Chapter 20
Viewers 987

Chapter 20


“နှာဘူးကြီး”

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အလွန်ထက်မြက်ပြီး လျှာစောင်းထက်သူအဖြစ် ပထမဆုံးအကြိမ် မြင်ရလိမ့်မယ်ဟု မမျှော်လင့်ထားပေ။ ထိုသည်မှာလည်း သူ့ကိုကာကွယ်ပေးရန်ဖြစ်သည်။


သူ့ကိုကာကွယ်ပေးသူရှိနေတော့ ရှန်ချီဟွမ်းကလည်း နောက်ကျကျန်မနေချင်ပေ။ ဒုတိယမဒမ် ကျိန်ဆဲချင်နေတာကိုတွေ့တော့ သူက ရုတ်တရက် ရယ်ချင်လာသည်။ လူတစ်ယောက်ကို ပါးစပ်ပိတ်နိုင်အောင်လုပ်ဖို့က အတော်လွယ်တာပဲ။



“အန်တီဖန့်..ကျွန်တော်တို့မိသားစုကိစ္စနဲ့ပတ်သတ်ပြီး စိတ်အနှောင့်အယှက်မဖြစ်မခံပါနဲ့၊ အရင်ဆုံး ချီပိုင်ကိုသာ ဂရုစိုက်လိုက်ပါ။”


ထိုစကားပြောပြီးနောက် သူက ရှန်းယုဟန်ကို ကားထဲခေါ်သွားခဲ့သည်။


ဒုတိယမဒမ်ဝမ်းဖန့်က ရှန်ချီဟွမ်းကိုတွေ့တိုင်း စကားနည်းနည်းသာပြောလေ့ရှိသည်။ အကြောင်းမှာ သူက သူတို့ကို စကားသိပ်မပြောချင်သော ပထမအိမ်တော်မှ လူတစ်ယောက်ဖြစ်တာကြောင့်ပင်။ သူက သူတို့ကို စကားနည်းနည်းပဲပြောလေလေ ဝမ်းဖန့်က တက်ကြွစွာ စကားပိုပြောလာပြီး သူမက တစ်နေ့မှာ ရှန်းယုဟန်ထွက်ပေါ်လာပြီး သူမကို အာစေးမိအောင်လုပ်ကာ သေအောင်ဒေါသထွက်စေခဲ့မယ်လို့ တစ်ခါမှမတွေးဖူးပေ!



သူ့ပါးစပ်က ငယ်ငယ်လေးနဲ့ ရက်စက်လိုက်တာ၊ မိသားစုက ကောင်းကောင်းမသင်ပေးထားတာသိသာတယ်!


ဝမ်းဖန့်က အလွန်ဒေါသထွက်နေတာကြောင့် သူက ရှန်ချီယွင်ကို စကားပြောနေသော ရှန်ချီပိုင်ကို တိုက်ရိုက်ဆွဲခေါ်လိုက်သည်။ “မင်းအမေက အနိုင်ကျင့်ခံနေရတာကို မင်းက ရယ်မောပြီး စနောက်နေဖို့ အချိန်ရှိသေးတယ်!”


ရှန်ချီပိုင်က ဂရုမစိုက်စွာ ပြောလိုက်သည်။ “ဒါအမေ့ရဲ့ ခွင့်မလွှတ်နိုင်စရာစကားကြောင့် မဟုတ်ဘူးလား၊ အမေ့ကို ဘယ်သူက အနိုင်ကျင့်နိုင်မှာလဲ?”


ဝမ်းဖန့်က ကားပေါ်တက်တော့မည့် ရှန်ချီဟွမ်း၊ရှန်းယုဟန်နှင့် ရှန်ချီရှင်းတို့သုံးယောက်ကို လက်ညိုးထိုးပြလိုက်သည်။ “သူတို့လေ!”


