Ch 14
Viewers 58

🍭 Chapter 14

🍭 Unlucky Wealthy Woman (2)

 

 

 

ကားသည် တိုက်ခန်းသို့ ရောက်ရှိလာခဲ့သည်။ ကားမှဆင်းပြီးနောက် လုလီသည် ချီချန်းရန်အား ပွေ့ဖက်ရန်မတောင်းဆိုတော့ဘဲ နာခံမှုရှိရှိဖြင့် သူ့လက်ကိုကိုင်ပြီးအိမ်ထဲသို့ဝင်လာခဲ့သည်။

 

ချီချန်းရန်သည် ဤကဲ့သို့ လက်ကိုင်ပြီးလမ်းလျှောက်ရသည်ကိုကျင့်သားမရှိသေးသဖြင့် လုလီလက်ဖဝါးမှ ထွက်နေသော နွေးထွေးသည့် အပူချိန်ကိုခံစားရပြီး သူ့အားလွှတ်ပေးထားလိုက်သည်။

 

အချိန်မှာ ညနက်ချိန်သို့ရောက်ရှိနေပြီဖြစ်ပြီး ပင်ပန်းသည့်နေ့အပြီးတွင် မစ်လီမှညစာပြင်ဆင်ပေးထားသည်။ ချီချန်းရန် လုလီအား ညစာစားပြီးမှ ရေချိုးပြီးအိပ်ရန်တိုက်တွန်းခဲ့ပြီး သူမ ဦးခေါင်းပေါ်ရှိ ပတ်တီးအားရေမစိုမိစေရန်လည်း သတိပေးခဲ့သည်။

 

ချီချန်းရန်ညစာစားပြီးသွားသော်လည်း လုလီ မပြီးသေးပေ။ သူသည် အသက်ရှုချောင်ရန်အလို့ငှာ လုလီ မသိမီပျောက်သွားခဲ့သည်။ တစ်အိမ်ထဲဖြစ်သည့်အတွက် လုလီသည် ချီချန်းရန်အားရှာဖို့ အလျင်လိုမနေခဲ့ဘဲ စားပွဲခုံတွင်ထိုင်ကာကောက် ညှင်းထုပ်စားရင်း ၎င်းတို့ဆက်ဆံရေးအကြောင်း အတိတ်ကို ပြန်လည်သုံးသပ်နေခဲ့သည်။

 

သူ့မှတ်ဉာဏ်ထဲ သူမနှင့်ခင်ပွန်းဖြစ်သူသည် သီးခြားအိပ်ရာများရှိပြီး အခန်းခွဲအိပ်ကြခြင်းအားသတိရလာသည်။

 

ခင်ပွန်းဖြစ်သူ အိပ်သည့်အခန်းတွင် စာကြည့်ခန်းတစ်ခုရှိပြီး သူ့ အခန်းသည် လေ့ကျင့်ခန်းလုပ်ဖို့နှင့်ယောဂကျင့်ဖို့ သီးသန့်နေရာဖြစ်နေသည်။

 

‘ငါ ဘာလို့ သူနဲ့ အိပ်ရာခွဲအိပ်ရတာလဲ ?'

 

လုလီသည် သီးခြားကုတင်များတွင် ပိုမိုကောင်းမွန်စွာအိပ် စက်နိုင်သော အရည်အသွေးရှိလောက်မည်ဟု တွေးမိသွားသည်။ သူ့ခင်ပွန်းမှာ ညနက်ချိန်အထိ အလုပ်လုပ်တတ်ပြီး သူ့ကြောင့် သူမ အိပ်ရေးပျက်မှာစိုးရိမ်ပြီး ခွဲအိပ်ခြင်းဟုသာ ကောက်ချက်ချလိုက်သည်။

 

‘အာ...ငါ့ လောင်ကုန်းက ငါ့ကို အရမ်းဂရုစိုက်တာပဲ’

 

