလိုက်ဦး..ဒါမှ ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ် ပျော်ပြီး ညစ်ပတ်တဲ့အရာတွေ မမြင်ရတော့မှာ…"

 

 

ညစ်ပတ်တဲ့အရာတွေလား ??

 

 

ရှန်းထင်းကျိုးသည် ထိုစကားကိုကြားသောအခါ  အနက်ရောင်ခေါင်းတလားဆီသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

 

 

ဒါကို ညစ်ပတ်တယ်လို့ ပြောလို့မရပေမယ့် ကြည့်ရတာတော့ တော်တော်လေး ကျောချမ်းစရာကောင်းတယ်…

 

 

ရှုရွှင်းသည် အိမ်ထိန်းထံ မကြည်ကြည့်တစ်ချက်ပေးလိုက်သည်။

 

 

အိမ်ထိန်းသည် ရှုရွှင်းအားလျစ်လျူရှုပြီး ရှန်းထင်းကျိုးကိုပြောလိုက်သည်။

 

 

"ဒေါက်တာရှန်း၊ ညစာစားဖို့ အောက်ထပ်သွားကြရအောင်၊ ဂျုံယာဂုတွေ အေးကုန်တော့မယ်"

 

 

ရှန်းထင်းကျိုး အနည်းငယ်တုံ့ဆိုင်းသွားသည်။

 

 

"မစ္စတာရှုရဲ့ခြေထောက်တွေ ....."

 

 

အိမ်ထိန်း ရယ်လိုက်လေသည်။

 

 

"သူ့အတွက် စိတ်မပူနဲ့၊ သူ့ခြေထောက်တွေ ကျိုးနေတာမဟုတ်ဘူး…ခေါင်းတလားထဲကနေ သူ့ဘာသာ ထွက်တက်တယ်"

 

 

ရှန်းထင်းကျိုး : .....ခင်ဗျားမှာ အဆိပ်ပြင်းတဲ့လျှာလေးရှိတာပဲ။

 

 

ရှုရွှင်းနှင့် အိမ်ထိန်းအကြား သိမ်မွေ့သောတင်း မာမှုတစ်ခု ဖြစ်ပေါ်သွားသည်။ မည်သို့ ဖြစ်ပျက်သွား သည်ကို ရှန်းထင်းကျိုးမသိပေမယ့် အပြင် လူတစ်ယောက်ဖြစ်သည့် သူအနေဖြင့် အများကြီးမပြောဖို့ဆုံးဖြတ်လိုက်သည်။

 

 

သူ အနည်းငယ် စဉ်းစားပြီးနောက် အောက်ထပ်သို့ အိမ်ထိန်းနောက်မှ ရိုကျိုးစွာလိုက်သွားခဲ့သည်။

 

 

ထမင်းစားခန်းတွင် အနွေးဓာတ်ပါသော မီးများ ထွန်းထားကာ အဖြူရောင်စကျင်ကျောက်စားပွဲ အရှည်ကြီးပေါ်တွင် အိမ်ချက်ဟင်းပွဲပေါင်းများစွာဖြင့် တည်ခင်းလို့ထားသည်။ ရွှေရောင် တောက်နေသော ကြွေထည်ပန်းကန်လုံးများတွင် ပျော့ပျောင်းပြီးစေးကပ်သော ဂျုံယာဂုများ ရှိနေသည်။

 

 

အလုပ်ရှင် မလာသေးသဖြင့် ရှန်းထင်းကျိုးသည် ထိုင်နေရန် အနည်းငယ် ရှက်သလိုခံစားရပေမယ့် အိမ်ထိန်းက သူ့အတွက် ထိုင်ခုံတစ်လုံးကို ဆွဲ ထုတ်ပြီးနေပြီဖြစ်၍ တောင့်တင်းသော အပြုံးတစ်ခု နှင့်အတူ ထိုင်နေရုံသာရှိတော့သည်။

 

 

ခဏအကြာ ထမင်းစားခန်းအပြင်ဘက်မှ ခြေသံကြားလိုက်ရသည်။

 

 

