Ch 3.1
လက်စသတ်တော့ ငါ့မိဘနှစ်ယောက်စလုံး ပြန်လည်မွေးဖွားလာတာဘဲ!
ယဲ့လီက ခေါင်းလှည့်ကာ သတိလစ်နေဆဲဖြစ်တဲ့ ယဲ့ဇီကို ကြည့်လိုက်သည်။
ယဲ့ကျင်းကျစ်က သူ့ခေါင်းနောက်ကို ရိုက်လိုက်တာကြောင့် ယဲ့ဇီ သတိလစ်သွားခဲ့တာ။
အဲ့အချိန်ကစပြီး ခေါင်းကိုက်ရောဂါ ရှိလာတာ။
ယဲ့လီက ယဲ့ကွမ်ရှန်ကို ပြောသည်။ "ရှောင်ဇီက ယဲ့ကျင်းကျစ် ခေါင်းနောက် ရိုက်တာကို ခံလိုက်ရတာ။"
ယဲ့ကွမ်ရှန်က စိတ်ဆိုးသွားပြီး ဒေါသတကြီးနဲ့ "ပါး ဒေါက်တာစုကို သွားခေါ်လိုက်မယ်။" လျောင်ချူရှင်းကို ထပ်မှာသည်။ "မင်း အိမ်မှာနေပြီး ကလေးနှစ်ယောက်ကို ကာကွယ်။"
ယဲ့လီက သူမအဖေကို "ပါး ခဏလေး။ ပါးမှာ ပိုက်ဆံရှိလား?"
သူမက အခုမှ ပြန်လည်မွေးဖွားလာခဲ့ပြီး တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့တာ။ ဗိုက်ထဲမှာ အစာမရှိလို့ ဗိုက်ဆာလွန်းလို့ ခေါင်းမူးနေတာ။
အိမ်မှာ အစားအသောက်စားဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သူမ လဲလှယ်လို့ရတဲ့ နေရာလွတ်ကနေဘဲ ဝယ်နိုင်တာ။
(လဲလှယ်လို့ရတဲ့ နေရာလွတ်၊ ကုန်သွယ်လို့ရတဲ့ နေရာလွတ်ကို ကျောင်းရီ့နေရာလွတ်လို့ သုံးသွားပါမယ်ရှင့်။ ပစ္စည်းလဲလှယ်လိုရတဲ့စနစ်လိုမျိုးပါ။)
ယဲ့ကွမ်ရှန်က ခေါင်းယမ်းပြီး အနည်းငယ်ရှက်သွားကာ "ပါးတို့ အမြန်ပြန်လာရလို့ ပိုက်ဆံမယူခဲ့လိုက်ရဘူး။"
သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ထောင့်မှာ ချိန်ခွင်လေးတစ်ခုကို တွေ့ပြီး ယဲ့လီကို ပေးကာ အသံတိုးကာ "ဒါကို သုံးလို့ရလောက်လား?"
အရင်ဘဝအမှတ်တရအရ ကုန်သွယ်ပေးတာတဲ့ ID က ရှောင်လော့မှန်း ယဲ့လီ မှတ်မိသေးသည်။
သူမ ပြန်လည်မွေးဖွားလာချိန်မှာတော့ ကျောင်းရီ့နေရာလွတ်ထဲမှာ သူမ ထားခဲ့သမျှ အရာအားလုံး ပျောက်သွားပြီ။
ဒစ်ဂျစ်တယ်ငွေကြေး (E-CNY) : 0
အရင်ဘဝတုန်းက နောက်ဆုံးနှစ်အနည်းငယ်မှ ရှောင်လော့နဲ့ တွေ့ခဲ့တာ။
ရှောင်လော့က သူမဘဝရဲ့ နောက်ဆုံးအလင်းရောင် ပေးခဲ့တဲ့သူ။
(T/N ရှောင်လော့က အထီးလား အမလား မသိသေးလို့ အရင်ဆုံး သူလို့ဘဲ သုံးသွားပါမယ်။)
မကြာခင်မှာပဲ ရှောင်လော့က သူမကို သူငယ်ချင်းအဖြစ် လက်ခံခဲ့တာ။ ယဲ့လီက ရှောင်လော့ကို စိတ်နဲ့ ဆက်သွယ်လိုက်သည်။
"တစ်ဆိတ်လောက် ချိန်ခွင် လဲလို့ရလား?"
ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့က လျောင်မိသားစု အလုပ်ရုံမှာ အလုပ်လုပ်ကြသည်။
လျောင်မိသားစုအလုပ်ရုံက မီးရှူးမီးပန်းတွေ ပြုလုပ်သည့် အလုပ်ရုံဖြစ်သည်။
ဒီနယ်ပယ်မှာ ပထမဆုံးစလုပ်တဲ့အခါ အလေးချိန် နည်းလား များလား ရင်းနှီးစေဖို့ ချိန်ခွင်ကို အသုံးပြုရန် လိုအပ်သည်။
ဥပမာအားဖြင့် ဗျောက်အိုးအသေးစားကို ပေါက်ကွဲစေဖို့ ယမ်းမှုန့် ဘယ်လောက်ထည့်ရမှာကို ချိန်ခွင်အကြီးသုံးလို့ မရဘူး။ ဒီလိုမျိုး အတော်လေး သေးတဲ့ချိန်ခွင်ကိုဘဲ အသုံးပြုနိုင်တာ။
ရင်းနှီးသွားတာနဲ့ ချိန်နေဖို့ မလိုတော့ဘူး။ ချိန်ခွင်မပါဘဲနဲ့လည်း ယမ်းမှုန့် ဘယ်လောက်ဖြည့်ရမှာကို သိနိုင်ပြီ။
ရှောင်လော့ရဲ့ ပြန်ကြားချက်မှာ အားနာသံပါနေသည်။ "အခုခေတ်ထုတ်ကုန်က ညံ့ဖျင်းပြီး စုဆောင်းမှုတန်ဖိုး မရှိဘူး! လက်တံကို နွားအရိုးနဲ့ ပြုလုပ်ထားတယ်။ ယွမ် ၅၀ လက်ခံပါသလား? နေရာလွတ် (အာကာသ) သယ်ယူပို့ဆောင်ရေးစရိတ်က ငွေလွှဲခပမာဏရဲ့ 30% ပါ!"
ငွေလွှဲမှုပြီးသွားတဲ့အခါ ယဲ့လီရဲ့ ဒစ်ဂျစ်တယ်ငွေကြေး (E-CNY) ပမာဏက 35 ယွမ် ဖြစ်လာခဲ့သည်။
ကုန်သွယ်ပလပ်ဖောင်းတွင် ကုန်တိုက်တစ်ခု ရှိသည်။
အငယ်တန်းကုန်သွယ်သူတိုင်းက ကုန်တိုက်တွင် တစ်တန် ခွဲတမ်းရှိပြီး၊ တစ်တန်အတွင်း အာကာသသယ်ယူပို့ဆောင်ခကို နုတ်ယူမှာ မဟုတ်ဘူး။
ကုန်တိုက်ရှိ မန်ထိုဈေးကို မြင်တော့ ယဲ့လီနှုတ်ခမ်း တစ်ချက်တွန့်သွားသည်။
ဒစ်ဂျစ်တယ်ငွေကြေး တစ်ယွမ်က အဖြူရောင် မန်ထိုနှစ်ခုဘဲ ဝယ်နိုင်သည်။
အစေ့အဆန်ကောင်းနဲ့ လုပ်ထားတဲ့ မန်ထိုက တစ်ခုကို တစ်ယွမ်......
စျေးနှုန်းက? အရမ်းကြောက်စရာကောင်းတယ်!
