Ch 12
Viewers 51

🍭 Chapter 12

🍭 Husband, Give Me A Hug (3)

 

 

 

ချီချန်းရန်သည် ဆရာဝန်အဖွဲ့အား အခန်းထဲခေါ်လာချိန်တွင် လုလီဖုန်းကိုကိုင်ပြီး သူ့မိဘတွေနှင့် ဗီဒီယိုကောပြောနေသည်။

 

"သမီး အဆင်ပြေပါတယ်၊ ဆေးရုံဆက်တက်စရာမလိုဘူး"

 

"သမီးနဲ့ချီချန်းရန်မှာ ပြဿနာရှိတယ် ဟုတ်လား ? မဟုတ်တာ သမီး သူနဲ့ ဒီလောက် အဆင်ပြေနေတာကို၊ အိုး.... တစ်ယောက် ယောက်လာနေပြီ။သမီး ဖုန်းချလိုက်တော့မယ်၊ ဒါပဲနော်၊ တာ့တာ"

 

လုလီသည် သူမ၏မိဘများနှင့် ဖုန်းခေါ်ဆိုမှုကိုရပ်လိုက်ပြီးနောက် ခေါင်းကို လှည့်လာရာ ချီချန်းရန်ကို အရင်ဆုံးမြင်လိုက်ရပြီး သူ့နောက်က ဆရာဝန်အဖွဲ့ကိုနောက်မှသတိထားမိသည်။

 

 

လုလီ : "လောင်ကုန်း"

 

"လောင်ကုန်း"ဟူသော စကားလုံးအား သူမ၏ပါးစပ်မှ သဘာ ဝကျကျထွက်လာသည်ကို ကြားရသောအခါ ချီချန်းရန်၏ မျက်လုံးများပင် ပြူးကျယ်သွားရသည်။

 

သူ့နောက်မှ လိုက်လာသည့် တာဝန်ကျဆရာဝန်က လုလီကိုပြုံးပြပြီး "မစ်လု၊ မင်းကို ပိုပြီးအသေးစိတ်ကျတဲ့ စစ်ဆေးမှုတစ်ခု လုပ်ချင်တယ်"

 

လုလီ  : "စစ်ဆေးရမယ်"

 

တာဝန်ကျဆရာဝန်- "အင်း"

 

လုလီ ချီချန်းရန်ကို ကြည့်လိုက်သည်။

 

ချီချန်းရန် အပြုံးတစ်ခုညှစ်ထုတ်လိုက်ပြီး "ဆရာဝန်ပြောတာ လက်ခံလိုက်ရအောင်နော်၊ ဒီလောက်ကြီးကြီးမားမားကားမတော်တဆမှုဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေရှိလာမှာကို ကိုယ်စိတ်ပူလို့ပါ”

 

လုလီ ခေါင်းညိတ်လိုက်ပြီး "အွန်း"

 

စစ်ဆေးမှုများမှာ တစ်နေ့လုံးကြာခဲ့ပြီး အဓိကအားဖြင့် ဦးခေါင်းနှင့်ပတ်သက်တဲ့ စစ်ဆေးမှုတွေပါဝင်သည်။

 

ချီချန်းရန် ပျောက်သွားသည်။လုလီသည် မေးခွန်းတွေတစ်ခုပြီးတစ်ခုဖြေပေးရင်း ခွဲစိတ်ခန်းဝတ်စုံဝတ်ဆင်ထားသည့် ဆရာဝန်များနှင့် သူနာပြုများနှင့်အတူ စက်ကိရိယာတစ်ခုကနေ တစ်ခုကို လှည့်ပတ်စစ်ဆေးခံနေရသည်။ အားပျော့သော လျှပ်စီးကြောင်းများ သူမ၏ ဦးခေါင်းကို လာရောက်ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး နှာခေါင်းတစ် ဝိုက်ပူလောင်နေသလို ကြောက်စိတ်လည်းဝင်လာခဲ့သည်။

 

 

ဆရာဝန်ရုံးခန်းတွင်…

 

လုလီအား စစ်ဆေးထားသည့် ရလဒ်များထွက်လာသည်။

 

ချီချန်းရန်သည် ရုံးခန်းရှိ ကုလားထိုင်တွင် ထိုင်ရင်း နာမည်ကြီးပြည်တွင်းဦးနှောက်အထူးကုဆရာဝန်၏ရှင်းပြချက်များကို နားထောင်နေသည်။

 

