Chapter 6
Viewers 164

ဒီနေ့ ငါ့မှတ်ဉာဏ်တွေ ဆန်းဆန်းပြားပြား ပျောက်သွားတယ်။ ပြီးတော့ အရမ်းကို ထူးချွန်တဲ့ ကောင်လေး တစ်ယောက် ရလာတယ်။ ပြီးတော့ ရုတ်တရက် လိင်တူချင်းချစ်တဲ့သူအဖြစ် ထုတ်ဖော်လိုက်ရတယ်။ 


ဒုံးပျံအရှိန်နဲ့လိုပဲ၊ ငါ ဘာမှ နားမလည်ခင်မှာပဲ ငါ့အခန်းဖော်တွေက ရယ်မောရင်း ငါ့ကို နောက်ပြောင် စစ်မေးတော့တယ်။ 


ဒါပေမယ့် ငါက ဘာမှမသိတဲ့သူဖြစ်ပြီး တကယ် ဘာမှ မရှင်းပြနိုင်ခဲ့ဘူး။ နောက်ပြောင်ပြီးတော့ သူတို့ ငါ့ကို နားဖို့ မြန်မြန်ပြောတယ်။ 


ကံကောင်းလို့ သူတို့က လိင်တူမုန်းတီးသူတွေ မဟုတ်ဘူး။ ငါ သက်ပြင်းချလိုက်တယ်။ 


roller coaster စီးသလို နေ့တစ်နေ့က ငါ့ကို ကာယရော စိတ်ပိုင်းပါ ပင်ပန်းနွမ်းနယ်စေခဲ့ပြီး ချက်ချင်းပဲ အိပ်ပျော်သွားတယ်။


ငါ ကျိုးယန်ကို အိပ်မက်မက်တယ်။ ဒီနေ့နဲ့ အရမ်းကွာခြားတဲ့ ကျိုးယန်ကိုပဲ။ သူ ငါ့ဘေးမှာ မရှိဘူး၊ လူအုပ်ထဲမှာ။ အာရုံစိုက်ခံရတဲ့သူ၊ မာနကြီးပြီး ပုံစံမကျဘူး။ သူ့ရဲ့မျက်နှာတစ်ခြမ်းက နေဝင်ချိန်အလင်းထဲမှာ ပျောက်ကွယ်နေတယ်။ အရမ်းချောတယ်။ 


ငါ့အခန်းဖော် အားဟေး က ငါ့ကို တိုးတိုးလေး ပြောတယ်။


"မုန်ထင်၊ အဲ့လူကို မင်းမြင်လား"


"သူက ငါတို့ထက် တစ်နှစ်ကြီးတဲ့ စီနီယာ… နာမည်က ကျိုးယန်တဲ့၊ သူတို့နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထိပ်ဆုံးက အောင်မြင်ခဲ့တဲ့သူ၊ အရမ်းချမ်းသာတယ်၊ Daniel Wu လိုပဲ ချောတယ်"


"ဒီလောကမှာ ငါ့ကို သူ့လောက် ချောအောင် မဖန်တီးပေးနိုင်ဘူးလား"


ငါ့အခန်းဖော်က သက်ပြင်းချရင်း ညည်းတွားနေတယ်။ 


ငါ ပြုံးလိုက်တယ်။ သူက ငါ့ ကောင်လေးလို့ ပြောချင်ပေမယ့် ဘာအသံမှ ထွက်မလာဘူး။ 


ငါ စကားပြောဖို့ ရုန်းကန်နေတုန်းမှာပဲ ကျိုးယန်ကို ယောကျ်ားလေးအုပ်စုတစ်စုက ဝိုင်းပြီး ထွက်သွားပြီ။ 


သူက အစကနေအဆုံး ငါ့ကို တစ်ချက်လေးမှ မကြည့်ဘူး။ အေးစက်ပြီး လက်လှမ်းမမီနိုင်တဲ့သူ။


ဒီနေ့ ငါ့ကို ပြသခဲ့တဲ့ နူးညံ့မှုနဲ့ လုံးဝကွာခြားတယ်။ ငါ ထိတ်လန့်သွားတယ်။ 


ကျိုးယန် ဘာလို့ ငါ့ကို လျစ်လျူရှုတာလဲ။ 


အလောတကြီးနဲ့ မြင်ကွင်းတွေ ပြောင်းလဲသွားပြီး ငါ့ကိုယ်ငါ စာကြည့်တိုက်ထဲ ရောက်နေတာကို တွေ့လိုက်ရတယ်။ 


