Ch 15
Viewers 54

 

🍭 Chapter 15

🍭 Unlucky Wealthy Woman (3)

 

 

ချီချန်းရန် စာကြည့်ခန်းထဲတွင်ရှိလောက်မည်ဟုတွေးကာ လုလီ အပေါ်ထပ်သို့ပြေးတက်ကာ အိပ်ခန်းနှစ်ခန်းကြားရှိပိတ်ထားသောတံခါးကိုဖွင့်ပြီး 'လောင်ကုန်း' ဟု အော်ခေါ်လိုက်သည်။

 

ထိုအချိန် စာကြည့်ခန်းထဲရှိ ချီချန်းရန်သည် အကြီးတန်းအမှု ဆောင်အရာရှိများစွာနှင့် ဗီဒီယိုကွန်ဖရင့်တစ်ခုပြုလုပ်နေခြင်းပင်။

 

လုလီ ကားမတော်တဆမှုကြောင့် ရပ်ဆိုင်းလိုက်ရသော အစည်းအဝေးအား ယခုမှဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

 

Account‌ မန်နေဂျာထံမှ အစီရင်ခံစာကိုနားထောင်ပြီးနောက် ချီချန်းရန် ခေါင်းညိတ်ကာ ကွန်ပျူတာ၏ မိုက်ခရိုဖုန်းကို ဖွင့်လိုက်သည်။

 

အကြီးတန်းအမှုဆောင်အရာရှိအားလုံးသည် အကြီးအကဲ၏ စကားကိုလေးလေးနက်နက် နားထောင်နေကြသည်။

 

မိုက်ခရိုဖုန်းကိုဖွင့်ပြီး နှစ်စက္ကန့်ကြာ တိတ်ဆိတ်သွားပြီးနောက် အကြီး အကဲ၏မိုက်ခရိုဖုန်းမှ ရုတ်တရက် နူးညံ့သောအမျိုး သမီးအသံကိုကြားလိုက်ရသည်။

 

 

"လောင်ကုန်း‌ရေ...အဟင့်..အဟင့်”

 

အကြီးတန်းအမှုဆောင် နံပါတ်တစ်- “…”

 

အကြီးတန်းအမှုဆောင် နံပါတ်နှစ်- “…”

 

အကြီးတန်းအမှုဆောင် နံပါတ်သုံး- “…”

 

အကြီးတန်းအမှုဆောင် နံပါတ် (No) - “…”

 

ချီချန်းရန် : "!!!"

 

သူ စက္ကန့်အနည်းငယ် ကြောင်သွားပြီးနောက် အသံထွက်လာသည့်နေရာကိုသတိထားမိလိုက်သည်။ သူမိုက်ခရိုဖုန်းကို အလျင်အမြန်ပိတ်လိုက်ပြီး‌ သူမကိုကြည့်ရန် ခေါင်းကိုမော့လိုက်စဉ် မျက်ရည်များနှင့် သူ့ဆီသို့ပြေးဝင်လာသည့် လုလီ အားတွေ့လိုက်ရသည်။

 

နောက်တစ်စက္ကန့်အတွင်း သူမ ကင်မရာထက် ပေါ်လာတော့မည်ဖြစ်သည်။

 

ချီချန်းရန် လက်ကိုအမြန်လှုပ်ရှားကာ “ဖောက်”ဟူသော အသံဖြင့် ကွန်ပျူတာကိုအမြန်ပိတ်လိုက်ရသည်။

 

အစည်းအဝေးသည် နောက်ထပ်တစ်ကြိမ်ကြားဖြတ်ခံလိုက်ရသည်။

 

အကြီးတန်းအမှုဆောင်အရာရှိအများအပြားသည် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်ပြီး dialog box ၏ ညာဘက်ထောင့်အောက်ခြေရှိ ဥက္ကဌ အကောင့်ကို တစ်ပြိုင်နက်စိုက်ကြည့်နေကြပြီး လူတိုင်းနှုတ်ဆိတ်နေကြသည်။

 

ထို့နောက် ၎င်းတို့၏မျက်နှာအမူအရာများ ပြောင်းလဲလာပြီး တဖြည်းဖြည်း ရွဲ့စောင်းလာကာ ရယ်ချင်စိတ်ကိုမနဲထိန်းချုပ်ထားလိုက်ကြရသည်။

 

ဤသည်မှာ သူတို့မမြင်ဖူးသည့် တစ်ဖက်ခြမ်းက ဥက္ကဌကြီး ၏ချိုမြန်ပြီးကို့ရို့ကားယားဖြစ်နေသည့်ပုံရိပ်ဖြစ်ပေသည်။

 