ရှန်ချီပိုင်က ပြောလိုက်သည်။ “အမေ၊ ခဏလောက်စိတ်အေးအေးထားပါ၊ ရှန်ချီဟွမ်းက အန္တရာယ်မဟုတ်ပါဘူး၊ သူတို့က မှားတာတစ်ခုမှမပြောသွားဘူး၊ ရှေးခတ်မှာဆို ကျွန်တော်တို့ကို မယားငယ်အိမ်လို့ ခေါ်ကြတာပဲလေ”

ဝမ်းဖန့်က သူမသားကြောင့် ဒေါသပိုထွက်လာကာ အလောင်းဖြစ်လုနီးပါးပင်၊ သူများတွေလို ဒေါသထွက်ပြီး သေတာထက်ဆိုးနေသည်။ သူ့မှာဘာလို့ ဒီလောက်တုံးအတဲ့သားရှိနေတာလဲ၊ အဲ့ဒါကအမှန်တရားဆိုရင်တောင် သူတို့ဝန်မခံနိုင်ဘူး!

ဝမ်ဖန့်က သံမဏိဖြစ်နေ၍ သံကိုမုန်းတီး*သော်ငြား ရှန်ချီယွင်က လာမေးခဲ့သည်။ “သူတို့ဘာပြောသွားတာလဲ? သူက အထဲမှာရှိနေပြီး ရှန်းယုဟန်က ဝမ်းဖန့်ဒေါသထွက်စေမယ့် တစ်ခုခုပြောလိုက်တာကို တွေ့ခဲ့သည်။ 

(**ကိုယ်တိုင်က မယားငယ်ဖြစ်နေလို့ မယားငယ်လို့အပြောမခံနိုင်တာကို ဆိုလိုတာပါ။)


ဝမ်းဖန့်က ပြဿနာရှာရတာကို ကျင့်သားရနေပြီး လူတိုင်းကို ပြဿနာထဲ တိုက်ရိုက်ဆွဲခေါ်ခဲ့သည်။ “ရှန်းယုဟန်က ငါတို့ကို မယားငယ်အိမ်ကလို့ပြောသွားတယ်!”



ရှန်းယုဟန်က ပျားကို တုတ်နဲ့ထိုးရုံတင်မကာ ပျားအုံကိုပါထိုးခဲ့သည်။ သူမက မယားငယ်အိမ်က တစ်ဦးတည်းသောသူလား? မယားငယ်က သုံးယောက်တောင်ရှိတာလေ!


ဒီစကားက ဒီနေ့ပျံ့နှံ့သွားရင် ရှန်းယုဟန်က သူတို့သုံးယောက်လုံးကို စော်ကားလိုက်သလိုဖြစ်မှာပင်။


ရှန်ချီယွင်က ပြောလိုက်သည်။ “အန်တီဖန့်၊ ယုဟန်က အဲ့လိုပြောတာဟုတ်လို့လား?” ခင်ဗျားပြောခဲ့တာမလား?


“ဟမ်၊ ဘာကွာလို့လဲ? မင်းအမေနဲ့ငါက မတူလို့လား? သူက ငါ့ကိုရော မင်းအမေကိုရော ကျိန်ဆဲသွားတာပဲ။” ဝမ်းဖန့် လှုံ့ဆော်နေသည်မှာ ရှန်ချီယွင်စိတ်ထဲက သားတစ်ယောက်၏သဘာဝကိုဖြစ်သည်။ သူမက အနာဂတ်မှာ မဟာမိတ်ကောင်းတစ်ယောက် ထပ်ရနိုင်သည်။ သွမ့်ချူးဟွေ့က ထက်မြက်ပေမယ့် သူမသားကိုသုံးကာ သူမကို သွေးထိုးလှုံ့ဆော်ပေးနိုင်သေးသည်။


“အဲ့လိုလား?” ရှန်ချီယွင်က ရှန်ချီဟွမ်းနှင့် တခြားသူတွေကိုကြည့်လိုက်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန်အတွက် တံခါးဖွင့်ပေးနေတာကိုသာ တွေ့လိုက်ရသည်။ ရှန်ချီဟွမ်းက သူ့အပေါ် ကောင်းလွန်းမနေဘူးလား?


အတုအယောင်ဖြစ်နိုင်တယ်မလား?

ရှန်းယုဟန်က သူ့ခံစားချက်ကို မြန်မြန်ပြောင်းလဲခဲ့တာလား?



