Ch 2
Viewers 62

Ch 2.1


(မိဘတွေလည်း ၁၉၅၅ ခုနှစ်မှာ ပြန်လည်မွေးဖွားလာတယ်) 


ယဲ့မိသားစုရဲ့ ဆူညံသံကို ကြားသဖြင့် နှစ်ဖက်လုံးမှ အိမ်နီးချင်းတွေ ထွက်လာကြသည်။


ယဲ့မိသားစုအိမ် ပြိုကျနေတာကို တွေ့တော့ အားလုံးက အကြည့်ချင်းဖလှယ်နေကြသည်။


"ငါ ခုနက ယဲ့ကျင်းကျစ် ယဲ့လီကို ထပ်ပြီး ရိုက်နှက်နေတာကို ကြားလိုက်တယ်..... ၈၀ ရာခိုင်နှုန်းက *ယဲ့လောင်စန်း ပြန်ရောက်လာပြီး မြင်သွားတာမလား?"

(ယဲ့တတိယမြောက်သား)


"ယဲ့လောင်စန်းရဲ့ ထိုးနှက်ချက်က ကောင်းတယ်! ယဲ့မိသားစုက တကယ်ကို မထိုက်တန်ဘူး!"


"ဟုတ်တယ်! သူတို့က ယဲ့လောင်စန်းရဲ့ ကလေးတွေကို တနေကုန် အနိုင်ကျင့်နေကြတာ။ ယဲ့ကျင်းကျစ်ကိုကြည့်ကြည့် ဖြူဖွေးပြီး လုံးနေတာဘဲ။ ရှောင်လီနဲ့ ရှောင်ဇီကျ ပိန်တာမှ ဝါးလိုဘဲ။"


အိမ်နီးနားချင်းတွေက တပြိုင်နက် ပြောဆိုနေကြပြီး အားလုံးက ယဲ့ကွမ်ရှန်မိသားစုအတွက် စိတ်မကောင်းဖြစ်နေကြသည်။


စော်ဇီဂုံ အဆင်မြင့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း ဌာနခွဲအတွင်းရေးမှူးနဲ့ ဒါရိုက်တာ ကျန်းတုံးကျုံးက လူစုလူဝေးကြားထဲ တိုးဝင်လာခဲ့သည်။


ဒေါသထွက်နေတဲ့ ယဲ့ကွမ်ရှန်တို့နှစ်ယောက်ကို ကြည့်ပြီး အဘိုးအိုယဲ့ကို "မင်းတို့မိသားစု ဘာတွေထပ်ပြီး မငြိမ်မသက် ဖြစ်နေတာလဲ? စပါးရိတ်ခါနီးနေပြီ။ ငြိမ်ငြိမ်နေလို့ မရဘူးလား?"


အဘိုးကြီးယဲ့က ချက်ချင်းပဲ ချေပသည်။ "အတွင်းရေးမှူးကျန်း သူက ဂုဏ်သိက္ခာကျဆင်းစေတယ်။ အိမ်ထဲမှာ ငါ့ကို အရင်ရိုက်တာ။ ပြီးတော့..."


အဘိုးကြီးယဲ့ စကားမဆုံးခင်မှာ ယဲ့ကွမ်ရှန်က ယဲ့လီရဲ့ အင်္ကျီကို အမြန်လှန်လိုက်ပြီး "အတွင်းရေးမှူးကျန်း ရှောင်လီရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေ ပြပါရစေ။" လို့ ပြောလိုက်သည်။


အရိုးပေါ်အရေတင်လက်မောင်းရဲ့ ဒဏ်ရာ အသစ်ရော အဟောင်းရော ခရမ်းရောင်အမာရွတ်များဖြင့် ဖုံးကွယ်နေသည်။


လျောင်ချူရှင်းကလည်း လူတိုင်းမြင်နိုင်စေရန် ယဲ့ဇီရဲ့ အင်္ကျီကို လှန်လိုက်သည်။


ယဲ့လီနဲ့ ယဲ့ဇီတို့ခန္ဓာကိုယ်က အမာရွတ်တွေဖြင့် ဖုံးလွှမ်းနေကာ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းတွေက တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်သွားကြသည်။


"ဒီကလေးတွေကို မင်း ဘယ်လိုတောင် ရိုက်ရတာလဲ? ယဲ့လောင်စန်း ဒေါသထွက်နေတာ မဆန်းပါဘူး။"


