Ch 7
Viewers 226

🩺 Chapter 7

 

 

 

ပြန်ရောက်ပြီးနောက် ရှန်းထင်းကျိုးသည် ကိုယ်တိုင်ခေါက်ဆွဲတစ်ပန်းကန်လုပ်လိုက်သည်။

 

အမှန်တကယ်ပင် ယနေ့ခံစားချက်များမှာ ရိုလာကိုစတာလိုဖြစ်နေခဲ့ပြီး ၂၄နာရီအဆုံးမှာတော့ သူ အိုမင်းရင့်ရော်သွားသကဲ့သို့ခံစားလိုက်ရသည်။

 

ညစာစားပြီးနောက် ရှန်းထင်းကျိုးသည် ပုံမှန်အတိုင်း သူ၏ We Chat Moment တွင် သူ့ဖုန်းကို ခဏလောက် အထက် အောက်ရွှေ့နေလိုက်သည်။

 

သေချာတာကတော့ ဖုယွင်ယွင် သူ့အား ဘလော့ခ်လိုက်ပြီဖြစ်ပြီး "အကျင့်ပျက်သော ၃" စီးရီးနှင့် ပတ်သက်ပြီး သူမ ပို့စ်တွေကိုထပ်မတွေ့ရတော့ပေ။ ထူးဆန်းတာက သူ အနည်းငယ် စိတ်ပျက်သွားသလိုခံစားလိုက်ရတာပင်။

 

အကျင့်ပျက်သော စီးရီးပို့စ်များ မရှိသော်လည်း ကြောင်ပုံများ အများအပြား ရှိနေသည်။

 

ရှန်းထင်းကျိုးသည် သူ၏မက်မောတောင့်တမှုအတွက် အင်တာနက်ပေါ်လှပသောကြောင်မျိုးစုံကို အချိန်အတော်ကြာရှာ ဖွေကြည့်ရှုခဲ့ပြီး နောက်ဆုံးကျေနပ်သွားပြီး အားရကျေနပ်စွာဖြင့် ဖုန်းကိုချလိုက်ကာအိပ်ပျော်သွားသည်။

 

သူ့အိပ်မက်ထဲကို မရေမတွက်နိုင်သည့် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ ကြောင်လေးတွေရောက်လာပါစေ။ အာမင်…

 

နံနက်လေးနာရီ၌ ရှန်းထင်းကျိုးဖုန်းတွင် မက်ဆေ့ချ် မြည်သံများတရစပ်ရောက်ရှိလာသည်။

 

ရှန်းထင်းကျိုးသည် သူ၏အထူးအသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကြောင့် သူ့ဖုန်းကို တစ်ခါမှ Slient မလုပ်ထားခဲ့ပေ။ အဆက်မပြတ်ဝင်လာသော မက်ဆေ့ချ်သံများကို ကြားတော့ သူ ချက်ချင်းလန့်နိုးသွားသည်။

 

သူ့အလုပ်ရှင်ထဲက တစ်ယောက်ယောက် ဒုက္ခရောက်နေတာများလား ??

 

ရှန်းထင်းကျိုးသည်  အိပ်ခန်းထဲတွင် ခေါင်းတလားသိမ်း ဆည်းထားရလောက်အောင် တစ်မူထူးခြားသည့် လေးယောက်မြောက်အလုပ်ရှင်ဖြစ်နိုင်ကြောင်း သံသယရှိသွားသည်။

 

သူဖုန်းကိုကိုင်လိုက်ပြီး ဖန်သားပြင်ကို အိပ်ချင်မူးတူးဖြင့် ကြည့်လိုက်သည်။

 

ကျိုးဇီထန်ပဲ…

 

ရှန်းထင်းကျိုး: မြောင် ?

 

မင်း တစ်ခုခုလုပ်စရာရှိလို့လား ? ခုမှ မနက်လေးနာရီပဲရှိသေးတယ်ဟ!

 

ကျိုးဇီထန်သည် သူ့မက်ဆေ့ချ်များကို ရှန်းထင်းကျိုးထံမှ အချိန်မီ စာမပြန်လာသဖြင့် တိုက်ရိုက်ဖုန်းဆက်လိုက်သည်။

 

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသောအခါ ကော်ဖီအလွန်အကျွံသောက်ထားသကဲ့သို့ ကျိုးဇီထန်၏တက်ကြွနေသော အသံပေါ်ထွက်လာပြီး သူ့စကားလုံးများက အလွန်အမင်းကို စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပုံရသည်။

 

"ဒေါက်တာရှန်း၊ မင်းကို ငါပို့လိုက်တဲ့ အချက်အလက်တွေ မင်းမြင်လား ? မြန်မြန်လေး ကြည့်လိုက်ဦး…!"