ယဲ့လီက သူ့မိသားစုအတွက် အဖြူရောင်မန်ထို လေးလုံးဝယ်ရန် ဒစ်ဂျစ်တယ်ငွေကြေး နှစ်ယွမ် သုံးစွဲခဲ့သည်။ ဒစ်ဂျစ်တယ်ငွေကြေး (E-CNY) ပမာဏက ၃၅ မှ ၃၃ သို့ ပြောင်းသွားသည်။
ယဲ့ကွမ်ရှန်က ဒီလို အဖြူရောင် မန်ထိုကို ပထမဆုံး မြင်ဖူးတာ။ ခဏလောက် ထိတ်လန့်သွားပြီး "ဒါက အာကာသထဲက မန်ထိုလား? အရမ်းဖြူတာဘဲ။"
အနံ့ခံပြီးနောက် ပိုလိုတောင်အံ့သြသွားသည်။ "အရမ်းမွှေးတာဘဲ! နူးညံ့နေတာဘဲ။"
လျောင်ချူရှင်းက ခေါင်းလှည့်ပြီး ပိတ်ထားတဲ့တံခါးကို ကြည့်ကာ "မြန်မြန်စား၊ ပြီးရင် ဒေါက်တာစုကို သွားခေါ်။"
ယဲ့ကွမ်ရှန်က လေးငါးကိုက်နဲ့ မန်ထိုနှစ်ခုကို စားပြီးသွားကာ ဒေါက်တာစုကို ခေါ်ရန် ထွက်သွားလေသည်။
လျောင်ချူရှင်းက မန်ထိုစားပြီးတာနဲ့ ထရပ်ပြီး "မား ရေတည်ဖို့ မီးဖိုချောင် သွားလိုက်အုံးမယ်။ ခနနေ ရေနွေးလိုမှာ သေချာတယ်။"
မိဘနှစ်ပါးစလုံး ထွက်သွားကြပြီး ယဲ့လီက မေးစေ့ကိုင်ကာ ရေတွက်နေသည်။
"......ရှောင်လော့ကို ၅၅ နှစ်က ပိုက်ဆံ ရောင်းလိုက်ရင် ဒစ်ဂျစ်တယ်ငွေကြေး အများကြီးရနိုင်လောက်တယ်။ ရှောင်လော့ဆီ အကြိမ်အနည်းငယ်ရောင်းပြီးရင် စားစရာနဲ့ စားသောက်တာ ဝယ်ဖို့ ပိုက်ဆံရှိပြီ။"
သူမ အရင်ဘဝတွင် မရေမတွက်နိုင်တဲ့ နည်းလမ်းတွေကို ကြိုးစားခဲ့ဖူးသော်လည်း၊ အာကာသမှ ဒစ်ဂျစ်တယ်ငွေကြေးကို လက်တွေ့ဘဝသို့ မလွှဲပြောင်းနိုင်ခဲ့ဘဲ ကုန်တိုက်တွင်သာ ဝယ်ယူနိုင်ခဲ့သည်။
ဒါပေမဲ့ ကုန်တိုက်ထဲရှိ စျေးနှုန်းက အလွန်ဈေးကြီးတယ်။
သူမ တစ်ခုဝယ်တိုင်း သွေးအန်သလိုဘဲ။
နောက်ပိုင်းတွင် သူမ ဒီမှာရှိတဲ့ပိုက်ဆံကို ရှောင်လော့ဆီ မြင့်မားတဲ့စျေးနှုန်းနဲ့ ရောင်းချနိုင်တာကို သိခဲ့ရတာ။
ဒါပေမဲ့လည်း ရှောင်လော့က အမြန်ဘဲ ပိုက်ဆံ မစုဆောင်းတော့ဘဲ ရပ်တန့်သွားခဲ့တယ်။
သိမ်းတာများရင် စုဆောင်းသူရဲ့ ဈေးကွက်အတွင်းရှိ ဈေးနှုန်းတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောတယ်။
လျောင်ချူရှင်းက မီးဖိုချောင်ထဲ ၀င်သွားပြီး သိပ်မကြာခင်။
(T/N သာသာ ဒီတစ်ခု ဘာသာပြန်တော့ ဒီတစ်ခု အရင်အပုဒ်တွေနဲ့ မတူဘဲ တော်တော်လေး ကွဲတော့ ပြန်တာ အဆင်မပြေဖြစ်သွားပါတယ်။ အထူးသဖြင့် နေရာလွတ်ဘဲ။ သည်းခံပြီး ဖတ်ပေးကြပါနော်။ အတတ်နိုင်ဆုံး နီးစပ်အောင် ပြန်ထားပါတယ်ရှင့်။)
Ch 3.2
ယဲ့ကျင်းကျစ်ရဲ့မိခင်၊ ယဲ့လောင်အာ့ရဲ့ဇနီး ကျန်းအာ့ဖန်က သတင်းကြားပြီးနောက် ခြံအပြင်ဘက်မှ ပြေးဝင်လာပြီး သူမရဲ့အိမ်ပြိုကျနေတာကို တစ်ချက်ကြည့်လိုက်သည်။
သူမက ယဲ့မိသားစုတွင် ရိုင်းစိုင်းလေ့ရှိပြီး ဟောက်သံဖြင့် လောင်စန်းရဲ့အခန်းကို ပြေးဝင်သွားသည်။ "ယဲ့ကွမ်ရှန် နင် တိရစ္ဆာန် ဒီကို ထွက်လာခဲ့စမ်း!"
