Chapter 70.2
Viewers 23k

Chapter 70.2


“ဇနီးလေး၏ပထမဆုံးအလုပ်ခရီး”


သူ၏ပထမဆုံးအလုပ်ခရီးစဥ်တွင် သူ့နှလုံးသားထဲမှာ သိမ်မွေ့သောခံစားချက်တစ်ခုပေါ်လာပြီး ထိုခံစားချက်က သူ့ခင်ပွန်းကိုထားခဲ့ဖို့ တုံ့ဆိုင်းနေတာဖြစ်၏။


အိမ်ထောင်ကျပြီး ပထမဆုံးအကြိမ် သူ့ခင်ပွန်းအလုပ်ခရီးသွားခဲ့စဥ်က သူက သူနဲ့ခွဲဖို့ တုံ့ဆိုင်းနေခဲ့ပေမယ့် ဤတစ်ကြိမ်တုံ့ဆိုင်းမှုက မတူတော့ချေ။ သူက အိမ်ပြန်ဖို့ မျှော်လင့်ချက်ပိုရှိလာပြီး သူ့အလုပ်ကိုမြန်မြန်အပြီးသတ်ကာ အိမ်ပြန်ပြီး သူ့ခင်ပွန်းနဲ့အတူရှိနေချင်၏။



ခရီးကနှစ်နာရီကြာပြီး လေယာဥ်ဆင်းတော့ ရှန်းယုဟန်က ရှန်ချီဟွမ်းကြိုတင်ငှားရန်းထားသည့် ဟိုတယ်ကိုသွားခဲ့ပြီး သူ့နောက်ကလိုက်လာသော ဘော်ဒီဂတ်နှစ်ယောက်လည်းရှိသည်။ လက်ထောက်ကတော့ ရှန်ချီဟွမ်းရွေးချယ်ထားတာဖြစ်ပြီး သူမက နောင်မှာ ​ရှန်းယုဟန်၏အလုပ်အတွက် တာဝန်ယူရမှာဖြစ်သည်။ သူမက အသက်သုံးဆယ်ကျော် ရင့်ကျက်တည်ငြိမ်သောအမျိုးသမီးဖြစ်ပြီး အဘက်ဘက်က ပါးနပ်မှုရှိသည်။ သူမက လေယာဥ်ခရီးစဥ်တစ်လျှောက် ရှန်းယုဟန်ကို ဘယ်သူမှမထိအောင် ကာကွယ်ပြီး ယင်းမှာရှန်းယုဟန်ကို အလွန်စိတ်သက်သာရာရစေခဲ့သည်။ သူက မရင်းနှီးသော အမျိုးသားအမျိုးသမီးများနှင့် အရမ်းနီးကပ်နေတာကို မကြိုက်ပေ။


လက်ထောက်ယန်: “မစ္စတာရှန်း၊ ကျွန်မ ရှင့်အတွက် ဒါရိုက်တာဖန့်နဲ့ တ​ခြားသူတွေကို တွေ့ဖို့ အချိန်စီစဥ်ပေးထားတယ်။ နေရာက အမျိုးသားရှေးဟောင်းသုတေသနအဆောက်အဦးမှာ၊ အဲ့ဒါနဲ့ပတ်သတ်ပြီး အကြံပေးချင်တာရှိလား?”


ရှန်းယုဟန်က ထိုင်ချကာ ဖြေလိုက်သည်။ “အွန်း၊ ဒါရိုက်တာဖန့် ပင်လယ်စာကြိုက်တာကို ကျွန်တော်မှတ်မိတယ်။ ကျွန်တော်တို့ ညမှာ ညစာစားမယ်ဆိုရင် ပင်လယ်စာစားသောက်ဆိုင်ကို ဘိုကင်လုပ်ပေးပါ။ သူတို့အဲ့ဒါကိုအရမ်းကြိုက်တာ ကျွန်တော်မှတ်မိတယ်။”


လက်​ထောက်ယန်က ရှန်းယုဟန်ကို လေးစားမှုအပြည့်ရှိသည်။ “တခြားသတ်မှတ်ချက်တွေ လိုအပ်သေးလား?” 