 

".....ငါ အဲ့ဒါကို ကြည့်နေတယ်"

 

ရှန်းထင်းကျိုးသည် ဖုန်းစပီကာကိုဖွင့်ထားရင် ကျိုးဇီထန်၏မက်ဆေ့ချ်များကို ဖွင့်ကြည့်လိုက်သည်။

 

အိပ်ရေးမဝဖြစ်နေသေးသည် ရှန်းထင်းကျိုးသည် ကျိုးဇီထန် ပို့လာခဲ့သော ကိုယ်ရေးကိုယ်တာဓာတ်ပုံများနှင့် အချက်အ လက်များကို အလျင်အမြန် အပေါ်ယံဖတ်ကြည့်လိုက်သည်။

 

ရှန်းထင်းကျိုး နားမလည်ပေ။ "ဒါ ဘာတွေလဲ ?"

 

ကျိုးဇီထန်က ပြန်ဖြေလိုက်သည်။

 

"သူတို့က ငါ့ရဲ့ အနာဂတ်ဇနီးလောင်းအဖြစ် အိမ်ထောင်ပြုဖို့ အလားအလာရှိပြီး သင့်တော်တဲ့လူတွေကို ရှာထားတာ…? ဘယ်တစ်ယောက်နဲ့ သင့်တော်လောက်မလဲဆိုတဲ့ မင်းရဲ့ထင် မြင်ချက်ကို ငါ လိုချင်တယ်"

 

ကျိုးဇီထန် ပေးပို့ခဲ့သော နောက်ဆုံးဓာတ်ပုံကို ရှန်းထင်းကျိုး ကြည့်ရင်း အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

 

"ဒါနဲ့ ဒီမှာ ယောကျာ်းတစ်ယောက်ရဲ့ဓါတ်ပုံက ဘာလို့ရှိနေရတာလဲ ?"

 

ကျိုးဇီထန်ပေးပို့သော နောက်ဆုံးလူမှာ ချင်ယန်ဖြစ်သည်။

 

ဒါ ဖုယွင်ယွင်ကို လက်တိုတိုခြေထောက်တိုတိုလို့လှောင်ခဲ့ပြီး လျှာထက်၊ အာထက်ရှိတဲ့ ချင်ယန်ဆိုတဲ့ တစ်ယောက် မဟုတ်လား…?

 

ထိုတစ်ယောက်ကို ရှန်းထင်းကျိုးသတိပြုမိသည့်အတွက် ကျိုးဇီထန် ကျေနပ်သွားပုံရသည်။

 

"ကျနော် သူ့နဲ့ပတ်သက်ပြီး ပြောပြမလို့ပဲရှိသေးတယ် တကယ် တော့ သူက ကျနော် လက်ထပ်ချင်ဆုံး တစ်ယောက်ပဲ"

 

ရှန်းထင်းကျိုး :......

 

ရှန်းထင်းကျိုးသည် တစ်စက္ကန့် နှစ်စက္ကန့်စာ သူ အိမ်မက်မက်နေသလားဟုတွေးမိသွားသည်။ ဒီလိုမှမဟုတ်ရင် သူ ဘယ်လိုလို့ ဒီလိုမျိုးအဓိပ္ပါယ်မရှိတာကို ကြားနိုင်မှာလဲ ?

 

ကျိုးဇီထန်တွင် ပြင်းထန်သော ဆက်နွယ်ပတ်သက်မှုအစွဲအ လမ်းရှိပြီး သူ၏အိမ်ထောင်ရေး အစီအစဉ်အကြောင်းကို ပထမဆုံးသိခွင့်ပေးသည်ဆိုကတည်းက  ရှန်းထင်းကျိုးအား သူ၏အတွင်းစည်းထဲမှတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းဖြစ်နေသောကြောင့်ပင်။

 

သူ့အတွင်းစည်းရဲ့ တစ်စိတ်တစ်ပိုင်းလို့ ယူဆခဲ့တဲ့ ရှန်းထင်းကျိုးအားရင်ဖွင့်ရင်း ကျိုးဇီထန်သည် သူ၏ရှုပ်ထွေးပွေလီလှသည့်အတွေးတွေကို မရပ်တန့်ခဲ့ပေ။

 

"သူ့ကျဲက ကျနော့်ကောနဲ့လက်ထပ်တော့မှာဆိုတော့ ကျနော် သူ့ကိုလက်ထပ်ရင် တစ်မိသားစုတည်းဖြစ်သွားလိမ့်မယ်"

 

ကျိုးဇီထန်၏အသံသည် မျှော်လင့်ခြင်းအရိပ်အယောင်ကိုမရည်ရွယ်ဘဲ သယ်ဆောင်လာခဲ့သည်။

 

"ခင်ဗျားရော ဘယ်လိုထင်လဲ၊ ဒေါက်တာရှန်း ?"

