Chapter 24
“ခင်ဗျားစောစောပြန်လာရမယ်နော်။”
အံ့သြစရာမရှိပါ၊ ရှန်းယုဟန်က နောက်နေ့မနက်မှာ အိပ်ရာမထနိုင်ခဲ့ပေ။ ယင်းမှာ အိပ်မောကျနေလို့မဟုတ်ပဲ တကယ်ဖျားနေလို့ဖြစ်သည်။
ရှန်ချီဟွမ်း၏လက်မောင်းက သူနိုးလာသော မနက်ခင်းတိုင်းမှာ ဗလာဖြစ်နေခဲ့ပေမယ့် ဒီမနက်မှာ လေးလံနေခဲ့သည်။ ရှန်းယုဟန်က ဒီနေ့စောစောမထခဲ့ပေ။ အစက သူမထနိုင်သည်မှာ အရင်နေ့က နောက်ကျမှအိပ်ခဲ့တာလို့ တွေးလိုက်ပေမယ့် သူက ရှန်းယုဟန်ကို ဖက်လိုက်သောအခါ သူရှူထုတ်လိုက်သောလေကပူနေပြီး နဖူးကိုထိလိုက်စဥ် ပိုတောင်ပူကျစ်နေသည်။
သူက အိပ်ရာထလိုက်ပြီး အဖျားတိုင်းကြည့်တော့ သုံးဆယ့်ရှစ်ဒီဂရီရှိနေပြီး အဖျားနိမ့်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မနှိုးခဲ့ပဲ ရှန်းယုဟန်၏မျက်နှာက သာမန်အဖျားကြောင့် ပုံမှန်မဟုတ်စွာနီမြန်းနေသည်။ ရှန်ချီဟွမ်းက နိုးလာပြီးနောက် စောင်အောက်မှာ သူ့ကိုပွေ့ဖက်ထားကာ ရှန်းယုဟန်အေးနေလို့ ဖက်ထားပေးတာလို့ တီးတိုးပြောလိုက်သည်။
ထို့နောက် သူက အောက်ထပ်ဆင်းကာ အန်တီကို ထမင်းရည်ချက်ခိုင်းလိုက်သည်။ အန်တီက အိမ်မှာ သူခိုးရှိနိုင်တယ်လို့ ထိတ်လန့်တကြားပြောခဲ့ပြီး သူမသိမ်းထားသော ဓားတွေအကုန် ပြုတ်ကျနေတယ်လို့ ပြောလာသည်။ ရှန်ချီဟွမ်းက သူမနေ့ညက အသီးစားချင်ခဲ့တာဖြစ်ကြောင်းပြောကာ သူခိုးမဟုတ်လို့ အန်တီက စိတ်သက်သာရာရသွားပြီး ဖျားနေသော ရှန်းယုဟန်အတွက် လူမမာစာချက်ပြုတ်ဖို့ ထွက်သွားခဲ့သည်။
ရှန်ချီဟွမ်းက သူငယ်ချင်းဖြစ်သူ ဒေါက်တာလျန့်မင်ကို ဖုန်းခေါ်ခဲ့ပြီး သူငယ်ချင်း၏လေသံက မသေချာမှု၊ မကျေနပ်မှုများပြည့်နေသည်။ “ရှန်ချီဟွမ်း..မင်းဘာပြောလိုက်တာ?”
ရှန်ချီဟွမ်း: “လူနာကြည့်ဖို့”
လျန့်မင်: “ဘယ်သူ့အတွက်လဲ?”
ရှန်ချီဟွမ်း: “ငါ့မိသားစု”
လျန့်မင်: “ရှန်မိသားစုလား?”
ရှန်ချီဟွမ်း: “မဟုတ်ဘူး”
လျန့်မင်: “ငါဘာလုပ်တာလဲသိလား?”
ရှန်ချီဟွမ်း: “ဘာလဲ?”
လျန့်မင်: “ငါက ခွဲစိတ်ဆရာဝန်ပါ၊ မင်းမှာ အသေးစားဖျားနာမှုတွေရှိရင် ပြင်ပလူနာဆေးခန်းမှာ သွားပြပါ!”
ရှန်ချီဟွမ်း: “အခကြေးညှိနှိုင်းပေးလို့ရပါတယ်။”
လျန့်မင်: “ပြောဖို့တော့လွယ်တယ်ကွာ၊ တတိယအဆင့်ဆေးရုံက ဆရာဝန်တစ်ယောက်အနေနဲ့ ငါကတကယ်ကိုဆင်းရဲလို့ ပိုက်ဆံအရင်ပေးပြီးမှ ညှိနှိုင်းပါ။”
ရှန်ချီဟွမ်းက အရေးမပါတာတွေမပြောချင်ပေ။ “တစ်နာရီအတွင်း တစ်သိန်းလွှဲပေးမယ်။” ငွေနဲ့ဖြေရှင်းလို့ရသော ပြဿနာတိုင်းက ပြဿနာမဟုတ်ပေ။
တစ်ဖက်က ဖိနပ်ဝတ်နေကာ ကျိန်ဆဲနေသော တုံ့ပြန်မှုတစ်ခုထွက်လာသည်။ “အရင်ရှင်းစမ်းပါ၊ ယုတ်မာတဲ့အရင်းရှင်ကြီးရဲ့.. ငါရဲ့နောက်ဆုံးဘဝမှာ မင်းကိုအကြွေးတင်ခဲ့သလိုပဲ!”