လုလီသည် ကားမတော်တဆမှု၏ နောက်ဆက်တွဲဒဏ်ကြောင့် ယာယီမှတ်ဥာဏ်ချို့ယွင်းမှုကို ခံစားနေရပြီး သူမခင်ပွန်းနှင့်ဆက်ဆံရေးကို မှားယွင်းစွာမှတ်ယူနေသည်မှာ ထင်ရှားသည်။ ပိုရှင်းအောင်ပြောရရင် လက်ရှိ သူမရဲ့ဦးနှောက်ထဲတွင် ၎င်းတို့၏ဆက်ဆံရေးက အရမ်းကောင်းနေသည်ဟုထင်နေခြင်းပင်။

 

'ခင်ပွန်းဖြစ်သူနှင့်ဆက်ဆံရေးကောင်းသည်' ဟူသော စကားကို ကြားသော အခါ ချီချန်ယန်၏ နှုတ်ခမ်းများအနည်းငယ် လှုပ်ယမ်းသွားသည်။

 

ဆရာဝန်က ရှင်းပြလာသည်။ ဥပမာအားဖြင့် ၎င်းတို့၏စစ် ဆေးမှုတွင် မစ်လုသည် လက်ထပ်ချိန်ကချိုမြိန်ပြီး ရင်းနှီးသောအနမ်းသည် သူမဘဝတွင် မမေ့နိုင်ဆုံးသောအနမ်းအဖြစ်မှတ်ယူထားခြင်းဖြစ်သည်။

 

ထိုစကားကိုကြားပြီးနောက် ချီချန်းရန် အနည်းငယ်မျက်မှောင် ကြုတ်သွားကာ သူတို့၏မင်္ဂလာဆောင်အတွင်း အေးစက်သော အနမ်းတစ်ပွင့်ကိုပြန်တွေးနေမိသည်။

 

သူ ထိုအခြေအနေအားဖြေရှင်းရန် နည်းလမ်းကို ဆရာဝန်အား မေးလိုက်သည်။

 

ဆရာဝန်သက်ပြင်းချပြီး “ဒါ ရှားပါးဖြစ်စဉ်တစ်ခုပဲ၊ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူး”

 

ကံကောင်းထောက်မစွာဖြင့် အခြားပြဿနာများမရှိခဲ့ပေ။ လူနာ စိတ်ချမ်း သာမှုရှိပြီး ကုသမှုခံယူမည်ဆိုပါက မကြာခင် ပြန်ကောင်းလာနိုင်သည်။

 

“ဆေးရုံတက်စရာ မလိုဘူး။ ဦးခေါင်းက ဒဏ်ရာလည်း သိပ်မပြင်းထန်ဘူး။ အိမ်ပြန်ရင် ရေမထိမိဖို့ပဲဂရုစိုက်ပေးပါ”

 

ချီချန်းရန် ခေါင်းညိတ်ပြီး နားလည်ဟန်ပြလိုက်သည်။

 

သူ ဆရာဝန်ရုံးခန်းမှ ထွက်လာကာ လုလီအခန်းဆီသွားရင်း မကြာခင်က ဆွေး နွေးချက်တွေကို ပြန်သတိရနေမိသည်။

 

သူမထံ အသိအမြင်ရှုပ်ထွေးမှုများ ဖြစ်လာသည်။

 

(T/N: လုလီ  ခံစားနေရတာက မှားယွင်းတဲ့မှတ်ဉာဏ်ဖန်တီးမှုဖြစ်နိုင်တယ်လို့ ထင်တယ်၊ ဦးနှောက်က မမှန်ကန်တဲ့အမှတ်တရတွေကို ဖန်တီးပြီး  ဒီအခြေအနေမှာ ချီချန်းရန် နဲ့ သူမရဲ့ ဆက်ဆံရေးက အမှန်မှာမကောင်းပေမယ့် သူတို့ဆက် ဆံရေးကိုကောင်းမွန်တယ်လို့ လွဲမှားစွာယုံကြည်နေတာပါ။ ဒါပေမယ့် မူရင်းစာသားမှာ "cognitive confusion" (အသိအမြင်ရှုပ်ထွေးမှု) လို့သုံးထားတာကြောင့် ဒီအတိုင်းဘာသာပြန်ထားပါတယ်။)

 

ဆေးရုံတက်ရန် မလိုအပ်တော့တဲ့အတွက် သူတို့ အိမ်ပြန်ပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း အနားယူကာ အချိန်ပေးရင် မှတ်ဉာဏ်တွေပြန်ကောင်းလာနိုင်သည်။

 

လုလီ၏မှတ်ဥာဏ်ချို့ယွင်းမှုသည် ၎င်းတို့၏ဆက်ဆံရေးမှ ဆင်းသက်လာခြင်းဖြစ်သည်။

 

