🩺 Chapter 5
ရှန်းထင်းကျိုးသည် သောကြာနေ့တွင် ပြောင်မေ့ဖြစ်သူနှင့်
ကတိပြုထားသည့်အတိုင်း ကျောင်းသို့ မိဘ-ဆရာတွေ့ဆုံပွဲကို တက်ရောက်ရန် သွားရမည်ဖြစ်သည်။
ဖုယွင်ယွင်သည် နေ့ခင်းဘက်တွင် နောက်ဆုံးအတန်းချိန်နှစ်ချိန်ကိုဖျက်ကာ
ကျောင်းတံခါးဝတွင် ကြိုစောင့်နှင့်နေလေ သည်။
သူ့ဆံပင်ကို မြင်းမြှီးပုံစံနောက်နားတွင် စုချည်ထားပြီး၊သူ၏
ရွှန်းလဲ့တောက်ပနေသော မျက်ဝန်းများနှင့် ငယ်ရွယ်နုပျိုသော စွမ်းအင်တို့သည် ပွနေသောကျောင်းဝတ်စုံကိုဖြတ်ကာတောက်
ပနေသည်။
ရှန်းထင်းကျိုးကို တွေ့သည်နှင့် ဖုယွင်ယွင်က စိတ်လှုပ်ရှားစွာ
လက်ပြလာပြီး "ကော ဒီမှာ၊ ဒီမှာ"
ရှန်းထင်းကျိုး လျှောက်လာစဉ် ဖုယွင်ယွင်သည် သူ့လက်ကို ချိတ်ကာ သူမ၏စိတ်လှုပ်ရှားနေသော သူငယ်ချင်းများနှင့်
တွေ့ဆုံရန်ဆွဲခေါ်သွားသည်။
မိန်းကလေးများသည် လုံးဝကို တည်ငြိမ်ရင့်ကျက် တိတ်ဆိတ်
သောပုံစံဖမ်းထားကြပြီး ရှက်ကိုးရှက်ကန်းဖြင့် သူ့ကို "ကော" ဟုခေါ်လာကြသည်။ ဖုယွင်ယွင် အာရုံထဲတွင်ရှိသော အရူးအမူးဖြစ်နေကြသည့်
ပုံရိပ်များနှင့်ဆန့်ကျင်ဘက်ပင်။
ရှန်းထင်းကျိုး အိတ်ကပ်ထဲမှ ဖုန်းမြည်လာသဖြင့်
ဖုယွင်ယွင်ကိုပြောလိုက်သည်။
"ငါ အပြင်မှာ ဖုန်း ခဏသွားပြောလိုက်ဦးမယ်…"
သူ ထွက်သွားသည်နှင့် တိတ်ဆိတ်နေသော မိန်းကလေးတစ်စုသည်
စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြောဆိုနေသံကိုကြား လိုက်ရသည်။
"Ahh… နင့် ကောဆီက 'အကောင်းဆုံး ခင်ပွန်း'
ဆိုတဲ့ ခံစားချက်မျိုး ငါ ရနေတယ်…"
"အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ သူ့ဝတ်စုံကိုချွတ်ပြီး၊
မီးဖိုချောင်မှာ ငါ့အတွက် ချက်ပြုတ်နေတဲ့ သူ့ပုံစံလေးကို စိတ်ကူးထဲမှာတောင် ငါ ပုံဖော်ကြည့်နေမိပြီ…"
"ငါ့ကောက ဆရာဝန်တစ်ယောက်လို့ပြောရင် ဘာဖြစ်မလဲ
?"
"ပိုတောင် ကောင်းသွားသေးတယ်! ငါ့အတွက် စတော်ဘယ်ရီသီးထဲက
အစေ့တွေကိုဖယ်ထုတ်ပြီး ငါ့ကိုကျွေးဖို့ ခွဲစိတ်ဓားသုံးပြီးလုပ်ခိုင်းလိုက်မယ်…"
သူ၏ကောင်းမွန်သောအကြားအာရုံနှင့်အတူ ရှန်းထင်းကျိုးတစ်ယောက်
အနည်းငယ်ထိတ်လန့်လို့သွားသည်။
သူ ခွဲစိတ်ဆရာဝန်မဟုတ်တဲ့အတွက် အဲ့ဒါက ဖြစ်နိုင်ချေတော့
မရှိဘူးမဟုတ်လား ??
စင်္ကြန်တွင် ကျောင်းသားများ၊မိဘများဖြင့် စည်ကားလို့နေ
သည်။ ရှန်းထင်းကျိုးသည် စာသင်ခန်းအလွတ်တစ်ခုကို တွေ့သွားပြီး ဖုန်းပြောရန်ထိုအခန်းထဲဝင်လိုက်သည်။
ဟဲရန်ထင်း၏လက်ထောက်မှ ဖုန်းဆက်လာခြင်းဖြစ်ပြီး
ရှန်းထင်းကျိုးအား ညနေပိုင်းတွင် လာပေးရန်တောင်းဆိုနေခြင်းပင်။
ဖုန်းချပြီးနောက် ရှန်းထင်းကျိုးသည် WeChat ကိုဖွင့်ပြီး
မက်ဆေ့ချ်အနည်းငယ်ကို Reply ပြန်နေလိုက်သည်။
"သမီးကို ဒီဘလိုင်းဒိတ်စီစဉ်ပေးဖို့ မားကို
ဘယ်သူမေးလို့လဲ ? မသွားချင်ဘူးလို့ သမီး မပြောခဲ့ဘူးလား၊ သမီးမှာ ရည်းစားရှိတယ်....."