သူက ဒီလိုတွေးထားပေမယ့် ရှန်ချီယွင်က သွားမေးလို့လည်းမရပေ။ ရှန်းယုဟန်က သူ့ကိုမလိုက်နိုင်ခဲ့လို့ သူ့အဖေဘက်ကအစ်ကိုကို အစားထိုးလက်ထပ်ခဲ့တာကြောင့် တွေးဖို့တောင်မတန်ပေ။


သို့သော် ရှန်းယုဟန်၏ ဘယ်အရာက ရှန်ချီဟွမ်း ကလပ်မသွားနိုင်အောင် ဆွဲဆောင်နိုင်ခဲ့တာလဲ? သူက သူ့ကိုလှောင်ပြောင်ဖို့ အခွင့်အရေးကို လွတ်သွားခဲ့သည်။



ရှန်မိသားစုမှ ထွက်ခွာလာပြီး ငြင်းခုံမှုများကို နောက်မှာချန်ထားခဲ့ကာ သူတို့နားက ပိုပြီးအေးချမ်းသွားသည်။ 


ရှန်ချီရှင်းက လေဆိပ်ကနေ တက္ကစီစီးလာပြီး ရှန်ချီဟွမ်း၏အိမ်သို့သွားစဥ် သူ့အစ်ကို၏ကားနှင့် လိုက်ပါလာခဲ့သည်။


သူ့မရီးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတာက ဆန်းသစ်လွန်းပြီး သူ၏အလန်းစားစကားလုံးကြောင့် အမြဲတမ်းထေ့ငေါ့နိုင်လွန်းသော ဒုတိယမဒမ် စွန့်အသွားပုံက အထူးခြားဆုံးဖြစ်သည်။ သူက ဒုတိယမဒမ် မျက်နှာမည်းသွားတာကို တွေ့ခဲ့ရလို့ ရယ်မိလုနီးပါးဖြစ်ခဲ့သည်။


ဒါအမှန်ပဲ၊ သူတစ်ခါမှမတွေးဖူးခဲ့ပေ။



အနောက်မှာထိုင်နေသော ရှန်ချီရှင်းက ဂုဏ်သတင်းမကောင်းသောမရီးကို အရမ်းစိတ်ဝင်စားနေသည်။ 

 

“မရီး၊ဒီနေ့ပြောခဲ့တာ တကယ်မိုက်တာပဲ၊ ကျွန်တော်တို့ ရှေးခတ်ဇာတ်လမ်းတွဲမှာ ရေးထားတာနဲ့ အတိအကျကိုတူတယ်။ ဒီနေရာမှာ ထပ်ပြီးဖျော်ဖြေခဲ့မယ်လို့ မမျှော်လင့်ထားဘူး။ အနုပညာဆိုတာ ဘဝကလာတာပဲ.. မရီးက ဘယ်လိုသိခဲ့တာလဲ?” 


ရှန်းယုဟန်က သူ့ယောက်ဖဆီက ရုတ်တရက် ချီးကျူးခံရသဖြင့် ဘယ်လိုရှင်းပြရမလဲမသိပေ။ ထိုစကားမှာ အမှားပါသွားတယ်လို့ သူမထင်ပေ၊ သာမန်သာဖြစ်၏။ သို့သော် ခေတ်သစ်တွင် သူက သူ့စကားနှင့်လုပ်ရပ်ကို သတိထားသင့်ပေမယ့် တခြားသူတွေ သူ့ခင်ပွန်းကို လက်လွန်စပယ်ပြောဆိုနေတာကိုတော့ သည်းမခံနိုင်ပေ။ ရှန်ချီဟွမ်းက အမျိုးသမီးဆိုပြီး ညှာတာပေမယ့် သူက ရှန်ချီဟွမ်း၏ဇနီးဖြစ်တာကြောင့် သဘာဝအတိုင်း ကာကွယ်ပေးချင်သည်။



သူစကားစီနေတုန်းမှာ ရှန်ချီဟွမ်းက ပြောလာသည်။ “မင်းနေ့တိုင်းအိမ်မှာ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ ဇာတ်လမ်းတွဲတွေကိုကြည့်နိုင်ရင် ရှေးခတ်ဇာတ်လမ်းတွဲက စာသားတွေကိုလည်း ကောင်းကောင်းသင်ယူနိုင်လိမ့်မယ်။ မင်းက ဇာတ်ညွှန်းနေ့တိုင်းဖတ်ပြီး ပရိသတ်ဖြစ်တဲ့ ရှန်းယုဟန်လောက်တောင်မကောင်းဘူး။”


