Chapter 70.1
Viewers 23k

Chapter 70.1


“ဇနီးလေး၏ပထမဆုံးအလုပ်ခရီး”


ခေတ်သစ်ကမ္ဘာရှိ ရှန်းယုဟန်၏ပထမဆုံးနှစ်က အတော်လေးပျော်စရာကောင်းခဲ့ပြီး သူက ခေတ်သစ်လူနေမှုဘဝကို တဖြည်းဖြည်းဝင်ရောက်ကာ ရှန်ချီဟွမ်း၏ ဆွေမျိုးများကို သေချာသိလာပြီး တ​ခြားသူများကို စိတ်ရင်းနဲ့ ဆက်ဆံခဲ့သည်။


နှစ်သစ်ကူး၏ ပထမရက်အနည်းငယ်မှာ သူတို့အားလုံး အပြင်အတူထွက်ခဲ့ကြပြီး ရှန်ချီရှင်းက သူတို့အိမ်မှာနေသည်။


နှစ်သစ်ကူး၏ပထမရက်မှာ အန်တီက နှစ်သစ်ကူးကျင်းပဖို့ အိမ်ပြန်သွားခဲ့ပြီး ချက်ပြုတ်နိုင်တာက ရှန်းယုဟန်တစ်ယောက်သာရှိသည်။ သူက ချီတိုင်းပြည်၏ဟင်းလျာများကို စားပွဲအပြည့်ချက်ထားပြီး ပါဝင်ပစ္စည်းအားလုံးကိုလည်း ချီတိုင်းပြည်၏ နည်းလမ်းအတိုင်းသုံးထားခဲ့သည်။ ဒီမှာပိုအဆင်ပြေသည်မှာ ဂက်စ်မီးဖိုရှိတာကြောင့် မီးမွှေးဖို့မလိုပေ။ ဒီနေ့အတွက် သူ့ဟင်းလျာတစ်မျိုးက ချီတိုင်းပြည်၏ချက်နည်းအတိုင်း ချက်ပြုတ်ထားသော ဆိတ်သားပြုတ်ဟင်းဖြစ်ပြီး ရှန်းယုဟန်က ဟင်းခတ်အမွှေးအ​ကြိုင်များကိုရှာဖို့ ဟင်းခတ်အမွှေးအ​ကြိုင်စျေးကိုသွားခဲ့သည်။ နာမည်တစ်ချို့ကတော့ ပြောင်းသွားသဖြင့် သူက အင်တာနက်မှာ ခေတ်သစ်နာမည်များကိုရှာဖို့ အချိန်အတော်ယူခဲ့ရ၏။


ဆိတ်သားပြုတ်ဟင်းကိုချက်တာအပြင် သေချာပြင်ဆင်ထားသော တခြားဟင်းပွဲများ၊ အကြော်ပွဲတချို့၊ ပေါင်းထားသောဟင်းပွဲတစ်ချို့လည်းရှိသည်။ စားသောက်ကုန်က ကြွယ်ဝပြီး ကောက်ပဲသီးနှံ၏ အရောင်မျိုးစုံက ကောက်ပဲသီးနှံ ရိတ်သိမ်းမှု ပေါများခဲ့ကြောင်း ဖော်ပြနေသည်။ အသားနဲ့ ကောက်ပဲသီးနှံကို ရောစားတာက ကျန်းမာရေးနဲ့ညီညွတ်၏။


ရှန်းယုဟန်က နေ့လည်သုံးနာရီမှာ လူသုံးယောက်အတွက် ဟင်းပွဲများကို စတင်ပြင်ဆင်ခဲ့ပြီး ရှန်ချီဟွမ်းက ဘေးကကူပေးကာ ရှန်ချီရှင်းက ခွေးလျှာလို စားပြီး ချီးကျူးပေးဖို့သာ တာဝန်ရှိသည်။ 


“မရီး၊ ခင်ဗျားက ဝက်သားနီဟင်းလျာကိုလည်း ချက်တတ်တာပဲ၊ ဒါကအရမ်းကောင်းတာပဲ!”

