Chapter 69.2
Viewers 23k

Chapter 69.2


“တဒင်္ဂဆိုပေမယ့် ခဏပါ”


တိတ်ဆိတ်ငြိမ်သက်နေသော အခန်းကျယ်ကြီးတွင် ချင်တီးခတ်သံက ပဲ့တင်ထပ်နေပြီး တေးသွားက ငြိမ့်ငြောင်းကာ တစ်ခါတစ်ရံ စိတ်ပေါ့ပါးစေပြီး တစ်ခါတစ်ရံ ဝမ်းနည်းဖို့ကောင်းသည်။ ယင်းမှာ ကြည်နူးစရာကောင်းပြီး နား​ထောင်သူကို တေးသွားနှင့်အတူ မျောပါသွားစေပြီး နက်ရှိုင်းသော စိတ်ကူးယဥ်အတွေးများမှာ နစ်မွှန်းစေသည်။ တစ်နည်းအားဖြင့် သူတို့စိတ်ထဲမှာ ဇာတ်လမ်းတစ်ပုဒ်ရှိနေလေ၏။



အစပိုင်းမှာ ပေါ့ပါးသောတေးသွား ပေါ်လာသောအခါ လှပသော စိတ်ကူးယဥ်မှုများနှင့် အရှက်ကြီးသည့်မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ပုံရသည်။ သူမက ကျေးလက်မှာ လွတ်လွတ်လပ်လပ် ပြေးနေပြီး ငှက်များကို အဖော်ပြုကာ ပန်းပွင့်များကြားက တိရစ္ဆာန်လေးများနှင့်အတူ ဆော့ကစားနေပြီး သူမဘဝက လှပပျော်ရွှင်နေသည်။ 



သို့သော် ချင်တီးခတ်သံက ရုတ်ချည်းလျင်မြန်လာပြီး ဝမ်းနည်းကြေကွဲစရာကောင်းလာသည်။ မိန်းကလေး၏မိသားစုတွင် အပြောင်းအလဲကြီးရှိခဲ့ပုံရပြီး သူမမလုပ်ချင်တာကို အတင်းလုပ်ခိုင်းနေပုံပင်။ ထိုအချိန်မှစ၍ သူမက ခက်ခဲကြမ်းတမ်းစွာ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ သူမက လမ်းခရီးမှာ ရိုင်းစိုင်းသူများနှင့် တွေ့ခဲ့ပေမယ့် ထိုကပ်ဘေးမှလွတ်မြောက်လာကာ နာကျင်တာထက် ပို၍ ထိတ်လန့်နေခဲ့သည်။ သူမက ကြင်နာတတ်သော လူတစ်ယောက်ဆီက ငွေသားလက်ဆောင်ကိုရရှိခဲ့ပြီး ထိုအရာက သူမ၏ အခက်ခဲဆုံးအခြေအနေများကို ကျော်ဖြတ်ဖို့ ကူညီပေးခဲ့သည်။


တေးသွားက နောက်တစ်ကြိမ် ပျော့ပြောင်းလာပြီး အပြစ်ကင်းစင်သော ပေါ့ပါးမှုမရှိတော့သလို သနားစရာ ဒုက္ခဆိုးများလည်း မရှိတော့ပဲ သူမက ငြိမ်းချမ်းသွားခဲ့သည်။ ထိုသည်မှာ မိန်းကလေးဘဝ၏ တတိယအဆင့်ဖြစ်ပြီး သူမဘဝက ​အေးချမ်းလာကာ သူမက ပန်းတိုင်ရှိလာခဲ့သည်။ သူမက နောက်ဆုံးမှာ ဤကမ္ဘာ၏ ဒုက္ခများမှ လွတ်မြောက်သွားခဲ့သည်။


နားထောင်နေသော ဒါရိုက်တာဖန့်နှင့် တ​ခြားသူများ၏ မျက်လုံးများက နီရဲလာပြီး ချင်သံက ကြိုးစားဖော်ပြနေသော ပုံပြင်ကို သူတို့ကြားနိုင်ပြီး ယင်းမှာ လှပပေမယ့် အကူအညီမဲ့သည်။


သူမသာ ခေတ်သစ်မှာ နေထိုင်နေမယ်ဆိုရင် ပိုပျော်ရွှင်ပြီး ပိုပြည့်စုံသောဘဝကို ရနိုင်ပေမည်။


