Ch 9
Viewers 55

🍭 Chapter 9

🍭 Empty Woman (3)

 

 

 

လုလီ ထိုအချက်ကို လက်ခံလိုက်ပြီး တည့်တည့်မတ်မတ်ပြန်ထိုင်ကာ "နင့်ချစ်သူက ဘယ်သူလဲ၊ ဘယ်လိုပုံစံရှိလဲ?"

 

ချောင်ကျာယိ ချက်ချင်းပင် ရယ်မောလာပြီး ဖုန်းကိုထုတ်ကာ ဓာတ်ပုံတစ်ပုံကို ပြလာသည်။

 

"သူက နင့်လောင်ကုန်းလောက်တော့ အရမ်းကြီးကြည့်မကောင်းဘူး”

 

ချောင်ကျာယိ၏ ချစ်သူသည် နိုင်ငံခြားတွင်ကျောင်းတက်နေသော အတန်းဖော်ဟောင်းဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် ငယ်စဉ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် သိခဲ့ကြပေမယ့် ဘယ်တော့မှ သူငယ်ချင်းစည်းကိုမကျော်ဖြတ်ကြပေ။ နိုင်ငံရပ်ခြားတွင် နှစ်အတော်ကြာပညာသင်ကြားပြီးနောက် နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ခံစားချက်များကို နားလည်လာကြသည်။ ယခု အိမ်ပြန်ရောက်ချိန်တွင် ၎င်းတို့  သဘာဝအတိုင်း ဆုံစည်းခဲ့ကြသည်။

 

နားထောင်ပြီးနောက်  လုလီ ဖုန်းကို ချောင်ကျာယိအားပြန်ပေးလိုက်ပြီး “ရည်စားရသွားတဲ့အတွက် ဂုဏ်ယူပါတယ်"

 

ချောင်ကျာယိက  "နောက်ပိုင်း နင်ရှေ့မှာ အချိုတွေကို ထုတ်မပြဖို့ ကြိုးစားပါ့မယ်၊ ငါ့ချစ်သူက နင့်ကို သူ့သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ သေချာပေါက် ဖယ်ထုတ်လိုက်လိမ့်မယ်"

 

 á€œá€Żá€œá€Ž ဘာမှမထူးခြားတဲ့အကြည့်ဖြင့် တုံ့ပြန်လိုက်သည်။

 

ချောင်ကျာယိ  လုလီကိုကြည့်ပြီး “နင့်မှာလည်း လောင်ကုန်းရှိတာပဲလေ၊ ငါတို့ဆက်ဆံရေးက ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး”

 

လုလီ၏မျက်လုံးများက "သူ ဘယ်လိုလူလဲဆိုတာ နင်မသိဘူးလား?” ဟု ထင်ရှားစွာမေးခွန်းထုတ်လိုက်သည်။

 

ချောင်ကျာယိ တိတ်ဆိတ်နေခဲ့သည်။

 

ချောင်ကျာယိနှင့်လမ်းခွဲပြီးနောက်  လုလီသည် ချီချန်းရန်အ သစ်ဝယ်ပေးထားသော Bentley ကားနောက်ခန်းတွင် ထိုင်လိုက်သည်။

 

ချင်ရုန် သည် နောက်ကြည့်မှန်မှတဆင့် လုလီအား အကဲခတ်ကြည့်လိုက်ရာ သူမမျက်နှာညှိုးနေသည်ကို တွေ့လိုက်ရသည်။

 

ချင်ရုန် အံ့ဩသွားသည်။

 

လုလီသည် ချောင်ကျာယိနှင့် လည်ပတ်ဖို့အပြင်ထွက်တိုင်း အမြဲပျော်ရွှင်နေလေ့ရှိသော် လည်း ယခု ပထမဆုံးအကြိမ်အဖြစ် ဝမ်းနည်းသည့်အရိပ်အယောင်များ ယှက်ပြေးနေသည်။

 

၎င်းတို့ကြားတွင် မလွဲမသွေ ကွဲပြားမှုများရှိလာပုံရသည်။ နှစ်ယောက်သား စကားများလာကြတာပဲဖြစ်ရမည် ချင်ရုန်တွေးလိုက်သည်။

