Ch 12
Viewers 225

🩺 Chapter 12

 

 

 

ထိုနေ့တွင် အိမ်တော်ထိန်းသည် မိုးသည်းနေသည့်ကြားထဲကပင် ပြန်ရောက်လာခဲ့သည်။ 

 

ပုံမှန်အားဖြင့် သပ်ရပ်စွာ ဝတ်စားလေ့ရှိသော သူသည် ယခုအခါ ရွှံ့နွံများနှင့် ဖုံးလွှမ်းနေပြီး အင်္ကျီမှာလည်း တွန့်ကြေနေလျှက် တစ်ညအတွင်း ဆယ်နှစ်စာလောက်အိုမင်းသွားသကဲ့သို့ပင်။ 

 

အိမ်တော်ထိန်းသည် အပေါ်ထပ်မှဆင်းလာသည် ရှန်းထင်းကျိုးအား မြင်ချိန်အံ့အားသင့်သွားဟန်မရှိပေ။ သူမေးလာခဲ့သည်။ "မင်း အဆင်ပြေရဲ့လား။” 

 

"ကျွန်တော် အဆင်ပြေပါတယ်၊ သူလည်း အိပ်ပျော်သွားပြီ။" ရှန်းထင်းကျိုး ပြန်ဖြေလိုက်သည်။ 

 

အိမ်တော်ထိန်း၏တင်းမာနေသော ခန္ဓာကိုယ်သည် ပြေလျော့သွားပြီး တကယ့် စိတ်ရင်းအမှန်ဖြင့် “ကျေးဇူးတင်ပါတယ်၊ ဒေါက်တာရှန်း" 

 

"ရပါတယ်ဗျာ၊ ဒါ ကျွန်တော့်အလုပ်ပါ" 

 

ရှန်းထင်းကျိုး ခဏရပ်သွားကာ "ဒါပေမယ့် ကျွန်တော် အလုပ်ထွက်ဖို့တော့လိုမယ်ထင်တယ်”

 

အိမ်တော်ထိန်းသည် မနေ့ညက အဖြစ်အပျက်ကိုသိပုံပေါ်ပြီး ရှန်းထင်းကျိုး’ အလုပ်ထွက်ခြင်းကို ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။ 

 

ရှန်းထင်းကျိုး အနည်းငယ်စိုးရိမ်သွားသည်။ သူသည် မနေ့က ရှုရွှင်းအား ရဲရဲဝံ့ဝံ့ ကြိုးနှင့်တုပ်ခဲ့သည်မှာ သူအလုပ်ထွက်ရန် စိတ်ပိုင်းဖြတ်ထားပြီးသားမို့ပင်။

 

အကယ်၍ အလုပ်မထွက်ခဲ့ပါလျှင် ထိုကောင်စုတ်ကလေးသည် သူ၏အရေးကြီးလူနာ ဆက်ဖြစ်နေဦးမည်ပင်။

 

အိမ်တော်ထိန်းသည် ရှုရွှင်း၏အခန်းအား ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် ဗလာဖြစ်နေသည်။

 

“အရင်တုန်းက ရှုရွှင်းက လိမ္မာတဲ့ကလေးပါ။"

 

ရှန်းထင်းကျိုး အံ့အားသင့်သွားပြီး အိမ်တော်ထိန်းအား ကြည့်လိုက်သည်။ 

 

အိမ်တော်ထိန်းသည် သူ့အကြည့်အား ပြန်ရုတ်သိမ်းကာ ရှန်းထင်းကျိုးအား ကြည့်လိုက်သည်။

 

“ဒေါက်တာရှန်း ၊ နောက်လက စပြီး လစာကို သုံးဆတိုးပေးမယ်။ အဆင်ပြေလား ?”

 

ရှန်းထင်းကျိုး : အဆင်ပြေတာပေါ့!