ကျန်းတုံးကျုံးက ယဲ့လီတို့ မောင်နှမနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ အလွှာလိုက်စုပုံနေမယ်ဟု မထင်ထားပေ။ ဝမ်းနည်းတာ၊ ခံစားရခက်တာ၊ စိတ်မသက်မသာဖြစ်ကာ ဒေါသသကြီး အဘိုးကြီးယဲ့ကို ကြိမ်းမောင်းသည်။


"ကျားတောင်မှ သူ့ကလေးကို မစားဘူး။ ဆွေမျိုးသားချင်း မြေး၊ မြေးမတွေလို မပြောနဲ့။"


"သူမကို ဘယ်သူရိုက်တာလဲ?" အဘိုးကြီးယဲ့က သူ ယဲ့လီကို ရိုက်တယ်လို့ အတွင်းရေးမှူးကျန်း ထင်နေမှန်း မထင်ထားပေ။ သူက တာဝန်ကို အလျင်အမြန် ရှောင်လွဲကာ "ဘယ်သူက သူကို ရိုက်မှန်း ဘယ်သူသိမှာလဲ! သူကိုယ်တိုင် လုပ်တာလည်း ဖြစ်နိုင်တယ်။"


"ခဗျား စကားပြောတဲ့အခါ ရှက်သင့်တယ် မလား?" ယဲ့လောင်စန်း ယဲ့ကွမ်ရှန်က တစ်စစီလုပ်ချင်နေတဲ့ အကြည့်နဲ့ "ကျွန်တော် အခန်းထဲ ဝင်လာတော့ ယဲ့ဇီက မြေပေါ်မှာ သတိလစ်နေပြီ။ ယဲ့လီက ခဗျားလက်ထဲမှာ ရုန်းကန်နေတာ။ အဲဒီအချိန်က အခြေအနေကရော?"


အဘိုးကြီးယဲ့ ခဏတာ စကားမပြောနိုင်တော့ပေ။


ယဲ့ကွမ်ရှန်က အဖွဲ့ခေါင်းဆောင်ဘက် လှည့်ပြီး "အတွင်းရေးမှူးကျန်း ကျွန်တော်တို့မိသားစု သေလုနီးပါးဖြစ်နေတာ ခဗျားလည်း မြင်တာဘဲ!"


ကျန်းတုံးကျုံးက အဘိုးကြီးယဲ့ကို ဒေါသတကြီးစိုက်ကြည့်ရင်း "ခဗျားတို့မိသားစုက စော်ဇီဂုံးမှာ နေ့တိုင်းပြဿနာတတ် ဆူညံ့နေတဲ့ တစ်ခုတည်းသော မိသားစုပဲ! ခဗျားကြည့်ကြည့် ဘယ်အိမ်က ခဗျားတို့အိမ်လို့ ဆူညံနေလဲ?"


"ဒီလိုဆူညံနေမယ်ဆိုရင် ခဗျားတို့ အတူတူနေနိုင်မယ် မထင်ဘူး။ အိမ်ခွဲလိုက်ကြ!"


"အိမ်ခွဲမှာ? အိပ်မက်မက်နေလိုက်!" အဘိုးကြီးယဲ့က မုန်းတီးစွာပြောသည်။


"အိမ်ခွဲမှာ? ကျွန်တော်တော့ မခွဲချင်ဘူး။" ယဲ့ကွမ်ရှန်ရဲ့နှုတ်ခမ်းထောင့်က လှောင်ပြောင်စွာနဲ့ အပေါ်တက်သွားသည်။


ယဲ့ကွမ်ရှန်က အိမ်မခွဲချင်ဘူးလို့ကြားတော့ အဘိုးကြီးယဲ့က သဘောမကျသလိုပြုံးပြီး "အတွင်းရေးမှူး၊ ဒါက ကျွန်တော်တို့မိသားစုကိစ္စ။ ဒါကြောင့် ဒီနေ့တော့ ထားလိုက်တော့လေ? လူခွဲကြစို့၊ လူခွဲကြစို့!" အဘိုးကြီးယဲ့က တစ်ပြုံးပြုံးနဲ့ ရယ်လိုက်သည်။


အဘိုးကြီးယဲ့ ရယ်လို့မပြီးခင်မှာ ယဲ့ကွမ်ရှန်က ဆက်ပြောလာသည်။ "ခဗျားက မြေးအရင်းတွေကို နှိပ်စက်တဲ့ နတ်ဆိုးဆိုပြီး တိုင်မယ်!"


