Ch 11
Viewers 229

🩺 Chapter 11

 

 

 

ရှန်းထင်းကျိုး အလုပ်ရှင်အိမ်မှ ယိုင်နဲ့နဲ့ဖြင့် ထွက်လာခဲ့ရသည်။

 

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ဘာကြောင့်လဲ ?

 

ပုံမှန်ဆိုပျော်ပျော်ပါးပါးနေတတ်တဲ့ လီမူယဲ့က ဘယ်လိုလုပ် မူမမှန်ဖြစ်သွားရတာလဲ ? ဘယ်လိုလုပ် ဒီလိုလှည့်ဖျားတတ်တဲ့လူဖြစ်သွားတာလဲ ? ဘယ်သူ လုပ်လိုက်တာလဲ ?

 

နေဦး...

 

ရုတ်တရက် ရှန်းထင်းကျိုး သူ့စိတ်ထဲမှ မှတ်ဉာဏ်အားသတိရသွားသည်။ အားလုံးသည် ထိုနေရာမှစပြီး မှားယွင်းသွားပုံပေါ် သည်။

 

*သံသယဖြစ်စရာကောင်းတာကနေ လွှမ်းမိုးခံလိုက်ရတာ*

 

ဟုတ်တယ်၊ ဒီနတ်ဆိုးတွေ အားလုံးရဲ့အစက အဲဒီအကျင့်ပျက် တေးသွားပဲ

 

လီမူယဲ့ပုံစံက လှည့်စားတတ်တဲ့ပုံပေါက်သွားတာမဟုတ်ဘူး။ သူ့အတွေးတွေကိုက မဖြူစင်တော့တာဖြစ်မယ်။ သူ ဖုယွင်ယွင် တင်တဲ့ပိုစ်ကို မြင်ပြီးသွားကတည်းက လူအစစ်တွေ အပေါ်မှာ သံသယဝင်နေတာဖြစ်နိုင်တယ်။

 

ဒါကို ထင်ယောက်မြင်မှားဖြစ်တယ်လို့ခေါ်တာ

 

ရှန်းထင်းကျိုး စိတ်မှာတဖြည်းဖြည်းတည်ငြိမ်သွားပြီး ဟိုင်ယာဆင့်ပန်းနံသင်းသင်းလေးပါသည့် လေညှင်းနွေးနွေးလေးကိုတောင် ခံစားမိလိုက်သည်။

 

ကောင်းကင်ပြာကြီးနဲ့ တိမ်ဖြူလေးတွေ ဘဝကအရမ်းလှပတာပဲ။

 

ထိုအရာသည် ထင်ယောင်မြင်မှားပင် သူပြုံးကာ သူ့နောက်ရှိအိမ်အားလှည့်ကြည့်လိုက်သည်။

 

ကြမ်းပြင်မှ မျက်နှာကျက်ထိ ရှည်သည့် ပြတင်းပေါက်မှ တစ် ဆင့် လီမူယဲ့ စုန့်ချင်းနင်၏လည်ပင်းအား ခေါင်းနဲ့ပွတ်သတ်ကာအလိုလိုက်ခံရသည့် ကလေးတစ်ယောက်လို ပြုမူနေသည်အား တွေ့လိုက်ရသည်။

 

ရှန်းထင်းကျိုး :..!

 

မဟုတ်သေးပါဘူး၊ ဘာလို့ အဲ့ညီအစ်ကိုတွေ ပုံမှန်မဟုတ်ကြတာတုန်း ?

 

ကျိုးဇီထန်းလည်း အဲလိုပဲ၊ အခု လီမူယဲ့ကလည်း ဒီလိုဖြစ်နေပြန်ပြီ။

 

သူ့ကိုယ်သူ အနားပေးရန် ရှန်းထင်းကျိုး ရှုရွှမ်းအိမ်ရှိ ကြောင်နှင့် သွားကစားရန်ဆုံးဖြတ်လိုက်သည်။

 

......

