Ch 4
Viewers 65

 

🍭 Chapter 4

🍭 Damned Couple (1)

 

 

စိတ်ဝင်စားဖွယ် မှတ်ချက်များမှာ အမြဲ လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ကြောင်း အချက်အလက်များမှသက်သေပြနိုင်ခဲ့သည်။  ထိုမှတ်ချက်တက်လာသည်နှင့် အင်တာနက်သုံးစွဲသူများ၏အာရုံစိုက်မှုကိုခံခဲ့ရသည်။

 

[သူတို့အိမ်ထောင်ရေး ဘယ်လိုအခြေအနေပဲရှိရှိ မင်္ဂလာဦးညကိုတော့ သေချာပေါက်ဖြတ်သန်းခဲ့ကြမှာပဲ၊ မဟုတ်ရင် ဒါကိုလက်ထက်တယ်လို့ ခေါ်လို့မရဘူး]

 

[ငါတော့ မထင်ဘူး။ ပွဲတုန်းကတောင် တစ်ယောက်နဲ့တစ်ယောက် အသားချင်းထိမှာ သေမလောက်ကြောက်နေတာ၊ အတူတူဓာတ်ပုံတောင်တွဲမရိုက်ချင်ဘူး]

 

[တကယ်သာဆို စိတ်မကောင်းစရာပဲ၊ လုလီက ကလေးမွေးဖွားဖို့ အကောင်းဆုံးအနေထားမှာရှိနေတယ်၊ ပထမဆုံးရတဲ့ကလေးဆို မအေထပ်တောင် ပိုချောမှာသေချာတယ်၊ ဒီလိုအလှတရားကို အိမ်မှာထားရင် ဘယ်ယောက်ျားမှကိုယ့်ကိုယ်ကိုထိန်းနိုင်မှာမဟုတ်ဘူး]

 

[ဒါမှမဟုတ် ချင်ချန်းရန်က လိင်တူကြိုက်တဲ့သူများဖြစ်နေမလား?]

 

လုလီ မှတ်ချက်များကိုဖတ်ရင်း မျက်လုံးများပင် ပြူးထွက်လာသည်။

 

ဒီလူတွေက ဂရုမစိုက်သင့်တဲ့ စုံတွဲအတုအယောင်တွေကို ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားနေကြတာလဲ ?

 

လုလီသည် ခေါင်းကို ငုံ့ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ထိုမှတ်ချက်များကို ဆက်မဖတ်တော့ဘဲ အခြားအကောင့်ကို စစ်ဆေးရန်ဆုံးဖြတ်ခဲ့သည်။

 

သူမ၏ username မှာ 'Pear-Flavored Little Fairy' ဖြစ်ပြီး သူမသည် အနုပညာရှင်များကို အထူးစိတ်အားထက်သန်စွာ အားပေးသူဖြစ်သည်။

 

လုလီ  ငယ်စဉ်ကတည်းကပင် ကြယ်နောက်လိုက်ရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး အယ်လ်ဘမ်များဝယ်ယူခြင်း၊ ဖျော် ဖြေပွဲများ တက်ရောက်ခြင်းနှင့် လက်ဆောင်ပစ္စည်းများ ဝယ်ယူအားပေးခြင်းဖြင့် သူ သဘောကျသော idol များကို ဘက်ပေါင်းစုံမှ ပံ့ပိုးပေးခဲ့သည်။သို့သော်ငြားလည်း အများစုမှာ လိင်မှုကိစ္စများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ဖြင့် အဆုံး သတ်လေ့ရှိသည်။ သို့ဖြစ်ရာ နောက်ပိုင်းတွင် သူ၏ရူးသွပ်သော အတွေးအမြင်များ ပြိုပျက်သွားခဲ့ပြီး ယခုအခါတွင် သူမ၏ကြယ်နောက်လိုက်ချင်သည့် ဝါသနာကို ပုံစံပြောင်းလဲခဲ့သည်။

 

Idol အဖွဲ့မှသည် သရုပ်ဆောင်အသစ်၊ အဆိုတော်အသစ် အားလုံး သူ့ စိတ်အာရုံအားဖမ်းစားနိုင်သရွေ့ အကုန် သူ့ Idol တွေအဖြစ်သတ်မှတ်ထားသည်။

 

 

သူမတွင် နံရံအများအပြားရှိနေသရွေ့ မည်သည့်အရာကမှ သူမအား ထိခိုက်စေမည်မဟုတ်ပေ။ တစ်ယောက် ပြိုလဲသွားရင် နောက်ထပ်တစ်ယောက် ထပ်လိုက်လို့ရသေးတယ် မဟုတ်ပါလား?