ဒေါသကြီးသော အမျိုးသမီးအသံသည် အဝေးမှချဉ်းကပ်လာသည်။
ရှန်းထင်းကျိုးသည် အနည်းငယ်ပွင့်နေသောစာသင်ခန်း၏
အနောက်တံခါးမှလှမ်းကြည့်လိုက်ရာ အရပ်မြင့်မြင့်နှင့်ကြော့ ရှင်းနေသော အမျိုးသမီးတစ်ဦးလျှောက်ဝင်လာသည်။
သူမ ပြတင်းပေါက်ဆီသို့ တည့်တည့်လျှောက်လာကာ စကားများမှာလည်းပိုမိုပြင်းထန်လာသည်။
"မားက သမီး ငယ်ငယ်လေးကတည်းကနေ အရာရာတိုင်းကို
ဝင်စွက်ဖက်ခဲ့တယ်၊ အခု သမီးအိမ်ထောင်ရေးကိုတောင်ကိုယ့် ဘာသာ ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ဘူးလား…?"
ရှန်းထင်းကျိုးသည် အခြားသူ၏ကိုယ်ရေးကိုယ်တာကိစ္စများကို
ခိုးနားထောင်လိုစိတ်မရှိသောကြောင့် ထိုအမျိုးသမီးသတိမထားမိခင် တိတ်တဆိတ်ထွက်ရန်ပြင်လိုက်သည်။
တဖက်မှ ဖုန်းပြောသူမှာ မည်သည်ကိုပြောလိုက်မှန်း
သူ သေ ချာမသိသော်လည်း ထိုအမျိုးသမီးထံမှ လှောင်ရယ်သံထွက်လာလေသည်။
"အဲ့ဒါက ဟဲရန်ထင်းဆိုတော့ရော ဘာဖြစ်လဲ
?"
ရှန်းထင်းကျိုး၏ခြေလှမ်းများသည် အနည်းငယ်ရပ်တန့်သွားရသည်။
ဟဲရန်ထင်း ???
သူ့အလုပ်ရှင် နံပါတ်တစ်က ဒီဖိအားပေးခံရတဲ့အချစ်ရေးထဲ
ပါဝင်တဲ့သူလား…?
"သမီး ထပ်ပြောမယ်၊ သမီးမှာ ရည်းစားရှိတယ်
မားနဲ့ ပါးလို ငွေအတွက် လက်ထပ်မှာ မဟုတ်ဘူး......"
ထိုအမျိုးသမီးသည် စိတ်အနှောက်အယှက်ဖြစ်ကာ ခေါင်းကိုလှည့်လိုက်ပြီး
သူ့လမ်းကြောင်းတွင်ရှိနေသော ရှန်းထင်းကျိုး နှင့် ပြင်းပြင်းထန်ထန်တိုက်မိသွားလေသည်။
ရှန်းထင်းကျိုး အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရပြီး
သူမအား တောင်းပန်ရင်း ခေါင်းငုံ့ကာအမြန်ထွက်သွားလေသည်။
စာသင်ခန်းသို့ပြန်ရောက်သောအခါ ဖုယွင်ယွင်သည် ချက်
ချင်းပင် သူ့ကိုဖက်တွယ်လာသည်။
"ကောကြောင့် ညီမ ဒီနေ့ အရမ်းမျက်နှာသာရခဲ့တယ်…"
ရှန်းထင်းကျိုး : .......
ဖုယွင်ယွင်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်
တောက်ပလို့နေသည်။
"ကော လုံးဝသတ်ချပစ်လိုက်တာပဲ၊ ရုတ်တရက်ကြီး
ညီမမှာ ယောင်းမအသစ်တွေ အများကြီးရလာတယ်… ညီမရဲ့ဂြိုလ်ကောင်တောင် ကောအကြောင်းမေးနေပြီ…"
ရှန်းထင်းကျိုးက မရယ်ဘဲမနေနိုင်တော့ပေ။
"မင်းရဲ့ဂြိုလ်ကောင်က ဘယ်သူလဲဆိုတာ မေးလို့ရမလား?"