 

လမ်းတွင် ချင်စစ် ညွှန်းဖူးသည့် စတိုးဆိုင်သွားကာ ကြောင်ကစားသည့် အရုပ်နှင့်အတုံးလေးတွေ၊ ကြောင်စာဗူးတစ်ချို့အားဝယ်ခဲ့သည်။

 

အိမ်တော်ထိန်းသည်လည်း ပန်းပင်စိုက်ခြင်းအား သဘောကျသည်မို့ သူအရင်က တစ်ယောက်ဆီမှ မျိုးစေ့များတောင်းထားရာ ထိုသည်များကိုပါအကုန်ယူလာခဲ့သည်။

 

လက်ဆောင်များအကုန်ပေးပြီးနောက် သူလောက်ကျွမ်းနေသည့် အကြည့်အားသတိထားမိလိုက်သည်။

 

ခေါင်းလှည့်ကြည့်လိုက်ရာ နေကောင်းခါစ ရှုရွှမ်းသည် ဆိုဖာပေါ်လှဲနေကာ မဲမှောင်နေသည့် အမူအရာနှင့် သူအားကြည်နေသည်ကိုတွေ့လိုက်ရသည်။

 

အိုးးးးး နိုး ငါ သူ့အတွက် ဘာမှ မယူခဲ့မိဘူးဟ !!

 

အလုပ်လုပ်ရတာ ဘယ်လောက်တောင် ပင်ပန်းမှန်း ဘယ်သူနားလည်နိုင်မှာလဲ ?

 

ပိုလို့ပင်မကျေမနပ်ဖြစ်လာပုံပေါ်သည့် အကြည့်အောက်တွင်  ရှန်းထင်းကျိုး သူ့ အိတ်ကပ်ထဲ အမြန်နှိုက်ရတော့သည်။

 

နောက်ဆုံး သူစတိုးဆိုင်ကောင်တာမှ ရလာသည့် ပူရှိန်းချိုချဥ်အားဆွဲထုတ်လိုက်သည်။

 

အပြစ်ရှိသလို ခံစားလိုက်ရသော်လည်းသတ္တိမွေးကာပေးလိုက် သည်။ ဤမျှနှင့်ပင် ပြီးသွားလိမ့်မည်ဟုမျှော်လင့်မိသည်။

 

ရှုရွှင်း ယူလိုက်သော်လည်း သူ့အမူအရာမှာလက်ဆောင်အား မကျေနပ်ကြောင်းသိသာသည်။

 

ရှန်းထင်းကျိုး၏နှလုံးသားသည် ဒရမ်လိုခုန်နေသည်။ ဖြတ်ခနဲ သူတစ်ခုခုအား သတိရသွားသည်။

 

“ခဏ”

 

သူ ရှုရွှင်းအား ပြောလိုက်ပြီးလှည့်ထွက်လာခဲ့သည်။ ခဏကြာသော် သူ ရှုရွှင်းအတွက် တစ်ခုခုယူလာခဲ့သည်။

 

ရှုရွှင်း ရှန်းထင်းကျိုးလက်ထဲရှိ ကြောင်ခေါင်းလေးအား မနှစ်မြို့စွာကြည့်လိုက်သည်။

 

ရှန်းထင်းကျိုး ရှင်းပြလိုက်သည်။

 

”ဒါ ကြောင်မွှေးတွေနဲ့လုပ်ထားတဲ့ ကီးချိန်းလေးလေ”

 

သူကားပေါ်မှ ကြောင်လေးအား နာကျင်စွာယူလာခဲ့ကာ ရှုရွှမ်းအားပေးလိုက်ပြီး သာမာန်လက်ဆောင်ဟုထင်နေမည် စိုးရိမ်သောကြောင့် ရှင်းပြလိုက်သည်။

 

“ငါ့မှာလဲ တစ်ခုရှိတယ်၊ အဲဒါ Handmade လေ"

 

တစ်ခုချင်းစီသည် အားအင်စိုက်ထုတ်ပြီး အချစ်တွေနှင့် လုပ်ထားသောကြောင့် တုနှိုင်းမဲ့သည်။

 

ထိုနေ့က ရှန်းထင်းကျိုး သုံးခုလုံးယူသွားသောကြောင့် ချင်စစ် သူ့အား ဖုန်းခေါ်ကာဆူသေးသည်။

 

“အဲဒါတွေရအောင် တစ်နေလုံး မျက်လုံးတွေနီနေအောင် လုပ်ထားရတာကို မင်း အကုန်ယူသွားတယ်! မင်း နှလုံးသားမဲ့ လှချည်လား။ လေလွင့်ကြောင်တစ်ကောင်က ခိုးသွားတာလား။”

 

လက်သွက်သည့် ဒေါက်တာရှန်း စိတ်ရှုပ်သွားသည်။

 

"အာ ? မင်းတကယ်ကြီး မျက်လုံးတွေ နီအောင်လုပ်ထားရတာလား ? ဒီအတိုင်းလက်နဲ့ လုပ်လို့မရဘူးလား ?”

