ဓာတ်ပုံတွေ အများကြီးပဲ။ ကျိုးယန် ပုံတွေချည်းပဲ။
သူစားနေတာ၊ ဘတ်စကက်ဘော ကစားနေတာ၊ စာသင်ခန်းထဲမှာ... ငါ တကယ်ပဲ သူ့ကို စွဲလမ်းနေတာပဲ။
ရှက်ရမ်းရမ်းပြီး နှုတ်ခမ်းကိုစေ့လိုက်တော့ ငါ့သံသယတွေ နည်းနည်းပါးသွားတယ်။
အဲ့ဒီနောက် တစ်ယောက်ယောက်က ငါ့မျက်နှာကို ညင်သာစွာ ဆွဲလိမ်လိုက်ပြီး ကျိုးယန်ရဲ့ ရယ်သံလေးစွက်နေတဲ့ အသံထွက်လာတယ်။
"ဘာတွေပြုံးနေတာလဲ"
မျက်နှာနီရဲစွာနဲ့ ငါ့ဖုန်းကို သူ့ကိုပေးလိုက်တယ်။
"ကျိုးယန်၊ ကျွန်တော့်ဖုန်းထဲမှာ ခင်ဗျားပုံတွေ အများကြီးပဲ"
...
ကျိုးယန်ရဲ့ မျက်နှာအမူအရာက ရုတ်တရက် တောင့်ခဲသွားတယ်။ သူ ငါ့ဖုန်း screen ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲက ခံစားချက်တွေကို ခွဲခြားရခက်လာတယ်။
သူ ဓာတ်ပုံတွေကို မကြိုက်လို့ စိတ်ဆိုးနေတယ်ထင်ပြီး ငါ ညင်ညင်သာသာပဲ တောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ် ကျွန်တော် ဖျက်လိုက်ပါ့မယ်"
"စိတ်မဆိုးပါနဲ့ ကျိုးယန်"
ဒါပေမယ့် ကျိုးယန်က ရုတ်တရက် အသိပြန်ဝင်လာပြီး ငါ့ကို တားလိုက်တယ်။
"ဖျက်စရာ မလိုပါဘူး၊ ထားလိုက်ပါ"
"ခင်ဗျားက ပုံတွေကိုကြည့်လို့ မကောင်းဘူးထင်မှာစိုးလို့”
"မဟုတ်ဘူး၊ အရမ်းကောင်းတယ်၊ ဘာလို့လဲဆိုတော့ ကိုယ်မသိတဲ့နေရာတွေမှာ ကိုယ့်ကို မင်းဒီလိုမျိုး ချစ်ခဲ့တာကိုး"
"ဒါက ကိုယ့်ကို ပျော်ရွှင်စေတယ်လေ ပေါင်ပေ့ရဲ့”
ကျိုးယန် ရဲ့ အသံက တိုးသွားပြီး သူ့မျက်လုံးတွေမှာ တကယ့်ကို စိတ်လှုပ်ရှားမှုနဲ့ နွေးထွေးမှုတွေ ပေါ်နေတယ်၊ မျှော်လင့်မထားတဲ့ ရတနာတစ်ခုကို တွေ့ရှိလိုက်ရသလိုပဲ။ ငါ့နှလုံးသား လွတ်လပ်ပေါ့ပါးသွားတယ်။
ကျိုးယန် က ငါ့ကို တကယ်ပဲ ချစ်ပုံရတယ်၊ ငါလည်း သူ့ကို တကယ်ချစ်ခဲ့တာပဲ။
ဒါက ငါ့ရဲ့ဂေးနှလုံးသားကို နူးညံ့ပျော့ပြောင်းစေပြီး ငါလည်း ကျိုးယန် ကို စာသင်ကျောင်းဆီ ပြန်ခေါ်သွားတာကို နာခံလိုက်တယ်။
ဒါပေမယ့် သူ ငါ့ကို အဆောင်မှာချပေးတဲ့အခါ ငါ့အခန်းဖော်တွေ အကုန်လုံး ရှိနေတာကို တွေ့လိုက်ရတယ်။ တံခါးဝက အားဟေးက ငါ့ကို ပြုံးပြီး နှုတ်ဆက်တယ်။
"မုန်ထင်၊ မင်း ဒီနေ့ဘယ်သွားတာလဲ မင်းက ပုံမှန်ဆို အရမ်းအေးဆေးတာ၊ မင်း"
"ဟာ၊ ကျိုးယန်လား!"
သူ့နောက်မှာ ကျိုးယန် ကိုမြင်တော့ သူ့အသံက ရုတ်တရက် အဆင့်တော်တော်များများ မြင့်တက်သွားပြီး ကျန်တဲ့အခန်းဖော်တွေကိုလည်း အံ့သြစွာ လှမ်းကြည့်စေတယ်။
ကျိုးယန် ဒီမှာ ဘာလို့ရောက်လာတာလဲဆိုတာကို သူတို့ မယုံနိုင်ကြသလိုပဲ။ ငါ့ဘေးမှာ ရပ်နေတဲ့ ကျိုးယန်ကို ငါ အံ့သြတုန်လှုပ်စွာ ကြည့်လိုက်မိတယ်။
ဟင်… ငါ နေ့တိုင်းအတူနေတဲ့ အခန်းဖော်တွေက ကျိုးယန် နဲ့ ငါ့ရဲ့ ဆက်ဆံရေးကို မသိကြဘူးလား။
~~~