 

အိမ်ဝယ်ရန်စဥ်စားနေသည့် ဒေါက်တာရှန်းသည် ချက်ချင်းလက်ခံလိုက်သည်။ တစ်စက္ကန့်မျှ တွန့်ဆုတ်ခြင်းကပင် ပိုက်ဆံအား မလေးစားရာရောက်သည်။

 

--- 

 

ထိုအချိန်က ရှန်းထင်းကျိုးသည် ရှုရွှင်း၏မေးခွန်းကိုမဖြေနိုင်ခဲ့ပါချေ။ ယနေ့လည်း သူ့အား မည်သို့ နှစ်သိမ့်ပေးရမည်ကိုမသိပါချေ။ 

 

တစ်ခါတစ်ရံတွင် အဓိပ္ပာယ်မရှိသည့် စကားလုံးများသည် ဆားမပါသည့် ဟင်းတစ်ခွက်ကဲ့သို့ပင် ဘာအရသာမှမရှိပေ။

 

သူ့မျက်လုံးများအား မှေးကျဥ်းထားပြီး အေးစက်သည် အမူအ ရာဖြင့်ရှိနေသော ရှုရွှင်းအားကြည့်ကာ ရှန်းထင်းကျိုး ခဏတာ တုံ့ဆိုင်းသွားသော်လည်း သူ့ပုခုံးအားညင်သာစွာပုတ်ပေးလိုက် သည်။

 

ရှုရွှင်း ရုတ်တရက် ရှန်းထင်းကျိုး၏လက်ကိုကိုင်ကာ သူ့ခေါင်းနောက်တွင် ထားကာ ဖိလိုက်သည်။

 

ရှန်းထင်းကျိုး : ? 

 

ထို့နောက် ရှန်းထင်းကျိုး၏ နောက်လက်တစ်ဖက်ကိုလည်း ဆွဲယူကာ လက်နှစ်ဖက်လုံးကို ခေါင်းအုံးအဖြစ်အသုံးပြုလိုက်သည်။

 

"အဲ့ဒီ့ကြောင်က တံတွေးတွေနဲ့ ညစ်ပတ်နေတယ်၊ မထိနဲ့တော့" 

 

လက်နှစ်ဖက်စလုံးသိမ်းခံလိုက်ရပြီး ကြောင်ကို ပွတ်သပ်ရန် ကိရိယာများဆုံးရှုံးသွားသည့် ရှန်းထင်းကျိုး : ... 

 

ဒီလောက် ချစ်စရာကောင်းတဲ့ ကြောင်လေးကို ဘယ်လိုလုပ်ပြီး တံတွေးနဲ့ညစ်ပတ်နေတယ်လို့ ပြောရက်ရတာလဲ ? 

 

--- 

 

ဗုဒ္ဓဟူးနေ့တိုင်းတွင် ရှန်းထင်းကျိုးသည် တတိယမြောက် အလုပ်ရှင်ထံသွားကာ ကိုယ်ဝန်ဆောင်ခင်ပွန်း၏အခြေအနေကိုစစ်ဆေးရလေ့ရှိသည်။ 

 

စုယွီတွင် ထူးခြားသည့် ခန္ဓာကိုယ်တည်ဆောက်ပုံရှိပြီး ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ခြင်းဖြစ်သောကြောင့် အထူးသတိ ထားရန်လိုအပ်သည်။ 

 

ရှန်းထင်းကျိုး ရောက်ရှိလာချိန်တွင် ကိုယ်ဝန်ဆောင်သည် လူငယ်လေးမှာ နောက်တစ်ကြိမ် အမြင့်ပေါ် တက်နေပြန်ကာ မြင့်မားသည့် စင်ပေါ်တွင်ထိုင်လျှက် ခြေထောက်များကို လေထဲတွင် လှုပ်ရမ်းနေပြီး တစ်ခါတစ်ရံ ယွီမင်ယန်အား သူ့ခြေ ချောင်းများနှင့် ကန်နေသည်။

 

နှစ်ဦးစလုံး ရယ်မောနေကာ နွေးထွေးအေးချမ်းသည့် လေထုအား ဖန်တီးနေကြသည်။

 

စုယွီ ရှန်းထင်းကျိုးအား မြင်သွားပြီး မျက်လုံးများ ကွေးညွတ်သွားအောင်ရယ်လျှက် ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။

 

"ဒေါက်တာရှန်း၊ ဒီကို မြန်မြန်လာ၊ အားယန်ကို မင်းကို ချီခိုင်းကြည့်ရအောင်။”

 

ရှန်းထင်းကျိုး - ဘာကြီး ? 