ရှန်းယုဟန်က သူ့ချီးကျူးမှုကိုလက်ခံခဲ့သည်။ “မဆိုးဘူး။ ယောက်ဖ၊ မင်းက ပိန်းဥနည်းနည်းခွာပေး၊ ငါက မင်းအတွက် ဝက်သားပြုတ်ပေးမယ်”


ရှန်ချီရှင်းက လူသစ်လေးနဲ့တူသည်။ “အွန်း၊အွန်း၊အွန်း…..ဒီကြာစွယ်ကဘာအတွက်လဲ?”


အေပရွန်ဝတ်ထားသောရှန်းယုဟန်က ကြာစွယ်လှီးနေသည်။ “ငါ ကြာစွယ်အစာသွပ်လုပ်မလို့၊ သူတို့ကိုဝက်သားနဲ့သွပ်မှာ၊ မင်းစားလို့ရလား?”

ရှန်ချီရှင်းက သူ့ပါးစပ်ထောင့်ကို သုတ်လိုက်သည်။ “စားလို့ရလား၊ ကျွန်တော်ရှုတင်မှာ နေ့တိုင်းကောင်းကောင်းမစားရဘူး။ နှစ်သစ်ကူးမှာတော့ အငတ်မခံချင်ဘူး။ ကျွန်တော့်မန်နေဂျာက ဆူမှာမဟုတ်ပါဘူး။”


“အို၊ မင်းမန်နေဂျာဆူလည်း ငါဂရုမစိုက်ပါဘူး။” ရှန်းယုဟန်….ဒီမရီးက အတော်လေးရက်စက်တာပဲ….. ရှန်ချီဟွမ်းဆီက သင်ထားတာပဲဖြစ်ရမယ်။”


ရှန်ချီဟွမ်းက စကားများနေသော သူ့ညီဲကြောင့် စိတ်ပျက်နေသည်။ “မင်းရဲ့မရီးက မင်းကိုပိန်းဥခွာခိုင်းတာကို မင်းက စကားများနေတယ်။”


“တတိယအစ်ကို၊ အသားလှီးဖို့သာ ဂရုစိုက်ပါ။ ကျွန်တော့်ကိုဆရာမလုပ်နဲ့။” ရှန်ချီရှင်းက သူ့တတိယအစ်ကို suit ချွတ်ထားတာကို သိပ်မမြင်ဖူး​ပေ။ သူက အင်္ကျီလက်ကိုတင်ကာ အသားလှီးနေသည်။ နှစ်ဝက်မပြည့်ခင်မှာ သူ့တတိယအစ်ကိုက အများကြီးပြောင်းလဲသွားလို့ သူ့အရင်အကျင့်စရိုက်ကိုတောင် မမှတ်မိတော့ပေ။


“ပြန်ပြောရဲသေးတယ်ပေါ့!” ရှန်ချီဟွမ်းက အသားလှီးနေသောဓားကို ထောင်ပြလိုက်သည်။ အိမ်မှာအသားကြိတ်စက်ရှိ​ပေမယ့် သူ့ဇနီးက လက်နဲ့လှီးရင် အရသာပိုကောင်းတယ်လို့​ပြောလာသည်။ ကြိတ်သားမှာ အသက်လည်းမရှိပဲနဲ့ အခု သူက သူ့အသက်မထွက််ခင်အထိ လှီးပေးရဦးမည်။


ရှန်ချီရှင်းက သူ့တတိယအစ်ကိုနဲ့ ရန်မဖြစ်ရဲပဲ ပိန်းဥကိုသာ နာနာခံခံ ခွာလိုက်သည်။



ရှန်းယုဟန်၏ဦးဆောင်မှုအောက်မှာ နှစ်သစ်ကူးညစာက လူသုံးယောက်၏ ပံ့ပိုးကူညီမှု ပါလာခဲ့သည်။ လူတိုင်းက တစ်ပိုင်းစီတာဝန်ယူပြီး ဒီညစာက အထူးအဓိပ္ပါယ်ရှိလာသည်။


