Ch 3
Viewers 63

🍭 Chapter 3

🍭 Wealthy Couple (3)

 

 

မြေအောက်ကားဂိုဒေါင်ထဲ ဇိမ်ခံကားများ စီတန်းနေပြီး Rolls-Royce ကားတစ်စီး ချောမွေ့စွာ ပါကင်ထိုးလာသည်။

 

ပထမဆုံး ချင်ရုံဆင်းလာပြီး လုလီအားကားတံခါးဖွင့်ပေး လိုက်သည်။

 

လုလီငေးငိုင်နေရာမှ လန်းဆန်းလာပြီး ကားပေါ်မှဆင်းကာ ဓာတ်လှေကားပေါ်တက်လာခဲ့သည်။

 

ဤအခန်းသည် မြို့လယ်ခေါင်တွင် တည်ရှိပြီး စုစုပေါင်း ၅၂၀ စတုရန်းမီတာကျယ်ဝန်းကာ S မြို့တော်၏ငွေကြေးဗဟိုချုပ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သောနေရာလည်းဖြစ်သည်။ ၎င်းကို လုဟမ်ရုန်မှလွန်ခဲ့သော သုံးနှစ်ခန့်က ယွမ် ၁၉၀ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သမီးဖြစ်သူ လုလီနှင့် ချင်ချန်းရန်တို့ လက်ထက်ပြီးနောက်နေထိုင်ရန်  မင်္ဂလာလက်ဖွဲ့အဖြစ် သတ်ညမှတ်ခဲ့သည်။

 

လုလီ အိမ်ထောင်ပြုပြီးကတည်းက ဤနေရာတွင်နေထိုင်ခဲ့ပြီး ချင်ချန်းရန်လည်း နိုင်ငံခြားမသွားသည့်အချိန်များတွင် ဤနေရာ၌ပင် နေထိုင်လေ့ရှိသည်။

 

ချင်ရုံ သူမအား တံခါးနားအထိလိုက်ပို့ပေးပြီးနောက်နှုတ် ဆက်ကာပြန်သွားသည်။ လုလီ ဒုတိယထပ် အိပ်ခန်းဆီသို့ တက်လာကာအိတ်ကို အိပ်ရာပေါ်ပစ်တင်လိုက်သည်။ ထို့ နောက် သူအိပ်ရာအစွန်းမှာထိုင်ပြီး နောက်ပြန်လှဲချကာ နံဘေးရှိ ခေါင်းအုံးကိုကောက်ယူလိုက်သည်။

 

ဒုတိယထပ်တစ်ခုလုံးသည် အဓိကအိပ်ခန်းဖြစ်သော်လည်း အိမ်အား ဒီဇိုင်ရေးဆွဲသူသည် လူ့သဘာဝကို နားလည်ဟန်ရှိသည်။ ချမ်းသာသောစုံတွဲရဲ့ အဆင့်အတန်းကို ထည့်သွင်းစဉ်းစားကာ အဓိကအိပ်ခန်းနှစ်ခုပါတဲ့ ဒီဇိုင်းကိုရေးဆွဲခဲ့သည်။ အိပ်ခန်းနှစ်ခုရဲ့အလယ်မှာ ရေချိုးခန်းနဲ့အိမ်သာကို မျှဝေသုံးစွဲလို့ရပြီး အလယ်တံခါးဖွင့်လိုက်ပါက အိပ်ခန်းနှစ်ခုသည် ဆက်သွယ်သွားပြီးပိတ်လိုက်ပါက လင်မယားနှစ်ဦးကို သီးသန့်နေ ရာများအဖြစ် ဖန်တီးပေးထားသည်။

 

လုလီနှင့်ချင်ချန်းရန်တို့ဟာ သီးခြားအိပ်ခန်းများတွင်သာ နေထိုင်ကြပြီး အလယ်တံခါးကို ပုံမှန်အားဖြင့် ပိတ်ထားလေ့ရှိသည်။

 

