Chapter 51.1
“စစ်မှန်မှုကို အမှန်အတိုင်းမြင်ခဲ့ခြင်း”
“God Will Alawys Shine” ဆိုသည်မှာ ရယ်စရာကောင်းသော ဘလော့ဂ်ပို့စ်များကို အထူးပြုရေးသားသော ဝေ့ပေါ်ဘလော့ဂါတစ်ဦးဖြစ်သည်။
ယနေ့မှာ သူက အင်တာနက်သုံးစွဲသူများဆီက ပံ့ပိုးမှုတစ်ခုကို ရရှိခဲ့ပြီး အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို တွေ့ရှိခဲ့တာကြောင့် သူက အင်တာနက်သုံးစွဲသူတစ်ဦး၏ Content (အကြောင်းအရာပို့စ်)ကို ကော်ပီကူးပြီး ဝေ့ပေါ်မှာပြန်တင်ခဲ့သည်။ ထို Content ကတော့ အောက်ပါအတိုင်းဖြစ်သည်။ {ဟယ်လို၊ ဂိုးပါ… ငါမစောင့်နိုင်တော့လို့ စာမူတစ်ခုကို တင်ပြချင်တယ်!
ငါ့ကောင်မလေးနဲ့ ငိုရတဲ့ရုပ်ရှင်တစ်ကားကို သွားကြည့်တာ၊ ကိုယ့်တစ်ရှူးကိုယ်ယူလာလို့ ပြောတဲ့သူတွေကို ငါလုံးဝအားမပေးဘူး။ ကိစ္စကဒီလိုကွာ.. ငါ့ကောင်မလေးနဲ့ ငါက ရုပ်ရှင်ရုံကိုရွေးခဲ့တာက ပိုရှင်းတဲ့မြင်ကွင်းကိုရချင်လို့ပါ။ ငါတို့က ထောင့်စွန်းက စုံတွဲခုံကိုမရွေးပဲ အလယ်ကခုံကိုရွေးခဲ့တယ်။ အခုတော့ စုံတွဲခုံမရွေးခဲ့လို့ ငါနောင်တရနေပါပြီ၊ စဥ်းစားကြည့်လိုက်တော့ နောင်တရစရာအရမ်းကောင်းတယ်။
ထိုင်ခုံကို နောက်ကျမှရွေးမိလို့ အလယ်ရဲ့ဘယ်ဘက်ကိုရွေးခဲ့တာ၊ ငါ့အတန်းက ကြည့်ရှုသူတွေက သူတို့ခုံတွေမှာ ထိုင်နေပြီး သူတို့အားလုံးက စုံတွဲတွေပဲ၊ ငါ့ကောင်မလေးက ငါ့ဘယ်ဘက်မှာထိုင်နေတာ ၊ ညာဘက်မှာတော့ ခန်ညားပြီး စတိုင်ကျတဲ့ အမျိုးသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ပိုနုပြီး (A)၊ တစ်ယောက်က နည်းနည်းရင့်ကျက်တယ် (B)။ မင်းတို့သိလား ဒီလူနှစ်ယောက်ကကွာ ငါထိုင်လိုက်တာနဲ့ ငါ့ရဲ့နုနယ်တဲ့စိတ်ကို မညှာမတာနှိပ်စက်ခဲ့တယ်။
ရုပ်ရှင်မစခင်မှာ ဘရန်းကားတစ်စီးရဲ့ ကြော်ညာပေါ်လာတော့ Aက သေချာကြည့်ပြီး B က သူ့ကို ဘာတွေစိတ်ဝင်စားနေတာလဲဆိုပြီး တိုးတိုးလေးမေးတော့ အိမ်ကတစ်စီးနဲ့ကွာနေလို့ဆိုပြီး Aကပြန်ပြောခဲ့တယ်။ ကြောညာထဲကကားက ယွမ်နှစ်သိန်းသုံးသိန်းတန်ပြီး စျေးပေါတဲ့အတွက် သူတို့မိသားစုက အိမ်မှာအဲ့လိုကားမျိုးမစီးလို့ သူလိုချင်ရင်တောင် မဝယ်ပေးဘူးလို့ Bကပြောခဲ့တယ်။ အဲ့ဒီနောက်မှာ B က A ကို ကားမောင်းသင်ချင်လား၊ အိမ်မှာကားဒါဇင်လောက်ရှိလို့ ဘယ်အချိန်မဆိုမောင်းနိုင်တယ်လို့ ပြောခဲ့တယ်။ Aက အိမ်မှာဒရိုက်ဘာရှိနေတော့ ကားမောင်းမသင်ချင်ဘူးလို့ပြောခဲ့တယ်။ မင်းတို့ပဲပြောကြည့်ကြပါ…. ဒါလူစကားတွေလား?