 

စုယွီက "စောစောတုန်းကလေ၊ အားယန် ငါ့ကို မချီနိုင်ဘူးဆိုပြီး ငါ လောင်းထားတာ။ အဲတာကို သူက ချီနိုင်သွားတယ်လေ။ လာပြီး မင်းကို ချီခိုင်းကြည့်မယ်။ သူ ထပ်ချီနိုင်သေးလားလို့ ကြည့်ကြည့်ဦးမယ်။”

 

ဒါကြီးက..... 

 

မင်းတို့စုံတွဲရဲ့ ပျော်ရွှင်ဖွယ် အခိုက်အတန့်တွေထဲမှာ ငါ မပါ ပါရစေနဲ့။

 

ရှန်းထင်းကျိုး ယဉ်ကျေးစွာငြင်းပယ်လိုက်ပြီး အကြောင်းအ ရာပြောင်းလိုက်ရသည်။

 

"အခုဆို မင်းလည်း ကိုယ်ဝန်နည်းနည်းရင့်လာပြီ၊ ဒီလိုအန္တရာယ်များတဲ့ အပြုအမူတွေကို ရှောင်ရမယ်။" 

 

စုယွီ အနည်းငယ် စိတ်ပျက်သွားသည်။

 

"အိုး... ဒါဆို နောက်ခါကျရင် အားယန် ငါ့ကို နံရံမှာ ချုပ်ပြီးတော့ လုပ်လို့ မရတော့ဘူးပေါ့……….”

 

ရှန်းထင်းကျိုး အံ့အားသင့်သွားသည်ကိုမြင်သော် စုယုသည် မျက်လုံးများသည် လခြမ်းပုံသဏ္ဍာန်ကွေးသွားပြီး အန္တရာယ်မရှိကာ နူးညံ့သော အသွင်ဖြင့်ပေါ်သွားစေသည်။

 

"နောက်ခါကျရင် သူ ငါ့ကို နံရံမှာချုပ်ပြီးတော့ ခြင်ရိုက်လို့ မရတော့ဘူးပေါ့်။"

 

ရှန်းထင်းကျိုး - ...

 

ရုတ်တရက် ရှုရွှင်း၏စကားကို သတိရသွားသည်။

 

"ငါက ခြေထောက်မှာ ဒဏ်ရာရနေတာ ခေါင်းမှာမဟုတ်ဘူး။”

 

သူသည် နှစ်ဆယ့်ရှစ်နှစ်ကြာ တစ်ကိုယ်တည်းသမားဖြစ်ခဲ့သော်လည်း အရွယ်ရောက်ပြီးသူတွေ၏ အခြေခံစကားတွေကိုတော့ နားလည်ပါသေးသည်။

 

ရှန်းထင်းကျိုး ချောင်းဆိုးလိုက်ကာ "ကလေးမွေးပြီးတဲ့ အထိ စောင့်ကြပါဦး…... ခြင်ရိုက်တာကို”

 

ကိုယ်ဝန်ဆောင်စဉ်အတွင်း ခါးကိုညှစ်ကာ နံရံမှာ ဖိထားခြင်းသည် အလွန်ပင်အန္တရာယ်များသည်။

 

ယွီမင်ယန် စုယွီအားအောက်ချပေးရန် လက်လှမ်းလိုက်သည်။ "ဒါဆိုလည်း အောက်ဆင်းကြရအောင်" 

 

အောက်သို့ ချီကာချခံလိုက်ရပြီးနောက် စုယွီ ပျော်ရွှင်စွာဖြင့် ရှန်းထင်းကျိုးဆီသို့ ပြေးလာခဲ့သည်။

 

"ဒေါက်တာရှန့်၊ ငါတို့ ကလေးအတွက် နာမည်ရွေးနေကြတာ။ ဒီမှာ ရွေးစရာနာမည်တွေ၊ ဘယ်နာမည်က အကောင်းဆုံးဖြစ်မလဲ ကူရွေးပါလား ?" 

 

ရှန်းထင်းကျိုး သူ၏အကျင့်ကို မထူးဆန်းတော့ပေ။ သူနွေးထွေးစွာရယ်လိုက်သည်။

 

“သေချာတာပေါ့”

 

သူတို့ လက်မထပ်ခင်ကတည်းကပင် ၎င်းတို့၏ပထမဆုံးကလေးအား စုယွီ၏မျိုးရိုးနာမည်မှည့်ရန် သဘောတူခဲ့ကြသည်။ 

 

ရှန်းထင်းကျိုး စုယွီပေးသည့် စာရွက်ကိုယူကာကြည့်လိုက်သည်။ − စုထင်းယွီ၊ စုယွီကျိုး၊ စုမင်ထင်း၊ စုမင်ကျိုး…….

