Ch 13
Viewers 61

🍭 Chapter  13

🍭 Unlucky Wealthy Woman (1)

 

 

 

လုလီ ထိုစကားကိုပြောပြီးနောက် ချီချန်းရန်၏ပွေ့ဖက်မှု တင်းကြပ်လာသည်ကို သူမ သိသိသာသာ ခံစားမိလိုက်သည်။

 

လုလီသည်  ခင်ပွန်းဖြစ်သူနှင့်ထိုသို့ပြောဆိုဆက်ခံခြင်းကို မူမမှန်ဖြစ်သည်ဟု မထင်ဘဲ သူ၏တုံ့ပြန်မှုကိုပင် အလွန်သဘော ကျနေခဲ့သည်။ သူမ ပြုံးရယ်လိုက်ရင်း ကိုယ်ကိုမြှောက်တင်လိုက်ပြီး မေးလိုက်သည်။

 

"လောင်ကုန်း ရှက်နေတာလား?"

 

"ဒါပေမယ့် ကျွန်မတော့ ဒါကိုကြိုက်တယ်။"

 

လုလီ သူ့ကိုပွတ်သပ်ရင်း နူးညံ့စွာပြောလိုက်သည်။

 

"လောင်ကုန်းရဲ့ခြေတံရှည်ကြီးက Seine မြစ်လိုပဲ ရှည်လျားတယ်၊ လောင်ကုန်းရဲ့ကျောပြင်က ကြွက်သားတွေက Bulgarian နှင်းဆီပန်းလိုမွှေးကြိုင်နေတာပဲ လောင်ကုန်းရဲ့ နှုတ်ခမ်းတွေက..."

 

 

လုလီသည် ကြယ်များကို ချီးမွမ်းရာတွင် အလေ့အကျင့်ရှိသူဖြစ်သောကြောင့် ထိုသို့သော ဤဗန်းစကားများကို သဘာဝကျကျပြောနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူလိုက် ဖမ်းနေသည့် ကြယ်အားလုံးသည် လက်ရှိ သူ့လောင်ကုန်းလောက် ဆွဲဆောင်မှုမရှိတော့အကြောင်း ခံစားခဲ့ရသည်။ 

 

 

“ကောင်းပြီ”

 

ချီချန်းရန် နောက်ဆုံးတွင် သူမ စကားကို မဆိုင်းမတွဘဲ ကြားဖြတ်လိုက်သည်။

 

ထို့ကြောင့် လုလီ ချက်ချင်းရပ်တန့်သွားပြီး သူ့ကို ကြည့်လာသည်။

 

ချီချန်းရန်၏နားရွက်တွေ နီရဲနေသည်။

 

သူ့ပတ်ဝန်းကျင်တွင် ချီးကျူးစကားများ မကင်းမဲ့ခဲ့ပဲငယ်စဉ်ကတည်းကပင် ကျင့်သားရခဲ့ပြီးဖြစ်သည်။ သို့ရာတွင်  တစ်စုံ တစ်ယောက်၏ချီးကျူးစကားများက သူအား စိတ်မသက်မသာဖြစ်အောင်ပြုလုပ်နိုင်ခဲ့သည်ကိုတော့ သူ ဒါပထမဆုံးအကြိမ်တွေ့ကြုံခံစားရခြင်းပင်။

 

လုလီသည် ထိုစကားလုံးများကို မည်သည့်နေရာမှ သင်ယူခဲ့သည်ကို သူမသိသောကြောင့် အနည်းငယ်မျှော်ကြည့်ရင်း ပြောလိုက်သည်။

 

"အရင် အိမ်ပြန်ကြရအောင်"

 

လုလီ: "အွန်း~"

 

ချီချန်းရန်သည် သူ့အား ဖက်တွယ်ထားသော လုလီကို ချချင်နေသည်။ ဤကဲ့သို့ကပ်ငြိနေခြင်းသည် မသင့်တော်ဟု သူခံစားမိသည်။သူ ဖြေလျော့ရန်ကြိုးစားသည့်အခါ လုလီ သူ့ရည်ရွယ်ချက်ကို ချက်ချင်းသတိပြုမိသွားပြီး သူမ၏ ခြေ ထောက်များကို ပိုမိုတင်းတင်းကျပ်ကျပ်ရစ်ဖက်လိုက်ပြီး