လုလီသည် ဤအိပ်ခန်းနှစ်ခုကို အမြဲတမ်းအမျိုးသား Bedroom နှင့် အမျိုးသမီး Bedroom ဟု ခေါ်ဝေါ်လေ့ရှိသည်။

 

ယခုအခါ လုလီသည် အမျိုးသမီး Bedroom အတွင်းက အိပ်ရာပေါ်မှာ လှဲလျောင်းရင်း ခေါင်းအုံးကိုဖက်ထားကာ Weibo ကိုလှန်လှောကြည့်နေသည်။

 

လုလီ၏ Weibo တွင် ပရိသတ်အရေအတွက် များများစားစားမရှိလှ။ သူမသည် ဖျော်ဖြေရေးကြယ်ပွင့် တစ်ဦးမဟုတ်သည့်အတွက် ပရိသတ် ၉၀၀,၀၀၀ ခန့်သာရှိသည်။ သို့သော်

ရှိနေသည့် Follower အကုန်လုံးမှာ တက်ကြွသောပရိသတ်များဖြစ်ကြသည်။ သူ Show ပွဲကြည့်နေတဲ့ ပုံကို တင်လိုက်သည်   နှင့် တစ်ပြိုင်နက် Like အရေအတွက် ၁၀,၀၀၀ ကျော်သွားပြီး comment တိုင်းမှာလည်း ချီးကျူးသောစကားများဖြင့် ပြည့်နှက်လို့နေသည်။

 

သူမ တက္ကသိုလ်မှ ဘွဲ့ရပြီးသည့်နှင့်အိမ်ထောင်ကျခဲ့သည်။ အိမ်ထောင်ပြုပြီးနောက် ဘာမှမလုပ်ဘဲ ချမ်းသာသောမိသားစုရဲ့ စံပြဘဝကိုသာ ဖြတ်သန်းနေခဲ့သည်။ သူမ ပျင်းရိလာပြီး social media account တစ်ခုဖွင့်ကာ ကြယ်ပွင့်များကိုလိုက် လံကြည့်ရှုရန် ရည်ရွယ်ခဲ့ပေမယ့် ပရိသတ်များက ရှာဖွေတွေ့ရှိပြီးနောက် Personnal Blogger တစ်ယောက်ဖြစ်လာခဲ့သည်။ သူမ၏ account ထဲတွင် အလှအပရေးရာအကြောင်းများနှင့်နေ့စဉ်ဘဝမှ အကြောင်းအရာများကိုမျှဝေလေ့ရှိသည်။

 

လုလီ ချီးမွမ်းစကားများဖြင့်ပြည့်နေသော comment တွေကို ဖတ်နေရင်း ထူးခြားသော comment တစ်ခုကို တွေ့လိုက်ရသည်။

 

["ဒီနေ့ ချင်ချန်းရန်ရဲ့မွေးနေ့မဟုတ်ဘူးလား ? လုလီ ဒီမှာ ဘာလို့ Show လာကြည့်နေတာလဲ ? လုံးဝ အတုအယောင်ဆန်လိုက်တာနော်"]

 

လုလီ  comment ပြန်လိုက်သည်။ ....???

 

သူမ အံ့သြသွားရသည်မှာ အတုအယောင်ဆန်သည့်စကားမဟုတ်ဘဲ မွေးနေ့ဟူသော စကားကြောင့်ပင်ဖြစ်သည်။

 

 

ဒီနေ့ ချင်ချန်းရန် ရဲ့မွေးနေ့လား? ဘာလို့ ငါ့ကို ဘယ်သူမှမပြောကြတာလဲ?

 

ချင်ချန်းရန်ရဲ့မွေးနေ့က ဘယ်နေ့လဲ ?

