Chapter 74.2
Viewers 23k

Chapter 74.2


“စည်းစမ်ဥစ္စာ၏နတ်ဘုရား”


နောက်နေ့မနက်မှာ အကိုကြီးလင်း​က ရေချိုးပြီးသော ရှန်းယုဟန်ကို အလုပ်ဆိုက်ကို ခေါ်သွားခဲ့၏။ သူက ကြီးကြပ်ရေးမှူးလျန့်နဲ့ တွေ့ခဲ့ပြီး သူမက အရပ်သိပ်မရှည်သည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး စကားပြောလည်း သေသပ်၏။ သူမက အသက်ငါးဆယ်ဝန်းကျင်ဖြစ်ပြီး ထက်မြက်ကြည်လင်သော မျက်လုံးတစ်စုံရှိကာ ချဥ်းကပ်ရလွယ်သည်။ သူမက ရှန်းယုဟန်ကိုတွေ့တော့ ယာယီတဲမှာ သူမနဲ့အတူ မနက်စာစားဖို့ခေါ်ခဲ့ပြီး ရှန်းယုဟန်က ပေါင်မုန့်နှင့် ဆန်ပြုတ်ကိုသာ စားခဲ့၏။




ရှန်းယုဟန်က ဤနေရာကို ယခုမှရောက်ခါစဖြစ်၍ စားချင်စိတ်မရှိသဖြင့် နည်းနည်းသာစားလိုက်သည်။


ကြီးကြပ်ရေးမှူးလျန့်က သင်္ချိုင်းအုတ်ဂူနှင့် ပတ်သတ်သော အလုပ်ကိစ္စကို ရှန်းယုဟန်နဲ့ ဆွေးနွေးပြီး သူ့ကို ဘေးနားက အဆောက်အဦးအသစ်ဆီကို ခေါ်သွားခဲ့သည်။ အတွင်းမှာ ဝန်ထမ်းအများကြီးရှိပြီး မနေ့ကခွဲထုတ်ထားသော ယဥ်ကျေးမှုအမွေအနှစ်များက ထိုနေရာမှာ ထိန်းသိမ်းထားသည်။ သူမက သူ့ကို စာထွင်းထားသော အုတ်ဂူတစ်ခုဆီ အရင်ခေါ်ဆောင်သွားပြီး ထိုအပေါ်မှာရေးထားသော စာလုံးများကို သူမှတ်မိလားလို့ မေးခဲ့သည်။ ရှန်းယုဟန်က ‘ပန်းပွင့်တစ်ရာ'ဆိုသော စကားလုံးလေးလုံးကို နှောင့်နှေးမှုမရှိ ပြောလိုက်၏။


ကြီးကြပ်ရေးမှူးလန့်က ထိုစကားကြားတော့ အံ့အားသင့်နေကာ သူတို့က နေ့တစ်ဝက်လုံး လေ့လာရခဲ့ပြီးမှ ယနေ့ ‘ပန်းပွင့်တစ်ရာ'ဆိုတာကို အတည်ပြုနိုင်ခဲ့သည်။


“မင်းက ဒီလိုအရေးအသားကို တကယ်သိတာပဲ၊ လောင်ဖန့်က ငါ့ဆီမှာ မင်းကိုညွှန်းပေးတာ မအံ့သြတော့ဘူး”


ရှန်းယုဟန်​က ကျိုးနွံစွာပြုံးပြလိုက်သည်။ “ကျွန်တော်က ရံဖန်ရံခါ ဆက်စပ်စာအုပ်တချို့ကို ဖတ်ဖူးတယ်။ ဒီဖောင့်ကိုကြိုက်လို့ နည်းနည်းသင်ယူခဲ့သေးတယ်။ အဲ့ဒီအချိန်တုန်းက ဒါရိုက်တာဖန့်နှင့် ကြီးကြပ်ရေးမှူးလျန့်ကို ကူညီပေးနိုင်မယ်ဆိုတာ မသိခဲ့ဘူး။” ဤသည်မှာ သူမွေးကတည်းက လေ့ကျင့်ခဲ့သော စာလုံးများဖြစ်၏။ သူက မသိတာဖြစ်နိုင်ပါ့မလား?


