🍭 Chapter 16
🍭 The Love is as Deep as the Ocean
(1)
လုလီသည် ဓာတ်ပုံကိုမြင်ပြီးနောက် စိတ်လှုပ်ရှားနေရာမှ
မှတ်ချက်များကိသေချာမကြည့်မိခဲ့ပေ။
ထို့ကြောင့် ချီချန်းရန်သည် သူမ မျက်နှာရှေ့သို့
ဖုန်းကို ထုတ်လိုက်ပြီး မှတ်ချက်များကို အတူတကွကြည့်ရှုစေသည်။
ချီချန်းရန် မှတ်ချက်များကိုဖြည်းဖြည်းချင်းဖတ်ပြလိုက်သည်။
[F*ck၊ ဒီကံဆိုးတဲ့ သူဌေးသမီးလေးက လုလီနဲ့ တော်တော်တူနေတယ်လို့
ငါ ဘာလို့ထင်ရတာလဲ ?]
[သူ့ကို ပွေ့ထားတဲ့အမျိုးသားက ချီချန်းရန်နဲ့
တူလိုက်တာ!]
[လုလီက ဘယ်သူလဲ ?]
[အိမ်ခြံမြေလုပ်ငန်းစုကြီး Lu Group၊ လုဟမ်ရုန်နဲ့
ဟောင်ကောင်ရဲ့နံပါတ်တစ်အလှမယ် ရှုဟွေ့ရှန့်တို့ရဲ့သမီးလေ၊ သူ့အမေက ဟောင်ကောင်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ခဲ့တာ၊
ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ခဲ့တယ်၊ လုလီက ရှန့်ကျင် Groupရဲ့အမွေဆက်ခံသူနဲ့လက်ထက်ပြီး
S မြို့တော်မှာ အခြေချနေတာ သုံးနှစ်တောင်ရှိပြီ]
[ဒါပေမယ့် လုလီနဲ့ချီချန်းရန်တို့က နာမည်ကြီး
အတုအယောင်စုံတွဲမဟုတ်ဖူးလား ? သူတို့ ဘယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ကြလို့လဲ?]
[ဟုတ်တယ်! မနှစ်က အတုအယောင်စုံတွဲ ရွေးချယ်ပွဲမှာ
သူတို့နှစ်ယောက်ကိုမဲပေးခဲ့တာ!]
[ဒါ လုလီနဲ့သူ့လောင်ကုန်းလား ?]
[မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး! ဓာတ်ပုံက
ရှင်းရှင်းလင်း လင်းမြင်ရတာ မဟုတ်ဘူး! မြို့ထဲမှာ ချမ်းသာတဲ့ လူငယ်စုံတွဲတွေမှ အများကြီးပဲ၊
ချီချန်းရန်အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို သုံးလလောက်ခရီးထွက်သွားတုန်းက လုလီ ပြည်တွင်းမှာပျော်ပါးနေတာ
လူတိုင်းသိတယ်၊ သူ့လောင်ကုန်း မွေးနေ့မှာတောင် ဖက်ရှင်ရှိုးပွဲကြည့်ရင်း အလုပ်ရှုပ်နေခဲ့တာ၊
ဒါ အတုအယောင်စုံတွဲ လုံးဝမဖြစ်နိုင်ဘူး!]
[အိုး...ပြီးတော့ ရှိသေးတယ်၊ မနှစ်က သူတို့အခမ်းအနားတစ်ခုတက်ရောက်တုန်းက
တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်တောင်မရပ်ခဲ့ကြဘူး။ ဒီနှစ်ကျတော့ လမ်းမပေါ်မှာ ဒီလိုမျိုးပွေ့ဖက်နေမှာတဲ့လား
?]
[ကံမကောင်းတဲ့အထက်တန်းလွှာအမျိုးသမီးလေးအကြောင်း
ထားလိုက်ဦး၊ ဒီလို ရုပ်ဆိုးတဲ့ရှုထောင့်က ဓာတ်ပုံကိုပဲပြောချင်တယ်။ နှာခေါင်းကုတ်နေရင်းတောင်
ဒီလောက်လှနေအောင် ဘယ်လိုလုပ်လို့ရတာလဲဟင် ?]
[အိုးးးးး! ဒီကံဆိုးတဲ့ကျဲ့ရဲ့လောင်ကုန်းက ကြည့်ကောင်းသားပဲနော်၊
ဘေးတိုက်အနေထားနဲ့တောင် ရုပ်ရည်က လုံးဝအံ့အား သင့်စရာပဲ!]
[ဒီလိုပွေ့ဖက်မှုက တကယ်ချိုမြိန်တယ်၊ ငါ့လောင်ကုန်းသာဆို
ငါ့ကိုဒီလို တယုတယပွေ့ဖက်ပေးမှာ မဟုတ်တာသေချာတယ်]
[မဖြစ်နိုင်ဘူး! အတုအယောင်စုံတွဲက ဒီလောက်ချိုမြိန်စရာကောင်းရင်
ငါ sh*t စားမယ်!]
[ငါ ရောပဲ!]
[+1]
လူလီ : "..."
ချီချန်းရန် : "..."