 

လုလီ ချက်ချင်းပဲ encyclopedia ကို သွားယူပြီး ရှာဖွေလိုက်သည်။ အမှန်ပဲ ဒီနေ့က ချင်ချန်းရန်ရဲ့ Gregorian မွေးနေ့ဖြစ်နေသည်။

 

သို့သော် ချီမိသားစုသည် ရိုးရာဓလေ့ကို ပိုမိုလိုက်နာလေ့ရှိပြီး ချင်ချန်းရန် ဘိုးဘွားများမှစကာ သူတို့ရဲ့မွေးလများကိုသာအမြဲအသုံးပြုကြပြီး Gregorian မွေးနေ့ကိုအလေးမထားကြပေ။

 

လုလီ စိတ်သက်သာရာရသွားပြီး Weibo ကို ပြန်သွားကာ ဆက်လက်လှန်လှောကြည့်နေမိသည်။

 

အရှေ့ပိုင်းက comment ကို like အများအပြားပေးထားပြီးအောက်တွင် အဖြေများစွာရှိနေသည်။

 

[အပေါ်က မှတ်ချက်က နာမည်ကြီးစုံတွဲအတုအယောင်တွေနဲ့ပတ်သက်ပြီးတစ်စုံတစ်ခု လွဲမှားတဲ့ကောက်ချက်ချမှုမျိုးရှိနေတာလား? သူ့လောင်ကုန်းရဲ့မွေးနေ့က Show ပွဲလောက်တောင် အရေးမပါတော့ဘူးလို ဆိုလိုတာလား?]

 

[ဒါ မိသားစုမိတ်ဖက်အိမ်ထောင်ရေးမှန်း အသိသာကြီးပဲလေ၊မနှစ်က T University ရဲ့ ပရဟိတပွဲမှာလည်းသူတိုနှစ်ယောက်ခပ်ခွာခွာဖြစ်နေကြတာ မှတ်မိသေးတယ်၊ သူတိုကို ကြည့်ရတာတစ်ယောက်နဲ့ တစ်ယောက်မရင်းနှီးကြသလိုပဲ၊ ဓာတ်ပုံအပုံသုံးဆယ်လောက်သာ ထွက်လာတယ်  သူတိုပူးပူးကပ်ကပ် ရှိနေတဲ့ပုံ တစ်ပုံမှကိုမပါဘူး၊]

 

[အမှန်ပဲ! ပြီးတော့ သူတို မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေ မှတ်မိသေးတယ်၊ သောက်ကျိုးနည်း အဲ့လို သတို့သားနဲ့သတိုသမီး အသက်မပါပဲ နမ်းနေကြတဲ့ပုံကို ဒါ ပထမဆုံးမြင်ဖူးတာပဲ]

 

[ဟိုးတစ်လောကလည်း လီကျဲ့ သူ့လောင်ကုန်းနဲ့ဟောင်ကောင်သွားတုန်းက ပါပါရာဇီ ရိုက်ထားတဲ့ပုံတွေတက်လာသေးတယ်နော်၊အဲ့တုန်းကလည်း ကိုယ်ပိုင်ဂျက်လေယာဉ်တစ်ယောက် တစ်စီးစီနဲ့  သက်သက်သွားကြတာ]

 

[ကိုယ်ပိုင်ဂျက်လေယာဉ်တစ်ယောက် တစ်စီးစီနဲ့ ချမ်းသာတဲ့သူတွေကြတော့လည်း ပိုက်ဆံတွေကိုဖြုန်းတီးနေလိုက်ကြတာ…]

 

 

[ရုပ်ရည်ပိုင်းရောငွေရေးကြေးရေးပါ အဘက်ဘက်ကပြည့်စုံနေတာ သူတိုဆက်ဆံရေးသာဒီထက်ပိုကောင်းခဲ့ရင် နေနဲ့လ ရွှေနဲ့မြလို လုံးဝလိုက်ဖက်ညီနေမှာ ]

 

[ဒီစုံတွဲကို ပထမဆုံးတစ်ခေါက်မြင်ကတည်းက အတုယောင်မှန်းအသိသာကြီး၊ Ro ဖို့ ချိုဖို့ဆိုတာ ဝေးသာဝေးပဲ!]

