Chapter 19.2
Viewers 991

Chapter 19.2


ရှန်းယုဟန်က ရှိုးကိုသဘောမပေါက်နိုင်ပဲ သူက ရှန်ထျန်းဖုန်းနှင့်ဆက်ဆံရေးကို ဘယ်လိုကောင်းအောင်လုပ်ရမလဲ စဥ်းစားနေသည်။

သူတို့နှစ်ဦး အထဲကိုဝင်လာပြီးနောက် ရှန်းယုဟန်က ထိုအကြောင်းမတွေးတော့ပေ။ သူ့ခင်ပွန်းနှင့် ဖခင်ကြားက ဆက်ဆံရေးကလည်း သာမန်ဆန်သည်။


ရှန်ချီဟွမ်းထိုင်လိုက်သည်နှင့် ရှန်ထျန်းဖုန်းက သူ့ကို ဒေါသထွက်ကာ ဖုန်းနှင့်ပစ်ပေါက်လိုက်သည်။ “ဘာတွေဖြစ်နေတာလဲ? မင်းအခုမှလက်ထပ်ပြီးခါစကို တခြားသူတွေနဲ့ အရူးလိုလည်ပတ်နိုင်သေးတာလား?”


အမူအရာမဲ့ပြီးတည်ငြိမ်နေသော ရှန်ချီဟွမ်းက ဖုန်းထဲက ဖျော်ဖြေရေးသတင်းကို အမြန်ဖတ်လိုက်သည်။ ထိုသည်မှာ မနေ့က လျှိုထန်သွားခဲ့သော ကလပ်ဟောက်၏သတင်းသာဖြစ်သည်။ ပုံထဲတွင် နောက်ကျောကိုသာမြင်ရပြီး ဖျော်ဖြေရေးသတင်းထောက်က စာသားထဲမှာ ကွက်လပ်တချို့ကို တမင်ချန်ထားပြီး ခေါင်းစဥ်မှာ ‘ရှန်မိသားစုရဲ့သားဖြစ်သူ ရှန်ချီဟွမ်းက ကလပ်ထဲမှာ အပျော်ရှာပြီး ရဲတွေက ဖမ်းသွားခဲ့တယ်လို့ သံသယရှိပါတယ်’



နောက်ကျောပုံသဏ္ဍန်က သူနဲ့နည်းနည်းတူပေမယ့် သူမဟုတ်တာသေချာသည်။



တတိယအိမ်တော်ရဲ့ တတိယမဒမ် အကွက်ဆင်ထားတာ ဖြစ်ပေမည်။


“အဲ့ဒါကျွန်တော်မဟုတ်ဘူး။” ရှန်ချီဟွမ်းက အမှန်တရားကိုပြောခဲ့ပေမယ့် ရှန်ထျန်းဖုန်းက ယုံမလား မယုံဘူးလားဆိုတာကို ရွေးချယ်နိုင်သည်။



ရှန်ထျန်းဖုန်းက သူ့ကိုမကြည့်ပဲ ဘာတွေဖြစ်နေမှန်းမသိသေးသည့် ရှန်းယုဟန်ကို မေးလိုက်သည်။ “ယုဟန်၊ သူမနေ့ကအိမ်မှာရှိခဲ့လား?”

ရှန်းယုဟန်က အမှန်တရားကိုပြောလိုက်သည်။ “သူက အိမ်မှာရှိနေတာပါ၊ ကျွန်တော့်ကို မနက်ပိုင်းသင်တန်းကနေ လာကြိုပြီး နေ့လည်မှာစျေးဝယ်ဖို့ အဖော်လိုက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ညနေခင်း အိမ်မှာပဲရှိနေကြပြီး အပြင်မသွားခဲ့ပါဘူး။”


ရှန်ထျန်းဖုန်း၏အမူအရာက အနည်းငယ်ပျော့သွားပြီး သူက ရှန်ချီဟွမ်းကို အထင်လွဲမိတာကို သိသွားသည်။ “တကယ်အပြင်မထွက်ခဲ့ဘူးလား?”


ရှန်းယုဟန်က လိမ်တာရှားပြီး သူ့မျက်လုံးများက အလွန်ရိုးသားသည်။ “ကျွန်တော်တို့အပြင်မထွက်ပါဘူး၊ အိမ်မှာရုပ်ရှင်တောင်ကြည့်ခဲ့သေးတယ်၊ ဘာဖြစ်လို့လဲ?”