 

ရှန်းထင်းကျိုး : မင်းမှာ ကုသမှုခံယူဖို့ လိုအပ်နေတဲ့ အဓိကပြဿနာတစ်ခုရှိနေတယ်လို့ ငါထင်တယ်။

 

ချင်ယန်၏ကျန်းမာကြံ့ခိုင်ဖျတ်လတ်တဲ့ ကိုယ်လုံးကိုယ်ပေါက်နှင့်ပတ်သတ်ပြီး တံတွေးသီးလုမတက် ရှင်းရှင်းလင်းလင်း ပြောဆိုနေသော ကျိုးဇီထန်ပါးစပ်ကိုတွေးကြည့်လိုက်ရင်း တဖက်က ရှန်းထင်းကျိုး နက်နဲစွာစဉ်းစားသုံးသပ်သောအသံများလုပ်ပြလိုက်သည်။

 

"ဟမ်….! အာ….!"

 

လက်တွေ့ဘဝရဲ့သံလက်သီးက ကျိုးဇီထန်ကို မထိုးနှက်ဘူးဆိုရင် သူ ဒီအတိုင်း အရူးထနေခြင်းသာဖြစ်လိမ့်မည်။

 

ရှန်းထင်းကျိုးသည် ဒီကောင်လေးကို ကုသဖို့ကြိုးစားလို့ရနိုင်ဟည်ဟု ကိုယ့်ကိုကိုယ်တွေးလိုက်သည်။

 

ရှန်းထင်းကျိုးသည် သူ့အကြံအောက်တွင် ကျိုးဇီထန်ကို အား ပေးအားမြှောက်ပြုရင်း ပြောလိုက်လေသည်။

 

"မင်းရဲ့အကြံအရမ်းကောင်းတယ်၊ ရှေ့ဆက်ပြီးကြိုးစားကြည့် လိုက်ပေါ့"

 

ကျိုးဇီထန်သည် ဂုဏ်ယူစွာ အံ့အားသင့်သွားသော အသံဖြင့်

 

"တကယ်လား?"

 

ရှန်းထင်းကျိုးသည် သူနှင့်ပတ်သက်၍ မသေချာသော်လည်း ကျိုးဇီထန်က ဂရုမစိုက်ပဲ ဆက်ပြောနေမည်ကို သိနေသော ကြောင့် သူ့ကိုထောက်ခံရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

 

ကျိုးဇီထန်သည် ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူ့ဦးနှောက်နှင့်ပတ်သက်၍တစ်ခုခုမှားယွင်းနေကြောင်း လူဘယ်နှစ်ယောက် သူ့ကိုပြောခဲ့သလဲဆိုတာ မရေတွက်နိုင်တော့ပေ။ ဟဲရန်ထင်းတောင်မှ ထိုအကြောင်းကို စိတ်မရှည့်သည့်အခါတိုင်း တစ်ခါ နှစ်ခါပြောထွက်ခဲ့ဖူးသည်။

 

ရိုးရိုးသားသားပြောရရင် ထိုသို့ပြောလာခြင်းက သူ့အတွက်အတော်လေးနာကျင်စေသည်။

 

သူ့ဦးနှောက်က တခြားသူတွေနဲ့မတူဘူးဟု သူတစ်ခါမှ မခံစားဖူးပေ။ ယခုကဲ့သို့ပင် ဟဲရန်ထင်းနှင့် ပိုပြီး နီးနီးကပ်ကပ်နေချင်မှန်း ဟဲရန်ထင်းသိသွားပါက သူ့အား စိတ်ရောဂါကုဆရာဝန်နှင့်ပြသစေမည်မှာ သေချာသလောက်ပင်။

 

ဒါပေမယ့် သူလိုချင်တာကလည်း သူ့ကောနဲ့ ပိုရင်းနှီးဖို့ပဲလေ…

 

တစ်နေ့တည်းမှာပဲ လက်ထပ်ဖို့၊ တစ်နေ့တည်းမှာပဲ ကလေးယူဖို့အထိပါ....

 

ကလေးနှစ်ယောက်လုံး ရုပ်ချင်းတူရင် ပိုကောင်းတာပေါ့…

 

ကျိုးဇီထန်သည် ယုံကြည်မှုအားကောင်းလာတာကြောင့် စိတ်ပိုင်းဖြတ်ခြင်းနှင့် ပြည့်နှက်နေသည်။

 

"ကောင်းပြီ ဒေါက်တာရှန်း၊ ကျနော် အခုသွားတော့မယ်"

 

ရှန်းထင်းကျိုး ပြုံးလိုက်ပြီး "သွားလိုက်ပါ"

 