စာကြည့်ခန်းအတွင်း လုလီသည် ချီချန်းရန်၏လက်နှစ်ဖက်ထဲသို့ တိုးဝင်လိုက်ပြီး သူ့ပေါင်ပေါ်ထိုင်ကာ ဦးခေါင်းကို သူ့ရင် ဘတ်နှင့် ပွတ်တိုက်လိုက်သည်။

 

“လောင်ကုန်း၊ ကျွန်မ ဘယ်လိုလုပ်ရမလဲ ? အဟင့်..အဟင့်”

 

အစည်းအဝေးနှောင့်ယှက်ခံလိုက်ရသလို ရင်ဘတ်အား နူးညံ့  သောမျက်နှာဖြင့် ပွတ်တိုက်နေသည်ကိုခံစားလိုက်ရသဖြင့် ချီချန်းရန်၏မျက်နှာထက် တင်းမာလို့နေသည်။

 

သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် အရင်ဆုံးအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။

 

သူ လုလီအား အမှန်တရားကိုပြောပြရန် စဉ်းစားလိုက်သည်။ ၎င်းတို့ကြားရှိဆက်ဆံရေးသည် သူမ မှတ်ဉာဏ်ထဲကထက်ပိုပြီးအေးစက်လေရာ ယခုကဲ့သို့ရင်းနှီးစွာပွေ့ဖက်တာမျိုးမလုပ်သင့်ဟု ပြောလိုက်ချင်သည်။

 

သို့သော် သူငုံ့ကြည့်လိုက်ချိန်တွင် လုလီ၏နီရဲနေသောမျက် လုံးများကိုမြင်လိုက်ရသဖြင့် သူ့စကားများကိုပြန်မြိုချလိုက်ရသည်။

 

ချီချန်းရန် ပိတ်ထားသည့်ကွန်ပျူတာကို တစ်ချက်ကြည့်လိုက်ပြီး လုလီအား "ဘာဖြစ်တာလဲ ?"

 

လုလီ သူ့ဖုန်းကိုထုတ်ပြလာပြီး ဓာတ်ပုံအားပြသလိုက်သည်။သူမ မပြသမီတွင် သတိပေးချက်တစ်ခုထည့်လိုက်သည်။

 

"ကျွန်မ တကယ်နှာခေါင်းမကုတ်ဘူးနော်၊ ကျွန်မကို ရုပ်ဆိုးတယ်လို့ မပြောနဲ့နော်!"

 

ချီချန်းရန်သည် ခိုးရိုက်ထားသောဓာတ်ပုံကို ဂရုတစိုက်ကြည့်ကာ မျက်ခုံးများတဖြည်းဖြည်းကျုံ့ဝင်လာသည်။

 

လုလီသည် သူ့နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။ သူမ၏ပုံရိပ်ပျက်စီးသွားပြီး သူ့မား သူ့အားသေအောင်ကြိမ်းမောင်းမှာသေချာသလို သူအစ်ကိုတွေကလည်း သူမအားသေချာပေါက်သတ်ပစ်လိမ့်မည်ဟုပင်။

 

ချီချန်းရန် သူ့ဖုန်းကိုချလိုက်ပြီး လုလီ၏စိုးရိမ်မှုသည် ဟာသမဟုတ်ဘဲ အမှန်တကယ်ထိတ်လန့်နေပုံရသည်ကို သတိထားမိလိုက်သည်။

 

ဆေးရုံနှင့်ရဲများအား ၎င်းတို့၏အထောက်အထားများလျှို့ ဝှက်ထားဖို့ပြောရသည့်အကြောင်းရင်းမှာ သတင်းမီဒီယာများနှင့်မပတ်သက်လိုခြင်းကြောင့်ဖြစ်သည်။ ချီမိသားစုနှင့် လုမိသားစုသည် အသေးအဖွဲကိစ္စများအတွက် သတင်းမထွက်ချင်သော်လည်း ၎င်းတို့အားမှတ်မိသွားပါကလည်းကိစ္စမရှိပေ။ ဤသည်မှာ မတော်တဆမှုတစ်ခုသာဖြစ်ပြီး ၎င်းတို့သည် အပြစ်ရှိသူများမဟုတ်ကြချေ။

 

ဓာတ်ပုံ၏ရှုထောင့်မှားယွင်းမှုကြောင့် လုလီ၏ပုံသည်ရုပ်ဆိုးနေသော်လည်း ယင်းမှာ သာမန်ဓာတ်ပုံတစ်ပုံသာဖြစ်သည်။ သို့ပါလျက်နှင့် လုလီ၏ပြင်းထန်သောတုံ့ပြန်မှုသည် ချီချန်းရန်အားအံ့အားသင့်စေသည်။ သူမသည် သေမင်းတမန်နှင့်ရင် ဆိုင်နေရသကဲ့သို့ ထိတ်လန့်နေခြင်းဖြစ်သည်။

 