ရှန်းယုဟန်က ရှန်ချီဟွမ်းကို ကာပေးနေတာမဟုတ်ကြောင်း တွေ့ရစဥ် ရှန်ထျန်းဖုန်းက ပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းမယုံရတဲ့ အတင်းအဖျင်းအချို့ပါပဲ။”


ရှန်ချီဟွမ်းက ဤအရာမျိုးကို ကျင့်သားရနေခဲ့ပြီး သူ့လုပ်ငန်းက ပိုကြီးမားလာပြီးနောက် ဒီလိုအရာမျိုးတွေကို မကြာခဏကြုံရလေ့ရှိပြီး အခုတော့ ရှင်းပြဖို့ပင် ပျင်းရိနေသည်။


ရှန်းယုဟန်: “ဒီလိုကိုး” လက်ရှိတွင် ရှန်မိသားစုက ချမ်းသာပြီး သြဇာကြီးမားသော မိသားစုဖြစ်သည်ကို သူသိသော်လည်း ယင်းမှာ သူ့အစ်ကိုဖြစ်သူ ဖောက်ပြန်ပြီး မိသားစုဓလေ့ထုံးစံကို ချိုးဖျက်ခဲ့တာကို သူ့အဖေက ကြားခဲ့ရတုန်းက ဖြစ်စဥ်နှင့်တူသည်ဟု တွေးလိုက်သည်။ သူ့အဖေက အခြေအနေကို အတိအကျသိချင်ပြီး တကယ်ဖြစ်ခဲ့တာဆိုရင် မိသားစုဥပဒေအရ ကိုင်တွယ်မှာဖြစ်ပြီး ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင် ကောလာဟလဖြန့်သူကို ရှာပြီး ရိုက်ပစ်တာဖြစ်သည်။


ထိုကိစ္စကို ဤနေရာမှာတော့ ပေါ့ပေါ့တန်တန် ဖြေရှင်းခဲ့ပြီး ရှန်ထျန်းဖုန်းနှင့် ရှန်ချီဟွမ်းကြားရှိ အရင်က ပဋိပက္ခများထက် ယခုကိစ္စက ထူးခြားတာမရှိပဲ ရိုးရှင်းနေတာကြောင့် အဖေနဲ့သား၏ ရင်ဆိုင်ပုံက တစ်ခန်းရပ်သွားသည်။



ရှန်ချီဟွမ်းက ရှန်ထျန်းဖုန်းအတွက် လက်ဖက်ရည်ကို အရင်လောင်းထည့်ပေးပြီး သူ့အတွက် ပြဿနာအသေးလေးကို ဖြေရှင်းပေးလို့ ကျေးဇူးတင်သည့်အနေဖြင့် ရှန်းယုဟန်အတွက် တစ်ခွက်ထည့်ပေးလိုက်သည်။ 

ရှန်ထျန်းဖုန်းက ထိုအခိုက်အတန့်မှာ ပျော်ရွှင်နေပြီး သူ့မှာ မြေးတွေ ပြတ်လတ်မနေတာကြောင့် သူက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် ကလေးမရနိုင်တာကို ဂရုမစိုက်ပေ။


“ငါ့ခေါင်းကိုကြည့်၊ ငါတစ်ခုမေ့သွားတယ်။” သူက အိတ်ကပ်ထဲက ကဒ်တစ်ခုကိုထုတ်ပေးပြီး ရှန်းယုဟန်ကို ပေးလိုက်သည်။ “ဒါက မင်းအတွက် မုန့်ဖိုး၊ ချွေးမတိုင်းမှာ ဒါရှိပြီး ဒီတစ်ခုက မင်းအတွက်။”



ချွေးမအားလုံးအတွက်ဆိုတော့ ရှန်းယုဟန်က အားနာမနေတော့ပေ။ အားလုံးမှာရှိလို့ သူငြင်းနိုင်သည့် အကြောင်းပြချက်မရှိပေ။

“ ကျေးဇူးတင်ပါတယ်..ဖေဖေ။”


ခေါင်းစဥ်ပြောင်းလဲမှုက သဘာဝဆန်ပြီး ရှန်ထျန်းဖုန်းက နားထောင်ရတာ သက်တောင့်သက်သာဖြစ်နေသည်။