ဖုန်းချပြီးနောက် ရှန်းထင်းကျိုးသည် သူ့လက်ကိုင်ဖုန်းကို ကုတင်ဘေး စားပွဲပေါ်တင်ကာ နောက်ထပ် တစ်ရေးတစ်မောအိပ်ဖို့ စောင်ထူထူအောက်ကိုဝင်လိုက်သည်။

 

နေ့ခင်းဘက်တွင် ရှန်းထင်းကျိုးသည် ဖုယွင်ယွင်၏အိမ်သို့ ကားမောင်းသွားခဲ့သည်။

 

ပိတ်ရက်တွေမှာ သူ့အတွက် ဘာမှလုပ်စရာမရှိရင် သူ့ပြောင်မေ့ အိမ်မှာသွားစားတတ်သည်။

 

ရှန်းထင်းကျိုး၏မိဘများသည် တောင်ဝင်ရိုးစွန်းဒေသ သိပ္ပံစခန်းတွင် အလုပ်လုပ်သောကြောင့် တစ်နှစ်ပတ်လုံး ဗီဒီယိုကောလ်ခေါ်ဆိုမှုများဖြင့်သာ တွေ့ဆုံနိုင်ခဲ့ကြသည်။ ထို့ကြောင့် သူ့အား စောင့်ရှောက်ရမည့်တာဝန်မှာ ဒေါ်လေးရှန်းကျစ်ယွင်ပေါ်တွင် ကျရောက်သွားသည်။

 

ရှန်းထင်းကျိုး၏မျက်လုံးထဲမှာတော့ ရှန်းကျစ်ယွင်သည် သူ၏ တကယ့်မိဘများထက်ပင် မိဘတစ်ယောက်နှင့်ပိုတူသေးသည်။

 

ထမင်းစားနေစဉ်အတွင်း ထိုသားအမိသည် အသေးအဖွဲကိစ္စများနှင့်ပတ်သက်၍ အနည်းငယ်စကားများရန်ဖြစ်ကြကာ ဖုယွင်ယွင်က ဒေါကန်သွားပြီး ထမင်းစားနေရင်း တစ်ဝက်တပြတ်ဖြင့် သူ့အိပ်ခန်းထဲဝင်သွားသည်။

 

ရှန်းကျစ်ယွင်သည် ရှန်းထင်းကျိုး ကျောင်းတက်ခဲ့စဥ်ကပင် စိတ်မပူခဲ့ရဘဲ အခုတော့ ဒီကလေးမလေးအတွက် သူ ခေါင်းကိုက်နေရပြီဖြစ်သည်။

 

သူ့ နဖူးကို ပွတ်သပ်ရင်းပြောလိုက်သည်။

 

“မင်းတုန်းကလိုသာ တစ်ဝက်လောက် သူ သိမယ်ဆိုရင်…”

 

ရှန်းထင်းကျိုး ရယ်မောရင်း "အန်တီ၊ ကျွန်တော့်တုန်းကအချိန် တွေကိုလည်း ပြန်တွေးကြည့်ပါဦး.. ကျွန်တော်အထက်တန်း ကျောင်းတက်တုန်းက တီးဝိုင်းဖွဲ့ခဲ့တာ မှတ်မိသေးလား? အကြီးတန်းနှစ် ရောက်တဲ့အထိ အဲ့တီးဝိုင်းကို မဖျက်သိမ်းချင်ခဲ့ဘူးလေ… အန်တီ မေ့သွားပြီလား?"

 

ရှန်းကျစ်ယွင်သည် ခဏလောက် မှင်တက်သွားပြီး နောက်မှ ပြန်ပြောလိုက်သည်။

 

"မှတ်မိတာပေါ့…ဒါပေမယ့် မင်းက စာမေးပွဲတွေမှာလည်း အဆင့်တစ်လေ"

 

ရှန်းထင်းကျိုး သူ့ခေါင်းကို လက်ညှိုးထိုးပြပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

 

"ကျွန်တော် လုပ်နိုင်တာ ဘာမှမရှိဘူးလေ၊ ကျွန်တော်တို့ ရှန်းမိသားစုရဲ့ ဗီဇကိုက ကောင်းပြီး ယွင်ယွင်ရဲ့ ဉာဏ်ကောင်းပုံနဲ့ ဉာဏ်ရည်ဉာဏ်သွေးက ကျွန်တော်တို့မိသားစုကနေ အမွေဆက်ခံထားတာပဲ၊ သူရဲ့ကျီစယ်တတ်မှုကတော့... အင်း… ဒါက ဦးလေးဆီက ဖြစ်နိုင်တယ်"

 

ရှန်းကျစ်ယွင်က ပြုံးရယ်ပြီး သဘောတူလိုက်ကာ "ဟုတ်လောက်မယ်…မင်း ဦးလေးလည်း အဲ့လိုပဲ …"

 