သူတို့သုံးယောက်က စားသောက်ပြီးတော့ ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်း​က ဆိုဖာပေါ်မှာလှဲကာ မလှုပ်ချင်တော့ပေ။


ရှန်ချီရှင်းက သူ့ဗိုက်ဖောင်းဖောင်းလေးကို ပွတ်လိုက်သည်။ “ကျေနပ်တယ်”

ရှန်ချီဟွမ်း၏မျက်လုံးက ဗလာကျင်းနေပြီး သူကဗိုက်အရမ်းပြည့်နေတာကြောင့် လည်ပင်းထိရောက်လုနီးပါးပင်။ သူက လေ့ကျင်ခန်းစလုပ်တည်းက ဒီလောက်အများကြီးမစားဖူးပေ။

သူ့ဇနီး​က အလွန်အရည်အချင်းရှိရုံမကပဲ အချက်အပြုတ်လည်းတော်သည်။ ဒီလိုဇနီးက သူနဲ့သာအပြည့်အဝသက်ဆိုင်ပြီး စဥ်းစားလိုက်ရုံနဲ့ ရယ်မောစေသည်။


ရှန်းယုဟန်​က သူ့ခင်​ပွန်း မိန်းမောတွေဝေနေတာကို အခွင့်အရေးယူကာ ဖောင်းနေသောသူ့ဗိုက်ပေါ်ကို လက်တင်လိုက်သည်။ “ယောကျာ်း၊ အစာကြေအောင် ပန်းကန်နဲ့တူတွေကို သွားဆေးလိုက်။”



ရှန်ချီဟွမ်းက တစ်ဖက်ခြမ်းမှာမှီနေသော ရှန်ချီရှင်းကို ကန်ပြီး ပြောလိုက်သည်။ “ရှန်ချီရှင်း၊ အစာကြေအောင် ပန်းကန်နဲ့တူကို သွားဆေးလိုက်။”


“မရီးက ခင်ဗျားကိုပြောတာလေ၊ ကျွန်တော့်ကိုမဟုတ်ဘူး။” ရှန်ချီရှင်းက မလှုပ်မယှက်လှဲနေသည်။


ရှန်းယုဟန်က သူ့ခင်ပွန်း​နဲ့ယောက်ဖကြောင့် ရွှင်မြူးသွားသည်။ သူတို့က တကယ်ကို မွေးချင်းညီအစ်ကိုပီသသည်။ သူကတော့ဆန့်ကျင်ဘက်​ပြောလိုက်သည်။ “ဒါဆိုငါပဲသွားတော့မယ်။”


ဇနီးလေးက ချက်ပြုတ်ပြီးတာတောင် ပန်းကန်နဲ့တူကို ဆေးရဦးမည်။ ခွင့်မပြုနိုင်တာကြောင့် ရှန်ချီဟွမ်းက ချက်ချင်းထရပ်လိုက်ပြီး တချိန်တည်းမှာ ရှန်ချီရှင်းကို ဆွဲထူလိုက်သည်။ “ငါစားပွဲရှင်းမယ်၊ မင်းကမီးဖိုချောင်ရှင်း၊” အနည်းဆုံးတော့ အလုပ်သမားခွဲပြီး ပူးပေါင်းဆောင်ရွက်ရမယ်…

ရှန်းယုဟန်က သူတို့နစ်ယောက် အကြိတ်အနယ်ရန်ဖြစ်နေတာကိုကြည့်ပြီး သူ့အစ်ကိုတွေကို မစဥ်းစားပဲမနေနိုင်တော့ပေ။ သူတို့က သူထွက်သွားပြီးတဲ့နောက်မှာ ဒီလိုအခြေအနေကို ဆက်ထိန်းထားနိုင်ပါ့မလား မသိပေ။ သူက သူတို့အမြဲတမ်းပျော်ရွှင်နေဖို့ မျှော်လင့်သည်။


