Ch 4
Viewers 982

Ch 4.1


(အရင်ဘဝက နောင်တရလေလေ၊ ဒီဘဝမှာ အမုန်းတရားတွေ ပိုများလေလေ။)


ယဲ့ကွမ်ရှန်က ဆရာဝန်စုရှန်ချန်ကို ခြံဝင်းထဲ ခေါ်လာတဲ့အခါ ယဲ့ထန်ရှစ်နဲ့ ကျန်းအာ့ဖန်တို့က ခြံဝင်းထဲတွင် ခုန်ပေါက်နေတာကို တွေ့လိုက်ရသည်။


ယဲ့ကွမ်ရှန်ကို မြင်တာနဲ့ ယဲ့ထန်ရှစ်က "လောင်စန်း ဒီကိုလာစမ်း!"


ယဲ့ကွမ်ရှန်က သူမကို လျစ်လျူရှုပြီး ဒေါက်တာစုရှန်ချန်နဲ့ စကားပြောရန် လှည့်လိုက်ကာ "ဒေါက်တာစု ရှောင်ဇီက ကျွန်တော့်အခန်းထဲမှာ ရှိတယ်။ သူက ခေါင်းနောက်ကို မှန်ပြီး သတိလစ်သွားခဲ့တာ။"


ဦးခေါင်းနောက်ကျောကို ထိမှန်ခြင်းက အလွန်ဆိုးရွားတဲ့ ကိစ္စဖြစ်သည်။ စုရှန်ချန်က လုံးဝမနှောင့်နှေးဘဲ ယဲ့ကွမ်ရှန်ရဲ့အခန်းထဲ ဝင်သွားခဲ့သည်။


ယဲ့ကွမ်ရှန်က မတုံ့ပြန်တာကို မြင်တော့ ယဲ့ထန်ရှစ်က ဒေါသတကြီးနဲ့ "လောင်စန်း..."


"လောင်စန်း" ဟု သူမ အော်လိုက်သည်နှင့် တပြိုင်နက် ယဲ့ကွမ်ရှန်က လှည့်လာပြီး သူမကို အေးတိအေးစက် ကြည့်ကာ "ဘာတွေအော်နေတာလဲ? ရှောင်ဇီကို လန့်သွားရင် ခဗျားအသက်က လျော်ကြေးပေးဖို့ မလုံလောက်ဘူး!"


"လောင်စန်း နင် ဘာလို့ဒီလိုဖြစ်နေတာလဲ? ငါက နင့်အမေလေ။" ယဲ့ထန်ရှစ်ရဲ့မျက်လုံးက ပြူးကျယ်သွားသည်။


"ကျွန်တော် သိတယ်၊ ခဗျားက ကျွန်တော့်အမေ၊ သူက ကျွန်တော့်အဖေလေ!" ယဲ့ကွမ်ရှန်ရဲ့ ပါးစပ်က လှောင်ပြောင်မှု အပြည့်ဖြင့် "ခဗျားတို့လို မိဘတွေ ရှိတာ ကျွန်တော် တကယ် ကံကောင်းတာဘဲ။" (ရွဲ့ပြောနေတာပါ။)


ယဲ့ထန်ရှစ်က ယဲ့ကွမ်ရှန် ဒီလိုပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ဒီနေ့ လျောင်ချူရှင်းက သူမကို ဒီလိုမျိုး အလေးအနက်မထားတာကို တွေးမိပြီး အံ့သြထိတ်လန့်သွားပြီး "နင့်ကို သရဲဝင်စီးတာလား?" (နင့်ခန္ဓာကိုယ်ကို သရဲ အပိုင်သိမ်းသွားတာလား?)


ယဲ့ကွမ်ရှန်က "ဒေါက်တာစု ရှောင်ဇီကို ကယ်နေတာ နှောင့်ယှက်ရဲရင် ဒီနေ့ ကျွန်တော် ရိုက်နှက်တာကို ခံရမယ်။"


ထိုစကားကိုပြောပြီးနောက် ယဲ့ကွမ်ရှန်က ခြံဝင်းအတွင်းရှိ ယဲ့မိသားစုဝင်တွေကို အေးတိအေးစက် စိုက်ကြည့်လျက် တံခါးရှေ့မှာ ရပ်လိုက်သည်။


မြက်ခင်းပြင်မှာ ဝပ်နေတဲ့ ခြင်္သေ့လို အချိန်မရွေး ခုန်အုပ်ဖို့ အသင့်အနေအထားပဲ။


ယဲ့မိသားစုဝင်တွေ အကုန်လုံးက ယဲ့ကွမ်ရှန်ထံမှ လူသတ်အငွေ့အသက်ကို ခံစားရပြီး ဘယ်သူမှ လာရောက်ပြောဆိုရဲခြင်း မရှိကြပေ။