ရှန်းယုဟန်က လက်ထောက်ယန်နဲ့မရင်းနှီးပေမယ့် သူမ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို ခံစားလို့ရသည်။  “ဒါရိုက်တာဖန့်နဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ပေးပါ။ ပြီးတော့… တခြားသူတွေမသိသွားပါစေနဲ့။” ရှန်းယုဟန်က ဒါကိုလည်းသိသည်။ ခေါင်းဆောင်များက အလွန်အကျွံစာသောက်လို့မရဘူးလို့ ကြားဖူးသည်။


လက်ထောက်ယန်: “နားလည်ပါပြီ”


လက်​ထောက်ယန် သူ့အတွက် မရပ်မနား အလုပ်လုပ်ပေးနေတာကိုတွေ့တော့ ရှန်းယုဟန်က တွေးလိုက်သည်။ မော့ကျူးမှာသာ ဒီလိုအစွမ်းအစရှိရင် သူနဲ့အတူ ဘာလို့ချူတိုင်းပြည်ကို လိုက်ခဲ့မှာလဲ၊ သူမ အသက်ရှင်နေလား​တောင် သူမသိခဲ့ပေ။

သို့သော် သခင်ကထွက်သွားတော့ မော့ကျူးလည်း မရှင်နိုင်လောက်ပေ။ 


အမျိုးသားရှေးဟောင်းသုတေသနဌာနက အတော်လေး ပုန်းကွယ်နေသည်။ မြို့တော်မှာ ရှေးအကျဆုံး အုတ်နီအဆောက်အဦးရှိပြီး အမျိုးသားရှေးဟောင်းသုတေသနဌာနက ထိုအဆောက်အဦးများကြားမှာ ညှပ်နေသည်။ ပင်မဝင်ပေါက်က အတော်လေးရှေးကျသော သစ်စေးဂိတ်ဖြစ်ပြီး နံရံကို ရွှေယွန်းထည်ဖြင့် စီခြယ်ထားကာ နေထွက်လာသည့်အခါ တောက်ပနေလေ၏။


ကြိုတင်ချိန်းဆိုထားတာကြောင့် ဒါရိုက်တာဖန့်နှင့်တွေ့မည့် လုပ်ငန်းစဥ်က အတော်လေးချောမွေ့နေသည်။ ဘာပဲဖြစ်ဖြစ် သူ့ကို ဒါရိုက်တာဖန့်က ဖိတ်ခေါ်ထားတာဖြစ်လို့ သူ့မှာ ပညာအရည်အချင်းမရှိသော်လည်း သူ့စိတ်နေသဘောထားနှင့်အတူ ရှန်မိသားစုက သူ့နောက်မှာရှိနေတော့ ရှန်းယုဟန်က ယုံကြည်မှုကင်းမဲ့မနေပေ။ သူက ဒါရိုက်တာဖန့်ကို စကားပြောသောအခါ သိက္ခာနှင့်သတိရှိပြီး လူတိုင်းက သူ့ကိုပြုံးပြချင်ကြသည်။


ရှန်းယုဟန်က ဒါရိုက်တာဖန့်၏ ရုံးခန်းကို ဖိတ်ခေါ်ခံခဲ့ရပြီး သူက ရှန်းယုဟန်ကို အကြောင်းအရင်း အရင်ရှင်းပြပြီးမှ သူတို့က အလုပ်ကိစ္စဆွေးနွေးခဲ့ကြသည်။ သူ့အလုပ်က လူသိရှင်ကြားမဖော်ပြဖူးသည့် ရှေးခတ်ဂီတကို အသံသွင်းရမှာဖြစ်၏။ နောက်ဆုံးအကြိမ်က ရှန်းယုဟန်၏ {တဒင်္ဂပေမယ့်ခဏလေးပါပဲ}သည် ရှေးဟောင်းအုတ်ဂူထဲက ရှာတွေ့ခဲ့သော ရှေးခတ်ဂီတလို့ အတည်ပြုခဲ့ကြပြီး သူတို့က လူအများစုကို ထိုအပိုင်းတီးခတ်ခွင့်ပေးခဲ့ပေမယ့် ကျွမ်းကျင်သူအများစုက အကြိုက်မတွေ့ခဲ့ပေ။ သူတို့ရှာတွေ့ခဲ့သော ဆရာများကလည်း ရှန်းယုဟန်၏ဗားရှင်းလို မတီးခတ်နိုင်ခဲ့ပဲ ရှေးဆန်ပြီး ပျင်းဖို့ကောင်းနေခဲ့သည်။


တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ သူတို့က ရှေးဟောင်းအုတ်ဂူ၏ဘေးခန်းက ဂီတရမှတ်အပိုင်းအစကို သေချာတူးဖော်ခဲ့ကြပြီး ယင်းမှာ ရှေးဟောင်းသုတေသနအဖွဲ့အစည်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့တယ်လို့ ဆိုနိုင်ပေမည်။


ဒါရိုက်တာဖန့်က ရိုက်ကူးထားသော ဂီတရမှတ်ကို ရှန်းယုဟန်အား ပေးခဲ့ပြီး ရှန်းယုဟန်က အလေးအနက်ကြည့်နေတာကိုတွေ့တော့ သူက သူ့နဖူးသူရိုက်လိုက်၏။ “တုံးလိုက်တဲ့ငါ…. မင်းမဖတ်နိုင်လောက်ဘူး။ ဘာသာပြန်ထားတဲ့ဗားရှင်းကို တစ်ယောက်ယောက်နဲ့ ယူလာခိုင်းလိုက်မယ်။”


ရှန်းယုဟန်တိတ်ဆိတ်နေပြီး အလေးအနက်ကြည့်နေသော အကြောင်းအရင်းမှာ သူနားမလည်လို့မဟုတ်ပဲ သူက ဂီတရမှတ်ပေါ်က စာလုံးတွေကို မှတ်မိနေလို့ဖြစ်သည်။


သူက ခေါင်းခါလိုက်သည်။ “ဘာသာပြန်ဗားရှင်းကို ယူစရာမလိုပါဘူး။ ဒါရိုက်တာဖန့်၊ ကျွန်တော်ဖတ်နိုင်တယ်”


ဒါရိုက်တာဖန့်က ဖုန်းကိုကောက်ကိုင်ထားပြီး “မင်းမဖတ်နိုင်လည်း….” ကိစ္စမရှိပါဘူး. “မဟုတ်….ဘာ…မင်းဘာပြောလိုက်တာလဲ?”


“ကျွန်တော်နားလည်တယ်လို့ပြောလိုက်တာ၊ ကျွန်တော့်ကို ဘာသာပြန်ဗားရှင်းပေးစရာမလိုပါဘူး” ရှန်းယုဟန်က ထပ်ပြောလိုက်၏။ သူ့ကို ဘာသာပြန်ဗားရှင်းပေးမှ သူနားလည်မှာဖြစ်၏။


သူက သက်ပြင်းချကာ တည်ငြိမ်ဖို့ကြိုးစားလိုက်သည်။ သူက ချီတိုင်းပြည်နဲ့ပတ်သတ်သော အချက်အလက်ကို လုံးဝမရှာနိုင်ခဲ့ပေ။ ဒီတော့ ဒါရိုက်တာဖန့်မှာ ဘာလို့ ချီတိုင်းပြည်ရဲ့ဇာတ်ညွှန်းကိုရေးထားတဲ့ ဂီတရမှတ်ရှိနေတာလဲ?


“ဒါရိုက်တာဖန့်၊ ဒီဂီတရမှတ်ကလည်း တူးခဲ့တာလား?”


“အမှန်အတိုင်းပြောရရင် အဲ့ဒါအမှန်ပဲ၊ နောက်ဆုံးအကြိမ်မင်းတွေ့ခဲ့တဲ့ ဂီတရမှတ်က အုတ်ဂူပိုင်ရှင်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တာ၊ ဒီဂီတရမှတ်ဆယ်ပိုင်းက ငါတို့ရဲ့ ရှေ့တန်းလုပ်​ဖော်ကိုင်ဖက်တွေ ရှင်းလင်းခဲ့တာ။ အုတ်ဂူပိုင်ရှင်ရဲ့ အ​ထောက်အထားကိုတော့ မသတ်မှတ်ရသေးဘူး။ ဒါကြောင့် လောလောဆယ်မင်းကိုပြောပြလို့မရဘူး။” ဒါရိုက်တာဖန့်က သူစကားပြောရပ်လိုက်စဥ် စိတ်လှုပ်ရှားနေသည်။ “မဟုတ်ဘူး။ မင်း ဒီဂီတရမှတ်ကို နားလည်တယ်လို့ ပြောခဲ့တယ်မလား? ဒီလိုအရေးအသားကိုရောသိတာလား?” 