ထပ်ဆောင်းပြောရရင် အဲ့ဒီလိင်တူစုံတွဲက အတော်လေးယဥ်ကျေးတယ်၊ သူတို့က အသံတိုးတိုးပြောပြီး ငါက သေချာနားထောင်ခဲ့လို့သာ သူတို့ကားနဲ့ တခြားအကြောင်းပြောတာကို ကြားခဲ့တာ။ ငါကြားတာနဲ့ ဒေါသထွက်လွန်းလို့ ကောင်းကင်ပေါ်ရောက်လုနီးပါးပဲ၊ ငါက အတင်းဖျင်းနားထောင်ရတာကြိုက်တဲ့ နားရွက်နဲ့မွေးဖွားလာခဲ့တာ ငါ့အပြစ်ပါ။ နေ့လည်မှာ လူသိပ်မရှိလို့ သူတို့ရဲ့အသံကိုကြားခဲ့ရတာလည်း ငါ့အပြစ်ပါ။
ဒါပေါ… ဒါနဲ့တင်မပြီးသေးဘူး။
ရုပ်ရှင်စပြပြီး Climax Scene ကိုရောက်လာတော့ မိုးရွာတဲ့ဇာတ်ဝင်ခန်းက အတော်လေးရင်ထဲထိပြီး ကျောင်းတုန်းက ခရက်ရှ်ကို သတိရသွားစေတယ်။ အဲ့ဒါက အဓိကအကြောင်းတော့မဟုတ်ဘူး။ တကယ့်အကြောင်းက ငါရဲ့ရူးလောက်စရာ အကြားအာရုံက အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက် တံစက်မြိတ်အောက်မှာမခိုပဲ လမ်းပေါ်က မိုးရေထဲဘာလို့ရပ်နေတာလဲ၊ သူတို့က ယာဥ်ကိုပိတ်ဆို့ပြီး ဘာလို့ ယာဥ်စည်းကမ်းမလိုက်နာကြတာလဲလို့ A က B ကိုမေးတော့ B က ရုပ်ရှင်မို့လို့ပါဆိုပြီး ဖြေမယ်ထင်ခဲ့တာ။ သူကပိုတောင်ဆိုးနေသေးတယ်… မိုးရွာလို့ စိုစွတ်နေတာကို အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ ဖိနပ်တွေ ရေစိုမနေတာကိုပါ သတိထားမိသွားတယ်လေ….
ငါက အဲ့စကားကြားတော့ ကျိုးကြောင်းဆီလျော်တယ်လို့တွေးမိပြီး ငါ့ရဲ့အာရုံစူးစိုက်မှုက လွဲချော်သွားလေရော…. စကားမစပ်.. ရင်ထဲထိသွားတဲ့ အငွေ့အသက်ကလည်း အကုန်ပျောက်ကွယ်သွားတယ်။
အဲ့ဒီနောက်မှာ ရုပ်ရှင်ရဲ့အသေးစိတ်ကို လေ့လာပြီးတော့ ငါပြင်ဆင်လာတဲ့ တစ်ရှူးကို Cokeဘူးထဲက ရေကိုသုတ်ဖို့သုံးခဲ့ရတယ်။ ငါ့ကောင်မလေးကတော့ သူတို့စကားကိုမကြားတော့ ရုပ်ရှင်ကြောင့် ဝမ်းနည်းနေပေမယ့် ငါကတော့ ငိုစရာဘာရှိလဲ တွေးမိပြီး ရုပ်ရှင်ထဲက ကျောက်ပုဇွန် ဘယ်လောက်တောင် အရသာရှိလိုက်မလဲဆိုတာကို စဥ်းစားခဲ့တယ်။ အမျိုးသားနဲ့အမျိုးသမီးဇာတ်လိုက်က ဘာလို့ မစားပဲ စကားပြောနေတာလဲ? ပြီးတော့ အမျိုးသမီးဇာတ်လိုက် အိပ်နေတဲ့အချိန်မှာ အမျိုးသမီးဇာတ်လိုက်ရဲ့မျက်နှာပေါ်က မိတ်ကပ်က အရမ်းသေသပ်နေတယ်။ အမျိုးသမီးဇာတ်လိုက်က အိပ်ရာမဝင်ခင် မိတ်ကပ်မဖျက်ဘူးလား?
တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါရဲ့နားရွက်တွေက ထိရှလွယ်တော့ အမျိုးသမီးဇာတ်လိုက် မိတ်ကပ်မဖျက်တာနဲ့ အရသာရှိတဲ့ ကျောက်ပုဇွန်အကြောင်းကို ဘေးက လူတွေဆီက ကြားခဲ့ရတယ်။
တကယ်ပါ၊ ငါ ခိုးနားမထောင်ခဲ့သင့်ပေမယ့် သူတို့ပြောနေတာကို မအံ့သြပဲ မနေနိုင်ခဲ့ဘူး!
စကားမစပ် ငါ့ကောင်မလေးက ရုပ်ရှင်က ရင်ထဲထိလားလို့ မေးခဲ့သေးတယ်။ ငါ့ဖင်ကြီးကို ရင်ထဲထိ! ငါ့ရင်ထဲမှာရှိတာ ကြက်သွန်နီပါးပါးလေးနဲ့ အုပ်ထားတဲ့ နီနီရဲရဲ ကျောက်ပုဇွန်စပ်စပ်ကလေးပဲ!
ငါတို့ရုံကထွက်လာတော့လည်း Aနဲ့Bက ဇိမ်ခံကားတစ်စီးပေါ် တက်သွားတာမြင်လိုက်တယ်။ သူတို့မျက်နှာကို မမြင်ရပေမယ့် အဝတ်အစားကိုကြည့်ရုံနဲ့ သူတို့ကိုသိနိုင်််တယ်။ တကယ်ပါ၊ ငါဒီနေ့အရမ်းနာကျင်ရတယ်!}
– ဟားဟားဟား ရယ်ရတော့သေတော့မှာပဲ! ဒီတော့ မင်းက ရုပ်ရှင်ကမကောင်းလို့ တခြားတစ်ခုကို အာရုံစိုက်နေတာပေါ့?
– ငါ ဒီနေ့လည်မှာ ဒီဇာတ်ကားကို ငါ့ကောင်လေးနဲ့ သွားကြည့်မယ်၊ ကောင်းကောင်းကြည့်လို့ရပါဦးမလား?
– သေစမ်း၊ ယာဥ်စည်းကမ်းကို မလိုက်ကြနာဘူးပေါ့! @RomanceFilmDirector: ဇာတ်ညွန်းရေးရင် ပိုပြီးတင်းကျပ်ပေးပါ။ ဦးဦးရဲသားကြီးတွေကို ဒုက္ခမပေးပါနဲ့
– ငါကတော့ ABနဲ့ အမြင်တူတယ်။ ရုပ်ရှင်ထဲမှာ တကယ်မြင်နိုင်တာ ကျောက်ပုဇွန်ပဲ။ တစ်ခုတော့ရှိတာပေါ့… ငါ့အိမ်မှာ ကားဒါဇင်လောက်မရှိတော့ အသွားအပြန်လိုက်ပို့ပေးတဲ့ ဒရိုက်ဘာရှိဖို့ကတော့ ဝေးစွ။
– နိုင်ငံထဲမှာ ကားအများကြီးမရှိပါဘူး။ ဟုတ်တယ်မလား?
