Ch 11
Viewers 59

 

🍭 Chapter 11

🍭 Husband, Give Me A Hug (2)

 

 

 

လုဟမ်ရုန်နှင့်စကားပြောပြီးနောက် ချီချန်းရန် ဖုန်းကိုချကာ သက်ပြင်းရှည်ရှည်တစ်ချက် ထုတ်လွှတ်လိုက်သည်။

 

ထို့နောက် မနက်ခင်းအလုပ်သွားစဉ်က ရှေ့နေထံမှ လက်ခံရရှိခဲ့သော ကွာရှင်းခြင်းသဘောတူညီချက် ပထမမူကြမ်းကို သတိရလာသည်။

 

တကယ်တော့ ပြန်လည်သုံးသပ်စရာမလိုတော့ပေ။ လက်ထပ်ချိန်က နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့သော လက်ထပ်ပွဲမတိုင်မီသဘောတူညီချက်များက ရှင်းလင်းပြီးသားဖြစ်သည်။၎င်းတို့ ကွာရှင်းလိုပါက လုပ်ငန်းစဉ်မှာ ရိုးရှင်းလှသည်။

 

သူ ဆိုဖာပေါ်တွင် ခဏထိုင်နေလိုက်ပြီးနောက် အထဲမှ သူနာပြုတစ်ဦးထွက်လာပြီး "မစ်လု နိုးနေပြီ၊ သူ ရှင့်ကိုတွေ့ချင်တယ်လို့ ပြောနေတယ်" ဟု အသိပေးလာသည်။

 

ချီချန်းရန် ခေါင်းညိတ်ပြသော်လည်း နောက်ဆုံးစကားလုံးကို ကြားလိုက်သောအခါ သူ့မျက်နှာတွင် အနည်းငယ်စိတ်ရှုပ်သွားသည့် အရိပ်အငွေ့များပေါ်လာသည်။ လုလီ နိုးလာပြီး... ငါ့ကို တွေ့ချင်တယ်ဆိုတာ ?

 

ချီချန်းရန် ထလိုက်ပြီး လုလီ၏အခန်းတံခါးနားသို့ လျှောက်သွားသည်။ တံခါးခေါက်မည့်အချိန်တွင် သူ့လက်ကို လေထဲ၌ ရပ်တန့်လိုက်ကာ စိတ်ထဲတွင် လှိုင်းထန်နေသည့် ခံစားချက်များကို မထိန်းနိုင်ခဲ့ပေ။

 

ဤယာဉ်တိုက်မှုကြောင့် ဇနီးဖြစ်သူအပေါ်  ခင်ပွန်းတစ်ဦး၏ တာဝန်ယူမှုကို ပထမဆုံးအကြိမ် သူခံစားမိသော်လည်း မကြာမီကွာရှင်းပြတ်ဆဲတော့မည်ဖြစ်သည်။

 

ချီချန်းရန်၏နှလုံးသားထဲတွင် လေးလံသောခံစားချက်များ ဖြစ်ပေါ်လာပြီး တံခါးကိုခေါက်ကာဖွင့်လိုက်သည်။

 

လူနာကုတင်ပေါ်တွင် ထထိုင်နေသည့် လုလီကို သူမြင်လိုက်ရသည်။ သူမ ဝတ်ဆင်ထားသော ဆေးရုံဝတ်စုံမှာကြီးလွန်းနေသဖြင့် ပိန်ပြီးသား ခန္ဓာကိုယ်ကို ပိုမိုပိန်လှီသွားစေသည်။နဖူးပေါ်ရှိ ချုပ်ရိုးများကို ပတ်တီးဖြင့် ဖုံးအုပ်ထားပြီး ဦးခေါင်းတစ်ခုလုံးကို ပိုက်ကွန်ပိတ်ကျဲစဖြင့် စည်းထားသည်။ သူမသည် အိပ်ရာပေါ်တွင် ထိုင်လျက် တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်။

 

 

ချီချန်းရန်က "လုလီ " ဟုခေါ်လိုက်သည်။

 

တစ်စုံတစ်ခုကို ရှာဖွေနေသော လုလီ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

 

သူမ ခေါင်းမော့ပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အခန်းတံခါးဝတွင် ရပ်နေသည့် ချီချန်းရန် ကို မြင်လိုက်ရသည်။ ကုမ္ပဏီမှ အပြေးအလွှားထွက်လာပေမယ့် အနောက် တိုင်းဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။

 

 

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

 

 

လုလီ၏မျက်လုံးများ ရုတ်တရက်နီရဲလာသည်ကို ချီချန်းရန် သတိထားမိသည်။

 

မျက်လုံးသာမက နှာခေါင်းပါ နီရဲလာပြီး ငိုချင်စိတ်ဖြစ်နေသည့် လက္ခဏာများကိုမြင်လိုက်သဖြင့် ချီချန်းရန်၏စိတ်ထဲတွင် အံ့အားသင့်မှုနှင့် ရှုပ်ထွေးမှုတို့လှိုင်းထန်သွားသည်။

 

 