ရှန်ချီဟွမ်း: “အမြန်လာ”
လျန့်မင်: “ခုပဲလာပြီဘော့စ်! ယွမ်တစ်သိန်းရဖို့ ဘယ်လောက်ခွဲစိတ်ပေးရမလဲ၊ မဟုတ်သေးဘူး.. ရှန်ချီဟွမ်း၊ ငါဘယ်သူ့ကိုကုပေးရမှာလဲ? ဘာလက္ခဏာတွေလဲ”
ရှန်ချီဟွမ်း: “ဖျားနေတာ၊ သုံးဆယ့်ရှစ်ဒီဂရီစင်တီဂရိတ်၊ ချောင်းဆိုးနေတယ်၊ တစ်ကိုယ်လုံးချမ်းနေတယ်။”
လျန့်မင်: “ငါက နိုင်ငံရဲ့ ထိပ်တန်းခွဲစိတ်ဆရာဝန်ဆယ်ယောက်ထဲက တစ်ယောက်ပါ၊ ငါအရည်အချင်းပြည့်မီလွန်းတယ်လို့ မထင်ဘူးလား?”
ရှန်ချီဟွမ်း: “မထင်ဘူး၊ ငါပိုက်ဆံပေးပြီးပြီ”
ဖုန်းချသွားသည်နှင့် ငွေလွှဲလက်ခံစာနှင့်အတူ ဒေါက်တာလျန့်က စိတ်ဆိုးနာကျည်းကာ တွန့်ဆုတ်သွားသည်။
သေစမ်း၊ ငွေလက်ခံပြီးရင် ပစ္စည်းပို့ပြီး စာရင်းရှင်းသင့်သည်၊ သူငွေလက်မခံခဲ့ရင် ရှန်ချီဟွမ်းက သူ့အပေါ် အကြွေးတင်သွားမှာဖြစ်သည်။ အခုတော့ သူနောင်တရသည်.. ယင်းမှာ ရှန်ချီဟွမ်းက တခြားသူအပေါ် အကြွေးတင်ဖို့ဆိုတာ မဖြစ်နိုင်သောကြောင့်ပင်။
အဆုံးမှာ ကပ်စေးနည်းသောရှန်ချီဟွမ်းက သူ့ကိုခေါ်ကာ ပိုက်ဆံဖြုန်းရသည်အထိ ဖြစ်စေခဲ့သူကို သူကအနည်းငယ် စူးစမ်းချင်သွားသည်။
နာရီဝက်အကြာတွင် လျန့်မင်က ရှန်ချီဟွမ်း၏အိမ်ကိုရောက်လာပြီး အထဲဝင်လာတော့ သူ့အိမ်မှာ ပြောင်းလဲမှုတချို့ကို တွေ့ခဲ့ရပေမယ့် ဘာတွေပြောင်းလဲသွားလဲ အတိအကျမပြောနိုင်ပေ။
ရှန်ချီဟွမ်းက ဆိုဖာပေါ်မှာထိုင်ကာ တီဗီကြည့်ပြီး သူ့ကိုစောင့်နေသည်။
“ငါမနက်စာလည်း မစားလာဘူး။” လျန့်မင်က ထိတ်ထိတ်ပျာပျာ အရိပ်အမြွက်ပြောလိုက်သည်။
“လူနာကြည့်ပြီးရင်စားလို့ရတယ်၊ အန်တီ ချက်ပြုတ်နေတယ်။”
“ကောင်းပြီ၊ လူနာဘယ်မှာလဲ? သေချာသည်မှာ ဒါက သူရင်းနှီးသော အရင်းရှင်ဖြစ်သည်။
“အပေါ်ထပ်မှာ ငါခေါ်သွားပေးမယ်” ရှန်ချီဟွမ်းက ထရပ်ကာ သူ့ကိုအပေါ်ခေါ်သွားသည်။
အထဲမဝင်ခင် လျန့်မင်က ရှန်ချီဟွမ်းကို တိုးတိုးလေးမေးလိုက်သည်။ “မင်းတစ်ယောက်ယောက်ကို ဖျားအောင်လုပ်လိုက်တာတော့ မဟုတ်ဘူးမလား?”
ရှန်ချီဟွမ်းက မျက်လုံးလှိမ့်ပြလိုက်သည်။ “စက်ဆုပ်ဖို့ကောင်းလိုက်တာ”
–
အိပ်ပျော်နေသော ရှန်းယုဟန်က ချီတိုင်းပြည်အကြောင်း အိပ်မက်မက်နေဆဲဖြစ်ပြီး သူက မော့ကျူးကို စားပွဲနဲ့ကုလားထိုင်ယူလာရန် ပြောဖို့ကြိုးစားနေသည်။ သူက ခြံထဲမှာ ပန်းချီဆွဲဖို့ နေသာသောရာသီကို အခွင့်ကောင်းယူချင်သော်လည်း လူတွေကို ဘယ်လောက်ခေါ်ခေါ် မော့ကျူးက သူ့ကိုလျစ်လျူရှုကာ အဝေးမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
မော့ကျူး..ဘယ်သွားနေတာလဲ?
ရှန်းယုဟန်က မော့ကျူးနောက်ကိုလိုက်ခဲ့ပေမယ့် သူက လမ်းလျှောက်လေ ပိုကျဥ်းလာလေဖြစ်ပြီး မော့ကျူးက ထောင့်တစ်နေရာမှာ ပျောက်ကွယ်သွားပြီး တစ်ယောက်ယောက်က သူ့နောက်ကနေ ဓားနဲ့ခုတ်လိုက်တာကို ကြားလိုက်ရသည်!
“အလှလေး၊ မပြေးပါနဲ့၊ ငါတို့အစ်ကိုကြီးရဲ့ ဇနီးအဖြစ် မင်းကိုပြန်ခေါ်သွားမယ်!”