နောက်ဆုံးမှတ်စု တီးခတ်ရာမှာ ရှန်းယုဟန်၏လက်ချောင်းများက လေထဲမှာရပ်သွားပြီး နှစ်စက္ကန့်အကြာမှာ သူတို့က အားနည်းသွားကြသည်။ သူက မျက်လုံးမှိတ်ကာ သူ့ခံစားချက်ကို ဖယ်ထုတ်လိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်စဥ် ရှန်ချီဟွမ်း၏ဇနီးအဖြစ်သို့ ပြန်ရောက်ရှိလာခဲ့သည်။

ရှန်ချီဟွမ်းက အံ့အားသင့်နေသည်။ တူညီသောတေးသွားက ချင်တီးခတ်ရာမှာ ခံစားချက်အမျိုးမျိုးကို ပေးစွမ်းခဲ့သည်။ သူ့ဇနီးရဲ့ချင်စွမ်းရည်က မြင့်မားလွန်းနေတယ်မလား?


သို့သော် သူနားထောင်နေစဥ် လူငယ်လေးတစ်​ယောက်၏ဇာတ်လမ်းက သူ့စိတ်ထဲမှာပေါ်လာပြီး သူက ရှန်းယုဟန်၏ {နွေဦးစတင်ချိန်}၊ {ဆောင်းယဥ်စွန်ချိန်}နှင့် {လေဟာပြင်​စျေး} ကို တွေးမိသွားပြီး တစ်ဖက်သက်ဖြစ်နေသော ဇာတ်ကောင်၏နောက်ခံကို ဆက်စပ်နိုင်ခဲ့သည့်အပြင် ပန်းချီကားထဲက လူငယ်လေး၏ ကြီးပြင်းလာမှုကိုပါ မြင်ခဲ့ရသည်။


သူက အပူအပင်ကင်းသောဘဝမှာ နေထိုင်လေ့ရှိပြီး ဆောင်းရာသီမှာ သူ့ကြောင်လေးနဲ့အတူ မီးလှုံကာ နွေရာသီမှာ အစေခံများ၏ ဝန်းရံခံထားရပေမယ့် လွတ်လွတ်လပ်လပ်ကစားနေခဲ့သည်။ သို့ပေသိ သူ့ဘဝက ရုတ်တရက်ပြောင်းလဲသွားပြီး သူ့အိမ်နှင့်ဝေးရာကို ထွက်သွားခဲ့ရသည်။ သူက ဘယ်တော့မှ ပြန်မလာနိုင်တော့ပဲ ထိုနေရာမှာ အများကြီးသင်ယူခဲ့ရပြီး အများကြီးကြုံတွေ့ခဲ့ရသည်။ သူ့စိတ်က အတက်အကျဖြစ်နေပြီး တစ်ခါတစ်ရံဝမ်းနည်းကာ တစ်ခါတစ်ရံပျော်ရွှင်သည်။ အဆုံးမှာ သူက လူငယ်လေး ပျော်ရွင်နေတယ်လို့သာ တွေးလိုက်သည်။


လူတစ်ထောင်၏မျက်လုံးထဲမှာ ဇနပုဒ်တစ်​ထောင်ရှိတယ်ဆိုတာ ဒါကိုဆိုလိုတာဖြစ်ပေမည်။

“မင်း တီးခတ်လို့ပြီးသွားပြီလား?” ဒါရိုက်တာဖန့်က ပို၍တောင့်တနေခဲ့သည်။


ရှန်းယုဟန်က ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်လိုက်သည်။ “ပြီးသွားပြီ၊ ဒါက အပိုင်းတစ်ခုလုံးပါ။”


ဒါရိုက်တာဖုန့်နဲ့ တ​ခြားသူများက တေးသွားကို အပြည့်အစုံရရှိခဲ့ပြီး ယခုချိန်မှာ သူတို့ကပျော်လွန်းလို့ ချက်ချင်းပြန်ပြီး နက်နက်နဲနဲ လေ့လာချင်နေသည်။



“ကျေးဇူးပါ၊ ကျေးဇူးအများကြီးတင်ပါတယ်” သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုက ဖိနှိပ်ထားလို့မရသဖြင့် သူက ရှေ့တိုးကာ ရှန်းယုဟန်ကို လက်ကမ်းပေးလိုက်၏။ သေချာတာက ရှန်းယုဟန်သည် အမျိုးသားတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်ဖို့ ဆန္ဒမရှိပေ။ ရှန်ချီဟွမ်းက သူ၏ခုခံမှုကို သတိထားမိခဲ့ပြီး သူကလည်း သူ့ဇနီးကို တခြားသူများနှင့် လက်ဆွဲနှုတ်ဆက်တာကို မလိုလားပေ။ ဒါ​ကြောင့် သူက ရှန်းယုဟန်ကိုယ်စား ဒါရိုက်တာဖန့်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး အခြေအနေကို နေရမခက်အောင် တားလိုက်နိုင်သည်။ 



