Ch 10
Viewers 53

🍭 Chapter 10

🍭 Husband, Give Me A Hug (1)

 

 

 

မြို့လယ်ခေါင်လမ်းမကြီးပေါ်တွင် များသောအားဖြင့် တန်ပိုတင်ဆောင်သည့် ကုန်တင်ကားကြီးများကိုနေ့ဘက်တွင် မောင်းနှင်ခွင့်မပြုထားပေ။ သို့သော် ယနေ့တွင် တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ခဲ့ဟန် ရှိသည်။ ကုန်တင်ကားကြီးတစ်စီးသည် လမ်းမကြီးပေါ်တွင် အရှိန်ပြင်းပြင်းဝင်တိုက်မိပြီး ထိန်းချုပ်မှု ပြတ်တောက်သွားခဲ့သည်။ အဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံ၊ စူးရှသော ဘရိတ်အုပ်သံများနှင့် အပျက်အစီးများပြန့်ကျဲသွားသည်။

 

 

ခဏအကြာတွင် အခင်းဖြစ်နေရာတွင် ကျယ်လောင်သော အချက်ပေးသံများမြည်လာပြီး ယာဉ်ထိန်းရဲများသည် အခင်း ဖြစ်ရာနေရာကို အဝါရောင်ကြိုးဖြင့် တားလိုက်ပြီး ဒဏ်ရာရရှိသူများကို ထမ်းစင်ပေါ်တွင်တင်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

 

ယာဉ်ကြောရဲများ တားထားသော အဝါရောင်မျဉ်းကြိုးကို ဝိုင်းရံလျက် ကြည့်ရှုသူ လူအုပ်ကြီး စုဝေးလာခဲ့သည်။ အား လုံးသည် မတော်တဆမှု၏ဗဟိုချက်ကို လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြသည်။

 

ကုန်တင်ကားကြီးသည် အခြားကားများကို ရှောင်တိမ်းကာ နောက်ဆုံးတွင် ပုံမှန်အတိုင်းမောင်းနှင်နေသော Bentley ကားကို ဝင်တိုက်မိခဲ့သည်။ Bentley ၏ယာဉ်မောင်းသည် အန္တရာယ်ကို သိမြင်ခဲ့ပြီး စတီယာရင်ကိုအပြင်း အထန်လှည့်ကာ ကုန်တင်ကား၏အရှိန်ကို အတက်နိုင်ဆုံးရှောင်တိမ်းနိုင်ခဲ့သည်။

 

အတိုက်ခံရသောကားမှာ ဇိမ်ခံကားဖြစ်သည်။ ကုန်တင်ကား၏ အရှေ့ဘက်ပိုင်း စုတ်ပြတ်သွားခဲ့ပြီး Bentley ၏ အနောက်ပိုင်းမှာလည်း ပုံပျက်သွားခဲ့သည်။

 

မြို့၏ယာဉ်ကြောအသံလွှင့်ဌာနက ဤမတော်တဆမှုအား သတင်းပေးပို့ခဲ့ပြီး အခင်းဖြစ်ရာ နေရာတစ်ဝိုက်တွင် ယာဉ် ကြောများ ပြင်းထန်စွာပိတ်ဆို့နေသဖြင့် ပြည်သူများကို လမ်းလွှဲသွားရန် သတိပေးထားသည်။

 

ချီချန်းရန်သည် အကြီးတန်းအရာရှိများနှင့် အရေးကြီးအစည်း အဝေးတစ်ခုတွင်ရှိနေစဉ် အစည်းအဝေးများကိုအနှောင့် အ ယှက်ပေးခဲသော အတွင်းရေးမှူးမှဝင်လာပြီး ချီချန်ယန်နား ကပ်ကာ လုလီ၏ကားမတော်တဆမှု သတင်းကို တီးတိုးပြော ဆိုခဲ့သည်။

 

သတင်းကြားသည်နှင့် သူချက်ချင်း မတ်တပ်ရပ်လိုက်ကာ အကြီးတန်းအရာရှိများကို အစည်းအဝေးဖျက်သိမ်းကြောင်း ကြေငြာခဲ့သည်။

 

အတွင်းရေးမှူးသည် ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် အခြား senior တစ်ယောက်မှ ရှင်းပြပေးခဲ့သည်။ ချီချန်းရန်သည် ဗဟိုဆေးရုံသို့ ကားကို မောင်းထွက်လာခဲ့သည်။

 

ဆေးရုံသို့သွားရာလမ်းတွင် ချီချန်းရန် သည် စတီယာရင်ကိုကိုင်ပြီး ဒါက အိမ်တောင်သည်ဘဝဆိုတာလား ဟု တွေးတောရင်းမှင်တက်သွားသည်။

 

နှစ်ဦးကြားတွင် ခံစားချက်မရှိသည့်တိုင်အောင် ဥပဒေအရ လင်မယားဆက်ဆံရေးရှိပါက တစ်ယောက်တွင် အရေးပေါ်အခြေအနေဖြစ်ပွားပါက ပထမဆုံးအသိပေးခံရမည့်သူမှာ သက်ဆိုင်သူသာဖြစ်သည်။