ရှန်းယုဟန်က ‘ချွေးမ'ဆိုသော ဂုဏ်ပုဒ်ကို မကျေမနပ်မဖြစ်ပဲ မူလရှန်းယုဟန်သာဆိုလျှင် နှုတ်ခမ်းတွန့်သွားမှာပင်၊ သို့ပေသိ ရှန်းယုဟန်သည် ရှန်ချီဟွမ်း၏ဇနီးအဖြစ် နှလုံးသား၏ အောက်ခြေကနေ မှတ်ယူထားတာဖြစ်၍ သူက သာမန်အားဖြင့် ရှန်ထျန်းဖုန်း၏ ချွေးမဖြစ်သည်။


သူတို့က ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအရှေ့မှာ လက်ထပ်ထားကြပြီး သူတို့က ဒီဆက်ဆံရေးကို ဘယ်လောက်ပင် ဟန်ဆောင်ငြင်းဆိုနေပါစေ ထည့်စဥ်းစားဖို့မလိုအပ်ပေ။


ရှန်ထျန်းဖုန်းနှင့် ခဏထိုင်ပြီးနောက် အိမ်တော်ထိန်းက သူတို့ကို ညစာစားဖို့ လာခေါ်ခဲ့သည်။


ရှန်ချီဟွမ်း၏ အစ်ကိုကြီးနှင့် အစ်မလတ်က အဝေးမှာနေကြပြီး နှစ်ယောက်လုံးက အလုပ်ခရီးထွက်နေသဖြင့် မလာနိုင်သော်လည်း ရှန်းယုဟန် တစ်ခါမှမမြင်ဖူးသည့် ရှန်ချီရှင်းက ​ကြေညာချက်အပြီးမှာ ​ပြန်ရောက်လာခဲ့သည်။


သူ့အသွင်အပြင်က အတော်လေးအံ့အားသင့်စရာကောင်း၏။


ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက လက်ဖက်ရည်ခန်းမှ ထွက်လာပြီး သူတို့ဆီလာနေသော ရှန်ချီရှင်းကို တွေ့လိုက်ရသည်။


“တတိယအစ်ကို.. ဒါက ကျွန်တော့်မရီး ဟုတ််တယ်မလား?”


ဒါဘယ်လိုမှားနိုင်မှာလဲ၊ ဒီအခန်းထဲမှာ သူမတွေ့ဖူးတဲ့သူမရှိသဖြင့် သူက အဖြေသိရဲ့သားနဲ့ မေးလိုက်သည်။


“အွန်း” ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုပြောလိုက်သည်။ “ရှန်ချီရှင်း…မင်း.ယောက်ဖ။”


“ဟယ်လို..ယောက်ဖ။” ရှန်းယုဟန်က သူ့ကိုပြုံးပြလိုက်သည်။ သူက သူ့ခင်ပွန်း၏ မွေးချင်းညီငယ်ဖြစ်သည်။

ရှန်ချီရှင်းက ရှန်းယုဟန်၏အကျင့်စရိုက်ကို ကြားသော်လည်း သူကြားဖူးတာနှင့် ကွဲပြားနေပြီး သူက အလွန်တက်ကြွနေကာ သူ့အပြုံးက ထောင်ချီသော မိန်းကလေးများကို ဆွဲဆောင်နိုင်သည်။ သူ့လှုပ်ရှားမှုတိုင်းက လေ့ကျင့်ပေးထားသလို မတူညီသော စိတ်နေသဘောထားများ ရှိနေသည်။


သို့သော် ရှန်ချီရှင်းက လက်ရှိတွင် ရှန်ချီဟွမ်းနှင့် အရေးကြီးပြောစရာရှိနေသည်။



သူက ရှန်ချီဟွမ်းကို တိုးတိုးလေးမေးလိုက်သည်။ “တတိယအစ်ကို.. ကောမှာ B@Xရဲ့ နောက်ဆုံးပေါ်ဝတ်စုံရှိလား၊ ကျွန်တော်မနက်ဖြန် ပွဲတစ်ခုတက်စရာရှိလို့ တစ်ရက်လောက်ငှားပေးဦး။”


ရှန်ချီဟွမ်း: “မင်းလိုချင်ရင် ​အပြန်ငါတို့နဲ့လိုက်ခဲ့။”


ရှန်ချီရှင်း: “ဒါဆိုကောရဲ့နေရာမှာပဲ ညအိပ်လိုက်မယ်။ အဆင်ပြေတယ်မလား?” 