လုလီ ထိုအတွေးကိုလက်ခံလိုက်ပြီး နောက်ဆုံးစိတ်သက်သာ ရာရသွားသည်။

 

သူ ကောက်ညှင်းလုံးများကို အနည်းငယ်စားပြီးနောက် ဇွန်းဖြင့် ဟင်းရည်ခပ်သောက်လိုက်ရင်း ဖုန်းကိုထုတ်ကြည့်လိုက်သည်။

 

သူမသည် ကြယ်နောက်လိုက်လေ့ရှိပြီး "Chaohua Community"  (ကြယ်ပွင့်ပရိသတ်အသိုင်းအဝိုင်း)သို့ပုံမှန် ဝင်ရောက်လေ့ရှိပေမယ့် ယနေ့တော့ ဘာကြောင့်မှန်းမသိဘယ်အိုင်ဒေါ်ကိုမှ စိတ်မဝင်စားဘဲဖြစ်နေခဲ့သည်။

 

[T/N- Chaohua Community -  Sina မှ ဖန်တီးထားသော Super Topic အရာများနှင့် ပရိသတ်အသိုင်းအဝိုင်းများစုစည်းသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်]

 

 

‘ငါ့ဘေးမှာ ဒီလောက်ချောမောခန့်ညားပြီး ဂရုစိုက်တက်တဲ့ လောင်ကုန်းတစ်ယောက်လုံးရှိနေတာ ဘာကိစ္စ  idol တွေကို သွားငမ်းနေရမှာလဲ ?’

 

ထို့ကြောင့် လုလီသည် Chaohua Community ထဲဝင်ရောက်ခြင်းမပြုတော့ပဲ ပင်မစာမျက်နှာကိုသာ စိုက်ကြည့်နေမိသည်။

 

ပင်မစာမျက်နှာတွင် ပြည်တွင်းဘလော့ဂါတစ်ဦး Weibo တင်ထားသည်ကို သူ တွေ့လိုက်ရသည်။

 

"xx လမ်းပေါ်က ကားမတော်တဆမှုနှဲ့ပတ်သက်ပြီး သတင်းအသစ် - ကံမကောင်းတဲ့ အထက်တန်းလွှာအမျိုးသမီးလေး ဆေးရုံကဆင်းခွင့်ရပြီကြားတယ်၊ သူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ဖို့ သံသယဖြစ်မိတဲ့သူရှိကြလား ?"

 

လုလီ ခေါင်းစဉ်အားဖတ်လိုက်ပြီးနောက် ဓာတ်ပုံကိုကြည့်လိုက်ရာ ပါးစပ်ထဲရှိဟင်းရည်များပင် "ဖူး" ခနဲ မှုတ်ထုတ်လိုက်သည်။

 

အဲ့ဒါ...သူ မဟုတ်ဖူးလား ?

 

လမ်းသွားလမ်းလာတစ်ဦး၏ မမျှော်လင့်ဘဲရိုက်ထားသော ဓာတ်ပုံတစ်ပုံဖြစ်နိုင်သည်။ မြို့ဆေးရုံအဝင်ဝ၌ ပတ်တီးစည်းထားပြီး ချီချန်းရန်အား ကိုအာလာဝက်ဝံတစ်ကောင်ကဲ့သို့  ကပ်ငြိနေသော လုလီပုံဖြစ်နေသည်။ ချီချန်းရန် သူ့အား ပွေ့ဖက်ထားပြီး အတွင်းရေးမှူးကျောက်သည် ၎င်းတို့အတွက် ကားတံခါးဖွင့်ပေးနေခဲ့သည်။

 