ကြီးကြပ်ရေးမှူးလျန့်ကပြောလိုက်၏။ “ငါတို့ဒီမှာခွဲခြားစိတ်ဖြာစရာတွေ အများကြီးရှိသေးတယ်။ ဒါကြောင့် မင်းကိုပဲ ဒုက္ခပေးရတော့မယ်။ ခွဲထုတ်ပြီးရင် ယဥ်ကျေးမှုအမွေအနှစ်တွေကို ထုပ်ပိုးပြီး ထပ်ရှင်းဖို့အတွက် ပြတိုက်ကိုပို့မှာ။ ပြီးရင်တော့ ခင်းကျင်းပြသနိိုင်ဖို့ အကဲဖြတ်စရာအများကြီးကို ပို့ပေးလိုက်မယ်။”


ရှန်းယုဟန်က မေးလိုက်၏။ “အနာဂတ်မှာ သူတို့ကို ပြတိုက်မှာပဲ မြင်နိုင်တော့မှာလား?”

ကြီးကြပ်ရေးမှူးလျန့်က ခေါင်းညိတ်၏။ “ဒါပေါ့… အဲ့ဒါတွေအားလုံးက နိုင်ငံတော်နဲ့ပဲသက်ဆိုင်လို့ ပိုင်ဆိုင်ခွင့်မရှိဘူး။”


စာအုပ်အပုံလိုက်အပါအဝင် တူးဖော်ရရှိထားသော ပစ္စည်းအများကြီးရှိပြီး အားလုံးမှာ အပြည့်အဝထုပ်ပိုးထားသော ရှေးဟောင်းစာအုပ်တွေဖြစ်၏။ ကြီးကြပ်ရေးမှူးက သူနဲ့အတူ ရှေးဟောင်းသုတေသန ပညာရှင်နှစ်ယောက်ကို ခေါ်ထားပြီး တစ်ယောက်က ဝမ်လီနှင့် နောက်တစ်ယောက်က ဟယ်ယန်ဖြစ်၏။ တစ်ယောက်က ရိုက်ကူးဖို့တာဝန်ရှိပြီး နောက်တစ်ယောက်ကတော့ ရှေးဟောင်းစာအုပ်များကို စုဆောင်းပြီး ဘာသာပြန်ဖို့တာဝန်ရှိသည်။ ရှေးဟောင်းသုတေသနမလုပ်ဖူးသော ရှန်းယုဟန်က အသစ်တူး​ဖော်ရရှိထားသော ယဥ်ကျေးမှုအမွေအနှစ်များကို ဖျက်စီးပစ်လိုက်မှာကို  သူတို့စိုးရိမ်နေ၏။

ရှန်းယုဟန်က စာအုပ်ကောင်လေးနှစ်ယောက်ကိုကြည့်ကာ မပြုံးပြပဲ မနေနိုင်တော့ပေ။

(လက်တိုလက်တောင်း အစေခံကောင်လေး/ ရှေးခေတ်အသုံးအနှုန်းပါ။)


ဝမ်လီနှင့်ဟယ်ယန်က ကြီးကြပ်ရေးမှူးလျန့်၏ ကျောင်းသားနှစ်ဦးဖြစ်ပြီး သူတို့ကလက်ရှိမှာ ပါရဂူဘွဲ့ကို လေ့လာနေ၏။ သူတို့က တစ်နေကုန် မြေပြင်ကို မျက်နှာမူကာ အလုပ်လုပ်ကြရပြီး ရှန်းယုဟန်လို လှပသော လူတစ်ယောက်နှင့် တွေ့ဖို့အအခွင့်အရေးရသည့်အခါ သူ့အပြုံးထဲမှာ နစ်မွှန်းသွားကြ၏။


“မင်းတို့နှစ်​ယောက်ကို ဘယ်လိုခေါ်ရမလဲ”