လုလီ၏မိခင်နှင့်အစ်ကိုများအကြောင်း နားထောင်ရင်း ချီချန်းရန် အနည်းငယ်နားလည်သွားသည်။

 

S မြို့နှင့်မတူဘဲ ဟောင်ကောင်ရှိ ရှေးရိုးစွဲလူချမ်းသာအသိုင်း အဝိုင်းများသည် စည်းကမ်းနှင့်ဂုဏ်သိက္ခာကို အထူးအလေး ထားသည်။ လုလီသည် ကလေးဘဝမှစ၍ ပုံသွင်းခံခဲ့ရပုံရပြီး ထိုသို့သောပုံရိပ်များကို အထူးဂရုစိုက်ထိန်းသိမ်းလေ့ရှိသည်။

 

သူမလိုချမ်းသာသော သူဌေးသမီးမဟုတ်သည့် သာမန်အမျိုး သမီးတစ်ဦးပင် မိမိ၏ပုံပျက်ပန်းပျက်ဓာတ်ပုံများ အင်တာနက်ပေါ်ပျံ့နှံ့လာသည်ကို မည်သူမှသဘောကျမည်မဟုတ်ပေ။

 

လုလီသည် ချီချန်းရန်၏လည်ပင်းကို သိုင်းဖက်လိုက်ပြီး လုံခြုံမှုကို အပြည့်အဝခံစားလိုက်ရကာ ယခုအခါ ကယ်တင်ခြင်းခံရမည်ဟုယုံကြည်လာသည်။

 

"လောင်ကုန်း၊ ဒီဓာတ်ပုံကို PR ဌာနကိုပေးလိုက်ပါ မဟုတ်ဘူး၊ ဒီဓာတ်ပုံကို ဖြန့်ဝေလို့မရဘူး။ ကျွန်မ မိသားစုကိုမြင်ခွင့်မပေးနိုင်ဘူး "

 

သူမသည် ချီချန်းရန်၏ပခုံးများကို ကြီးမားသောရန်သူကဲ့သို့ လှုပ်ယမ်းလိုက်သည်- " ကျွန်မရဲ့ပုံရိပ်ကို ဒီလိုနည်းနဲ့အပျက်စီးမခံနိုင်ဘူးလို့ လောင်ကုန်း”

 

ချီချန်းရန် ခေါင်းညိတ်ပြလိုက်သည်။

 

ဓာတ်ပုံတစ်ပုံအားဖြန့်ဝေခြင်းမှ တားဆီးရန် မခက်ခဲသော် လည်း Weibo ပို့စ်တင်ချိန်ကို တစ်ချက်ကြည့်လိုက်ရာ အနည်း ငယ် စိတ်ရှုပ်သွားသည်။

 

ပို့စ်တင်ပြီးသည်မှာ နှစ်နာရီနီးပါးကြာပြီဖြစ်သည်။ Bentley ကားဖြင့် မတော်တဆမှုဖြစ်ခဲ့သည့် ချမ်းသာတဲ့အမျိုးသမီးလေးကတော့ လုလီဖြစ်သည်။ ယခုလောက်ဆို သတင်းတွေ ပျံ့နှံနေလောက်ပြီဟုထင်သည်။

 

အထူးသဖြင့် သတင်းတစ်ခုရှိတိုင်း PR ဌာနသို့ သတင်းပို့သည့် 24 နာရီ အချိန်မရွေးအစီရင်ခံတတ်သော ချန့်ရှင် Group မှ အဘယ်ကြောင့် ဤအရာကိုမပြောခဲ့ရသနည်း ?

 

ဓာတ်ပုံထဲက လုလီနှင့်သူ့မျက်နှာကို မှတ်မိဖို့ခက်ခဲနေခြင်း ပေလော ?

 

သူသည် အများသူငှာရှေ့မှောက်တွင် မကြာခဏပေါ်လာတာမျိုး မရှိသောကြောင့် မမှတ်မိသည်မှာ သဘာဝကျသော်လည်း လုလီကိုတော့ လူအများ မစိမ်းသလောက်ပင်။ ဓာတ်ပုံသည် ရယ်စရာကောင်းသော်လည်း လူတိုင်း သူမကိုမှတ်မိလောက်သည်။

 

သံသယများဖြင့် ချီချန်းရန်သည် ပို့စ်၏မှတ်ချက်များကို နှိပ်လိုက်သည်။

 

ထိပ်ဆုံးရှိ လူကြိုက်များသောမှတ်ချက် -

 

[အာ...! မဖြစ်နိုင်တာ! ဒီပွေ့ဖက်နေတဲ့ ဇနီးမောင်နှံက ဟိုချမ်း သာတဲ့ အတုအယောင်လင်မယား ဖြစ်နိုင်ပါ့မလား ?]