ဤဝေ့ပေါ်ပို့စ်က ထပ်ခါထပ်ခါပြန်တင်ခံရပြီး ရို့မန့်စ်ရုပ်ရှင်ရိုက်ကူးရေးအေဂျင်စီကလည်း သတိထားမိသွားပြီး Hot Search ဝယ်ပြီး ရုပ်ရှင်ကိုကြော်ညာဖို့အတွက် ဤခေါင်းစဥ်၏ ကျော်ကြားမှုကို အခွင့်ကောင်းယူခဲ့သည်။
ထိုအချိန်မှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က သီးသန့်စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေပြီး စားပွဲပေါ်မှာ အရသာမတူသော ပူပူနွေးနွေး ကျောက်ပုဇွန်နှစ်ပွဲနှင့် ခေါက်ဆွဲနှစ်ပန်းကန်ရှိသည်။ ကျောက်ပုဇွန်ကိုစားပြီးတော့ သူတို့က ခေါက်ဆွဲကို အရည်ထဲထည့်ပြီး စားလိုက်ကြသည်။ ကျောက်ပုဇွန်အရည်နှင့်ရောထားသော ခေါက်ဆွဲက အတော်လေးအရသာရှိသည်။
ရှန်းယုဟန်၏ပါးစပ်က လေးလံပြီး ထူထဲသောရနံ့ကြောင့် သရေကျလာပေမယ့် သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတတ်သော ကောဖြစ်တာကြောင့် သူ့နေရာမှာတင် ကိုယ်ဟန်အနေထားကိုထိန်းထားပြီး ရှန်ချီဟွမ်းဘယ်လိုစားလဲ အရင်ကြည့်လိုက်သည်။ သူက တကယ်တော့ ဘယ်လိုစားရမလဲမသိပေ။
သို့သော် ရှန်ချီဟွမ်းက သူ့ကို နားလည်မှုလွဲသွားပြီး အဓိပ္ပါယ်ကို နက်နဲစေသည်။
“မင်းအတွက် ခွာပေးစေချင်တာလား?”
ရှန်းယုဟန်က သဘာဝဆန်ဆန် အလိုက်အထိုက်သွားခဲ့ပြီး ကျောက်ပုဇွန်ထဲမှာ တက်လာသော အငွေ့ကိုကြည့်ကာ ပြောလိုက်သည်။ “ပူနေတယ်။”
ရှန်ချီဟွမ်းက သူ့ကို တစ်ချက်စိုက်ကြည့်သည်။ “ပူမှကောင်းတာလေ၊ အေးသွားရင် မကောင်းတော့ဘူး။” ထိုစကားပြောပြီး သူက ဆိုင်ကပေးသည့် လက်အိတ်အကြည်ကိုဝတ်ကာ ပုဇွန်ခွာနေသည်။ သူက သပ်သပ်ရပ်ရပ်နှင့် အမြန်လှုပ်ရှားနေပြီး ရှန်းယုဟန်၏ ပန်းကန်လုံးထဲကို အရင်ထည့်ပေးလိုက်သည်။ “စားပြီး အရသာရှိရဲ့လား ကြည့်”
“ယောကျာ်းက အရမ်းကောင်းတာပဲ။” ရှန်းယုဟန်က သူ့ကိုအရင်ချီးကျူးပြီး ကျောက်ပုဇွန်ကိုစားလိုက်သည်။ ကျောက်ပုဇွန်ကို ပါးစပ်ထဲထည့်ပြီးတော့ သူ့အရသာခံဖုလေးက ခေတ်သစ်၏အထူးခြားဆုံး အရသာလို့ ထင်မိသော အစားအသောက်ကို မြည်းစမ်းခဲ့ပြီး သူက ချီးကျူးလိုက်သည်။ “အရမ်းအရသာရှိတာပဲ။”