လူလီသည် ယခင်က သူ့ရှေ့မှာ စိတ်ခံစားမှုများ လုံးဝမပြခဲ့ဖူးသလို ငိုသည်ကိုလည်းမမြင်ဖူးပေ။

 

သူမငိုနေပုံကို မသိခဲ့သည့်အတွက် မည်သို့ဖြေသိမ့်ရမည်ကိုလည်း သူမသိချေ။

 

 

ချီချန်းရန်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာအနည်းငယ်ချောင်းဟန့်လိုက်သည်။

 

ထို့နောက် သူမ နှစ်သိမ့်ပေးရန် စကားလုံးများရှာဖွေနေမိ သည်။ သို့သော် သူတို့သည် အတုအယောင် စုံတွဲတစ်တွဲမျှသာဖြစ်ပြီး သူကိုယ်တိုင်လည်း ချော့မြူတက်သော လူမျိုးမဟုတ်ခဲ့ပေ။

 

သူစကားစမပြောမီ တစ်စက္ကန့်အလိုတွင် လူလီသည် လှုပ်ရှားလာသည်။ ချီချန်ယန်းသည် လူလီ၏လက်တစ်ဖက်ကို သူမ၏ အသားအရေဖြူစင်ပြီး မျက်နှာတွင် မကျေမနပ်ဖြစ်နေသည့်အပြင် မျက်ရည်များနှင့် ပြည့်နှက်နေကာ

 

"လောင်ကုန်း၊ နာနေတယ်၊ ချီပေး~" ဟု စိတ်ထိခိုက်စရာကောင်းလောက်အောင် သနားဖွယ်ပုံပန်းဖြင့် ငိုကြွေးလိုက်သည်။

 

 

သူစကားမပြောမီ တစ်စက္ကန့်အလိုတွင် လုလီလှုပ်ရှားလာသည်။

 

ချီချန်းရန်သည် လုလီ သူ့လက်တစ်ဖက်ကို သူ့ဆီသို့ဆန့်ထုတ်လာသည်ကို မြင်လိုက်ရသည်။ အားနည်းနေသော အသွင်အ ပြင်၊ ဝမ်းနည်းသောအရိပ်အယောင်နှင့် မျက်ရည်များပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူအားကြည့်လာပြီး သူမပါးစပ်ကိုဖွင့်လာသည်။

 

"လောင်ကုန်း၊ ကျွန်မကို ဖက်ထားပေးပါဦး၊ အရမ်းနာတာပဲ” ဟု ဆိုကာ ငိုကြွေးလိုက်သည်။

 

နာကျင်မှုများနှင့်ပြည့်နှက်နေသည့် သူမကို ကြည့်ရသည်မှာတကယ့်ကို သနားစရာကောင်းလှသည်။

 

ချီချန်းရန် စိတ်ရှုပ်သွားသည်။

 

သူ အနည်းငယ် တောင့်တင်းသွားပြီး အခန်းမှားနေသလားဟု သံသယဝင်လာသည်။

 

သို့သော် လူနာကုတင်ပေါ်တွင် ငိုကျွေးနေသောအမျိုးသမီး၏ မျက်နှာက သူမှားယွင်းမှုမရှိကြောင်း ပြသနေသည်။

 

သူ့ရှေ့တွင် ရှိနေသည့်အမျိုးသမီးမှာ သူ၏ တရားဝင်ဇနီး လုလီဖြစ်ကြောင်း ထင်ရှားနေသည်။ ထပ်ပြီး ချီချန်းရန် နားကြားများ မှားနေသလားဟု ယူဆကာ ဆန့်ထုတ်လာသောလက်ကို လျစ်လျူရှုလိုက်သည်။ သို့သော် အိပ်ရာပေါ်မှ လက်ဆန့်စောင့်နေသောအမျိုးသမီးမှာ ရုတ်တရက် ကုတင်ပေါ်မှဆင်းလာသည်ကို မြင်လိုက်ရသည်။

 

သူမ မျက်တောင်ခတ်လိုက်ပြီး မျက်ရည်စများကျဆင်းလာသည်။ ထို့နောက် ခြေဗလာနှင့် တံခါးနားတွင် ရပ်နေသော လူထံသို့ပြေးဝင်လာခဲ့သည်။

 

သူမ မျက်ရည်များဖြင့်  "လောင်ကုန်း၊ ရှင် ဘာလို့ ကျွန်မကိုမဖက်တာလဲ?

 

ချီချန်းရန်: “…”

 

 

ချီချန်းရန်ဘက်မှ လှုပ်ရှားမှုမရှိသည့်အတွက် သူမကိုယ်တိုင် သူ့အား ပွေ့ဖက်လိုက်သည်။ လုလီသည် ချီချန်းရန်၏ ကျစ် လျစ်သောခါးကို ဖက်ထားရင်း မျက်ရည်နှင့်နှာရည်များကို သူအင်္ကျီပေါ် သုတ်လိုက်သည်။

 

"လောင်ကုန်း...ခေါင်းက အရမ်းနာနေတယ်။ အဟင့်...အဟင့်...ကျွန်မ အရမ်းကြောက်တာပဲသိလား? ကျွန်မကိုယ် ကျွန်မ သေပြီလို့ပဲထင်ခဲ့တာ၊ ကျွန်မ ရှင့်မျက်နှာလေးကို ဘယ် တော့မှ ထပ်မရတော့မှာအရမ်းကြောက်တယ်”