အမြဲစနောက်လေ့ရှိသော ဦးလေးသည် နိုင်ငံရပ်ခြားသို့အလုပ် ကိစ္စဖြင့် ခရီးထွက်နေခြင်းဖြစ်ကာ သူ့ အချစ်ဆုံးတူဖြစ်သူနှင့် ဇနီးဖြစ်သူတို့မှ ယခုလို နောက်ကျောဓါးဖြင့်ထိုးနေမည်ကို မမျှော်လင့်ထားလောက်ပေ။

 

ရှန်းထင်းကျိုးသည် ရှန်းကျစ်ယွင်ကို ဖျောင်းဖျပြီးနောက် ဖုယွင်ယွင်ကို တွေ့ရန်အခန်းထဲဝင်သွားလိုက်သည်။

 

ဖုယွင်ယွင်သည် သူ လာမှာကို သိပုံရပြီး စူပုပ်ပုပ်ဖြင့် ပြောလိုက်သည်။

 

"တံခါးသော့ မခတ်ထားဘူး"

 

ရှန်းထင်းကျိုး တံခါးကို တွန်းဖွင့်လိုက်ပြီး မေးလိုက်သည်။

 

"မင်း စိတ်ဆိုးနေသေးတာလား ?"

 

ဖုယွင်ယွင်သည် သူ့အရုပ်လေးကို ပွေ့ဖက်ကာအကြိမ်အနည်း ငယ်လောက် လှုပ်ရမ်းလိုက်ရင်း

 

"ညီမ အဲ့ကိစ္စကို အရင်ဆုံး ရှင်းအောင်ပြောပါရစေ၊ နောက်တစ်ခါ စာကိုကြိုးစားပြီး လေ့လာဖို့ စီစဉ်ထားပြီးသားပါ အမေက ဘာလို့ ညီမအမှားတွေကိုပဲ အမြဲရွေးပြောပြီး ကောကိုပဲ ချီးကျူးပြနေတာလေ စိတ်ပျက်စရာပဲ"

 

 

ဖုယွင်ယွင်သည် သူ့စကားများမှ နားလည်မှုလွဲသွားနိုင်ကြောင်း နားလည်လိုက်ကာ လျင်မြန်စွာဆက်ပြောလိုက်သည်။

 

"ကော၊ ညီမ ကောကို မနာလိုလို့ ပြောနေတာမဟုတ်ပါဘူး။ ညီမကို သူ အဲ့လို တစ်ဂျီဂျီနဲ့ ပြောနေတာကို မခံနိုင်လို့… တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်"

 

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ" ဟုဆိုကာ ရှန်းထင်းကျိုးက ထိုင်ခုံကို ဆွဲလိုက်ပြီး ဖုယွင်ယွင်၏ကုတင်ဘေးမှာ ဝင်ထိုင်လိုက်သည်။

 

"ဒါပေမယ့် ဖွံ့ဖြိုးပြီးဒေသတွေက ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေကို မြှင့်တင်ပေးဖို့လိုသေးတယ်လေ… ဒါကြောင့် မင်းက ရဲဘော်ကြီးရှန်းကျစ်ယွင်နဲ့ အတူ အချိန်ပိုဖြုန်းပေးသင့်တယ်…"

 

“ရဲဘော်က ရဲဘော်ကောင်းပဲ၊ Generation အဟောင်းတွေမှာ ခိုင်မာတဲ့ ယုံကြည်ချက်တွေရှိတယ် သူရဲ့ ခေတ်မမီတဲ့ အမြင်တွေကို လွှမ်းမိုးဖို့ မင်းရဲ့ လန်းဆန်းတက်ကြွပြီး ဆန်းသစ်တဲ့ တွေးခေါ်မှုကို အသုံးပြုလိုက်မယ်ဆိုရင် နောက်ဆုံး သူက ငါတို့အင်အားရဲ့ပန်းတိုင်တစ်ခုဖြစ်လာနိုင်တယ်"

 

ဖုယွင်ယွင်သည် တည်ငြိမ်လေးနက်သည့်မျက်နှာကို မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်ပြီး

 

"ဒီကနေ ထွက်သွား"

 

"ကောင်းပြီ ငါ သွားတော့မယ်" ရှန်းထင်းကျိုး ဟန်ဆောင်ပြီး ထွက်သွားလိုက်သည်။

 

ဖုယွင်ယွင်က သူ့ကို ပြန်ဆွဲလိုက်ပြီး "ကောင်းပြီ ညီမ မှားသွားတယ်။ နောက်မှ မားကို သွားတောင်းပန်လိုက်မယ်"

 

ရှန်းထင်းကျိုးက လှမ်းပြီး ဖုယွင်ယွင်ရဲ့ ခေါင်းကိုပုတ်လိုက် ကာ "ကောင်းပြီ၊ ညီမဖြစ်သူကို ကောက ခေါင်းပုတ်ပြီး ဆုချလိုက်မယ်"

 

ဖုယွင်ယွင်က နှာမှုတ်လိုက်သည်။

 

"သြော် ဒါနဲ့"

 

ရှန်းထင်းကျိုးသည် ဖုယွင်ယွင် စိတ်ကောင်းဝင်နေချိန် အာရုံ ပြောင်းသွားမည်ကိုလည်း စိုးရိမ်ပေမယ့် မမေးဘဲလည်း မနေနိုင်ကာ "အဲ့ဒီ ရည်းစားစာအကြောင်း..."

