Ch 1
Viewers 63

Ch1


(အသက်လေးနှစ်မှာ ပြန်လည်မွေးဖွားလာခြင်း)


အမှောင်မှ နိုးထပြီးနောက် မျက်လုံးကို မဖွင့်မီ ရဲ့လီက မသိစိတ်နဲ့ လှည့်ကြည့်လာသည်။


လက်ထဲကအရာကို ဆုပ်ကိုင်ပြီး အပေါ်ကို ပိတ်ဆို့လိုက်သည်။


သူမကို ကန်နေတဲ့ ဝမ်းကွဲအစ်မ ယဲ့ကျင်းကျစ်က အော်ပြီး နောက်ပြန်လဲကျကာ ခြေထောက်ကိုကိုင်ကာ ကျိန်ဆဲလိုက်သည်။


"ခွေးမ၊ ယဲ့လီ ခွေးမ၊ နင် ငါ့ကို နာကျင်အောင် လုပ်ရဲတယ်?"


မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ယဲ့လီက တဖြည်းဖြည်း ခေါင်းကြည်လာသည်။


သူမရဲ့မိဘနဲ့ မောင်လေးတို့အတွက် လက်စားချေရန် သူမ ပေါက်ကွဲသွားပြီး ရဲ့မိသားစုဝင်အားလုံးကို သတ်ပစ်လိုက်သည်။


ငါ သေတော့မယ်လို့ ထင်ခဲ့ပေမဲ့ ငါ့ရဲ့လေးနှစ်မြောက်မွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ငါပြန်မွေးမယ်လို့ ဘယ်သူက ထင်မှာလဲ။


ယဲ့ကျင်းကျစ်က သူမကို မုန်းတီးစွာ စိုက်ကြည့်ရင်း "ယဲ့လီ အဘိုးနဲ့ အဖွားလာတဲ့အခါ နင် ငါ့ကို နာကျင်စေတာတွေ့ရင် နင်တော့ သေပြီ!"


ယဲ့ကျင်းကျစ်က ယဲ့လီဒုတိယဦးလေးရဲ့သမီးဖြစ်ပြီး အခုနှစ်တွင် ဆယ်နှစ်ဖြစ်သည်။


သူက ပိန်ပိန်သွယ်သွယ်နဲ့ အရပ်ရှည်ပြီး အရိုးပေါ်အရည်တင် ပိန်ပိန်ပါးပါး ယဲ့လီထက် အများကြီး သန်မာသည်။


အရင်ဘဝတုန်းက ယဲ့လီက လဲလှယ်လို့ရတဲ့နေရာလွတ်တစ်ခု ရခဲ့သည်။


ယဲ့မိသားစု သိသွားပြီးနောက် မိသားစုဝင်အားလုံးက လုယူချင်ကြသည်။


ယဲ့မိသားစုက ယဲ့လီရဲ့မိဘကို အရင်ဆုံးသတ်ပြီး သူမကို ခြိမ်းခြောက်ရန် မောင်ဖြစ်သူကို ချန်ခဲ့သည်။


အမြွှာမောင်လေးက သူမကို ဆွဲမချချင်တာကြောင့် သူ့ကိုယ်သူ သတ်သေသွားတယ်......


အရင်ဘဝတုန်းက ယဲ့မိသားစုရဲ့ သတ်ဖြတ်နှိပ်စက်ခံခဲ့ရတဲ့ ဘဝနဲ့ ဆွေမျိုးတွေကို တွေးတောမိရင်း၊ တစ်ကြိမ်က လက်စားချေပြီးပြီဆိုရင်တောင် ယဲ့မိသားစုတစ်ခုလုံးကို ပျက်စီးချင်နေသေးသည်။ ယဲ့လီရဲ့နှလုံးသားထဲတွင် အရင်တိုင်းမုန်းတီးဆဲပင်။


ကျိုးနေတဲ့ သစ်သားချောင်းကို ကောက်ကိုင်လိုက်ပြီး ယဲ့ကျင်းကျစ်ဆီ လျှောက်သွားသည်။


အားကုန်သုံးပြီး သစ်သားချောင်းနဲ့ ယဲ့ကျစ်ကျင်းရဲ့ ခန္ဓာကိုယ်ကို ရိုက်လိုက်သည်။


ယဲ့ကျင်းကျစ်က "ခွေးမစုတ်" ဟု အော်လိုက်ပြီးတော့ ယဲ့လီကို တိုက်ဖို့ ရှေ့ကို ပြေးတက်လာသည်။