 

“ဟင့်အင်း”

 

"ကျွန်မ လမ်းမလျှောက်ချင်ဘူး၊ လောင်ကုန်း ကျွန်မကိုပွေ့သွားပေးနော်”

 

 á€á€ťá€Žá€á€ťá€”်းရန် : “…”

 

ကံကောင်းထောက်မစွာဖြင့် မိုးချုပ်နေပြီဖြစ်ရာ ဆေးရုံတွင်လူအများအပြား ရှိမနေတော့ပေ။ ချီချန်းရန်သည် ကားမတော် တဆမှုဖြင့် ဒဏ်ရာရထားသော ဇနီးကို အတင်းအကျပ်တွန်း အားပေးကာ ချပစ်ရန်လည်း မဖြစ်နိုင်သဖြင့် သူ့ကံကြမ္မာကို လက်ခံလိုက်ပြီး သူမအား ပွေ့ဖက်ကာ အပြင်သို့ထွက်လာခဲ့သည်။

 

အတွင်းရေးမှုးကျောက်သည် ဇိမ်ခံကားမတော်တဆမှုနှင့်ပတ်သက်သည့် သတင်းဖွချင်ကြသည့် သတင်းထောက်များကို ဖြေရှင်းပြီးနောက် ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် ချီချန်းရန်သည်အမျိုးသမီးတစ်ဦးအားပွေ့ဖက်ကာ သူ့ဆီချဉ်းကပ် လာသည်ကို တွေ့လိုက်ရသည်။

 

သူအရမ်းလန့်သွားပြီး ချော်လဲလုနီးပါးဖြစ်သွားသည်။

 

“ငါ အမြင်မှားနေတာလား ? ဘယ်လိုမှမဖြစ်နိုင်ဘူး၊ဥက္ကဌက ဘယ်လိုဖြစ်ပြီး လူမြင်ကွင်းထဲ မိန်းကလေးတစ်ယောက်ကို ပွေ့ချီပြီးထွက်လာတာလဲ?”

 

ချီချန်းရန် ရင်ခွင်ထဲရှိ အမျိုးသမီးဟာ သူ၏တရားဝင်ဇနီး လုလီဖြစ်နေကြောင်း မြင်လိုက်ရချိန်တွင် သူ အသက်ရှူကျပ်သွားသည်။ အရှေ့က တခြားမိန်းကလေးတစ်ယောက်လို့ ထင်ခဲ့စဉ်ကထက်ပင် ပိုပြီး ထိတ်လန့်သွားသည်။

 

သူတို့ ဘယ်ချိန်တည်းက ဒီလောက်ထိရင်းနှီးသွားကြတာလဲ ?

 

သူတို့က စုံတွဲအတုတွေ မဟုတ်ဘူးလား?

 

လုလီ မေးစေ့သည် ချီချန်းရန်၏ပခုံးပေါ်တွင်သက်တောင့်သက်သာတင်ထားသည်။ သူမခင်ပွန်း၏အတွင်းရေးမှုးကျောက်ဖြစ်သူသည် ၎င်းတို့အား သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ထိတ်လန့်နေသည်ကို သတိပြုမိသည်။

 

လုလီ "အတွင်းရေးမှူးကျောက် ?"

 

"ဟင် ?"