ဖုယွင်ယွင် သူ့လက်ကိုမြှောက်လိုက်ပြီး နောက်တန်းဆီသို့
ညွှန်ပြလိုက်သည်။
ရှန်းထင်းကျိုး၏အကြည့်တို့သည် သူ့လက်နောက်သို့လိုက်သွားလိုက်သည်။
နောက်တန်းတွင် ဆယ်ကျော်သက် မိန်းကလေးများအရူးအမူးဖြစ်လောက်မည့် လူမျိုးခြားပုံစံထင်ရှားပြတ်သားသောမျက် ခုံး၊ စူးရှသောမျက်လုံးများဖြင့်
မောက်မာအေးစက်သောပုံစံနှင့် ကောင်လေးတစ်ယောက်ထိုင်နေသည်။
ကောင်လေး ခေါင်းပြန်ငုံ့ပြီးစာအုပ်မဖတ်ခင် ရှန်းထင်းကျိုး
၏အကြည့်ကိုသတိပြုမိလိုက်ရာ ယဉ်ကျေးသောအပြုံးဖြင့်
သူ၏နှုတ်ခမ်းထောင့်မှာ တွန့်ကွေးလို့သွားသည်။
ခုံမှာ အေးအေးဆေးဆေးထိုင်ပြီး စာအုပ်ထဲတွင် ဈာန်ဝင်နေသည့်
သူမှလွဲ၍တစ်ခန်းလုံး ဆူညံပွက်လောရိုက်နေလေသည်။
ရှန်းထင်းကျိုး မနေနိုင်တော့ပဲ သူနှင့် ဖုယွင်ယွင်ကိုနှိုင်းယှဉ်ပြီး
ပြောလိုက်သည်။
"စာမေးပွဲတွေ မကြာခင်လာတော့မယ်၊ မင်းလည်း
စာကျက်သင့်တယ်"
ဖုယွင်ယွင်က နှုတ်ခမ်းစူရင်း "သူအဆင့်က ညီမထက်တောင်
ပိုဆိုးနေသေးတယ်… သူ ဘာလို့ စာအရမ်းကြိုးစားတဲ့ပုံဖမ်းထားမှန်း နားကိုမလည်ဘူး…မသင့်လျော်တဲ့
စာအုပ်တစ်အုပ်ကို ဖတ်နေတာလည်း ဖြစ်နိုင်တာပဲလေ…"
အပြောခံလိုက်ရသော ကောင်လေးသည် မျက်လုံးများကိုပင့်လိုက်ပြီး
"ဘာ မသင့်လျော်တဲ့ စာအုပ်လဲ? ဆရာမ မနေ့က နင့်ဆီက ယူသွားခဲ့တာလိုမျိုးလား?"
ဖုယွင်ယွင် ခဏလောက်ဆွံ့အသွားရသည်။
ရှန်းထင်းကျိုး ထိုကောင်လေးဘက်သို့လှည့်ပြီး မေးလိုက်သည်။
"ဆရာမက ဘာစာအုပ်ယူသွားတာလဲ ?"
"ကော သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားကို နားမထောင်နဲ့၊
ဘာမှ အဲ့လိုဟာမျိုးမရှိဘူး"
ဖုယွင်ယွင် ရှန်းထင်းကျိုးအား ချိုသာစွာပြုံးပြနေသော်လည်း
ချင်ယန်ကို လျှို့ဝှက်စွာကျိန်ဆဲနေလေသည်။
ချင်ယန် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး သူ့လျှာကိုကိုက်လိုက်သည်။
လှည့်စားနေသလို ခံစားလိုက်ရသဖြင့် ရှန်းထင်းကျိုး
သူ့အသံကိုမြှင့်လိုက်သည်။
"ဖုယွင်ယွင်!"
ဖုယွင်ယွင် ချက်ချင်းဆိုသလို ကျိုးနွံသွားပြီး
သူ့မျက်လုံးများကိုအသနားခံစွာဖြင့် မျက်တောင်ကို ပုတ်ခတ်၊ ပုတ်ခတ် လုပ်နေလေသည်။
"ကော တောင်းပန်ပါတယ်… မားကို မပြောပါနဲ့နော်…
"
ရှန်းထင်းကျိုး ဒီမိဘ-ဆရာတွေ့ဆုံပွဲတွင် ပိုပြီးသိလိုက်ရတာရှိသည်။
သူ့ပြောင်မေ့ဖြစ်သူသည် ထက်မြက်သော်ငြား တစ်ခါတစ်လေ
ကိုင်တွယ်ရန် မလွယ်ကူပေ။
ရှန်းထင်းကျိုး အရွယ်ရောက်ပြီးသူတစ်ဦး၏ပြုမူပြောဆိုပုံအတိုင်း
နှုတ်ဖြင့်သင်ခန်းစာပေးရန်ပြင်လိုက်စဉ် ရင်းနှီးသော အသွင်အပြင်ကို မျက်လုံးထောင့်မှဖမ်းမိသွားကာ
ထွက်ကျလာမည့် စကားလုံးများပင် လည်ချောင်းထဲနစ်မြုပ်သွားရသည်။
ထိုအမျိုးသမီး၏ပုံစံသည် လှိုင်းတွန့်ပုံစံတောက်ပြောင်သောဆံပင်၊
နှုတ်ခမ်းနီနှင့်မျက်ခုံးရှည်ပြီး ပန်းပွင့်အင်္ကျီ၊ ဝါဖန့်ဖန့် အရောင်ရှိသော အဝကျယ်ဘောင်းဘီတို့ကို၀တ်ဆင်ထားပြီး
ချွန်ထက်သော ဒေါက်မြင့်ဖိနပ်ကိုစီးထားသည်။
ခေတ်ဟောင်းပုံစံဝတ်စုံနှင့် လင်းထွက်နေကာ ကျော့မော့လို့နေလေသည်။
ရှန်းထင်းကျိုး ထိုအမျိုးသမီးအားမြင်လိုက်သည်နှင့်
စောစောက လူမရှိသော စာသင်ခန်းတွင်ဖုန်းပြောနေသော အမျိုးသမီးမှန်း ချက်ချင်းမှတ်မိသွားသည်။
ချင်ရှစ်ယောင် အခန်းထဲကိုဝေ့ကြည့်လိုက်ပြီး ဝင်မလာခင်
သူ့အကြည့်က ရှန်းထင်းကျိုးအပေါ်ခဏရပ်တန့်သွားသည်။
ချွန်ထက်သော ဒေါက်မြင့်ဖိနပ်နှင့် ကြမ်းပြင်တို့
ထိတွေ့ကာ အသံများမြည်နေပြီး သူ့ခြေလှမ်းများသည် ယုံကြည်မှုအပြည့်ဖြင့်ရှိနေသည်။
ဖုယွင်ယွင် အံ့အားသင့်စွာဖြင့် ပြောထွက်သွားသည်။
"ဝိုး… ဘုရင်မတစ်ပါးပါလား ?"
