Chapter 23.2
Viewers 995

Chapter 23.2


“ကျွန်တော်ခင်ဗျားကိုမလိုချင်တော့ဘူး။”


ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့နောက်လိုက်လာတာကိုမသိပဲ ရုတ်တရက်ပွင့်လာသောမီးကြောင့် ထိတ်လန်သွားကာ သူက သစ်သီးဓားကို အချိန်အတော်ကြာအောင် ရှာနေခဲ့ပြီး အန်တီက ဓားကိုဘယ်မှာထားခဲ့လည်းမသိပေ။ သစ်သီးဓားက ထက်ကာ ကိုင်ရတာမလေးပဲ လှီးရလွယ်သည်။


ထိုအချိန်တွင် သူက အသားခုတ်ဓားကို ကိုင်ထားဆဲဖြစ်ပြီး  လရောင်ကိုအသုံးပြုကာ လက်ကောက်ဝတ်ကိုလှီးဖို့ ချိန်ထားသည်။ ဝက်အရိုးကိုလှီးနိုင်ရင် အရေခွံကိုလည်း လှီးနိုင်လိမ့်မည်။


သို့သော် သူက မီးဖိုချောင်ထဲမှာ သူ့ဘဝကို အဆုံးမသတ်ချင်ပဲ မီးဖိုချောင်မှာ သွေးစွန်းလျှင် အန်တီဝမ် သန့်ရှင်းရေးမလုပ်နိုင်မှာစိုးရိမ်နေသည်။ အန်တီဝမ်က သူ့ကိုကောင်းကောင်းဆက်ဆံပြီး သူကြိုက်တာတွေကို ဂရုတစိုက်ချက်ပေးသည်။


ဘယ်နေရာမှာ သူ့ဘဝကိုအဆုံးသတ်ရမလဲတွေးရင်း မမျှော်လင့်ထားစွာ မီးပွင့်လာခဲ့တာဖြစ်၏။

ရှန်ချီဟွမ်းက ဓားကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ်လှီးဖို့လုပ်နေသော ရှန်းယုဟန်ကြောင့် ချက်ချင်းထိတ်လန့်သွားခဲ့သည်။

သူက အမြန်တုံ့ပြန့်ပီး ရှေ့တိုးကာ ရှန်းယုဟန်လက်ထဲက မီးဖိုချောင်ဓားကိုဆွဲယူပြီး ကောင်တာပေါ်ပစ်ချကာ ဤအန္တရာယ်ရှိသောနေရာကနေ သူ့ကိုချက်ချင်းသယ်သွားခဲ့သည်။


ရှန်ချီဟွမ်းက ဒေါသထွက်ကာ စိတ်လည်းပူနေသည်။ “ရှန်းယုဟန်…မီးဖိုချောင်မှာ ဓားနဲ့ဘာလုပ်နေတာလဲ?”


ရှန်းယုဟန်၏ခြေထောက်များက ​ကြမ်းပြင်နှင့်လွတ်သွားပြီး မီးဖိုချောင်ထဲက ချီမခံလာရဖို့ အချိန်မကြာခဲ့ပဲ သူအသိစိတ်ပြန်ဝင်လာသောအခါ ထမင်းစားစားပွဲပေါ်မှာ တင်ခံထားရပြီး ရှန်ချီဟွမ်းက ကုလားထိုင်ပေါ်မှာထိုင်နေသည်!

ရှန်းယုဟန်၏ နီရဲနေသော မျက်လုံးများက သူ့အကြည့်ကြောင့် ပိုနီရဲလာပြီး မျက်ရည်များ လှိမ့်ဆင်းလာသည်။


သူ့ကိုသေခွင့်တောင်မပေးဘူး။ လွန်လွန်းတယ်!


ရှန်းယုဟန်က ရှန်ချီဟွမ်းကိုစိတ်ဆိုးနေပြီး ငိုနေရင်း ရူးမိုက်သောစကားပြောလာခဲ့သည်။ “ကျွန်တော်ဘာလုပ်လုပ် ခင်ဗျားနဲ့ဘာဆိုင်လဲ?”