ရှန်ချီဟွမ်းက ရုံးသုံးဘာသာစကားဖြင့် ပြောလိုက်သည်။ “ရပါတယ်၊ ဒါကရှောင်ဟန်လုပ်သင့်တာပါ။ သူက ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုကို နည်းနည်းလောက် ပံ့ပိုးပေးခဲ့ရုံပါ၊ အကူအညီဖြစ်သွားတာ ကောင်းပါတယ်။”



ထိုမှသာ ဒါရိုက်တာဖုန်းက သူ့အပြုအမူ မသင့်လျော်တာကိုသိသွားပြီး ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ကာကွယ်ပေးခြင်းခံခဲ့ရကာ သူတို့က အကြင်လင်မယားဖြစ်တာကြောင့် သူက ရုတ်တရက်ဆန်သွားသလို ဖြစ်သွားခဲ့သည်။


ရှန်းယုဟန်က သူ့တာဝန်ပြီးသွားပေမယ့် အချိန်က အတော်လေးနောက်ကျနေပြီဖြစ်၍ သူနဲ့ ရှန်ချီဟွမ်းက အိမ်ပြန်ရတော့မှာပင်။

သူတံခါးနားကိုရောက်တော့ ဒါရိုက်တာဖန့်က ရုတ်တရက် ပြေးထွက်လာပြီး ရှန်းယုဟန်ကို တားကာ မေးလိုက်၏။ “ရှောင်ဟန်….သီချင်းနာမည်ကဘာလဲ?”


ရှန်းယုဟန် ဂီတရမှတ်ကို ရခဲ့တုန်းက နာမည်မပါခဲ့ပေ။



သူက ခဏလောက်စဥ်းစားပြီး ရုတ်တရက်ပြုံးလိုက်သည်။ “တဒင်္ဂဆိုပေမယ့် ခဏပါပဲ။”


နောက်နေ့မနက်မှာ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဒါရိုက်တာဖန့်နှင့် တခြားနှစ်ယောက်ကို ပြန်ပို့လိုက်ပြီး အချိန်က နှစ်သစ်ကူး၏ ၃၀ရက်မြောက်ဖြစ်လေသည်။


ရှန်းယုဟန်က အိမ်တွင် ကဗျာနှင့်မီးပုံးကို ချိတ်ဆွဲထားပြီး အရင်ကဆိုရင် ဤအရာများကို အစေခံကလုပ်တာဖြစ်ပေမယ့် ယခုချိန်မှာတော့ သူကိုယ်တိုင်လုပ်နေပြီး ရှန်ချီဟွမ်းက ဘေးမှာရှိနေလို့ ထူးခြားနေသည်။ သူက ကိုင်ထားပြီး ဘယ်နှင့်ညာကူညီပေးနေစဥ် တကယ်လုပ်ခဲ့သူက ရှန်ချီဟွမ်းသာဖြစ်သည်။



ရှန်းယုဟန်က ခေါင်း​မော့ကာ ပြောလိုက်သည်။ “ယောကျာ်း၊ ဘယ်ဘက်နည်းနည်းကပ်လိုက်။”


ရှန်ချီဟွမ်းက ဘယ်ဘက်နည်းနည်းတိုးလိုက်သည်။ “ဒီလိုလား?”


ရှန်းယုဟန်က မမှန်ဘူးလို့ထင်ပြီး ထပ်ပြောလိုက်သည်။ “ညာနည်းနည်းရွှေ့မှ မှန်မယ်ထင်တယ်။”


ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ မေးလိုက်သည်။ “ဘယ်လား ညာလား?” 


ရှန်းယုဟန်: “အဲ့လို​၊ အဲ့လို!”