 

လုလီ ကားပြတင်းပေါက်မှ အပြင်ဘက်ကိုငေးကြည့်နေမိသည်။

 

သူ အတွေးထဲနှစ်မြှုပ်သွားပြီး ခေါင်းကို ငုံ့ကာ ဖုန်းဖွင့်ပြီး Moments ကို လှန်ကြည့်လိုက်သည်။

 

ချောင်ကျာယိသည် နာမည်ကြီး snack bar တစ်ခုတွင် ချစ်သူနှင့် လက်ချင်းချိတ်ကာစားသောက်နေပုံကို သူမ၏သူငယ်ချင်းအသိုင်းအဝိုင်းမှ  ပို့စ်တင်ထားသည်ကို တွေ့လိုက်ရသည်။ ဓာတ်ပုံထဲတွင် နှစ်ယောက်လုံး လက်တွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြပြီး ကျန်တစ်ဖက်တွင် ပန်းရောင်ရေခဲ   မု န့်ကိုကိုင်ထားသည်။

 

လုလီ Like လုပ်ရန် နှိပ်လိုက်သော်လည်း အဆိုပါပို့စ်သည် ပျောက်ကွယ်သွားသည် ။

 

ဤသည်မှာ ချောင်ကျာယိဘက်မှ သူမကို ပိတ်ဆို့လိုက်ခြင်းဖြစ်ရာ ထို့အတွက်မထူးဆန်းပေ။

 

လုလီသည် WeChat နှင့် Weibo ကိုဖွင့်ကာ သူမ၏ idol တွေနှင့်ဆက်သွယ်ဖို့ စဉ်းစားလိုက်သည်။ ဤသည်ကမှ သူမ စိတ်ပျော်ရွှင်မှုကို ပြန်ဖမ်းဆုပ်နိုင်မည်ဖြစ်သည်။

 

လုလီသည် Weibo ရှိ စူပါချတ်အားလုံးကို လော့အင်ဝင်ရောက်ကာ Fandom အတွက် ထောက်ခံမှုကိုဝယ်ယူပြီး သူ့အိုင်ဒေါ၏ နောက်ဆုံးထွက် အလှဓာတ်ပုံများကို မျက်စိအစားကျွေးပြီးမှ စိတ်သက်သာရာရသွားသည်။

 

ထို့နောက် လုလီ သူမ၏ personal account ကို ပြောင်းဝင်လိုက်စဉ် မနေ့က ဆွေးနွေးခဲ့ကြသည့် “ဒီစုံတွဲအတုအယောင်က အဲ့အရာကိုလုပ်ပြီးပြီးလား?” ဟူသော ခေါင်းစဉ်၏ရလဒ်ကို တွေ့ရှိခဲ့သည်။

 

အပြင်းအထန် ဆွေးနွေးပြီးနောက် အားလုံးကဘယ်တော့မှ မဖြစ်နိုင်ဟု တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။

 

ဒီအတုအယောင်စုံတွဲက တစ်ယောက်ကို တစ်ယောက်ကြည့်ဖို့တောင်ငြီးငွေ့နေကြပြီး ဓာတ်ပုံတွေထဲမှာလည်း  နီးနီးကပ်ကပ်မရှိကြဘူး၊ အတူတူအိပ်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

 

ထို့ကြောင့် သဘာဝအတိုင်း ၎င်းတို့က 'ဒါ' ကို မလုပ်ခဲ့ဘူး ဟု ကောက်ချက်ချခဲ့ကြသည်။

 

မနေ့ညကမှ လောလောလတ်လတ် 'ဒါ' ကိုလုပ်ခဲ့တဲ့  လုလီ  အနည်းငယ်ရှက်သွားပြီး မျက်နှာထူပူသွားသည်။

 

အွန်လိုင်းတွင် ထင်ကြေးပေးနေကြသည့် အများစုသည် လောကကြီး၏နိယာမကို မမြင်ဖူးသေးသည့် အထက်တန်း ကျောင်းသားများ ဖြစ်နိုင်သည်ဟု လုလီ ခံစားမိသည်။ သူမနှင့် ချီချန်းရန်တို့သည် အရွယ်ရောက်ပြီးသူများဖြစ်သည့်အလျှောက်၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ခွဲခွဲခြားခြား သိမြင်နိုင်သော သူများဖြစ်သည်။