စုရှန်ချန်က စော်ဇီဂုံးရှိ တစ်ခုတည်းသော သံဓာတ်မီးကိုယူပြီး ယဲ့ဇီရဲ့မျက်လုံးကို သေချာစစ်ဆေးသည်။ လက်နှိပ်ဓာတ်မီးက အဝါဖျော့ဖျော့ နွေးထွေးတဲ့အလင်းရောင်ကို ထုတ်လွှတ်သည်။


"သူ့ရဲ့ ခေါင်းနောက်က ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ်။ သူ့ကို အပ်စိုက်ကုပေးခဲ့မယ်။"


ကျန်းတုံးကျုံး ခွေးဖြူတွေကို အမဲလိုက်တုန်းက ဓာတ်မီးကို ရခဲ့တာ။ ကျန်းတုံးကျုံးက စုရှန်ချန်ကို ရောဂါကုသရာတွင် ပိုမိုလွယ်ကူစေရန်အတွက် စုရှန်ချန်ကို ပေးခဲ့သည်။


ဓာတ်မီးအပြင်ဘက်ကို သံဖြင့် ပြုလုပ်ထားပြီး ကွမ်ကျုံး တုံးကျုံးက ဓာတ်မီးစက်ရုံမှ ထုတ်လုပ်သည့် ကျားခေါင်းအမှတ်တံဆိပ်ဖြစ်သည်။


စုရှန်ချန်က ယဲ့ဇီကို အပ်စိုက်ကုသပေးနေပြီး၊ ယဲ့လီက  စုရှန်ချန်ရဲ့သား စုဝိန်မောက်ကို ကြည့်နေသည်။


တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေတယ်လို့ ခံစားရတော့ စုဝိန်မောက်က လှည့်ပြီး ယဲ့လီကို ပြန်ကြည့်ကာ သူ့မျက်လုံးတွေက ပင်လယ်နဲ့တူသည်။


ရေလှိုင်းလို အေးပြီး ကျဲပေမယ့် မိုးသောက်ချိန်က နှင်းဆီရောင်ကောင်းကင်နဲ့တူတယ်။

(Ml ထင်တယ်။ ဖွဲ့နွဲ့နေတာ မနည်းကို စဉ်းစားပြီးရေးလိုက်ရတယ်။ ဒါတောင် အသက် ၇ နှစ်ဘဲ ရှိသေးတယ် ml က။ အသက် ၁၈ ဆို ဘယ်လိုများ ဖွဲ့နွဲ့မလဲ မသိဘူး။ သာသာ ဒီ novel ရဲ့ ml မသိသေးပါဘူးနော်။)


စုဝိန်မောက်က အခုနှစ်တွင် ၇ နှစ်ရှိပြီဖြစ်သည်။


ငယ်ငယ်ကတည်းက တခြားသူတွေကို စကားပြန်မပြောဖူးဘူး။


လူတိုင်းက သူ့ကို ဆွံ့အနားမကြားဟု ထင်ကြသည်။


အမှန်တော့ စုဝိန်မောက်က ကြားနိုင်၊ ပြောနိုင်တယ်။


စုရှန်ချန် အပ်စိုက်ကုထုံး လုပ်ပြီးသွားတာကိုမြင်တော့ လျောင်ချူရှင်းက စုရှန်ချန်ကို ယဲ့လီနဲ့ ယဲ့ဇီရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့သည်။


စုရှန်ချန်ရဲ့အကြည့်က မှေးမှိန်သွားသည်။ "ဘယ်လိုလုပ် ဒီလိုမျိုးဒဏ်ရာ ရနေတာလဲ?"


ပြင်ဆင်ထားသော ဒုဓလီတစ်ထုပ်ကို (dandelion) ပေးလိုက်သည်။


"ယဲ့လီရဲ့ အရေပြားကွဲပြီး သွေးမထွက်ရင် ရေနဲ့ပြုတ်ပြီး တစ်ကိုယ်လုံးကို သုတ်ပေးပါ။ သူ့အရေပြားကွဲပြီး သွေးထွက်ရင် မနက်ဖြန် ကျွန်တော် ဆေးပေးတာကို စောင့်ပေးပါ။ ဒီရက်တွေမှာ စိုက်ပျိုးရာသီ စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေပြီး တောင်ပေါ်တက်ဖို့ အချိန်မရှိတော့လို့ ကျွန်တော့်လက်ထဲ ဆေးအများကြီး မကျန်တော့ဘူး။"