ရှန်ချီဟွမ်း: “မပြေဘူး။”


သူတို့နှစ်ယောက်သား အချိန်မီ စကားကိုအဆုံးသတ်ကာ ထိုင်လိုက်ကြသည်။ 


စားသောက်ချိန်တွင် စားပွဲဝိုင်းက လေထုက အလွန်လိုက်လျောညီထွေဖြစ်ပြီး ပထမဆယ်မိနစ်က ဘယ်လိုအသားမျိုးက အရသာရှိပြီး ဘယ်ဟင်းလျာက လတ်ဆတ်သလဲနှင့် အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာနိုင်သလဲ ဆွေးနွေးခဲ့သည်။ ထိုသည်မှာ ဘေးကင်းသောခေါင်းစဥ်ဖြစ်သော်လည်း ချမ်းသာပြီး သြဇာကြီးသောမိသားစုက ညစာအတူစားကြစဥ် အကောင်းဆုံးအပိုင်းက နောက်မှသာဖြစ်ပေါ်လေ့ရှိသည်။


ကုမ္ပဏီရှိ ဒုတိယမဒမ်သား၏ တစ်ကိုယ်ကောင်းဆန်သောလုပ်ရပ်များကို ဘယ်သူက အစဖော်လိုက်လည်း မသေချာပေမယ့် ဒုတိယအိမ်တော်ကလည်း တတိယနှင့်စတုတ္တအိမ်တော်ကြားက ပြဿနာကို ဖော်ထုတ်ကာ ခွေးခွေးချင်းကိုက်ကြသလိုပင် ဘယ်သူမှအသာစီးမရကြပေ။


ရှန်းယုဟန်က ထိတ်လန့်စွာကြည့်နေသော်ငြား ထိုသို့ဆိုလျှင်တောင် ရှန်ထျန်းဖုန်းက အိမ်တော်ထိန်းယူလာသော ဂျင်ဆင်းဟင်းရည်ကို စိတ်အေးလက်အေး သောက်နေဆဲဖြစ်ပြီး သောင်းကျန်းနေသော မဒမ်နှင့်ကလေးများကို အပြစ်တင်ခြင်းမရှိခဲ့ပေ။


စားပွဲပေါ်ရှိမီးတောက်က ပိုပြင်းလာပြီး ရှန်ချီဟွမ်းဆီကို ရုတ်တရက်ပျံ့နှံ့သွားသည်။ ဒုတိယမဒမ်က ဘယ်သူ့ကိုမှစိတ်မပျက်စေရန် ‘ကလပ်က ပြည့်တန်ဆာ’ ကိစ္စရပ်ကို ဖော်ကာ မီးတောက်နှင့် ရှန်ချီဟွမ်းအား တောက်လောင်စေသည်။


ဒုတိယမဒမ်က ပြောလိုက်သည်။ “ငါတို့ချီပိုင်နဲ့ယှဥ်ရင် ချီဟွမ်းရဲ့လုပ်ရပ်က ပိုအံ့သြဖို့ကောင်းတယ်၊ အဲ့ဒါက သတင်းမှာပျံ့နေပြီး ချီပိုင်ရဲ့ကိစ္စက ဖျော်ဖြေရေးသတင်းတစ်ခုသာသာပဲ။”


အတင်းအဖျင်းကို နားထောင်နေသည့် ရှန်းယုဟန်က မတ်မတ်ထိုင်ကာ ဟင်းရည်ကို ပါးစပ်အပြည့်မျိုချလိုက်ပြီး စွပ်ပြုတ်ပန်းကန်နှင့် ဇွန်းကို ပန်းကန်ပြား​ပေါ်မှာ ညင်ညင်သာသာချလိုက်သည်။ သူက ဒုတိယမဒမ်ကိုကြည့်လိုက်စဥ် သူ့အကြည့်က အေးစက်နေသည်။ သူ့ခင်ပွန်းကို ဒုတိယမဒမ်ရဲ့ မျက်မှေးရှန်ချီပိုင်နဲ့ ဘယ်လိုတောင် လာယှဥ်နိုင်တာလဲ၊ မျက်နှာကလည်း ရှုံ့မဲ့နေပြီး အထူးသဖြင့်သူ့ကိုကြည့်တိုင်း ထူးဆန်းနေပြီး ရွံစရာကောင်းသော သန်ကောင်ရှည်က သူ့တစ်ကိုယ်လုံးမှာ တွားသွားနေသလိုပင်။