ယဲ့လီက ဗီရိုနားရောက်သည်ထိ နောက်ပြန်ဆုတ်ပြီး ဗီရိုတံခါးကို ကိုင်ကာ ယဲ့ကျင်းကျစ်က သူမကို ဆောင့်ကန်တော့မည့်အချိန်တွင် ဗီရိုတံခါးကို အားပြင်းပြင်းနဲ့ တွန်းလိုက်သည်။


အော်သံတစ်ခုသာကြားလိုက်ရပြီး ယဲ့ကျင်းကျစ်က သူမနှာခေါင်းကိုဖုံးကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။


အားးး.... နာတယ်! နာတယ်!


အဘိုးယဲ့က အပြင်ကနေ ပြေးပြီး "ဘာဖြစ်တာလဲ? ဘာဖြစ်တာလဲ?"


ယဲ့ကျင်းကျစ်က ရှက်ပြီး ဒေါသထွက်သွားကာ သူမ နှာခေါင်းကို အုပ်ပြီး ရဲ့လီကို ဆဲသည်။ "ယဲ့လီ ခွေးမ သမီးကို ရိုက်တယ်!"


ယဲ့ကျင်းကျစ် အရိုက်ခံရတာကိုကြားတော့ အဘိုးကြီး ယဲ့မျက်နှာက ခက်ထန်လာပြီး "ရဲ့လီ မင်းရဲ့ဝမ်းကွဲအစ်မကို မင်း ဘယ်လိုတောင်ရိုက်ရဲတာလဲ?"


ပြောရင်း လက်မြှောက်ကာ ယဲ့လီကို ပါးရိုက်လိုက်သည်။


ယဲ့လီက အခု အားနည်းပြီး ပိန်ပါးတဲ့ခန္ဓာကိုယ်တွင် ပြန်လည်မွေးဖွားလာပြီး ခွန်အားမရှိပေ။


ဒီရိုက်ချက်က အားပြင်းပြင်းပြီး ရိုက်ခံရရင် လူက သွေးထွက်မှာ သေချာသည်။


ယဲ့လီ လှည့်ပြီး နောက်ပြန်ဆုတ်လိုက်သည်။


"ပြေးရဲသေးလား?" အဘိုးကြီးယဲ့က လှောင်ပြောင်ပြီး ယဲ့လီကို ဖမ်းဖို့ လက်ဆန့်လိုက်သည်။


အဘိုးယဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရတဲ့ ယဲ့လီက ပြင်းပြင်းထန်ထန် ရုန်းကန်နေသည်။


ထိုအခိုက်တွင် တံခါးပေါက်ကနေ ဒေါသတကြီး အသံထွက်လာသည်။ "ရှောင်လီကို လွှတ်လိုက်!"


ယဲ့လီ လှည့်ကြည့်လိုက်တော့ သူမအဖေ ယဲ့ကွမ်ရှန်နဲ့ သူမအမေ အိမ်ထဲ အတူတူပြေးဝင်လာတာကို တွေ့လိုက်ရသည်။


ယဲ့ကွမ်ရှန်က အဘိုးကြီးယဲ့ရဲ့ လက်ထဲတွင် ရုန်းကန်နေတဲ့ ယဲ့လီကို ကြည့်ပြီး မြေပြင်ပေါ်မှာ သတိလစ်နေတဲ့ ယဲ့ဇီကို ကြည့်လိုက်သည်။


နှလုံးသားကို မြှားထောင်ပေါင်းများစွာ ထိုးဖောက်သွားသလို ခံစားခဲ့ရပြီး ဝမ်းနည်းကြေကွဲကာ ဒေါသထွက်သွားသည်။


အဘိုးကြီးယဲ့ကို ပါးရိုက်လိုက်သည်။ "ခဗျား ဘာလို့ဒီလောက်ရက်စက်ရတာလဲ?"


အခန်းထဲတွင် ပါးရိုက်သံ တစ်ချက်ကြားလိုက်ရသည်။ အဘိုးကြီးယဲ့က သူ့မျက်နှာကို ဖုံးကာ ယဲ့ကွမ်ရှန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း "လောင်စန်း (တတိယမြောက်) မင်းက ငါ့ကို ရိုက်ရဲတယ်?"