လုလီသည် အချိန်အတော်ကြာစိတ်ပူနေခဲ့သော်လည်း နောက်
ဆုံးတွင် ဓာတ်ပုံရှိလူများသည် သူမနှင့် ချီချန်းရန်တို့ဖြစ် ကြောင်း မယုံခဲ့ကြပေ။
အကြောင်းပြချက်မှာ သူတို့၏အပြုအမူသည် အရမ်းမရင်းနှီးလွန်းသောကြောင့်များဖြစ်နေမလား
?
ချီချန်းရန်သည် သူ့ပေါင်ပေါ်ထိုင်နေဆဲဖြစ်သော
လုလီကို စိုက်ကြည့်နေသည်။
ဓာတ်ပုံထဲက လူများသည် ၎င်းတို့ဖြစ်ကြောင်းကို
မည်သူမှမယုံကြည်ရခြင်းမှာ သူနှင့်လူလီသည် ထိုသို့ တရင်းတနှီးရှိနေလိမ့်မည်ဟုမမျှော်လင့်ထားသောကြောင့်ပင်။
အားလုံးသည် ဤဓာတ်ပုံအား သာမန်ချမ်းသာသောဇနီးမောင်နှံဟုသာထင် မှတ်နေကြသည်။
ဓာတ်ပုံသည် လူကြိုက်များခြင်းမရှိသောကြောင့် မပျံ့နှံ့ခဲ့ပေ။
အသေးအမွှားဆွေးနွေးမှုအပြီးမှာ လူအများသည် မိမိတို့လမ်း ကြောင်းအတိုင်းဆက်လျှောက်သွားကြသည်။
ထို့ကြောင့် PR ဌာနမှ သူ့ထံသို့ မဆက်သွယ်ခဲ့ခြင်းဖြစ်နိုင်သည်။ ဤအရာအား လုံးသည် လုလီ၏မှားယွင်းသောကြောက်ရွံ့မှုသာဖြစ်သည်။
ချီချန်းရန်၏စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်တစ်ခုကို
ခံစားနေရသည်။
လုလီ အခုဘာတွေးနေမှန်း သူ မသိပေ။ ၎င်းတို့၏ဆက်ဆံရေးနှင့်ပတ်သက်၍
သူမအားတိုက်ရိုက်မပြောခဲ့သော်လည်း ဤမှတ်ချက်များက သူ့အားသွယ်ဝိုက်သောနည်းလမ်းဖြင့်
ကူညီပေးနေပြီးဖြစ်သည်။
လုလီသည် သူမအမှားကို သိမြင်ပြီးနောက် ယခင်ကဲ့သို့အေးစက်သောဆက်ဆံရေးသို့ပြန်သွားမည်ဟု
ချီချန်းရန်မျှော်လင့်နေသည်။
ချီချန်းရန် တိတ်ဆိတ်နေလိုက်ပြီး မည်သည့်အမှားအယွင်းမှမရှိနိုင်တော့ဟု
ခံစားလိုက်ရပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။
ထိုကဲ့သို့ ပုံမှန်မဟုတ်သော လုလီကိုတွေ့ရှိသောကြောင့်
သူ သည်းမခံနိုင်တော့ပေ။
သူမသည် သူမ၏မှတ်ဉာဏ်တွင် အလွန်ချစ်ခင်မြတ်နိုးသော
ခင်ပွန်းအားကလေးတစ်ယောက်ကဲ့သို့ ပြုမူရန်နှစ်သက်ကြောင်းတွေ့ရှိခဲ့ရသည်။
ချီချန်းရန်သည် လုလီအမှားကိုသိနားလည်ပြီးနောက်
သူ့ပေါင်ပေါ်မှ ဆင်းရန်စောင့်ဆိုင်းနေခဲ့သည်။
လုလီသည်တော့ ဖုန်းစခရင်ကိုစိုက်ကြည့်နေဆဲပင်။
သူ တစ်ခုခုကိုတွေးနေပုံရသည်။
ထို့နောက် သူ လှုပ်ရှားလာသည်။
ချီချန်းရန်သည် သူ ပေါင်ပေါ်မှ ဆင်းတော့မည်ဟု
ထင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် လုလီထံမှ ပိုမိုတင်းကျပ်စွာ
ပွေ့ဖက်ခြင်းကို သူ ခံလိုက်ရသည်။
လုလီသည် သူ့ဘက်လှည့်လာပြီး မျက်နှာကိုတည့်တည့်ကြည့်ကာ
- "လောင်ကုန်း"
ချီချန်းရန်သည် သူ့လက်များကို မည်သည့်နေရာတွင်ထားရမှန်း
မသိတော့ပေ။
လုလီ နှုတ်ခမ်းကိုစူပြီး "လောင်ကုန်းက အရမ်းအေးစက်လွန်းတော့
လူတွေက ကျွန်မတို့ဆက်ဆံရေးကိုအတုအယောင်လို့ ပြောနေကြပြီ ! ဘယ်သူ သိနိုင်မှာလဲ ? ကျွန်မတို့
အချစ်က သမုဒ္ဒရာကြီးလောက်နက်ရှိုင်းတယ်ဆိုတာကို!"
'အချစ်က သမုဒ္ဒရာကြီးလောက်နက်ရှိုင်းတယ်' ဟူသော
စကားကိုကြားပြီးနောက် ချီချန်းရန်မျက်နှာထက် မေးခွန်းသင်္ကေတ (?) တစ်ခု ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။