Chapter 4
Viewers 163

"ကျိုးယန် က ငါ့ကောင်လေးပဲ၊ သူ ငါ့ကိုပြန်ခေါ်လာတာ မဆန်းပါဘူး" 


ငါ့အခန်းဖော်တွေရဲ့ မျက်နှာတွေက ပိုလို့တောင် ရှုပ်ထွေးသွားတယ်။ 


"မင်းတို့ ဘယ်တုန်းက စတွဲတာလဲ" 


"မဟုတ်ဘူး၊ မင်း ဘယ်တုန်းက ဂေးဖြစ်သွားတာလဲ!"


"ဒါဆို ကျိုးယန်ကလည်း..." 


ငါ့အခန်းဖော်တွေရဲ့ မှင်တက်နေတဲ့ မျက်နှာတွေကိုကြည့်ပြီး ငါ ချက်ချင်းပဲ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်တယ်။ 


ဪ မဟုတ်ဘူး၊ ငါ့အခန်းဖော်တွေက ငါ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို မသိကြဘူးထင်တယ်။


ငါ အစောပိုင်းက ပြောလိုက်တဲ့ စကားက ငါ ဂရုတစိုက် ထိန်းသိမ်းထားတဲ့ အဖုံးကို ဖော်ထုတ်လိုက်တာနဲ့ အတူတူပဲ၊ ကိုယ့်ကိုယ်ကို ချက်ချင်း အပြင်ထုတ်လိုက်သလို ဖြစ်သွားတယ်။ 


ဒီမှတ်ဉာဏ်မေ့တာက တကယ်ပဲ ဒုက္ခအားလုံးရဲ့ အရင်းအမြစ်ပဲ။ ဒီအကူအညီမဲ့နေတဲ့ အချိန်မှာ ခိုင်မာတဲ့လက်တစ်ဖက်က ငါ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီးတော့ ကျိုးယန် က အေးအေးဆေးဆေး ပြောတာကို ကြားလိုက်ရတယ်။ 


"ဝင်ပြောရတာ အားနာပါတယ်၊ 

ငါက မုန်ထင်ရဲ့ ကောင်လေးပါပဲ" 


"သူက မင်းတို့က လိင်တူမုန်းတဲ့လူတွေ ဖြစ်မှာ ဒါမှမဟုတ် သူ့ကို မကြိုက်မှာကြောက်လို့ သူ ဘယ်တုန်းကမှ မင်းတို့ကို မပြောပြခဲ့ဘူး"


"မင်းတို့ တစ်ခုခု စိတ်မသက်မသာ ဖြစ်ရင် ငါ့ဆီ လာခဲ့ပါ၊ သူ့ကို မခြောက်ပါနဲ့"


ကျိုးယန် က ချမ်းသာတဲ့ နောက်ခံက လာတာ၊ ကျောင်းမှာ သူ့ကို ရန်စရဲတဲ့သူ တစ်ယောက်မှ မရှိသလောက်ပဲ။ ဒါကြောင့် သူ့စကားတွေက တိုတိုတုတ်တုတ်နဲ့ ယဉ်ကျေးပေမယ့်…အပြုံးတစ်ချက်တောင် ပါနေပေမယ့်… လူတိုင်းရဲ့ကျောရိုးကို စိမ့်သွားစေတယ်။ 


အခန်းဖော်တွေက တုန်ခါသွားပြီး ချက်ချင်းပဲ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေကြတယ်။


"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်တို့ နည်းနည်း အံ့သြသွားတာပါ”


"စီနီယာ၊ ဝင်ထိုင်ပါဦး၊ အအေးခံပြီး တံခါးဝမှာ ဘာလို့နေတာလဲ"


ကျိုးယန်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြီး ငါ့ကို အိမ်ရှင်လိုမျိုး အတွင်းထဲ ခေါ်သွားတယ်။ သူ့ကို ဒီလို တည်ငြိမ်နေတာ မြင်တော့ ငါလည်း စိတ်တည်ငြိမ်အောင် ထိန်းနိုင်ခဲ့တယ်။ 


ကံကောင်းစွာနဲ့ပဲ ကျိုးယန် ဒီမှာရှိနေလို့၊ မဟုတ်ရင် ငါ ဒီနေ့ တကယ် ရှုပ်ထွေးနေမှာပဲ။ ဒါက ငါ့ကို သူ့အပေါ် ပိုပြီး မှီခိုစေတယ်၊ ငါ့အကြည့်က သူ့နောက်ကို အမြဲလိုက်နေတယ်။ 


ငါ့အခန်းဖော်တွေကို ငါ့ရဲ့ မှတ်ဉာဏ်မေ့ခြင်းအကြောင်း ပြောနေတုန်း ကျိုးယန်က ငါ့ကို ရုတ်တရက် ပြုံးပြပြီး ပါးကို ဖျစ်လိုက်တယ်။ သူက ဆွဲဆောင်မှုရှိပြီး သဘာဝကျတဲ့ပုံစံပေမယ့် အတည်ပေါက်ကြီးလုပ်နေတာပဲ။


"သူ မအီမသာဖြစ်ရင် ငါ့ကိုခေါ်လိုက်၊ ဘယ်လောက်နောက်ကျနောက်ကျ ငါဖြေမယ်"


အခန်းဖော်တွေက မြန်မြန်ဆန်ဆန် သဘောတူကြတယ်။ မကြာခင်မှာပဲ ကျိုးယန် ထွက်ခွာတော့မယ်။ 


ငါ သူ့ကို အောက်ထပ်ထိ လိုက်ပို့ရမလားဆိုပြီး ငြင်းခုံနေတုန်းမှာပဲ သူက ငါ့ကို အဆောင်ထဲကနေ ဆွဲထုတ်သွားခဲ့ပြီ။ 


အတင်းအဖျင်းပြောနေကြတဲ့ အခန်းဖော်တွေကို ထားခဲ့ပြီးပေါ့။


~~~