Ch 5
Viewers 983

Ch 5.1


(မင်းရဲ့အသားကို ငါခိုးတာ ဘာဖြစ်နေတာလဲ)


အသား ခိုးယူခံရတဲ့အခါ ယဲ့ကျင်းကျစ်က ခဏတာ အံ့အားသင့်သွားပြီး "ဦးလေးစန်း၊ ဘာလို့ ငါ့မြွေသားကို ခိုးသွားရတာလဲ?"


အဘိုးကြီးယဲ့လည်း စိတ်ဆိုးသွားကာ စားပွဲပေါ် တူချလိုက်သည်။ "လောင်စန်း မင်း ဘာလုပ်ချင်နေတာလဲ?"


ယဲ့ကွမ်ရှန်က မျက်လုံးမှေးကာ အဘိုးကြီးယဲ့ကို ကြည့်ပြီး အေးတိအေးစက်နဲ့ "မနေ့က ကျွန်တော့်သမီးလေး တစ်ကိုယ်လုံး အရိုက်ခံရပြီး ကျွန်တော့်သား သတိလစ်သွားတယ်! တောင်းပန်နေတာတောင် အသုံးမဝင်ဘူး။ ခဗျားရဲ့ အသားစားတာ ဘာဖြစ်လဲ?"


စော်ဇီဂုံးရဲ့ အဖွဲ့ဝင်အားလုံးက ကန်တင်းတွင် စားသောက်နေကြသည်။ ယဲ့ကွမ်ရှန်က အဘိုးကြီးယဲ့ရဲ့အသားကို ဗြောင်ကျကျ လုယူနေတာကို တွေ့တဲ့အခါ အသံတိုးတိုးဖြင့် ပြောဆိုလာကြသည်။


"ဒီမနက် ဒေါက်တာစု သူ့ကို စစ်ဆေးဖို့ သွားခဲ့တယ်။ ယဲ့ဇီက အခုထိ မနိုးသေးဘူး။ အရမ်း အရိုက်ခံလိုက်ရတာ!"


"ယဲ့လောင်အာ့နဲ့ သူ့မိသားစု လာစားတုန်းက အရမ်းပျော်နေတာကို ငါ မြင်ခဲ့ရတယ်။ နောင်တရတာ လုံးဝမရှိဘူး။"


"ဒီလိုမျိုး သမီးကို ပြုစုပျိုးထောင်နေတာ၊ ယဲ့လောင်အာ့က လူကောင်းတစ်ယောက် လုံးဝမဟုတ်ဘူး။"


"အဘိုးကြီးယဲ့က ဘက်လိုက်လွန်းတယ်။ လောင်စန်းရဲ့ ကလေးက ဒီလိုတောင် အရိုက်ခံရတယ်။ ဒါပေမဲ့ လောင်စန်းကို တကယ်ပဲ ကြိမ်းမောင်းသေးတယ်? လောင်အာ့ကို ဘာလို့ မရိုက် မငေါက်တာလဲ?"


"ဒီလို ဘက်လိုက်တဲ့ မိဘကို တစ်ခါမှ မတွေ့ဖူးဘူး။ တကယ့်ကို ရက်စက်တာဘဲ။"


ကြမ်းတမ်းတဲ့ ဆွေးနွေးမှုတွေကို နားထောင်ရင်း အဘိုးကြီးယဲ့က သူ့ကိုယ်သူ ခုခံကာကွယ်ချင်ခဲ့သည်။


ဒါပေမဲ့ သူက ယဲ့ကွမ်ရှန်ရဲ့ အေးတိအေးစက် အကြည့်ကို တွေ့တော့ စကားတစ်ခွန်းမှ ပြောမထွက်ပေ။


သူ အသံထွက်သည်နှင့်တပြိုင်နက် ယဲ့ကွမ်ရှန်က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိမ့်မယ်ဟု သေချာပေါက် ခံစားလိုက်ရသည်။


မနေ့ကလိုပဲ!


ယဲ့လောင်အာ့က "လောင်ဆန်း၊ မင်း အစာရှားပါးရင်တောင် ကျင်းကျစ်ရဲ့အသားကိုတော့ မယူသင့်ဘူးလေ! ကျင်းကျစ်က မင်းတူမလေ။"


ယဲ့ကွမ်ရှန်က သူ့ကို ကြည့်ရင်း အကြည့်တွေက အေးစက်သွားကာ အနည်းငယ် ယုတ်မာတဲ့ အပြုံးနဲ့


"ဒါဆို ကျင်းကျစ်က ငါ့တူမလေးမှန်း သိသေးတာလဲ? ရှောင်လီနဲ့ ရှောင်ဇီကလည်း မင်းကို ဦးလေးလို့ ခေါ်တာကို မေ့သွားပြီလား? မင်းတို့က သူတို့ကို ဒီလိုတောင်ရိုက်နှက်ပြီး စိတ်အေးလက်အေးနဲ့ အသားစားနိုင်သေးတာလား?"