 

 

Weibo ပေါ်တွင် ထိုသို့ မကောင်းသတင်းတွေကို ဖတ်လိုက်ရသောအခါ လုလီ၏နှုတ်ခမ်းများအနည်းငယ်တုန်ခါသွားခဲ့သည်။

 

ချီမိသားစုသည် အများသူငှာ မထင်ရှားလိုသော သဘောရှိပြီး ချင်ချန်းရန်လည်း လူများသောနေရာများတွင် မကြာခဏမတွေ့ရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ လုလီ  အိမ်ထောင်ပြုပြီးနောက် ပိုင်းထင်ထင် ပေါ်ပေါ်မနေခဲ့ပေမယ့် ပရိသတ်များရဲ့စူးစမ်းလိုစိတ်ကို မထိန်းနိုင်ခဲ့ပေ။ လက်ထပ်ပွဲတွင် ရိုက်ကူးထားသော အနမ်းဓာတ်ပုံများမှစ၍ ၎င်းတို့နှစ်ဦး၏ဆက်ဆံရေးသည် အတင်းအဖျင်းများနဲ့  ပရိသတ်အာရုံစိုက်မှုများရဲ့ ဗဟိုချက်ဖြစ်ခြင်းမလှဖြစ်လာခဲ့တော့သည်။

 

ဤစုံတွဲသည် T တက္ကသိုလ်၏ ရန်ပုံငွေပြပွဲတွင် တစ်ကြိမ်တည်းသာ လူမြင်ကွင်းထဲထွက်လာခဲ့ခြင်းဖြစ်သည်။ ချင်ချန်းရန်သည် T တက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး ကျောင်းအတွက် ရန်ပုံငွေအဖွဲ့တစ်ခု ထူထောင်ခဲ့သည်။ လုလီသည် ဇနီးဖြစ်သူအနေနှင့်တက်ရောက်ခဲ့သော်လည်း ပွဲတစ်လျှောက်လုံး သူတို့နှစ်ဦးအကြားလုံးဝဆက်သွယ်မှုမရှိခဲ့ကြ။ နောက်ဆုံးဓာတ်ပုံရိုက်တဲ့အချိန်တွင်လည်း တစ်ဦးက ဘယ်ဘက်၊ တစ်ဦးက ညာ ဘက်တွင်သီးခြားရပ်နေကြပြီး အလယ်တွင် လွတ်နေသော နေရာတစ်ခုရှိနေခဲ့သည်။ ပွဲပြီးနောက်ထွက်ပေါ်လာသောဓာတ် ပုံများတွင် လုလီနဲ့ ချင်ချန်းရန်တို့ဟာ တစ်နှစ်ကြာအိမ်ထောင် ကျပြီးသော စုံတွဲတစ်တွဲနှင့် မတူဘဲ သူစိမ်းတွေလိုဖြစ်နေကြသည်။

 

 

နောက်ပိုင်းတွင် ချင်ချန်းရန် တစ်ဦးတည်း အင်တာဗျူးများဖြေဆိုခဲ့ပြီး လုလီကလည်း လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်လှုပ် ရှားမှုအကြောင်းများကိုတင်ခဲ့သည်။ သို့သော် သူတို့နှစ်ယောက်သည်တစ်ယောက်အကြောင်း တစ်ယောက်ဘယ်သော အခါမှ မဖော်ပြခဲ့ပဲ အင် တာဗျူးနေချိန် လုလီအကြိုက်ဆုံးအရောင်ကိုပင် ချင်ချန်းရန် မသိခဲ့သလို လုလီ၏ Weibo တွင်လည်း ချင်ချန်းရန်နှင့်သက်ဆိုင်သည့် အကြောင်းအရာတစ်ခု တစ်လေမျှပင်မတွေ့ရပေ။

 