ဓာတ်ပုံများသည် မှုန်ဝါးနေသော်လည်း အစိတ်အပိုင်းအားလုံး ပြည့်စုံနေသည်။ မြို့တော်ဆေးရုံအဝင်ဝတွင် ပတ်တီးစည်းထားသောအမျိုးသမီးနှင့် တံခါးဖွင့်ပေးနေသောယာဉ်မောင်း၊ယနေ့သတင်းများထဲ ဖော်ပြထားသည့် ကံမကောင်းသူအမျိုး သမီးလေူနှင့် ကိုက်ညီနေသည်။

 

မျှော်လင့်မထားသည်မှာ ချီချန်းရန်သည် သတင်းထောက်များကို အပြည့်အ၀ကာကွယ်ထားသော်လည်း ဖြတ်သွားဖြတ်လာများကို လျစ်လျူရှုခဲ့မိခြင်းပင်။

 

ဓာတ်ပုံသည် မှုန်ဝါးနေပြီး ၎င်းတို့နှစ်ဦး၏မျက်နှာများသည် ကင်မရာဘက်သို့ မျက်နှာမမူသော်လည်း အနီးကပ်ကြည့်ပါက မှတ်မိနိုင်သည့်အနေအထားရှိသည်။

 

လုလီ ဓာတ်ပုံကိုချဲ့ကြည့်လိုက်သည်။ ပထမဦးစွာ ချီချန်းရန် ၏မျက်နှာသွင်ပြင်ကိုကြည့်ရင်း  သူ့ခင်ပွန်း၏ကြည့်ကောင်းနေမှုကို စိတ်ထဲမှချီးကျူးလိုက်ပြီး မျက်နှာထက်အပြုံးတို့ ဖြတ်ပြေးသွားသည်။ ထို့နောက် ဓာတ်ပုံထဲမှ သူ့မျက်နှာကိုမြင်လိုက်ရသောအခါ သူ့ အပြုံးသည် ရုတ်တရက်ပျောက်ကွယ်သွားရသည်။ သူ့ ခေါင်းတွေကိုက်ခဲလာကာ သွေးပေါင်ချိန် ဆောင့်တက်လာသလိုခံစားလိုက်ရပြီး မျက်လုံးများမှုန်ဝါးလာသည်။

 

သောက်ကျိုးနည်း ဒါ ဖြတ်သွားဖြတ်လာတစ်ယောက်ယောက်ရိုက်ထားတဲ့ ဓာတ်ပုံတဲ့လား ?

 

ဓာတ်ပုံထဲတွင် သူမသည် ချီချန်းရန်၏လက်မောင်းပေါ်တွင်ရှိပြီး လက်တစ်ဖက်ကလည်ပင်းကိုပတ်ထားကာ ကျန်လက်တစ်ဖက်က နှာခေါင်းတစ်ဝိုက်ရှိဆံပင်များကို ဖယ်ရှားနေဟန်ရှိသည်။ သို့သော် ဓာတ်ပုံ၏ရှုထောင့်နှင့် အကွာအဝေးကြောင့် ဆံပင်များကို မမြင်ရဘဲ၊ သူလက်က နှာခေါင်းကုတ်နေသည့် ပုံစံဖြစ်နေသည်။

 

လုလီသည် သူမ၏ကြောက်မက်ဖွယ်ရုပ်ဆိုးနေသော ဓာတ်ပုံကိုကြည့်ရင်း သူမ ဆံပင်များထောင်မတ်လာသကဲ့သို့ ခံစားရသည်။

 

မိခင်၏သြဇာလွှမ်းမိုးမှုနှင့်အတူ ကြီးပြင်းလာသော ပတ်ဝန်း ကျင်အသိုင်းအဝိုင်း၊ ပညာတက် အမျိုးသမီးတစ်ယောက်၊ ချမ်းသာသော မိသားစုမှသက်ဆင်းလာသည့် သည်းသည်းလှုပ်အချစ်ခံရသော သူဌေးသမီးတစ်ယောက်အနေဖြင့် လူမြင် ကွင်းတွင် လှပကျော့ရှင်းပြီး အထက်တန်းဆန်သောပုံစံမျိုးဖြင့်သာထွက်လာရမည်ဟု မိခင်ဖြစ်သူသင်ကြားထားသည့်သင်ခန်းစာများကို သူ့ စိတ်ထဲပြန်လည်ကြားယောင်မိသည်။