 

ရှန်းထင်းကျိုး : နာမည်တွေက ရင်းနှီးနေသလိုပဲ ? 

 

စုယွီ ထပ်ပြောလာသည့် စကားများသည် ရှန်းထင်းကျိုး၏ သံသယကိုအတည်ပြုလိုက်နိုင်သည်။

 

"ဒါ ငါတို့ သုံးယောက်လုံးရဲ့နာမည်တွေကို ပေါင်းထားတာလေ။ ဒေါက်တာရှန်း၊ ဘယ်နာမည်က အကောင်းဆုံးလို့ ထင်လဲ?”

 

ရှန်းထင်းကျိုး၏ ဦးနှောက်သည် အပူလွန်ကဲသွားသည့် ကွန် ပျူတာတစ်လုံးကဲ့သို့ပင် သူတို့ကလေးနာမည်တွင် အဘယ့်ကြောင့် သူနာမည်ပါနေရသည်ကို နားမလည်နိုင်တော့ပေ။

 

ခဏတာ စဉ်းစားပြီးနောက် ရှန်းထင်းကျိုး မေးခွန်းထုတ်လိုက်သည်။

 

"ဘာလို့ ငါ့နာမည်က ဒီမှာ ပါနေရတာလဲ ?"

 

စုယွီ ဒါက ဖြစ်သင့်လိုလေ ဆိုသည့် ပုံစံမျိုးဖြင့် ပြန်ဖြေလာသည်။

 

"ဒါပေါ့ ပါသင့်တာပေါ့။ မင်း မရှိရင် ဒီကလေးလည်းမရှိလောက်ဘူးလေ။”

 

ရှန်းထင်းကျိုး နောက်တစ်ကြိမ်ချွေးစေးပြန်သွားရသည်။

 

"သူ မရှိရင် ကလေးလည်းမရှိလောက်ဘူး" ဆိုတာ ဘာသ ဘောလဲဟ ? အခြားအဖေက ဘယ်လိုထင်သွားမလဲ?

 

အခြားအဖေဖြစ်သူ ယွီမင်ယန်မှာမူ ဤစကားကို အနည်းငယ်မျှပင် မကျေမနပ်ဖြစ်ပုံမပေါ်ပေ။ ထိုအစား သူသည် လုံးလုံး သဘောတူခဲ့သည်။

 

ယွီမင်ယန် ရှန်းထင်းကျိုးအား ပြုံးပြလိုက်သည်။

 

"ဒေါက်တာရှန်းလို စိတ်ရှည်သည်းခံပြီး ဂရုစိုက်တတ်သူမျိုးက ဒီခေတ်မှာ ရှားပါးနေပြီ။"

 

စုယွီက ရှန်းထင်းကျိုးလက်ကိုဆွဲလိုက်သည်။

 

"ဒေါက်တာရှန်း၊ ငါ ဆေးရုံသွားရမှာကို တကယ်ကိုမကြိုက်တာ။ ကိုယ်ဝန်စရှိတုန်းကဆိုရင် မေးခွန်းတွေ အကုန်လုံးက စိတ်ရှုပ်စရာတွေချည်းပဲ။ အဲတာကြောင့် ငါ ကလေးတောင်။  မလိုချင်တော့ဘူး ဖြစ်သွားတာ။"

 

ဒါဆို ဒီလိုပေါ့။

 

ရှန်းထင်းကျိုး၏ကွဲကြေသွားသည့် အသိစိတ်မှာပြန်စုစည်းနိုင်သွားသည်။

 

"ဒါတွေ အကုန်လုံးက ငါ လုပ်သင့်တဲ့အရာတွေချည်းပါပဲ။"

 

"ဒါပေမယ့် မင်းက အခြားသူတွေထက်ပိုကောင်းတယ်။"

 

စုယွီသည် ရှန်းထင်းကျိုးအားကြည့်လိုက်ကာ အစွမ်းကုန် ရိုးသားစွာနှင့် ပြောလိုက်သည်။

 

