Ch 8
Viewers 57

🍭 Chapter 8

🍭 Empty Woman (2)

 

 

 

မြို့လယ်ခေါင်ရှိ အသစ်ဖွင့်ထားသော နာမည်ကြီး အချိုပွဲဆိုင်၏အခန်းထောင့်တွင် ဒေါသတကြီး စကားပြောနေကြသော  အမျိုးသမီးနှစ်ယောက်ရှိသည်။

 

"ဒီဖေ ****! အဲ့ကောင်မှာ ဇနီးနဲ့ ကလေးတစ်ယောက်ရှိနေပြီး ပရိသတ်တွေပေးတဲ့ ပစ္စည်းတွေကိုတောင် သူ့မယားက ပြန်ရောင်းနေသေးတယ်၊ အရှက်ခွဲလိုက်ရပြီးမှ ကျေးဇူးပြန်ဆပ်နေတာလား? သူ့မှာ အရှက်ရှိရင် အခုချိန်မှာ ပရိသတ်တွေက ဒူးထောက်မတက် တောင်းပန်နေရမှာ၊ အဘွားကြီးက သူ့ဆီက ပိုက်ဆံချူစားနေတာ၊ ဘာမှမပေးဖူးတဲ့အပြင် ပရိသတ်တွေကိုတောင် ကြိမ်းမောင်းနေသေးတယ်တဲ့လား ? ငါတို့ အားပေးတဲ့ အိုင်ဒေါရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဝင်စွက်ခွင့်မရှိတော့ဘူးလား? ဒီသောက်ကောင်ကလည်း ငါတို့ကို ငွေသုံးခိုင်းထားပြီး အခု သူ့မိန်းမက ငါတို့ပေးထားတာတွေကို ပြန်ရောင်းထုတ်နေတာကို ဒီတိုင်းထိုင်ကြည့်နေတာလား? သူ့မှာ မယားနဲ့ကလေးရှိတာ ဘာလို့မပြောတာလဲ? သူ့မယားကို ငွေသုံးခိုင်းဖို့ ဘာလို့မတောင်းတာလဲ?"

 

လုလီသည် ခွက်ထဲရှိ ဖရဲသီးဖျော်ရည်ကို ပိုက်ဖြင့် မွှေနှောက်လိုက်ပြီး ၎င်းတို့အားပေးသော idol အကြောင်းကို ဒေါသတကြီးပြောနေသည့် ချင်ကျောင်ယိ၏ ကဲ့ရဲ့သံများကို နားစွင့်နေမိသည်။ သူမရံဖန်ရံခါ ခေါင်းကိုညိတ်ပြီး “အင်း” ဟု ပြန်ဖြေပေးနေသည်။

 

ချင်ကျောင်ယိသည် မနေ့ညက သတင်းတက်လာသည့်  လျှို့ ဝှက်လက်ထပ်ပြီး ဇနီးနှင့်ကလေးပင်ရှိနေသောအမျိုးသား idol အား ပြစ်တင်ကြိမ်းမောင်းနေခြင်းဖြစ်သည်။ သူတို့၏အိမ် ပြိုကျသွားသဖြင့် ဒေါသတကြီးဖြစ်နေသည်ကို လုလီ နားလည်နိုင်သည်။

 

ထိုအပြင် သူမ၏ fan account တွင်လည်း အဆိုပါ idol အား ကြိုတင် ပြစ်တင်ပြောဆိုပြီးသားဖြစ်သည်။

 

များသောအားဖြင့် ၎င်းတို့၏နေထိုင်မှုပတ်ဝန်းကျင်အနေအ ထားအရ နာမည်ကြီးတွေနှင့် ဆက်သွယ်ရဖို့ မခက်ခဲလှပေမယ့် ကြယ်နောက် ခက်ခက်ခဲခဲ လိုက်ရသည့် ခံစားချက်အစစ် အမှန်ကို လိုချင်သည်။ထို့ကြောင့် နှစ်ယောက်လုံးသည် ၎င်းတို့၏နောက်ခံ Background ကို အသုံးချပြီး အိုင်ဒေါတွေနှင့် ရင်းနှီးမှုရယူဖို့ မကြိုးစားခဲ့ကြပေ။အတင်းအဖျင်းများအပြင် အတွင်းသတင်းများကို ရှောင်ရှားခဲ့သည်။ထိုသို့ ခပ်လှမ်းလှမ်းတွင် နေခဲ့ကြသဖြင့် ၎င်းတို့သည် အတွင်းဇာတ်လမ်းများနှင့်အလှမ်းဝေးခဲ့ရပြီး အတွင်းမီးလောင်မြိုက်ကာ အိမ်ပြိုကျခဲ့ရသည်။