အရေးအသားနဲ့ တရုတ်စာလုံးများကြားက ကွာခြားချက်မှာ သိပ်မကြီး​သော်လည်း ဤ “ကွာဟမှုအနည်းငယ်”က ရှေးဟောင်းသုတေသနပညာရှင်များ၏ မျက်လုံးထဲတွင်သာရှိပြီး သာမန်လူတွေအတွက်ကတော့ အလွန်ခက်ခဲသည်။ 




ဒါရိုက်တာဖန့်၏ စိတ်လှုပ်ရှားမှု မထိန်းနိုင်ဖြစ်နေတာကိုတွေ့တော့ ရှန်းယုဟန်ကပြောလိုက်သည်။ “ကျွန်တော်နည်းနည်းပဲနားလည်တယ်။”


ဤအဖြေကအလွန်သိမ်မွေ့ပြီး သူ့နိုင်ငံက သမိုင်းစာအုပ်များတွင် ဘယ်တုန်းကမှပေါ်မလာခဲ့ဖူးပေ။ သူက သူဖတ်နိုင်တယ်လို့ ရုတ်တရက်​ပြောမိလိုက်သည်။ သူက အနည်းငယ်ရှုပ်ထွေးသွားလို့ စိတ်လိုက်မာန်ပါ ပြောမိသွားတာဖြစ်၏။

“ကျွန်တော် ဂီတရမှတ်အများကြီးကို ဖတ်ခဲ့လို့ဖြစ်မယ်။ ဒါကြောင့် နည်းနည်းတော့နားလည်တယ်။ ပြီးတော့ အကြမ်းဖျင်းလည်း ခန့်မှန်းနိုင်သေးတယ်။” ရှန်းယုဟန်က နည်းနည်းရှင်းပြခဲ့သည်။


ထိုရှင်းပြချက်က ဒါရိုက်တာဖန့်၏ လက်ခံမှုအတိုင်းအတာထဲကို ရောက်သွားပြီး ဒါရိုက်တာဖန့်က ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ “ရှောင်ရှန်း၊ မင်းကတကယ်ကိုတစ်ခုခုပဲ…မင်းက အရည်အချင်းကို ဖုံးထားတာပဲ! ဒီရှေးဟောင်းတေးဖျော်ဖြေမှုနဲ့ ရိုက်ကူးရေးအတွက် မင်းကို တကယ်စိတ်ချလို့ရသွားပြီ!”


ထို့သို့ဖြင့် သူက ရှန်းယုဟန်ကို ရိုက်ကူးရေးနေရာသို့ ခေါ်သွားကာ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်ကျော်က ဂီတကိုနားထောင်ဖို့ စိတ်အားထက်သန်နေခဲ့သည်။


ရှန်းယုဟန်က သူ့ကိုယ်ပိုင်ချင်တူရိယာကို ယူလာပေမယ့် ပြပွဲနေရာကိုဖြတ်သွားတော့ သူသဘောကျသည့် ရှေးဟောင်းချင်တူရိယာများကို တွေ့ခဲ့ရပြီး သူတို့အားလုံးက နှစ်အတော်ကြာအောင်တည်ရှိခဲ့တာကြောင့် အရည်အသွေးက ထိပ်တန်းလို့ယူဆလို့ရသည်။


သို့သော် သူက ချီတိုင်းပြည်က သူ့မှာရှိခဲ့သော ချင်တူရိယာကို ထပ်လိုချင်သေးသည်။ ယင်းမှာ သူ့အဖေရှာပေးခဲ့တာဖြစ်ပြီး သူ့ချင်တူရိယာက ထိုနှစ်များမှာ ဉာဏ်အလင်းရခဲ့သော ဘုန်းကြီးတစ်ပါးသုံးခဲ့တာလို့ ဆိုကြပြီး ရှန်းယုဟန် ရသွားပြီးနောက်မှာ သူက အမြဲတမ်းတန်ဖိုးထားခဲ့၏။

ကံမကောင်းတာက လက်ရှိမှာ ပြန်မရနိုင်တော့ပေ။


ရှန်းယုဟန်က သူ့မျက်လုံးကိုဖွင့်ကာ ဒါရိုက်တာဖန့်ကိုမေးလိုက်၏။ “ဒါရိုက်တာ၊ ဒီအုတ်ဂူပိုင်ရှင်ရဲ့ နာမည်အပြည့်အစုံကဘာလဲ?”