ယဲ့ကွမ်ရှန်က ဒီလိုပြောနေတော့ ယဲ့လောင်အာ့က သူ့တံတွေးကို မျိုချလိုက်ပြီး စကားတစ်ခွန်းမှ မပြောဝံ့တော့ပေ။


သူမအဖေနဲ့ အဖိုးက သူမအသားအတွက် ရန်ဖြစ်မှာမဟုတ်ဘူးဆိုတာကို မြင်လိုက်ရတော့ ယဲ့ကျင်းကျစ်က "ငါ့အသား!"


ယဲ့လောင်အာ့က သူမခေါင်းကို ရိုက်လိုက်ပြီး "ဘာအသားလဲ? ထိုင်စမ်း!"


ခေါင်းလည်း ရိုက်ခံရပြီး အသားက ပျောက်သွားတယ်။


ယဲ့ကျင်းကျစ်က အလွန်ဝမ်းနည်းသွားပြီး မျက်ရည်တွေ စီးကျလာသည်။ "အသားစားချင်တယ် အသားစားချင်တယ်!"


သူမက ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး "အသားစားချင်တယ်" လို့ အော်ဟစ်သည်။


ယဲ့ကျင်းကျစ် ဝမ်းနည်းစွာငိုနေတာကို မြင်တော့ ယဲ့လောင်အာ့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ ကန်တင်းရှိ အဖွဲ့ဝင်တော်တော်များများက မနေနိုင်ဘဲ


"ယဲ့ကွမ်ရှန် ကလေးအသားကို လုနေတာလား? နည်းနည်းတော့ လွန်လွန်းတယ်!"


"မင်းဒုတိယအစ်ကိုနဲ့ ပဋိပက္ခရှိရင်တောင် ကလေးကို ဘယ်လိုလုပ် အနိုင်ကျင့်နိုင်ရတာလဲ? မင်းက ယောက်ျားကော ဟုတ်ရဲ့လား?"


ယဲ့ကွမ်ရှန်က စားပွဲကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်သဖြင့် မှောက်သွားခဲ့သည်။ စားပွဲပေါ်ရှိ ပန်းကန်တွေ၊ ဟင်းချိုတွေက ယဲ့မိသားစုဝင်တွေရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။


ယဲ့မိသားစုဝင်တွေက အော်ဟစ်ပြီး မတ်တပ်ထရပ်ကာ ဟင်းချိုကို သုတ်လိုက်ပြီး "လောင်စန်း မင်းရူးနေလား?"


"ငါ့နဲ့ လောင်အာ့ကြားက ပဋိပက္ခရှိတယ်? ဒါက လောင်အာ့မိသားစုက ငါ့သမီးနဲ့ သားကို အနိုင်ကျင့်ပြီး ငါ့ကလေးတွေကို သေအောင်ရိုက်ခဲ့တာ!" ယဲ့ကွမ်ရှန်က စူးစူးဝါးဝါး ကြည့်လိုက်သည်။


"မနေ့က ငါ့သမီးငယ်လေးမှာ ဒဏ်ရာတွေ ဖုံးလွှမ်းနေခဲ့တာ။ ရှောင်ဇီ သတိလစ်သွားတော့ မင်းတို့တွေက ဘာလို့ တရားမျှတမှုကို မကျင့်သုံးကြတာလဲ? မင်းတို့အားလုံးက လူကြီးလူကောင်းယောင် ဆောင်နေကြတာလား?"