သူ့ခင်ပွန်းက ကူရှင်းပြပြီး ရှန်းယုဟန်က စိတ်သက်သာရာရသွားသည်။ ကြည့်ရတာ သူ့အပြုအမူကိုရှင်းပြဖို့ တီဗီဇာတ်လမ်းတွဲများကို အသုံးချနိုင်ပုံပဲ။ တီဗီဇာတ်လမ်းတွဲနှင့် သူ့ခင်ပွန်းကိုကျေးဇူးတင်ရမည်။


ကားနောက်ခန်းက ရှန်ချီရှင်းသည် တတိယအစ်ကိုက သူများအကြောင်းကို ဤကဲ့သို့ရင်းနှီးသာလေသံဖြင့် ပြောနေသည်ကို ကြားဖူးတာရှားသည်။ သူတို့အတူနေစဥ်ကသာ အလွန်ရင်းနှီးခဲ့ဖူးသည်။ သူ့တတိယအစ်ကိုက ရှန်းယုဟန်ကို စိတ်ဝင်စားနေတာလား?


“ကောက ကျွန်တော့်မရီးကို ဒရာမာအရမ်းကြည့်လို့ လှောင်နေတာလား ဒါမှမဟုတ် ရှေးခေတ်ဒရာမာမရိုက်လို့ ကျွန်တော့်ကိိုလှောင်နေတာလား? အခုခေတ် ရှေးခေတ်ဒရာမာတွေက အမျိုးသမီးဇာတ်ဆောင်အကြောင်းပိုများတယ်။ ကျွန်တော်အများဆုံးရိုက်နိုင်တာက ဇာတ်လိုက်မရဲ့ မောင် ဒါမှမဟုတ် လူချမ်းသာရဲ့သား အလေအလွင့်နေရာပဲ၊ တတိယအစ်ကိုက သမိုင်းဇာတ်လမ်းတွဲတစ်ခုခုမှာ ကျွန်တော့်အတွက် ရင်းနှီးမြှုပ်နှံပေးလေ၊ မသေနိုင်သောဓားဒဏ္ဍာရီ၊ ဝူရှ ဒါမှမဟုတ် ကျိုက်သို့ တစ်ခုခုမှာပေါ့၊ ကျွန်တော်ဘာမဆိုလုပ်နိုင်တယ်၊ အမျိုးသားဇာတ်လိုက်သာဖြစ်ခွင့်ပေး။”

(ကျိုက်သို့** တိုက်ပွဲ…မယားငယ်နှင့်ကိုယ်လုပ်တော်တိုက်ပွဲ၊ အမွေလုတိုက်ပွဲ၊ အချစ်တိုက်ပွဲ..စသဖြင့်ကို ဆိုလိုပါတယ်။)


“ပိုက်ဆံကရှာရလွယ်တယ်လို့မင်းထင်ရင် ငါ့ကုမ္ပဏီကိုလာပြီး အရင်အလုပ်လုပ်လိုက်။” ရှန်ချီဟွမ်းက ပြောလိုက်သည်။


“တတိယအစ်ကို…ကောက ကျွန်တော်တို့မိသားစုမှာ ကပ်စေးအနည်းဆုံးပဲ၊ အစ်ကိုကြီးနဲ့ အစ်မလတ်တို့ ကျွန်တော့်ကိုလာတွေ့တိုင်း မုန့်ဖိုးလိုလားအမြဲမေးတယ်၊ ကောကသာ ကျွန်တော်ရဲ့နုနယ်တဲ့ကလေးစိတ်ကို နေ့တိုင်းဖျက်စီးနေတဲ့သူပဲ။” သူက သက်ပြင်းချကာ ရှန်းယုဟန်ကို သူနဲ့အပါခေါ်လိုက်သည်။ “မရီး၊ ကျွန်တော့်အစ်ကိုက ကပ်စေးနည်းလို့ မရီးကို မုန့်ဖိုးမပေးဘူးမလား။”


ရှန်းယုဟန်က သူ့ခင်ပွန်းကို လှိုက်လှိုက်လှဲလှဲ ကာကွယ်လိုက်သည်။ “သူက ကပ်စေးမနည်းပါဘူး၊ ငါ့ကိုမုန့်ဖိုးပေးပါတယ်။”


ရှန်ချီရှင်း: “ဟုတ်တယ်..ဘာ…ပေးတယ်…ပေးတယ်ဟုတ်လား?”