သူက အရသာရှိတာ တစ်ခုခုကိုစားပြီးတာနဲ့ မျက်လုံးက မှေးကျဥ်းသွားပြီး အောက်နှုတ်ခမ်းကို အမှတ်တမဲ့ လျက်မိသွားသည်။
ရှန်ချီဟွမ်းက သူ အစာစားရတာ ကျေနပ်နေတာကိုတွေ့တော့ သူက ဒုတိယတစ်ကောင်ကိုခွာပြီး သူ့ပန်းကန်ထဲထည့်ပေးလိုက်၏။ ရှန်းယုဟန်၏လက်က သက်သာခါစမို့ လက်လောင်သွားရင် အဆင်မပြေဖြစ်မှာစိုး၍ သူက သူ့အတွက် နည်းနည်းလောက် ခွာပေးသင့်တယ်လို့ တွေးမိခဲ့သည်။
ရှန်းယုဟန်က ကျောက်ပုဇွန်ကို တစ်ကိုက်ကိုက်ပြီး ဝမ်းသာအားရစားလိုက်သည်။ သူ သင်ယူပြီးလို့ပြီးခါနီးမှသာ လက်အိတ်ဝတ်လိုက်ပြီး ကျောက်ပုဇွန်ကိုခွာလိုက်၏။ ပထမတစ်ကောင်ကို ခွာရာမှာနှေးခဲ့ပေမယ့် သူ့လက်က ကျွမ်းကျင်သွားပြီး နွှာပြီးသောအခါ သူ့ခင်ပွန်း၏ပန်းကန်ထဲထည့်ပေးလိုက်သည်။
“ယောကျာ်း၊ စား..” ရှန်းယုဟန်က သူ့လက်ရာကို အလွန်ကျေနပ်နေပြီး ထိုသည်မှာ သူခွာဖူးသော ပထမဆုံးကျောက်ပုဇွန်ဖြစ်သည်။
ရှန်ချီဟွမ်းက ကျေနပ်နေပြီး သူက တစ်ကိုက်တည်းစားလိုက်သည်။ “မင်းက ငါ့အတွက် အခွံနွှာပေးဖို့သိသေးသားပဲ။”
“ဒါဆိုလည်း ထပ်နွှာပေးမယ်။” ရှန်းယုဟန်က နောက်တစ်ကောင်ယူကာ ထပ်ခွာနေစဥ် ချောမွေ့နေသည်။ “ယောကျာ်း…ဒီမှာ။”
ရှန်ချီဟွမ်းက ဒုတိယတစ်ခုကို စားလိုက်ပေမယ့် သူက သူ့ဘာသူခွာနိုင်တာကြောင့် ရှန်းယုဟန်နွှာပေးသော ကျောက်ပုဇွန်ကို စားပြီးနောက်မှာ ရှန်းယုဟန်ကို သူ့ဘာသူစားဖို့သတိပေးလိုက်သည်။
အခွံခွာကျွေးတာက တကယ်ကိုချိုမြိန်လွန်ပြီး စိတ်ဝင်စားဖို့ကောင်းသည်။ သူ့ဇနီးလေး၏ဖြူဖွေးသွယ်လျသော လက်များက ပန်းချီဆွဲဖို့တင်မဟုတ်ပဲ လက်ဆေးပြီး သူ့အတွက် ကျောက်ပုဇွန်ခွာပေးဖို့ဖြစ်၏။
သူတို့နှစ်ယောက်က တစ်ကောင်ပြီးတစ်ကောင် စားလို့ပြီးသွားပေမယ့် ခေါက်ဆွဲထပ်စားနိုင်သေးတာက စိတ်ကျေနပ်စရာကောင်း၏။
သူတို့က ဘေလ်ရှင်းပြီးနောက် သီးသန့်စားသောက်ဆိုင်က ထွက်လာပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လမ်းထွက်လျှောက်ဖို့ ခေါ်သွားချင်ပေမယ့် အပြင်မှာမှောင်ပြီး အေးနေတာကြောင့် ထိုအတွေးကိုစွန့်လွှတ်ကာ အိမ်ကိုတန်းပြန်ခဲ့ကြသည်။
အပြန်လမ်းမှာ နှင်းတွေက ငန်းငှက်မွှေးအလား ကျဆင်းလာကာ ရှန်းယုဟန်က ကားပြတင်းပေါက်ကနေ မှီကြည့်နေပြီး သက်ပြင်းချလိုက်၏။ “ယောကျာ်း…. နှင်းထပ်ကျနေပြီ။”