 

 

ချီချန်းရန် လက်နှစ်ဖက်လုံး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။ သူရင်ခွင်ထဲရှိအမျိုးသမီးသည် တစ်စုံတစ်ခု မူမမှန် သော အမူအရာဖြစ်နေသည်။

 

သို့သော် သူငုံ့ကြည့်လိုက်သောအခါ သူ့ရင်ခွင်ထဲတွင်ချစ်စရာကောင်းသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ငိုကြွေးနေသည်ကို တွေ့ရသည်။

 

အမျိုးသမီးသည် မျက်ရည်အပြည့်ဖြင့် သူ့ကို မော့ကြည့်လာသည်။

 

ခါးကိုတော့ တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်သည်။

 

မျက်ရည်များဖုံးလွှမ်းနေသောမျက်လုံးများ၊ ပတ်တီးစည်းထားသော နဖူးကို ကြည့်ရင်း ချီချန်းရန် အတိတ်မေ့သော ဇာတ်ကားများကို သတိရသွားသည်။ ထို့နောက် သူဖြည်းဖြည်းချင်း မေးလိုက်သည်။

 

 "မင်း ကိုယ့်မင်း ဘယ်သူလဲဆိုတာ သိသေးလား?”

 

ထိုအမျိုးသမီးက “ကျွန်မက လုလီလေ၊  အိမ်ခြံမြေသူဌေးကြီး လုဟမ်ရုန်ရဲ့သမီး”

 

အတိတ်မေ့တဲ့လက္ခဏာတော့မရှိပါဘူး ? ချီချန်းရန် ခေါင်း ညိတ်ပြီး ဆက်မေးလာသည်။

 

"ဒါဆို... ကိုယ် ဘယ်သူလဲ သိလား?"

 

သူ့ရင်ခွင်ထဲတွင် ထိုသို့ မိုက်မဲသောမေးခွန်းကို မေးလိုက်သည့် အတွက် လုလီ ရှက်ရွံ့သွားသလို ရယ်မောလိုက်ကာ

 

"ဒီဘက်က ကျွန်မလောင်ကုန်း ချီချန်းရန်လေ၊ လုလီရဲ့ ချစ်လှစွာသော‌ လောင်ကုန်းကြီးပေါ့!"

 

“ချစ်လှစွာသော လောင်ကုန်း" ဟူသော စကားလုံးကို ကြားသောအခါ ချီချန်းရန် သက်ပြင်းတစ်ချက် ထုတ်လွှတ်လိုက်သည်။ ယခင်ထက်ပိုပြီး စိတ်ရှုပ်စရာဖြစ်လာသည်။

 

လုလီ ချွဲလိုက်ပြီးနောက် ချီချန်းရန်၏ခါးကို ဖက်ထားသော လက်ကို လက်လျှော့လိုက်ကာ လက်ကျန်မျက်ရည်များနှင့် နှာရည်များကို လက်ဖြင့်သုတ်ကာ ကြမ်းပြင်ပေါ်ရှိ ခြေဗလာဖြစ်နေသော သူမ၏ခြေထောက်များကို ငေးကြည့်နေသည်။

 

 

ချီချန်းရန်သည် လုလီခြေဗလာဖြစ်နေည်ကို သတိပြုမိပြီး

"အရင်ဆုံး ကုတင်ပေါ်ပြန်တက်လိုက်ဦး”

 

လုလီ  “အွန်း” ညင်သာစွာ ပြန်ဖြေသည်။

 

သူမ ကုတင်ပေါ်တွင် ပြန်တက်လိုက်ပြီး ခေါင်းလေးစောင်းလျက်ချီချန်းရန်ကို ကြည့်နေသည်။

 

 

ချီချန်းရန်သည်  ဒီလိုပုံစံမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။ သူမ၏ မျက်ဝန်းများသည် ချစ်စဖွယ်ကောင်းပြီး တောက်ပနေပုံရသည်။

 

ချီချန်းရန်သည်  သူ့မျက်လုံးများကို မကြည့်ဘဲ ခေါင်းကို တမင်လှည့်လိုက်ကာ

 

"ခဏစောင့်ဦး၊ ကိုယ် ဆရာဝန်ကို သွားခေါ်လိုက်မယ်။"

 

လုလီသည် ခင်ပွန်းဖြစ်သူ၏စကားများကို နားထောင်ရင်း နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်- "အွန်း"

 

ချီချန်းရန် အခန်းထဲမှ ထွက်လာပြီးနောက် ဆရာဝန်အခန်းသို့ ပြေးသွားခဲ့သည်။

 

သူ့လက်များသည် ဆရာဝန်၏စားပွဲပေါ်တွင် ရှိနေသည်- "နဖူးက ဒဏ်ရာကလွဲလို့ အားလုံးအဆင်ပြေတယ်လို့ ဒေါက်တာ ပြောခဲ့တာမဟုတ်ဘူးလား ?"