"မင်းတို့ ယဲ့ကျင်းကျစ်ရဲ့ဒေါသကို ဖြေဖျောက်ချင်တယ်ဆိုတော့! ငါတို့တွေ ဒေါသထွက်ချင်သလို ထွက်လိုက်ကြရအောင်။ ကန်တင်းအပြင်မှာ လေ့ကျင့်ကြမယ်လေ! ငါ့ကို နိုင်အောင် ရိုက်နိုင်ရင် မင်းတ်ို့စကားနားထောင်မယ်။"


ယဲ့ကျင်းကျစ်အတွက် ဒေါသထွက်နေတဲ့ အဖွဲ့ဝင်တွေက ထွားကျိုင်းတဲ့ ယဲ့ကွမ်ရှန်ကို ကြည့်လိုက်ကြသည်။


ဘယ်သူမှ ဘာသံမှ မထွက်ရဲကြတော့ပေ။


"လောင်စန်း ပါးစပ်ပိတ်ထားစမ်း! ငါ ပြောစရာရှိတယ်။" အတွင်းရေးမှူး ကျန်းတုံးကျုံးက လူတိုင်းရဲ့အာရုံကို လွှဲရန် ချောင်းဆိုးလိုက်သည်။


"လူတိုင်း ဒီမှာရှိနေတုန်း မနက်ဖြန် ရိတ်သိမ်းရမယ့် ကိစ္စအကြောင်း ပြောကြရအောင်... လူတိုင်းက ကန်တင်းမှာ နှစ်ရက်လောက်စားပြီးပြီ။ အသားရော ထမင်းရော ရှိတော့ မင်းတို့ရဲ့ ခန္ဓာကိုယ်လည်း ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်နေပြီ။"


"မနက်ဖြန်ကစပြီး အသက် ၇ နှစ်နဲ့ ၆၀ အောက်က ကျား၊မ မရွေး ကျန်းမာရေး ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အကုန်လုံး လယ်ထဲဆင်းရမယ်။ ကလေးမွေးရရင်တောင် လယ်ကွင်းထဲမှာဘဲ ကလေးမွေးရမယ်!"


Ch 5.2


(မင်းရဲ့အသားကို ငါခိုးတာ ဘာဖြစ်နေတာလဲ)


"အမျိုးသားတွေက တစ်နေ့ကို အလုပ်မှတ် ဆယ်မှတ်၊ အမျိုးသမီးတွေက တစ်နေ့ကို ရှစ်မှတ်ရမယ်။ ဂျုံကောက်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက တစ်နေ့ကို အလုပ်မှတ် နှစ်မှတ်ရမယ်။"


"ပေါက်ပြားနဲ့ ရိတ်သိမ်းတဲ့သူရဲ့ ခွဲတမ်းက ရှစ်မူး။ ရှစ်မူးထက်နည်းရင် တစ်မူးကို တစ်မှတ် နုတ်မယ်!"


"တံစဉ်နဲ့ ရိတ်သိမ်းတဲ့သူရဲ့ ခွဲတမ်းက သုံးမူး။ သုံးမူးထက်နည်းရင် တစ်မူးကို တစ်မှတ် နုတ်သွားမယ်! ခွဲတမ်းထက်ကျော်လွန်ပြီး ရိတ်သိမ်းနိုင်ရင် တစ်မူးကို စပါးအရန်ဆန်လက်မှတ် တစ်ကျင်း ချီးမြှင့်မယ်။"


ဒီအခြေအနေက ပြင်းထန်လွန်းတယ်။ အဖွဲ့ဝင်တစ်ယောက်က "အတွင်းရေးမှူး၊ ကျွန်တော် တံစဉ်နဲ့ တစ်နေ့ကို မြေနှစ်မူးပဲ အများဆုံး ရိတ်နိုင်တာ။ သုံးမူးအောက်နည်းရင် အလုပ်မှတ်ကို နုတ်တော့ ကျွန်တော့်အသက်ကို လိုချင်နေတာလား?"


ကျန်းတုံးကျုံးက စကားပြောနေတဲ့သူကို တစ်ချက်ကြည့်လိုက်ပြီး အထင်အမြင်သေးသည့်အကြည့်ဖြင့် "ယဲ့လောင်စန်းနဲ့ သူ့မိန်းမက ပေါက်ပြားကိုသုံးဖို့ အတူတူအလုပ်လုပ်ကြတာ။ တစ်နေ့ကို ဆယ်မူးကျော်လောက် ရိတ်သိမ်းနိုင်တယ်။"


"ယဲ့လောင်စန်းက ယောက်ျားဖြစ်ပြီး မင်းကလည်း ယောက်ျားပဲလေ။ သူ လုပ်နိုင်တာကို ဘာလို့ မင်းက မလုပ်နိုင်တာလဲ? ယဲ့လောင်စန်း အကြောင်း မပြောတော့ဘူး။ မင်း သူ့ဇနီးသည်နဲ့ ယှဉ်နိုင်လို့လား? မိန်းမနဲ့တောင် မယှဉ်နိုင်တာကို ဘာတွေ လာညည်းညူနေတာလဲ?"