ရှန်းယုဟန်က ရှန်ချီရှင်းဘက်လှည့်ကာ ပြောလိုက်သည်။ “ပေးပါတယ်။”


သူပြန်လှည့်လိုက်သောအခါ ရှန်ချီဟွမ်းက တစ်နေရာကိုကြည့်နေပြီး သူ့မျက်လုံးထဲမှာ ဂုဏ်ယူနေသည်။

ရှန်ချီရှင်းက စိတ်မပါတော့ပေ။ “ဇီးရိုးဘယ်လောက်ပေးလဲ..ကျွန်တော့်အစ်ကိုက အရမ်းကပ်စေးနည်းတာ။”

ရှန်းယုဟန်က အာရဗီဂဏန်းတစ်မှတစ်ဆယ်အထိ တိတ်တဆိတ်လေ့လာခဲ့ပြီး သူက ဇီးရိုးအဓိပ္ပါယ်ကိုနားလည်ပေမယ့် မရေတွက်နိုင်သေးပေ။


သူက ဖြစ်သလိုပြောလိုက်သည်။ “မရေတွက်ရသေးဘူး။”



ရှန်ချီရှင်းက ရှန်းယုဟန်၏စကားကို အလိုအလျောက် ကောက်နှုတ်လိုက်ပြီး သူ့တတိယအစ်ကိုက တကယ်ကို ကပ်စေးနည်းပြီး နည်းနည်းပဲပေးသဖြင့် ရှန်းယုဟန်က သူ့ကိုပြောဖို့ရှက်နေတာဟု တွေးလိုက်သည်။

ရှန်ချီဟွမ်းက အကူအညီမဲ့စွာ ဝင်ပြောလိုက်သည်။ “ရှန်ချီရှင်း..မင်းလမ်းပေါ်မှာအိပ်ချင်လား.. ငါ့အိမ်မှာအိပ်ချင်လား? စကားဆက်ပြောနေရင် ကန်ချပစ်မယ်။”


သူ့ပုံရိပ်ကောင်းက သူ့ပါးစပ်ကြောင့် ပျက်စီးလုနီးပါးဖြစ်ပြီး ရှန်းယုဟန်က နက်ဖြန်မှာ မုန့်ဖိုးပိုတောင်းလာမလားဆိုတာကို သူမသိပေ။


သူတောင်းခဲ့ရင် ပိုပေးမှာလား.. မပေးဘူးလား?


အိမ်အပြန်လမ်းမှာ ကားထဲကလေထုက အတော်လေး လိုက်လျောညီထွေရှိလှပြီး ရှန်ချီရှင်းက နောက်ခုံမှာ စာပြန်နေစဥ် ရှန်းယုဟန်က ညဘက်လမ်းမကြီးကို ကြည့်နေသည်။


နေရာတိုင်းမှာ လမ်းမီးရှိပြီး နေ့ဘက်လို လင်းထိန်နေသည်။ လမ်းမပေါ်က လမ်းသွားလမ်းလာများက မီးဖွင့်စရာမလိုပဲ ကလေးတွန်းလှည်းကို တွန်းလာကြသော စုံတွဲများလည်းရှိ၏။ လူကြီးများက လမ်းဘေးမှာ ကခုန်နေပြီး လူငယ်များက သီချင်းဆိုနေကြသည်။ လမ်းဘေးမှာ မွှေးကြိုင်သော မုန့်ဆိုင်များရှိနေပြီး မီးပွိိုင့်နီသွားစဥ် ရှန်းယုဟန်က အပြင်က အကြော်နံ့မွှေးမွှေးလေးကို ရလိုက်၏။



ဒါက ခေတ်သစ်လူသားတွေရဲ့ ညဖြစ်ပြီး ဘယ်တော့မှမအိပ်တဲ့ စစ်မှန်သောညဖြစ်ပုံရသည်။


သူက ရှန်ချီဟွမ်းကို သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။ “ယောကျာ်း…ညဆို အပြင်မှာသွားကစားလို့ရလား?”