 

သူ့စိတ်ထဲတွင် ချင်ယန်၏ ဖုယွင်ယွင်ကိုနှစ်သက်ခြင်းက အမြဲ တမ်းလိုလို လျှို့ဝှက်မိုင်းဗုံးတစ်ခုလိုရှိနေသည်။

 

ဖုယွင်ယွင်က သာမာန်လိုပဲ ပြန်ဖြေလိုက်သည်။

 

"အဲ့ဒါက နားလည်မှုလွဲနေတာပါ။  အဲ့ဒါက လုံးဝ ရည်းစားစာမဟုတ်ဘူး။ ချင်ကျဲ သက်သက်လိုက်နောက်နေတာ… ညီမကို ချစ်စရာကောင်းတယ်ဆိုပြီး သူငယ်ချင်းဖြစ်ချင်လို့  ဒီစာကို အစ်မရေးခဲ့တာ…ချင်ယန် သူ ဒီစာကိုမြင်တော့ ဆွဲစုတ်ပြီး ရူးသွားပြီလို့ပြောခဲ့တာ ဘယ်သူကသိမှာလဲ...?"

 

ရှန်းထင်းကျိုးက လိမ္မာပါးနပ်စွာမေးလိုက်သည်။

 

"ဒါဆို ချင်ယန်ကို ညီမဘယ်လိုမြင်လဲ ?"

 

"အဲ့ကောင် အရူး! သူသာ ချင်ကျဲရဲ့တိတိသာ မဟုတ်ခဲ့ဘူးဆိုရင် ညီမ လုပ်မိလိမ့်မယ်....."

 

ဖုယွင်ယွင်သည် အရုပ်၏ဝမ်းဗိုက်ကို ပြင်းထန်စွာ ထုရိုက်လိုက်ပြီး သူ့မျက်လုံးများသည် လူသတ်ချင်စိတ်များပြည့်နှက်သွားသည်။

 

ဖုယွင်ယွင်တွင် နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦး၏ ခံစားတတ်မှုအမှန်တကယ်မရှိသည်ကို မြင်လိုက်ရသဖြင့် ရှန်းထင်း ကျိုး လုံးဝစိတ်ချသွားလေသည်။

 

ဖုယွင်ယွင်သည် ချင်ရှစ်ယောင်အကြောင်း စပြောလိုက်သည်နှင့် သူမပါးစပ်က တစ်ရစပ်ကို ဘယ်တော့မှ ရပ်တန့်သွားမည်မဟုတ်တော့ပေ။

 

"ကော၊ ချင်ကျဲ ဘယ်လောက်တောင်ပြတ်သားတယ်ဆိုတာ ကော မသိပါဘူး! သူက ရက်စက်တဲ့ကြေငြာချက်တစ်ခု လုပ်ခဲ့တယ်လေ.. သူ ဒီမြို့ထဲမှာရှိနေသရွေ့ အဲ့အမှိုက်ကောင်ကို ဘဏ္ဍာရေးလုပ်ငန်းတွေမှာ သစ်ရွက်အသစ်လိုတောင်ဘယ် တော့မှ ခြေချလို့မရနိုင်ဘူးလို့ ပြောတယ်"

 

“ဒါပေမယ့် ဒီလူယုတ်မာက အရမ်းကိုရွံ့ဖို့ကောင်းတယ်၊ သူ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ နေ့တိုင်း အလုပ်မျိုးစုံလုပ်ပြီး ထောက်ပံပေးနေတဲ့ ကျဲတစ်ယောက်ကို လှည့်စားခဲ့တယ်။ အခုတော့ သူအောင်မြင်သွားပြီဆိုတော့ ချင်ကျဲရဲ့ ခံစားချက်တွေကိုလှည့်စားဖို့ လူကောင်းတစ်ယောက်လို ဟန်ဆောင်ခဲ့တာ..."