 

လုလီသည် အနုပညာရှင်များကို အား ပေးရာတွင် အလွန်ရက်ရောသူဖြစ် သည်။ သူမသည် အယ်လ်ဘမ်များနှင့်ရုပ်ရှင်လက်မှတ်များ ဝယ်ရန် ရံပုံငွေရှာဖွေရာတွင် ရက်ရောသည်။ သူမ ကြိုက်သည့်အရာဆို မည်မျှပင်ကုန်ပါစေ အကုန်ခံနိုင် သည်။ ထိုသို့ ရက်ရောမှုတို့ကြောင့် နောက်ပိုင်းတွင် အခြားသော fan အကောင့်များစွာ၏ အာရုံစိုက်မှုကို တဖြည်းဖြည်း ဆွဲဆောင်နိုင်ခဲ့ပြီးနောက် ပိုင်းတွင် သူမ၏ပရိသတ်များဖြစ် လာခဲ့သည်။ လုလီသည် အကောင့်ကို တစ်စက္ကန့်အတွင်းလော့ဂ်အင်ဝင်လိုက်ပြီး သူမ၏ ပင်မစာမျက်နှာကိုလှည့်လှောကြည့်လိုက်ရာ သူမ idol ၏ နံရံတစ်ခုပြိုကျနေသည်ကို တွေ့လိုက်ရသည်။

 

ပရိသတ်အများအပြားသည် ထို idol ၏နံပါတ်တစ် အမာခံပရိသတ်ဖြစ်လာရန် အသည်းအသန် ကြိုးစားခဲ့ပေမယ့် 'Pear-Flavored Little Fairy' အကောင့်ပိုင်ရှင်သည် သူမသာ အကောင်းဆုံးပရိတ်သတ်ဖြစ်လိုကြောင်း ထုတ်ဖော်လိုက်သောအခါ အားလုံးလက်လျှော့လိုက်ရသည်။ သူမသည် ထိုအနုပညာရှင်အတွက် ပိုက်ဆံအကုန်ကျခံပြီး ပျော်ပျော်ကြီးရန်ပုံငွေကောက်ခံတာ ၎င်းတို့ဘက်က ကြည့်ရှုနေရင်း ၎င်းတို့ အားကျသူကို ထပ်မံအားပေးဖို့သာကျန်ရစ်ခဲ့သည်။

 

 

လုလီသည် သူ့ ပရိုဖိုင်ကိုနှိပ်လိုက်သည်။ သူသည် ပရိသတ်အသိုင်းအဝန်းတွင် နာမည်ကြီးသူဖြစ်သည်။ နေ့တိုင်း သူမပရိုဖိုင်ကို လူအများအပြား လာကြည့်ကြသည်။ လုလီသည် သူမ၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်ကို ကြည့်ရှုပြီးနောက် ပင်မစာမျက်နှာကို လှန်ကြည့်လိုက်သည်။သူ မကြာသေးမီကမှ စတင်ပံ့ပိုးပေးခဲ့သော သရုပ်ဆောင်တစ်ဦး၏အတွင်းရေးများ ဖော်ထုတ်ခံရကြောင်း တွေ့ရှိခဲ့သည်။ ထို သရုပ်ဆောင်သည် လျှို့ဝှက်စွာ လက်ထပ်ခဲ့ပြီး ကလေးပင် ရှိနေပြီဖြစ်သည်။ ထိုသတင်းကြားသောအခါ ပရိသတ်အားလုံး စိတ်ပျက်လက် ပျက်ဖြစ်သွားကြ၏။

 

ထပ်ပြီး သူမ၏ Idolအိမ် ပြိုကျသွားပြန်သည်။ ကံကောင်းထောက်မစွာပင် သူမ အားပေးသော Idol အများအပြားရှိနေပြီး  အိမ်တစ်လုံး ပြိုကျသွားသော်လည်း သူမ ငြိမ်သက်နေဆဲဖြစ်သည်။ လုလီ ချက်ချင်းပင်  သူမ blog မှ ထို idol ၏ပုံကို ရှင်းထုတ်လိုက်ပြီး အခြား idol တစ်ယောက်၏ပုံကို တင်ခဲ့သည်။

 

လုလီ အင်တာနက်ကို ခဏကြာကြည့်ရှုပြီးနောက် သူမ၏ပင်မစာမျက်နှာရှိ လူအများအပြားသည် ချင်ချန်းရန် အကြောင်း ပြောဆိုနေကြသည်ကိုတွေ့ရှိခဲ့သည်။

 

လုလီ သည် 'ချင်ချန်းရန်' ဟူသော စကားလုံးသုံးလုံးကို ကြည့်ကာ ? အမှတ်အသားတစ်ခုကို ဖြည်းညှင်းစွာ ရိုက်ထည့်လိုက်သည်။

 

ဒါက သူ မသိတဲ့ ချင်ချန်းရန်လား? ဒါမှမဟုတ် သူ့လောင်ကုန်း ချင်ချန်းရန်လား?