ရှုရွှင်းသည် အနက်ရောင် ရှပ်အကျီနှင့် ဘောင်း ဘီရှည်ကို ဝတ်ဆင်ထားပြီး ထမင်းစားခန်းထဲ ဝင်လာသည်။

 

 

ရှန်းထင်းကျိုးသည် ထိုလူ၏ ခြေထောက်များကို မသိစိတ်မှ လှမ်းကြည့်လိုက်ပေမယ့် သူ၏ လမ်း လျှောက်လာသည့် ပုံစံမှာ မည်သည့်ပြဿနာမှမရှိသည်ကို မြင်လိုက်ရသဖြင့် ရှန်းထင်းကျိုး အနည်း ငယ်စိတ်သက်သာရာရသွားလေသည်။

 

 

အိမ်ထိန်းသည် ခံစားချက်မဲ့စွာ ချဉ်းကပ်လာပြီး ကြက်မွှေးကဲ့သို့ ဖုန်သုတ်ဝတ်တစ်ခုကို ကိုင်ထားကာ ရှုရွှင်းအား ခေါင်းမှခြေဖျားအထိ သုတ်ပေး လိုက်သည်။

 

 

အရှေ့ဘက်ကိုသုတ်ပြီးနောက် ရှုရွှင်း၏ ခန္ဓာ ကိုယ်ပေါ်တွင် ညစ်ပတ်တဲ့အရာတစ်ချို့ သို့ နမိတ်မကောင်းသည့်အရာတစ်ခုခု ရှိနေသကဲ့သို့ နောက်ကျောဘက်ကိုပါ လှည့်ပတ်ကာ ဆက်သုတ်နေလေသည်။

 

 

 

ရှုရွှင်းသည် အသက်မပါစွာ မတ်တပ်ရပ်နေပြီး အိမ်ထိန်းကိုစိတိကြိုက်လုပ်ခွင့်ပေးထားလိုက်သည်။

 

 

ရှန်းထင်းကျိုး : ဟမ်

 

 

သူ မစဉ်းစားတတ်သော နေရာတချို့ရောက်‌နေပုံရသည်။ ရှန်းထင်းကျိုးသည် အားကိုးရာမဲ့ပြီး အားနည်းနေသော ကိုယ့်ကိုကိုယ်သာပွေ့ဖက်လိုက်တော့သည်။

 

 

အိမ်ထိန်းသည် သူကိုင်ထားသည့်အရာကိုချလိုက်ပြီး ရှုရွှင်းအတွက် ထိုင်ခုံဆွဲထုတ်ပေးလာသည်။

 

 

ရှုရွှင်း ဘာမှမပြောဘဲ ရိုးရိုးရှင်းရှင်းဝင်ထိုင်လိုက်သည်။

 

 

ဟင်းပွဲများသည် အစာကြေလွယ်လွန်းပြီး ထမင်းစားခန်းထဲရှိ ထူးဆန်းသောလေထုနှင့် ပေါင်းစပ်သွားသည့်အခါ  သူ၏အစာစားချင်စိတ်ပင်ပျောက်သွားနိုင်သည်ဟု ရှန်းထင်းကျိုး  တွေးလိုက်မိသည်။

 

 

သို့သော် တစ်လုတ်စားပြီးနောက်တွင် သူ၏ ဆာလောင်မှုကို လျှော့တွက်ခဲ့မိကြောင်း သဘော ပေါက်သွားရသည်။

 

 

စားပွဲပေါ်ရှိ ဟင်းလျာများသည် ရိုးစင်းပြီး ချက် ပြုတ်နည်းများမှာလည်း သာမန်ကာ လျှံကာ မျှသာဖြစ်သည်။ မီးအေးအေးဖြင့် ပြုတ်ထားသော ဝက်နံရိုးနှင့် ကြက်သားပြုတ်ရည်ထဲ အသီးအ ရွက်များရောနှောကာ ဟင်းရည်အဆိမ့်ပုံစံချက်ထားခြင်းဖြစ်သည်။

 

 