“ငါဓားပြရဲ့ အငယ်အနှောင်းမဖြစ်ချင်ဘူး!” ရှန်းယုဟန်က ထိတ်လန့်စွာပြောလိုက်သည်။
သူကျရှုံးတော့မယ့်အချိန်မှာ တစ်ယောက်ယောက်က သူ့နာမည်ကိုခေါ်ပြီး အလင်းတစ်ခုက သူ့ဆီပြေးဝင်လာသည်။
“ဓားပြရဲ့အငယ်အနှောင်း?” လျန့်မင်က ရယ်လိုက်သည်။
“ဇာတ်လမ်းတွဲတအားကြည့်တာပဲ။” ရှန်ချီဟွမ်းက အမူအရာမဲ့စွာပြောလိုက်ပြီး လျန့်မင်ကို မျက်လုံးလှိမ့်ပြလိုက်သည်။ “သူရှေ့မှာ ပိန်တယ်လို့ မပြောမိစေနဲ့။”
“သူက မင်းလက်ထပ်ထားတဲ့ တစ်ယောက်လား”
သူတို့စကားပြောနေစဥ် ရှန်းယုဟန်က မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ ရှန်ချီဟွမ်း၏ ခန့်ညားသောမျက်နှာကို မြင်လိုက်ရသည်။
ကောင်းတယ်.. ဓားပြခေါင်းဆောင်နဲ့တွေ့ဖို့ သူ့ကိုခေါ်သွားချင်တဲ့ ဓားပြတွေရှိမနေလို့ ဓားပြရဲ့အငယ်အနှောင်းလည်း ဖြစ်စရာမလိုတော့ဘူး။
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “နိုးပြီလား? မင်းကိုပြဖို့ ဆရာဝန်ခေါ်ထားတယ်။”
ဆရာဝန်က သမားတော်ဆိုတာ ရှန်းယုဟန်ကသိသဖြင့် သူက ခေါင်းညိတ်ပြလိုက်သည်။
ရှန်းယုဟန်က အမျိုးသားသမားတော်များကို ငြင်းဆန်ခြင်းမရှိခဲ့၊ ချီတိုင်းပြည်၏ သမားတော်အများစုက အမျိုးသားများဖြစ်ပြီး သူက ငယ်စဥ်ကတည်းက ကျန်းမာရေးမကောင်းသဖြင့် သမားတော်နှင့်ကုရသည်။ သို့သော် သမားတော်များက အသက်ငါးဆယ်ကျော်ဖြစ်ကြပေမယ့် ရှန်ချီဟွမ်း ခေါ်ထားသောတစ်ယောက်က အရမ်းငယ်တာကြောင့် သူက နောက်တစ်ကြိမ်ကြည့်လိုက်မိသည်။
သမားတော်က အတော်ချောတာကိုတော့ ဝန်ခံရမည်။
ရှန်ချီဟွမ်းက လျန့်မင်ကို တိုက်ရိုက််စိုက်ကြည့်နေကာ လျန့်မင်က ရှန်းယုဟန်ကို ပုံမှန်အတိုင်း စစ်ဆေးပြီးသွားတော့ အခန်းအပြင်ခေါ်ထုတ်ခဲ့သည်။
လျန့်မင်: “ဘာတွေအလျင်လိုနေတာလဲ၊ ငါမင်းရဲ့ဇနီးနဲ့ စကားမပြောရသေးဘူးလေ။”
ရှန်ချီဟွမ်း: “ဘာပြောစရာရှိလဲ၊ သူအနားယူဖို့လိုတယ်။”
လျန့်မင်: “ဒါဆို အနည်းဆုံးတော့ ငါနဲ့မိတ်ဆက်ပေးလေ၊ သူက လှပတဲ့ကလေးတစ်ယောက်ပဲ..ကျစ်..ကျစ်.. ကျစ် မင်းကတော့ အကျိုးမယုတ်ဘူးပဲ။”
ရှန်ချီဟွမ်း: “သူပြန်ကောင်းမှမိတ်ဆက်ပေးမယ်။”
လျန့်မင်က ဆရာဝန်မိသားစုမှာ မွေးဖွားခဲ့ပြီး သူက အသေးစားဖျားနာမှုများကို ကုနိုင်ပြီး ခွဲစိတ်တာက သူရဲ့အထူးကျွမ်းကျင်မှုဖြစ်သည်။
သူက လေးလေးနက်နက်ပြောလိုက်သည်။ “သူ့လည်ချောင်းက နည်းနည်းရောင်နေတယ်၊ နောက်မှရောင်ရမ်းဆေးထိုးပေးမယ်၊ သူ့ကို ပိုးသတ်ဆေးနည်းနည်းတိုက်ပြီးရင် ကောင်းသွားမှာပါ။ ပြန်မကောင်းသေးရင်တော့ ဆေးရုံမှာ ဆေးစစ်ဖို့ခေါ်သွားလိုက်ပါ။”
စကားအနည်းငယ်ပြောပြီးနောက် လျန့်မင်က အထဲဝင်သွားပြီး ရှန်းယုဟန်ကို ဆေးထိုးပေးကာ ထမင်းစားခန်းကိုသွားလိုက်သည်။ သူက ရှန်ချီဟွမ်းအိမ်က အကောင်းဆုံးနံနက်စာကို လုပ်ခဲ့ပေးသော အန်တီဝမ်ကို မြှောက်ပင့်နေသည်။
–
ရှန်းယုဟန်က ဆေးထိုးတာနဲ့ပတ်သတ်ပြီး အနည်းငယ်ရှုပ်ထွေးနေသည်။ အကြောင်းမှာ ဆရာဝန်က သူ့ခန္ဓာကိုယ်ရဲ့ သီးသန့်အကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ တင်ပါးမှာဆေးထိုးခဲ့လို့ပင်!