“ဘားသွားတာလား?” ရှန်ချီဟွမ်း၏မျက်လုံးများက အေးခဲသွားကာ နှလုံးသားက ယားယံလာပြီး သူက အတိတ်ညများကို လွမ်းနေသည်ဟု တွေးမိသွားသည်။


ကံကောင်းစွာပင် ရှန်းယုဟန်က လှည့်မကြည့်ခဲ့ပေ၊ မဟုတ်ရင် သူ့ခင်ပွန်းမျက်လုံးထဲက မကျေနပ်မှုကို မြင်ရနိုင်သည်၊ သူက အပြင်ကိုညွှန်ပြကာ ပြောလိုက်သည်။ “ကျွန်တော်မသောက်ချင်တော့ဘူး၊ သူတို့ ဆိုကနေတာကို ကြည့်ချင်တယ်။”


သူတို့ကရင်​ပြင်ကိုဖြတ်သွားကာ ဒီဘက်လမ်းက စီးပွားရေးလမ်းဖြစ်ပြီး ညနေဆို လမ်းလျှောက်ထွက်ကြသူများ ရှိနေသည်။ ကလေးနဲ့လမ်းလျှောက်ထွက်ခြင်း၊ ခွေးနဲ့လမ်းလျှောက်ထွက်ခြင်း၊ ရင်ပြင်မှာ အကနှင့်အနုပညာဖျော်ဖြေပြီး မုန့်ရောင်းနေကြသေးသည်။



ရှန်းယုဟန်က ရောင်စုံမိုးပျံအရုပ်များကို ကိုင်လာသောလူကိုတွေ့ခဲ့ပြီး သူ့မျက်လုံးများက တောက်ပသွားကာ တစ်ခုလောက်လိုချင်လာသည်။


ရှန်ချီဟွမ်းက ပြောလိုက်သည်။ “နောက်တစ်ခါခေါ်သွားပေးမယ်၊ အဲ့ဒီနေရာက အိမ်နဲ့ဝေးလို့ လာဖို့အဆင်မပြေဘူး၊ တခြားရင်ပြင်တွေလည်း တူပေမယ့် ဒီနေရာလောက် မစည်ကားဘူး။”


ရှန်းယုဟန်က ပြတင်းပေါက်အပြင်ကို ညွှန်ပြလိုက်သည်။ “ကျွန်တော့်ကို အဲ့ဒါလေးဝယ်ပေးပါလား?”


ရှန်ချီဟွမ်းက စောင်းကြည့်ကာ ပြောလိုက်သည်။ “ဘယ်တစ်ခုလဲ?”



ရှန်းယုဟန်: “အဲ့မှာပေါ်နေတာလေး၊ အရောင်စုံတာလေး။”


ရှန်ချီဟွမ်း: “ကလေးဆန်ဆန် မဆန်ဆန်.. အဲ့ဒါတွေက ကလေးပဲဆော့လို့ရတဲ့ဘောလုံးတွေပဲ။”


“ကျွန်တော်လိုချင်တယ်၊ ဟိုနားကကောင်မလေးကလည်း တစ်ခုဝယ်လိုက်တယ်။” ရှန်းယုဟန်က ဘောလုံးကို တောင့်တစွာကြည့်နေပြီး သူက ကောင်းကင်မီးပုံးကို အရင်ကမြင်ဖူးပေမယ့် မီးမလိုပဲ အပေါ်မှာလွင့်မြောနေသော ဒီလိုဘောလုံးမျိုးကိုတော့ မမြင်ဖူးပေ။


“နောက်တစ်ခါမှပြောကြတာပေါ့။” ကလေးဆန်တဲ့နေရာမှာ ရှန်းယုဟန်ကို မှီတဲ့သူမရှိဘူး။


အနောက်ခုံမှာ တိတ်တဆိတ်ထိုင်နေသော ရှန်ချီရှင်းက စာရိုက်တာကိုရပ်လိုက်သည်။ တတိယအစ်ကိုက ဘယ်တုန်းက စကားပြောရလွယ်သွားတာလဲ?