 

ရှက်ပြာပြာနိုင်သည့် ဒေါက်တာချင် ဖုန်းချလိုက်ကာ သူခိုး ဒေါက်တာရှန်အား ဘလော့လိုက်သည်။

 

ရှုရွှင်း ရှန်းထင်းကျိုး၏ကားသော့အား တစ်ချက်ကြည့်ကာ ကြောင်ခေါင်းအားယူလိုက်သည်။ သူ့ အမူအရာသည်လည်း ပျော့ပြောင်းသွားသည်။

 

ရှန်းထင်းကျိုး သက်ပြင်းချလိုက်သည်။

 

ရှုရွှင်း အဖျားကျသွားပြီဖြစ်သော်လည်း နောက်ဆက်တွဲဖြစ်သည့် ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်းနှင့် လည် ချောင်းယောင်ခြင်းတို့တော့ကျန်ခဲ့သည်။

 

နေလို့မကောင်းဖြစ်နေသော ရှုရွှင်းအား ရှန်းထင်းကျိုးမြင်လိုက်သော်လည်း သူ ရောက်နေပြီးမှတော့ နှိပ်ပေးလိုက်မည်ဟုတွေးရင်း အင်္ကျီလက်အား ပင့်တင်လိုက်သည်။

 

အိမ်တော်ထိန်းသည် လက်ဖက်ရည်တစ်ခွက်နှင့် မာချာမုန့်များအားယူလာသည်။

 

ရှန်းထင်းကျိုး စားပွဲမှာ မာချာပူတင်း၊ မာချာဆန်ကိတ်၊ မာချာ ကိတ်ပြားနှင့် မာချာမိုချီတို့ဖြင့် ပြည့်သွားသည်ကို ကူကယ်ရာမဲ့စွာကြည့်နေရသည်။

 

ဝိုး လက်ဖက်စားပွဲတော်ကြီးပဲ အကုန်အစိမ်းတွေချည်းပဲ။

 

ရှန်းထင်းကျိုး အိမ်တော်ထိန်းအား သူ ဤမျှစားမကုန်ကြောင်း ပြောတော့မည့် အချိန်တွင် ရှုရွှင်းမှအရင်ပြောလာသည်။

 

"ခင်ဗျားရဲ့ ဘွန်ဆိုင်းပင်ကို အရွက်ဖြတ်ရဉီးမယ်လို့ ပြောခဲ့တာမလား ??”

 

ရှန်းထင်းကျိုးက "ကိုယ့်အလုပ်ကို သွားလုပ်လို့ရပါတယ်ဗျာ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။”

 

အိပ်တော်ထိန်း ကြာကြာမနေခဲ့ပေ။ သူ ထွက်မသွားမီ "ဒေါက်တာရှန်း လက်ဖက်ရည်သောက်ပြီးရင် သခင်လေးကို နောက်တစ်ခွက် ထပ်နှပ်ခိုင်းလိုက်ပါ။ သူ လက်ဖက်ရည်နှပ်တဲ့နေရာမှာ အရမ်းတော်တယ်။"

 

ရှုရွှင်းနဲ့ အိမ်တော်ထိန်းတို့အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ရှုရွှင်း မကျေမနပ်ဖြစ်နေစဉ်မှာ အိမ်တော်ထိန်းမှာပြုံးရယ်နေခဲ့သည်။

 

အိမ်တော်ထိန်းထွက်သွားပြီးနောက် ရှန်းထင်းကျိုးသည် အလာပ သလ္လာပ စကားဆိုလိုက်သည်။

 

"မစ်စတာရှု၊ လက်ဖက်ရည် ဘယ်လိုနှပ်ရမလဲ သိတယ်ပေါ့?”