နှစ်သစ်ကူး၏ ဒုတိယနှင့် တတိယမြောက်နေ့မှာ သူတို့သုံးယောက်က အစ်ကိုကြီးနှင့်အစ်မလတ်တို့နဲ့အတူ ညစာစားခဲ့ကြသည်။ သူတို့အားလုံး၏အိမ်မှာ ချက်ပြုတ်ပေးသော အန်တီကြီးများရှိကြပြီး သူတို့က စားဖို့သာတာဝန်ရှိသည်။ ရှန်ချီယွမ်၊ရှန်ချီဟွမ်းနှင့် ရှန်ချီရှင်းတို့က လုံးဝမတူညီသော စိတ်နေသဘောထားရှိပြီး သူတို့က အရူးလုပ်ရမလွယ်ပေ။ ရှန်းယုဟန်က တချိန်လုံးသတိထားနေပြီး အဓိပ္ပါယ်မရှိတာကို မပြောတာကြောင့် သူက သူတို့အိမ်မှာ သီးသန့်ဆန်နေပြီး ကိုယ့်ကိုယ်ကိုယ် ဧည့်သည်အဖြစ်မှတ်ယူကာ တကူးတကနီးစပ်အောင်မလုပ်ခဲ့ပေ။

နှစ်သစ်ကူး၏ လေးရက်မြောက်နေ့မှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တင်းချွမ်၏အိမ်သို့ခေါ်သွားပြီး လူတော်တော်များများလည်းရှိနေသည်။ လျှိုထန်နှင့် တခြားသူများလည်းရှိနေပြီး ထိုအတောအတွင်း ရှန်းယုဟန်က တင်းချွမ်၏ဇနီးနှင့် မီးဖိုချောင်မှာအလုပ်ရှုပ်နေသည်။ သူက လူတိုင်းမြည်းလို့ရအောင် ဟင်းနှစ်ခွက်ချက်ပေးခဲ့သဖြင့် အများကြီးချီးကျူးခံလိုက်ရပြီး ရှန်ချီဟွမ်းကို မျက်နှာရအောင်လုပ်ပေးခဲ့သည်။


ရှန်ချီဟွမ်းက ယခင်နှစ်တွေမှာ နွေဦးပွဲတော်ဆိုရင် နေ့တိုင်းကုမ္ပဏီမှာနေဖို့ မစောင့်နိုင်ခဲ့ပေ။ သူက ဇနီးရပြီးသည့်နောက်ပိုင်း သူ၏သာလွန်ချင်သောစိတ်နှင့် ကြွားဝါချင်စိတ်များ တဖြည်းဖြည်းပြည့်လာခဲ့သည်။ သေချာသည်မှာ အိမ်ပြန်ရောက်သည်နှင့် သူ့ဇနီး၏လက်နှင့်ခြေကို ဖိထားရမှာဖြစ်ပြီး သူ့ဇနီး၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ခန္ဓာကိုယ်ကို အပေါ်အောက်နှိပ်ပေးလိုက်မည်။


ရှန်းယုဟန်က ရင်ထဲကနေပြောလိုက်သည်။ တကယ်တော့ သူ့မှာလိုအင်ဆန္ဒအများကြီးမရှိပေ။ သူ့ခင်ပွန်း ကုမ္ပဏီကို အတတ်နိုင်ဆုံး မြန်မြန်ပြန်သွားဖို့သာ သူမျှော်လင့်နေသည်။ သူက အရမ်းကပ်ပြီး စိတ်ပျက်ဖို့ကောင်းလွန်းတယ်..