 

"လူယုတ်မာ..." သူ့ အသက်ရှုသံအောက်မှာပင် ရေရွတ်လိုက်သည်။

 

ရှန်းထင်းကျိုးကို ကြည့်ပြီး ဖုယွင်ယွင်က အကြောင်းအရာကို အမြန်ပြောင်းလိုက်ကာ "ဘာပဲဖြစ်ဖြစ် ချင်ကျဲက ဖန့်ယုနင်ကို ပညာတော်သင်ပို့ဖို့ စီစဉ်နေတယ်တဲ့.. သူ ဘယ်လောက်ကုန်ပါစေ ဖန့်ယုနင်ဆီမှာ ရင်းနှီးမြှုပ်နှံဖို့ သူ့ အရင်းအမြစ်အားလုံးကို အသုံးပြုပြီး ငှက်ငယ်တစ်ကောင်ကိုပိတ်ဆို့နိုင်တဲ့ ဧရာမဖီးနစ်ကြီးအဖြစ် ပြောင်းလဲပေးမယ်လို့ပြောလိုက်တယ်"

 

ရှန်းထင်းကျိုးသည် ထိုကိစ္စကိုတော့ နားမလည်ခဲ့ပေ။

 

ဖုယွင်ယွင်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး "ကော အဲဒါကို နားမလည်ဘူးမလား? ဒါ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲပဲ!"

 

"စဉ်းစားကြည့်လေ...နှစ်နည်းနည်းကြာရင် အဲ့အမှိုက်ကောင်က ဘာအောင်မြင်မှုမှမရှိတော့ဘဲ ဆင်းရဲတွင်းထဲရောက်သွားမယ်…တစ်ချိန်က သူနှိမ့်ချခဲ့တဲ့ မိန်းကလေးကို လိုက်မမီနိုင်တော့ဘူး။ သူ့ကို နင်းခြေရတာက ပိုးဟပ်တစ်ကောင်ကို နင်းခြေရသလိုမျိုး ကျေနပ်အားရစရာကောင်းလိမ့်မယ်လို့ ကောမထင်ဘူးလား?"

 

ရှန်းထင်းကျိုး : လုံးဝပဲ!

 

ရှန်းထင်းကျိုး ခဏတုံ့ဆိုင်းသွားပြီး "သူ့ဗိုက်ထဲက ကလေးကရော ဘယ်လိုလုပ်မလဲ?"

 

ဖုယွင်ယွင် : "အနာဂတ်မှာ ဆန်ကုန်မြေလေးကောင်နဲ့ ငြိစွန်းလာမှာကို ကြောက်လို့ဖျက်ချဖို့ပြင်ဆင်နေတယ်။ ကံကောင်းထောက်မစွာနဲ့ နောက်ပိုင်းတော့ ဒီကျဲလည်း  အသိတရားရလာ တဲ့ပုံပါပဲ… ဒါပေမယ့် ချင်ကျဲက အချစ်ကြောင့်ဖြစ်လာတဲ့ သူရဲ့ ရူးမိုက်တဲ့အတွေးကို ရှင်းလင်းဖို့ နေရာတစ်ခုရှာထားပြီး အနာဂတ်မှာလည်း ဒီလိုအခြေအနေဆိုးထဲ ပြန်ရောက်မသွားနိုင်အောင် သန့်စင်ဖို့ စီစဉ်နေတုန်းပဲ"

 

ရှန်းထင်းကျိုး ချက်ခြင်း ထိတ်လန့်သွားပြီး

 

"သန့်စင်ဖို့ ဘယ်သွားမလို့လဲ ?"

 

မင်းတို့ ဦးနှောက်ဆေးမှာတော့ မဟုတ်ဘူးမလား ?

 

ဒါက လုံးဝကို ဥပဒေနဲ့ ဆန့်ကျင်နေတာနော် !

 

ဖုယွင်ယွင်က ဆက်ရှင်းပြလိုက်သည်။

 

"ကျဲက သူ့ကို အပြုသဘောဆောင်တဲ့ တွန်းအားတစ်ခုပေးနိုင်ဖို့ ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးနိုင်တဲ့ စိတ်ပညာရှင်တစ်ဦးကိုရှာချင်နေတဲ့ပုံပဲ... အသေးစိတ်အချက်အလက်တွေကိုတော့ ညီမလည်း သိပ်မရှင်းဘူး"

 

ရှန်းထင်းကျိုး : အိုး၊ ငါ သိပြီ။

 

ဒီချဉ်းကပ်နည်းသည် ကောင်းမွန်ပြီး လူယုတ်မာများ၏ခြယ် လှယ်ခြင်းကို ခံခဲ့ရသော မိန်းကလေးများသည် မိမိကိုယ်ကို သံသယလွန်ကဲနေတတ်ကြသည်။

 

ဖုယွင်ယွင် ဆက်ပြောလိုက်သည်။ 

 

"ဘာပဲဖြစ်ဖြစ် ချင်ကျဲက အင်အားကြီးတယ်"

 

ရှန်းထင်းကျိုးက သူ့စိတ်ထဲတွင် တိတ်တဆိတ်သဘောတူလိုက်သည် : ဒါတော့ ဟုတ်တယ်...သူက တကယ်အင်အားကြီးတာ...