 "ဒေါက်တာရှန်း၊ အားယန်ရော ငါရော မင်းကို တကယ်ကို သဘောကျတာ။ ပြီးတော့ မင်း ဒီကလေးကို လက်ခံပြီး သူ့ခေါင်းကိုင်အဖေဖြစ်လာဖို့ ငါတို့ မျှော်လင့်တယ်။”

 

သူသည် သူတို့မိသားစုအတွက် ဤမျှအရေးကြီးသူဖြစ်နေမည်ကို ရှန်းထင်းကျိုး လုံးဝမမျှော်လင့်ထားမိခဲ့ပေ။

 

ရှန်းထင်းကျိုး တိတ်ဆိတ်နေသည်ကိုမြင်သော် စုယွီ စိတ်လှုပ် ရှားစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

 

"ငါအရမ်း တိုက်ရိုက်ဆန်လွန်းသွားလား?"

 

စုယွီ တိုက်ရိုက်ဆန်လွန်းသွားခြင်းမဟုတ်ဘဲ ရှန်းထင်းကျိုး အလွန်အံ့အားသင့်သွားခြင်းသာ ဖြစ်သည်။

 

သူသည် သူတာဝန်ရှိသည့် အရာများကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား ၎င်းတို့မှာမူ သူ့အား ဤမျှအသိအ မှတ်ပြုပေးခဲ့ကြကာ ထိုအရာသည် သူ့နှင့် မထိုက်တန်ဟုခံစားသွားရသည်။

 

သို့သော် သူတို့သည် သူ့အားအလွန်တရာပင်ယုံကြည်ကြသည့် အတွက် ရှန်းထင်းကျိုး လက်ခံရန်တာဝန်ရှိသည်ဟု ခံစားရသည်။

 

"မင်း ငါ့ရဲ့ သာမာန်မိသားစုနောက်ခံကိုစိတ်မရှိဘူးဆိုရင် ဒီကလေးရဲ့မိသားစုဝင်တစ်ယောက်ဖြစ်ဖို့ ငါ ဆန္ဒရှိတာပေါ့။”

 

ရှန်းထင်းကျိုး ပညာတတ်မိသားစုမှ ဆင်းသက်လာသော် လည်း ငွေဇွန်းကိုက်၍မွေးဖွားလာသည့် ဤနှစ်ယောက်နှင့်ယှဉ်လျှင် သူ့နောက်ခံမှာအတော်လေးကို သာမန်ပင်။

 

စုယွီ၏မျက်လုံးထောင့်သည် စိုစွတ်လာပြီး သူပျော်သွားသည် မှာ သိသာလှသည်။

 

သူ့ဘေးနားရှိ ယွီမင်ယန်အား လှည့်ကြည့်လိုက်ကာ

 

"အားယန်၊ မင်း ကြားလိုက်လား ? ဒေါက်တာရှန်းက ငါတို့မိသားစုထဲ ပါသွားပြီ။ ငါ့တို့ ကလေးရဲ့မွေးစားအဖေဖြစ်သွားပြီ။”

 

ယွီမင်ယန် အလိုလိုက်စွာ ပြုံးလိုက်ကာ လက်မြောက်လိုက်ပြီး စုယွီ၏ ဆံပင်ကိုဖွလိုက်သည်။

 

ရှန်းထင်းကျိုး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရသော်လည်း ဘာမှားနေသည်မှန်း အတိအကျမပြောနိုင်ပေ။

 

သူ ထပ်မစဉ်းစားနိုင်ခင်မှာပင် တံခါးခေါင်းလောင်းသံကြား လိုက်ရသည်။

 

မကြာမီ ယွီမင်ယန်နှင့် ရုပ်ချင်းဆင်သည့် အရပ်ရှည်သည့် လူတစ်ဦးဝင်လာခဲ့သည်။ အထူးသဖြင့် ထိုညို့ယူတတ်သည့် မျက်လုံးများမှာ တစ်ထပ်တည်းပင်။

 

သို့သော် ယွီမင်ယန်မှာ playboy တစ်လောက်လိုမဟုတ်ဘဲ မဟာဆန်သည့် အငွေ့အသက်ရှိပြီး ဤလူမှာဆန့်ကျင်ဘက်ပင် ပုန်ကန်တတ်သည့် ပုံစံမျိုးရှိသည်။ သူနှာခေါင်းထက် မျက်မှန်တစ်လက်တပ်ထားသော်လည်း လူဆိုးလူပေတစ်လောက်လိုပင်။

 

ရှန်းထင်းကျိုးအား မြင်သော် ထိုသူက မေးလာသည်။

 

"ငါတို့ဆီ ဧည့်သည်ရောက်နေတာလား?"

