Ch 6
Viewers 60

🍭 Chapter 6

🍭 Damned Couple (3)

 

 

လုလီ ချင်ချန်းရန်၏အမျိုးသား Bedroom ဆီသို့ သွားကာ စောင့်နေလိုက်သည်။

 

တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်သည်မှာ သုံးလကြာပြီဖြစ်သည်။ လုလီသည် ချင်ချန်းရန်၏အိပ်ယာပေါ် တင်ပျဉ်ခွေထိုင်ကာ သူမ Weibo ရှိ ပရိသတ်များဆွေးနွေးနေကြသော အကြောင်းအရာများကိုတွေးကာ အတွေးနယ်ချဲ့လိုက်သည်။

 

'ဒီ အတုအယောင်စုံတဲ့ မင်္ဂလာဦးညကိုဖြတ်သန်းခဲ့ကြရဲ့လား?'

 

လုလီ အတွေးစနှင့်အတူ ရှက်ရွံ့သွားကာ နှလုံးသားထဲတွင် အဖြေတစ်ခုပေးလိုက်သည်။

 

' သေချာတာပေါ့"

 

ချီချန်းရန်သည်  Gay တစ်ယောက် မဟုတ်တာတော့သချာသည်။

 

သူမ၏မင်္ဂလာဦးညတွင် ပထမဆုံးအကြိမ်အဖြစ်နာကျင်ခဲဲ့ရသည်မှလွဲ၍ ထို့အတွက် ချီချန်းရန်နှင့် ပတ်သက်ပြီးအမြဲတမ်း အမှတ်တရကောင်းများရှိနေခဲ့သည်။

 

တကယ်တော့ နှစ်ယောက်လုံးသည် အရွယ်ရောက်ပြီးသလို တရားဝင်လည်းလက်ထက်ထားပြီးဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များတော့ ရှိနေသည်။ လင်မယားကြားက ဆက်ဆံရေးသည် အတုအယောင်ဖြစ်သော် ငြားလည်း နှစ်ယောက်လုံးသည် သန့်ရှင်းပြီးတစ်ယောက်၏လိုအပ်ချက်ကို တစ်ယောက်ဖြေရှင်းပေးနိုင်ရန် တိတ်တဆိတ်နားလည်ထားကြသည်။

 

 

လုလီ ဖုန်းကစားရင်း ချီချန်းရန်ကိုစောင့်နေလိုက်သည်။

 

 á€›á€ąá€á€ťá€­á€Żá€¸á€á€”်းထဲတွင်‌

 

ပူနွေးသော ရေစက်များ ချီချန်းရန်ခေါင်းပေါ်ကျဆင်းလာပြီး သူ့မျက်နှာပေါ်ရှိ ရေများကိုလက်ဖြင့်ပွက်ချလိုက်သည်။

 

သူ လုလီနှင့်မတွေ့ရတာ သုံးလနီးပါး ကြာပြီဖြစ်ပြီး ယနေ့ ပြန်တွေ့ချိန်တွင် သူတို့၏အိမ်ထောင်သက် သုံးနှစ်နီးပါးရောက်ရှိနေပြီဖြစ်ကြောင်း သတိရမိသည်။

 

သူနှင့်လုလီသည် လက်မထပ်မီ တစ်ကြိမ်သာ တွေ့ ဆုံဖူးခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် သဘောမကျသည်ကို ရှင်းရှင်း လင်းလင်းသိသော်ငြားလည်း အကျိုးအမြတ်အတွက် တစ်ယောက်လက် တစ်ယောက်ဆွဲကိုင်ကာ ဘုရားကျောင်းထဲသို့ မျက်နှာပြောင်တိုက်ကာ ဝင်ခဲ့ပြီး ဓမ္မဆရာရှေ့မှောက်ကတိသစ္စာပြုခဲ့သည်။

 

လုမိသားစုနှင့်ချီမိသားစုတို့သည် အကျိုးတူပူးပေါင်းဆောင် ရွက်လိုသော်လည်း မတူညီသောမိသားစုနှစ်စုဖြစ်သည့်အလျှောက် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးမှုမရှိကြပေ။ ထို့ ကြောင့် ၎င်းတို့၏အိမ်ထောင်ရေးသည် မိသားစုနှစ်စု၏ သဘောတူညီချက်အတွက် အကျိုးစီးပွားနှင့်တည်ငြိမ်မှု၏ အရင်းအမြစ်မျှသာ ဖြစ်လေသည်။

 

