Ch 7
Viewers 56

🍭 Chapter  7

🍭 Empty Woman (1)

 

 

 

လုလီ၏ ရုတ်တရက်မေးခွန်းကြောင့် ချီချန်းရန် ကြောင်သွားသည။

 

လုလီသည် သူ့ရှေ့တွင် သူမ၏ခံစားချက်များကို ထုတ်ဖော်ပြောဆိုလေ့မရှိသော်လည်း နှစ်ယောက်သား စကားများရန်ဖြစ်တာမျိုးလည်း မရှိခဲ့ကြသည့်အပြင် တစ်ယောက်အပေါ်တစ်ယောက် လေးစားမှုရှိကြသည်။ ထို့ကြောင့် အိမ်ထောင်သက်သုံးနှစ်ကြာပြီးနောက် လုလီအပေါ် သူ့အမြင်သည် မိသားစု၏ ဆုံးဖြတ်ချက်ကို အမြဲစောင့်ဆိုင်းနေရသော အမျိုးသမီးတစ်ယောက်အဖြစ်သာရှိသည်။ သူမသည် ချမ်းသာကြွယ်ဝသော သူဌေးသမီးဖြစ်ပြီး အဝတ်အစား၊ဖိနပ်နှင့်အိတ်များဝယ်ယူခြင်းအပြင် အခြားမည်သည့် ဝါသနာရှိမရှိ သူဌေးသမီး မျက် နှာစာအောက်တွင် မည်ကဲ့သို့ စရိုက်လက္ခဏာရှိသည်ကိုတော့ သူမသိပေ။

 

ထို့မေးခွန်းနှင့်အတူ ချီချန်းရန် သူ့မျက်ခုံးများပင့်တင်လိုက်သည်။

 

သူ ငါ့ကို အပြင်မှာစားလာတာလားလို့ မေးလိုက်တာလား?

 

ဒီစကားက ငါ့စိတ်ထဲက တွေးတဲ့အတိုင်းလား? ဒါမှမဟုတ် တခြားအဓိပ္ပါယ်နဲ့မေးလိုက်တာလား ?

 

လုလီသည် ငယ်စဉ်ကတည်းကပင် နိုင်ငံခြားသို့သွားကာ အနောက်တိုင်းပုံစံ သင်ကြားမှုများတွင် ကျင်လည်ခဲ့ရသဖြင့် သူမသည် မန်ဒရင်းထက် အင်္ဂလိပ်လေယူလေသိမ်းပိုကောင်းသည်။ တခါတရံတွင် တရုတ်စာလုံးအချို့၏အဓိပ္ပါယ်ကိုပင် သူမ နားမလည်ချေ။

 

ချီချန်းရန်ဘက်မှ မည်သည့်တုံ့ပြန်မှုမရလာသော အခါ လုလီ နှလုံးသားစုန်းစုန်းမြှုပ်သွားပြီး လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်သည်။

 

သူမ စိတ်ထဲအတွေးများရှုပ်ထွေးသွားပြီး နောက်ဆုံးတွင် 'ကွာရှင်းခြင်း' ဟူသည့် အတွေးထဲသို့ သက်ရောက်သွားသည်။

 

တခြားအရာများကို ဂရုမစိုက်ရင်တောင် သူမ ဒါကိုတော့ သည်းမခံနိုင်ပေ။

 

ကံကောင်းစွာဖြင့် ချီချန်းရန်က "ကိုယ် နေ့လည်စာကို လေယာဉ်ပေါ်မှာစားလာခဲ့တယ်။ အရသာက ပုံမှန်ပဲ။ ညစာကတော့..."

 

သူ သူမဘက်သို့ မျက်လုံးအမူအရာဖြင့် အဖြေပေးလိုက်သည်။ "မင်းနဲ့ အတူစားတယ်လေ"

 

ချီချန်းရန် သူမကိုကစားနေသည်ဟု လုလီ ခံစားမိသည်။သူမ ခေါင်းငုံ့ကာ "ငါ ဒါကို သိချင်တယ်လို့ သူ ထင်နေတာလား ?"