 

ရှုရွှင်း မျက်လွှာချထားသည့် ရှန်းထင်းကျိုးအားကြည့်လိုက်သည်။ သူ့မျက်နှာ အစိတ်အပိုင်းများမှာ ထင်ရှားပြီး ကျက်သ ရေရှိသည့်အပြင် သူ့မျက်လုံးများမှာတောက်ပကာအေးချမ်း လှသည်။

 

ရှန်းထင်းကျိုး တစ်ခုခု ထူးဆန်းနေသည်ကိုသတိထားမိပြီး မော့ကြည့်လိုက်သောအခါ ရှုရွှင်းမှပြောလာသည်။

 

"ငါ လေ့လာနေတုန်းပဲ ရှိသေးတာ။"

 

ဟမ် ?

 

တစ်ယောက်သည် အလွန်ကျွမ်းကျင်သည်ဟုဆိုကာ နောက်တစ်ယောက်မှာတော့ လေ့လာနေဆဲဟုသာ ဆိုလာသည်။

 

သူ့ခြေထောက်ရှိနူးညံ့သည့် အထိအတွေ့မှာ ရှန်းထင်းကျိုး၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားသည်။

 

ကြောင်လေးသည့် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိပေ။ သူ၏ခြေထောက်အား ကိုယ်တစ်ခြမ်းနှင့် ပွတ်သတ်နေခဲ့သည်။

 

ရှုရွှင်း မျက်မှောင်ကျုံ့သွားသည်။

 

"ဘာလို့ မင်းကို ပွတ်နေတာလဲ ?"

 

ရှန်းထင်းကျိုး လှည့်ကြည့်လိုက်ပြီး တောက်ပနေသည့်မျက် လုံးများဖြင့် "ငါ့ကိုကြိုက်လို့၊ ဒါမှမဟုတ် သူ့ကို ပွတ်ပေးစေချင်လို့ ဒါမှမဟုတ် ဒီအတိုင်း ယားနေလို့ လာပွတ်တာလည်း ဖြစ်နိုင်တယ်။”

 

ယားနေလို့ လာပွတ်တာထက် ကြောင်လေးသည် သူ့အားပွတ် သတ်ပေးစေချင်လို့ လာပွတ်ခြင်းဟုသာ ရှန်းထင်းကျိုး ယုံကြည်လိုက်သည်။

 

ရှုရွှင်းမှာမူ နောက်ဆုံးအချက်ကိုသာ ယုံကြည်သည့်ပုံပင်။

 

"ဒီကြောင် ရေမချိုးတာတော်တော်ကြာပြီ သန်းတွေရှိနေတာနေမှာ”

 

ရှန်းထင်းကျိုး - !

 

မဖြစ်နိုင်တာ၊ ကြောင်လေးက ဒီလောက်သန့်ရှင်းနေတာ လျှောက်ပြောမနေနဲ့။

 

ရှုရွှင်း ဆက်ပြောလိုက်သည်။

 

"သူ့အမွေးကို ခဏခဏလျက်နေတာမြင်ဖူးတယ်၊ အကုန် တံတွေးတွေချည်းပဲ၊ ဘက်တီးရီးယားတွေ ရှိနေပြီထင်တယ်။"

 

ရှုရွှင်း၏စကားလုံးတိုင်းသည် ကြောင်အား ရွံရှာနေဟန်ပေါ်ကာ ရှန်းထင်းကျိုးဒေါသကြောင့် နားထင်မှာ တဒုတ်ဒုတ်ခုန်သွားရသည်။

 

သူ့ အသံအားတတ်နိုင်သမျှထိန်းကာ တည်ငြိမ်စွာမေးလိုက်သည်။

 

"မစ်စတာရှု၊ ကြောင်တွေကို မကြိုက်ဘူးလား ?"

 

ရှုရွှင်း ကြောင်အားကြည့်ကာ မျက်တောင်များသည် သူ့မျက် နှာပေါ်အရိပ်ကျနေပြီး အေးစက်သည့်အမူအရာဖြင့် ဆိုသည်။

 

"ငါ့ကိုယ် ငါတောင် မကြိုက်ဘူး။"

 

ရှန်းထင်းကျိုး၏ နှလုံးသားသည် အနည်းငယ်တုန်ခါသွားသည်။

 

---

 

တက္ကသိုလ်ဝင်တန်း အမှတ်နှင့် ပတ်သက်၍ သူတို့စကားများပြီးနောက်ပိုင်းတွင် ရှန်းထင်းကျိုးသည် ရှုရွှင်းရှေ့တွင် NPC တစ်ယောက်လိုသာပြုမူတော့သည်။