အခါးဓာတ်ရှိသောဖရဲသီးကို အထူးနည်းလမ်းဖြင့် ပြင်ဆင်ထားပုံရပြီး အစေ့များကိုဖယ်ထုတ်ကာ စိမ်းစိုသောအစိမ်းရောင်တို့နှင့်အတူ ခါးသက်သည့်အရိပ်အယောင် စိုးစဉ်းမျှမရှိချေ။ မျှစ်ကြော်သည်လည်း လတ်ဆက်နေကာ အနည်းငယ်ကြွပ်ဆတ်အောင် ထိန်းသိမ်းထား သည်။

 

 

ရှန်းထင်းကျိုးသည် ပတ်ပတ်လည် စောင့်ကြည့်နေသော အကြည့်များအောက် ထိန်းကာစားသောက်ခဲ့သည်။

 

 

ဒီနေ့ကြည့်ရတာ အလုပ်ရှင်နဲ့အိမ်ထိန်းတို့ သိပ်အဆင်မပြေကြတဲ့ပုံပဲ…

 

 

သို့သော် ၎င်းတို့မိသားစုသည် အမြဲလိုလိုတစ်ကြိမ်မဟုတ် တစ်ကြိမ်ထူးခြားနေတက်သည် မဟုတ်ပါလား...

 

 

ရှန်းထင်းကျိုးသည် အဖြူရောင်လက်အိတ်နှင့် နောက်ကွဲကုတ်အကျီရှည်ကို ဝတ်ဆင်ထားကာဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးထားသော အိမ်ထိန်းကို တစ်ချက်ခိုးကြည့်လိုက်သည်။

 

 

ဟမ်၊ ဘယ်လိုလုပ်ရမလဲ ??

 

 

Black Butler ထဲက အိမ်ထိန်းနဲ့ တော်တော်တူတာပဲ။

 

 

ရှန်းထင်းကျိုးသည် ညစာစားပြီးနောက်တွင် ရှုရွှင်း၏ခြေထောက်များကို စတင်စစ်ဆေးလိုက်သည်။

 

 

လွန်ခဲ့သော သုံးနှစ် ဆောင်းရာသီ၏ နေ့တစ်နေ့၌ အဝေးပြေးလမ်းမကြီးပေါ်တွင် ကြောက်မက်ဖွယ်ရာ ကွင်းဆက်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး နေရာမှာတင် ခြောက်ယောက် ပွဲခြင်းပြီး သေဆုံးသွားကာ လူဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ကြသည်။

 

 

ရှုရွှင်း၏မိဘများမှာ ထိုကားမတော်တဆမှု၌ တိမ်းပါးသွားခဲ့ပြီး ထိုအချိန်တွင် သူသည်လည်း ကားထဲမှာရှိနေခဲ့ကာ သူ၏ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

 

 

သူသည် ဆေးရုံတွင် နှစ်ဝက်ခန့် နေခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို တစ်နှစ်နီးပါးလုပ်ခဲ့ရသည်။ လွန်ခဲ့သော ၆ လခန့်မှ သေချာမတ်တပ်ရပ်နိုင်ခဲ့သော်လည်း မိုးရွာသောနေ့များတွင် သူ့ခြေထောက်များကိုက်ခဲနေဆဲဖြစ်သည်။

 

 

ရှန်းထင်းကျိုးသည် အားပြင်းသော နှိပ်နယ်မှုတစ်ခုနှင့် စတင်လိုက်ပြီးနောက် သူ၏ကျွမ်းကျင်သောလှုပ်ရှားမှုများဖြင့် ဆက်ပြီးနှိပ်နယ်ပေး လိုက်သည်။

 

 

ရှန်းထင်းကျိုးသည် ကြယ်သီးများပါသော ရှပ်အကျီကိုသာ သပ်သပ်ရပ်ရပ်ဝတ်ဆင်လေ့ရှိပြီး သူ့သွင်ပြင်မှာတည်ငြိမ်ပုံရကာကြည့်ကောင်းသည်။

 

 