သူတို့နှစ်ဦးသည် မိဘအိမ်သို့ သီးသန့်အချိန်တွင် ပြန်သွားစဉ် အကြိမ်ကြိမ်ဓာတ်ပုံရိုက်ခံခဲ့ရသည်။ သူတို့သည် တစ်ယောက်နောက် တစ်ယောက် ခပ်ခွာခွာလျှောက်သွားကြသည်။ ပိုမိုကောင်းမွန်သော စကားလုံးဖြင့်ဖော်ပြရလျှင် အေးစက်ပြီး ကင်းကွာသည့်အပြုအမူမျိုး၊ တိတိကျကျပြောရရင် ပျင်းစရာကောင်းလှပေသည်။ ဤခံစားချက်များသည် ဖန်သားပြင်မှတစ်ဆင့် ထင်ရှားစွာပေါ်လွင်လို့နေသည်။

 

Weibo တွင် အချိုမြိန်ဆုံး  စုံတွဲများအတွက် မဲပေးသည့်စစ် တမ်းတစ်ခုပြုလုပ်ခဲ့သလို မကြာသေးမီကလည်း အခြားဘလော့ဂါတစ်ဦးက အတုအယောင်အဆန်ဆုံးစုံတွဲများအတွက် မဲပေးတဲ့စနစ်တစ်ခု ပြုလုပ်ခဲ့သည်။ စုစုပေါင်း စုံတွဲလေးတွဲကို စာရင်းပြုစုခဲ့ပြီး လုလီနဲ့ချင်ချန်းရန်မှလွဲ၍အခြားသုံးတွဲတွင် သူတို့ရဲ့ CP အမည်များရှိခဲ့သည်။ ရလဒ်ထွက်ပေါ်လာသော အခါ ဖျော်ဖြေရေးလောကတစ်ခုလုံးအံ့အားသင့်ခဲ့ရသည်။လုလီနဲ့ချင်ချန်းရန်တို့ကို အလွန်နည်းပါးစွာမြင်တွေ့ရသော်လည်း အခြားသုံးတွဲထက် မဲအရေအတွက်အလွန်များပြားစွာရရှိခဲ့ပြီး နံပါတ်တစ် အတုအယောင်စုံတွဲအဖြစ်ရွေးချယ်ခံခဲ့ရသည်။

 

ပရိသတ်အမြင်တွင် အဆိုပါစုံတွဲ၏ဆက်ဆံရေးသည် တခြားသူမျလို ဆက်ဆံရေးကောင်းမွန်မနေသောကြောင့်ဖြစ်သည်။

 

ထိုအချိန်က လုလီသည် သူမရဲ့အာရုံ စိုက်မှုကို ခံယူထားသော သရုပ်ဆောင်အတွက် ပွဲတစ်ခုဖွင့်နေချိန်ဖြစ်သည်။ သူမနှင့်ချင်ချန်းရန်တို့သည် နံပါတ်တစ် အတုအယောင်စုံတွဲအဖြစ် ရွေးချယ်ခံရသည်ကို ကြားသိရသောအခါ သူမ အလွန်အေး ဆေးစွာရှိနေပြီး ဒါကို သင့်တော်သောရလဒ်ဟုပင် ခံစားမိခဲ့သည်။

 

အနည်းဆုံးတော့ ဒီပို့စ်မတိုင်မီက ပရိသတ်များသည် သူမကို တကယ်ချစ်ခဲ့ကြသည်။ သူမနဲ့ချင်ချန်းရန် တို့သည် တစ်ဦးကိုတစ်ဦး တစ်ခါမျှ ချစ်ခဲ့ဖူးခြင်းမရှိပေ။

 

လုလီအတွက် ဒီတိုင်းဆက်နေလည်း အဆင်ပြေသည်ဟုထင် မြင်ယူဆသည်။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ အဆင်ပြေနေသည်မဟုတ်ပါလား ? သူ့မိခင်ဖြစ်သူ ဖျော်ဖြေရေးလောကကနေရုန်းထွက်ပြီး ချမ်းသာသည့်မိသားစုတစ်ခုနှင့်လက်ထပ်ဖို့အတွက် အရာအားလုံးကိုလုပ်ဆောင်ခဲ့သည်။ ဒါတွေက ဘာကြောင့်လဲ ?