 

လိုအပ်သည်မှလွဲ၍ အပိုစကားတစ်ခွန်းမှမပြောတော့ဘဲ ရှုရွှင်းမှ သူ့အားပြစ်တင်ရှုတ်ချနိုင်ရန် အခွင့်အရေးထပ်မပေးတော့ချေ။

 

ဤပုံစံအတိုင်းဆက်ဖြစ်နေခဲ့ကာ ထူးဆန်းသည့် မတော်တဆမှုတစ်ခုဖြစ်သည်အထိပင်။

 

ထိုကားမတော်တဆမှုသည် ရှုရွှင်း၏ခြေထောက်တွင် နာတာ ရှည်နာကျင်မှုကို ဖြစ်စေခဲ့ပြီး အထူးသဖြင့် မိုးရွာသည့် အချိန်တွင်ဖြစ်သည်။

 

တိုက်တိုက်ဆိုင်ဆိုင် ထိုနွေရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အိမ်တော်ထိန်းသည်လည်း မိသားစုကိစ္စကြောင့် အရေး တကြီးအိမ်ပြန်ရောက်နေခဲ့သည်။

 

ရှန်းထင်းကျိုးအား ည ၁၁ နာရီကြီးဖုန်းခေါ်လာကာ အပြင်တွင်လည်း မိုးသည်းထန်လှသည်။

 

ပုံမှန် တည်ငြိမ်သည့် အိမ်တော်ထိန်း၏အသံသည် အလောတ ကြီးဖြစ်နေသည်။

 

"ဒေါက်တာရှန်း၊ ဒီည ဗီလာကိုလာပေးလို့ရနိုင်မလား ? သခင်လေးရဲ့ခြေထောက်နာလာမှာကို စိုးရိမ်နေလို့ပါ။"

 

ရှန်းထင်းကျိုး ထကာ အဝတ်များဝတ်လိုက်သည်။

 

"ရပါတယ်၊ ကျွန်တော် ချက်ချင်းသွားကြည့်လိုက်မယ်။"

 

အိမ်တော်ထိန်း တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် လေးလေးနက်နက်ပြောလိုက်သည်။

 

"ကျေးဇူးတင်ပါတယ်၊ ဒေါက်တာရှန်း "

 

ဖုန်းချပြီးနောက် ရှန်းထင်းကျိုး မုန်တိုင်းအားရင်ဆိုင်ကာ ဗီလာသို့ ရောက်လာခဲ့ချိန်တွင် တစ်ကိုယ်လုံးစိုရွဲနေပြီဖြစ်သည်။

 

ရှုမိသားစု၏နာနီသည် သူ့အား ပဝါတစ်ထည်ပေးသော်လည်း ရှန်းထင်းကျိုးတွင် သုတ်နေဖို့အချိန်မရှိပေ။ အပေါ်ထပ်သို့ ပြေးတက်ကာ ရှုရွှင်း၏အခန်းတံခါးအား ခေါက်လိုက်သည်။

 

"မစ်စတာရှု"

 

"ထွက်သွား"

 

လေးလံသည် အရာတစ်ခု တံခါးအားထိသွားသည့်အသံနှင့်အတူ ရှုရွှင်း၏ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။

 

အလွန်ကြောက်စရာကောင်းသည်!

 

ရှုရွှင်းသည် အမြဲဒေါသနေထွက်တတ်သော်လည်း ပုံမှန်အား ဖြင့် သူသည် အေးစက်စက် သရော်မှုများဖြင့်သာ စော်ကားလေ့ရှိပြီး ဤမျှထိန်းချုပ်မှုလွတ်နေသည့် ရှုရွှင်းအား ရှန်းထင်းကျိုး မမြင်ဘူးခဲ့ပေ။

 

ရှန်းထင်းကျိုး သူနှင့် စကားပြောဆိုရန် ကြိုးစားလိုက်သည်။

 

သို့သော် ရှုရွှင်းမှာ ပူးပေါင်းဆောင်ရွက်မှုမရှိချေ။ ရှန်းထင်းကျိုးတံခါးဖွင့်ပြီး သူ့အခြေအနေကို စစ်ဆေးရန်ကြိုးစားသည့်အချိန်တွင်လည်း ရှုရွှင်းသည် သူ့အားခေါင်းအုံးဖြင့် ပစ်ပေါက်လာသည်။