နှစ်သစ်ကူး၏ခုနှစ်ရက်မြောက်နေ့ပြီးသွားတော့ အိမ်ကြီးက တိတ်ဆိတ်သွားသည်။


ရှန်းယုဟန်က သူအိမ်မှာ အွန်လိုင်းသင်တန်း တက်ရမယ်လို့ မူလကထင်ခဲ့သည်။ သို့သော် သူက ဒါရိုက်တာဖန့်ဆီက ဖိတ်ခေါ်မှုကို ရုတ်တရက် ရရှိခဲ့သည်။ တစ်ဖက်လူက သူတို့ရှာတွေ့ခဲ့သော ရှေးဟောင်းဂီတကို အသံကူသွင်းပေးရန် မြို့တော်ကိုလာဖို့ပြောခဲ့သည်။ အသေးစိတ်က လျို့ဝှက်ထားဖို့လိုတာကြောင့် မျက်နှာချင်းဆိုင်တွေ့ဖို့လိုသည်။

သူက ညရောက်တော့ ရှန်ချီဟွမ်းကို ထိုကိစ္စပြောပြခဲ့သည်။ “ယောကျာ်း၊ ဒါရိုက်တာဖန့်က သီချင်းတစ်ပုဒ်တီးခတ်ပေးဖို့ ပြောခဲ့တယ်။ ကျွန်တော်သွားသင့်တယ်ထင်လား?”


ရှန်ချီဟွမ်း၏မျက်နှာပေါ်မှာ မကျေနပ်မှုကိုရေးထားသည်။ “ကျန်းမြို့တော်မှာ ရိုက်ကူးပြီး ပို့လိုက်လို့မရဘူးလား?”


ရှန်းယုဟန်က သူ့ကိုဆွဲကာ ဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်သည်။ “ဒါရိုက်တာဖန့်က လျို့ဝှက်ထားရမယ့်အလုပ်မို့ ပေါက်ကြားလို့မရဘူးလို့ပြောတယ်။”


ရှန်ချီဟွမ်းက ဝမ်းနည်းသလိုပြောလိုက်၏။ “မင်းအလုပ်ကိစ္စအတွက် ပိုင်မြို့တော်ကိုသွားရင် ကိုယ်တစ်ယောက်တည်း အိမ်မှာကျန်ခဲ့မှာမဟုတ်လား?”


ဟမ်? ထိုမှသာ ရှန်းယုဟန်က နားလည်သွားသည်။ သူမြို့တော်ကိုခရီးသွားဖို့ လက်ခံလိုက်ရင် ဒါရိုက်တာဖန့်ရဲ့ဖိတ်ခေါ်မှုက အလုပ်ကိစ္စဖြစ်မသွားဘူးလား?


“အဲ့လိုထင်ရတာပဲ” ရှန်းယုဟန်က သူ့ခင်ပွန်း အလုပ်ခရီးသွားတုန်းက အချိန်ကို ပြန်စဥ်းစားလိုက်သည်။ သူလည်းအိမ်မှာတစ်ယောက်တည်း ကျန်နေခဲ့ဖူးသည်။ သူက ရှန်ချီဟွမ်း၏လက်မောင်းကိုဖက်ကာ လှုပ်ခါလိုက်သည်။ “ယောကျာ်းအလုပ်ခရီးသွားတုန်းက ကျွန်တော်အိမ်ကနေ ခင်ဗျားအိမ်ပြန်လာတာကို စောင့်ခဲ့တာပဲ၊ ဒီတော့ ကျွန်တော်အလုပ်ခရီးသွားရင် ယောကျာ်းလည်း ကျွန်တော့်ကိုစောင့်နေပေါ့။”



“ဒါဆိုမင်းမြို့တော်ကိုသွားမှာပေါ့?” ရှန်ချီဟွမ်းက သူ့စကားကို ရှင်းရှင်းလင်းလင်း သိသည်။ ဆိုလိုတာက ရှန်းယုဟန်က အိမ်နဲ့ခဏလောက် ဝေးနေတော့မှာပင်။