ကားပေါ်ကဆင်းတော့ ရှန်းယုဟန်က ပြိုင်ကားကို ပထမဆုံးအကြိမ်စီးဖူးတာကြောင့် လုံခြုံရေးခါးပတ်ကြိုးကို ရှာမတွေ့သဖြင့် သူ့ခင်ပွန်းကို အကူအညီတောင်းလိုက်ရသည်။


“ယောကျာ်း.. ဖွင့်လို့လည်းမရဘူး၊ ကျွန်တော့်ကိုဖြုတ်ပေးပါဦး။”


“ခါးပတ်ဘယ်လိုဖြုတ်ရမလဲတောင်မသိဘူးလား?”


“ခင်ဗျားရှိနေတာပဲလေ။”

“ငါ့ကိုဘယ်လိုသုံးရမလဲပဲသိတယ်။”


“မဟုတ်ပါဘူး။” ရှန်းယုဟန်က တကယ်မသိတာဖြစ်သည်။


“ကောင်းပြီ၊ ကားထဲကထွက်တော့။”


ရှန်ချီရှင်းက သူ့အစ်ကိုနဲ့မရီးပြောနေသော စကားကိုကြားလိုက်ရစဥ် သူက စံပြခင်ပွန်းကောင်းနှင့်တူသော တတိယအစ်ကိုကို ပြန်​ကြည့်လိုက်မိသည်။


အိမ်ရောက်တော့ ရှန်ချီရှင်းက ဧည့်သည်လိုမနေပဲ အိမ်ထဲဝင်ကာ သူ့အစ်ကို၏ ကုတ်အင်္ကျီထားရာ တတိယထပ်အခန်းကို ပြေးတက်သွားပြီး မျှော်လင့်ထားသလိုပင် သူ့အစ်ကို၏ဗီရိုက အမျိုးသားတစ်ယောက်လိုချင်သော စံပြဗီရိုဖြစ်၏။

ရှန်းယုဟန်က လမ်းနှင့်အခန်းကို ရင်းနှီးကျွမ်းဝင်နေသော ရှန်ချီရှင်းကိုမြင်သောအခါ ရှန်ချီဟွမ်းကို သိလိုစိတ်ဖြင့်မေးလိုက်သည်။ “ယောကျာ်း…ကျွန်တော်တို့မိသားစုက ပိုက်ဆံပြတ်လတ်မနေပါဘူး။ ယောက်ဖက ခင်ဗျားဆီက အဝတ်အစားဘာလို့ငှားချင်တာလဲ?”

ရှန်ချီဟွမ်းက စိတ်ရှည်ရှည်ရှင်းပြလိုက်သည်။ “သူက ဒင်နာပါတီကိုသွားမှာမို့ ဝတ်ပြီးသားကို မဝတ်ချင်ပဲ မျက်နှာပွင့်ချင်လို့ တခြားတစ်ယောက်ရဲ့ ပစ္စည်းကိုလည်း မငှားချင်ဘူး။ ပွဲတစ်ပွဲအတွက်နဲ့ ဝတ်စုံအသစ်ဝယ်စရာမလိုတော့ ငါ့ဆီက ခဏခဏငှားတော့တာပဲ။”


ရှန်းယုဟန်: “သူကဘာလုပ်တာလဲ?”



ရှန်ချီဟွမ်း: “မင်းသား၊ ရုပ်ရှင်ရိုက်တာ။”


“ရုပ်ရှင်ရိုက်တာ ပိုက်ဆံမရဘူးလား? ရှန်းယုဟန်က မင်းသားလုပ်တာက အလုပ်တစ်ခုပဲလို့သိထားသည်။ အရင်ခတ်က အထင်သေးရှုံ့ချခံရသော အော်ပရာတေးသံရှင်များနှင့်မတူစွာ အခုခတ်မှာ ဆင်းရဲသားနှင့် မျိုးရိုးမြင့်မိသားစုကြား ခွဲခြားထားခြင်းမရှိပေ။