 

လုလီသည် တနေ့က သူ့အဖေ၏ အတွင်းရေးမှူးမှ ပေးပို့ခဲ့သည့် WeChat မက်ဆေ့ချ်ကို သတိရပြီး ချီချန်းရန်အကြောင်း တွေးလိုက်သည်။

 

ချစ်ခြင်းမေတ္တာမရှိသော်လည်း ချမ်းသာသောအိမ်ထောင်ရေးသည် မဆိုးလှဟုထင်ခဲ့ဖူးသည်။ သို့သော် တစ်ဦးတည်းသောသူငယ်ချင်းမှ အချစ်ကိုရှာတွေ့ခဲ့သည့်အခါ သူမအိမ်ထောင် ရေးသည် အလွန်ဗလာဖြစ်ခဲ့ကြောင်း သူမ သိလိုက်ရသည်။

 

ချစ်ခြင်းမေတ္တာ၏ ဟာကွက်ကို ဖြည့်တင်းဖို့ရန် အိုင်ဒေါတွေနောက် လိုက်ရင်း၊ ဇာတ်လမ်းတွေကြည့်ရင်း၊ အဝတ်အစားတွေဝယ်ရင်းနေ့တိုင်းအလုပ်များနေခဲ့သည်။

 

သူမတွင် ချစ်သူမထားခဲ့ဖူးပဲ အတွေ့အကြုံမရှိ အိမ်ထောင်ပြုခဲ့သူဖြစ်သည်။

 

ချီချန်းရန်သည် အလုပ်ထဲတွင် အမြဲနစ်မြုပ်နေတက်ပြီး သူမနှင့် တူညီသော အရာများရှိ မနေပေ။အတူတူ စားသောက်ခြင်းမရှိကြသလို ဆန္ဒဖြည့်တင်းသည့်အချိန်မှလွဲ၍ ပုံမှန်ဆို အခန်းခွဲအိပ်ကြသည်။ ရံဖန်ရံခါ စကားစမြည်ပြောဆိုခြင်းမှလွဲ၍ များသောအားဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ပေ။

 

ထိုအတိုင်းသာ ဆက်သွားနေပါက ချီချန်းရန် အပြင်မှာစားပြီး ဗိုက်ပြည့်နေမှာကို မစိုးရိမ် သင့်ပဲ ဆွဲဆောင်မှုရှိပြီး စျေးပေါတဲ့ အပြင်က ယောက်ျားတွေရဲ့သွေးဆောင်မှုကို သူမ ခံနိုင်ရည်မရှိမှာကို စိုးရိမ်ရမည်ဖြစ်သည်။

 

 

အဆုံးတွင်မူ စိတ်ဟာကွက်ဖြစ်နေသောအမျိုးသမီးသည် ယခုချိန်တွင် သူမအား ငါးစာချလာပါက ချက်ချင်းဖမ်းဆွဲမိမည်ထင်သည်။

 

ထိုအတိုင်းသာ တကယ်ဖြစ်လာလျှင် ခေါင်းစီးများ၌ လုံးဝကို တုန်လှုပ်ခြောက်ခြားသွားလိမ့်မည်။

 

‘နှစ်ပေါင်းများစွာ မုဆိုးမကဲ့သို့ နေခဲ့ရသော ချမ်းသာသည့် အမျိုးသမီးငယ်လေးသည် စိတ်၏ဟာကွက်ကိုဖြည့်တင်းဖို့ ထိုသို့သောအမှုကို လုပ်ခဲ့သည်!’