ယဲ့ကွမ်ရှန်က ကျန်းတုံးကျုံးကို ကြည့်ကာ "အခု ကျွန်တော်ကလေးနှစ်ယောက်ကို နှိပ်စက်မှုနဲ့ ခဗျားကို တိုင်မယ်! သူက မြေးအရင်းကိုတောင် နှိပ်စက်တယ်။ သူက နတ်ဆိုးပဲ။"


"ဒီလိုမျိုး ဆိုးဆိုးရွားရွား ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တဲ့ သူလို နတ်ဆိုးတစ်ကောင်နဲ့ အဆက်အသွယ်အားလုံးကို ဖြတ်ချင်ပါတယ်....." ယဲ့ကွမ်ရှန်က မြေပြင်ပေါ်တွင် ခြေထောက်နဲ့ မျဉ်းတစ်ကြောင်းဆွဲကာ "ရှင်းရှင်းလင်းလင်း ဖြတ်တယ်။ သပ်သပ်စီ ဖြစ်သွားပြီ။"


အဘိုးကြီးယဲ့က မျက်လုံးပြူးနဲ့ ယဲ့ကွမ်ရှန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း "မင်း ဘာပြောလိုက်တယ်? ငါက နတ်ဆိုး? ငါ တစ်သက်လုံး ရိုးရိုးသားသားနဲ့ နေခဲ့တာ။ အသက်ကြီးလာတဲ့အခါ ငါ့သားဆီကနေ ဒီလိုဆဲဆိုတာခံရမယ်လို့ မထင်ထားဘူး။"


"ရိုးသားတဲ့သူက သူ့မြေးအရင်းနဲ့ မြေးမအရင်းကို ဒီလိုရိုက်မှာလား?" ယဲ့ကွမ်ရှန်က ဆက်မေးသည်။


အဘိုးကြီးယဲ့က မျက်လုံးတွေကို လှည့်ပတ်ကြည့်ရင်း သူ့ထုံးစံအတိုင်း လှည့်ကွက်တွေကို ထုတ်သုံးသည် "လောင်စန်း ငါက မင်းအဖေ။ မင်းက ဘာလို့ ငါ့စကား နားမထောင်တာလဲ?"


ယဲ့ကွမ်ရှန်က လှောင်ရယ်ပြီး "အတွင်းရေးမှူး၊ ဒီလောက်လူတွေအများကြီးရှေ့မှာ၊ သူက ငါ့ကလေးကို ဘယ်တုန်းကမှ မရိုက်နှက်ခဲ့ဘူးလို့ ကောင်းကင်မှာ ကျိန်ဆိုဝံ့တာတောင် မဟုတ်ဘူး! ဒီလိုနတ်ဆိုးနဲ့ အဆက်အသွယ်အားလုံးကို ကျွန်တော် ဖြတ်မယ်။"


အဘိုးကြီးယဲ့က မျက်မှောင်ကြုတ်ပြီး သူ့မျက်လုံးကို မှေးလိုက်သည်။


ရုတ်တရက် သူ့မျက်လုံး တောက်ပလာပြီး မြေပေါ်တွင် ငိုနေတဲ့ ယဲ့ကျင်းကျစ်ကို ညွှန်ပြရင်း "ကျင်းကျစ်ခြေထောက်မှာ ဒဏ်ရာက ဘယ်သူလုပ်တာလဲ။ လောင်စန်း ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ?" သူက ယဲ့ကွမ်ရှန်ပေါ် အပြစ်ပုံချချင်နေသည်။


Ch 2.2


(မိဘတွေလည်း ၁၉၅၅ ခုနှစ်မှာ ပြန်လည်မွေးဖွားလာတယ်) 


ယဲ့ကျင်းကျစ်က အဘိုးကြီးယဲ့ရဲ့ ဆိုလိုရင်းကို နားမလည်ဘဲ ယဲ့လီကို လက်ညှိုးထိုးပြပြီး ဆဲသည်။ "ယဲ့လီ လုပ်တာ။ အရှုံးသမား ယဲ့လီက သမီးကို တုတ်နဲ့ရိုက်တာ။ သွေးထွက်အောင် ရိုက်တာ။"


အဘိုးကြီးယဲ့က အော်ဟစ်လာသည်။ "အတွင်းရေးမှူးကျန်း ခဗျားကြားတယ်မလား? ယဲ့လီက ကျင်းကျစ်ကို နာကျင်စေတာ! ယဲ့လီကလည်း နတ်ဆိုးတစ်ယောက်ပဲ!"