နောက်ဆုံးမှကျေနပ်သွားပြီး ရှန်ချီဟွမ်းက သူညွှန်ပြသည့်အတိုင်း ကဗျာစာတန်းကို တပ်ဆင်လိုက်သည်။

ယခင်နှစ်များမှာ ငြိမ်သက်အေးစက်သော နှစ်ဖြစ်ပေမယ့် ယခုနှစ်ကတော့ ထူးခြားလာခဲ့သည်။


ရှန်မိသားစုက နှစ်စဥ်နှစ်တိုင်း သူတို့၏ဘိုးဘွားများကို ကန်တော့လေ့ရှိပြီး သူတို့နှစ်ယောက် ကဗျာစာတန်းကပ်ပြီးတာနဲ့ ဘိုးဘေးများကိုကန်တော့ဖို့ ရှန်မိသားစု၏ ဘိုးဘွားပိုင်ခန်းမကို သွားရမှာဖြစ်သည်။ ရှန်ထျန်းဖုန်းနှင့် ရှန်ချီယွမ်က ယခုနှစ်မှာ ကျန်းမာရေးမကောင်းတာကြောင့် ယခုနှစ်၏ ဘိုးဘေးကန်တော့ပွဲကို ရှန်မိသားစု၏အန်ကယ်က ဦးဆောင်ကျင်းပမှာဖြစ်သည်။ ရှန်ချီဟွမ်းက သူတို့၏အကိုင်းအခက်ကို ကိုယ်စားပြုပြီး အိမ်တော်သုံးအိမ်က ညီအစ်ကိုများမှာ သူ့နောက်ကိုသာ လိုက်လို့ရမည်။



ရှန်ချီဟွမ်းနှင့် တရားဝင်လက်ထပ်ထားသော ရှန်းယုဟန်က ယခုနှစ်မှာရှိနေလို့ရသည်။


ဘိုးဘွားပိုင်ခန်းမနေရာက ကျန်းမြို့တော်၏ မြို့ပြဧရိယာမှာမဟုတ်ပဲ တောင်ပေါ်မှာ ဆောက်ထားတာဖြစ်၍ သူတို့ကားပေါ်ကဆင်းပြီး လမ်းအနည်းငယ်လျှောက်ဖို့လိုသည်။


အပြင်မှာအေးခဲနေပြီး ရှန်းယုဟန်က သူ့ကုတ်အင်္ကျီကိုတင်းတင်းဖက်ကာ ဘိုးဘွားပိုင်ခန်းမကို တစ်ဆင့်ချင်းလျှောက်လာပြီး မောဟိုက်နေသည်။

ရှန်ချီဟွမ်းက သူ့လက်ကိုဆွဲကာ ပြောလိုက်သည်။ “မင်းပင်ပန်းနေပြီလား?”


“မဆိုးပါဘူး။” ရှန်းယုဟန်က အတန်ငယ် အသက်ရှူမဝဖြစ်နေ၏။ 


ရှန်ချီရှင်းက ခါး​ထောက်ကာ ပြောလိုက်သည်။ “မရီး၊ ခင်ဗျားလေကျင့်ခန်းမလုပ်ဘူးလား၊ အိမ်မှာနေ့တိုင်းမနေသင့်ဘူး။ အပြင်ထွက်ပြီး လမ်းများများလျှောက်။”


ရှန်းယုဟန်က သူပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ တွေးလိုက်သည်။ “ဒါဆိုနှစ်သစ်ပြီးရင် ငါလမ်းလျှောက်ထွက်မယ်။”


ရှန်ချီဟွမ်းက ရှန်ချီရှင်းကို မျက်စောင်းထိုးလိုက်သည်။ “ဆူညံတယ်” သူ့ဇနီးအိမ်မှာနေတာ ဘာမှားလို့လဲ။


သူတို့ရောက်တော့ ရှန်ချီယွမ်နှင့် အိမ်တော်များစွာက တခြားလူတွေ ရောက်နှင့်နေပြီးဖြစ်၏။



ဘိုးဘေးကန်တော့ပွဲလုပ်ငန်းစဥ်က ပြဿနာတစ်စုံတစ်ရာမရှိပဲ ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ 


ယခင်နှစ်များနှင့် နှိုင်းယှဥ်ပါက တခြားအိမ်တော်သုံးအိမ်က ညီအစ်ကိုများ၏မျက်နှာသည် ပိုတောက်ပနေပြီး သူတို့၏ ​မောက်မာသောအာရုံမှာ ပို၍သန်မာလာသည်။ အထူးသဖြင့် ချီမိသားစု၏အကူအညီရထားသော ရှန်ချီယွင်က ရှန်ချီဟွမ်းကို စိန်ခေါ်ရဲရုံတင်မကပဲ သူ့ကိုနင်းချေပစ်ဖို့ အကြံအစည်လည်းရှိ၏။ ရှန်ချီဟွမ်းက သူ့ကိုဂရုမစိုက်သလို အကြည့်တစ်ချက်တောင််မပေးပေ။