 

ချီချန်ယန် သက်ပြင်းတစ်ချက်ချလိုက်သည်။

 

ချီချန်ယန်ကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိပဲ စိတ်ထဲက ရယ်ချင်လာသည်။

 

သူမ မေးတဲ့စကားက တကယ့်ကိုအဓိပ္ပါယ်မတူတာမို့ လုလီက အပြင်မှာစားလာမျာကိုစိတ်ပူနေသည်။

 

သို့သော် ဤစိုးရိမ်မှုသည် သူ့အပေါ် ဘာခံစားချက်မှရှိနေသော ကြောင့်မဟုတ်ဘဲ မကောင်းသတင်းထွက်လာပါက သူမ၏ ဂုဏ်သိက္ခာအား ထိခိုက်လာမည်ကို စိုးရိမ်နေခြင်းကြောင့်သာ ဖြစ်သည်ဟု ချီချန်းရန်ထင်သည်။

 

လုလီသည် ချီချန်းရန်၏သစ္စာဖောက်မှုကို ခံစားလိုက်ရပြီး ဒေါသတကြီး ကုတင်ပေါ်မှဆင်းလိုက်သည်။ ထို့နောက် သူမစိတ်ထဲတွင် ဆုံးဖြတ်ချက်ပြတ်ပြတ်သားချလိုက်သည်။ ချက်ချင်းပင် အိမ်ကိုဖုန်းဆက်လိုက်ပြီး ဤအိမ်ထောင်ရေးကို ဆက်လက်မရပ်တည်လိုတော့ကြောင်းကြေငြာခဲ့သည်။ထို့ နောက် ချီချန်ယန် သစ္စာဖောက်မှု သက်သေများကိုပို့ပြီး နောက်ဆုံးတွင် ကွာရှင်းပြတ်စဲမည်ဟု ဆုံးဖြတ်လိုက်သည်။

 

သူမ မေ့နေသည်မှာ လက်မထပ်မီ နှစ်ဦးသဘောတူညီချက်တွင်လက်မှတ်ရေးထိုးထားခဲ့သည်ကိုပင်။ နှစ်ဖက်မိသားစု၏ ရှေ့နေများမှ စာချုပ်ပါအချက်အလက်များကို အသေးစိတ်စိစစ်ပြီး အကယ်၍ ကွာရှင်းပါခဲ့က ပစ္စည်းခွဲဝေမှုပြဿနာ အငြင်းပွားမှုလုံးဝမရှိစေရဟု သတ်မှတ်ထားသည်။

 

လုလီ၏ခြေချောင်းများသည် အောက်ရှိ ကော်ဇောအားထိလု နီးပါးတွင် ချီချန်းရန် သတိကပ်သွားပြီး သူမ ဖိနပ်များကို ထိလိုက်သည်နှင့် ချီချန်းရန် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။  သူက သူမကိုလှမ်းဆွဲပြီး ဖိနပ်တစ်ရံကိုကန်ထုတ်လိုက်သည်။

 

လုလီ ခေါင်းမော့လာပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။

 

ထိုမှသာ ချီချန်းရန်သည် သူမ၏မေးခွန်းကို လေးလေးနက်နက်ပြန်ဖြေလိုက်သည်။

 

"ကိုယ် အပြင်မှာ စားနေတာမဟုတ်ဘူး "

 

ထို့ကြောင့် သူထံ ဗိုက်ပြည့်နေသော အကြောင်းပြချက်အတွက် ဖြေရှင်းရန်မရှိပေ။

 

လုလီ သူ့စကားကို မယုံကြည်သော အမူအရာဖြင့်ပြန်မေးလိုက်သည်။

 

"တကယ်လား ?"

 

ချီချန်းရန်  - "မယုံရင် သက်သေပြမယ်"

 

သူ ကွာရှင်းဖို့ စီစဉ်နေသည့်တိုင် သူမဘက်မှ တက်တက်ကြွကြွ တောင်းဆိုလာပါက ငြင်းဆန်ရန်အစီစဥ်မရှိပေ။

 

လုလီ: “…”

 

ချီချန်းရန်သည် နောက်ထပ် ထွက်ခွာမသွားလိုသော ရည်ရွယ် ချက်ဖြင့် သူမ၏ Slipper အားကန်ကျောက်ပစ်လိုက်သည်။

 

ထို့နောက် သူ ကုတင်ပေါ်တက်လိုက်သည်။

 

ချီချန်းရန်သည်လှုပ်ရှားမှုများနှင့်အတူ သူမအား လိမ်ညာခဲ့ခြင်းမရှိကြောင်း သက်သေပြခဲ့သည်။ သူ သုံးလလောက်ငတ်ပြတ်နေခဲ့ရာ ပြင်းပြင်းပြပြဆာလောင်နေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

 

ဤအရာက လုလီအား အနည်းငယ်တုန်လှုပ်သွားစေသော် လည်း  သူမဘက်မှစတင်ခဲ့ပြီးဖြစ်၍ နောက်ပြန်ဆုတ်ပါကလည်း ရှက်စရာကောင်းလှသည်။ သို့ဖြစ်ရာ သူမ နှုတ်ခမ်းကိုကိုက်လျက် စိတ်ပါလက်ပါလိုက်ပါလာခဲ့သည်။

 

နောက်တစ်နေ့ သူမ နိုးလာချိန်တွင် မိုးလင်းနေပြီဖြစ်သည်။

 