အတွင်းရေးမှူးကျန်းတုံးကျုံးက အဘိုးကြီးယဲ့ရဲ့ အဖြူကို အမည်းပြောင်းနေတဲ့စကားကြောင့် ဒေါသထွက်ကာ ရယ်လုနီးပါးဖြစ်သွားခဲ့သည်။ သူက ယဲ့လီနဲ့ ယဲ့ဇီကိုယ်ပေါ်ရှိ ခြေရာတွေကို ညွှန်ပြကာ


"ယဲ့ကျင်းကျစ်ရဲ့ဖိနပ်ကို ချွတ်ပြီး ယဲ့လီနဲ့ ယဲ့ဇီကိုယ်ပေါ်က ခြေရာတွေနဲ့ တိုက်ကြည့်! ခဗျားက ကျွန်တော့်ကို လအလို့ ထင်နေတာလား? ငါ့ကို လှည့်စားလို့ရမယ် ထင်နေတာလား?"


အတွင်းရေးမှူးကျန်းက နှာမှုတ်လိုက်လိုက်ပြီး "မကြာခင် စပါးရိတ်သိမ်းရတော့မှာ။ ရိတ်သိမ်းပြီးရင် ခဗျားရဲ့ပြဿနာကို ဆွေးနွေးဖို့ အစည်းဝေးလုပ်မယ်! အဲဒီကာလမှာ ခဗျား ဘယ်မှမသွားရဘူး။ ရိုးရိုးသားသားနဲ့ စော်ဇီဂုံမှာဘဲနေ။"


အဘိုးကြီးယဲ့ရဲ့မျက်နှာက ဖြူဖျော့သွားသည်။


ကျန်းတုံးကျုံး ပြောတာကိုကြားတော့ ယဲ့ကွမ်ရှန်ရဲ့ တစ်ချိန်လုံး တင်းမာနေတဲ့စိတ်က နောက်ဆုံးတော့ ဖြေလျှော့သွားသည်။


သူက ကျန်းတုံးကျုံးကို ကျေးဇူးတင်နေတဲ့အကြည့်နဲ့ ကြည့်ပြီး "အတွင်းရေးမှူးကျန်း ကျေးဇူးတင်ပါတယ်ဗျာ!"


ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်ဘေး လျှောက်လာပြီး သူ့လက်မောင်းကို ရိုက်ကာ "နောင်ကျ ကောင်းကောင်းနေ။ တကယ်လို့ မင်းအဖေမှာ ပြဿနာရှိတယ်လို့ ထွက်လာရင် ငါ သေချာပေါက် မင်းကို တရားမျှတမှု ရှာပေးမှာ။"


ယဲ့ကွမ်ရှန်က ခေါင်းညိတ်ပြီး "အစည်းအဝေးစတဲ့အခါ ကျွန်တော် ပထမဆုံးတက်မှာ! ကျွန်တော်လက်ထဲမှာ အထောက်အထားတွေရှိတယ်။"


အိမ်နီးနားချင်းတွေရော အဖွဲ့ဝင်တွေရော ယဲ့ကွမ်ရှန်ရဲ့ သဘောထားက ဒီလောက်ခိုင်မာနေမယ်လို့ မမျှော်လင့်ထားပေ။


ဒါပေမဲ့ သနားစရာကောင်းတဲ့ ယဲ့လီနဲ့ သတိလစ်နေတဲ့ ယဲ့ဇီကို ကြည့်ပြီး အားလုံးက ခေါင်းယမ်းလိုက်ကြသည်။


"အဘိုးကြီးယဲ့က အရမ်းရက်စက်တာပဲ! ကလေးကိုတောင် ဒီလိုရိုက်တယ်....."