ချင်ရှစ်ယောင် ဖုယွင်ယွင်၏နောက်တွင်ရပ်လိုက်ပြီး
ခပ်မိုက်မိုက်ကောင်လေး၏ခေါင်းပေါ်သို့ သူ့လက်ကိုင်အိတ်ကို လွှဲယမ်းလိုက်ကာ သူမ၏ ရှည်လျားသောမျက်ခုံးကိုပင့်လျက်
"နင်က လူမိုက်လား ?"
ချင်ယန် နာသွားပြီး မကျေမနပ်ပုံစံဖြင့် ".....ကျဲ"
ချင်ယန်၏အလျော့ပေးပုံကို တွေ့ရခဲသဖြင့် ဖုယွင်ယွင်က
ကျေနပ်စွာရယ်မောလိုက်လေသည်။
ထိုရယ်သံကြားတော့ ချင်ယန် ဖုယွင်ယွင်အားမကျေနပ်သောအကြည့်တစ်ချက်ပေးရန်
သူ့ခေါင်းကိုလှည့်လိုက်သည်။
ချင်ရှစ်ယောင် သူ့လက်ကို မြှောက်လိုက်ကာ ချင်ယန့်ခေါင်းနောက်ကို
ထပ်ရိုက်လိုက်ပြီးကြိမ်းမောင်းလိုက်သည်။
"မင်း ဘာလုပ်တာလဲ၊ အလှလေးကို အနိုင်ကျင့်နေတာလား?"
အလှလေးလို့ ခေါ်ခံလိုက်ရသော ဖုယွင်ယွင်သည် ပီတီဖြစ်ကာ ရယ်မောလိုက်ပြီး စကားစပြောလိုက်သည်။
"ကျဲ၊ ကျဲလည်း အရမ်းလှတယ်"
ချင်ရှစ်ယောင် အပြုံးဖြင့်လှည့်လာပြီး "ညီမလေး
နာမည်ဘယ်လိုခေါ်လဲ?"
ဖုယွင်ယွင်က သူ့နာမည်ကို အလျင်စလိုပြောလိုက်သည်။
"ဖုယွင်ယွင်"
ချင်ရှစ်ယောင်၏အကြည့်သည် ရုတ်တရက်လေးနက်လာပြီး
"ဖုယွင်ယွင်၊ ရေးတေးတေး ပြန်လည်သတိရတယ်ဆိုတဲ့ နာမည်တစ်ခုပဲ"
ခက်ထန်သောမျက်နှာဖြင့် နောက်တွင်ရပ်နေသော ချင်ယန်သည်
ချင်ရှစ်ယောင်ကိုစိုက်ကြည့်နေသည်။
မောင်နှမနှစ်ယောက် မျက်လုံးချင်းဆုံမိသည့်အခိုက်တွင်
မီးဘတောက်များ ထွက်ပေါ်လာပြီး တစ်စုံတစ်ခုအား အပြန်အလှန်စကားဖလှယ်နေကြပုံရသည်။
အဆုံး၌ ချင်ရှစ်ယောင် အရင်အကြည့်လွှဲလိုက်ပြီး
ရှန်းထင်းကျိုးကိုတစ်ချက်ကြည့်ကာ ဖုယွင်ယွင်အားမေးလိုက်သည်။
"ဒါက မင်းရဲ့အုပ်ထိန်းသူလား ?"