ညနေမှာ လူတိုင်းက ရှန်အိမ်တော်ကိုပြန်ကြပြီး နှစ်သစ်ကူးညစာအတွက် ရှန်ထျန်းဖုန်းကို အဖော်ပြုပေးရန် အိမ်ပြန်ခဲ့တာဖြစ်၏။


ရှန်ချီရှင်းက ရှန်ချီဟွမ်း၏အနောက်ကနေ လိုက်လာခဲ့ပြန်၏။

သူတို့က ဖက်ထုပ်အတူစားကာ နှစ်သစ်ကူးပွဲတော်ကိုကြည့်ခဲ့သည်။ ရှန်ချီရှင်းက ဆိုဖာပေါ်မှာ တစ်ယောက်တည်းထိုင်နေပြီး ရှန်းယုဟန်နှင့်ရှန်ချီဟွမ်းက အတူထိုင်ကာ ရှန်ချီရှင်းက နွေဦးပွဲတော်ကို မကျေမနပ်ပြောဆိုနေသည်။

(နှစ်သစ်ကူးပွဲတော်=နွေဦးပွဲတော်)

“ဒီဲပွဲက ဘယ်လိုကြီးလဲ?”


“ဒီနှစ်ဖိတ်ခေါ်ထားတာက အကုန် traffic တွေကြီးပဲ၊ ဒါရိုက်တာက trafficမှန်းတောင်မသိဘူး။ ဒီနှစ်ရဲ့ဒါရိုက်တာက မကောင်းဘူး။ အစားထိုးဖို့လိုအပ်တယ်။ ဖွဲ့စည်းပုံကသေးလွန်းတယ်။”


ရှန်းယုဟန်က ရုတ်တရက်​မေးလိုက်သည်။ “ယောက်ဖ၊ မင်းလည်း traffic ပဲ​၊ မင်းကိုဘာလို့မဖိတ်တာလဲ?”

ရှန်ချီရှင်းက ထိုမေးခွန်းကြောင့် စွန့်အသွားသည်။ ဒါကအနာကိုတုတ်နဲ့ထိုးလိုက်တာပဲ….


ဒီလိုမျိုးခေတ်သစ်နွေဦးပွဲတော်ကို သူ့မျိုးရိုးနာမည်က ရှန်ဖြစ်နေ၍ သွားလို့မရပေ။


ရှန်ချီရှင်းက တတိယမရီး၏အထိုးခံရခဲ့ရသည့် နာကျင်မှုကိုမေ့ကာ ပြောလိုက်သည်။ “တတိယအစ်ကို၊ တတိယမရီး…. ကျွန်တော် နောက်နှစ်လလောက်မှာ ပရိုဂရမ်တစ်ခုကို ရိုက်ကူးတော့မှာ။ ပြီးတော့ ကျွန်တော့်မိသားစုနဲ့ တွဲဖက်ရိုက်ကူးဖို့လည်းလိုတယ်။ ဒါကြောင့် ကျွန်တော်ဒီမှာရိုက်လို့ရမလား?”


ရှန်ချီဟွမ်းက နေရာမှာတင်ငြင်းချင်ပေမယ့် အရင်မေးလိုက်သည်။ “အစ်ကိုကြီးဆိုရင် ပိုသင့်တော််မယ်မထင်ဘူးလား?”


ရှန်ချီရှင်းက အံ့အားသင့်သွားသည်။ “မလုပ်ပါနဲ့၊ သူ့မိသားစုမှာ ရိုက်စရာဘာမှမရှိတာကို၊ ပြီးတော့ အစ်ကို​ကြီးကလည်း ကျန်းမာရေးမကောင်းဘူးလေ”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏အမြင်ကို မေးရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ “မင်းဘယ်လိုထင်လဲ?”