ခေတ်သစ်လူသားများက ဒီလိုရှက်စရာကောင်းတဲ့နေရာမှာ ဘာလို့ဆေးထိုးကြတာလဲ.. ပြီးတော့ အရမ်းနာတာပဲ!
ရှန်ချီဟွမ်းက ထမင်းရည်နဲ့အထဲဝင်လာတော့ သူက မှုန်ကုပ်ကုပ်မျက်နှာနှင့် ခေါင်းအုံးပေါ်မှာ လဲလျောင်းနေသော ရှန်းယုဟန်ကို တွေ့သွားသည်။ “မင်းဒီလိုထိုင်းမှိုင်းနေလို့မရဘူး။” ရှန်းယုဟန်က ခေါင်းမော့ကာ သူ့မျက်နှာက ပိုပြီးနီမြန်းနေသဖြင့် ရှန်ချီဟွမ်းက သူ့အဖျားပိုဆိုးလာသည်ဟုတွေးလိုက်သည်။ “ထမင်းရည်နည်းနည်းသောက်လိုက်၊ ပြီးရင်ပိုးသတ်ဆေးသောက်ပြီး ပြန်အိပ်နေ။”
ရှန်းယုဟန်က ခေါင်းညိတ်ပြပေမယ့် ရှန်ချီဟွမ်းကို အရင်လိုယောကျာ်းလို့ ညင်ညင်သာသာ မခေါ်ခဲ့ပေ၊ မနေ့ညက ဖြစ်ခဲ့တာကိုသတိရကာ စိတ်ဆိုးနေဆဲဖြစ်၍ ခွင့်လွှတ်ဖို့ မရည်ရွယ်ထားပေ။
ထိုအချိန်တွင် ရှန်ချီဟွမ်းက သူမှားတာကိုသိပြီး မနေ့ကဖြစ်ခဲ့တာကိုလည်း စိတ်ထဲရှိတာကြောင့် လောလောဆယ်ဘာမှမပြောသေးပဲ သူ့ကျန်းမာရေးကို အရင်ဂရုစိုက်ပေးခဲ့သည်။ အားလုံးက သူ့အမှားဖြစ်ပြီး ထိုအတွက် ဆင်ခြေမရှိပေ။
ရှန်းယုဟန်က ဆေးသောက်ပြီး အနားယူလိုက်သည်။ ရှန်ချီဟွမ်းက မနေ့ညက လက်ကောက်ဝတ်ကို ဓားနဲ့ရွယ်ထားသော မြင်ကွင်းကြောင့် ထိတ်လန့်နေဆဲဖြစ်ပြီး လျန့်မင်မပြန်ခင် သူသည် ဝမ်းနည်းစရာစကားကြောင့် သတ်သေဖို့ကြိုးစားသူမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိလားမေးလိုက်သည်။
လျန့်မင်က ပြောခဲ့သည်။ “မလိုပါဘူး။ တစ်ခါတစ်လေ စိတ်လွန်ကဲသွားတဲ့အခါ ဖြစ်တတ်ပါတယ်၊ တချို့လူတွေက ထိရှလွယ်လို့ စိတ်ပျက်စရာစကားတွေ မပြောမိစေနဲ့၊ မင်းလူတွေကို ဒေါသထွက်အောင် လုပ်နေတာလား? ငါက ငါ့အဖိုးဆီက တရုတ်ဆေးပညာကို နည်းနည်းလေ့လာထားလို့ မင်းမိသားစုက အလှလေးမှာ စိတ်ကိုတဖြည်းဖြည်းဝါးမျိုနေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုရှိတာကို ငါပြောနိုင်တယ်။”
“အဲ့ဒါကိုဘယ်လိုကုရမလဲ?” ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့လောက်မပြင်းထန်ပါဘူး၊ စိတ်ချမ်းသာအောင်ထားပေးရုံပဲ။” ယွမ်တစ်သိန်းအတွက်နှင့် လျန့်မင်က အကြံဉာဏ်တချို့ပေးလိုက်သည်။
“ငါအကောင်းဆုံးကြိုးစားပါ့မယ်။”
“တစ်ခုခုရှိရင် ငါ့ကိုခေါ်လိုက်။”
လျန့်မင်ထွက်သွားပြီးနောက် ရှန်ချီဟွမ်းက တစ်ခုကိုတွေးမိသွားပြီး ကုမ္ပဏီကို ဒီနေ့သွားရင်ကောင်းမလား မကောင်းဘူးလား စဥ်းစားနေသည်။
သုံးစက္ကန့်စဥ်းစားပြီးနောက် အိမ်မှာပဲအလုပ်လုပ်ဖို့ ဆုံးဖြတ်ကာ အပိုဆောင်းအနေနဲ့ အိမ်ကဓားတွေအကုန်လုံးကို ဖွက်ထားဖို့ အန်တီ့ကိုပြောလိုက်သည်။
–
ရှန်းယုဟန်က ရှန်ချီဟွမ်း၏အစီအစဥ်ကို ဘာမှမသိပဲ ဖျားနေလို့ အိပ်နေကာ သူ့အိပ်မက်က ထူးဆန်းနေသည်။ သူနိုးလာစဥ် ဘာမက်ခဲ့လဲ မမှတ်မိတော့ပဲ စောင်ခြုံထားလို့ ချွေးများရွဲနေပြီး မွန်းတည့်ချိန်ထိ အိပ်ထားလို့ အဖျားပျောက်သွားပေမယ့် လည်ချောင်းက နာနေဆဲပင်။
သူနိုးလာတော့ ရှန်ချီဟွမ်းက သူ့အခြေအနေကိုကြည့်ဖို့ ဝင်လာပြီး သာမိုမီတာနှင့် အဖျားတိုင်းလိုက်တော့ အဖျားပျောက်သွားတာကို သိခဲ့သည်။
ရှန်းယုဟန်၏ တစ်ကိုယ်လုံးက ပျော့ခွေနေပြီး အားမရှိပေ။
ရှန်ချီဟွမ်းက သူထနေတာကိုတွေ့တော့ မေးလိုက်သည်။ “မင်းဘာလုပ်မှာလဲ?”