 

ချီချန်းရန်နှင့် လူလီတို့သည် တရားဝင်လင်မယားဖြစ်သော် လည်း လွန်ခဲ့သော သုံးနှစ်အတွင်း မပျော်ရွှင်မှုများ မကြုံခဲ့ရပေ။ သူနှင့်လုလီတို့သည် တရားဝင်စုံတွဲများဖြစ်ကြသော် လည်း ဖြတ်သန်းလာသည့် သုံးနှစ်တာကာလအတွင်းတွင် နွေးထွေးကြင်နာသော အပြုအမူများမရှိခဲ့ကြပေ။ သို့သော် ယခု လုလီယာဉ်တိုက်မှုဖြစ်သောအခါ သူ တကယ်ပင် စိုးရိမ်ပူပန်နေမိသည်။

 

ဥပဒေအရ တာဝန်ရှိသည်ဖြစ်စေ ကိုယ်ရည်ကိုယ်သွေးကျင့် ဝတ်အရဖြစ်စေ လူလီသည် သူ၏ဇနီးဖြစ်သည့်အတွက် သူမအား ဂရုစိုက်ရန်တာဝန်ရှိသည်။ ထို့ကြောင့် လုလီထံပထမဆုံးရောက်ရှိကာ တာဝန်ယူရမည့်သူမှာ ခင်ပွန်းဖြစ်သည့် သူပင်ဖြစ်သည်။

 

လုလီအား အရေးပေါ်ခန်းမှ ပုံမှန်အခန်းသို့ ပြောင်းရွှေ့ထားပြီးဖြစ်သည်။ ဆရာဝန်ရုံးခန်းအတွင်း၌ ယူနီဖောင်းဝတ် ရဲများနှင့် အဖြူရောင် ဂျူတီကုတ်များဝတ်ဆင်ထားသော ဆရာဝန်များ စုဝေးနေကြသည်။

 

အားလုံးသည် ဩဇာအရှိန်အဝါကြီးသော လူငယ်တစ်ဦးနှင့် မျက်နှာချင်းဆိုင်လိုက်ကြသည်။

 

ချီချန်းရန် ရဲနှင့် ဆရာဝန်ထံမှ အခြေအနေကိုသိရှိသွားဟန်ရှိသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းမှာ  ကုန်တင်ကား စည်းကမ်းဖောက်ဖျက်ပြီး လမ်းမကြီးပေါ်သို့ မောင်းနှင်လာခြင်းဖြစ်ကြောင်းသိရသည်။ ဘရိတ်စနစ်ပျက်စီးခြင်းကြောင့် လူလီ၏ကားကို နောက်မှတိုက်မိခြင်းဖြစ်ကြောင်းရှင်းပြခဲ့ကြသည်။

 

ကုန်တင်ကားမောင်းသူသည် အပြင်းအထန်ဒဏ်ရာရပြီး လက်ရှိတွင် ကယ်ဆယ်ကုသမှုခံယူနေဆဲဖြစ်သည်။ကံကောင်း ထောက်မစွာဖြင့် Bentley ကားပေါ်ရှိ လူသုံးဦးလုံး၏ အခြေအ နေမှာ စိတ်ချရသော အနေထားတွင်ရှိနေခဲ့သည်။

 

 

အနောက်ဘက်မှ ဝင်တိုက်မိတာကြောင့် Bentley ကား၏ အကာအကွယ်လေအိတ်ထွက်လာပြီး ရှေ့ခန်းရှိ ယာဉ်မောင်းနှင့်လက်ထောက်တို့မှာ အဆင်ပြေပြီး ပြဿနာရှိသူမှာ အနောက်ခုံတွင်ရှိသော လုလီ ဖြစ်သည်။

 

ဆရာဝန်သည်  ချီချန်းရန်အား လုလီ၏အခြေအနေကို ရှင်းပြခဲ့သည်။ အရိုးထိခိုက်မှုမရှိဘဲ အနောက်မှဝင်တိုက်သောအရှိန်ကြောင့် ဦးခေါင်းပိုင်းတွင် ရှေ့ခုံနှင့်ထိမိသော နဖူးဒဏ်ရာရသွားပြီး အလှချုပ်ရိုးများဖြင့် ကုသထားပြီး  ချုပ်ရိုးဖြေစရာမလိုပဲ သူ့အလိုလိုပျောက်ကွယ်သွားမည်ဖြစ်ကာ အမာရွတ် ကျန်ခဲ့မည်မဟုတ်ကြောင်းနှင့် လူနာနိုးလာပါက နှစ်ရက်ခန့် စောင့်ကြည့်ပြီးမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ချီချန်းရန် ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီးနော  ချင်ရုန်လမ်း လျှောက်နိုင်သည်ကို မြင်လိုက်ရသည်။ သူ ဘာမှမဖြစ်ပေမယ့် သူဌေး၏ဇနီးဖြစ်သူမှာ ကုတင်ပေါ်တွင် သတိလစ်မေ့‌မြောနေ သည်ကို ကြည့်ရင်း ချင်ရုန်မျက်နှာထက် နက်ရှိုင်းသောဝမ်းနည်းရိပ်များ ဖုံးလွှမ်းနေသည်။