ညည်းညူနေတဲ့အဖွဲ့ဝင်က အသံမထွက်ဘဲ ဝမ်းနည်းနေသည်။


ကျန်းတုံးကျုံးက "စော်ဇီဂုံးမှာ အကောင်းဆုံး အလုပ်သမားတွေက ယဲ့လောင်စန်းနဲ့ သူ့မိန်းမပဲ။ သူတို့ဆီကနေ သင်ယူသင့်တယ်! တနေကုန် ကောက်ကျစ်ဖို့ လှည့်စားဖို့ ကြိုးစားမနေနဲ့။ ငါ မင်းကို စောင့်ကြည့်နေတယ်။ ဒီနှစ် စပါးရိတ်သိမ်းချိန်အတွင်း လှည့်စားတဲ့သူ ကောက်ကျစ်တဲ့သူတွေ ဆောင်းဦးရိတ်သိမ်ူပြီး စပါးတွေ ဝေတဲ့အခါ ငိုရလိမ့်မယ်!"


ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဘယ်သူမှ သူ့ကို မကြည့်ရဲပေ။


ကျန်းတုံးကျုံးက "မနက်ဖြန်ကစပြီး တစ်နေ့ကို ထမင်းသုံးနပ် ကျွေးမယ်။ ကန်တင်းက အစားအစာတွေကို လယ်ထဲထိ ပို့ပေးမှာ၊ ဘယ်သူမှ မလုယူရဘူး။"


"အလုပ်များတဲ့ ရာသီပြီးသွားရင် ကန်တင်းကို ပိတ်မယ်! အားလုံး အိမ်ပြန်စားကြ။ မနက်ဖြန် စောစော လယ်ထဲသွားဖို့ မမေ့နဲ့။ စောစော သွားလေ၊ လယ်လုပ်ကိရိယာတွေ ပိုကောင်းလေပဲ။"


ကျန်းတုံးကျုံးက အဘိုးကြီးယဲ့ကို အဓိပ္ပါယ်ရှိရှိကြည့်လိုက်ပြီး " ရိတ်သိမ်းချိန်အတွင်းမှာ သန်မာတဲ့ လုပ်သားတွေက အရေးကြီးဆုံးပဲ! သန်မာတဲ့ လုပ်သားတွေကို အနိုင်ကျင့်တာက ရိတ်သိမ်းတာကို ဖျက်စီးနေတာပဲ။ ငါ သိရင်တော့ ရိတ်သိမ်းတာကို ပျက်စီးစေတဲ့အတွက် အပြစ်ပေးမယ်!"


ကျန်းတုံးကျုံးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "သွားကြတော့!"


ယဲ့လီနဲ့ ယဲ့ကွမ်ရှန်တို့က မြွေသားအပြည့်ပါတဲ့ အိုးတစ်လုံးနဲ့ အမှန်တကယ် ပြန်လာတာကို မြင်တော့ လျောင်ချူရှင်း အံ့သြသွားပြီး "ဘာလို့ အသားတွေ ဒီလောက်များနေတာလဲ?"


ယဲ့လီက ကန်တင်းရှိ ယဲ့ကွမ်ရှန်ရဲ့ လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့ပြီး လျောင်ချူရှင်းရဲ့ မျက်နှာက အပြုံးဖြင့် ပြည့်နှက်နေခဲ့သည်။


ယဲ့ကွမ်ရှန်က မြွေသားတစ်ဝက်ကို ထည့်လိုက်ပြီး ကျန်တာကို လျောင်ချူရှင်းကို လွှဲပေးလိုက်သည်။ "ဒါတွေကို အတွင်းရေးမှူးကျန်းဆီ ယူသွား။"


ဒီနေ့ ကျန်းတုံးကျုံးက ခေါင်းစဉ်ကို တမင်ပြောင်းလိုက်တာ။ တကယ်တော့ သူက သူ့ကို ကူညီနေတာ။


ဒီလိုမှမဟုတ်ရင် သူ ဒီနေ့ အသားအများကြီး ပြန်ယူလာဖို့ ယဲ့မိသားစုနဲ့ ထပ်ပြီး တိုက်ပွဲဝင်ရမှာ။


လျောင်ချူရှင်းက ဝမ်းသာအားရနဲ့ "ကျွန်မ ချက်ချင်းသွားလိုက်မယ်။"


ယဲ့လီက လျောင်ချူရှင်းကို "မား အတွင်းရေးမှူးကျန်းဆီက ပိုက်ဆံနည်းနည်းချေးခဲ့လေ။"