 

လုလီဆံပင်တွေထောင်မတ်သွားပြီး အန္တရာယ်ရှိသော အတွေးများကို အမြန်ရပ်လိုက်ရသည်။

 

နှစ်ပေါင်းများစွာ မုဆိုးမကဲ့သို့နေခဲ့ရသဖြင့် သူမ နှလုံးသားသည် အနည်းငယ် ဗလာ ဖြစ်နေကြောင်း ဝန်ခံသော်ငြားလည်း အပြင်က ဖြားယောင်းတတ်တဲ့ယောက်ျားတွေရဲ့ စွဲဆောင်မှုကို မည်သည့်အ ခါမှ လိုက်စားမည်မဟုတ်ချေ။ သူမသည် အပေါ စားဆက်ဆံရေးများတွင် ပါဝင်တက်သော ပေါပေါလောလော မိန်းမတစ်ယောက်မဟုတ်ပေ။

 

 á€œá€Żá€œá€Ž အံကြိတ်လိုက်သည်။

 

အမြဲလိုလို ခံစားချက်ကင်းမဲ့သော အငွေ့အသက်များကိုသာ ထုတ်လွှင့်လေ့ရှိသော ချီချန်းရန်သည်  အိမ်ထောင်ဖက်အဖြစ် သူမ လိုချင်တဲ့စံနှုန်းများနှင့် ကိုက်ညီမှုမရှိသလို သူ၏ပင် ကိုယ်စရိုက်ကလည်း လုလီနှင့် လုံးဝ မလိုက်ဖက်ပေ။မနေ့ညကစပြီး ၎င်းတို့၏ လင်မယားခန်းမှာ သဟဇာတမဖြစ်တော့ပဲ ဤအတုအယောင် အိမ်ထောင်ရေးကို တစ်သက်လုံးထိန်းထားနိုင်မည်ဟု လုလီ မထင်တော့။ ၎င်းတို့ တစ်နေ့တော့ ကွာရှင်းပြတ်စဲကြမည်ထင်သည်။

 

ကွာရှင်းပြတ်စဲပြီးနောက် ဤအိမ်ထောင်ရေးတာဝန်ကိုပြီး မြောက်ခဲ့ပြီးဖြစ်၍  ထို့နောက်တွင် သူမ ရှေ့ဆက်ဘာလုပ်မည်ကို ဆုံးဖြတ်မည်ဖြစ်သည်။

 

ချီချန်းရန်လည်း အိမ်ထောင်ပြုဖို့သက်သက် တစ်ယုတစ်ယ ပျိုးထောင်ခံခဲ့ရသော သူမကိုကြိုက်လောက်မည်မထင်ပေ။ သို့သော် လုလီကတော့ သူလိုမျိုး ရုပ်ဖြောင့်ပြီး ကြည့်ကောင်းသည့် ယောကျာ်းမျိုးသ‌ဘောကျသည်။ သူမ ကွာရှင်းပြီးရင် သူကဲ့သို့ အဆင်လေးကို ဧကန်မုချရှာပြီး ချစ်စရာကောင်းတဲ့အပြုအမူများနှင့်နေ့တိုင်း ထိုအမျိုးသားကိုအဆုံးမသတ်ဘဲ ပွေ့ဖက်ရန်တွေးထားသည်။

 

သူမ ဒါကိုတွေးရင်း သူ့ရှေ့အနာဂတ်ကို မြင်ယောင်လိုက်သလို ခံစားလိုက်ရပြီး ခိုင်ခိုင်မာမာ ခေါင်းညိတ်လိုက်သည်။

 

“လောင်ကုန်း...နှုတ်ဆက်ခဲ့ပါတယ်”

 

သူမ အတွေးထဲနစ်မွန်းနေတာကြောင့် ထိန်းချုပ်လို့မရတော့သည့် ထရပ်ကားကြီးတစ်စီး သူ့ကားနောက်ပိုင်းအားဝင်တိုက်လိုက်သည်ကို သတိမထားမိခဲ့ပေ။

 

 

 

စာရေးသူမှာ ပြောစရာရှိတယ်။

 

 

မတော်တဆမဖြစ်ခင် လုလီ - ကြယ်တွေနောက်လိုက်ရတာ သူမရဲ့တစ်ခုတည်းသောပျော်ရွှင်မှုပဲ

 

မတော်တဆဖြစ်ပြီးနောက် လုလီ - "ငါ့ လောင်ကုန်းနဲ့ပဲ ပျော်တယ်!"