လွန်ခဲ့သည့်သုံးနှစ်အတွင်း လုမိသားစုနှင့်ချီမိသားစုတို့ ပူး ပေါင်းကာ ကောင်း မွန်စွာဆောင်ရွက်နိုင်ခဲ့ကြသည်။ "လု" လုပ်ငန်းစု၏ အိမ်ခြံမြေ အကျိုးတူလုပ်ငန်းသည် ပြည်မကြီးဈေးကွက်သို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သလို "ချီ" Group ၏ရုံးခွဲဖြစ်သော Shengjing Company သည်လည်းပြည်ပဈေးကွက်တွင် အောင်မြင်စွာရပ်တည်နိုင်ခဲ့သည်။နှစ်ဖက်စလုံးသည် ၎င်းတို့၏ရည်မှန်းချက်များကို အကောင် အထည်ဖော်နိုင်ခဲ့ကြသည်။သို့ဖြစ်ရာ စီးပွားရေးအကျိုးအ မြတ်အတွက်စီစဥ်ခဲ့သော အိမ်ထောင်ရေးသည် ရည်မှန်းချက်ပြည့်ဝသွားပြီးနောက် ယခုအခါတွင် မိသားစုနှစ်ခုကြား မရှိမဖြစ်လိုအပ်သောအရာတစ်ခုမဟုတ်တော့ပေ။

 

ထမင်းဝိုင်းတွင် စားသောက်ရင်းသတိလွတ်ကာ ငေးငိုင်နေသော လုလီပုံစံကို ချီချန်းရန်သတိရသည်။

 

သုံးနှစ်ကြာသည့်တိုင်အောင် နှစ်ယောက်ကြားဆက်ဆံရေးသည် ထွေထွေထူးထူးတိုးတက်ပြောင်းလဲတာမျိုး မရှိခဲ့ချေ။ ပထမဆုံးစတွေ့ချိန်ကတည်းကပင် ဆန့်ကျင်ဘက်အတွေးအမြင်များရှိခဲ့ကြပြီး ၎င်းတို့အပေါ် ကံဆိုးမှုများသက်ဆင်းကျရောက်လာသည်ဟု ထင်ခဲ့ကြသော်လည်း ကန့်ကွက်ထုတ်ဖော်ပြသခဲ့ခြင်းတော့မရှိကြပေ။

 

ချီချန်းရန်သည် ယောက္ခမဖြစ်သူ လုဟမ်ရုန်ထံမှ အီးမေးလ်တစ်စောင်လက်ခံရရှိခဲ့သည်။

 

လုလီသည် လုဟမ်ရုန်၏ တစ်ဦးတည်းသောသမီးဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ သည်းသည်းလှုပ် အချစ်ခံခဲ့ရသော သူလည်းဖြစ်သည်။ လုဟမ်ရုန်သည် သမီးဖြစ်သူနှင့်လက်ထပ်ပေးခဲ့သော်လည်း သားမက်ကို ရွေးချယ်ရာတွင် ပေါ့ ပေါ့ဆဆမလုပ်ခဲ့ပေ။ ချင်ချန်းရန်သည် အလွန်ကောင်းမွန် သောမိသားစုနောက်ခံနှင့် ရုပ်ရည်ရှိသည်။ အိမ်ထောင်ပြုပြီးနောက် နှစ်ယောက်သားဆက်ဆံရေး တစ်ဖြည်းဖြည်းချင်း တိုးတက်လာမည်ဟု မျှော်လင့်ထားသော်လည်း အိမ်ထောင် သက် သုံးနှစ်ကြာပြီးနောက် သမီးနှင့်သားမက်တို့ ဆက်ဆံရေး ကောင်းမွန်လာခြင်းမရှိသည်ကိုတော့ သူ မထင်ထားခဲ့ပေ။

 

၎င်းတို့သည် အတုအယောင်စုံတွဲဖြစ်သည်ဆိုသည့် သတင်းသည် တရုတ်ပြည်မကြီးမှသည် ဟောင်ကောင်အထိပျံ့နှံ့သွားခဲ့သည်။

 

လုဟမ်ရုန်၏အီးမေးလ်သည် စိတ်စမ်းသပ်မှုတစ်ခုဖြစ်ပြီး သုံးနှစ်တာ ဖြတ်သန်းပြီးနောက် ငြီးငွေ့လာပြီးရှေ့ဆက်မသွားလိုပါက တစ်သက်လုံးလုပ်ဆောင်ရန်မလိုအပ်ဘဲ ရပ်တန့်လို့ရကြောင်းနှင့် နှစ်ဖက်မိသားစုမှ ညှိနှိုင်းဆွေးနွေးကာ အနာဂတ်တွင် မိတ်ဆွေအဖြစ်လေးစားမှုဖြင့် ဆက်လက်နေထိုင်နိုင်ရန် အကြံပြုထားသည်။ 

 

ချီချန်းရန်သည် ထိုအချိန်တွင် လေယာဉ်ပေါ်တွင် ရှိနေခဲ့ပြီး သူ့ယောက္ခမဖြစ်သူ၏ အီးမေးလ်ထဲတွင် ဆိုလိုရင်းကိုနားလည်သဘောပေါက်သည်။ ထိုမေးလ်ထဲတွင် သူနှင့်လုလီ၏ဆက် ဆံရေးသည် သဟဇာတမဖြစ်ကြောင်း ဖော်ပြထားပြီး ဤသည်မှာမှားယွင်းနေသော အချက်မဟုတ်ကြောင်း ချီချန်းရန် လည်းလက်ခံသည်။

 

လုလီ သူ့မိဘတွေနဲ့ စကားပြောခဲ့တာလား?