 

အတွင်းရေးမှူးကျောက် ရုတ်တရက်တုန်လှုပ်သွားပြီး၊ စိတ်ထဲမှ ထိတ်လန့်မှုများကို ဖုံးကွယ်ကာ ပုံမှန်အတိုင်းမျက်နှာကိုပြင် ဆင်လိုက်ပြီး ချီချန်းရန်နှင့်ရင်ဆိုင်လိုက်သည်- "ဥက္ကဌချီ"

 

 

ချီချန်းရန် အနည်းငယ်ရှက်နေပုံရသော် လည်း ရှက်ရွံ့မှုကိုဖြေရှင်းရန်နည်းလမ်းမှာ လျစ်လျူရှုရန်သာ အကောင်းဆုံးဖြစ် သည်ဟု တွေးပြီး သူ့ကိုယ်သူတည် ငြိမ်အောင်ပြုလုပ်ထား သည်- "အိမ်ကို မောင်း..."

 

အတွင်းရေးမှူးကျောက် ခေါင်းညိတ်လိုက်ပြီး

 

“ဟုတ်ကဲ့ ဥက္ကဌချီ”

 

အတွင်းရေးမှူးကျောက် ကားတံခါးဖွင့်ပေးလိုက်ပြီး လုလီ ချီချန်းရန်ပေါ်ကနေ လိုလိုလားလားဆင်းလာပြီး ကားနောက်ခန်းထိုင်ခုံတွင် သိမ်မွေ့စွာထိုင်လိုက်သည်။

 

ကားထဲတွင်ရှိစဉ် အတွင်းရေးမှူးကျောက်သည် ချီချန်းရန်အား အစီရင်ခံစာတစ်စောင်ပေးခဲ့သည်။

 

မြို့တွင်းလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော ကားမတော်တဆမှုကြောင့်  အချိန်အတော်ကြာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများသို့ရောက်ရှိခဲ့သည်။ အဆိုပါ မတော်တဆမှုတွင်ထိခိုက်ဒဏ်ရာရသူများအကြောင်းအကြမ်း ဖျင်းရေးသားဖော်ပြထားသည်။ ကုန်တင်ကားမောင်းသူမှာ ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး  လိုင် စင်နံပါတ်ပြားပါသော ဇိမ်ခံကားထဲတွင် လူသုံးဦးပါရှိပြီး ရှေ့ထိုင်ခုံ ယာဉ်မောင်းနှင့် လက် ထောက်တို့ ထိခိုက်မှုမရှိခဲ့ဘဲ နောက်ခန်းမှ အမျိုးသမီးငယ်တစ်ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့သည်။

 

 

လုလီသည် မတော်တဆမှုဖြစ်ပွားချိန်တွင် Bentley တွင်ရှိနေခဲ့ပြီး လိုင်စင်နံပါတ်သည် သိသာထင်ရှားသဖြင့် သတင်းကိုဖတ်ရှုပြီးနောက် လူများစွာသည် ကားပိုင်ရှင်၏အမည်ကို သိချင်လာကာ အတင်းအဖျင်းပြောရင်း  ချမ်းသာသောအမျိုးသမီးငယ်တစ်ဦး မည်မျှကံဆိုးခဲ့သည်ကို သိရှိရန် စပ်စုနေကြသည်။သို့သော် ရဲနှင့်ဆေးရုံမှ လိုက်နာခဲ့ပြီး လိုအပ်ချက်တွေကိုလိုက် လျောပေးခဲ့ရုံသာမက လူနာ၏အထောက်အထားကို သတင်း ထောက်များအား ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ပေ။

 

ဤသည်ကိုကြားတော့ ချီချန်းရန် ခေါင်းညိတ်ပြီး "အင်း"  ဟု တုံ့ပြန်လိုက်သည်။

 

လုလီသည် ချီချန်းရန်  နှင့် အတွင်း ရေးမှူးတို့၏ စကားဝိုင်းကို နားထောင်ရင်း သမ်းဝေပြီး ချီချန်းရန်၏ပုခုံးပေါ် မှီချလိုက်သည်။

 

အတွင်းရေးမှုးကျောက်သည် နောက်ကြည့်မှန်မှ တစ်ဆင့် သတင်းမီဒီယာများတွင် "ကံမကောင်းသော အမျိုးသမီးငယ်" အဖြစ်ဖော်ပြခံရသည့် လုလီအားစိုက်ကြည့်ပြီးနောက် စတီယာရင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။