စုရှန်ချန်က စော်ဇီဂုံးတွင် ဆရာဝန်တစ်ယောက်သာမက စာရင်းကိုင်တစ်ယောက်လည်းဖြစ်သည်။


လျောင်ချူရှင်းက ၎င်းကိုယူပြီး "ကျေးဇူးတင်ပါတယ် ဒေါက်တာစု။"


စုရှန်ချန်က သက်ပြင်းချရင်း "ယဲ့လီနဲ့ ယဲ့ဇီရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ နောက်ကျ သတိထား။ ကလေးတွေကို မျက်ကွယ်မှာ မထားနဲ့..."


စုရှန်ချန်ရဲ့ဇနီးက အစောကြီးဆုံးပါးသွားတာကြောင့် သူ့သား စုဝိန်မောက်ကို သူသွားလေရာရာကို အမြဲခေါ်သွားလေသည်။


လျောင်ချူရှင်းက ခေါင်းငုံ့ကာ မျက်နှာတွင် အပြစ်ရှိစိတ်ဖြင့် ပြည့်နှက်နေသည်။ "အမေတစ်ယောက် လုပ်နေပြီး သူတို့ကို မကာကွယ်နိုင်ခဲ့ဘူး။"


ကျေးဇူးအများကြီးတင်စွာနဲ့ စုရှန်ချန်နဲ့ သူ့သားကို  လိုက်ပို့ပေးသည်။


စုရှန်ချန် ထွက်သွားတာကိုမြင်ပြီးနောက် ယဲ့လီ စိတ်သက်သာရာရကာ အိပ်ပျော်သွားသည်။


လျောင်ချုရှင်းကသူမကို ကုတင်သေးသေးလေးပေါ်တင်ပြီး စောင်ခြုံပေးကာ ယဲ့ကွမ်ရှန်ကို ခေါ်လိုက်သည်။


Ch 4.2


(အရင်ဘဝက နောင်တရလေလေ၊ ဒီဘဝမှာ အမုန်းတရားတွေ ပိုများလေလေ။)


ကလေးနှစ်ယောက်ကိုကြည့်ရင်း၊ ယဲ့ကွမ်ရှန် အလွန်ဝမ်းနည်းကြေကွဲကာ မုန်းတီးမှုနဲ့ နောင်တတရားတွေ ပြည့်နှက်နေခဲ့သည်။


"ကိုယ် တစ်သက်လုံး နောင်တရခဲ့ရတယ်။ ဘာလို့ အလုပ်ရုံကနေ စောစောမလာခဲ့ရတာလဲ! ဘာလို့ သူတို့ ကလေးတွေကို အနိုင်ကျင့်နေတာ မမြင်ခဲ့ရတာလဲ? ကိုယ် အရမ်းအ,လွန်းတယ်! အရမ်းအ,တာဘဲ။"


အဘိုးကြီးယဲ့က သူတို့ မိသားစုအတွက် ငွေရှာရန် ကြိုးစားမှုကို နှောင့်နှေးမှာ စိုးရိမ်တာကြောင့် တစ်နှစ်လျှင် သုံးကြိမ် နွေစပါးရိတ်သိမ်းချိန်၊ ဆောင်းဦးစပါးရိတ်သိမ်းချိန်နဲ့ တရုတ်နှစ်သစ်ကူးပွဲတော်တို့တွင်သာ ပြန်လာခွင့်ပြုခဲ့သည်။


ကလေးကိုလည်း ယဲ့လောင်အာ့ရဲ့ မိသားစုက ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ကလေးကိုလည်း တွေ့ခွင့်မရခဲ့ဘူး။


အရင်ဘဝက သူတို့ပြန်လာပြီးနောက်မှာ ခေတ္တအနားယူဖို့ အချိန်တောင်မရှိဘူး။ မနက်ကနေ ညအထိ ရိတ်သိမ်းဖို့ အဘိုးကြီးယဲ့က အမိန့်ပေးခဲ့တယ်။


အဘိုးကြီးယဲ့က စပါးရိတ်သိမ်းချိန်ကို နှောင့်နှေးစေသည်ဟု အကြောင်းပြ၍ ယဲ့လီနဲ့ ယဲ့ဇီကို အဘိုးကြီးယဲ့အခန်းတွင် ဝှက်ထားသည်။


လအတော်ကြာမှ ယဲ့လီနဲ့ ယဲ့ဇီတို့ ကိုယ်ပေါ်ကဒဏ်ရာတွေကို ရှာတွေ့ခဲ့ပြီး ကလေးတွေကို ခေါ်ဆောင်သွားလိုခဲ့သည်။