 

ချင်ကျောင်ယိ နှလုံးသားစုန်းစုန်းမြုပ်သွားသည်။

 

လုလီ  "ဘာမှ ခံစားမနေနဲ့၊ ဒီတစ်ယောက်မရှိရင် နောက် idol ပြောင်းလို့ရတယ် ၊ ဘာမှမဖြစ်ဘူး ”

 

ချင်ကျောင်ယိ အပြစ်တင်ပြောဆိုရင်း မောပန်းလာသဖြင့် ပိုက်ကို ကိုင်ကာ ခွက်ထဲရှိ လီမွန်တီးကို ခွက်တစ်ဝက်ခန့် စုပ်ယူလိုက်သည်။

 

ထို့နောက် သူ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး အိုင်ဒေါနံရံပြိုကျသည်ကိုပင် ဂရုမစိုက်ဟန်ဖြစ်နေသည့် လုလီအား ကြည့်ရင်း အကြောင်းအရာပြောင်းလဲလိုက်သည်။

 

"ချီချင်းရန် အလုပ်ခရီးက ပြန်ရောက်ပြီလား ? မနေ့က တယောက်ယောက်ပြောနေတာ ကြားလိုက်တယ်"

 

ချီချင်းရန်အား မန်းရှင်းခေါ်လိုက်သည်နှင့် လုလီ၏ နှုတ်ခမ်းများတောင့်တင်းသွားပြီး "အင်း"

 

ချင်ကျောင်ယိ ခေါင်းကို ခါယမ်းရင်း သက်ပြင်းချကာ " ရိုးရိုးသားသားပြောရရင် နင်နဲ့ ချီချင်းရန်ရဲ့ အိမ်ထောင်ရေးက သုံးလထက်ပိုမကြာနိုင်ဘူး ငါထင်ထားခဲ့တာ၊ ဒါပေမယ့် အခုသုံးနှစ်တောင်ရှိနေပြီ၊ ဒါက  တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တဲ့အနေအထားပဲ” သူမ ပြောရင်းလက်မထောင်ပြလိုက်သည်။

 

"နင်တို့လို အတုအယောင်စုံတွဲတွေက တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် နားလည်မှုရှိကြမှန်း ငါသိခဲ့ရပြီ၊ ဒီတိုင်းဆို နင့်အိမ်ထောင်ရေး က တစ်သက်လုံး ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်နော်၊ ဘာပဲဖြစ်ဖြစ် လူရှေ့မှာ အရမ်းတွေချစ်ပြပြီး လက်ထက်ပြီး နှစ်နှစ်အတွင်း ကွာရှင်းတဲ့ အတွဲတွေထက်တော့ ပိုကောင်းသေးတယ်”

 

လုလီ  ခဏရပ်ခိုင်းလိုက်သည်။

 

ဒီစကားလုံးတွေက သူမအတွက် ဘာကြောင့်အဆင်မပြေဖြစ်ရတာလဲ?

 

သူမသည် ဆန့်ကျင်ဘက်ရှိ ချင်ကျောင်ယိ ကိုကြည့်ကာ "နင် ငါ့ကိုတွေ့ဖို့ ချိန်းတာ ဘာပြောစရာရှိလိုလဲ? အဲ့ ဖောက်ပြန်တဲ့ အိုင်‌ဒေါအကြောင်းပြောဖို့ပဲလား?”

 

သို့မှသာ ချင်ကျောင်ယိ ဒီနေ့ထွက်လာရခြင်း၏အဓိကရည် ရွယ်ချက်ကို သတိရသွားသည်။  သူမ အနောက်သို့အနည်း ငယ် မှီထားလိုက်ရင်း လျှို့ဝှက်သောအမူအရာ ပြလိုက်သည်။ "နိုး...၊ မဟုတ်ဘူး"

 

လုလီ : "ဒါဆို ဘာလဲ?"

 

ချင်ကျောင်ယိ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ရှေ့က idol ဟောင်းကို ပြစ်တင်ပြောဆိုခဲ့သည့်ပုံစံနှင့် လုံးဝကို ကွဲပြားသွားသည်။

 

သူမသည် အိမ်ထောင်ရေးတွင် မုဆိုးမတစ်ယောက်လိုဖြစ်နေသော လုလီအား စာနာစိတ်ဖြင့် ဂရုတစိုက်ကြည့်ရင်း အသက် ပြင်းပြင်းရှူကာ နောက်ဆုံးတွင် "ငါ... ငါ ရည်းစားရနေပြီ”

 

လုလီ ပါးစပ်အဟောင်းသားဖြင့် အံ့ဩတကြီး ကြည့်လာသည်။

 