ရှန်းယုဟန်က အခုချိန်မှာ အရမ်းခက်ထန်နေပေမယ့် ရှန်ချွီဟွမ်း၏ အမြင်မှာ သူကတကယ်ကို သနားစရာကောင်းပြီး မခက်ထန်ပဲ စိတ်ဆိုးနေခဲ့သည်။



ယင်းမှာ သူအမှားကြောင့်ဖြစ်တာမို့ နားလည်ပေးလို့ရသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ရှေ့တွင် အပြစ်၊ နောင်တ၊ အကြောက်တရားနှင့် တခြားခံစားချက်မျိုးစုံကို ခံစားခဲ့ရပြီး ရှန်းယုဟန်ဆီမှ ခက်ထန်စွာဆက်ဆံခံရပြီးနောက် သူ့စိတ်က မရေရာဖြစ်လာခဲ့သည်။


“ညသန်းခေါင်မှာ ကိုယ့်လက်ကိုလှီးပြီး ဖီးနစ်ခြေသည်းပေါင်း လုပ်မလို့လား? ဖိနပ်လည်းဝတ်မထားဘူး။” ရှန်ချီဟွမ်းက သူ့ကြောင့် ထိတ်လန့်နေပြီး အမူအရာက မညင်သာတော့ပေမယ့် သူ့လေသံကိုလည်း မမာရဲပဲ စိုးရိမ်စိတ်တွေကို ထိန်းချုပ်ဖို့ကြိုးစားလိုက်သည်။ “ရှန်းယုဟန်၊ မင်းငါ့ကိုဒေါသထွက်အောင်လုပ်ချင်ရင်တောင် ကိုယ့်ဘဝကိုယ်တော့ မလှောင်ပြောင်လိုက်နဲ့!”


“ခင်ဗျားကို ဘယ်သူက ဒေါသထွက်အောင်လုပ်နေလို့လဲ.. ခင်ဗျားက ကျွန်တော့်အတွက် ဘာမို့လို့လဲ?” ရှန်းယုဟန်က တစ်ခွန်းပြီးတစ်ခွန်း​ပြောကာ တစ်ညလုံးငိုထားလို့ အသံကအက်ကွဲနေပြီး ကျိန်ဆဲဖို့တောင့်မလုပ်နိုင်ခဲ့ပေ။


ရှန်ချီဟွမ်း: “....” သူက ရှန်းယုဟန်က ထက်​မြက်ပြီး လျှာစောင်းထက်သူဖြစ်ကြောင်း မေ့လုနီးပါးပင်။


လွန်ခဲ့တဲ့တစ်နာရီခွဲက သူတို့နှစ်ယောက် အနာဂတ်မှာ တစ်ယောက်ကိုတစ်ယောက် ဝင်မစွက်ဖက်ကြဖို့ သူပဲပြောခဲ့တာဖြစ်ပြီး ရှန်းယုဟန်က ထိုစကားကို ချက်ချင်းအသုံးပြုခဲ့၍ ပြဿနာမရှိပေ။

ပါးစပ်ပိတ်ဆို့ခံရပြီး စကားမပြောနိုင်တော့သော ရှန်ချီဟွမ်းက ရှန်းယုဟန်ရှေ့မှာ ထိုင်ချလိုက်ပြီး အင်္ကျီလက်နဲ့ မျက်ရည်ကိုသုတ်ပေးလိုက်သည်။ သူ့အသံက ပျော့သွားကာ “မင်းဘာကိုလုပ်ချင်နေတာလဲ?”