 

ကံမကောင်းစွာပဲ ချင်ချန်းရန်အလုပ်ခရီးထွက်ပြီး သုံးလအကြာ ဒီနေ့ပြန်ရောက်မည်ဖြစ်သည်။

 

ဤသည်ကို တွေးမိတော့ လုလီ နည်းနည်းတော့စိတ်အနှောင့် အယှက်ဖြစ်ရသည်။

 

ချင်ချန်းရန် ပြန်လာခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရခြင်းမဟုတ်ပဲ သူပြန်လာပြီးနောက် သူ့မိဘများထံ သူနှင့်အတူသွားရောက်တွေ့ဆုံရမည်ဖြစ်သောကြောင့်ဖြစ်သည်။

 

လူကြီးတွေ မည်သို့မြင်ချင်သည်ကို သူ သိပေမယ့်တစ်လော ကလုံးကတော့ သူနှင့်ချင်ချန်းရန်ကို အတုအယောင်စုံတွဲအ ဖြစ်လက်ခံထားပြီးဖြစ်သည်။ သူ့မိဘများမှလည်း ဒါကိုမသိပဲရှိပါ့မလား ?

 

ဤသည်မှာ ချမ်းသာတဲ့အသိုင်းအဝိုင်းက မျက်နှာဖုံးအတုဖြစ်နိုင်တယ်လို့ လုလီတွေးမိသည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦး အတုအယောင်စုံတွဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အရေးမကြီးလှ။ သူတို့ အတူတူ သွားလာနေထိုင်ရမှာဖြစ်သည်။

 

သူမ အနည်းငယ် သက်သောင့်သက်သာပြန်ဖြစ်သွားကာ ဖုန်းကိုကောက်ယူပြီး comment များကို ပြန်လည်ကြည့်ရှုခဲ့သည်။

 

အားလုံးက နံပါတ်တစ်အတုအယောင်စုံတွဲသည် နှစ်နှစ်ကြာ အိမ်ထောင်ကျပြီးဖြစ်သော်လည်း အလွန်အတုအယောင်ဖြစ်နေပြီး CP အမည်တစ်ခုတောင်မရှိကြောင်း ခံစားနေကြသည်။

 

တစ်ချိန်တည်းတွင် အမြင်များကွဲပြားလာခဲ့သည်။

 

[မင်္ဂလာဆောင်ပြီးတော့ သူတို သီးသန့်အချိန်တွေမှာ နမ်းဖူးကြလား ?]

 

[မဖြစ်နိုင်တာ၊ ပွဲတုန်းက ခပ်ခွာခွာနေကြတာ နင်တို့ အမြင်ပဲလေ၊ သူတို အသားချင်းတောင် မထိကြဘူး]

 

[သူတို ပုံမှန်ချိန်ဆို အတူနေဖြစ်ကြလား ?]

 

[တစ်ယောက်နာမည် တစ်ယောက်အလွတ်ရေးတက်ကြလား?]

 

[သူတို အချင်းချင်း WeChat ဖုန်းနံပါတ်တွေ‌ရော ဖလှယ်ထားကြရဲ့လား?]

 

အတုအယောင်စုံတွဲကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး ထင် ကြေးများ ပိုပိုများလာသည်။ နှစ်‌ယောက်သားအနမ်းပေးသည်မှ အစ WeChat နံပါတ်အထိ အကြောင်းအရာအစုံပါဝင်နေ သည်။ လုလီ ထိုမှတ်ချက်တွေကို ကြည့်ရင်းဖုန်းကိုင်ကာ အလိုမကျဘဲ သုန်မုန်နေသော အဘွားကြီးတစ်ယောက်၏အမူအရာမျိုးနှင့် အလွန်ဆင်တူနေသည်။

 

နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှ အဆုံးစွန်သော မှတ်ချက်ကိုပေးလာခဲ့သည်။