ရှန်ချီဟွမ်းက သူတို့၏ငြင်းခုံမှုကို လျစ်လျူရှုထားသည်။ ဒုတိယမဒမ်က ဘယ်သူ့ကိုမှမကြိမ်းမောင်းနိုင်သဖြင့် သူက စစ်ပွဲအဆုံးသတ်ဖို့ ရှန်ချီဟွမ်းကိုသာ အသုံးချချင်နေသည်။



“ခင်ဗျား ကျုပ်အစ်ကိုကို ဘယ်မှာတွေ့ခဲ့လို့လဲ? အစားအသောက်ကို ပေါ့ပေါ့တန်တန် စားလို့ရပေမယ့် စကားကို ပေါ့ပေါ့တန်တန်ပြောလို့မရဘူး။ အရာအားလုံးမှာ အထောက်အထားရှိရတယ်။” ရှန်ချီရှင်းက သူ့တတိယအစ်ကိုအကြောင်း အတင်းအဖျင်း အမြဲဖန်တီးပြီး ညစ်ပတ်သော ရေပေါင်းစုံနှင့် ပတ်ဖြန်းလေ့ရှိသော ဤမဒမ်များကို မကြိုက်ဆုံးဖြစ်သည်။


ဒုတိယမဒမ်: “လျှိုထန်နဲ့တခြားသူတွေက သူနဲ့မကစားလို့လား၊ မနေ့ညက လျှိုထန်နဲ့ တခြားသူတွေ ရဲစခန်းကထွက်လာတာကို မြင်တဲ့သူရှိတယ်၊ အဲ့ဒါ ပြဿနာကြီးမဟုတ်ဘူးလား?”


ရှန်ချီရှင်း: “လျှိုထန်ကလျှိုထန်ပဲ၊ ဘယ်မျက်လုံးနဲ့ ခင်ဗျားက ကျုပ်အစ်ကိုကို မြင်ခဲ့တာလဲ?”


ဒုတိယမဒမ်: “နောက်ကျောပုံစံက…”


ရှန်ချီရှင်းက မထီမဲ့မြင်ပြုကာ နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။ “အဲ့ဒါကျွန်တော်အစ်ကိုလား? ခင်ဗျား မျက်စိအထူးကုနဲ့ သွားပြဖို့လိုနေပြီ။” သူက မနေ့ညက သူ့အစ်ကို အပြင်မထွက်ကြောင်း လက်ဖက်ရည်ခန်း၏ အပြင်ကနေကြားခဲ့သည်။


စွပ်ပြုတ်သောက်နေသော ရှန်ထျန်းဖုန်းက သူ့ပန်းကန်လုံးကို စားပွဲပေါ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

“တော်ပြီ.. မင်းမှာ အတင်းအဖျင်းပြောဖို့ ကျန်နေသေးလား၊ အားနေရင် မင်းရဲ့သား ချီပိုင်ကို ဘာလို့မဆုံးမတာလဲ၊ မင်းအရှက်တကွဲဖြစ်ရတာ မလုံလောက်သေးလို့လား?”


ဒုတိယမဒမ်က အလွတ်မပေးပဲ ရှန်ချီဟွမ်းကို ပြဿနာထဲဆွဲသွင်းလိုက်သည်။ “ထျန်းဖုန်း…ဒါပေမယ့် ဒီကိစ္စက နေရာတိုင်းမှာရောက်နေပြီလေ.. မနေ့ကလေးတင်ဖြစ်ခဲ့ပြီးတော့..”


ရှန်ချီဟွမ်း​က ဒုတိယမဒမ်ကို အေးစက်စက်ကြည့်လိုက်သည်။ “ကျုပ်က မနေ့က ရှောင်ဟန်နဲ့အတူ အိမ်မှာပဲရှိနေတာ၊ ခင်ဗျား ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံလိုချင်လား?”