 

သူမ super chatကို အသက်သွင်းပြီး ဝင်လိုက်သည်။ ဖော်ပြချက်၌ ရေးသားထားသည်မှာ - ချင်ချန်းရန်၊ Shengjing Group ရဲ့ ဒါရိုက်တာ၊ Shengjing နည်းပညာရဲ့ ဥက္ကဌ။

 

လုလီ : “…”

 

တကယ် သူပဲ...

 

 

ချင်ချန်းရန်က သူမသိဘဲ ‌နောက်ကွယ်ကနေ ပရိသတ်လောကထဲ ဝင်လာတာလား ? Weibo မှာတောင် အကောင့်မရှိဘဲ စူပါချတ်မှာ ဘာလို့ရှိနေတာလဲ?

 

လုလီ စခရင်ကို အောက်ဆွဲပြီး စူပါချတ်ကိုဖွင့်လိုက်သောအခါ ဓာတ်ပုံအနည်းငယ်သာတင်ထားသော်လည်း ပရိသတ်များ အတော်လေး စိတ်လှုပ်ရှားနေကြောင်း တွေ့ရှိခဲ့ရသည်။

 

ချင်ချန်းရန်နှင့်လုလီ တို့၏မင်္ဂလာဓာတ်ပုံ (လုလီ  မျက်နှာကို ဖြတ်ထားသောဓာတ်ပုံ)၊ T တက္ကသိုလ် ပြပွဲသို့ ချင်ချန်းရန် တက်ရောက်လာသောပုံနှင့် အင်တာဗျူးဖြေဆိုနေသည့်ဓာတ်ပုံများ....

 

လုလီ ထိုဓာတ်ပုံများကို မြင်လိုက်သည်နှင့် ချက်ချင်းနားလည်သွားခဲ့သည်။"

 

ချင်ချန်းရန်သည် မည်သည့်အခါမှ ထင်ထင်ပေါ်ပေါ် နေတက်သူမဟုတ်ပဲ တိတ်တဆိတ်နေထိုင်သူသာ ဖြစ်သည်။ သူ လူမြင် ကွင်းရှေ့ ရှားရှားပါးပါးသာ ပေါ်လာတက်ပြီး ထိုအချိန်များတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများမှာ နတ်ဘုရားကဲ့သို့ ထင်ရှားပေသည်။ ချီမိသားစု၏တစ်ဦးတည်းသော သားဖြစ်သည့်အချက်နှင့်အတူ သူ့ထံ ပရိတ်သတ်အများအပြား ရှိနေသည်က သဘာဝကျလှ၏။

 

လုလီ ခေါင်းညိတ်လိုက်သည်။ ထိုလူ၏ ပထမဆုံးအကြိမ် လူမြင်ကွင်းထဲပေါ်လာသည် ဖြစ်စေ၊ မင်္ဂလာဆောင်ပွဲတွင်ဖြစ်စေ၊ သူ၏ဇနီးသည်သည် ရုပ်ရည်ချောမောရုံသာမက ချမ်းသာကြွယ်ဝပြီး အဘက်ဘက်မှ ပြည့်စုံသော မိန်းကလေးဖြစ်ရာ သာမန်လူများနှင့် မတူပေ။

 

လုလီ ချင်ချန်းရန်၏ ဓာတ်ပုံအနည်းငယ်ကိုကြည့်လိုက်သည်။

 

ဥက္ကဌချီသည် နေ့တိုင်းအလုပ်များနေတက်ပြီး  ပွဲဦးထွက်ဖို့ရန် မဖြစ်နိုင်ပေ။ထိုရုပ်ရည်နှင့် သူပွဲဦးထွက်လာခဲ့ပါက လုလီကိုယ် တိုင် သူမ လောင်ကုန်းကို  supporting လုပ်မိမှာ အသေချာပင်။

 

လုလီ Weibo ထဲမှ ထွက်လိုက်သည်။ သူမ မိုဘိုင်းလ်ဖုန်းနှင့် ခဏကစားပြီးနောက် မစ်လီမှ အခန်းတံခါးခေါက်ကာ ညစာပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် ခင်ပွန်းဖြစ်သူအောက်ထပ်တွင်စောင့်နေကြောင်း ပြောလာသည်။

 

လုလီ က “မစ္စတာ လီ ပြန်ရောက်နေပြီလား ? အိုး”

 

သူ တုံ့ပြန်လိုက်ပြီး ကုတင်ပေါ်မှထလာကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။