သို့သော် ယခုအခိုက်အတန့်တွင် သူ့ခေါင်းကိုငုံ့ထားပြီး နံရံကပ်မီးအိမ်မှ ဝါကြင့်ကြင့်မီးရောင်များသည် သူ့မျက်တောင်ရှည်များပေါ် အရောင်ကျသလိုဖြစ်နေကာ နူးညံ့ပျော့ပျောင်းသော သူ၏အသွင်အပြင်သည် ငြီးငွေ့ဖွယ်ကောင်းနေသည်။

 

 

တိတ်ဆိတ်ငြိမ်သက်မှု ကြာရှည်သွားပြီးနောက်  ရှန်းထင်းကျိုး မနေနိုင်တော့ပဲ ခေါင်းကိုမော့လိုက်ရာ နက်မှောင်သောမျက်လုံးတစ်စုံနှင့် ပက်ပင်းတိုးလေသည်။

 

 

ရှန်းထင်းကျိုး အနည်းငယ် အံ့ဩသွားကာ မျက်တောင်ခက်လိုက်သည်။

 

 

"နာလို့လား ?"

 

 

ရှုရွှင်း၏အကြည့်များသည် ယိမ်းယိုင်ခြင်းမရှိသလို မည်သည့် ခံစားချက်ကိုမှလည်း ထုတ်ဖော်ပြသခြင်းမရှိပဲ ရှန်းထင်းကျိုးအား တည့်တည့်ကြည့်ကာ ပျော့ပျောင်းသောလေသံဖြင့်

 

 

"အွန်း"

 

 

ရှန်းထင်းကျိုး ခဏတုံ့ဆိုင်းသွားသည်။

 

 

"ဒါနှိပ်ပြီးရင် နောက်ထပ်သွေးပူအောင်ပဲ ဖိပေးတော့မယ်"

 

 

ရှုရွှင်း တိတ်တဆိတ်တုံ့ပြန်လိုက်သည်။

 

 

"အွန်း"

 

 

ရှန်းထင်းကျိုးသည် သူ့အလုပ်ဆက်လုပ်ရန် ခေါင်းငုံ့လိုက်စဉ် ရှုရွှင်း၏အသက်ရှုထုတ်လိုက်ရာမှာတဆင့် အနည်းငယ်နွေးထွေးသော ခံစားမှုတစ်ခု သူ့လည်ပင်းကိုဖြတ်သွားကာ တစ်ကိုယ်လုံး စိတ်မသက်မသာဖြစ်သွားသလိုခံစားလိုက်ရသည်။

 

 

ရှန်းထင်းကျိုးသည် မိနစ်အနည်းငယ်ကြာ သည်းညခံလိုက်ပြီးနောက် သူ့ခေါင်းကိုထပ်ပြီးမော့လိုက်ပြန်သည်။

 

 

ရှုရွှင်းသည် နဂိုကိုယ်ဟန်အနေအထားအတိုင်း သူနှင့်အလွန်နီးကပ်စွာဖြင့် မျက်တောင်မခတ်ဘဲ သူ့ကို ငေးစိုက်ကြည့်နေလေသည်။

 

 

ထိုမျက်လုံးများသည် ရှန်းထင်းကျိုးအား ထင် ရှားစွာ ရောင်ပြန်ဟပ်နေသည့် အနက်ရှိုင်းဆုံး တွင်းနက်ကြီးတစ်ခုလိုပင်။

 

 

ရှန်းထင်းကျိုး၏ နှလုံးခုန်နှုန်းမြန်သွားကာ တစ် ဆက်တည်းကျောချမ်းဖွယ်ရာ ခေါင်းတလားကို တွေးမိသွားပြီး အပျော့ပျောင်းဆုံးလေသံဖြင့်

 

 

"မစ္စတာရွှင်း၊ မင်း မကြာသေးခင်က အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလို့လား ?"

 

 

ရှုရွှင်း ပြန်ဖြေလိုက်သည်။

 

 

"အပြင်ကလူတော်တော်များများ ငါ သေသွားဖို့ဆန္ဒရှိနေကြတာ အဲ့ဒါက ခက်ခဲမယ်လို့ မင်းထင်လား ?"