 

စုယွီ အရင်ပြောလိုက်သည်။

 

“ဒါက ငါ့ကလေးရဲ့ ခေါင်းကိုင်အဖေလေ။’

 

ဒါကို ကြားသော် ယွီကျွီရုန်သည် ရှန်းထင်းကျိုးအား ထူးဆန်းသည့်အမူအရာဖြင့် ကြည့်လိုက်သည်။

 

ရှန်းထင်းကျိုး - ?

 

စုယွီ ရှန်းထင်းကျိုးဘက်လှည့်ကာ ပိုနွေးထွေးသောအသံဖြင့် ပြုံးရယ်ကာ နှုတ်ဆက်ပေးလိုက်သည်။

 

"ဒါက အားဟန်ရဲ့တိတိလေ”

 

ယွီကျွီရုန် ရှန်းထင်းကျိုးဆီလက်ဆန့်ထုတ်လာသည်။

 

"ကျွန်တော်က ယွီကျွီရုန်ပါ ကျွီရုန်လို့ခေါ်လို့ရပါတယ်။"

 

ရှန်းထင်းကျိုး သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

 

“ရှန်းထင်းကျိုးပါ”

 

---

 

ထို့နောက် ယွီကျွီရုန်နှင့် ယွီမင်ယန်တို့ ကိစ္စရှိသည်များကို ဆွေးနွေးရန် စာကြည့်ခန်းထဲ ဝင်သွားကြပြီး ရှန်းထင်းကျိုး သည်တော့ ကိုယ်ဝန်ဆောင်သည် စုယွီအား လေ့ကျင့်ခန်းများ လုပ်ရန်ခေါ်သွားခဲ့သည်။

 

စုယွီ ရှန်းထင်းကျိုးအား ညစာစားရန် ဖိတ်ချင်သော်လည်း အိမ်တော်ထိန်းမှ ကြောင်လေး ယနေ့ စိတ်အခြေအနေမကောင်းသလို ဖြစ်နေသောကြောင့် သူလာပြီး စစ်ဆေးပေးနိုင်မလားဟုဖုန်းခေါ်လာသည်။

 

ကြောင် အကြောင်းကြားသည်နှင့် ရှန်းထင်းကျိုးသည် စုယွီ၏ ဖိတ်ကြားမှုကိုငြင်းပယ်ကာ အမြန်ထွက်ခွာသွားတော့သည်။

 

ရှန်းထင်းကျိုး အမြဲထင်ခဲ့သည်မှာ ရှုရွှင်းမှာကြောင်ကို မုန်း သည်ဟုပင်။ သို့သော် သူရောက်ရှိလာချိန်တွင် ရှုရွှင်းသည် ကြောင်လေးအား ကြောင်စာကျွေးနေသည်ကိုတွေ့လိုက်ရသည်။

 

သူ့မျက်နှာတွင် ခံစားချက်မဲနေသော်လည်း အတော်အတန် စိတ်ရှည်စွာဖြင့် ကျွေးနေခြင်းဖြစ်သည်။ ကြောင်လေးမှ သူ့လက်ချောင်းများကို မတော်တဆလျက်မိသွားချိန်တွင်လည်း ရွံရှာဟန်မပြဘဲ အေးအေးဆေးဆေးပင်။

 

ရှုရွှင်း၏လက်ချောင်းများကို ပန်းနုရောင်လျှာလေးဖြင့် လျက်နေသည်ကိုကြည့်ရင်း ရှန်းထင်းကျိုးရင်ထဲ ယားယံသွားသည်။

 

သူလည်း ကြောင်လေးကိုအစာကျွေးပြီး လက်ချောင်းအား အလျက်ခံချင်သွားရသည်။ 

 