ချီချန်းရန် ဒါကိုတွေးပြီးမထိန်းနိုင်ဘဲ  ခေါင်းကိုခါယမ်းကာ ရယ်မောလိုက်သည်။

 

သူ အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ကုတင်အစွန်းတွင် ခြေ ထောက်လွှဲချပြီး ငေးငိုင်ကာ ထိုင်နေသည်ကို လုလီကိုတွေ့လိုက်ရသည်။

 

သူ ဝင်လာတာကိုမြင်တော့ သူမ သူ့ကို ပထမဆုံးတွေ့ချိန်ကလို စိတ်လှုပ်ရှားပုံမပေါ်တော့ပဲ ခေါင်းမော့ကြည့်လာပြီးနောက် ပြန်ငုံ့သွားကာ သူမ လက် ချောင်းတွေနှင့်ကစားနေလိုက်သည်။

 

လုလီ ပြန်ကောင်းသွားပြီလားဟု ချီချန်ယန်ပင် အတွေးဝင်သွားသည်။

 

လုလီ၏စိတ်ရှုပ်နေသော အသံကို မကြားမချင်း သူထိုသို့ထင်နေဆဲပင်။ "လောင်ကုန်း"

 

ထိုခါမှ လုလီ မသက်သာသေးကြောင်း ချီချန်းရန် သိလိုက်ပြီး သူချဉ်းကပ်သွားကာ "အင်း" လို့ပြန်ဖြေလိုက်သည်။

 

လုလီသည် ဒီနေ့လုပ်ခဲ့ရတဲ့ ခက်ခဲသော စစ်ဆေးမှုများအ ကြောင်းတွေးနေမိသည်။ ဘာကြောင့် ဒီလိုမျိုး စစ်ဆေးခံနေရတာလဲဆိုတာ သူမ နားမလည်နိုင်ဖြစ်နေသည်။

 

ချီချန်းရန်ကလည်း ကန့်ကွက်ခြင်းမရှိဘဲ သူမကို ဆရာဝန်နှင့်သူနာပြုတွေထံ အပ်နှံလိုက်သည်။ လုလီမှာ ပြဿနာကြီးကြီး မားမားရှိနေသလို သူ့ဘက်ကလည်း ခံစားရဟန်တူသည်။

 

လုလီ ထိုအကြောင်းကိုတွေးမိကာ ခေါင်းမော့လာပြီး မကျေမနပ်ဖြင့် ချီချန်းရန်အား တစ်စုံတစ်ခုပြောလိုသော အကြည့်ဖြင့် ကြည့်လာသည်။

 

ချီချန်းရန်လည်း သူမပြောမည့်စကားကို စိတ်ရှည်စွာစောင့် ဆိုင်းခဲ့သည်။

 

ထို့နောက် လုလီ ချီချန်းရန်ကို မျက်နှာမူပြီး ဘာကြောင့် ဒီလိုစစ်ဆေးမှုမျိုးစုံလုပ်ရတာလဲ မေးဖို့ကြိုးစားလိုက်သော်လည်း သူမ ခဏတွေဝေသွားပြီး ချီချန်းရန်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။

 

ထိုမျက်နှာသည် သူမ၏အကြိုက်ဆုံးအမြင်အာရုံအတိုင်း ပြုပြင်ထားသလို ပီပြင်နေသည်။

 

သူမစိတ်ထဲတွင် စကားလုံးထောင်ချီရှိသော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းသာထွက်လာသည်။

 

 

သူမ နှုတ်ခမ်းစူပြီး လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ကာ "လောင်ကုန်း ဖက်ပေး"

 

ချီချန်းရန်သည် လုလီကိုကြည့်ရင်း ဆရာဝန်ပြောခဲ့သည့်စကားများကို ပြန်သတိရသွားသည်။

 

လက်ရှိလုလီသည် သူ့အား ယခင်လိုစိမ်းကားသောခင်ပွန်းအဖြစ် မဟုတ်ဘဲ၊ ချစ်ခြင်းဖြင့်ပြည့်နှက်နေသော ခင်ပွန်းအဖြစ်မှတ်ယူနေသည်။

 

ထို့ကြောင့် သူမသည် ဤကဲ့သို့သောအပြုအမူများကို သူ့အား ပြသကာ သူ့ရှေ့မှောက်တွင် မရပ်မနား မရိုးသားစွာပြုမူခဲ့သည်။

 