 

ဖုယွင်ယွင်က လေးစားနေပုံပေါပြီး "ချင်ကျဲက ကောက်ယူနိုင်သလို လွှတ်လည်း လွှတ်ချနိုင်တယ်၊ သူက ညီမအတွက် Role model ပဲ။ ဒါကြောင့် အနာဂတ်မှာ ခက်ခက်ခဲခဲ စာကျက်ဖို့၊အချစ်ရေးကိစ္စတွေ မစဥ်းစားဖို့၊ ရိုးရိုးယာဂုကို ဘယ်တော့မှ မသောက်ဖို့နဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေကို တူးဖို့ဆုံး ဖြတ်ခဲ့တယ်"

 

ဒီလူယုတ်မာတွေ အားလုံး အသေဆိုးနဲ့သေပါစေ။

 

ရှန်းထင်းကျိုးသည် ၎င်းတို့၏အိမ်တွင် ကြီးပြင်းလာသည့် ပန်းရောင်ဝက်ကလေးအား ကြည့်လိုက်သကဲ့သို့ ဖုယွင်ယွင်ကို ကြည့်ပြီး အလွန်စိတ်သက်သာရာရသွားသည်။

 

အဲဒါက Role model တွေရဲ့စွမ်းအား၊ ဒီတစ်ခါတော့ သူတို့တွေလည်း အကျိုးထိရောက်မှုရှိသားပဲ....

 

"ဒါပေမယ့်-"

 

ဖုယွင်ယွင်က အကြောင်းအရာကို ပြောင်းလိုက်သည်။

 

"ချင်ကျဲ ဒီနေ့ ဘလိုင်းဒိတ်သွားတွေ့သွားပုံပဲ၊ တခြားတစ်ဖက်က ချမ်းသာပြီး ချောမောတဲ့သူဌေးလို့ပြောတယ်။ ဒီအင်အားကြီးစုံတွဲက ဖီးနစ်လူသားတစ်ယောက်ထက်ပိုပြီး စွမ်းအားပိုကောင်းလာနိုင်မလား?

 

ရှန်းထင်းကျိုး : မင်း ထင်သလို မကောင်းလောက်ဘူး။

 

သူဌေးဖြစ်ပေမယ့် သေချာပေါက် ကောင်းမွန်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။

 

သူက တခြားသူတွေကို အတင်းနမ်းပြီးခြိမ်းခြောက်တာတောင် အတော်လေး ကြောက်စရာကောင်းတယ်။

 

ရှန်းထင်းကျိုးသည် ဖုယွင်ယွင်ရဲ့အခန်းထဲကနေ စိုးရိမ်တကြီး ထွက်လာခဲ့သည်။

 

ချင်ရှစ်ယောင်သည် ငါးဆားနူကောင်၏တွင်းထဲကနေ ခုန်ထွက်လာပြီး ယခု ဟဲရန်ထင်းဆီပြေးလာနေသည်ကို ရှန်းထင်းကျိုး စိုးရိမ်နေမိသည်။

 

ရှန်းထင်းကျိုးအား အသက်မွေးဝမ်းကြောင်းအလုပ်သို့ခေါ်ဆောင်ပေးခဲ့သော ဆရာဖြစ်သူသည် ဒေါက်တာဝမ်ကို ဥပမာယူရန်နှင့် တော်ဝင်ကိစ္စများတွင် မပါဝင်ရန်သင်ကြားပေးခဲ့သည်။

 

ဒေါက်တာဝမ်ကဲ့သို့ဖြစ်ခြင်းသည် အကျိုးဖြစ်ထွန်းမည်မဟုတ်ပေ။ အဲ့ဒါက လူတစ်ယောက်ရဲ့ခေါင်းပြတ်သွားစေနိုင်တယ်.....

 

ထို့အပြင် ရှန်းထင်းကျိုး၏ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ကိုယ်ကျင့် တရားစရိုက်တို့သည် အလုပ်ရှင်၏လျှို့ဝှက်ချက်ပေါက်ကြားခြင်းကဲ့သို့သော အရာများကို လုပ်ဆောင်ခြင်းမှတားဆီးထား သည်။

 

ဒါပေမယ့် ပါဝင်ပတ်သက်သူတော့ ဖြစ်နေတာပေါ့...

 

ဒီစာရေးသူမှာ ပြောစရာရှိတယ်။

 

ဒေါက်တာရှန်း : ငါ့အကောင့်သေးက ငါ့အကောင့်ကြီးနဲ့ပတ် သက်ပြီး ဘာလုပ်စရာတွေ ရှိနေတာလဲ ?