ရှန်းယုဟန်က သူ့ကိုယ်ပေါ်က ချွေးနံ့ကိုရှုလိုက်သည်။ “ကျွန်တော်အိပ်လို့မရတော့ဘူး၊ ရေချိုးချင်တယ်။” သူက အမြဲတမ်း အသန့်ကြိုက်သော ကောဖြစ်ခဲ့သည်။
“နေ့လည်စာကို အပေါ်မှာစားချင်လား.. အောက်မှာစားချင်လား?”
“ ရေချိုးပြီးရင်အောက်မှာသွားစားလိုက်မယ်။” ရှန်းယုဟန်၏အသံက အက်ကွဲနေပြီး ဘာမှမပြောချင်တော့ပဲ သူ့လည်ချောင်းက တော်တော်နာနေသည်။
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “ရေသွားချိုးလိုက်၊ မင်းအတွက် အဝတ်အစားယူလာပေးမယ်။”
“ကျွန်တော်အခန်းပြန်ပြီး ချိုးလိုက်ပါမယ်။” ရှန်းယုဟန်က ကုတင်ပေါ်မှထလိုက်သည်။
“မင်းအခုကစပြီး ဒီမှာနေပြီး အထဲမှာချိုးလို့ရပါတယ်။”
ရှန်းယုဟန်က ရှန်ချီဟွမ်းကိုကြည့်ကာ ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး၊ ဒါကခင်ဗျားအခန်းလေ၊ ကျွန်တော့်အခန်းကိုပဲသုံးပါ့မယ်။”
ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကိုစိတ်ဆိုးနေသေးတာကို နားလည်သွားသည်၊ သူ့လေသံက အေးစက်ကာ လျစ်လျူရှူနေသည်။
သူပြောတာကို ခဏလောက်ဖြစ်ဖြစ် နားထောင်လာအောင် ဘာထပ်လုပ်ရမလဲ။
အန်တီက မနက်ခင်းမှာ ဘေးခန်းက အိပ်ရာခင်းကိုလဲပေးခဲ့ပြီး ရှန်းယုဟန်က ရေချိုးပြီးနောက် အချိန်မဖြုန်းပဲ အောက်ထပ်ဆင်းသွားခဲ့သည်။
သူက ဗိုက်ဆာနေပေမယ့် အစားနည်းတာကြောင့် စားချင်သလို မစားနိုင်ပဲ သူ့လည်ချောင်းကနာနေကာ မျိုချဖို့ခက်နေသည်။
သူက ရှန်ချီဟွမ်းက ဘာမဆိုစားနိုင်တာကို အားကျနေပြီး သူကတော့ ထမင်းရည်သာသောက်နိုင်သည်။ သူက ရှန်ချီဟွမ်းကို မကျေမနပ်ကြည့်ကာ ခွင့်မလွှတ်ချင်ပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်လုံးမှတစ်ဆင့် အတွေးကိုမြင်နိုင်သည်။ “မင်းနေပြန်ကောင်းရင် အန်တီကို ကောင်းတာလေးတစ်ခုခု ချက်ခိုင်းလိုက်ပါမယ်။”
“အို” ရှန်းယုဟန်က ထေ့ငေါ့ကာဖြေလိုက်သည်။
တကယ်တော့ သူက အစားကြီးသော လူတစ်ယောက်မဟုတ်ပေမယ့် ဆန့်ကျင်ဘက်အတွေးတော့ ရှိ၏။
မနက်ခင်းမှာ အကြာကြီးအိပ်ပြီးနောက် ရှန်းယုဟန်က နေ့လည်မှာ မအိပ်ချင်တော့သဖြင့် သူက ဆိုဖာပေါ်မှာထိုင်ကာ တီဗီကြည့်နေသည်။ ကြည့်ရင်းကြည့်ရင်း လဲလျောင်းလိုက်ကာ ရှန်ချီဟွမ်းက ဖုန်းပြောပြီးပြန်ထွက်လာသည်။ ရှန်းယုဟန်က ဆိုဖာပေါ်တွင် ခေါင်းအုံးကိုဖက်ကာ အိပ်ပျော်နေသဖြင့် သူက အပေါ်ထပ်မှာ စောင်ထူထူတစ်ထည်သွားယူကာ ခြုံပေးလိုက်သည်။ ထို့နောက် တီဗီအသံကိုလျှော့ကာ ဒီတိုင်းဖွင့်ထားပြီး အိမ်က ပိုပြီးအသက်ဝင်လာသည်။
ရှန်းယုဟန်က ဒီနေ့ပန်းစည်းများကို ဂရုမစိုက်တော့ အားလုံးက စိတ်ဓာတ်ကျနေပြီး အရင်ကလို တက်ကြွမှုကင်းမဲ့နေသည်။
ရှန်ချီဟွမ်းက လက်ထောက်ချွီပို့ပေးသော ခရီးစဥ်ကိုကြည့်ကာ စိတ်ပျက်သွားသည်။ ထို့နောက် ဖြူဖျော့ဖျော့မျက်နှာနှင့် ရှန်းယုဟန်ကို ကြည့်ရင်း အလုပ်ခရီးကိုသွားရမလား မသွားရဘူးလား စဥ်းစားနေသည်။
ရင်ထဲမှာ ပင့်သက်ရှိုက်လိုက်ပြီး ရှန်ချီဟွမ်းက လက်ထောက်ချွီဆီက လတ်မှတ်အချိန်ကို လက်ခံရရှိခဲ့ပြီး ယင်းမှာ ပြည်တွင်းအလုပ်ခရီးစဥ်မဟုတ်ပဲ နိုင်ငံခြားသို့ တစ်ပတ်တာခရီးဖြစ်သည်။
– သူဌေး၊ ယူအက်စ်က ချစ်ပ်ထုတ်လုပ်သူတွေက စျေးတက်ဖို့ရည်ရွယ်ထားပေမယ့် စျေးနှုန်းနဲ့ပတ်သတ်ပြီး သူတို့နဲ့သဘောတူညီချက်မရသေးပါဘူး။ ဒါကြောင့် သူဌေးကိုယ်တိုင်သွားဖို့လိုပြီး အာမခံချက်တောင်းဖို့လိုပါတယ်။
– ပြင်သစ်မှာ ချစ်ပ်ထုတ်လုပ်သူ နောက်တစ်ယောက်မရှိဘူးလား၊ သဘောတူညီချက်မရသေးရင် ပြင်သစ်ဘက်ကိုဆက်သွယ်ပြီး အချက်အလက်ကို အရင်ပြင်ထား၊ မနက်ဖြန် ငါတို့ဘယ်အချိန်သွားမှာလဲ?