 

လူနာကိုယ်တိုင်က သူ့ကျန်းမာရေးနှင့် ပတ်သတ်ပြီး ဂရုမစိုက်ပါက ရှန်းထင်းကျိုး ဘာလုပ်နိုင်မည်နည်း။

 

အပြင်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး လျှက်စီးများလည်း လက်နေသည်။

 

ရှန်းထင်းကျိုး အနက်ရောင်ထီးအားဆောင်းကာ ဗီလာအဝင်ဝရှိ သူ့ကားရပ်ထားရာသို့ လမ်းလျှောက်ပြန်ခဲ့ချိန်တွင် နောက်တစ်ကြိမ်စိုရွှဲသွားပြန်သည်။

 

ကားထဲထိုင်လိုက်ချိန်တွင် အိမ်တော်ထိန်းသည် နောက်တစ်ကြိမ်ဖုန်းခေါ်လာပြန်သည်။

 

ရှုရွှင်း ကုသမှုကိုငြင်းဆန်နေကြောင်းကြားသော် တစ်ဖက်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ပင်ပန်းနွမ်းနယ်နေသည့် အသံဖြင့်နောက်တစ်ကြိမ်ပြောလာခဲ့သည်။

 

 "ကျေးဇူးတင်ပါတယ်၊ ဒေါက်တာရှန်း၊ ဒီညအတွက် ကျေးဇူး တင်ပါတယ်။"

 

......

 

ဖုန်းချလိုက်ပြီးနောက် ရှန်းထင်းကျိုး ရေစိုနေသည့် ဆံပင်များအားနောက်သို့ လှန်ဖီးလိုက်ကာ ကားမောင်းပြီးထွက်လာခဲ့သည်။ သိပ်ဝေးဝေးမရောက်ခင်မှာပင် သူကားရပ်လိုက်သည်။

 

ဤကလေးသည် အမှန်တကယ်ကို ကိုင်တွယ်ရခက်လှသည် : ဒီညပြီးတာနဲ့ အလုပ်ထွက်ပစ်မယ် ! 

 

ဤသို့ဆုံးဖြတ်ချက်ချလိုက်ကာ ရှန်းထင်းကျိုး ကားပြန်လှည့်ပြီး ဗီလာတံခါးကို နောက်တစ်ကြိမ် ခေါက်လိုက်သည်။ 

 

နာနီသည် သူ့အား ထပ်မြင်ရချိန်တွင် အံ့အားသင့်သွားသည်။ 

 

ရှန်းထင်းကျိုး ထီးကိုအပေါက်ဝဘေးတွင် ပစ်ချကာ

 

“ကျနော်နဲ့ အပေါ်ကိုလိုက်လာပြီးတော့ အဲ့ကောင်စုတ်လေးကိုချုပ်ထားပေးပါ"

 

နာနီ - "အာ?" 

 

နောက်ထပ်ရှင်းပြမနေတော့ပဲ ရှန်းထင်းကျိုး အင်္ကျီလက်အား မတင်ပြီး အပေါ်ထပ်သို့တက်သွားလိုက်သည်။ 

 

တံခါးအား တွန်းဖွင့်လိုက်လျှင် ကော်ရစ်ဒါရှိ မီးအလင်းရောင်သည် မှောင်မဲနေသည့် အိပ်ခန်းထဲသို့ဖြာကျသွားသည်။

 

ရှုရွှင်းသည် အလင်းရောင်မခံနိုင်သည့် သတ္တဝါတစ်ကောင်ကဲ့သို့ပင် ရှန်းထင်းကျိုးအား ချက်ချင်းထွက်သွားရန်အော်ဟစ်လာခဲ့သည်။

 

ရှန်းထင်းကျိုး ကိုယ့်ဟာကိုယ်တွေးနေသည် : မနက်ဖြန် အလုပ်ထွက်မှာပဲကို... ငါက မင်းကို ဘာလို့ကြောက်ရမှာလဲ၊ သောက်ကလေးရ ? 