သူမ စိတ်ချမ်းသာမှုကို ထိန်းသိမ်းပေးပါက အချိန်အနည်းငယ်ကြာပြီးနောက် သူမ ပြန်ကောင်းလာနိုင်မည်ဖြစ်သည်။

 

အိမ်ထောင်သက် သုံးနှစ်ကြာလာသည့်တိုင်အောင် သူမ ထိုသို့ ချွဲနွှဲ့ပြောဆိုတက်မှန်း ချီချန်းရန် မထင်ထားပေ။ သူ အနည်း ငယ်သက်ပြင်းချလိုက်ပြီး လက်ကိုဆန့်ကာ သူမ၏ခါးကို ပွေ့ဖက်ပြီး အပေါ်ကိုမြှောက်ချီလိုက်သည်။

 

လုလီသည် ကိုအာလာဝက်ဝံလေးကဲ့သို့ သူ့ပေါ်တွင် ကပ်ငြိနေသည်။

 

ချီချန်းရန်သည် လုလီကို ယခင်က ဤ သို့ တင်းတင်းကြပ်ကြပ် ဖက်ထားဖူးခြင်းမရှိပေ။ ဤသည်မှာ မင်္ဂလာဦးညနောက်ပိုင်း သူတို့၏ပထမဆုံးသော ရင်းနှီးသောထိတွေ့မှုပင်ဖြစ်သည်။

 

ချီချန်းရန်သည် လုလီ၏ကိုယ်အလေးချိန်ကို ခံစားမိပြီး  သူထင်ထားသည်ထက်ပင် များစွာ ပေါ့ပါးနေသည်ကို တွေ့လိုက်ရပြီး သူမအား အလွယ်တကူပွေ့ဖက်ထားနိုင်သည်။

 

လုလီသည် ချီချန်းရန်၏ပွေ့ဖက်ပေးမှုကို ခံယူပြီးနောက် နောက်ဆုံးတွင် သူ့ဆန္ဒပြည့်ဝသွားသည်။ သူမ၏လက်များဖြင့် သူ့လည်ပင်းကို သိုင်းဖက်ထားရင်း မေးစေ့ကို သူ့ပခုံးပေါ်တင်ကာ ရယ်မောနေသည်။

 

ချီချန်းရန်သည် လုလီ၏ရယ်သံကိုကြားသောကြောင့် သူမကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း အံ့ဩပြီး မေးလာသည်။

 

"မင်း ဘာလို့ရယ်နေတာလဲ ?"

 

လုလီ၏လက်များသည် ချီချန်းရန်၏ ခန္ဓာကိုယ်တစ်ဝိုက်ကို ပိုမိုတင်းကျပ်စွာပွေ့ဖက်လာသည်။

 

သူမခြေထောက်အောက်ရှိ သူ့ခါးသည် ပိန်ချပ်နေသော်လည်း အဆီမရှိပဲ ကျစ်လစ်နေသည်ဟု ခံစားရသည်။ သူ့အင်္ကျီအောက်မှ ဝမ်းဗိုက်ကြွက်သားများကိုပင် သိသာစွာခံစားရသည်။

 

 

အမျိုးသားတစ်ဦး၏ ခါးနှင့်ဝမ်းဗိုက်သည် လူကို အသက်ရှုရပ်သွားလောက်သည်အထိ ဖမ်းစားနိုင်သည်။

 

ဤမျှ ပါးလွှာသိပ်သည်းသောခါးနှင့် ကျစ်လစ်သော ဝမ်းဗိုက်ကြွက်သားများရှိနေသည့် အမျိုးသားသည် သူမ၏ ခင်ပွန်းဖြစ်နေသည်။

 

ထိုအချိန်တွင် လုလီသည် ပျော်ရွှင်မှုဖြင့် ပြည့်ဝနေပြီး ချီချန်းရန်၏ခါးတစ်ဝိုက်ကို ခြေထောက်ဖြင့် ပိုမိုတင်းကျပ်စွာရစ် ပတ်လိုက်ရင်းတိုးတိုးပြောလိုက်သည်။

 

"ကျွန်မလောင်ကုန်း ခါးက ပေါ့သေးသေးတော့မဟုတ်ဘူးပဲ၊ ဒါ အားလီရဲ့ အသက်ကိုချွေယူသွားတဲ့ ဓားသွားတစ်စင်းပဲ”

 

 

 

 

ဒီမှာ စာရေးသူက ပြောစရာရှိတယ်။

 

ချီချန်းရန် - “အိုး၊ နောက်ပိုင်းမှာ မင်းကို ယစ်ပူဇော်လိုက်မယ်”

 

လုလီ : →_→