ဝမ်လီက တက်တက်ကြွကြွ ပြောလိုက်၏။ “ဝမ်လီ ဒါမှမဟုတ် ရှောင်လီလို့ခေါ်ပါ။ သူ့နာမည်က ဟယ်ဟန်… သူ့ကိုတော့ အကိုယန်လို့ခေါ်လို့ရတယ်။”


မျက်မှန်ထူထူဝတ်ထားသော ဟယ်ဟန်က ရှက်ကိုးရှက်ကန်းပြောလိုက်၏။ “မစ္စတာရှန်း.. ခင်ဗျားစိတ်မရှိရင် ကျွန်တော့်ကို အကိုယန်လို့ခေါ်ပါ။”

ရှန်းယုဟန်က ပြောလိုက်၏။ “ခင်ဗျားက ကျွန်တော့်ကို ကြီးကြပ်ရေးမှူးလျန့်ခေါ်သလို ရှောင်ရှန်းလို့ခေါ်လို့ရပါတယ်။ ကျွန်တော်က ခင်ဗျားထက် ငယ်မယ်ထင်တယ်။ ဒါကြောင့် မစ္စတာရှန်းလို့ ခေါ်ဖို့မလိုပါဘူး။”


သူတို့နှစ်ယောက်လုံး သဘောတူလိုက်ကြ၏။


ထို့နောက် သူတို့အလုပ်စလုပ်ခဲ့ကြသည်။


ယဥ်ကျေးမှုအမွေအနှစ်အားလုံးကို သန့်ရှင်းရေးလုပ်ကာ အမှတ်အသားကပ်ထားလိုက်ပြီး ဝမ်လီနှင့် ဟယ်ယန်နှစ်ဦးလုံးက ထိုပစ္စည်းများကို သူတို့၏ရတနာများလို ဆက်ဆံကြသည်။


ရှန်းယုဟန်၏ ပထမဆုံးအလုပ်က သူတို့ကို စာလုံးများ ဖတ်ပြရတာဖြစ်၏။ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် သုတေသနမလုပ်ရသေးသော စာလုံးအချို့ကို အဖြေပေးနိုင်ခဲ့ပြီး အကြောင်းအရာက ချက်ချင်းရှင်းလင်းသွားခဲ့သည်။


ပထမရက်မှာ သူက သူတို့အတွက် အပိုင်းတစ်ရာနီးပါး ဖတ်ပြခဲ့ပြီး နေ့လည်မှာ သူ့မျက်လုံးများက နာကျင်လာ၏။ ပုလင်းပေါ်က စာလုံးတချို့က ဆိုးဆိုးရွားရွား ရေးထားတာကြောင့် သူက ဖတ်ဖို့ အချိန်အများကြီးယူခဲ့ရသည်။


နောက်တော့ သူက သူတွေ့ရှိခဲ့သော အက္ခရာများကို တရုတ်အက္ခရာများနှင့် နှိုင်းယှဥ်ကာ တစ်ခုချင်းချရေးခဲ့သည်။ ဝမ်လီနှင့် ဟယ်ဟန်က ရိုးရှင်းသောစာလုံးများကို ဖတ်ခဲ့သည့်အပြင် သူတို့က ရှေးဟောင်းသုတေသန ဘာသာရပ်ကို အထူးလေ့လာထားတာကြောင့် အလွယ်တကူနားလည်နိုင်ခဲ့သည်။ ထိုနည်းဖြင့် သူတို့သုံးယောက်၏အလုပ်က အားထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆထွက်ပေါ်လာခဲ့၏။