 

လုလီ၏ Weibo သည် နေ့စဉ်လှုပ်ရှားမှုများမျှဝေရန်အတွက်သာဖြစ်ပြီး အထူးသဖြင့် ကိုယ်တိုင်ရိုက်ဓာတ်ပုံများကိုသေချာဂရုတစိုက်နှင့် ရွေးချယ်တင်ထားခြင်းဖြစ်သည်။

 

ထိုသည်မှာ အင်တာနက်ဆယ်လီများကဲ့သို့ မဟုတ်ပေ။ သူမသည် အလွန်လှပသည့်အတွက် effect  သုံးရန်မလိုအပ်ချေ။ သို့သော် ဓာတ်ပုံထဲရှိအချက်တိုင်းတွင် -  ထမင်းစားချိန် ဓားနဲ့ခက်ရင်းရဲ့အနေအထားမှအစ၊ ပြုံးချိန်တွင် ပေါ်နေသည့်သွားများ၊ မတ်တပ်ရပ်သည့်အခါ လက်နှင့်ခြေထောက်နေရာချ ထားမှု စံနှုန်းများနှင့် ကိုက်ညီရမည်ဟုဆိုလိုခြင်းဖြစ်သည်။

 

အဘယ့်ကြောင့်ဆိုသော် သူသည် လုဟမ်ရုန်၏သမီးဖြစ်သော ကြောင့် သူမ၏လှုပ်ရှားမှုတိုင်းသည် လုမိသားစု၏ဂုဏ်သိက္ခာနှင့်တိုက်ရိုက်သက်ဆိုင်နေသောကြောင့်ပင်။

 

လုလီ ထိတ်လန့်တုန်လှုပ်သွားသည်။

 

ဤသတင်းကို မိခင်ဖြစ်သူမြင်သွားပါက ဖုန်းဆက်ရင်ဆက် ဒါမှမဟုတ် သူမ ရှိရာအထိလိုက်လာပြီး သူမ၏နားရွက်အား လိမ်ဆွဲကာ ဆုံးမပြောဆိုမည်မှာသေချာသည်ဟု တွေးလိုက်မိသည်။

 

ချမ်းသာသောအသိုင်းအဝိုင်းနှင့်လက်ထပ်ထားသည့် သူမအမေသည် သူ့အဖေထက်ပင် လူမှုပုံရိပ်ကို ပိုဂရုစိုက်သည်။

 

သူမ၏အစ်ကိုနှစ်ဦးသည်လည်း သူမအားငယ်စဉ်ကတည်းကပင် စည်းကမ်းတင်းကျပ်စွာထိန်းသိမ်းခဲ့သည်။

 

ဤကဲ့သို့သော နှာခေါင်းကုတ်နေသည့် ရုပ်ဆိုးဆိုးဓာတ်ပုံ၏ အကျိုးသက်ရောက်မှုသည် အစ်ကိုများ၏မျက်လုံးထဲတွင် ဖျော်ဖြေရေးကြယ်ပွင့်၏လျှို့ဝှက်ဓာတ်ပုံနှင့်ဆင်တူသည်ဟု မြင်နေလောက်သည်။

 

ဤအတွေးများကြောင့် လုလီ တစ်ကိုယ်လုံးမအီမသာဖြစ်လာပြီး မျက်ရည်များပြည့်လျှံလာသည်။ သူ မတ်တတ်ထရပ်လိုက်ပြီး ချီချန်းရန်အား စတင်ရှာဖွေလိုက်သည်။

 

“လောင်ကုန်း...ရှင် ဘယ်မှာလဲ ? အဟင့်...အဟင့် ”