“အွန်း.. နှင်းကျချိန်မှာ မအေးဘူးလို့ပြောကြပေမယ့် နှင်းကျချိန်မှာ အေးတယ်လို့ငါထင်တယ်။” ရှန်ချီဟွမ်းကပြောလိုက်သည်။ လူတိုင်းက လေ၊ပန်း၊နှင်းနဲ့လကို နှစ်သက်ပေမယ့် လက်တွေ့ကျဖို့လိုသေးသည်။ အပြင်မှာအေးနေရင် ဘယ်သူမှအပြင်မထွက်ချင်ပေ။
“အမှန်ပဲ၊ အတိတ်မှာ လူတွေဘယ်လောက်တောင် သေခဲ့ကြတာမို့လဲ” ရှန်းယုဟန်က သူ့အဖေ နှင်းကိုမြင်တိုင်း မျက်မှောင်ကြုတ်တာကို သတိရသွားသည်။ သူတို့က မရှိတော့တာကြာပြီဆိုတာ သူသိပေမယ့် သူ့စိတ်ထဲမှာ သူတို့အသက်ရှင်နေတယ်လို့ မျှော်လင့်နေဆဲပင်။ သူက သူ့မိသားစုအကြောင်း အမြဲတွေးလေ့ရှိပေမယ့် သူ့မွေးရပ်မြေနဲ့ဝေးနေတာကြောင့် ဝမ်းနည်းနေသေးသည်။
ရှန်ချီဟွမ်းက လွမ်းဆွေးနေသော သူ့လေသံကိုနားထောင်ပြီး ငယ်ရွယ်မှုအားမာန်ကင်းမဲ့နေတာကြောင့် ကူကယ်ရာမဲ့ပြောလိုက်သည်။ “အတိတ်ကအတိတ်ပါပဲ။ ဘာမှလုပ်လို့မရဘူး။ သူတို့က အချိန်မှားပြီးမွေးဖွားလာတာပဲ။ ခေတ်တိုင်းရဲ့လူတွေမှာ သူတို့ရဲ့ကိုယ်ပိုင်ရှင်သန်နည်းရှိပြီး စစ်ပွဲအကြောင်းကိုစဥ်းစားမယ်ဆိုရင် အဲ့ဒီလူတွေက စစ်ပွဲမီးတောက်ထဲမှာ နေ့တိုင်းနေခဲ့ရတာ၊ ဘယ်တစ်ခုက ဝမ်းနည်းစရာပိုကောင်းလဲ။ အေးခဲသေတာလား၊ စစ်ပွဲကြောင့်သေတာလား?”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏စကားများကြောင့် ရုတ်တရက်နိုးကြားလာပြီး သူက အရွှန်းဖောက်လိုက်သည်။ “အားလုံးဝမ်းနည်းစရာကောင်းတယ်။ ဒါကြောင့် ကျွန်တော်က လက်ရှိဘဝကို တန်ဖိုးထားမှာ။” သူက လက်ရှိဇာတ်ကောင်များကို အပြည့်အဝနားလည်နိုင်ပြီမို့ ခေတ်သမိုင်းကို ပိုနားလည်လာသည်။ “ယောကျာ်း၊ ကျွန်တော် သမိုင်းစာအုပ်ဝယ်ချင်တယ်။”
“ကောင်းပြီ……” ရှန်ချီဟွမ်းက အသံကိုဖိပြောကာ သူ့ဇနီး စာဖတ်တာကို သဘောကျတာက ကောင်းတဲ့အရာဖြစ်သည်။ “ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျိုးထောင်ရမလဲသိသားပဲ။”
“အွန်း… ကျွန်တော်စာများများဖတ်ပြီး ခန္ဓာကိုယ်ကို အာဟာရဖြည့်သင့်တယ်။” ရှန်းယုဟန်က နောက်တစ်ကြိမ် အရွှန်းဖောက်လိုက်သည်။