မောင်လေးရဲ့မျက်နှာနဲ့ လက်တွေကို အဝတ်နဲ့ သုတ်နေတဲ့ ယဲ့လီက ကျန်းအာ့ဖန် ပြေးဝင်လာတော့ မောင်လေးကုတင်ရှေ့မှာ ရပ်နေတာတွေ့တော့ "ခဗျား ဘာလုပ်တာလဲ? ထွက်သွား!"
ကျန်းအာ့ဖန်က ယဲ့လီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ သူမရဲ့မျက်နှာမှာ အနည်းငယ် ရက်စက်ကြမ်းကြုတ်နေပြီး "နင်အဖေ ဘယ်မှာလဲ?"
"ထွက်သွားစမ်း!" ယဲ့လီက လုံးဝ မကြောက်ဘဲ ခေါင်းမော့လိုက်သည်။
"***! နင် အတော်တတ်နိုင်တာပဲ? ငါ့ကို အော်ရဲတယ်?" ကျန်းအာ့ဖန်က ရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာရင်း "နင်သေချင်နေပြီထင်တယ်!"
ကျန်းအာ့ဖန် ယဲ့လီရှေ့ ရောက်ခါနီးတွင် အပြင်ဘက်မှ တစ်စုံတစ်ယောက် ပြေးဝင်လာသည်။
လျောင်ချူရှင်း ဆူညံသံကြားပြီးနောက် ချက်ခြင်းပြေးလာပြီး ခုမှ အိမ်ပြန်ရောက်လာတဲ့ ယဲ့လီရဲ့အဖွား ယဲ့ထန်ရှစ်က
"ဘာဖြစ်တာလဲ?" ယဲ့ထန်ရှစ် ဝင်လာပြီး ကျန်းအာ့ဖန်ဘေးမှာ ရပ်လိုက်သည်။
"အမေ! အမေ ကျွန်မအတွက် ဆုံးဖြတ်ချက်ချပေး!" ကျန်းအာ့ဖန်က ယဲ့ထန်ရှစ် ဝင်လာတာကို မြင်တော့ ယဲ့လီကို နာကျည်းစွာ လက်ညိုးထိုးပြီး
"ဒီခွေးမလေး ဒီနေ့ ကျွန်မကို အော်ရဲတယ်? ပြီးတော့ ယဲ့ကွမ်ရှန် တိရစ္ဆာန်က ကျွန်မတို့အိမ်ကို တကယ်ပဲ ဖြိုချပစ်တယ်။"
ယဲ့ထန်ရှစ်က ယဲ့လီကို စူးစူးရဲရဲ စိုက်ကြည့်ရင်း "ကောင်းလိုက်တာ၊ နင်နဲ့ နင့်အဖေက အရည်အချင်းရှိနေပြီပေါ့? တစ်ယောက်က ဒုတိယအဒေါ်ကို အော်ရဲတယ်၊ နောက်တစ်ယောက်က အိမ်ကို ထိရဲတယ်? ငါ ကြည့်ရတာ နင်တို့ စီးချင်......"
လျောင်ချူရှင်းက ဘေးကနေ စကားဖြတ်ပြောလာပြီး သူမအသံက ရေခဲလို အေးစက်နေသည်။ "ကျွန်မတို့ ရှောင်လီက အခန်းထဲမှာ၊ တစ်ယောက်ယောက် ဖောက်ဝင်လာခဲ့တာ။ ဒါ ဘာလုပ်ချင်နေတာလဲ? ပစ္စည်းတွေ ခိုးဖို့လား?"