သို့သော် ရှုရွှင်းနှင့် ကြောင်လေး ငြိမ်းချမ်းစွာဆက်ဆံနေကြသည်ကိုမြင်သော် ထိုစိတ်ချမ်းသာဖွယ် မြင်ကွင်းကိုမနှောက်ယှက်ချင်ပေ။

 

ချောမောသည့် ယောက်ျားတစ်ယောက်နှင့် ချစ်စဖွယ်ကြောင်လေးတို့သည် စိတ်ကျေနပ်ဖွယ်မြင်ကွင်းအား ဖန်တီးနေကြသည်။

 

ရှုရွှင်း ကြောင်စာကျွေးပြီးချိန်တွင် ရှန်းထင်းကျိုး အပြုံးလေးနှင့် ချဥ်းကပ်လာပြီး သူ၏ကြောင်ပွတ်သပ်ပေးခြင်း အတွေ့အ ကြုံများအား မနေနိုင်ဘဲမျှဝေပေးတော့သည်။

 

အဆုံးမှာတော့ သူပြောချင်သည့် အဓိပ္ပာယ်မှာ “ သူက မင်းကို လျက်တာက မင်းကို ယုံကြည်တယ်လို့ဆိုလိုတာပဲ။” ဆိုတာဖြစ်သည်။

 

ကြောင်တစ်ကောင်၏ ယုံကြည်မှုကို ရရှိခြင်းသည် ဤမျှ ဂုဏ်ယူစရာကောင်းသည်လော!

 

ကြောင်ချစ်သူများအတွက်တော့ အလွန်တရာမျှ ဂုဏ်ယူစရာကောင်းသည့် အရာဖြစ်သည်။

 

ရှုရွှင်းမှာမူ ဤသို့မမြင်ပေ၊ အတွန့်တက်လိုက်သေးသည်။

 

"သူ့လျှာကကြမ်းတယ်၊ ပြီးတော့ သွားအချွန်တွေနဲ့လည်း လက်ကိုကိုက်သေးတာ။”

 

ရှန်းထင်းကျိုး ရှင်းပြသည်။

 

"ကြောင်တွေက လူတွေနဲ့မတူဘူး။ သူတို့ရဲ့ အချစ်ကို ဖွဖွလေးကိုက်ပြီး ဖော်ပြကြတာ။ သူ မင်းကိုကိုက်ရင် မင်းနဲ့ ကစားရတာကို ကြိုက်လို့ပဲ။”

 

ရှုရွှင်းသည် သူ၏လက်ချောင်းကိုရှန်းထင်းကျိုးဆီ ဆန့်ထုတ် ပြရင်း အပြစ်တင်သည့် လေသံဖြင့်ဆိုလိုက်သည်။

 

“ဒါပေမယ့် နာတယ်”

 

သိပ်တောင်မထင်သည့် ကိုက်ရာလေးကိုကြည့်ရင်း ရှန်းထင်းကျိုး နဖူးတွန့်သွားရသည်။

 

ဘာလဲ မင်းက တို့ဟူးမင်းသားလေးလား ? ဒါလေးနဲ့ ဘယ်လိုလုပ် နာမှာတုန်း! 

 

ရှန်းထင်းကျိုး ထုတ်ပြောမိတော့မတတ်ပင်၊ သူအနိုင်နိုင်ထိန်းလိုက်ရသည်။

 

ထိုအချိန်တွင် အိမ်တော်ထိန်းဝင်လာခဲ့သည်။ "သခင်လေး" 

 

ရှုရွှင်း မျက်မှောင်ကြုပ်သွားသည်။

 

"ငါ့ကို သခင်လေးလို့ မခေါ်လို့မရဘူးလား?" 

 

အိမ်တော်ထိန်းသည် သူ့အား အေးစက်စွာကြည့်လိုက်ပြီး

 

"အိမ်မှာ ရှောင်ရွှင်းပျောက်သွားပြီး ရှောင်ရွှင်းရောက်လာတော့ ငါ သူ့ကို သခင်လေးလို့ပဲ ခေါ်ရတော့တာပေါ့။”

 

ရှုရွှင်း တိတ်ဆိတ်ကာ ပါးစပ်ပိတ်သွားသည်။ 

 

ရှန်းထင်းကျိုး မနေနိုင်ဘဲ ရယ်ချင်သွာသည်။ တကယ့်ကို အောင့်အီးရခက်လှသည်။

 