ရှန်းယုဟန်က ချီတိုင်းပြည်၏စာလုံးများ ဖော်ထုတ်ရာမှာ သုံးရက်ဆက်တိုက် သူ့စွမ်းအင်များကို စိုက်ထုတ်ထား၏။ သူက မနက်ကနေညအထိ အလုပ်ရှုပ်နေပေမယ့် အလွန်ပြည့်စုံသောဘဝဖြင့် နေထိုင်ကာ သူငယ်ချင်းအများကြီးရခဲ့သည်။ လူတိုင်းက သူ့ကို ကြင်ကြင်နာနာ ဆက်ဆံပြီး ယင်းမှာ သူ့ရောက်ရှိလာမှုကြောင့် အလုပ်တွေက ချောချောမွေ့မွေ့ လည်ပတ်နေပြီး ယာယီဂိုထောင်ရှိ ယဥ်ကျေးမှုအမွေအနှစ်များကို ပြတိုက်သို့ တစ်ခုပြီးတစ်ခု ပို့နိုင်ခဲ့လို့ဖြစ်ပေမည်။ 


သို့သော် ရှန်းယုဟန်က များစွာသောအရာများကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် သူနဲ့သက်ဆိုင်တာကို မတွေ့ခဲ့ရပေ။ အများစုက ရှန်းမိသားစု သားစဥ်မြေးဆက်များ ချန်ထားခဲ့သော ပစ္စည်းများသာဖြစ်၏။


ဤရှန်းမိသားစု၏ သားစဥ်မြေးဆက်မှာ နောက်ဆုံးတွင် နာမည်တစ်ခုရှိလာခဲ့ပြီး သူ့နာမည်က ရှန်းကျိိယွီဖြစ်သည်။ ရှေးဟောင်းကျွမ်းကျင်ပညာရှင်များက သူ ရေးထွင်းထားသော အမှတ်တရစာကို ရှာမတွေ့ခဲ့ပဲ ရှန်းယုဟန်ကသာလျှင် ရှေးဟောင်းစာအုပ်ထဲက လက်မှတ်ကနေ ရှာတွေ့ခဲ့သည်။ ရှေးဟောင်းသုတေသနပညာရှင်များသာ ရှာတွေ့ခဲ့ရင် အချိန်ကြာမှာဖြစ်ပေမယ့် သူကတော့ လှုပ်ရှားမှုတစ်ခုလုပ်ရုံနဲ့ အုတ်ဂူပိုင်ရှင်၏နာမည်က ပေါ်လာခဲ့လေ၏။


သို့သော် ကျွမ်းကျင်ပညာရှင်တွေက ရှန်းကျိယွီ ကောတစ်​ယောက်ဖြစ်တာကို မသိသေးပေ။ ရှန်းယုဟန်တစ်ယောက်တည်းက ထိုကိစ္စကိုသိပေမယ့် သူက ပြောပြလို့မရပေ။ ကောများကို ကာကွယ်ဖို့ သူ့မိသားစုက သိုသိုသိပ်သိပ် နေထိုင်ခဲ့ကြတာကြောင့် သူက သူတို့အတွက် လျိို့ဝှက်ပေးထားရမည်။ ကောများ ကမ္ဘာပေါ်မှာ ရှိသေးသည်ဖြစ်စေ မရှိတော့တာဖြစ်စေ သူ့ပါးစပ်ကနေ ဖွင့်ပြောလို့မရပေ။


နောက်ထပ်အလုပ်များနေသော နေ့တစ်ရက်မှာ ရှန်းယုဟန်က ရှောင်လီနဲ့အတူ ပန်းအိုးတစ်လုံးကိုမကာ သေတ္တာထဲပြန်ထည့်လိုက်ပြီး သူက သူ့ပခုံးကိုပွတ်ကာ သူတို့နဲ့အတူ ရွာကိုပြန်သွားခဲ့သည်။


ရှန်းယုဟန်က သူတို့ညစာလွတ်သွားတာကို သတိရသွားတော့ ဝမ်လီက သူ့ကိုမေးလာသည်။ “ရှန်းယုဟန်၊ မင်းစားချင်တဲ့ အရသာရှိလား?”