"ဘာဖြစ်လို့လဲ? နင့်အခန်းထဲဝင်တာ ဘာဖြစ်နေလို့လဲ?" ယဲ့ထန်ရှစ်က လျောင်ချူရှင်း နှောက်ယှက်လိမ့်မယ်လို့ မထင်ခဲ့ပေ။ သူမအသံက အေးစက်သွားပြီး
"ဒီခြံကို ငါ ဆောက်ခဲ့တာ။ နင်တို့ကိုယ်ပေါ်က ခေါင်းစခြေဆုံး ငါ ပိုင်တယ်! စားတာလည်း ငါ့ဟာ၊ သောက်တာလည်း ငါ့ဟာ၊ ငါ့အိမ်မှာ နေနေတာ! ယောက္ခမဖြစ်တဲ့ ငါ စကားပြောနေတာကို နှောက်ယှက်ရဲတယ်? နင်ကိုနင့် ဘယ်သူထင်လို့လဲ?"
လျောင်ချူရှင်းက တံခါးဆီ လျှောက်သွားကာ တံခါးရွက်ကို ဆုပ်ကိုင်လိုက်ပြီး ယဲ့ထန်ရှစ်ကို အေးစက်စက်ကြည့်ကာ
"ကျွန်မတို့ စားတာသောက်တာ ရှင်ဟာ မဟုတ်ဘူး! ကျွန်မတို့က လုပ်အားခတွေအားလုံး ရှင့်ကို ပေးပြီး ကျွန်မတို့အတွက် နည်းနည်းလေးပဲ သိမ်းထားခဲ့တာ။ လယ်အလုပ်တွေအကုန် ကျွန်မတို့လုပ်တာ! ကျွန်မနဲ့ လောင်စန်းက ရှင့်တို့တစ်မိသားစုလုံးကို ထောက်ပံ့ပေးနေခဲ့တာ!"
"ယောက္ခမဖြစ်ပြီး ယုတ္တိတန်မဲ့ သူ့ချွေးမကို ဆူပူကြိမ်းမောင်းလို့ရတာလား? ဒီလူ့ဘောင်အသစ်မှာ အဲဒါကို လုပ်လို့ရမဘူး! အခု လုပ်တာက ကောင်းကင်ကို စိန်ခေါ်နေတာ!"
ယဲ့ထန်ရှစ်က လျောင်ချူရှင်းကို သံသယဖြင့် ကြည့်ကာ ခဏတာ စိတ်ရှုပ်ထွေးသွားသည်။
ဘာလို့ လျောင်ချူရှင်း အခုတစ်ကြိမ် အလုပ်ရုံက ပြန်လာတော့ တခြားလူတစ်ယောက်လို ဖြစ်သွားရတာလဲ?
ညစ်ပတ်တဲ့အရာတစ်ခုခုက သူ့ကိုယ်ကို ပိုင်သွားတာလား?
ယဲ့ထန်ရှစ် လူ့အဖွဲ့အစည်းဟောင်းမှ ဆင်းသက်လာပြီး အလွန်အယူသီးသည်။
လျောင်ချူရှင်းက ယဲ့လီကို တစ်ချက်ကြည့်လိုက်ပြီး "သမီးမောင်လေးကို သေချာဂရုစိုက်။ မား သမီးရဲ့အဖွားနဲ့ ဒုတိယအဒေါ်ကို အကျိုးအကြောင်း ပြောလိုက်မယ်!"
ယဲ့လီက တုံ့ပြန်လိုက်ပြီး မောင်လေးကုတင်ရှေ့မှာ ရပ်လိုက်သည်။
လျောင်ချူရှင်း တံခါးရွက်ကို တွန်းဖယ်လိုက်သည်။
"လျောင်ချူရှင်း နင် အရင်ဆုံး....." ကျန်းအာ့ဖန်က အော်ဟစ်ရင်း မြေပြင်ပေါ် လှဲချခံလိုက်ရသည်။
လျောင်ချူရှင်း အခု ကျန်းအာ့ဖန်ကို မသတ်ချင်သေးဘူး။ အခု သူမကို ရိုက်သတ်လိုက်တာက ကျန်းအာ့ဖန်အတွက် လွယ်ကူလွန်းလှသည်။
ထို့နောက် သူမက တံခါးရွက်ကို ပစ်ချလိုက်ပြီး ကျန်းအာ့ဖန်ရဲ့ နူးညံ့တဲ့အသားကို အထပ်ထပ်အခါခါ ထိုးလေသည်။
ကျန်းအာ့ဖန်က ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရလို့ အော်တင် မအော်နိုင်ခဲ့ဘူး။
လျောင်ချူရှင်း ငယ်ငယ်လေးကတည်းက မီးရှူးမီးပန်း အလုပ်ရုံမှာ ကြီးပြင်းခဲ့သည်။ အလုပ်ရုံပိုင်ရှင်ရဲ့သမီးဖြစ်သော်ငြားလည်း ငယ်ငယ်လေးကတည်းက လယ်လုပ်ရသည်။
သူမနဲ့ ယဲ့ကွမ်ရှန်တို့က သာမန်လူတွေထက် သန်မာကြသည်။ မဟုတ်ရင် ဒီလောက်များတဲ့လယ်ယာကို လုပ်ဆောင်နိုင်မှာ မဟုတ်ပေ။
ယဲ့ထန်ရှစ်က ဒေါသ အရမ်းထွက်လွန်းလို့ သူမရဲ့ခန္ဓာကိုယ်က တုန်နေပြီး လျောင်ချူရှင်းကို လက်ညှိုးထိုးကာ "တုန့်ပြန်တယ်။ လျောင်ချူရှင်း နင်က ရိုးရိုးရှင်းရှင်းကို..."