“အွန်း…ဒါရိုက်တာဖန့်ရဲ့နေရာမှာ ဘယ်လိုတေးဂီတမျိုးရှိလဲ ကျွန်တော်ကြားချင်တယ်။ ကျွန်တော့်ရဲ့နယ်မြေကို ချဲ့ထွင်ဖို့လေ” ဒါက ရှန်းယုဟန်သင်ယူခဲ့သော စကားလုံးအသစ်ဖြစ်၏။


“မင်းကဘက်စုံတော်တဲ့သူပဲ၊ ​ပြီးတော့ မင်းရဲ့ပန်းချီပြပွဲကလည်း အခုထိမပြီးသေးဘူးလေ” ရှန်ချီဟွမ်းက သူချွဲနေတာကို မခံနိုင်ဆုံးဖြစ်၏။ “မင်းသွားလို့ရတယ်။ ဒါပေမယ့် တစ်ယောက်တည်းသွားလို့မရဘူး။ ငါ ဘောဒီဂတ်နှစ်ယောက်ထည့်ပေးလိုက်မယ်။ ပြီးတော့ လက်ထောက်တစ်​ယောက်ရောပဲ….”


“ယောကျာ်းစကားနားထောင်ပါ့မယ်။” ရှန်းယုဟန်က နာခံစွာတုံ့ပြန်လိုက်ပြီး နားမထောင်လို့လည်းမရတာကြောင့် ယုံကြည်မှုကင်းမဲ့သလို မေးလိုက်သည်။ “ကျွန်တော်က တကယ်ကို ဘက်စုံတော်လား?”


ရှန်ချီဟွမ်းက သူ့ပါးကို ဆွဲဖျစ်လိုက်သည်။ “မင်းက ငါ့ကိုမြှူစွယ်တဲ့နေရာမှာတော့ သေချာပေါက် စွယ်စုံရတယ်။”


ရှန်းယုဟန်က နှာခေါင်းရှုံ့ကာ နှာမှုတ်လိုက်သည်။ “ကျွန်တော်က အတည်ပြောနေတာကို ခင်ဗျားက အမြဲတမ်း သိက္ခာမဲ့နေတယ်။”


“ငါဘယ်မှာသိက္ခာမဲ့လို့လဲ၊ ငါက အိမ်ထောင်ရေးဝတ္တရားတွေကို ပုံမှန်ဖြည့်ဆည်းပေးနေတာပါ။ မင်းသိလား…. အိမ်ထောင်ဖက်တစ်ယောက်က တစ်ဖက်ကို မဖြည့်ဆည်းပေးရင် သူတို့လိင်မှုဘဝက သဟဇာတမဖြစ်ပဲ ကွာရှင်းရနိုင်တယ်။” ရှန်ချီဟွမ်းက သူ၏သိက္ခာမဲ့မှုခေါင်းစဥ်ကို လေးနက်သော အပြုအမူနှင့် ရှင်းပြလိုက်သည်။


“အဲ့လိုရှိသေးတာလား?” ရှန်းယုဟန်က အထွက်ခုနှစ်ချက်*ကိုပဲသိပေမယ့် ထိုအရာက ခေတ်သစ်မှာ မရှိပေ။ သို့သော် နိုင်ငံ၏ဥပဒေက စုံတွဲ၏လူနေမှုဘဝရှုထောင့်ကို ကာကွယ်ပေးထားမယ်လို့ မမျှော်လင့်ခဲ့ပေ။

(**ခင်ပွန်းက ဇနီးကိုစွန့်ပစ်လို့ရတဲ့ အကြောင်းအရင်းခုနှစ်ချက်ပါ)


ဆိုလိုတာက သူ့ခင်ပွန်းကလည်း သူကျေနပ်အောင် လုပ်ပေးချင်တာလား? သူက သူ့ကို ဒီနည်းနဲ့ သတိပေးလိုက်တာပဲ!