– ကျွန်တော် အရင်က ထွက်ခွာချိန်အတိုင်းပဲ လေယာဥ်ကြိုတင်မှာထားပါတယ်၊ မနက်ကိုးနာရီဆိုပေမယ့် သုံးနာရီလောက်စောရောက်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားခရီးစဥ်က မြေအောက်ရထားစီးဖို့ ဆယ်မိနစ်လောက်ပဲလိုပါတယ်။
– ကောင်းပြီ အချက်အလက်တွေကို ပြင်ထားပြီး မနက်ဖြန်မနက်လာကြိုပါ၊ ငါဒီနေ့ကုမ္ပဏီကိုမသွားတော့ဘူး။ အိမ်မှာလုပ်စရာရှိလို့။
– ကောင်းပါပြီ။
လက်ထောက်ချီက တွေးနေသည်၊ သူဌေးက အစည်းအဝေးမတက်တာမျိုး တစ်ခါမှမရှိဖူးပဲ အိမ်မှာဘာဖြစ်ခဲ့လို့လဲ? ကိုးဆယ်ရာခိုင်နှုန်းက သူဌေးရဲ့ဇနီးနဲ့သက်ဆိုင်လိမ့်မည်။
ရှန်းယုဟန်က နေ့လည်ခင်းမှာ ထလာတော့ သူက ရှန်ချီဟွမ်းကို အိမ်မှာတွေ့လိုက်ရပြီး ဒီနေ့က ပိတ်ရက်လည်းမဟုတ်ပဲ အလုပ်မသွားဘူးလားဟု တွေးနေသည်။
သူနေ့လည်မှာ နိုးလာတော့ သူ့ကိုစောင်ခြုံပေးထားတာကို တွေ့လိုက်ရပြီး သူ့ကိုခြုံပေးတာ မစ္စတာရှန်လို့ အန်တီကပြောခဲ့သည်။ ထို့နောက် သူက အန်တီလုပ်ပေးသော ဆေးစွပ်ပြုတ်ကိုသောက်ကာ စွပ်ပြုတ်ကိုလည်း မစ္စတာရှန်က လုပ်ခိုင်းတာလို့ပြောခဲ့သည်။ အဲ့ဒီမစ္စတာရှန်က တကယ်ကို တွေးခေါ်တတ်တာပဲ။
ရှန်းယုဟန်သည် သူမက သူမသူဌေးအတွက် ပြောပေးနေသလိုခံစားလိုက်ရသည်၊ သူတို့နှစ်ယောက်ရန်ဖြစ်ထားတာကို သိနေလို့လား?
အန်တီဝမ်ကိုမေးရင်တော့ အန်တီဝမ်က ဓားရွေ့နေတာတောင် ရန်ဖြစ်တာမဟုတ်ဘူးလားလို့ မေးလိမ့်မည်။ မစ္စတာရှန်က မီးဖိုချောင်မဝင်ဖူးဘူးလေ။
လူနှစ်ယောက်၏စရိုက်က ဓားကိုင်ရလောက်အောင်လည်း မဆိုးတာကို ဘယ်လောက်ထိနားလည်မှုလွဲခဲ့လို့လဲ။
ရှန်ချီဟွမ်းက နေ့ဘက် စာဖတ်ခန်းမှာ ဗီဒီယိုကွန်ဖရင့်ကျင်းပခဲ့ပြီး အားလပ်ချိန်မှာ ရှန်းယုဟန်က မိုက်မဲတာတစ်ခုခုလုပ်နေမလား စစ်ဆေးရန် အောက်ဆင်းလာခဲ့သည်။
ကံကောင်းစွာပင် ရှန်းယုဟန်မှာ ပုံမှန်နေ့တစ်နေ့ရှိပြီး သူက တီဗီကြည့်ကာ နားကြပ်နှင့် သီချင်းနားထောင်နေတာဖြစ်မည်။ သူ့အရွယ်လူငယ်များက သီချင်းနားထောင်ရတာကြိုက်လို့ နောက်ကျရင် နားကြပ်ကောင်းကောင်းတစ်ခုဝယ်ပေးဦးမည်။ သူက အီလက်ထရွန်ပစ္စည်းအကြောင်းကို မပြောဖူး၍ ကြိုက်လားတော့မသိပေ။
ရှန်ချီဟွမ်းက ဒီတစ်ကြိမ်မှာမမှားခဲ့ပဲ ရှန်းယုဟန်က တကယ်ကို သူ့ဖုန်းထဲက သီချင်းကိုနားထောင်နေသည်။ သူကမနေ့ညက ပြဿနာရှာပြီး ဒီနေ့တော့ အရှုံးပေးလိုက်သည်။ သူက ခေတ်သစ်လူသားတစ်ယောက်ဖြစ်ဖို့ မကြိုးစားချင်တော့ပဲ သီချင်းကိုဖြစ်သလိုနားထောင်ကာ ကမ္ဘာသစ်ကိုရှာတွေ့ခဲ့သည်။ စာသားမပါသော သီချင်းက လူတွေကို ရှက်သွေးဖြာစေနိုင်သော စာသားပါသည့် သီချင်းထက်ပိုကောင်းသည်။