ဒါပေါ့၊ ရှန်းယုဟန်က ချီတိုင်းပြည်ကို ပြန်သွားချင်ပြီး အိမ်ပြန်ချင်သည်။ သူက နှာရှုံ့ကာ ပြောလိုက်သည်။ “ကျွန်တော်အိမ်ပြန်ချင်တယ်။ ကျွန်တော်ခင်ဗျားကိုမလိုချင်တော့ဘူး။”

ရှန်ချီဟွမ်းက သူ့ကိုကြည့်လိုက်သည်။ သူ့ကိုမလိုချင်တော့ဘူးဆိုသည့် စကားက သူ့နှလုံးသားကိုနာကျင်စေပေမယ့် ဒီညသူပြောခဲ့သော ရက်စက်သောစကားများနှင့်ယှဥ်လျှင် သူ့ရွေးချယ်မှုက လက်ရှိရလဒ်ကို ဦးတည်ခဲ့ခြင်းဖြစ်ပေသည်။

ထို့အပြင် ရှန်းယုဟန်က အိမ်ပြန်ချင်ပြီး သူ့အိမ်ကလည်းဆုံးသွားတာကို သူ့မှာ အိမ်ဘယ်ရှိနိုင်မလဲ၊ သူဝမ်းနည်းတကြီးငိုနေတာ မအံ့သြတော့ပေ၊ ရှန်ချီဟွမ်း၏နှလုံးသားက မသက်မသာဖြစ်လာပြီး သူက သေချာမစဥ်းစားခဲ့သူဖြစ်၏။


ရှန်ချီဟွမ်း၏လေသံက နောက်တစ်ကြိမ်ထပ်ပျော့သွားသည်။ “ဒါဆိုလည်း မင်းလက်ကောက်ဝတ်ကို ဓားနဲ့လှီးလို့မရဘူး.. မတော်တဆလှီးမိလို့သွေးထွက်လာရင် သေလိမ့်မယ်။”

“ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဝင်စွက်ဖက်စရာမလိုလို့ ကျွန်တော်သေသေရှင်ရှင် ခင်ဗျားဂရုစိုက်စရာမလိုဘူး။” ရှန်းယုဟန်က သူ့နဲ့ငြင်းခုံလိုက်သည်။


လွန်ခဲ့တဲ့တစ်နာရီခွဲလောက်က သူတို့ရဲ့ အခန်းကဏ္ဍက ပြောင်းပြန်ဖြစ်သွားသည်။

ရှန်ချီဟွမ်းက သက်ပြင်းချလိုက်သည်။ ရှန်းယုဟန် သူ့ကိုဒေါသထွက်အောင်လုပ်ချင်ရင် သူဒေါသထွက်ပြီး စိတ်ပူတာက အောင်မြင်သွားပေမယ့် ဒီလိုပုံစံမျိုးတော့ မဖြစ်ချင်ခဲ့ပေ။

ရှန်းယုဟန်က ရှန်ချီဟွမ်းကို စကားမပြောချင်တော့လို့ ဘေးကိုလှည့်လိုက်သည်။ သူက သူ့ခြေထောက်ကိုခုံပေါ်ဆွဲတင်ကာ သူ့ကိုယ်သူကွေးထားလိုက်သည်။


“ဒီည စကားပြောတာကြမ်းတမ်းသွားပြီး မင်းကိုစိတ်ဆိုးအောင် လုပ်မိတာကိုသိပါတယ်။” ရှန်ချီဟွမ်းက အခြေအနေကိုကယ်တင်ချင်သည်၊ သူက သူ့နဲ့အတူ ရွှေ့လိုက်ချင်ပေမယ့် ရှန်းယုဟန်ရှေ့မှာ ထမင်းစားစားပွဲခံနေ၍ ထိုနေရာထိမရွှေ့နိုင်ခဲ့ပေ။

ရှန်းယုဟန်က သူပြောတာကိုမကြားချင်သယောင် ငှက်ကုလားအုတ်တစ်ကောင်လို နားရွက်ကိုအုပ်ထားလိုက်သည်။