လျောင်ချူရှင်းက ယဲ့လီ ပိုက်ဆံလိုချင်တာကို မမေးဘဲ ခေါင်းညိတ်ပြီး "မား သိပြီ။"


ပြန်လာတဲ့အခါ လျောင်ချူရှင်းက ယွမ်တစ်ထောင်တန် ငွေစက္ကူဟောင်းတစ်စောင်ကို ပြန်ယူလာခဲ့သည်။


ယဲ့လီက ယွမ်တစ်ထောင်တန် ငွေစက္ကူဟောင်းကို ကုန်သွယ်မှုပလက်ဖောင်းပေါ်တွင် တင်လိုက်ပြီး ရှောင်လော့က အမြန်ပြန်ဖြေလာသည်။

(ကျောင်းရီအာကာသထက်စာရင် 'ကုန်သွယ်မှုပလက်ဖောင်း' က လှတယ်ထင်လို့ ဒါဘဲသုံးပါတော့မယ်။)


"1948 ခုနှစ်က?" အနည်းငယ် နောင်တရစွာဖြင့် ပြောလာသည်။ "နှမြောစရာပဲ၊ ဒီတစ်ခုက အခြေအနေသိပ်မကောင်းဘူး။ ခေါက်ရာက အရမ်းဆိုးပြီး နည်းနည်းပျက်စီးနေတယ်။" 


ပထမအကြိမ်ထုတ်ဝေမှုရဲ့ အကြီးဆုံးပမဏမှာ ယွမ် 50,000 ဖြစ်သည်။


ဒီတစ်ရွက်တန်ဖိုးရဲ့က ယွမ်တစ်ထောင်။ အရှေ့ဘက်ခြမ်းက လယ်မြေတွေကို ပြသထားပြီး နောက်ကျောဘက်မှာတော့ ကောင်းကင်ဘုံကျောင်းရဲ့ ပုံစံကို ပြသထားတယ်။ အဓိကအရောင်က ခရမ်းရောင်ဖျော့ဖျော့နဲ့ မီးခိုးရောင်။ ၁၉၄၈ ခုနှစ်တွင် ပုံနှိပ်ခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် တရားဝင် ထုတ်ဝေခဲ့သည်။


၁၉၅၅ ခုနှစ် မေလ ၁၀ ရက်နေ့တွင် လည်ပတ်မှုကို လုံးဝ ပိတ်ပင်ခဲ့သည်။


ရှောင်လော့က အချိန်အတော်ကြာ မြည်တမ်းပြီးနောက် နံပါတ်တစ်ခု ပို့လာသည်။ "500 တကယ့်လို့ အရည်အသွေးကောင်းရင် နောက်တစ်ခေါက်ကြ လာလဲ။"


ယဲ့လီက လှည့်ပြီး သူမမိဘတွေကို "ဒီဂျစ်တယ်ငွေကြေး 500 နဲ့ ရောင်းနိုင်တယ်။"


သူမမိဘတွေ နားမလည်မှာကို ကြောက်တဲ့အတွက် "ဒစ်ဂျစ်တယ်ငွေကြေးဆိုတာ အာကာသထဲက ပိုက်ဆံ၊ အရာတော်တော်များများကို ဝယ်သုံးနိုင်တယ်။" လို့ ရှင်းပြခဲ့သည်။


"အာကာသထဲမှာ ဂျုံမှုန့်ဖြူတစ်ပေါင်က တစ်ယွမ်ပဲ။ ဈေးကြီးတဲ့ လေးငါးယွမ်တန်လည်း ရှိတယ်။ ဒစ်ဂျစ်တယ်ငွေကြေး 500 က အာကာသထဲမှာ အစားအစာတွေ အများကြီး ဝယ်နိုင်တယ်။"


လျောင်ချူရှင်းက မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်ပြီး "ဒါက အရမ်းတန်တာပဲ! မနှစ်က စပါးဆိုင်မှာ ယွမ် ၉၂၀ ပေးရတာ။"


ငွေဟောင်းနဲ့ ငွေအသစ်အကြား ပြောင်းလဲခြင်းအချိုးသည် 10,000 : 1 ဖြစ်သည်။


ငွေကြေးအသစ်ကို ပြောင်းလဲလိုက်သည်မှာ တစ်ဆင့်သာဖြစ်သည်။


မနှစ်က စပါးဆိုင်မှာ စပါးတစ်ကျင်းပဲ ဝယ်နိုင်တာ။


ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းတို့အတွက်တော့ တကယ့်ကို အရမ်းတန်လွန်းသည်။