ရှန်းထင်းကျိုးက လက်ဦးမှုရယူကာအရင်ဖြေလိုက်သည်။
"ကျွန်တော်က သူ့ပြောင်ကောပါ"
ချင်ရှစ်ယောင်က သူ့လက်ကိုဆန့်ထုတ်လိုက်ကာ
"ကျွန်မ ချင်ယန်ရဲ့ကျဲပါ"
သူတို့ ခဏလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ထိုအချိန်မှာပဲ အတန်းပိုင်ဆရာမဝင်လာပြီး စာသင်ခန်းလည်း
တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ရှန်းထင်းကျိုး မိဘ-ဆရာတွေ့ဆုံပွဲများနှင့် မစိမ်းသက်သော်
လည်း ယခုတကြိမ်ကတော့ မိဘအနေဖြင့် ပထမဆုံးအကြိမ်လာရောက်ခြင်းပင်။
သူကျောင်းသားဘဝတုန်းက အမြဲလိုလို ပထမအဆင့်ရရှိခဲ့ပြီး
သူ့မိဘများမှာ ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ်သတ်မှတ်ခံရသည်။ အခုချိန်မှာတော့ တခြားသူ၏အုပ်ထိန်းသူအနေဖြင့်
သူ့အဆင့်အတန်းက သိသိသာသာကျဆင်းသွားလေပြီ။
တွေ့ဆုံပွဲအပြီးတွင် ဆရာမက ရှန်းထင်းကျိုးအားသီးသန့်စကားပြောရန်
ဘေးဘက်သို့ခေါ်လိုက်သည်။
ဖုယွင်ယွင်၏အဆင့်များသည် သင့်တင့်လျောက်ပတ်ပြီး
ဆရာ မသည် သူ့အားမျှော်လင့်ချက်များစွာ ထားခဲ့သည်။
သို့ရာတွင် သူမ၏လေ့လာမှုအပေါ် အာရုံစူးစိုက်မှုမှာ
သိသိသာသာကျဆင်းသွားသည်ကို မြင်လိုက်ရသောအခါ ဆရာမ ရှန်းထင်းကျိုးအား ဘေးဘက်သို့ဆွဲခေါ်ကာ
ကလေးကိုနောက် ပိုင်းအနီးကပ် ပိုမိုကြီးကြပ်ပေးနိုင်ရန်မျှော်လင့်နေသည်။
အတန်းခေါင်းဆောင်တစ်ယောက်လည်းဖြစ်၊ တစ်ခါတစ်ရံ
ကျောင်းသားကော်မတီ၏တစ်စိတ်တစ်ပိုင်း လည်းဖြစ်ခဲ့သော ရှန်းထင်းကျိုးသည် ဆရာ၏သဘောထားကို
ကောင်းကောင်းနားလည်သဘောပေါက်ခဲ့သည်။
မိနစ်အနည်းငယ်ကြာ စကားစမြည်ပြောပြီးနောက် အတန်းပိုင်
ဆရာမသည် ရှန်းထင်းကျိုးအား မကြာခဏဆိုသလိုပြုံးပြနေတတ်ပြီး ပုံမှန်ထက်ပိုချီးကျူးနေလေသည်။
"မင်းလို အုပ်ထိန်းသူရှိနေတော့လည်း ငါတို့အလုပ်ကိုပိုပြီး
လွယ်ကူသွားစေတာပေါ့"
ရှန်းထင်းကျိုး ရုံးခန်းမှထွက်လာသောအခါ ဖုယွင်ယွင်သည်
စာသင်ခန်းထဲတွင်မရှိတော့ပေ။
ထိုအစား ချင်ရှစ်ယောင်က "ရှင့်ညီမကို ရှာနေတာလား?
ရှင် သူ့ကို ရှာနေရင် ကျွန်မနောက်လိုက်ခဲ့"
ရှန်းထင်းကျိုး စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပေမယ့်
ချင်ရှစ်ယောင် နောက်သို့ အလိုအလျောက်လိုက်သွားလိုက်သည်။
ချင်ရှစ်ယောင် ရှန်းထင်းကျိုးအား ကျောင်းအဆောက်
အအုံမှထွက်ကာ ပန်းခင်းကိုဖြတ်၍ခေါ်ဆောင်သွားခဲ့ပြီး နောက်ဆုံးတွင် ပညာရေးဆိုင်ရာရုံး
အဆောက်အအုံရှေ့ရှိ တောအုပ်ငယ်တစ်ခုတွင် ရပ်တန့်လိုက်သည်။
ဖုယွင်ယွင်နှင့်ချင်ယန် ထိုနေရာတွင် ရှိနေခဲ့ပြီး
၎င်းတို့နှစ်ဦးကြားရှိ လေထုမှာတင်းမာလို့နေသည်။
ရှန်းထင်းကျိုး ရှေ့သို့သွားရန် ခြေလှမ်းပြင်လိုက်သော်
လည်း ချင်ရှစ်ယောင်က သူ့အားအမြန်နောက်ပြန်ဆုတ်ခိုင်းကာ စိတ်လှုပ်ရှားစွာပြောလိုက်လေသည်။
"မလှုပ်နဲ့၊ နားထောင်"
ရှန်းထင်းကျိုး စိတ်ရှုပ်ထွေးမှုများနှင့်ပြည့်နှက်သွားသော်
လည်း ၎င်းတို့ရှေ့တွင် ဖုယွင်ယွင် နှင့် ချင်ယန်တို့သည် စတင် ငြင်းခုံနေပြီဖြစ်သည်။
ချင်ယန်ရဲ့အသံက ရုတ်တရက်မြှင့်သွားပြီး
"ငါက ? နင့်ကို ရည်းစားစာ ပေးတယ် ? အဲ့စာကို
မင်းအိတ်ထဲ ထိုးထည့်သွားတာ ငါ့ကျဲပဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါ သူနဲ့ စာရင်းရှင်းရဦးမယ်…"
ချင်ရှစ်ယောင် ရုတ်တရက်ကြီး ရှန်းထင်းကျိုးနားကပ်ကာပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ သူက ရှင့်ညီမကိုကြိုက်နေတာ
ကြိမ်းသေတယ်"
ရှန်းထင်းကျိုး :!!!