ရှန်ချီဟွမ်းက ခဏလောက် ပြောစရာမရှိဖြစ်သွားပေမယ့် အဲ့ဒါက သူ့အပြစ်သာဖြစ်သည်။


တကယ်တော့ သူပြောခဲ့သည့်စကားများကို နောင်တရခဲ့သည်။ အထူးသဖြင့် ဘေးခန်းမှာ ရှန်းယုဟန်ငိုနေတာကို ကြားရစဥ် သူမနေနိုင်ပဲ သူ့ကိုချော့ပြီးတောင်းပန်ဖို့ ပြေးသွားခဲ့သည်။


သူက ဘာလို့ဒီလိုလုပ်ချင်ခဲ့လဲသိသည်။ ယင်းမှာ ထိုစကားများကို ပြောဖို့ဆုံးဖြတ်ခဲ့လို့ဖြစ်ပြီး တစ်ခါတစ်ရံ တည်ငြိမ်နေတာက သူ့ကိုယ်သူနှိပ်စက်နေသလိုပင်။ 


ဖြစ်နိုင်တာက သူသည် အခြေအနေအားလုံးကို တူညီသောနည်းဖြင့် မကိုင်တွယ်သင့်ပေ။ သူက သူ့ကိုယ်သူထိန်းချုပ်ခဲ့သလို ရှန်းယုဟန်ကိုလည်း သူ့ဘဝထဲဝင်ခွင့်မပေးခဲ့ချေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ရှန်းယုဟန် သူ့ကို​ကြည့်သောအကြည့်များနှင့် ရှန်အိမ်တော်မှာ သူ့ကိုကာကွယ်ပေးခဲ့သည့်ပုံစံက လျစ်လျူရှုဖို့ခက်ခဲသည်။

ဖြစ်နိုင်တာက သူတို့တစ်ကြိမ်လောက် ကြိုးစားသင့်သည်။  တစ်ယောက်အကြောင်း တစ်ယောက်သိလာဖို့ အခွင့်အရေးပေးသင့်ပြီး တစ်ယောက်ကိုတစ်ယောက် ဝင်စွက်ဖက်တာကို တားဖို့မလိုပေ။

ရှန်းယုဟန်က သူ့ကိုအဖော်ပြုကာ ဘေးခုံမှာထိုင်နေသော ရှန်ချီဟွမ်းကို လျစ်လျူရှုလိုက်သည်။

ယင်းမှာ မျက်နှာရှုံ့မဲ့ပြီး သူ့ခေါင်းသူကိုင်ထားသော ရှန်းယုဟန်က အကြိမ်များစွာချောင်းဆိုးပြီး မရပ်တော့သဖြင့် ရှန်ချီဟွမ်းက တစ်ခုခုမှားနေမှန်း သတိမထားမိခင်အထိဖြစ်၏။

“ရှန်းယုဟန်..မင်းဘာဖြစ်လို့လဲ?”

သူက ရှန်းယုဟန်၏လက်ကောက်ဝတ်ကို လှမ်းထိလိုက်တော့ အေးစက်နေပြီး ရေခဲလိုအေးစက်နေသော ခြေထောက်ကိုလည်း လှမ်းထိလိုက်သည်။

ရှန်ချီဟွမ်းက သူစိတ်ဆိုးနေတာကို ဂရုမစိုက်ပဲ ချောင်းဆိုတာရပ်သွားတော့ အပေါ်ကို ပွေ့ချီလာခဲ့သည်။


ရှန်းယုဟန်၏ခန္ဓာကိုယ်က ရုတ်တရက်လေထဲမြှောက်သွားပြီး သူက ရှန်ချီဟွမ်း၏ လည်ပင်းကို တင်းတင်းဖက်ထားသည်။ “ခင်ဗျားဘာလုပ်နေတာလဲ?”