“ငါက အမဲအရသာပါတဲ့ အရွက်ခေါက်ဆွဲကိုစားချင်တယ်။” ရှန်းယုဟန်ကို ဤနေရာကိုရောက်လာပြီးနောက် သူက အဆင်ပြေသော အစားအစာတစ်မျိုးဖြစ်သည့် အသင့်စားခေါက်ဆွဲဘူးကို ရှာတွေ့ခဲ့သည်။


လူတိုင်းက ချမ်းနေပြီး သူတို့ကိုယ်သူတို့နွေးစေရန် ညဥ့်နက်သရေစာအဖြစ် စားကြသည်။


ရှန်းယုဟန်က ဤနေရာကိုရောက်ရှိလာပြီးနောက် နူးညံ့မနေတော့ပဲ တခြားသူများအတိုင်း လုပ်ဆောင်ခဲ့သည်။ သူက ကိုယ့်ကိုယ်ကိုယ် အားကိုးကာ ဘဝကိုကိုယ်တိုင်ခံစားပြီး တန်ဖိုးတစ်ခုဖန်တီးခဲ့သည်။


သူက ဒီညမှာ စိတ်ကောင်းဝင်နေတာ​ကြောင့် အစပြုကာ ပြောလိုက်၏။ “ဥနှစ်လုံးထပ်ကြော်ပေးရမလား?”


အကိုကြီးလင်း ပြန်ရောက်လာတော့ ရွှံ့များပေရေနေပြီး သူကပြောလာ၏။ “ယုဟန်၊ ငါ့အတွက် တစ်လုံးလောက်ကြော်ပေးပါ။ ရှောင်လီ… ငါ့ကိုအစပ်အရသာပေး! ဗိုက်ဆာနေပြီ!”


ရှောင်လီ: “အိုကေ! လူကြီးမင်းတို့ အသင့်စားခေါက်ဆွဲပြုတ် မကြာခင်ရပါတော့မယ်!


တချိန်တည်းမှာ သုံးရက်လောက် အိမ်မှာ စိတ်ငြိမ်အောင်လုပ်နေရသည့် ရှန်ချီဟွမ်းက လုံးဝစိတ်မ​အေးနိုင်ခဲ့ပေ။ သူက နေ့တိုင်းစောင့်နေပြီး သူ့ဇနီး၏ ဘေးကင်းကြောင်း​ပြောထားသည့် မက်ဆေ့ကိုသာစောင့်နေရသည်။ သူပို့လိုက်သည့် ဘော်ဒီဂတ်က သူ့ဇနီး၏အခြေအနေကို နေ့တိုင်းသတင်းပို့ပေမယ့် သူပိုပြီးနားထောင်လေ စိတ်ပိုညစ်လာလေဖြစ်၏!

ပထမရက်မှာ ရှန်းယုဟန်က မနက်စာ၊ နေ့လည်စာနှင့် ညစာကို ပုံမှန်အစားအစာ စားခဲ့ရ၏။


ဒုတိယနေ့ နေ့လည်မှစ၍ သူ့ဇနီးလေးက အသင့်စားခေါက်ဆွဲတွေ စတင်စားသောက်ခဲ့သည်။


တတိယနေ့မှာ သူက မနက်နှင့် နေလည်ပိုင်းမှာ ပုံမှန်အတိုင်း စားသောက်ခဲ့ပေမယ့် ညနေမှာ အသင့်စားခေါက်ဆွဲသာ စားခဲ့၏။


ဒီနေ့က လေးရက်မြောက်နေ့! သူ့ဇနီးက အသင့်စားခေါက်ဆွဲ စားနေဆဲဖြစ်ပြီး သူက သူ့အတွက် ကြက်ဥကြော်နေရုံမကပဲ တခြားသူများအတွက်ပါ ကြော်ပေးခဲ့သည်။ အရံဟင်းက မယုံကြည်နိုင်လောက်အောင် စျေးပေါပြီး တက္ကသိုလ်တက်တုန်းက ရှန်ချီဟွမ်းစားဖူးခဲ့သည့် 1.5 ယွမ်သာကျသည့် ဟင်းသီးဟင်းရွက်ချဥ်ဖြစ်၏။

ရှန်းယုဟန်က ဒီလိုအခက်အခဲမျိုးကို ဘယ်တုန်းက ကြုံဖူးလို့လဲ!