သူကပေါ့ပါးသောသီချင်းတစ်ပုဒ်ကို နားထောင်နေစဥ် သူ့စိတ်ကလွင့်မျောနေပြီး ဝမ်းနည်းစရာကောင်းသော သီချင်းကိုကြားရစဥ် ဝမ်းနည်းလာပြီး သူ့အတွေ့အကြုံကို တွေးမိသွားပြီး နားထောင်တာကိုရပ်လိုက်သည်။ သူက မျက်လုံးများရောင်ရမ်းကာ ရုပ်ဆိုးမှာစိုး၍ မငိုချင်ပေ။
သူကဖျားနေရင်တောင် အလှကြိုက်တဲ့ ကောတစ်ယောက်ဖြစ်နေဆဲပင်။
–
ညစာက လူနှစ်ယောက်စာအတွက်ဖြစ်ပြီး ရှန်းယုဟန်က ဒီနေ့စကားသိပ်မပြောပဲ စိတ်ကြည်နေသည်။ သူက အများကြီးမစားပေမယ့် တစ်ရက်လုံးအိပ်ထားတာကြောင့် မျက်လုံးရောင်နေတာက ဖြည်းဖြည်းချင်းသက်သာသွားသည်။
ရှန်ချီဟွမ်းက ထမင်းစားပြီးနောက် ရှန်းယုဟန်ကို ဆေးသောက်ခိုင်းလိုက်သည်။ ရှန်းယုဟန်က ဆေးကိုကြည့်ကာ လက်မလှုပ်တာကိုတွေ့တော့ သူ့ကိုစိတ်ဆိုးကာ ဆေးမယူချင်ဘူးလို့ တွေးမိသွားပြီး ရှန်ချီဟွမ်းကပဲ ကိုယ်တိုင်ယူပေးကာ ရေနဲ့အတူ လက်ထဲထည့်ပေးလိုက်သည်။
တရုတ်ဆေးခါးကို သောက်ရတာနဲ့ယှဥ်ရင် ရှန်းယုဟန်က ဆေးလုံးသောက်ရတာကို မငြင်းဆန်ပဲ နာခံစွာယူလိုက်သည်။
ဒီနေ့အနားယူပြီးတော့ မနေ့ညက စိတ်မငြိမ်ခဲ့ပဲ သတ်သေဖို့ကြိုးစားခဲ့တာကို ပြန်တွေးလိုက်သည်။ သူသာသေသွားရင် ခက်ခက်ခဲခဲ ပြန်လည်မွေးဖွားလာခဲ့သော အခွင့်အရေးအတွက် ဝမ်းနည်းရမှာဖြစ်ပြီး သူ့မိသားစုသိသွားရင် သူလုပ်ခဲ့တာကို ကျေနပ်ကြမှာမဟုတ်ပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန် နာခံစွာ ဆေးသောက်နေတာကိုကြည့်ပြီး မနက်ဖြန် အလုပ်ခရီးထွက်ရမှာကို ပြောပြလိုက်သည်။
“မနက်ဖြန်အလုပ်ခရီးထွက်ရမယ်၊ မင်းနေကောင်းသွားရင် သင်တန်းပြန်သွားလို့ရပြီ၊ ငါအားရင် ဗီဒီယိုကောလ်ခေါ်လိုက်မယ်။”
ရှန်းယုဟန်က အံ့သြသွားပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ “အလုပ်ခရီး?”
သူသိသလောက် အလုပ်ခရီးဆိုတာ အချိန်အကြာကြီးသွားရသောခရီး၊ သူ့အစ်ကိုက ဧကရာဇ်ဟောင်းအတွက် ကျန်းနန်ကို ခရီးထွက်ဖူးပြီး သူထွက်သွားစဥ် နွေဦးရာသီဖြစ်ကာ ပြန်လာတာက ဆောင်းဦးမှဖြစ်သည်။ တစ်ခါတစ်ရံ လမ်းခရီးတစ်လျှောက် ဓားပြများနှင့်တွေ့ကာ သေလုနီးပါးဖြစ်ခဲ့ပြီး ပိုဆိုးသည်မှာ တစ်လမ်းလုံး ဖျားနေခဲ့ခြင်းဖြစ်သည်။
ရှန်ချီဟွမ်းက သူမျက်မှောင်ကြုတ်တာကို တွေ့လိုက်ရသည်။ “တစ်ပတ်လောက်သွားရမှာ၊ အရင်ဆုံးယူအက်စ်၊ ပြီးတော့ပြင်သစ်။”
တစ်ပတ်ဆိုတာခုနှစ်ရက်။
ဘာလို့နှစ်နိုင်ငံကိုသွားမှာလဲ၊ ယူအက်စ်နဲ့ ပြင်သစ်ကဘယ်မှာ?
ဒါပေမယ့် ဘယ်လောက်ကြာကြာ လမ်းမှာတော့ အန္တရာယ်မရှိဘူးမလား?
