Ch 2
Viewers 66

🍭 Chapter 2

🍭 Wealthy Couple (2)

 

 

 

နိုင်ငံခြားသို့ သုံးလကြာသွားပြီးနောက် ချီဗီလာတွင် သူ၏အကြီးအကဲများနှင့်တွေ့ဆုံရန် သူနှင့်အတူရက်အတန်ငယ်ကြာသွားနေပေးရမည်။ ဆိုလိုသည်မှာ ထိုနေ့ရက်များ၌ သူမ၏နေ့စဉ် စား၊ သောက်၊ ဈေးဝယ်ထွက်ခြင်းတို့အား မုဆိုးမတစ်‌ယောက်ကဲ့သို့ ခေတ္တရပ်ဆိုင်းထားရပေလိမ့်မည်။

 

 

ချီချန်းရန် ပြည်ပထွက်သွားခဲ့သည်မှာ သုံးလခန့်ရှိပြီဖြစ်ပြီး ထိုလူပြန်မလာမှာ မကြောက်ဘူးလားဟု သူငယ်ချင်းဖြစ်သူမှ ယခင်နေ့ WeChat တွင် မက်ဆေ့ခ်ျတစ်စောင်ပေးပို့လာခဲ့သည်။

 

 

လုလီ ဒါကိုလှောင်ပြောင်ခဲ့သည်။ ချီချန်းရန်သည် ချင်ရုံအား သူမလက်ထောက်အဖြစ် စီစဉ်ပေးချိန်ကစ သူမဘယ်လောက်ထိစောင့်ကြည့်ခံနေရသည်ဆိုတာကို သူမသိသည်။ ချင်ရုံသည် သူ့လူဖြစ်သော်ငြား၊  ယောက်ျားတစ်ယောက်က မင်းရဲ့ချစ်စရာကောင်းတဲ့ ဇနီးနောက်ကို နေ့တိုင်းလိုက်ပါခွင့်ပေးးတာမျိုး သာမာန်အမျိုးသားတွေဆို ဒီလိုမလုပ်နိုင်ချေ။

 

သို့သော် ချီချန်းရန်မှ ချင်ရုံအားပေးပို့လာသောကြောင့် သူမ ပေးရန်မလိုအပ်ပေ။ ထို့ပြင် လုလီသည်လည်း ပြန်မပေးခဲ့ချေ။ အဆုံးတွင်၊ သူသည် ချီချန်းရန် စီစဉ်ပေးထားသော လက်ထောက်တစ်ဦးဖြစ်ပြီး သူ၏လုပ်ဆောင်နိုင်စွမ်းကိုအာမခံခဲ့သည်။

 

ထို့ပြင် သာမာန်အမျိုးသားများသည် ထိုသို့သောအမှုကို မလုပ်နိုင်ကြသော်လည်း ချီချန်းရန်သည် သာမန်လူမဟုတ်သလို သူမတို့သည် သာမန်စုံတွဲမဟုတ်ကြပေ။

 

ယခုနှစ်သည် ချီချန်းရန်နှင့် လုလီတို့၏အိမ်ထောင်ရေး ဒုတိယနှစ်ဖြစ်သည်။

 

လွန်ခဲ့သည့် နှစ်နှစ်ခန့်က လုမိသားစုနှင့် ချီမိသားစုတို့ စီးပွားရေးအရလက်ထပ်ထိန်းမြားခြင်းသည် ဖျော်ဖြေရေးနယ်ပယ်နှင့် စီးပွားရေးနယ်ပယ်ထဲ စိတ်လှုပ်ရှားဖွယ်ကောင်းသောရာစုနှစ်၏ ကြည်နူးဆွတ်ပျံ့ဖွယ်မင်္ဂလာပွဲတစ်ခုဖြစ်ခဲ့သည်။

 

လုလီသည် ဟောင်ကောင်မှဖြစ်သည်။ သူမ၏ဖခင် လု ဟမ်ရုန်သည် ဟောင်ကောင်ရှိနာမည်ကြီး အိမ်ခြံမြေငါးမန်းဖြစ်သည်။ သူ့အမေက နာမည်ကြီး ဟောင်ကောင်ရုပ်ရှင်မင်းသမီးဖြစ်ပြီး သူမသည် ရုပ်ရှင်သမိုင်းတွင် ဂန္တဝင်တွင်ရုပ်ရှင်များစွာချန်ထားခဲ့ပြီး ဖျော်ဖြေရေးအသိုင်းအဝန်းမှနုတ်ထွက်ကာ ထိုနှစ်တွင် လုလီကို မွေးဖွားခဲ့သည်။

 