ထိုအချိန်တွင် ယဲ့လီက ကျောင်းရီ့နေရာလွတ်တစ်ခုရှိကြောင်း (ကျောင်းရီအာကာသ) အဘိုးကြီးယဲ့ သိထားပြီးဖြစ်သည်။

(T/N 交易空间 ကျောင်းရီ့နေရာလွတ်၊ လဲလှယ်လို့ရတဲ့နေရာလွတ်ကို ကျောင်းရီ့အာကာသလို့ လောလောဆယ် သုံးသွားပါမယ်။ စကာလုံးလှတာလေးကို သာသာ စဉ်းစားလို့ မရလို့ပါ။ ရှိရင်လည်း comment မန့်သွားပေးအုံးနော်။)


အငြင်းပွားမှုအတွင်း အဘိုးကြီးယဲ့က ယဲ့ကွမ်ရှန်ရဲ့နှလုံးသားကို ဓားဖြင့်ထိုးခဲ့သည်။


ယဲ့မိသားစုက မထူးဇာတ်ကကာ ဆက်လက်ပြီး လျောင်ချူရှင်းကိုပါ သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။


ထို့နောက် သူတို့လင်မယားကို ဆဲဆိုကာ ထွက်ပြေးသွားပြီဟု ပြောဆိုကြသည်။


စားနပ်ရိက္ခာ မလုံလောက်တာကြောင့် အရင်က စော်ဇီဂုံးတွင် အငတ်ဘေးမှ ထွက်ပြေးခဲ့ကြသူများ ရှိသည်။


ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့က အငတ်ဘေးမှလွတ်မြောက်ရန် ယဲ့လီနဲ့ ယဲ့ဇီတို့ကို ခေါ်ဆောင်သွားသည်ဟု လူတိုင်းက အမှန်ပင် ထင်ခဲ့ကြသည်။


ယဲ့မိသားစုက ကလေးနှစ်ယောက်ကို မြေအောက်ခန်းထဲမှာ ဝှက်ထားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။


ထိုညတွင် ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းက အလွန်အမင်း မသက်မသာဖြစ်စွာနဲ့ အိပ်ပျော်သွားခဲ့သည်။


ကလေးတွေ နည်းနည်းလှုပ်တာနဲ့ စစ်ဆေးဖို့ ထလာကြသည်။


မိုးလင်းတော့ စုရှန်ချန်က ယဲ့ဇီကို သွားကြည့်ဖို့ သူ့သားကို ခေါ်လညပြီး "အခုမှ ခူးဆွတ်ထားတဲ့ ဆေးဖက်ဝင်အပင်တွေကို မပြုပြင်ရသေးတဲ့အတွက် သုံးနိုင်ရုံလောက်ဘဲ။"


"ကျွန်တော် ညဘက် ဆေးပင်သွားခူးတုန်းက စပါးအုံးမြွေကို သတ်ပြီး စားဖိုဆောင်ကို လွှဲပေးထားတယ်။ နေ့လယ်စာ သေချာပေါက် သွားစားကြ။" မထွက်ခင် စုရှန်ချန်က ယဲ့ကွမ်ရှန်ကို တိုးတိုးပြောသည်။


ထိုမှသာ ယဲ့ဇီနဲ့ ယဲ့လီအတွက် ဆေးပင်တွေ စုဆောင်းရန်အတွက် စုရှန်ချန်က တောင်ပေါ်တွင် တစ်ညအိပ်ခဲ့ကြောင်း ယဲ့ကွမ်ရှန် သဘောပေါက်သွားခဲ့သည်။


"ဒေါက်တာစု၊ ဒေါက်တာရဲ့ ကြင်နာမှုကို ကျွန်တော် လုံလောက်အောင် ကျေးဇူးမတင် ရသေးဘူး။ နောက်ကျ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို ပြောသာပြောလိုက်။"


"အကုန်လုံးက တစ်ရွာတည်းသားတွေဘဲ။" စုရှန်ချန်က ပြုံးပြီး "ငါတို့ ဒီကို ပြောင်းလာတုန်းက မင်းဘဲ ငါတို့ကို ဂရုစိုက်ခဲ့တာဘဲပေ။"

(အရင်တုန်းက ရင်းနှီး၏ မရင်းနှီး၏ မသိလို့ ယဉ်ယဉ်ကျေးကျေးသုံးခဲ့တာပါ။)