"သူတို့က ယဲ့မောင်နှမတွေကို ရိုက်နှက်တာ ၁ ရက်၊ နှစ်ရက် မကဘူး။ ယဲ့လောင်ဆန်းတို့ ဇနီးမောင်နှံ အလုပ်ရုံမှာ အလုပ်လုပ်ပြီး အိမ်မပြန်တဲ့အခါ မောင်နှမနှစ်ယောက်ကို မကြာခဏ ရိုက်နှက်တယ်။ ငါက သူတို့ဘေးမှာ နေတာ သွားဖျောင်းဖျတာ ကြာလှပြီ။ ကြည့်မရတာ ကြာပြီ!"


"ဘယ်လောက်တောင် ရက်စက်လိုက်လဲ! အဘိုးကြီးယဲ့က လူကို မဟုတ်ဘူး!"


အဖွဲ့ဝင်တွေက စကားအနည်းငယ်ပြောပြီး ဖြည်းညှင်းစွာ လူစုခွဲလိုက်ကြသည်။


"လောင်စန်း မင်းက အတာလား ရူးတာလား? ငါတို့အဖေအကြောင်း မင်း ဘယ်လိုတောင် ပြောရတာလဲ?" အားလုံးထွက်သွားတာကိုမြင်တော့ ယဲ့လောင်အာ့ (ရဲ့ဒုတိယသား) ရှေ့တက်လာပြီး ယဲ့ကွမ်ရှန်ကို အသံတိုးတိုးနဲ့ ဆုံးမသည်။


"မင်း ငါ့အိမ်ကိုလည်း ဖျက်ဆီးလိုက်ပြီ။ မင်းလုပ်အားခတွေ ယူလာပြီး ငါ့အိမ်ကို ထပ်ဆောက်ပေး!"


သူဆက်ပြောတော့မှာကိုမြင်တော့ ယဲ့ကွမ်ရှန်က လှောင်ရယ်ပြီး သူ့လက်ကို မြှောက်ကာ ယဲ့လောင်အာ့ရဲ့ အံ့သြနေတဲ့အကြည့်အောက်တွင် ရိုက်လိုက်သည်။


ဖြန်းဖြန်း!


နှစ်ကြိမ်ဆက်တိုက် ရိုက်လိုက်တော့ ယဲ့လောင်အာ့ကို မူးဝေသွားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။


"လယ်လုပ်ဖို့အတွက် နွားတစ်ကောင်မွေးရင်တောင် နွားကို အစာဝခိုင်းစားရမှန်း သိတယ်လေ! ခဗျားတို့က ကျွန်တော်တို့ကို မိသားစုဝင်လို ဆက်ဆံရဲ့လား?" ယဲ့ကွမ်ရှန်က ယဲ့မိသားစုဝင်အားလုံးကို အေးစက်စက် ကြည့်လိုက်သည်။


"စောင့်ကြည့်နေစမ်းပါ။ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီးရင် ဘာဖြစ်မလဲဆိုတာ သိရမှာပါ။ အဲ့ဒီအချိန်ကျ အဖြူရောင် ဓားနဲ့ဝင်ပြီး အနီရောင်ဓားနဲ့ ထွက်လာမှာ! သူသေ ကိုယ်သေကျမှာ။"


ယဲ့ကွမ်ရှန်ရဲ့ ထိုစကားကိုကြားတော့ အဘိုးကြီးယဲ့ ဒေါသအရမ်းထွက်ပြီး တစ်ကိုယ်လုံးတုန်သွားသည်။ "မင်းက မိဘမဲ့လိုဘဲ! တိရစ္ဆာန်ထက် ပိုဆိုးတယ်။"


ယဲ့ကွမ်ရှန်က သူ့ကို လျစ်လျူရှုပြီး ယဲ့ဇီကို ပွေ့ဖက်လိုက်ပြီး "ပြန်ကြရအောင်။"


"မင်း ငါ့ကို ဒီလိုလုပ်ရဲတယ်? တိရစ္ဆာန်!" အဘိုးကြီးယဲ့က ဟောက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။


ယဲ့ကွမ်ရှန်က ရုတ်တရက် သူ့လက်သီးကို မြှောက်လိုက်ပြီး အဘိုးကြီးယဲ့မျက်နှာကို ထိုးလိုက်သည်။