 

သူ လွှားခနဲ အထဲကိုဝင်လိုက်ကာ နက်တိုင်တစ်ခုအား ကောက် ယူပြီး ရှုရွှင်း၏လက်ကိုတုပ်နှောင်ရန် ရှေ့သို့သွားလိုက်သည်။ 

 

ရှုရွှင်းသည် ရှန်းထင်းကျိုး ဤသို့လုပ်လာမည်ကို မျှော်လင့်မထားသောကြောင့် ခဏတာအေးခဲသွားပြီး နောက်တစ်ကြိမ် ရုန်းကန်ပြန်သည်။

 

သူ ခုနစ်လကြာအိပ်ရာထဲလဲနေခဲ့သော်လည်း အရွယ်ရောက်နေသည့် ယောက်ျားတစ်ဦးဖြစ်နေဆဲပင်။ ရှန်းထင်းကျိုး တစ် ယောက်တည်း သူ့အား ဖိမထားနိုင်သောကြောင့် တံခါးဝတွင် ရပ်နေသည့် နာနီအားလှမ်းကြည့်လိုက်သည်။ 

 

"ဒီကိုလာပြီး သူ့ကို ကြိုးနဲ့တုပ်ဖို့ ကူညီပေး၊ ဒါမှ ကျနော် သူ့ခြေထောက်ကို စစ်ဆေးလို့ရမှာ။"

 

နာနီသည် သိသိသာသာပင် ကြောက်နေသော်လည်း နောက်ဆုံးတွင် ကူညီရန်လာခဲ့သည်။ 

 

--- 

 

အပြင်ဘက်တွင် လျှပ်စီးများလက်နေပြီး မိုးကြိုးပစ်နေသည်။ အတွင်းဘက်တွင်တော့ ဝရုန်းသုန်းကာဖြစ်နေသည်။

 

ရှန်းထင်းကျိုး နှင့် နာနီတို့သည် ရှုရွှင်း၏လက်ကို ခေါင်းရင်းရှိ ဘောင်တွင်ချည်နှောင်လိုက်ကြသည်။ 

 

ထိုအချိန် ရှုရွှင်းသည် ငြိမ်သွားပြီဖြစ်သည်။ သူ့ အင်္ကျီမှာ ဖရိုဖရဲဖြစ်နေကာ ကြယ်သီးနှစ်လုံးမှာ ပြုတ်ထွက်နေပြီး ဖြူဖျော့ဖျော့ အရေပြားမှာပေါ်နေသည်။

 

ခုတင်ခေါင်းရင်းဘောင်တွင် မှီထားကာ သူဟောဟဲလိုက်နေ သည်။ သူ၏အေးစက်သည့် အကြည့်မှာ လူများအားတုန်ယင်သွားစေသည်။

 

နာနီ၏မျက်ခွံမှာ တွန့်သွားပြီး သူ မြန်မြန်အခြားကိုကြည့်လိုက်ရသည်။

 

ရှန်းထင်းကျိုး သူ့အား အရင်သွားအိပ်ရန် ပြောလိုက်သည်။ "ဒါကို ကျနော် ဖြေရှင်းလိုက်မယ်။”

 

ရှုရွှင်း၏ အကြည့်အားလစ်လျှူရှုကာ သူ ရှုရွှင်း၏ဘောင်းဘီကို မတင်လိုက်ပြီး ဆေးပူလိမ်းပေးလိုက်ပြီး စတင်နှိပ်နယ်ပေး လိုက်သည်။

 

 

မိနစ်သုံးဆယ်ကျော် နှိပ်ပေးပြီးနောက်တွင် ရှန်းထင်းကျိုး၏ လက်ချောင်းများ ထုံကျဉ်နေပြီဖြစ်သည်။ 

 

သူအနားယူရန်ရပ်လိုက်ပြီး အမှတ်တမဲ့နှင့် ရှုရွှင်းအားကြည့်လိုက်သည်။

 

ရှုရွှင်း လုံးဝတည်ငြိမ်သွားပြီဖြစ်ကာ မျက်လုံးများမှိတ်ထားပြီး ချွေးစိုနေသည့် ဆံပင်များသည် သူ၏နားထင်တွင်ကပ်နေ သည်။ 

 

သူနာကျင်နေသေးသောကြောင့်ဖြစ်မည် သူ၏ချောမောသည့် မျက်နှာမှာ သဘာဝမကျစွာ ဖြူရောနေကာ မျက်လုံးအောက်ရှိ အမည်းရောင်မျက်ကွင်းများကို ပိုမိုထင်ရှားသွားစေသည်။ 