မိခင်ဖြစ်သူကြောင့် လုလီသည်ငယ်ငယ်လေးကတည်း က သတင်းထောက်များထံမှ လိုက်လံဖမ်းဆီးခြင်းခံခဲ့ရသည်။ သူမ ပထမဆုံးမွေးနေ့ပွဲကို ကျင်းပချိန်မှာတော့ သူမရဲ့ပါတီပွဲကိုကျင်းပခဲ့ပြီး သတင်းထောက်တစ်ယောက်သည် ပြတင်းပေါက်မှ ဓာတ်ပုံရိုက်ဖို့ သစ်ပင်ပေါ်တက်ခဲ့သည်။ သုံးနှစ်သားအရွယ်ညသူငယ်တန်းသို့ရောက်သောအခါ သတင်းထောက်သည် သူငယ်တန်းပြတင်းပေါက်တွင်ရှိနေပြန်သည်။ အသက်ကြီးလာသည့်အခါ သူ့အမေ သူ့အား ကျောင်းကြိုလာသည်။  ဓာတ်ပုံထဲကမိန်းကလေးသည် မိခင်ဖြစ်သူ၏ အသွင်အပြင်ကို အပြည့်အဝအမွေဆက်ခံခဲ့ပြီး လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။

 

 á€œá€Żá€œá€Žáá€™á€­á€á€„်သည် သူမ ဖခင်၏တတိယမြောက်ဇနီးဖြစ်ပြီး သူ့ထံ ဖအေတူမကွဲအစ်ကိုနှစ်ယောက်ရှိသည်။  လုလီ ငယ်စဉ်ကလေးဘဝကတည်းက မိသားစုစီးပွား ရေးအမွေကို အစ်ကိုများထံပေးအပ်မည်ဟုသိထားပြီး သူမအနေနှင့် ချမ်းသာသောမိန်းမတစ်ယောက်အနေဖြင့် အရာအားလုံးကို ပျော်ရွှင်စွာခံစားရန်သာလိုအပ်ပြီး အရွယ်ရောက်သောအခါ မိသားစုစီစဉ်မှုအတိုင်းလိုက်နာကာ ချမ်းသာသောမိသားစုမှ သားဖြင့်လက်ထပ်ကာ ချမ်းသာသော အမျိုးသမီးမှသည် ချမ်းသာသော မဒမ်အဖြစ်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။

 

 á€’ဎအဥတွက် ဘာမှမှားယွင်းခြင်းမရှိပေ။ တချို့သာ အဆင့် အတန်းမရှိသည့်သူကိုလက်ထပ်ပြီး စစ်မှန်သည့်အချစ်အတွက် တိုက်ပွဲဝင်ချင်ကြသည့် ချမ်းသာသောအမျိုး သမီးများအား ဒရာမာများ၌သာမြင်တွေ့ရမည်ဖြစ် သည်။ လုလီသည် အိမ်ထောင်ပြုသည်မှာ Single ဖြစ်ခြင်းနှင့်အတူတူဟုသာ ခံစားရသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူမ အခြားတစ်နေရာတွင် နေထိုင်ရမည်ဖြစ်သည်။ ချမ်းသာသော မိသားစုများစွာရှိပြီး သူမအရွယ် သခင်ငယ်များစွာရှိသည်။ တစ်ယောက်နှင့်တစ်ယောက်မသိလျှင်ပင် တစ်ဖက်လူရဲ့နာမည်ကို လူတိုင်းကြားဖူးနားဝရှိကြမည်ပင်။ ဘယ်သူနဲ့ပဲ လက်ထပ်ပါစေ၊ သူမ ပြောင်းလဲမည်မဟုတ်ပေ။

 

ရလဒ်အနေဖြင့် သူမ အစ်ကိုနှင့် ဖခင်ဖြစ်သူထံ ထိုသို့  ကွဲပြားသည့် အတွေးမျိုးရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။ လက်ထပ်ပြီးသောအခါ သူမသည် မွေးရပ်မြေမှတိုက်ရိုက်ခုန်ဆင်းကာ စီးပွားရေးနှင့်ယဉ်ကျေးမှုနယ်ပယ်ဗဟိုချက်ဖြစ်သော S City သို့လက်ထပ်ခဲ့ရသည်။

 

ထိုလက်ထပ်ပွဲသည် ဟောင်ကောင်တစ်မြို့လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး လူတိုင်းထိတ်လန့်သွားသည်။ ထို့နောက် လုမိသားစုထံ နည်းလမ်းနှင့် ရည်မှန်းချက်များရှိကြောင်းပြောဆိုကြသည်။

 

ပေါ်လစီအကြောင်းပြချက်ကြောင့် ဟောင်ကောင်မြို့သည် သီးခြားရပ်တည်မှုရှိသည်။ မကြာသေးမီနှစ်များအတွင်း ဟောင်ကောင်အခြေစိုက်ကုမ္ပဏီများသည် တဖြည်းဖြည်း မြောက်ပ်ုင်းသို့ တိုးလာသော်လည်း ယင်းသည် ယာယီလမ်းကြောင်းတစ်ခုမျှသာဖြစ်သည်။ လု မိသားစုကဲ့သို့ တိုက်ရိုက်လက်ထပ်ခြင်းမှာ ပထမဆုံးပင်။