ဒါရိုက်တာဖန့်က ခေါင်းခါကာ ပြုံးပြလိုက်သည်။ “ငါအသေးစိတ်ပြောပြလို့မရသေးဘူး။ ဒါပေမယ့် သူ့မျိုးရိုးနာမည်က ရှန်းလို့သိရတယ်။ မင်းမျိုးရိုးနဲ့တူတူပဲ။”


ရှန်းယုဟန်၏နှလုံးသားက တစ်ချက်ခုန်သွားသည်။ “တက…တကယ်…မျိုးရိုးနာမည်ရှန်း?” သူက တည်ငြိမ်ချင်ယောင်ဆောင်ကာ ဒါရိုက်တာဖန့်ကို မဝံ့မရဲမေးလိုက်၏။ “ကျွန်တော်တို့ရှန်းမိသားစုရဲ့ ဘိုးဘေးဖြစ်နိုင်မလား?”


“အဲ့ဒါက သုတေသနရလဒ်ပေါ်မူတည်တယ်။” အုတ်ဂူပိုင်ရှင်၏ အရိုးတည်ဆောက်ပုံကို တွေးကြည့်တော့ သူက ခေါင်းထပ်ခါလိုက်၏။ “ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။”


ရှန်းယုဟန်က စိတ်မပျက်ပေ။ အုတ်ဂူပိုင်ရှင်က ချီတိုင်းပြည်နဲ့သက်ဆိုင်လား သူသိချင်သည်။


သူက ဒေါက်တာဖန့်နဲ့ ထပ်ပြီးဆက်သွယ်နေဦးမှာမို့ ဒါရိုက်တာဖန့်နဲ့ တခြားသူများကို ညနေမှာ ပင်လယ်စာစားဖို့ ဖိတ်ခေါ်ခဲ့သည်။


ဒါရိုက်တာဖန့်ကလည်း လက်ခံခဲ့ပြီး လက်ရှိမှာ လုပ်ဖော်ကိုင်ဖက်လို့ သတ်မှတ်လို့ရလေပြီ။ သူတို့က အကျိုးအမြတ်ကို ခံစားနိုင်ပြီး ဘာပဲဖြစ်ဖြစ် စားနပ်ရိက္ခာလည်း ပြတ်လတ်မနေတာကြောင့် အရင်းရှင်များ၏ အကျိုးကျေးဇူးကို အရင်အသုံးချလိုက်မည်။


ရှန်းယုဟန်က သုတေသနအဖွဲ့အစည်းမှ ဂီတရမှတ်ကို မယူနိုင်ခဲ့တာကြောင့် မွန်းလွဲပိုင်းမှာ သူက အသံသွင်းစတူဒီယိုတွင် ပထမပိုင်းကို စမ်းတီးခတ်ခဲ့သည်။ ထိုအပိုင်းကို အရင်က မတီးခတ်ဖူးသော်လည်း လေ့ကျင့်မှုအချို့နှင့်အတူ သူက သဘာဝကျကျ လုပ်ဆောင်နိုင်ခဲ့၏။

ဒါရိုက်တာဖန့်က သူ ချင်လေ့ကျင့်နိုင်ဖို့ သီးသန့်ခန်းတစ်ခု စီစဥ်ပေးခဲ့သည်။


သူက နေ့လည်ခင်းတစ်ခုလုံးမှာ ပထမပိုင်းကို လေ့ကျင့်ခဲ့ပြီး ညနေ ညစာစားချိန်မှာ ရှန်းယုဟန်က မနက်ဖြန်ရိုက်ကူးလို့ရပြီဖြစ်ကြောင်း ပြောလိုက်သည်။


သူက သူတို့ကို ညနေမှာ ညစာလိုက်ကျွေးခဲ့ပြီး ဒါရိုက်တာဖန့်က အဖွဲ့အစည်းရှိ ကျွမ်းကျင်ပညာရှင်များကို ညစာအတူစားဖို့ ဖိတ်ခေါ်လာခဲ့၏။


ညနေ ဟိုတယ်ပြန်ပြီးနောက် ရှန်းယုဟန်၏ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေ၏။


သူက နေ့လည်ခင်း အဖွဲ့အစည်းမှာ ဖုန်းမသုံးနိုင်ခဲ့တာကြောင့် သူ့ခင်ပွန်းအကြောင်း မေ့လုနီးပါးပင်။ ကံကောင်းတာက အိပ်ရာမဝင်ခင် သတိရသွားခဲ့၏။


ဖုန်း၏ဗီဒီယိုကောလ်ဖွင့်လိုက်သည်နှင့် ရှန်းယုဟန်က သူ့ခင်ပွန်း၏ စိတ်မကောင်းဖြစ်နေသော မျက်နှာကိုတွေ့လိုက်ရပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။


ရှန်ချီဟွမ်းက မျက်နှာကိုဖုံးကာ ရှန်းယုဟန်ကို သင်ခန်းစာပေးလိုက်၏။ “ရှန်းယုဟန်…. မြို့တော်ကို ထွက်ပြေးသွားပြီး မင်းရဲ့လူကိုပါ မေ့သွားတာလား?”