ဒီကောင်လေး ယွင်ယွင်ကိုတကယ်ကြိုက်နေတာဆိုရင် သူလုံးဝစိတ်အေးရလိမ့်မည်မဟုတ်ပေ။
ချင်ယန် ဖုယွင်ယွင်အား ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်လိုက်ပြီး
သရော်လိုက်သည်။
"နင့်ကိုယ်နင်လည်း မှန်ထဲမှာသေချာကြည့်လိုက်ဦး၊
လက်တိုတို ခြေထောက်တိုတိုနဲ့ မုန်လာဥလိုပဲ"
ချင်ရှစ်ယောင်က နောက်တစ်ကြိမ်ခေါင်းငုံ့လာကာ
"သူ ရှင့်ညီမကို လူကောင်သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတယ်၊ လတ် ဆတ်ပြီး နူးညံ့တဲ့မုန်လာဥတစ်လုံးလိုပဲလို့
သူပြောနေတာ"
ရှန်းထင်းကျိုး :......
အဲ့စကားကနေ ငါ့ညီမကိုချစ်စရာဖို့ကောင်းတယ်လို့
သူ ဘယ် လိုများ အဓိပ္ပာယ်ကောက်လိုက်တာပါလိမ့်…??
ချင်ယန် : "ပြီးတော့ မနက်ပိုင်းစာဖတ်ချိန်မှာ
မင်း လည်ပင်းကြီးကို ဆန့်ဆန့်ပြီး အတင်းပြောနေတာတွေလျော့လိုက်…"
ချင်ရှစ်ယောင် : "အိုး ဒီကောင်လေးကတော့ အရမ်းတွေမနာလိုဖြစ်နေတာပဲ…
အရှေ့ခုံက ကောင်ချောလေးတွေနဲ့ စကားပြောနေတာ ရပ်လိုက်လို့ပြောနေတာ…"
ရှန်းထင်းကျိုး :.......
ရှန်းထင်းကျိုး ဒီမောင်နှမနှစ်ယောက်ကြား အထူးဆက်သွယ်ရေးကျွမ်းကျင်မှု
အချို့ရှိနေလေသလားဟုပင် သံသယဝင်သွားသည်။ မဟုတ်ပါက ၎င်းတို့ ဤမျှဆန့်ကျင်ဘက်ဖြစ်သော
မှတ်ချက်များကိုထုတ်မပေးနိုင်လောက်ချေ။
ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသော ဖုယွင်ယွင်သည်
ချင်ယန်၏ပုတ်ခတ်ပြောဆိုမှုကြောင့် ဒေါသထွက်သွားလေသည်။
သူ့လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ ချင်ယန်ကိုစိုက်ကြည့်ရင်း
"ချင်မျိုးရိုး၊ နင် အရိုက်ခံချင်နေတာလား?"