 

ချီချန်းရန်သည် ယုတ္တိမဲ့သူမဟုတ်သည့်အတွက် ချင်ရုန်အား အနားယူစေပြီး မတော်တဆမှု၏ နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများကို သူနှင့်အတူလိုက်ပါလာသော အတွင်းရေးမှူးကျောက်ထံ လွှဲအပ်ခဲ့သည်။

 

ချီချန်းရန်သည် အကျိုးအကြာင်း ဆီလျော်အောင် မတွေးတက်သော သူမဟုတ် သောကြောင့် ချင်ရုန်အား ကောင်း ကောင်းအနားယူစေပြီး မတော်တဆမှု၏နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများကို သူနှင့်အတူလိုက်ပါလာသော အတွင်းရေးမှူးကျောက်အား လွှဲအပ်ခဲ့သည်။

 

ကုန်တင်ကားတစ်စီးမှ ဇိမ်ခံကားအား ဝင်တိုက်မိသည်ဟူသော သတင်းရသောအခါ မီဒီယာသတင်း ထောက်အချို့ကသတင်း ဖော်ပြလိုကြသည်။ ဇိမ်ခံကားများပါဝင်သော မတော်တဆမှုမျိုးသည် ရှားပါးသောကြောင့်  လူအများသည် Bentley အတွင်းရှိ လူ၏ကိုယ်ရည်ကိုယ်သွေးကို အထူးစူးစမ်းလိုစိတ်ပြင်းပြလျက် ရှိနေသည်။

 

 

ချီချန်းရန်သည် အတွင်းရေးမှူးအား ထိုမီဒီယာသတင်းထောက်များကို အရင်ဆုံးပယ်ဖျက်ရန် ညွှန်ကြားခဲ့ပြီး ကိစ္စကို လျှို့ဝှက်ထိန်းသိမ်းရန် စနစ်တကျဆောင်ရွက်စေခဲ့သည်။ ချီမိသားစုနှင့် လုမိသားစု နှစ်ခုစလုံးသည် သတင်းမီဒီယာ၏ အာရုံစိုက်မှုကို ရှောင်ရှားလိုကြသည်။

 

အရာအားလုံးကို ကိုင်တွယ်ပြီးနောက် ချီချန်းရန်သည် လုလီ ၏ အခန်းအပြင်ရှိ ဆိုဖာပေါ်တွင် ထိုင်ကာ အခြေအနေကို သတင်းပို့ရန် ယောက္ခမဖြစ်သူ လုဟမ်ရုန်ထံသို့ ကိုယ်တိုင်ဖုန်းဆက်၍ အခြေအနေကို အစီရင်ခံခဲ့သည်။

 

အတွင်းရေးမှူးသည်  မြို့တော် S ရှိ ချီမိသားစုဖြစ်သော သူထံ ဆက်သွယ်ပြီး လုမိသားစုထံဆိုလျှင် ချီချန်းရန်ကိုယ်တိုင် ဖုန်းဆက်ရန်လိုအပ်သည်။

 

လူလီ၏မိဘများသည် သမီးဖြစ်သူ ယာဉ်တိုက်မှုဖြစ်ကြောင်း သိရှိပြီးနောက် စိုးရိမ်တစ်ကြီး သီးသန့်လေယာဉ်ဖြင့် အမြန်ပျံသန်းလာရန် စိတ်အားထက်သန်ခဲ့ကြသည်။ ချီချန်းရန်  သည် အခြေအနေကိုအသေးစိတ်ရှင်းပြခဲ့ပြီး နဖူးပေါက်ရုံကလွဲပြီး လုလီဘေးကင်းကြောင်း အထပ်ထပ်အာမခံခဲ့သည်။ ထိုသတင်းကို ကြားပြီးနောက် လုဟမ်ရုန်သည် လေယာဉ်ဖြင့်လာရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ ဖုန်းချခါနီးတွင် လုလီအား ဂရုစိုက်ရန် ချီချန်းရန်အား အသိပေးခဲ့ပြီး သူမ နိုးလာပါက ဘေးကင်းခြင်းရှိ၊ မရှိ အကြောင်းကြားရန်တိုက်တွန်းခဲ့သည်။

 

ကွာရှင်းခြင်းနှင့်ပတ်သက်၍ လုလီပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်းမှ  ဆွေးနွေးရန်သဘောတူခဲ့သည်။

 

ချီချန်းရန်လည်း ထိုအချက်ကိုသဘောတူလိုက်သည်။