လုလီ ရှက်ရွံ့နေသော ချင်ကျောင်ယိကို မျက်နှာမူကာ 'F*ck' ဟု  ထွေးထုတ်လိုက်သည်။

 

ချောင်ကျာယိသည် လုလီအား အပြစ်ရှိကာ အားတုံ့အားနာဖြစ်နေသော မျက်နှာအမူအရာဖြင့်ကြည့်လာပြီး

 

"လီလီ၊ ငါတောင်းပန်ပါတယ်။ ငါ နင်အတွက် တကယ်အားနာရတယ်"

 

လုလီ  ကိုင်ထားသောပိုက်ချောင်းကိုချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့်  တစ်ကိုယ်လုံးကို ဆိုဖာအနောက်ဘက်သို့ နောက်ပြန်လှဲချလိုက်သည်။

 

သူမ မျှော်လင့်ချက်ကင်းမဲ့ဟန်ဖြင့် ချောင်ကျာယိကို စူးစူးရဲရဲ ကြည့်လိုက်သည်။

 

သူ ငါ့ကို ခေါ်တာ အိုင်ဒေါကိစ္စမဟုတ်ပဲ သူ့မှာ ဘဲရှိနေပြီဆိုတာ ကြောငြာဖို့ ခေါ်လိုက်တာလား?

 

ချောင်ကျာယိ ဒါ ဘာကိုဆိုလိုတာလဲဆိုတာ လုလီသိသည်။

 

ဒီကမ္ဘာတွင် စင်ဂယ်နှင့်စင်ဂယ် မဟုတ်သော အမျိုးသမီးနှစ်ယောက် သွားအတူ လာအတူ အမြဲအတူတူ ရှိခဲ့ကြသည်။သူမသည် စင်ဂယ်မဟုတ်သော်ငြားလည်း စင်ဂယ်ထပ်ပင် ပိုကောင်းနေသေးသည်။ အခုချောင်ကျာယိ စင်ဂယ်ဘဝမှ ရုန်းထွက်နိုင်ပြီဆိုတော့ နောက်ပိုင်း သူအပြင်ထွက်ပျော်ဖို့ ပထမဆုံး ရွေးချယ်မှုမှာ လုလီမဟုတ်ပဲ သူ့ရည်းစားက ပထမဦးစား ပေးဖြစ်လာတော့မည်ဖြစ်သည်။

 

ပြီးနောက် သူမ၏ ချိုမြိန်သော အချစ်ဇာတ်လမ်းများကို နား ထောင်ရချိန်တွင် လုလီကတော့ အတုအယောင်လင်မယားအဖြစ်ဆက်ရှိနေမည့်သဘောပင်။

 

ဟောင်ကောင်မြို့တော်တင်မကဘဲ ဤမြို့ရှိ ချမ်းသာသော အသိုင်းအဝိုင်းမှအမျိုးသမီးများသည် ၎င်းတို့၏ ပျင်းရိဖွယ်ကောင်းသော အချိန်များကို ကုန်ဆုံးရန် အပေါင်းအသင်းများဖြင့် အပြင်ထွက်ကာ အချိန်ဖြုန်းလေ့ရှိသည်။ S မြို့တွင် လုလီအတွက် တစ်ဦးတည်းသော သူငယ်ချင်းမှာ ချောင်ကျာယိဖြစ် သည်။

 

ချောင်ကျာယိ၏ ဝမ်းနည်းသော အမူအရာဖြင့် ပြောလာသည်။ “ငါ ဒါကို အချိန်အကြာကြီး စဉ်းစားခဲ့တယ်၊ ငါ တကယ်မလုပ်ချင်ခဲ့ဘူး၊ သူနဲ့အတူရှိနေတဲ့စက္ကန့်တိုင်းမှာ ငါ့စိတ်ကို တွန်းလှန်နေခဲ့တာ၊ငါ့အတွက် တကယ့်ကို ခက်ခဲတယ်၊ဒါပေမယ့် နောက် ပိုင်းမှာ သူ…"

 

လုလီ သူမ လက်ချောင်းများကို မြှောက်လိုက်ပြီး “ဒါပေမယ့် ဘာ...ဘာဆက်ဖြစ်လဲ?”

 

ချောင်ကျာယိ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ကာ ငိုနေဟန်ပြလိုက်ပြီး”ဒါပေမယ့် ရန်သူရဲ့တိုက်ခိုက်မှုက တကယ့်ကို ချက်ကောင်းထိခဲ့တာဟာ၊ ငါ သူနဲ့ မှားခဲ့မိတယ်”

 

လုလီ : “…”