ရှန်းယုဟန်က သူ့ခင်ပွန်းကို တစ်ချက်ကြည့်လိုက်သည်။ သူတို့က ဒီလောက်နဲ့ မလုံလောက်သေးတာလား?


ဒေါက်တာဖန့်က ရှန်းယုဟန်ကို ‘အရည်အချင်းများ'လိုအပ်သော မြို့တော်သို့ဖိတ်ခေါ်ခဲ့သည်။


ထွက်ခွာသည့်နေ့တွင် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လေဆိပ်သို့ ကိုယ်တိုင်လိုက်ပို့ခဲ့သည်။ ဖြတ်သွားဖြတ်လာ လူအုပ်ကြီးကိုကြည့်ကာ တစ်ဖက်လူတွေ ရှန်းယုဟန်ကိုတိုက်မိပြီး နာသွားမှာ စိုးရိမ်တာကြောင့် ရှန်ချီဟွမ်းက ကိုယ်ပိုင်လေယာဥ်ဝယ်ဖို့ စဥ်းစားနေသည်။ တစ်စက္ကန့်တွေးပြီးနောက် ထိုအကြံကို စိတ်ထဲမှာသိမ်းထားလိုက်သည်။ သူအိမ်ပြန်ရောက်မှ အသိတစ်​ယောက်ကို လေယာဥ်ဝယ်ဖို့နဲ့ အလုံခြုံဆုံးမော်ဒယ်ကို မေးလိုက်မည်။


ရှန်းယုဟန်က သူ့ခင်ပွန်း ဘာတွေတွေးနေလဲမသိခဲ့ပေ။ ဤသည်မှာ သူ အလုပ်ခရီးကို ပထမဆုံးအကြိမ် သွားနေတာဖြစ်ပြီး သူ့စိတ်က အရင်တစ်ခေါက် ရှန်ချီဟွမ်းကိုရှာဖို့ လေယာဥ်စီးခဲ့တာနဲ့ ကွဲပြားသည်။ ဤသည်မှာ သူ၏ပထမဆုံးအလုပ်တာဝန်ဖြစ်၏။


သူက ယခုဆိုရင် အလုပ်ရှိသော အမျိုးသားတစ်ယောက်ဖြစ်ခဲ့ပြီ။ သူသာ ချီတိုင်းပြည်မှာရှိနေရင် သူတစ်နေ့မှာပိုက်ဆံအတွက် အလုပ်ရှာရမယ်လို့ ဘယ်တော့မှတွေးမိမှာမဟုတ်ပေ။ သို့သော် နိုင်ငံ့အဖွဲ့အစည်းအတွက် ချင်တီးခတ်တာက ဖျော်ဖြေသူတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းမဟုတ်ပေ။ ယခုခေတ်တွင် ကိုယ်ပိုင်ဝင်ငွေရှာဖို့က အရမ်းအရေးကြီးပြီး အင်တာနက်သုံးစွဲသူများပြောကြသည်မှာ အိမ်ထောင်ပြုပြီးရင် လူတစ်ယောက်က ကိုယ်ပိုင်အလုပ်ရှိရမှာဖြစ်ပြီး အိမ်ထောင်ရှင်ထီးပဲ လုပ်နေလို့မရပေ။ မဟုတ်ရင် သူက တဖြည်းဖြည်း သူ့ကိုယ်သူဆုံးရှုံးရလိမ့်မည်။

သူတို့ရှေ့ဆက်လျှောက်လာပြီး လုံခြုံရေးစစ်ဆေးသောနေရာကိုရောက်တော့ ရှန်ချီဟွမ်းက အထဲဝင်လို့မရတော့သဖြင့် ရှန်းယုဟန်၏လက်ကိုကိုင်ကာ မြို့တော်ကိုရောက်ရင် ဘာလုပ်ရမလဲဆိုတာကို ပြောပြခဲ့သည်။ ထို့​နောက် သူက သူပို့ခဲ့သည့် လက်ထောက်ကိုလည်း ရှန်းယုဟန်၏နေထိုင်မှုအလေ့အထတချို့ကို ပြောပြခဲ့သည်။