လျောင်ချူရှင်းရဲ့ မျက်လုံးတွင် အေးစက်တဲ့ အလင်းရောင်တစ်ခု လင်းလက်သွားပြီး လှည့်ကြည့်ကာ ယဲ့ထန်ရှစ်လက်ချောင်းကို ချိုးလိုက်သည်။
ယဲ့ထန်ရှစ်က နာကျင်စွာ အော်ဟစ်လိုက်ပြီး သူမရဲ့လက်ချောင်းက ကျိုးလုနီးပါး ဖြစ်သွားသည်။
"ဘာဘဲဖြစ်ဖြစ် လောင်စန်းက အဖေ့ကို ရိုက်ပြီးသားဆိုတော့ ကျွန်မလည်း ရှင့်ကို နောက်တစ်ကြိမ် ထပ်ရိုက်တာကို ဂရုမစိုက်ဘူး။" လျောင်ချူရှင်း မျက်ခုံးပင့်လိုက်သည်။
ယဲ့ထန်ရှစ်က အလွန်ထိတ်လန့်သွားသဖြင့် သူမရဲ့မျက်နှာက ဖျော့တော့သွားပြီး ပုစဉ်းရင်ကွဲတစ်ကောင်လို တိတ်ဆိတ်သွားလေသည်။
ယဲ့ထန်ရှစ်က တစ်သက်လုံး အားနည်းသူကို အမြဲအနိုင်ကျင့်ပြီး သန်မာသူကို ကြောက်ရွံ့ကာ တခြားသူတွေကို အခွင့်ကောင်းယူရတာ နှစ်သက်သည်။
လျောင်ချူရှင်းရဲ့ မဆင်မခြင် တိုက်ခိုက်သည့်ပုံစံက သူမကို တကယ်ကြောက်လန့်သည်။
လျောင်ချူရှင်းက ကျန်းအာ့ဖန်ရဲ့ကော်လာကို ဆုပ်ကိုင်ကာ ဝက်သေတစ်ကောင်လို ခြံထဲ ဆွဲခေါ်သွားသည်။
သူမက ကျန်းအာ့ဖန်ပေါ် ခြေထောက်တင်လိုက်ပြီး ခြံတစ်ခုလုံးကြားနိုင်တဲ့ အသံနဲ့ "နောက်ခါ ငါ့သမီးနဲ့ ငါ့သားကို ထပ်ပြီး အနိုင်ကျင့်ဝံ့ရင် ဒါက နင်တို့ရဲ့ကံကြမ္မာပဲ!"
တခြားယဲ့မိသားစုဝင်တွေက လျောင်ချူရှင်းက ဒီလိုမြင်လိုက်ရတော့ ၎င်းတို့ရဲ့ ဦးရေပြား ထုံကျင်သွားခဲ့သည်။
ယဲ့ထန်ရှစ်က လက်သီးတွေ တင်းတင်းဆုပ်ပြီး သူမမျက်နှာက အနည်းငယ် ခါးသီးသွားသည်။
ဒါပေမဲ့ သူမက လျောင်ချူရှင်းကို စိတ်ထဲတွင်သာ ကျိန်ဆဲရဲသည်။ "ယောက္ခမကို ရိုက်တယ်။ မိုးကောင်းကင်က ဒီခွေးမကို မိုးကြိုးပစ်ပါစေ!"