 

 

ရှုရွှင်းသည် ခေါင်းတလားထဲတွင် လဲလျောင်းနေပြီး အခန်းတံခါးဖွင့်သံကြားတော့ သူ အေးစက် စက်ပြောလိုက်သည်။

 

 

"မင်း ဒီနေ့ စကားများလွန်းတယ်"

 

 

အိမ်ထိန်းက လျှောက်သွားလိုက်သည်။ ရှုရွှင်းသည် မျက်လုံးများကိုမှိတ်ထားပြီး သူ့၏ရှည် လျားသောမျက်တောင်များသည် မြင့်မားဖြောင့် စင်းသောနှာခေါင်းပေါ်၌ အရိပ်များကျနေကာ သူ့၏ချောမောခန့်ငြားသောမျက်နှာကို ပိုဂန္တဝင်မြောက်ကာ ဆွဲဆောင်မှုပိုရှိစေသည်။

 

 

သို့တိုင် နဖူးရှိ အရေးအကြောင်းများနဲ့ ဖြူဖျော့ သော နှုတ်ခမ်းများနှင့်အတူ အကုန် အနက်ရောင် ဝတ်ဆင်ထားပြီး သူသည် အမှောင်ထု၏ သိမ်မွေ့သောလေထုကို ဖြန့်ကျက်ထားသည်။

 

 

အိမ်ထိန်းသည် စက္ကန့်အနည်းငယ်ကြာအောင် တုံ့ပြန်မှုမပေးပဲ စောင့်ကြည့်နေသည်။

 

 

"မင်းရဲ့ဒီလိုပုံစံက သူ့ကိုထိတ်လန့်သွားစေတယ်"

 

 

"ဒါ ခင်ဗျားကိစ္စ မဟုတ်ဘူး"

 

 

ရှုရွှင်း နောက်ပြန်လှဲချလိုက်ပြီး ခေါင်းတလားအဖုံးကိုဆွဲပိတ်ဖို့ သူ့လက်ကိုမြှောက်လိုက်သည်။

 

 

သူ့ရဲ့စကားလုံးတွေက စိတ်ပျက်စရာကောင်းနေသော်ငြားလည်း လှုပ်ရှားမှုများသည် အတိတ်၏ ကလေးဆန်မှုအနည်းငယ်ရှိနေခဲ့သည်။

 

 

အိမ်ထိန်းပြုံးကာ ခေါင်းတလားအဖုံးကို တွန်းပြီး ပြန်မပေးလိုက်သည်။

 

 

ဖြာကျနေသော အလင်းရောင်သည် ရှုရွှင်း၏ သွယ်လျပြီး နူးညံ့သော နဖူးပေါ်သို့ကျရောက်လာပြီး သူ့မျက်လုံးများဖွင့်ကာ အမူအရာမဲ့စွာ ခေါင်းတလားဘေးမှလူကို မော့ကြည့်လိုက်သည်။

 

 

အိမ်ထိန်း: "ဆေးသောက်ရမယ်"

 

 

 

ရှန်းထင်းကျိုး လမ်းဆုံမီးပွိုင့်တွင် ရပ်လိုက်သည်။

 

 

မီးနီသည် စက္ကန့် ၉၀ မှစတင်၍ ရေတွက်ပြီး တစ်ချက်ချင်း ကျဆင်းလာနေကာ ၈၉၊ ၈၈၊ ၈၇.....

 

 

၅၇ စက္ကန့်တွင် ရှန်းထင်းကျိုးသည် ကြွက်တစ်ကောင်ကိုက်ချီထားသည့် ကြောင်နှင့် ရှုရွှင်း၏ အခန်းထဲရှိ အနက်ရောင် ခေါင်းတလားကို ရုတ်တရက် တွေးလိုက်မိသည်။

 

 

နှစ်ခုလုံးသည် ရှင်းရှင်းလင်းလင်း ဆက်စပ်မှုမရှိသော်လည်း ရှန်းထင်းကျိုး၏ခေါင်းထဲတွင်ရော ယှက်နေခဲ့သည်။