ရှန်းယုဟန်က သူ့စကားကြားတော့ ပျော်ရွှင်သွားကာ အရွှန်းဖောက်လိုက်သေးသည်။ “ယောကျာ်း၊ ခင်ဗျားဆက်ပြောနေမယ်ဆိုရင် လေယာဥ်လွတ်သွားလိမ့်မယ်။”


“မင်းက ငါ နားပူနာဆာလုပ်တာကို မကြိုက်ဘူးပေါ့လေ၊ မင်းအပြင်ထွက်တိုင်း ဘယ်နှစ်ခေါက်များ စိတ်ချရဖူးလို့လဲ ပြောကြည့်ပါဦး။” ရှန်ချီဟွမ်းက သူ့ကိုတွန်းလိုက်သည်။ “မြန်မြန်သွားတော့၊ ငါမင်းကိုမမြင်ချင်တော့ဘူး။”


ရှန်းယုဟန်က တင်းမာနေသော သူ့မျက်နှာကိုကြည့်ကာ အပြုံးတစ်ခုနှင့် လှည့်ကြည့်လာပြီး သူ့ခါးကိုဖက်လိုက်သည်။ “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ်။ စိတ်မပူပါနဲ့။”


“ငါစိတ်မပူပါဘူး။ မင်းမြန်မြန်သွားပါ၊ မင်းထွက်သွားမှပဲ ငါပျော်နိုင်တော့မယ်။” ရှန်ချီဟွမ်းက သူ့​ဆံပင်ကိုသပ်ပေးပြီး သူ့လှုပ်ရှားမှုများက နူးညံ့နေပေမယ့် သူ့ပါးစပ်ကတော့ အေးစက်ချင်​ယောင်ဆောင်နေသည်။ “မင်းအိမ်မှာမရှိမှ ငါနေရတာအဆင်ပြေမှာ။”


ရှန်းယုဟန်က သူ့စကားကို ပြောင်းပြန်သာယူလိုက်သည်။ “ဒါဆို ကျွန်တော်သွားတော့မယ်။” သူကလည်း သူ့ခင်ပွန်းကို သတိပေးလိုက်သည်။ “ယောကျာ်း၊ သူငယ်ချင်းတွေနဲ့ သွားသောက်ရင် မမူးစေနဲ့နော်”


“အင်း ငါမသောက်ဘူး” ရှန်ချီဟွမ်းက ရှန်းယုဟန်ရှေ့မှာ ပုန်ကန်တတ်သော မြီးကောင်ပေါက်အရွယ်လေးအဖြစ် သရုပ်ဆောင်နေသည်။



သူဒီလိုပြောလာ​တော့ ​သေချာပေါက်မူးအောင် သောက်မှာမဟုတ်ပေ။ ထိုမှသာ ရှန်းယုဟန်က လုံခြုံးရေးဂိတ်ကိုဖြတ်ဖို့ စိတ်သက်သာရာရသွားခဲ့သည်။


သူက လုံခြုံရေးစစ်ဆေးရေးမှူးကို သူ့သက်သေခံစာရွက်စာတမ်း လွှဲပေးသောအချိန်မှာ ​နောက်ပြန်လှည့်ကြည့်တော့ သူ့ခင်ပွန်း မတ်တပ်ရပ်နေတာကိုတွေ့လိုက်ရသည်။ ရှန်းယုဟန်က လက်ယမ်းပြလိုက်တော့ ရှန်ချီဟွမ်းကလည်း တောင့်တောင့်ကြီးဝေ့ယမ်းပြလာသည်။


လုံခြုံရေးစစ်ဆေးရေးမှူးက သက်သေခံစာရွက်စာတမ်းကို ပြန်ပေးလာပြီး ရှန်းယုဟန်က အထဲဝင်သွားခဲ့သည်။