ရှန်းယုဟန်က ဘာကိုရိုက်မှာလဲမသိသဖြင့် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ငြင်းစရာမရှိပါဘူး။”


ရှန်ချီဟွမ်းက ရှန်ချီရှင်းနှင့် သဘောတူညီချက်ပြုလုပ်ခဲ့သည်။ “ရိုက်ကူးလို့ရပေမယ့် မထုတ်လွှင့်ခင်မှာ ငါ့ဘက်က ပြန်စစ်ဆေးမယ်။ ဒါကိုမင်းစာချုပ်ထဲမှာရေးလိုက်၊ မဟုတ်ရင်တော့ မင်းဒီရှိုးမှာ ပါဝင်ဖို့မစဥ်းစားနဲ့။” ရှန်းယုဟန်၏မျက်မှာကို ပြခွင့်မပြုနိုင်ဘူး။ သူက အင်တာနက်သုံးစွဲသူတွေ သူ့ဘဝကို နှောင့်ယှက်လာမှာကိုမလိုချင်ပေ။


“ကောင်းပြီ၊ကောင်းပြီ၊ကောင်းပြီ” လိုချင်သည့်အဖြေကိုရခဲ့သော ရှန်ချီရှင်းက ရယ်မောလိုက်သည်။

ရှန်းယုဟန်က တစ်ညလုံးမအိပ်ပဲ နိုးကြားနေပြီး သူတို့သုံးယောက်က နာရီသုညမထိမချင်း အတူနေခဲ့ကြသည်။ 


ရှန်ချီရှင်းက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းဆီက စာအိတ်နီကိုရရှိခဲ့ပြီး သူက စာအိတ်နီကိုယူကာ ရုတ်တရက်မျက်နှာလွှဲပြီး အပေါ်ထပ်ကိုတက်ပြေးသွားသည်။


“ကျွန်တော်အိပ်တော့မယ်၊ ကောင်းသောညပါ။”


သူ့တတိယအစ်ကိုနှင့် တတိယမရီး၏ မြင်ကွင်းမှထွက်လာကာ မျက်လုံး​ထောင့်ကိုသုတ်လိုက်သည်။


ဘာလို့မှန်းမသိပေမယ့် သူရုတ်တရက်ငိုချင်လာသည်။


ရှန်ချီရှင်း သူ့အခန်းထဲပြန်သွားတော့ ရှန်ချီဟွမ်းက သူ့အိတ်ကပ်ထဲက စာအိတ်နီကိုထုတ်ပြီး ရှန်းယုဟန်ကို ပေးလိုက်သည်။ “မင်းအတွက်”


ရှန်းယုဟန်က ခဏတာအံ့အားသင့်နေပြီး သူလည်း သူ့အိတ်ကပ်ထဲက စာအိတ်အထူကိုထုတ်ကာ သူ့လက်ထဲထည့်ပေးလိုက်သည်။ “ယောကျာ်း၊ ပျော်ရွှင်စရာနှစ်သစ်ကူးပါ။”

ရှန်ချီဟွမ်းက စာအိတ်နီကိုဖယ်ကာ ရှန်းယုဟန် အာရုံစိုက်မနေသောအချိန်မှာ ပွေ့ချီလိုက်​ပြီး အပေါ်ထပ်တက်သွားသည်။ သူက ခြေလှမ်းတစ်လှမ်းဖြင့် လှေကားသုံးဆင့်ကျော်ပြီး အခန်းထဲပြန်ဖို့ စိတ်လှုပ်ရှားနေသည်။ ရှန်းယုဟန်က တိုးတိုးလေးအော်လိုက်ပေမယ့် ယောကျာ်းလို့တောင် မခေါ်တော့ပေ။ “ရှန်ချီဟွမ်း……အောက်ချပေး!”


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ဖင်ကို ပွတ်သပ်လိုက်သည်။ “အရမ်းအတင့်ရဲတာပဲ၊ ယောကျာ်းလို့ခေါ်။”


ရှန်းယုဟန်က နှုတ်ခမ်းကိုဖိပြီး ကုတင်ပေါ်လှဲချမခံရခင်အထိ လုံးဝခေါ်မလာခဲ့ပေ။ ထို့နောက် သူက ရှန်ချီဟွမ်း၏လည်ပင်းကို ဖက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ယောကျာ်း။”

ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းထောင့်ကိုနမ်းလိုက်သည်။ “အွန်း?”


ရှန်းယုဟန်က သူ့နှုတ်ခမ်းသူလျက်လိုက်သည်။ “ကျွန်တော်ခင်ဗျားကိုလွမ်းတယ်။”

ဒီနှစ်ဟာရိုးရှင်းပြီး ဟန်ဆောင်မှုမရှိပဲ နေရာတိုင်းမှာ နွေးထွေးနေသည်။