 

ဤကဲ့သို့ အရှုံးပေးကာ စိတ်ဓာတ်ကျနေသော ရှုရွှင်းအား ရှန်းထင်းကျိုး တစ်ခါမှမမြင်ဘူးခဲ့ပေ။

 

သူတို့ပထမဆုံးတွေ့ကတည်းက ရှုရွှင်းသည် အမြဲမောက်မာပြီး လျှာစောင်းထက်ကာ ရက်စက်သူဖြစ်သည်။

 

သည်းထန်နေသော မိုးထဲတွင် ခရမ်းနီရောင် လျှပ်စီးများလက်နေပြီး တစ်ခါတစ်ရံ အမှောင်ထဲရှိ ရှုရွှင်း၏ဖြူဖျော့ဖျော့ မျက်နှာအား ရောင်ပြန်ဟပ်ကာ သူ၏ စိတ်မချမ်းမွေ့ဖွယ် စိတ်ဒဏ်ရာမျာအား နက်နက်ရှိုင်းရှိုင်း ထိုးခွဲကာပြသပေးနေသကဲ့ သို့ပင်။

 

ပြင်းထန်သည့် နာကျင်မှုကြောင့်ဖြစ်နိုင်သလို့ စုပုံနေသည့် စိတ်အားငယ်မှုနှင့် ဆင်းရဲဒုက္ခများကြောင့်လည်းဖြစ်နိုင်သည်။ ဤသို့ မုန်တိုင်းထန်နေသည့် ညတွင်၊ သေချာပေါက် သူနှင့် မရင်းနှီးသည့် ရှန်းထင်းကျိုးရှေ့တွင် ရှုရွင်းသည် နောက်ဆုံးတွင် မေးခွန်းတစ်ခု မေးလာခဲ့သည်။

 

"ဘာလို့ ငါ့ကိုလဲ ?" 

 

ဘာလို့ သူ့မိဘတွေနဲ့ သူ့ကျန်းမာရေးကို တစ်ညထဲနဲ့ ဆုံးရှုံးသွားရတာလဲ ? 

 

ပြီးတော့ ဘာလို့ ဒီကားမတော်တဆမှုမှာ သူ သေမသွားခဲ့တာလဲ ? 

 

ရှန်းထင်းကျိုး၏လည်ချောင်းတွင် တစ်ခုခုတစ်ဆို့နေခဲ့သလိုပင် : ဤမေးခွန်းကို သူ မဖြေနိုင်ခဲ့ချေ။ 

 

ရှုရွှင်းသည်လည်း သူ့ဆီမှ အဖြေကို မမျှော်လင့်ခဲ့ပါချေ။ သူ့နောက်ကျောမှာ အနည်းငယ်ကွေးနိုင်ရုံမျှသာ။

 

ဆေးရုံတက်ခဲ့သည့် ခြောက်လအတွင်း ရှုရွှင်းသည် မယုံနိုင်လောက်သည့် နာကျင်မှုများကိုခံစားခဲ့ရသည်။ သူ တစ်ချိန်က ကျန်းမာသန်စွမ်းခဲ့သည့် ခန္ဓာကိုယ်မှာ မူမမှန်စွာပိန်လှီနေပြီး သူ့ကျောရိုးများမှာ အရေပြားကိုဖောက်ထွက်တော့မည့်အလားပင်။

 

ရှန်းထင်းကျိုး ရှုရွင်းအား ဤမျှကြာအောင်ကြည့်ခွင့်ရ "ခဲ" လှ သည်။

 

ရှုရွှင်းမှာ ငယ်သေးသည်ကို သူ အမြဲတမ်းသိခဲ့သည်။ သို့သော် ဤသည်မှာ ပထမဆုံးအကြိမ် သူသည် လူငယ်လေးသာဖြစ် ကြောင်း သူအမှန်တကယ် ခံစားမိလိုက်ခြင်းပင်။

 

ကောင်းကင်ဘုံ၏သားတော်အဖြစ် အမြဲချောမွေ့စွာရွက်လွှင့်နိုင်ခဲ့သည့် ရှုရွှင်းသည် သူ့အသက်က ၂၄ နှစ်တွင် ကံဆိုးလှသည့် ဒုက္ခအားကြုံတွေ့ခဲ့ရသည်။