ရှုရွှင်း၏စိတ်အခြေအဆိုးဆုံးဖြစ်နေပြီး ထေ့ငေါ့လှောင်ပြောင်တတ်သည့်ကာလတွင်ပင် သူသည် အိမ်တော်ထိန်းရှေ့တွင်တော့ တော်တော်လေးထိန်းသိမ်းပြောသေးသည်။

 

အိမ်တော်ထိန်းသည် ရှုရွှင်းအား အမြဲတမ်း "သခင်လေး" ဟုခေါ်ခြင်းမှာ သူနာမည်ပြောင်းလိုက်သည်ကို မကျေနပ်သော ကြောင့် ဖြစ်နေသည်ပင်။ ရှန်းထင်းကျိုးသည် black bulter ထဲကလို အိမ်၏စည်းကမ်းအတိုင်းခေါ်သည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

 

သို့သော်ငြား 'ရှုရွှင်း' ဆိုသည့်နာမည်မှာ အမှန်တကယ်ပင် ဒုက္ခများအား ဖိတ်ခေါ်နေသည့် နာမည်ဖြစ်သည်။

 

ဤမျှ ကံဆိုးသည့်နာမည်ဖြစ်နေမှဖြင့် အိမ်တော်ထိန်း မနှစ်သက်သည်မှာ အံ့သြစရာမရှိပေ။

 

--- 

 

ရှုရွှင်း စိတ်ကောက်ပြီး နေ့လယ်စာမစားဘဲ ဆိုဖာပေါ်တွင် တောင့်တောင့်ကြီးလှဲနေခဲ့သည်။ 

 

ရှန်းထင်းကျိုး သူ့ကို သွားဖျောင်းဖျရပြန်သည်။

 

“အအေးမိတာကနေ သက်သာခါစရှိသေးတယ်။ ထမင်းစားသင့်တယ်နော်။”

 

ရှုရွှင်း နှုတ်ခမ်းကို စုဝိုင်းလိုက်ကာ မျက်နှာအမူအရာမှာ ပြေလျှော့သွားကာ သူ့အား မျက်လုံးနက်နက်များဖြင့် ကြည့်လာသည်။

 

သူ ဘာမှမပြောသော်လည်း အပြစ်တင် စကားများပြောနေသကဲ့သို့ပင်။ 

 

ရှန်းထင်းကျိုး မပြုံးဘဲမနေနိုင်တော့ပေ။ သူဒီလောက် ကလေးဆန်မှန် ဘာလို့ အရင်က သတိမထားမိတာပါလိမ့်?

 

အပြုံးကို ပြန်ထိန်းရင်း ရှန်းထင်းကျိုးဆက်လက်နှစ်သိမ့်လိုက်သည်။ "ထပြီး မြန်မြန်လာစား၊ ဟင်းတွေ အေးသွားလိမ့်မယ်။" 

 

ရှုရွှင်း တစ်ဝက်လောက် ပျော့နေပြီး ထဟန်ပြင်နေသည့်အချိန်တွင် အိမ်တော်ထိန်းမှ “ဒေါက်တာရှန်း အရင်လာ စားလှည့်ပါ။ တစ်နပ် နှစ်နပ်လောက် မစားရုံနဲ့တော့ မသေပါဘူး။”

 

ရှုရွင်းမှာ ချက်ချင်းပြန်လှဲချကာ စောင်နှင့် ခေါင်းကိုအုပ်လိုက်သည်။

 

ရှန်းထင်းကျိုး : ... 

 

အိမ်တော်ထိန်း ဒီအချိန်မှာ အဲလိုကြီး သွားမပြောနဲ့လေ။

 

စာရေးသူမှတ်ချက်: 

 

တောင့်တောင့်ကြီးလှဲနေသော ရှောင်ရှု - သူ စိတ်ဆိုးနေပြီ၊ ဘယ်လို လာချော့ချော့ မရတော့ဘူး။

 

ရှန်းထင်းကျိုး စိတ်ရှုပ်ထွေးစွာဖြင့် : အာ ? တကယ် ဘယ်လိုချော့ချော့ မရဘူးလား?

 

နာခံတဲ့ရှောင်ရှုလေူ :  နည်းနည်းချော့ရင်ကို ပြန်ပြေသွားမှာ