ဒီပါးရိုက်မှုက အဘိုးကြီးယဲ့ကို ထိတ်လန့်စေရုံသာမက ယဲ့လီကိုလည်း ထိတ်လန့်စေခဲ့သည်။


အရင်ဘဝတုန်းက ငါ့မိဘတွေက အဘိုးကြီးယဲ့ ရှေ့မှာ အငြင်းစကား မပြောရဲဘူး။


ဘာလို့ သူမ ပြန်လည်မွေးဖွားပြီးနောက်မှတော့ အဖေက လူရိုက်ရဲတာလဲ?


ယဲ့ကွမ်ရှန် ရှေ့ကိုတိုးလာကာ ယဲ့လီကို သူ့နောက်တွင် ဝှက်ထားပြီး အဘိုးကြီးယဲ့ကို စိုက်ကြည့်ကာ "ရှောင်လီက တစ်ကိုယ်လုံး အရိုက်ခံရတာ။ ရှောင်ဇီက ရိုက်ခံရလို့ သတိလစ်သွားခဲ့ပြီ။ ခဗျား အသံတစ်ချက်တောင် ထွက်မလာဘူး။ ရှောင်လီက ယဲ့ကျင်းကျစ်ကို တစ်ချက်ရိုက်လိုက်တာနဲ့၊ ယဲ့ကျင်းကျစ်အစား ဒေါသထွက်ဖို့ လောနေပြီလား?"


"နှစ်ယောက်စလုံးက 'ယဲ့'မျိုးရိုးတွေ! ခဗျားမျက်လုံးထဲမှာ ကျွန်တော့်ကလေးက သေသင့်တာလား? ယဲ့ကျင်းကျစ်ကို ထိတောင် မထိရဘူးလား?"


အဘိုးကြီးယဲ့က ယဲ့ကွမ်ရှန်ရဲ့ လျင်မြန်လှတဲ့ မေးခွန်းထုတ်မှုကြောင့် အံ့အားသင့်သွားသည်။


သူက ချောင်းတစ်ချက်ဆိုးပြီး အကြောင်းအရာ ပြောင်းလိုက်သည်။ "လောင်စန်း လောလောဆယ် ဒီအကြောင်း အရင်မပြောနဲ့။ ငါ မင်းကို မေးမယ်။ သားလုပ်သူက သူ့အဖေအရင်ကို ရိုက်လို့ရလို့လား?" 


ယဲ့ကွမ်ရှန်က သူ့ကို အေးစက်စက်ကြည့်ကာ "ဒါဆို ခဗျားကိုလည်း ကျွန်တော် တစ်ခုမေးစရာရှိတယ်။ ခဗျား ဘာလို့ ကျွန်တော့်ကလေးကို ရိုက်တာလဲ? ဖြေလေ!"


အဘိုးကြီးယဲ့က ချောင်းတစ်ချက်ဆိုးလိုက်ပြီး "သူတို့က နာခံမှုမရှိဘူး။"


"ကလေးက နာခံမှုမရှိရင် သတိလစ်သွားတဲ့အထိ အရိုက်ခံရမှာလား? ခဗျား ဒါကိုပြောထွက်လာတာ ဘယ်သူက ယုံမှာလဲ?" ယဲ့ကွမ်ရှန်ရဲ့မျက်လုံးတစ်စုံက အမုန်းတရားများကြောင့် နီရဲနေပြီး မုန်းတီးစွာဖြင့်


"ကျွန်တို့ နှစ်ယောက် အလုပ်ရုံမှာ အလုပ်လုပ်ပြီး ငါတို့မိသားစုအတွက် ဝင်ငွေရှာတယ်! ဒါပေမယ့် ခဗျားက ကျွန်တော့်သားသမီးတွေကို စားစရာ၊ ဝတ်စရာတွေ မပေးဘဲ ညှင်းပန်းနှိပ်စက်တယ်။ လှုပ်လှုပ် မလှုပ်လှုပ် သူတို့ကို ရိုက်နှက်တယ်။ ကျွန်တော်တို့ကို လူသားတွေလို မဆက်ဆံဘူး။"


ယဲ့ကွမ်ရှန်က ဒီလိုပြောပြီး သူနဲ့ သူ့ဇနီးက ကလေးနှစ်ယောက်ကို ဆေးရုံတင်ဖို့ ခေါ်ထုတ်ပြီး ခြံအပြင်ဘက်က မြေပျော့ပေါ်မှာ တင်ထားလိုက်သည်။