ရှန်ချီဟွမ်းက ငိုနေသောမျက်နှာကို တစ်ချက်ကြည့်ပြီး သူ့နှလုံးသားက တင်းမာသွားသည်။ “အခန်းထဲပြန်သွားပြီး မင်းခန္ဓာကိုယ်ကိုလှောင်မလို့လေ၊ ဆိုးကျိုးက ကောင်းကျိုးထက်ပိုများနေတယ်။” ပထမတစ်ခွန်းက ရှန်းယုဟန်ကိုပြောနေတာဖြစ်ပြီး နောက်တစ်ခွန်းက သူ့ကိုယ်သူပြောနေတာဖြစ်သည်။ ယင်းမှာ တစ်ခုခုကို ကြိုးစားလုပ်ဆောင်ပြီးမှ နှစ်ဆဆုံးရှုံးသလိုပင်။  

“မင်းပြန်သွားချင်ရင် ကိုယ့်ဘာကိုယ်ထသွား” ရှန်းယုဟန်က သူ့ကို နီရဲသောမျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။ “အောက်ချပေး၊ အဟွတ်” ထိုချောင်းဆိုးခြင်းက အရှိန်အဟုန်အားလုံးကို ဖယ်ရှားပစ်လိုက်သည်။

ဒါပေါ့.. ရှန်ချီဟွမ်းက သူ့စကားကိုလျစ်လျူရှုပြီး သူက ပါးလွှာသောညဝတ်အင်္ကျီကို ဝတ်ထားကာ လက်နှင့်ခြေက အေးစက်နေပြီး ချောင်းဆိုးနေဆဲပင်။ ဒါတွေက ရောဂါလက္ခဏာဖြစ်ပြီး သူက ရှန်းယုဟန် အောက်ထပ်မှာ အေးခဲသွားမှာကိုမလိုလားချေ။

ရှန်းယုဟန်ကလည်း ပေါ့ပါးသဖြင့် သူ့ကိုအပေါ်သယ်သွားဖို့ အားထုတ်စရာမလိုပေ။

ရှန်းယုဟန်က စိတ်ဆိုးနေပြီး သူ့ခင်ပွန်း၏လက်မောင်းက သန်မာလို့ သူ့ကို တတိယထပ်ထိ သယ်နိုင်တာလို့တွေးနေသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်အား သူတို့မင်္ဂလာအခန်းသို့ မသယ်သွားပဲ သူ့အခန်းကိုခေါ်သွားခဲ့သည်။ ရှန်းယုဟန်က  သူ့စောင်ကို မျက်ရည်များနှင့်စိုရွှဲအောင် လုပ်ထားမယ်ဆိုတာကို သူသိ၍ဖြစ်သည်။ ထို့အပြင် အခန်းထဲက ပြတင်းပေါက်က မပိတ်ထားပဲ အကျယ်ကြီးဖွင့်ထား၍ နွေးထွေးမှုလုံးဝမရှိချေ။

ရှန်းယုဟန်၏ တစ်ကိုယ်လုံးက မသက်မသာဖြစ်လာပြီး သူစိတ်ငြိမ်သွားစဥ် ခေါင်းမူလာကာ လည်ချောင်းခြောက်ပြီး မျက်လုံး၊နှာခေါင်းနှင့် လည်ချောင်းက နာကျင်လာသည်။

ရှန်ချီဟွမ်းက သူ့ကို စောင်ထဲဆွဲသွင်းထားပြီး သူ့လှုပ်ရှားမှုများက ညင်သာနေသည်။ 

ရှန်ချီဟွမ်းက သဘက်နွေးနွေးလေးကိုယူရန် ရေချိုးခန်းသို့သွားခဲ့သည်။ “မင်းမျက်နှာကိုသုတ်လိုက်။”


ရှန်းယုဟန်က စိတ်ပျက်အားငယ်စွာ သူ့မျက်နှာကိုသုတ်လိုက်ပြီး ရှန်ချီဟွမ်းကို သဘက်ပြန်ပေးကာ မျက်နှာလွှဲလိုက်သည်။