သူက သူ့ဇနီးလေးကို ဘယ်တုန်းက ဒီလိုထားခဲ့လို့လဲ!


ရှန်းယုဟန် ရှေးဟောင်းသုတေသနအဖွဲ့ကိုဝင်ပြီး ငါးရက်မြောက်နေ့မှာ သူဌေးကြီးတစ်ဦးက ဒေသထွက်ထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို စစ်ဆေးရန် လျန့်ရွှေရွာကို ရောက်ရှိလာ၏။


ထိုသူဌေးကြီးက ယခုထိ ရောက်မလာသေးသော်လည်း သူက ဒေသမှာ ခရိုင်ရှေးဟောင်းသုတေသနအဖွဲ့ ရောက်ရှိနေတာကိုကြားခဲ့ရပြီး အစားအစာ အများကြီးယူလာကာ သူတို့ကို ချက်ချင်းပို့ပေးခဲ့သည်။ သူက သူတို့အတွက် ချက်ပြုတ်ပေးဖို့ စားဖိုမှူးအနည်းငယ်ကိုလည်း တကူးတကဖိတ်ခေါ်ပေးခဲ့ပြီး ပါဝင်ပစ္စည်းများက အရည်အသွေးမြင့်သည့်အပြင့် ရှေးဟောင်းသုတေသနအဖွဲ့ကလည်း ရင်းနှီးမြှုပ်နှံမှုအများကြီး ရခဲ့သည်။ သူဌေးက ပညာတတ်များကို တန်ဖိုးထားလို့ သူတို့အတွက် အစားအစာများ တကူးတက ​ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုကြသည်။ 


ကြီးကြပ်ရေးမှူးလျန့်က ထောက်ပံ့ပစ္စည်းများကို လက်ခံရရှိချိန်တွင် သူမက အသစ်ရောက်ရှိလာသော စောင်ကိုထိကာ အကိုကြီးလင်းအား ပြောလိုက်၏။ “ငါတို့ စည်းစိမ်ဥစ္စာ နတ်ဘုရားနဲ့ ဆုံတွေ့ခဲ့တာလား? ဒီစောင်တွေက ချည်သားစစ်စစ်နဲ့ လုပ်ထားတာတွေပဲ။”


အထောက်အပံ့ပစ္စည်းများကို လက်ခံရယူရန် ရောက်ရှိလာသော ရှန်းယုဟန်က ပို့ဆောင်သူများကြားတွင် အရည်ရှည်ရှည်နှင့် သန်မာသော အလုပ်သမားနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူဘယ်လောက်ပဲ ကန်းနေပါစေ.. သူတို့ကိုမမြင်သလိုတော့ ဟန်မဆောင်နိုင်ခဲ့ပေ။.. သူတို့က သူ့ခင်ပွန်းရဲ့ ဘောဒီဂတ်တွေမလား?


သူက ပတ်ပတ်လည်ကို ကြည့်လိုက်၏။ သူ့ခင်ပွန်းရောက်နေတာလား?


ထိုအချိန်တွင် ရှန်ချီဟွမ်းက အဝေးက ဝါးတောထဲမှာရပ်နေပြီး သူ့လက်ထဲမှာ အဝေးကြည့်မှန်ပြောင်းကိုကိုင်ကာ ရပ်နေ၏။ လေစိမ်းတွေ တိုက်ခတ်လာသောအခါ သူက နှာချေမိသွားသည်။

.

သူက တွေးမိသွား၏။ ငါ့ဇနီးလေး ငါ့အကြောင်းကို စဥ်းစားနေလို့ဖြစ်မယ်။


လက်ထောက်ချွီက သူ့ကိုသတိပေးလို​က်သည်။ “သူဌေး၊ ခင်ဗျားဒီမနက် အအေးမိပျောက်ဆေး မသောက်ရသေးဘူးမလား?