“​ပိုက်ဆံအများကြီးမပေးဘူး။” ရှန်ချီဟွမ်း၏မျက်လုံးထဲမှာ ရှန်ချီရှင်းက ရုပ်ရှင်ရိုက်ပြီး ပိုက်ဆံရှာတာမဟုတ်ပေ။ ရှန်မိသားစုမှာ ဤဝင်ငွေလောက်ကို ဆင်းရဲတယ်လို့ သုံးနှုန်းပြီး မိသားစု၏ အထောက်အပံ့ကိုယူရသည်။


ကြည့်ရတာ သူ့ယောက်ဖက ဆင်းရဲပုံပဲ..ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ ရှန်ချီရှင်းကလည်း သူ့လိုဆင်းရဲတာလား?


ဒီနေ့အပြင်ထွက်ပြီးနောက် သူတို့က ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေသည်။ နက်ဖြန်ဆို နောက်တစ်ပတ်ရောက်ပြီး ရှန်ချီဟွမ်းနှင့် ရှန်းယုဟန် နှစ်ယောက်လုံးက ရေချိုးပြီး အနားယူဖို့ ရွေးချယ်လိုက်သည်။


အမြဲတမ်းနောက်ကျမှအိပ်ရာဝင်သော ရှန်ချီရှင်းက ညဆယ့်တစ်နာရီမှာ ရှန်ချီဟွမ်းကိုရှာရန် သူ့အစ်ကိုအခန်းထဲကို ပြေးသွားခဲ့ပြီး အချိန်အတော်ကြာ ဘယ်သူမှမနေခဲ့သလို အခန်းကြီးက လစ်ဟာနေတာကို တွေ့လိုက်ရသည်။ 

သူက စာဖတ်ခန်းထဲမှာလို့ထင်လိုက်ပေမယ့် စာဖတ်ခန်းမှာလည်း ဘယ်သူမှမရှိပေ။


နောက်နေ့မနက်တွင် သူအိပ်ရာထပြီး သူ့အစ်ကိုနဲ့မရီးက အခန်းတစ်ခန်းထဲက အတူထွက်လာတာကို မြင်လိုက်ရပြီး နားလည်သွားခဲ့သည်။


ဒါက ရှန်းယုဟန် မုန့်ဖိုးရခဲ့တဲ့ အကြောင်းအရင်းပဲ!


မနက်ခင်းတွင် ရှန်ချီရှင်း၏မန်နေဂျာက သူ့ကိုကိုယ်တိုင်လာကြိုခဲ့ပြီး ယင်းမှာ ပထမဆုံးအကြိမ်မဟုတ်တာကြောင့် သူက ကျင့်သားရနေသည်။


ကားထဲကထွက်လိုက်သည်နှင့် သူက ခြံထဲမှာ ရပ်နေပြီး ပန်းအိုးထဲက ပန်းရနံ့ကိုရှုနေသော မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရသည်။


မန်နေဂျာ၏ မျက်လုံးထဲမှာ အံ့သြရိပ်ဖြတ်ပြေးသွားပြီး သူက လုပ်ငန်းကတ်ကို အမြန်ထုတ်လိုက်သည်။ “အလှလေး..မင်းကြယ်ပွင့်ဖြစ်ဖို့ စိတ်ဝင်စားလား?”

အလှလေးက ထိတ်လန့်သွားကာ ပန်းအိုးထဲက ရေနှင့် သူ့မျက်နှာကို ပက်ဖြန်းမိသွားသည်။ “အား!..သန်းထူကျိ*!”

(သန်းထူတာကိုပြောတာမဟုတ်ပါဘူး…နှာဘူးကြီးလို့ပြောတာပါ။:))



ရှန်းယုဟန် ပန်းပင်ရေလဲနေတာကို လသာဆောင်မှ ရပ်ကြည့်နေသော ရှန်ချီဟွမ်း “......”

မနေ့ညက ကျိန်ဆဲသည့်စကားလုံးကို မသုံးပဲ ကျိန်ဆဲခဲ့သည်ကိုကြားဖူးသော ရှန်ချီဟွမ်းက ဒီနေ့မှာတော့ ရှန်းယုဟန်၏ ပိုရက်စက်သောအခြမ်းကို မြင်လိုက်ရသည်။