နေ့ခင်းဘက်တွင် ယဲ့ကွမ်ရှန်က ယဲ့လီကို ကန်တင်း ခေါ်သွားခဲ့သည်။


လျောင်ချုရှင်းက ယဲ့ဇီကို စောင့်ရှောက်ဖို့ နေခဲ့သည်။


စုရှန်ချန်က မီးဖိုဘေးတွင် စောင့်နေသည်။ ယဲ့ကွမ်ရှန်နဲ့ သူ့သမီး ဝင်လာတာကို မြင်တော့ မီးဖိုပေါ်က လက်ဖက်ရည်မတ်ခွက်ကို လက်ညှိုးထိုးပြပြီး "ဒီလက်ဖက်ရည်မတ်ခွက် သုံးခွက်က မင်းတို့အတွက်ဘဲ။" 


စုရှန်ချန်က မြွေကိုသတ်တာဖြစ်တဲ့အတွက် သူ့မှာ ဖြန့်ဝေပိုင်ခွင့် ရှိသည်။


ယဲ့လီက သူ့ကို နာခံမှုရှိစွာ ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါက်တာစု။"


ယဲ့ကွမ်ရှန်က ဘေးနားသို့သွားကာ မန်ထိုအနည်းငယ်ကို လက်မှတ်နဲ့ လဲလှယ်လိုက်သည်။


အစားအသောက်လက်မှတ်တွေကို 1-3 နှစ်အတွက် 4 တေး၊ 4-10 နှစ်အတွက် 8 တေး၊ 11-16 နှစ်အတွက် 14  တေးနဲ့ 17 နှစ်နှင့်အထက်အတွက် 1ကျင်း 7 တေး ခွဲပေးသည်။ (1959 မတိုင်မီ အရင်တိုင်းတာမှုကိုအသုံးပြုခဲ့တာ။ တစ်ကျင်းကို 16 တေး)


ငွေစုဖို့အတွက် အဖွဲ့ဝင်တွေကို ဆုချရန်အတွက် ထမင်းတစ်ပန်းကန်လျော့စားပါက အရံအစားအစာအဖြစ် အစားအစာလက်မှတ် ၂ ထေး ပေးအပ်မည်ဖြစ်သည်။


စားနပ်ရိက္ခာရှားပါးလာတဲ့အခါ သီးသန့်ဆန်အတွက် အစားအသောက်လက်မှတ်အနည်းငယ်ကို ထုတ်ယူနိုင်ရင် လူတော်တော်များများက မနာလိုဖြစ်နေပြီ။


ယဲ့ကွမ်ရှန်က မြွေသားကို မြေအိုးထဲ လောင်းထည့်ကာ ယဲ့လီကို ဆွဲပြီး လှည့်ထွက်သွားသည်။


ယဲ့ကျင်းကျစ်ရဲ့ စားပွဲဆီ ရောက်တဲ့အခါ ယဲ့ကျင်းကျစ်က ရုတ်တရက် ခြေထောက်ကို ဆန့်လိုက်ပြီး ယဲ့လီ‌ချော်လဲစေရန် ကြိုးစားသည်။


ယဲ့လီက ခပ်သွက်သွက် ရှောင်လိုက်သည်။


ယဲ့ကျင်းကျစ်က သူမမိဘဘိုးဘွားတွေ အကုန်လုံး ဒီနေရာတွင် ရှိနေကြောင်းကို အားကိုးကာ ယဲ့လီကို လှောင်ပြောင်စွာ စိုက်ကြည့်ပြီး "ဘာကြည့်တာလဲ၊ ဆက်ကြည့်နေရင် ငါ နင်မျက်လုံးတွေကို ဖောက်ထုတ်ပစ်မှာ!"


ဒီလူက ဘာလို့ အရမ်းစိတ်ညစ်စရာ ကောင်းနေရတာလဲ? ယဲ့လီက သူမကို အနိုင်ယူချင်ခဲ့သည်။


ထိုအခိုက်တွင် ရုတ်တရက် ယဲ့ကွမ်ရှန်ရဲ့လက် ဆန့်ထွက်လာပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်မတ်ခွက်ကို ကောက်ယူကာ မြွေသားနဲ့ ဟင်းရည်တွေကို မြေအိုးထဲ လောင်းထည့်လိုက်သည်။


မြန်လွန်းလို့ မျက်စိတစ်ပြက်အတွင်း ဖြစ်ပျက်သွားသည်။



စားပွဲဝိုင်းရှိလူတွေ မတုံ့ပြန်ခင်တွင် ဟင်းရည်ကို မြေအိုးထဲ လောင်းထည့်လိုက်သည်။