ရှန်းထင်းကျိုး ခဏလောက်တွေးတောပြီးနောက် ချင်ရှစ်ယောင်အတွက်
ယဉ်ယဉ်ကျေးကျေးဘာသာပြန်ပေးလိုက်လေသည်။
"ငါ့ ညီမ စိတ်ဆိုးနေပြီ…"
ဖုယွင်ယွင်က "ရည်းစားစာပေးတဲ့သူက ဘယ်သူဖြစ်ဖြစ်
ငါ ဂရုမစိုက်ဘူး။ နင် မဟုတ်သရွေ့ ညစာအတွက် ငါ့ရဲ့စားချင် သောက်ချင်စိတ်လည်း ပျောက်မှာမဟုတ်ဘူး"
ရှန်းထင်းကျိုး ဆက်ပြီးဘာသာပြန်ပေးလိုက်သည်။
"ငါ့ညီမ အရမ်းဒေါသထွက်နေပြီ…"
ချင်ယန် ဖုယွင်ယွင် အမှန်တကယ်ဒေါသထွက်စေရန်မမျှော်
လင့်ထားသဖြင့် ခဏတာအံ့ဩလို့သွားသည်။
ဖုယွင်ယွင်၏ဒေါသသည် အစပျိုးဖို့ အရှိန်ယူနေပြီး
သူ့စကား လုံးများသည် ပိုပိုပြင်းထန်လာသည်။
"နင့်ကိုယ်နင် ဘာထင်နေလဲ ? ငါ့ဘာသာ ဘယ်သူနဲ့စကားပြောပြော
နင် ဘာမှလာပြီး ထိန်းချုပ်စရာမလိုဘူး ? ဒီစကားကို မှတ်ထားလိုက်၊ အခုချိန်ကစပြီး နင့်ကို
အသုံးမဝင်တဲ့စကားတစ်ခွန်းပြောမိရင် ငါ့ကိုယ် ငါ…”
ရှန်းထင်းကျိုး ချင်ရှစ်ယောင်အတွက် ဘာသာပြန်ရန်
ဖုယွင်ယွင်စကားဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေသော်လည်း ထိုအမျိုး သမီးသည် ရုတ်တရက်ကြီး
သူ့ဘေးမှတစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။
ရှစ်စင်တီမီတာမြင့်သော ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ထားသည့်
ချင်ရှစ်ယောင်သည် သစ်ပင်များရှိရာ ဖုန်ထူသည့်လမ်းပေါ်သို့ သက်သောင့်သက်သာဖြင့် ပြေးထွက်သွားလေသည်။
သူ လျင်မြန်စွာပြေးသွားပြီး ခြေထောက်ကိုမြှောက်ကာလေထဲမှ
ချင်ယန်ဘက်သို့ကန်ချက်တစ်ခုကန်သွင်းလိုက်သည်။
1.86 မီတာရှိ မြင့်မားသော အရပ်အမောင်း၊ ကျယ်ဝန်းသောပခုံးများနှင့်
ကျစ်လစ်နေသည့်ကြွက်သားများဖြင့် ချင်ယန်သည် အားကစားသမားတစ်ယောက်၏ ခန္ဓာကိုယ်အချိုးအ
စားနီးနီးရှိသည်။
သို့ရာတွင် ချင်ရှီယောင်၏ကန်ချက်ကြောင့် သူ့အားနောက်သို့
ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်သွားစေပြီး သူ့ကိုယ်သူ ဟန် ချက်ထိန်းရန် အနီးနားရှိသစ်ပင်တစ်ပင်ပေါ်သို့
ကိုင်ထားလိုက်ရသည်။
ချင်ယန် ချင်ရှစ်ယောင်၏ရိုက်နှက်ခြင်းကို ခံခဲ့ရဖူးမှန်းထင်
ရှားနေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိနပ်ရာမှဖုန်များကို ခေါင်းငုံကာ ခါမထုတ်မီ သူ့မျက်နှာသည် ခဏမျှနစ်မြှုပ်သွားလေသည်။
ချင်ရှစ်ယောင် ချင်ယန်အား အသုံးမဝင်တဲ့အရာတစ်ခုကဲ့သို့
ကြည့်လိုက်ရင်း "နင် စကားကို ကောင်းကောင်းပြောလို့မရဘူးလား? နင် လူတိုင်းကို နင့်ရဲ့ထေ့ငေါ့တဲ့
စကားတိုင်းကို ဘာသာပြန်နိုင်တဲ့ ငါ့လို အဋ္ဌမအဆင့်စကားပြန်တစ်ယောက်လို့ ထင်နေတာလား…?!"
ချင်ယန် စိတ်ပျက်ခြင်းကို လျစ်လျူရှုထားသောအမူအရာဖြင့်
နှုတ်ဆိတ်နေခဲ့သည်။
ချင်ယန်ကို လျစ်လျူရှုရင်း ချင်ရှစ်ယောင်က ဖုယွင်ယွင်ဘက်သို့လှည့်ကာ
နွေးထွေးသော အပြုံးဖြင့်ပြုံးပြလိုက်သည်။
ချင်ရှစ်ယောင်က ညင်သာစွာလမ်းပြလိုက်သည်။
"ကျိန်ဆဲရတာ ကိုယ့်အသက်ရှုသံကိုတောင် ဖြုန်းတီးသလိုဖြစ်သေးတယ်…
နောက်တစ်ခါ သူ အဲ့လိုအဓိပ္ပာယ်မရှိတဲ့စကားတွေပြောရင် မင်း သူ့ကို ဒီလိုမျိုးပဲကန်လိုက်။
စိတ်မပူနဲ့၊ သူ မင်းကို ပြန်မရိုက်ရဲဘူး"
ဖုယွင်ယွင် လင်းလက်တောက်ပသော မျက်လုံးများဖြင့်
ချင်ရှစ်ယောင်အား သူ့ Idol တစ်ယောက်လို ကြည့်နေလိုက်သည်။
ရှန်းထင်းကျိုး ဖုယွင်ယွင်အားလမ်းလွဲသွားမည်ကို
စိုးရိမ်ပြီး လျင်မြန်စွာကြားဝင်ပြောလိုက်လေသည်။
"နောက်ကျနေပြီ ယွင်ယွင်၊ ကော အိမ်ပြန်လိုက်ပို့ပေးမယ်"
ဖုယွင်ယွင် ရှန်းထင်းကျိုး၏လက်ကိုတွန်းဖယ်လိုက်ပြီး
ချင်ရှစ်ယောင်အား တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ
"ကျဲ အခု ညီမကို အဲ့ကန်ချက်သင်ပေးလို့ရမလား
? အရမ်းမိုက်တာပဲ"
ချင်ရှစ်ယောင် ညင်သာစွာဖြေလိုက်သည်။
"သေချာတာပေါ့"
ရှန်းထင်းကျိုး ကြားဖြတ်ပြောလိုက်သည်။
"ညီမလေး သင်ဖို့က မသင့်တော်ဘူး…သူ့မှာက ခြေတံအရှည်ကြီးတွေ
ရှိတယ်....."