လှည့်လိုက်ပြီး လေးလံတဲ့တူကိုင်ကာ ခြံဝင်းထဲ သယ်သွားပြီး နံရံကို ရိုက်ကွဲလိုက်သည်။


ရွှံ့တွေ မြက်တွေနဲ့ လှုပ်ထားတဲ့နံရံက ချက်ချင်း ပြိုကျသွားခဲ့သည်။


ယဲ့ကွမ်ရှန်ရဲ့အသံက ခြံပြင်ကနေ ပျံ့သွားပြီး တစ်မိုင်အကွာအထိ ကြားရသည်။ "ကွန်တော်တို့ကို အသက်မရှင်ရရင် ဘယ်သူမှ အသက်ရှင်ရမယ် မထင်နဲ့! အတူတူ သေကြတာပေါ့!"


ရွှံ့အိမ်က လေးလံတဲ့တူဖြင့် ရိုက်ခတ်မှုကို မခံနိုင်ပေ။ ခဏအကြာတွင် အမှုန်အမွှားများ ခေါင်မိုးပေါ်မှ ပြုတ်ကျလာသည်။


အိမ်ပြိုတော့မည်။


အဘိုးကြီးယဲ့က အနည်းငယ် တုန်လှုပ်သွားပြီး အိမ်ထဲမှာ အဖြေတစ်ခု တွေးနေသည်။ ယဲ့ကွမ်ရှန်က အိမ်ကို ဖြိုဖျက်နေတာကို မြင်တော့ အိမ်ထဲမှာ ပိသွားမှာကို ကြောက်သွားပြီး အထိတ်တလန့်နဲ့ "လောင်စန်း ရပ်လိုက်! ငါ အိမ်ထဲမှာ ရှိနေတုန်းပဲ။" 


ယဲ့ကွမ်ရှန်ရဲ့အဖြေက ရိုးရှင်းသည်။ သူက လေးလံတဲ့တူတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဝန်းနံရံကို အပြင်းအထန် ထုလိုက်သည်။ "ကျွန်တော့်ကလေးကို အနိုင်ကျင့်ခွင့်ပြုလို့လား!"


အမိုးပေါ်ရှိ ထုပ်တန်းများက အလေးချိန်ကို မခံနိုင်သဖြင့် အသံမြည်လာကြသည်။


အခြေအနေမကောင်းတာကိုမြင်တော့ အဘိုးကြီးယဲ့က ခေါင်းအုပ်ပြီး ပြေးထွက်လာသည်။


ယဲ့ကျင်းကျစ်က ပြေးထွက်သွားတဲ့ အဘိုးကြီးယဲ့ကို မြင်တော့ သူမ အရမ်းကြောက်သွားပြီး "စောင့်အုံး....." လို့ အော်လိုက်သည်။


သူမလည်း အဘိုးကြီးယဲ့နောက်ကို လိုက်ကာ ပြေးထွက်လာသည်။


ယဲ့လီရဲ့မိခင် လျောင်ချူရှင်းက လေးလံတဲ့တုတ်ကိုယူပြီး တံခါးကိုထုရိုက်သည်။ ပေါက်ကွဲသံနှင့်အတူ တံခါးက မြေပြင်ပေါ် ပြုတ်ကျကာ ဖုန်ထလာသည်။


"ကျွန်မ့ကလေးကို အနိုင်ကျင့်ရင် အဲ့ဒီလူအိမ်ကို ဖြိုဖျက်ပစ်မယ်!"


တစ်အိမ်လုံး ပြိုကျသွားပြီး ခြံဝင်းထဲ ဖုန်တွေ အပြည့်နဲ့။


ယဲ့ကွမ်ရှစ်နဲ့ လျောင်ချူရှင်းတို့က ဖုန်မှုန့်ကြားထဲတွင် မတ်တပ်ရပ်ကာ လွတ်မြောက်သွားတဲ့ အဘိုးကြီးယဲ့ကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က နတ်ဘုရားတွေ နတ်ဘုရားသတ်၊ ဘုရားတွေ ဘုရားသတ်ပစ်မည့် နတ်ဆိုးနှစ်ကောင်နှင့်တူသည်။


အဘိုးကြီးယဲ့မျက်နှာက ထိတ်လန့်တုန်လှုပ်ခြောက်ခြားမှုနဲ့ ပြည့်နှက်နေပြီး မှိန်းခနဲ ရပ်နေသည်။


ငါမြင်တာကို မယုံနိုင်ဘူး။