ရှန်ချီဟွမ်းက စိတ်မဆိုးပဲ သဘက်ကိုပြန်လျှော်ဖို့ ရေချိုးခန်းကိုသွားကာ အပြင်ထွက်လာတော့ စောင်ကိုမကာ ပြောလိုက်သည်။ “မင်းခြေထောက်ကိုဆန့်လိုက်။”

ရှန်းယုဟန်က စောင်ကိုဆွဲလိုက်ပြီး ခြေထောက်ကိုနောက်ဆုတ်ကာ ရှန်ချီဟွမ်းကိုကြည့်လိုက်သည်။ “မဆန့်ဘူး” သူက တခြားသူများကို ပေါ့ပေါ့တန်တန် ခြေထောက်မပြချင်ပေ။


ရှန်ချီဟွမ်းက ရွေးချယ်စရာမရှိပဲ ခြေထောက်ကို သူ့ဘာသူဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်သည်။  ရှန်းယုဟန်၏ ခြေထောက်က ရှန်ချီဟွမ်း၏လက်လောက်တောင် မသန်မာပဲ ခဏရုန်းကန်ပြီးနောက် အရှုံးပေးလိုက်သည်။ ထိုအချိန် သူက ဒေါသထွက်လာပြီး ရှန်ချီဟွမ်းက သူ့ခြေထောက်ကို သဘက်နွေးနွေးဖြင့် သန့်ရှင်းပေးနေကာ အိပ်ရာထဲပြန်မသွင်းခင် စောင်ပြန်ခြုံပေးလိုက်သည်။

ရှန်းယုဟန်က စောင်ကို မျက်နှာနားထိဆွဲကာ အုပ်ထားလိုက်သည်။ သူကရှက်သွေးဖြာကာ ဒေါသကြောင့်လား အရှက်ရမှုကြောင့်လား မသဲကွဲတော့ပေ။


စိတ်ပျက်စရာပဲ.. ခြေထောက်ကိုမထိဖို့ပြောတာတောင် ထိရဲသေးတယ်!


“စောင်ကိုဖိပြီး ခေါင်းကိုမြှုပ်မထားနဲ့။” ရှန်ချီဟွမ်းက ရေချိုးခန်းထဲက ထွက်လာပြီး သူ့လက်ကို ရှန်းယုဟန်၏နဖူးပေါ်တင်လိုက်သည်။ ကံကောင်းစွာပင် အဖျားမရှိသဖြင့် သူက ရှန်းယုဟန်ကိုပြောလိုက်သည်။ “မင်းမအိပ်ခင် ငါပြန်လာတာကိုစောင့်နေပါ။”

ရှန်းယုဟန်က သူ့နှာခေါင်းအောက်က စောင်ကိုဆွဲကာ သူအပြင်သွားမှာကိုတွေ့တော့ မှုန်ကုပ်ကုပ်မေးလိုက်သည်။ “ဘယ်သွားနေတာလဲ?”

“အောက်ထပ်သွားပြီး မအိပ်ခင်သောက်ဖို့ ဆေးဖျော်ပေးမလို့” ရှန်ချီဟွမ်းက သူအခန်းထဲကထွက်သွားတာနဲ့ ရလဒ်အတွက် တာဝန်ယူရမည်ကိုသိသည်။ သူဘာလို့ဒါကို ခံစားနေရတာလဲ…မဟုတ်ဘူး.. ဒါက သူစိုက်ပျိုးတာကို ရိပ်သိမ်းနေရတာပဲ..

“အို” ရှန်းယုဟန်က စောင်ကို သူ့လက်ထဲမှာကိုင်ထားပြီး ရှန်ချီဟွမ်းထွက်သွားတာကို ကြည့်နေသည်။


ဒီညမှာ သူက ခင်ပွန်းဖြစ်သူ အိပ်လေ့ရှိသော အိပ်ခန်းထဲကို ဒုတိယအကြိမ်ဝင်ခဲ့ပြီး ကုတင်က သူတို့နှစ်ယောက်အိပ်သော ကုတင်ထက် အများကြီးကျယ်ဝန်းသည်။ 