 

ဒါကြောင့် သူ့အဖေက သူ့ဆီပြန်ပို့ခဲ့တာလား ?

 

လုလီ၏ကိစ္စရပ်များကို လုမိသားစုမှ စီမံခန့်ခွဲခြင်းဖြစ်ရာ ချီချန်းရန်သည်လည်း လုမိသားစု၏ဆုံးဖြတ်ချက်ကိုလေးစားကြောင်းနှင့်ကွာရှင်းရန် ရှေ့နေအား ကြိုပြီးဆက်သွယ်ထားရန် သူ့လက်ထောက်အားမှာထားပြီးဖြစ်ကြောင်း လုချမ်ရုန်ထံအီးမေးလ်ပြန်ခဲ့သည်။

 

လုမိသားစုမှ အဆင်မပြေတဲ့အိမ်ထောင်ရေးကို ဦးစွာအဆုံး သတ်ဖို့ ရွေးချယ်ခဲ့မည်ဆိုပါက သူ့ဘက်ကလည်းအတင်း အကြပ်ငြင်းဆန်တာမျိုး လုပ်ဆောင်မည်မဟုတ်ပေ။

 

 â€Ś

 

အမျိုးသား Bedroom အတွင်း လုလီ စောင့်ဆိုင်းနေရင်း ချီချန်းရန် ဒီနေ့ ရေချိုးတာပိုကြာနေသလိုခံစားရသည်။

 

နောက်ဆုံး ချီချန်းရန် ရေချိုးခန်းမှ ထွက်လာသောအခါ သူမ သမ်းဝေစပြုလာသည်။

 

ချီချန်ယန်သည် ကုတင်ပေါ်တွင် သမ်းဝေနေသော လုလီကို မြင်လိုက်ရသည်။

 

သူ့နှလုံးသားထဲတွင်တော့ သူမနှင့် ကွာရှင်းမည့်အကြောင်းတွေးတောနေသည်။

 

သို့ဖြစ်ရာ အခုချိန်တွင် သူမနှင့်အကြည့်ချင်းဖလှယ်ဖို့ပင်မသင့်တော်သလို ခံ စားရသည်။

 

ယခုအခါ သူတို့ကွာရှင်းပြတ်စဲဖို့ နီးကပ်လာပြီဖြစ်သည့်အ တွက် ထပ်ပြီးရင်းနှီးထိတွေ့ခြင်းမှာ မသင့်တော်လှပေ။

 

ထို့ကြောင့် ချီချန်းရန်သည် ကုတင်ခေါင်းရင်းတွင် ထိုင်ကာ အချိန်အကြာကြီး လှုပ်ရှားမရှိဘဲငြိမ်သက်စွာနေခဲ့သည်။

 

လုလီ လှည့်ကြည့်လာပြီး ချီချန်းရန်အား စိတ်ရှုပ်ထွေးစွာ ကြည့်လာသည်။

 

သူ ဘာတွေဖြစ်နေတာလဲ ?

 

အိပ်ရာသည် ၎င်းတို့နှစ်ယောက်အတွက် အနည်းငယ်ဆက်သွယ်နိုင်သည့် တစ်ခုတည်းသောနေရာဖြစ်သည်။ သုံးလနီးပါး ထိတွေ့ခြင်းမရှိခဲ့သည့်နောက် ချီချန်းရန်သည် အရင်လိုမဟုတ်ပဲ ဤသို့ပြုမူနေခြင်းမှာ သူမအတွက်အံဩစရာဖြစ်နေသည်။

 

ချီချန်းရန်သည် လွန်ခဲ့သော နှစ်လခန့်က အလုပ်ကိစ္စနှင့် ခရီးတစ်ခုထွက်သွားပြီးနောက် ပြန်ရောက်ချိန်တွင် သူမအား အိပ်ယာပေါ်ပစ်တင်ခဲ့ပြီး နောက်တစ်နေ့ထိမထနိုင်အောင် နာရီပေါင်းများစွာလှုပ်ရှားခဲ့သည်ကို သူမ သတိရသည်။

 

 á€žá€° ဒီနေ့ ဘာလို့ ဒီလောက်အေးခဲနေတာလဲ ?