အဘိုးကြီးယဲ့က ရှောင်ချင်ပေမယ့် မရှောင်ခဲ့ပေ။


သူက ဒီလက်ချက်နဲ့ ရိုက်ခံလိုက်သည်။


"မင်း ငါ့ကို ထပ်ရိုက်ပြန်ပြီ?" အဘိုးကြီးယဲ့က ဒီနေ့ ယဲ့လောင်စန်းရဲ့ အပြုအမူကြောင့် စိတ်တိုလုနီးပါး ဖြစ်နေသည်။


ယဲ့ကွမ်ရှန်က အဘိုးကြီးယဲ့ကို ကြည့်ပြီး " စပါးရိတ်သိမ်းချိန်အထိ မစောင့်တော့ဘူး။ တခါတည်း ရှင်းကြတာပေါ့! နှစ်တွေကြာလာတဲ့ အငြိုးအတေးတွေကို ဖြေရှင်းကြတာပေါ့။ ဒီနေ့ ကျွန်တော် သေမလား၊ ခဗျားတို့ သေမှာလား!"


ယဲ့ကွမ်ရှန်က ကြမ်းတမ်းစွာပြောနေသဖြင့် ယဲ့မိသားစုဝင်တွေက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရှေ့တက်မလာရဲပေ။


ယဲ့ကွမ်ရှန်က သူ့မိသားစုကို အိမ်ထဲကို ခေါ်သွားသည်။


အိမ်ထဲဝင်ပြီးနောက် ယဲ့လီက သူ့အဖေကို မှေးခနဲ စိုက်ကြည့်ကာ သူမစိတ်ထဲမှာ မယုံနိုင်စရာ အတွေးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။


"သမီး ခန့်မှန်းမိပြီ မဟုတ်လား?" ယဲ့ကွမ်ရှန်က သူ့သမီးလေးကို နူးညံ့စွာ ကြည့်ပြီး "သမီးမားနဲ့ ပါးက အနာဂတ်က ပြန်လာတာ!"


ဒါကိုကြားတော့ ယဲ့လီရဲ့နှလုံးသားထဲက ရေကာတာ ရုတ်တရက် ပြိုကျသွားသည်။ သူမက ယဲ့လောင်စန်း ရင်ခွင်ထဲ အတင်းဝင်ပြီး ပါးပြင်ပေါ် မျက်ရည်စီးကျလာကာ "ပါး သမီး အရမ်းလွမ်းနေတာ! မားကိုလည်း လွမ်းတယ်။"


ယဲ့ကွမ်ရှန်က သက်ပြင်းချပြီး သူ့သမီးရဲ့ ကျောကို ညင်သာစွာ ပွတ်သပ်ရင်း "သမီးမားနဲ့ ပါး ဆုံးသွားပြီးတော့ ပါးတို့ရဲ့ ဝိညာဉ်တွေ ကွဲမသွားဘူး။ သမီးနောက်ကို လိုက်လာပြီး သမီးနဲ့ ရှောင်ဇီကို နှစ်အတော်ကြာအောင် ခံစားနေရတာကို ကြည့်နေရတာ။ ရှောင်ဇီက သူတို့အသုံးချတာ မခံခြင်းလို့ သတ်သေသွားတာကို ကြည့်နေရတယ်။"


"ပါးတို့က ကူကယ်ရာမဲ့ ကြည့်နေရုံပဲ တတ်နိုင်တာ။ ပါးတို့က သူတို့ကို ဒုက္ခမပေးနိုင်ဘူး။ ပါးတို့တောင် သူတို့ကို ထိတောင် မထိနိုင်တော့ဘူး! ဒီမုန်းတီးမှုက နှစ်ဘဝစာ တိုးလာတာ!"


"သမီးမားနဲ့ ပါး အကြီးအကျယ်နောင်တရတယ်။ ပါးတို့က မိဘတွေအဖြစ် ပါးတို့ရဲ့တာဝန်တွေကို မကျေပွန်ခဲ့ဘူး! တကယ်လို့ ပါးတို့ ဒီလောက်ထိ သတိလက်လွတ်မရှိခဲ့ဘူးဆိုရင် သမီးနဲ့ ရှောင်ဇီလည်း သေမှာမဟုတ်ဘူး။"


"ရှောင်လီ ပါး သမီးကို တောင်းပန်ပါတယ်! ရှောင်ဇီ တောင်းပန်ပါတယ်!"


"ပါး သူတို့ကို ပါးလက်နဲ့သတ်ပြီး လက်စားချေမယ်!"