သူက ရှန်ချီဟွမ်း ခြေထောက်ဆေးပေးခဲ့တာကို အရင်တွေးပြီး ရှန်ချီဟွမ်းပြောခဲ့သော ရူးမိုက်သောစကားများကို ပြန်တွေးမိသွားပြီး အနည်းငယ်ရှုပ်ထွေးသွားကာ သူ့စိတ်က အတွေးပေါင်းစုံဖြတ်ပြေးနေပေမယ့် ရှန်ချီဟွမ်းကိုစိတ်ဆိုးနေဆဲပင်။


သိပ်မကြာခင်မှာ ရှန်ချီဟွမ်းပြန်ရောက်လာပြီး တရုတ်ဆေးတစ်ခွက် ယူလာခဲ့သည်။

ရှန်ချီဟွမ်းက သူ့ကိုထပြီး ဆေးသောက်ဖို့ပြောလိုက်သည်။ “ထပြီးအရင်သောက်လိုက်။”


ခွက်က ဖောက်ထွင်းမြင်နေရပြီး ရှန်းယုဟန်က ဆေးမဲကြီးကိုတွေ့တော့ နောက်ပြန်ဆုတ်ကာ မသောက်ချင်တော့ပေ။ “ခါးတယ်။”


ရှန်ချီဟွမ်းက တစ်ငုံအရင်သောက်ပြလိုက်သည်။ “မခါးပါဘူး။ ချိုတယ်။”


ရှန်းယုဟန်က ယုံသွားပြီး ယူသောက်လိုက်သည်။ တစ်ငုံသောက်ပြီးနောက် မခါးတာကိုသိသွားပြီး တစ်ကျိုက်တည်းအပြီးသောက်လိုက်ပြီးမှ ပြန်လှဲလိုက်သည်။


ရန်လည်းဖြစ်ပြီး ဆေးလည်းသောက်ပြီးကာ ညက နောက်ကျနေပြီ။

သတိထားစရာဘာမှမကျန်တော့ကြောင်း သေချာသွားမှ ရှန်ချီဟွမ်းက ကုတင်ပေါ်မှာ ပြန်လှဲလိုက်သည်။ 

သူက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းအိပ်နေပြီလား? ညသန်းခေါင်မှာ မသက်သာရင် ခေါ်လိုက်ပါ။”

ရှန်းယုဟန်က သူ့ကိုမဖြေပေ၊ ရှန်ချီဟွမ်းက အဖြေမရပဲ ခဏစောင့်နေပြီး မီးမပိတ်ခင် သူ့မျက်နှာကို အကြိမ်များစွာကြည့်ကာ အဆင်ပြေလား အတည်ပြုလိုက်သည်။

မီးပိတ်သွားတော့ သူက ရှန်းယုဟန်ကို နှာခေါင်းဖြင့် ပွတ်သပ်လိုက်ပြီး နဖူးကိုနမ်းကာ ကွဲအက်နေသောအသံ​ဖြင့် တိုးတိုးလေးပြောလိုက်သည်။ “တောင်းပန်ပါတယ်။ မင်းကိုအဲ့လိုမပြောခဲ့သင့်ဘူး။” သူက ခဏရပ်ကာ ခက်ခက်ခဲခဲပြောလိုက်ရသည်။ “မင်းကိုယ့်ကိုလိုချင်သေးတယ်မလား?”

ရှန်းယုဟန်က လုံးဝအိပ်မနေပဲ ရှန်ချီဟွမ်း၏ အနမ်းခံလိုက်ရပြီးနောက် ခဏလောက်သည်းခံကာ တိတ်တဆိတ်လှည့်ပြီး မျက်နှာကိုစောင်နှင့်အုပ်ထားလိုက်သည်။

ယောကျာ်းက ဉာဏ်နီဉာဏ်နက်များလိုက်တာ၊ ဒီလိုအချိန်မှာ တကယ်လာနမ်းရတယ်လို့!