ဒုတိယမဒမ်က မယုံနိုင်သလို သူမပါးစပ်ကို လှုပ်လိုက်သည်။ 

အဲ့ဒါက လူမှုရေးသတင်းအားလုံးနီးပါးမှာ ရောက်နေတာကို။


စားသောက်ပြီးနောက် ရှန်ချီဟွမ်းက အိမ်ပြန်တော့မည်ဟု ရှန်ထျန်းဖုန်းကို ပြောလိုက်သည်။ ရှန်ထျန်းဖုန်းက သူ့ကိုဘာမှမပြောတာရှားပြီး ရှန်းယုဟန်ကိုတောင် ဂရုစိုက်ခဲ့သည်။



ရှန်ထျန်းဖုန်းက ပြောလိုက်သည်။ “ချီဟွမ်း မင်းကိုအနိုင်ကျင့်ရင် ငါ့ကိုဖုန်းခေါ်လိုက်။”



ရှန်းယုဟန်က ပြုံးကာ ပြန်ပြောလိုက်သည်။ “သူက ကျွန်တော့်ကိုအနိုင်မကျင့်ပါဘူး။ ကျွန်တော့်အပေါ် ကောင်းပါတယ်။”


ရှန်ထျန်းဖုန်း​က သူ၏သားများ အိမ်ထောင်ကျပြီးနောက် ရင့်ကျက်လာသည်ဟု ခံစားလိုက်ရပြီး သူက လူတွေကို ဘယ်လိုချီးကျူးရမလဲသိပေမယ့် ယင်းမှာ ရှန်းယုဟန်က ရှန်ချီဟွမ်း အနိုင်ကျင့်တာကို ခံနေရတယ်လို့ သူ့ကိုခံစားရစေသည်။



ဒုတိယမဒမ်ကလည်း သူတို့နဲ့အတူထွက်လာကာ စတုတ္တမဒမ်က ရှန်ထျန်းဖုန်းကို အဖော်ပြုပေးနေပြီး သူမ နေချင်ရင်တောင် ဒီမှာညအိပ်လို့မရပေ။


နှစ်ဖက်ဆုံသွားတော့ ဒုတိယမဒမ်က ရှန်းယုဟန်ကို စကားနာထိုးလိုက်သည်။ “ယုဟန်..ရှန်ချီဟွမ်း အပြင်မှာကစားနေတာကို မင်းစိတ်မဆိုးဘူးလား? အပြင်မှာ ဘယ်လိုလူတွေရှိလဲ မင်းသိရဲ့လား?”



ရှန်းယုဟန်၏ကိုယ်ဟန်က မတ်မတ်ရပ်နေကာ သူက ဒုတိယမဒမ်ကို တိုက်ရိုက်ကြည့်ပြီး ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ကျွန်တော်တို့ ပင်မအိမ်တော်ရဲ့ကိစ္စတွေက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ?”


ဒုတိယမဒမ်က ခဏလောက်စွန့်အသွားကာ သူမနှုတ်ခမ်းက ဒေါသကြောင့်တုန်ယင်လာပြီး စကားတစ်ခွန်းမှမပြောနိုင်ပဲ ယခုအချိန်တွင် အဖက်လုပ်ဖို့မတန်သလို ဆက်ဆံခံလိုက်ရလေသည်။



ရှန်ချီဟွမ်းနဲ့ တခြားသူတွေက ပင်မအိမ်တော်ကဆိုရင် သူမအိမ်ကဘာလဲ? ဘေးအိမ်လား*?

(**မယားငယ်အိမ်)



ဒီရှန်းယုဟန်က သူမကို အလွန်ဒေါသထွက်စေသဖြင့် သူမရင်ဘတ်က နာကျင်လာသည်။ 


ရှန်းယုဟန်ဘေးမှာရပ်နေသော ရှန်ချီဟွမ်းက သူ့အရေပြားတင်းမာသွားသည်။ ဒါက လူတစ်ယောက်ကိုသတ်ဖို့ သူတို့နှလုံးသားကို ဖျက်စီးပစ်လိုက်တာနဲ့ မတူဘူးလား။


အရမ်းမနာကျင်ရပေမယ့် ပြင်းထန်စွာ ညှဥ်းဆဲလိုက်ခြင်းဖြစ်ပေသည်။