 

Bady Lotion အနံ့သည် ချီချန်းရန်နှာခေါင်းထဲတိုးဝင်လာကာ ထိုအနံသည် လုလီဆီမှ ပုံမှန်ရလေ့ရှိသော ရနံနှင့်ရောစပ်နေပုံရပြီး အလွန်မွှေးကြိုင်ကာ စွဲမက်ဖွယ်ကောင်းနေသည်ကိုတော့ ဝန်ခံသည်။

 

ချီချန်းရန်သည် လက်ရှိအချိန်တွင် သူ ထိုအရာကိုအရမ်းလို ချင်နေပြီဖြစ်ကြောင်းဝန်ခံခဲ့ပြီး ဤနေရာတွင်ဆက်နေပါက မိမိကိုယ်မိမိ ထိန်းချုပ်နိုင်တော့မည် မဟုတ်ကြောင်းသိလိုက်ရသည်။

 

သို့သော် သူ ကွာရှင်းပြတ်စဲရန် ဆုံးဖြတ်ပြီးဖြစ်၍ လင်မယားအရာပြီးမြောက်ခြင်းမှာမသင့်တော်လှပေ။

 

ချီချန်းရန် အသက်ရှုကြပ်လာကာသူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး  "ဒီညတော့ ဒီဘက်မှာပဲအိပ်မယ်"

 

ဤသည်မှာ လုလီအိပ်လေ့ရှိသည့်နေရာကို ရည်ညွှန်းပြီး သူယခင်က တစ်စုံတစ်ယောက်နှင့်အတူအိပ်စက်ရန် ခက်ခဲဖူး သည်။

 

သို့သော် လုလီသည် ဤစကား၏ အဓိပ္ပါယ်ကိုအဘယ်ကြောင့် နားမလည်နိုင်ရသနည်း?

 

သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။

 

မတွေ့တာသုံးလကြာပြီးနောက် နှစ်ယောက်လုံး၏ အနေထားမှာလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ယခုကျမှ ချီချန်းရန်သည် သူမနှင့် ဘာမှမလုပ်ချင်တော့ဘဲ သီးခြားအိပ်မည်ဟု အခိုင်အမာပြောဆိုနေခြင်းဖြစ်သည်။

 

လုလီသည် ဤအမှုနှင့်ပတ်သတ်ပြီး သူမနှင့်ချီချန်းရန်တို့ကြား တိတ်တဆိတ် နားလည်မှုရှိခဲ့သည်ဟု တွေးထင်ခဲ့သည်။မည်မျှပင်စုံတွဲအတုအယောင်ပင် ဖြစ်နေပါစေ သွေးသားဆန္ဒမှ တောင်းဆိုလာလျှင် သူမ ငြင်းဆန်မည်မဟုတ်ပေ။ သူမ ငြင်း ပယ်ခြင်းမရှိလျှင် သူလည်း အပြင်မှာ မည်သည့်အရှုပ်အရှင်းမှ ရှိလာတော့မည်မဟုတ်ချေ။

 

သူမလည်း ထိုနည်းလည်းကောင်းပင်။

 

သို့သော် ယခု ချီချန်းရန်၏လုပ်ရပ်များ သည်ယခင်က လုလီယုံကြည်ထားသော နှစ်ဦးသဘောတူညီမှုအပေါ် သံသယဝင်စေသည်။

 

သူမ၏ ရုပ်ဆင်းသွင်ပြင်မှာလည်း စိတ်ဝင်စားမှုလျော့ကျသွားသည်အထိ လိုအပ်နေတာတော့ မဖြစ်နိုင်ပေ။

 

လုလီသည် Weibo ရှိ မှတ်ချက်များ ရုတ်တရက်သတိရသွားသည်။

 

ဤသည်မှာ - "သာမာန်လူတစ်ယောက်က အိမ်မှာ ဗိုက်မဆာဘူးဆိုရင် အပြင်မှာစားလာတာပဲဖြစ်နိုင်တယ်..."

 

ချီချန်းရန်သည်လည်း သာမန်လူတစ်ယောက်ဖြစ်လေရာ  သုံးလကြာသည့်အထိ မတောင့်တသည်မှာမဖြစ်နိုင်ပေ။

 

လုလီ ဒါကိုတွေးမိပြီး ရုတ်တရက် သူ့ငယ်ထိပ်ကိုဆောင့်တက်သွားသလို ခံစားလိုက်ရသည်။ သူမ စိတ်လှုပ်ရှားပြီး ထထိုင်လိုက်ကာ မျက်ခုံးများကိုတင်းတင်းကြပ်ကြပ် စုကြုံထားလိုက်သည်။

 

 "ရှင် အပြင်မှာ စားလာတာလား ?"