 

 

စက္ကန့်အနည်းငယ်အကြာတွင် သူသည် ဖုန်းကိုထုတ်ကာ ရှုရွှင်းထံသို့ ဂရုတစိုက် မက်ဆေ့ခ်ျရေးပို့လိုက်သည်။

 

 

မက်ဆေ့ခ်ျပို့ပြီးနောက် မီးပွိုင့်မီးက အစိမ်းရောင် ပြောင်းသွားသဖြင့် ရှန်းထင်းကျိုးသည် လမ်းဆုံကိုဖြတ်ကာ မောင်းသွားခဲ့သည်။

 

 

ဆေးသောက်ဖို့အကြောင်း ပြောနေသည်ကိုကြားချိန် ရှုရွှင်းမျက်လုံးထပ်မှိတ်ထားလိုက်သည်။

 

 

ခဏရပ်တန့်ပြီးနောက် အနီးနားတွင် ထားထားသည့် ဖုန်းက ရုတ်တရက်မြည်လာသည်။

 

 

အိမ်ထိန်းသည် ဖုန်းကိုကောက်ကိုင်လိုက်ပြီး မက်ဆေ့ခ်ျကိုဖွင့်လိုက်သည်။

 

 

"ဒေါက်တာရှန်းဆီကပဲ"

 

 

အိမ်ထိန်းက ရှုရွှင်းကို အသံကျယ်ကျယ်နှင့် မက်ဆေ့ခ်ျဖတ်ပြပြီး

 

 

"ဒေါက်တာရှန်းက မင်း ဆေးကို နာခံပြီးသောက်စေချင်နေတယ်"

 

 

ရှုရွှင်း၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားကာ အိမ်ထိန်း၏စကားကို ရှင်းလင်းစွာမယုံ ကြည်နိုင်ပဲ ဖုန်းကိုလှမ်းယူပြီး တစ်ချက်ကြည့်လိုက်သည်။

 

 

[မစ္စတာရှု၊ ငါ အဲဒါကို စဉ်းစားကြည့်ပြီးပြီ။ အဲဒီအခေါင်းက မင်းအတွက်မသင့်တော်ဘူး။ မစ္စတာရှုကျီမင်အတွက် ထားတာပိုကောင်းပါတယ်... သူက အသက်ပိုကြီးတယ်လေ၊ စောစောသုံးရလောက်တယ်။]

 

 

မစ္စတာရှုကျီမင်သည် ရှုရွှင်း၏ဦးလေးဖြစ်ပြီး မိသားစုကံကြမ္မာအတွက် တိုက်ပွဲဝင်မည်ဟု တစ်ချိန်က မီဒီယာများရှေ့တွင် ပြောခဲ့ဖူးသူဖြစ် သည်။

 

 

ရှုရွှင်း၏မိဘများ ကားမတော်တဆမှုတွင် သေ ဆုံးပြီးနောက် ရှုမိသားစုတစ်ခုလုံးတွင် အကြမ်းကြုတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။

 

 

ရှုရွှင်း၏အကြည့်သည် သူ့ဖုန်းမျက်နှာပြင်ပေါ်တွင် ကျဆင်းနေပြီး သူ့မျက်လုံးများက ဘာတွေးနေမှန်းထုတ်ဖော်ပြသခြင်းမရှိပေ။

 

 

အိမ်ထိန်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားကာ တစ်ယောက်ယောက်အား အပေါ်ထပ်သို့ တက်လာပြီး ခေါင်းတလားကို ဖယ်ရှားရန် ညွှန်ကြားလိုက်သည်။

 

 

အိပ်ခန်းထဲပြန်ဝင်လာတော့ ရှုရွှင်းသည် သူ့ကုတင်ပေါ်လဲလျောင်းနေပြီဖြစ်သည်။ အိမ်ထိန်း၏ ပါးစပ်ထောင့်သည် အပြုံးဖြင့်ကွေးညွှတ်သွားရသည်။

 

 

 

အဲ့ဒါ ဒေါက်တာရှန်း ဖြစ်နေလို့လေ...