ရှန်းယုဟန်က သူ့ကိုခွင့်မလွတ်သေးသဖြင့် ထပ်မမေးတော့ပဲ “အို” သူက အေးစက်စက် ပြုမူလိုက်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကို ဆက်ဂရုစိုက်ဖို့ မမျှော်လင့်ထားပေ၊ သူအိမ်က မထွက်ခွာခင် ရှန်းယုဟန်၏မူလပုံစံကို မမြင်ခဲ့ရမှာကို သိသည်။
ရှန်းယုဟန်က ဒီညသူ့အခန်းကို ပြန်သွားခဲ့ပြီး ရှန်ချီဟွမ်းက အရင်ရောက်လာခဲ့သည်။ အကြောင်းပြချက်ကတော့ မှန်ကန်နေသည်။ သူက ရှန်းယုဟန် ညသန်းခေါင်မှာ မသက်မသာဖြစ်ပြီး ရှင်းရှင်းလင်းလင်း မတွေးနိုင်မှာစိုးရိမ်နေသည်။ ရှန်းယုဟန်၏စိတ်ထဲမှာ တစ်ခုခုရှိနေခဲ့သဖြင့် သူက ရှန်ချီဟွမ်းကိုမောင်းမထုတ်ခဲ့ပေ။ တကယ်တော့ သူက သူတို့နှစ်ယောက်အတူအိပ်တာကို နေသားကျနေလေပြီ။
–
မနက်ငါးနာရီခွဲမှာ ရှန်ချီဟွမ်းက နိုးလာခဲ့ပြီး ရှန်းယုဟန် နိုးမလာအောင် ဂရုစိုက်ခဲ့ပေမယ့် ရှန်းယုဟန်က နိုးသွားသေးသည်။ သူက အိပ်ချင်ယောင်ဆောင်နေတာဖြစ်၏။
အပြင်မထွက်ခင် ရှန်ချီဟွမ်းက သူမနိုးသေးဘူးလို့တွေးပြီး နဖူးကို ညင်ညင်သာသာ နမ်းလိုက်သည်။ “ကိုယ်သွားတော့မယ်။”
ရှန်းယုဟန်က ဘေးခန်းမှာ ရှန်ချီဟွမ်း သူ့ခရီးဆောင်အိတ်ကို သွားမယူခင်အထိ မျက်လုံးမဖွင့်ခဲ့ပေ။
လက်ထောက်ချွီက ရှန်ချီဟွမ်းကို လာကြိုခဲ့သည်။
ကားပေါ်မတက်ခင် ရှန်ချီဟွမ်းက တတိယထပ် လသာဆောင်ကိုကြည့်လိုက်တော့ ပုံရိပ်တစ်ခုရပ်နေတာကို တွေ့လိုက်ရသည်။
ရှန်းယုဟန်က သူထွက်သွားတာကို မကြည့်ချင်ပေမယ့် သူ့ခြေထောက်ကို မထိန်းနိုင်ပဲ ပြတင်းပေါက်ကို လျှောက်သွားလိုက်သည်။
ချီတိုင်းပြည်မှာ သူ့အစ်ကိုတွေ ခရီးရှည်ထွက်ရင် ဘယ်လောက်စောစောထရပါစေ သူက သူတို့ကို နှုတ်ဆက်လေ့ရှိသည်။
ရှန်းယုဟန်၏အမြင်မှာ ခရီးဝေးထွက်တာက စိတ်ပူစရာဖြစ်ပြီး ရှန်ချီဟွမ်း အဝေးရောက်နေလည်း စကားပြောလို့ရတာကိုသိသော်လည်း မတွေ့ရမှာကို အနည်းငယ်တုန်လှုပ်မိသည်။
ကားက ခြံထဲကနေ ဖြည်းဖြည်းချင်း မောင်းထွက်သွားပြီး ရှန်းယုဟန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ရှန်းယုဟန် အိမ်ထဲပြန်ရောက်တာနဲ့ တစ်ပြိုင်နက် မက်ဆေ့တစ်ခုကို ရရှိခဲ့သည်။
မူကမ်း: အပြင်မှာအေးတယ်၊ ပြန်အိပ်တော့။
ရှန်းယုဟန်က မက်ဆေ့ကိုဖတ်ပြီး ဝမ်းနည်းသွားသည်။ သူနဲ့ရှန်ချီဟွမ်းက လက်ထပ်ထားတာ လဝက်ထက်နည်းပေမယ့် တစ်ရက်တောင် မခွဲဖူးပေ။
ပြီးတော့ ခုနှစ်ရက်တောင်မတွေ့နိုင်တော့ပေ။ သူက ကုတင်ပေါ်တက်ကာ ရှန်ချီဟွမ်း၏ခေါင်းအုံးပေါ်မှာ မှီလိုက်သည်။ ရင်းနှီးသည့်ရနံ့ကိုရလိုက်စဥ် စိတ်သက်သာရာရသွားခဲ့သည်။
ခဏအကြာမှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ဆီက အေးစက်သောပြန်စာကို ရရှိခဲ့သည်။
ဇနီးလေး: အို..
ရှန်ချီဟွမ်းက လေဆိပ်လုံခြုံရေးစစ်ဆေးမှုကို ဖြတ်ကျော်ပြီးနောက် နောက်ထပ်မက်ဆေ့တစ်ခုကို ရခဲ့သည်။
ဇနီးလေး: ခင်ဗျားစောစောပြန်လာရမယ်နော်။
ရှန်ချီဟွမ်းက မက်ဆေ့ကိုကြည့်ကာ သူထွက်ခွာခဲ့စဥ် တွေ့ခဲ့ရသောပုံရိပ်ကိုစဥ်းစားကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
ကောင်းပြီ။