ဖုယွင်ယွင် ချက်ချင်းပင် လူသတ်လိုသည့်အကြည့်တစ်ခုပစ်လွှတ်လိုက်ရာ
ရှန်းထင်းကျိုးသဘောပေါက်စွာဖြင့် တိတ်ဆိတ် သွားလေသည်။
ဖုယွင်ယွင်နှင့် ချင်ရှစ်ယောင်တို့သည် ညီအစ်မတွေလိုမျိုးရင်းလနှီးစွာစကားပြောကာ
ရယ်မောရင်း ရှေ့သို့လျှောက်သွားကြသည်။
ရှန်းထင်းကျိုးနှင့် ချင်ယန်တို့ အသံတိတ်ရဲဘော်ရဲဘက်များအဖြစ်
နောက်ကနေလိုက်သွားကြသည်။
ရှန်းထင်းကျိုး ချင်ယန်ကလေးဘဝ၏အရှက်ရစရာဇာတ်လမ်း
များတွင် အမဖြစ်သူမှတစ်စိတ်တစ်ပိုင်းပါဝင်နေခြင်းဖြစ်ရာ သူ့ထက်ပင် အခြေနေပိုဆိုးနေကြောင်းခံစားလိုက်ရသည်။
သူနေရာမှာ ငါ သာဆိုရင် ဒီနိုင်ငံကထွက်သွားပြီး
အခြားနိုင်ငံမှာအခြေချဖို့ စဉ်းစားပြီးလောက်ပြီ။
သို့သော် ချင်ယန်သည် ထိုကဲ့သို့အခြေအနေမျိုးကိုကျင့်သားရနေသကဲ့သို့ နှုတ်ဆိတ်နေရုံမှလွဲ၍မည်သည့်အမူအရာမှမပြ သလာပေ။
ရှန်းထင်းကျိုး ထိုကောင်လေးအပေါ် ရုတ်တရတ်စာနာသနားမိသလိုခံစားလိုက်ရသည်။
သို့သော် ချင်ယန် ဖုယွင်ယွင်အား မုန်လာဥဟုခေါ်လိုက်သည်ကိုသတိရမိသွားသောအခါ
ထိုစာနာမှုသည် အရိပ်အမြွက်မျှပျောက်ကွယ်သွားသည်။
ကောင်လေး…တိတ်ဆိတ်ခြင်းကိုလက်ခံလိုက်တာမှ မင်းအ
တွက်ကယ်တင်ရာရောက်ဦးမယ်
ချင်ရှစ်ယောင် သူမိသားစုနှင့်အတူ ကျေးလက်အပန်းဖြေခရီးတွင်
နွားချေးပုံထဲသို့ကျခဲ့သည့် ခုနစ်နှစ်သား ချင်ယန်အ ကြောင်းကို ပြန်ပြောင်းပြောပြနေချိန်ဖြစ်သည်။
ရုတ်တရက် သူ ခေတ္တရပ်ကာ ရှေ့ကိုစိုက်ကြည့်ရင်း မျက်ခုံးကိုပင့်လိုက်သည်။
ဖုယွင်ယွင်လည်း စိတ်ရှုပ်ထွေးစွာဖြင့် လိုက်ကြည့်လိုက်ရာ
အဝေးကနေ ကျောင်းဝင်းထဲသို ကောင်လေးတစ်ယောက်နှင့်
ကောင်မလေးတစ်ယောက် လှည့်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ချင်ရှစ်ယောင် ဘာတစ်ခုမှမပြောဘဲ သူတို့နောက်ကိုလိုက်သွားသည်။
ချင်ယန် ကောင်လေးနှင့် ကောင်မလေးပျောက်ကွယ်သွားသော
နေရာကိုစိုက်ကြည့်ရင်း တိုးညှင်းစွာရေရွတ်လိုက်သည်။
"အဲ့ကောင်လေးက ငါ့ကျဲရဲ့ ချစ်သူပဲ
…"
ထိုစကားကိုကြားတော့ နောက်ကနေနီးကပ်စွာ လိုက်သွားသည့်
ချင်ရှစ်ယောင်နောက်သို့ ဖုယွင်ယွင်လည်း ချင်ယန်နှင့်အတူ အလျင်အမြန်လိုက်သွားလေသည်။
ရှန်းထင်းကျိုး စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်စွာမတ်တပ်ရပ်
သက်ပြင်းချလိုက်ပြီးနောက် ဝန်လေးစွာဖြင့် အရှေ့ကလူအုပ်နောက်သို့လိုက်သွားလိုက်ရသည်။