ရှန်းယုဟန်က သူ့ဖုန်းကိုကိုင်ကာ ကုတင်ပေါ်မှာ လှဲလိုက်ပြီး အရွန်းဖောက်ကာ တမင်တကာပြောလိုက်၏။ “အာ…ကျွန်တော်မေ့သွားတယ်”



ဤဗီဒီယိုကောလ်အတွက် တစ်နေ့လုံးစောင့်နေခဲ့သော ရှန်ချီဟွမ်းက ဒေါသတကြီးပြောလိုက်၏။ “ဒါဆိုပြန်မလာနဲ့။”

ရှန်းယုဟန်ကပြောလိုက်သည်။ “အဲ့လိုတော့မဖြစ်ဘူး။ ကျွန်တော့်ယောကျာ်းကို လွမ်းနေရင် ဘာလုပ်ရမလဲ”


ရှန်ချီဟွမ်းက စောဒကတက်၏။ “ဘာမှမလုပ်နဲ့၊ မင်းက ယောကျာ်းရှိတာတောင် မေ့သွားပြီ”


သို့သော် တစ်ခါတစ်ရံ ရှန်ချီဟွမ်းက ဘယ်လောက်ပဲ ခက်ထန်နေပါစေ ရှန်းယုဟန်၏ ချော့ပြောသော စကားများနှင့် ယှဥ်လို့တော့မရချေ။ 


ရှန်းယုဟန်က လှိမ့်လိုက်ပြီး ဖုန်းကိုမျက်နှာမူကာ မျက်တောင်ခတ်ပြီး နူးညံ့သောလေသံဖြင့် ပြောလိုက်၏။ “ဒါပေမယ့် ကျွန်တော် ခင်ဗျားကို အခုလွမ်းနေတာ”


ရှန်ချီဟွမ်းက သက်ပြင်းချပြီး စိတ်မဆိုးနိုင်တော့ပဲ တောင့်တမှုအနည်းငယ်နှင့်အတူ နူးညံ့သောလေသံဖြင့်ပြောလိုက်၏။ “ဒါဆို စောစောပြန်လာသင့်တယ်။”


အိမ်ထောင်ကျပြီးနောက် သူ၏ပထမဆုံးအလုပ်ခရီးမှာ ရှန်းယုဟန်က သူ့ကို ဒီစကားပြောခဲ့ဖူးတာ မှတ်မိသေးသည်။.



ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ယောကျာ်းရော ကျွန်တော့်ကို ဒီနေ့လွမ်းလား?”


ရှန်ချီဟွမ်းက သူ့ဇနီး ဟိုတယ်မှာ တစ်ယောက်တည်းဖြစ်နေတာကို တွေးမိသွားပြီး သူလန့်နေမှာ စိုးရိမ်တာကြောင့် သူက ပြောလိုက်၏။ “မလွမ်းဘူး၊ နည်းနည်းပါပဲ။” သန်းရာဂဏန်းလောက်ပါပဲ…



ရှန်းယုဟန်က မာန်တက်နေသလို ပြုံးပြလိုက်၏။ “ယောကျာ်း၊ ကျွန်တော်ပြီးတာနဲ့ အမြန်ပြန်လာခဲ့မယ်။”


မြို့တော်ရှိ ပြည်သူများထံ နောက်ရက်အနည်းငယ်အတွင်း သဲမုန်တိုင်းဝင်ရောက်လာမည့်အကြောင်းကို မိုးလေဝသ စောင့်ကြည့်ရေးဌာနက နောက်တစ်နေ့မှာ သတိပေးအကြောင်းကြားခဲ့သည်။




ရှန်ချီဟွမ်းက စကားမပြောနိုင်ပဲ ဖုန်းကိုကိုင်ထားသည်။ “......”



သူ့ဇနီးရဲ့အလံက တစ်ခုပြီးတစ်ခု တိတိကျကျ သတ်မှတ်စီစဥ်ထားတာပဲ…