လုလီ မည်မျှကြာအောင်အိပ်ပျော်သွားသည်မသိ။  ခေါင်းအုံးအောက်မှ လက်ကိုင်ဖုန်းကို ထုတ်လိုက်ကြည့်လိုက်ချိန်တွင် နေ့လယ် ဆယ့်တစ်နာရီကိုဖော်ပြနေသည်။

 

ချီချန်းရန် အစောကြီးထပြီးအလုပ်သွားပြီဖြစ်သည်။

 

လုလီ အံကြိတ်ကာကုတင်ပေါ်မှထလိုက်သည်။ သူမ၏ ခန္ဓာကိုယ်နေရာတိုင်းတွင် မသက်မသာ ခံစားနေရသည်။သူ  ရေမိုးချိုး အဝတ်အစားလဲလိုုက်ကာ  တစ်နာရီကြာပြီးနောက် သူမ၏အားအင်တွေ အနည်းငယ်ပြန်လည်ရရှိလာခဲ့သည်။

 

အိမ်ထိန်းမှ သူမအတွက် နေ့လည်စာအသင့်ပြင်ဆင်ပေးထားပြီး လုလီ ထမင်းစားပွဲတွင်ထိုင်ရင်း နံရိုးများကိုစားကာ ဖုန်းကြည့်လိုက်သည်။

 

သူမ၏ WeChat တွင် မဖတ်ရသေးသော မက်ဆေ့ချ်အချို့ရှိနေသည်။ ချင်ရုံသည် မနေ့က ပြသခဲ့သော ရှိုးပွဲမှ သူမလိုချင်သော အဝတ်အစားများကို ပို့ဆောင်ပြီး အဝတ်အစားခန်းတွင် စီစဥ်ထားကြောင်း မက်ဆေ့ပို့ထားသည်။ ထို့နောက် ချောင်းကျာရီထံမှ မက်ဆေ့တစ်စောင်ဝင်နေသည်။ သူထံအရေးကြီးကိစ္စတစ်ခုကြေညာရန်ရှိသဖြင့် နေ့လည်ခင်းအပြင်ထွက်ခဲ့ရန် ဖိတ်ကြားထားခြင်းဖြစ်သည်။

 

ချောင်ကျာယိသည် မြို့တော် S တွင် လက်ထပ်ပြီးနောက် လုလီ၏သူငယ်ချင်းဖြစ်လာပြီး ချောင်း မိသားစု၏ ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။ လုလီ နှင့် သူမသည် မူလတွေ့ဆုံခဲ့ပြီး အကြိမ်ပေါင်းများစွာ တွေ့ဖူးသည်။လုလီ ချောင်ကျာယိနှင့်အစပိုင်းတွင် ရင်းနှီးခဲ့စဥ်က သူမ၏ပြင်ပပုံစံသည် ခက်ထန် တင်းမာသောဟန်ပေါ်သော်လည်း နောက် ပိုင်း မကြာခဏဆုံတွေ့ပြီးနောက် လုလီကဲ့သို့ပင် အိုင်ဒေါများလိုက်စားရန် ဝါသနာပါကြောင်းသိလိုက်ရသည်။ ဝါသနာချင်း တူညီသော လူအချင်းချင်း ဆက်ဆံရေးပိုမိုကောင်းမွန်လာကာ ရင်းနှီးသောမိတ်ဆွေများဖြစ်လာကြသည်။

 

လုလီသည် ချောင်းကျာရီအား 'Ok' ဟုပြန်ပို့လိုက့်ပီး အောက်သို့ဆက်ဆွဲကြည့်လိုက်ရာ သူမ လျစ်လျူရှုထားသော နောက် ထပ်မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။ 

 

ဖခင်ဖြစ်သူ၏အတွင်းရေးမှူးမှ လွန်ခဲ့သည့် နှစ်ရက်ကပို့ထားခြင်းဖြစ်သည်။

 

"သခင်မလေးနဲ့မစ္စတာချီတို့ကြား အခြေအနေဘယ်လိုရှိလဲ?"

 

 á€Ąá€á€˝á€„်းရ္းမသူးက ဘာကိုမေးချင်တာလဲ?

 

လုလီ နားမလည်ဘဲ လွန်ခဲ့သောနှစ်ရက်က ပို့ထားသော မက်ဆေ့ချ်ဖြစ်ရာ တုံ့ပြန်ရန် စိတ်မ၀င်စားတော့ပေ။ သူ ထမင်းစားပြီးနောက် မနေ့ကရှိုးပွဲတွင်မြင်ခဲ့သော အဝတ်အစားများကို ကြည့်ရန် အဝတ်အစားအခန်းကိုထွက်လာလိုက်သည်။