ကျိုးယန် စာအုပ်တွေ ငှားတုန်း စာကြည့်တိုက်ကတ် မေ့သွားတာကို ငါ တွေ့ရတယ်။ 


စာကြည့်တိုက်မှူးက ခေါင်းမာတယ်။ ကတ်မရှိရင် ငှားလို့မရဘူး။ အခြေအနေ တင်းမာလာတော့ ငါ သတ္တိမွေးပြီး ငါ့စာကြည့်တိုက်ကတ်ကို နောက်ကနေ လှမ်းပေးလိုက်တယ်။ 


ကျိုးယန်က မှင်တက်သွားပြီး ငါ့စာကြည့်တိုက်ကတ်ကို ခဏလောက် ဆော့နေရင်း ငါ့ကို စောင်းကြည့်တယ်။ 


သူ့မျက်လုံးထောင့်က အလွန်ဆွဲဆောင်မှုရှိတဲ့ ကွေးညွှတ်မှုတစ်ခု ပေါ်လာတယ်။ 


"မုန်ထင်လား”


"ကျေးဇူး"


‘ရပါတယ်’ လို့ ပြောချင်ပေမယ့် ဘာအသံမှ ထွက်မလာဘူး။ 


ငါ စိုးရိမ်တကြီး အော်ဟစ်နေမိတယ်။ ပြီးတော့ ရုတ်တရက် ငါ့ကိုယ်ငါ ဘတ်စကက်ဘောကွင်းအပြင်ဘက်မှာ တွေ့လိုက်ရတယ်။ 


ချောမောတဲ့ လူငယ်လေးတစ်ယောက်က ကျိုးယန် ကို ဖွင့်ပြောနေတယ်။ ပတ်ဝန်းကျင်က လူအုပ်ကြီးက ချက်ချင်းပဲ စူးစမ်းလိုစိတ်နဲ့ အတင်းအဖျင်းသံတွေ ပေးလာတယ်။ 


ဒါပေမယ့် ကျိုးယန်က ဘတ်စကက်ဘော ကစားရင်း မျက်နှာတောင် မော့မကြည့်ဘဲ ပျင်းရိစရာကောင်းတဲ့ စကားလုံးနှစ်လုံး ထွေးထုတ်လိုက်တယ်။ 


"ထွက်သွား" 


ကောင်လေးရဲ့ မျက်နှာက ဖြူဖျော့သွားပြီး ငါ မှင်တက်နေတဲ့ ငါ့ဘေးကနေ ရှက်ရမ်းရမ်းနဲ့ ထွက်သွားတယ်။ 


အဲဒီအခိုက်အတန့်မှာ ကျိုးယန်က တစ်ခုခုကို သိလိုက်သလိုမျိုး ငါ့ကို မော့ကြည့်တယ်။ 


သူ့မျက်ခုံးတွေက နည်းနည်းကြုံ့နေပြီး သူ့အကြည့်က ဖော်ပြလို့မရဘူး။ ထိန်းမနိုင်သိမ်းမရ ငါ့မျက်နှာကို တင်းလိုက်ပြီး လှည့်ထွက်သွားတယ်။ 


ဒီပြဇာတ်တစ်ခုလုံးကို ပင်ပန်းနေတဲ့ပုံစံမျိုး။ 


ဒါပေမယ့်လည်း ထိန်းမနိုင်သိမ်းမရ ခံပြင်းစိတ်က ငါ့အတွင်းထဲမှာ ပြည့်လျှံလာတယ်။ ဒါက အရင်က မှတ်ဉာဏ်လား၊ ဒါမှမဟုတ် အိပ်မက်သက်သက်ပဲလား။ 


တကယ်လို့ ဒါက တကယ့်မှတ်ဉာဏ်ဆိုရင် ကျိုးယန်က ဘာလို့ လိင်တူမုန်းတီးသူ ဖြစ်နေတာလဲ။ 


ဒါဆို သူ ဘာလို့ ငါ့ရဲ့ ကောင်လေး ဖြစ်လာတာလဲ။ 


အရမ်းကို ရှုပ်ထွေးနေတယ်။ 


ဘာတွေမှားနေတာလဲ။


~~~