Chapter 74.1
Viewers 23k

Chapter 74.1

“စည်းစိမ်ဥစ္စာ၏နတ်ဘုရား”


ချစ်လှစွာသောယောကျာ်း…

ဒီစာကိုဖတ်နေတဲ့အချိန်မှာ ကျွန်တော်ထွက်သွားလောက်ပြီ။ စိတ်မပူပါနဲ့…ပြီးတော့ ကျွန်တော့်ကို ရှာဖို့လည်းမလိုပါဘူး…


ကျွန်တော် အနောက်ဟန်မင်းဆက်သင်္ချိုင်းမှာ ကူညီပေးဖို့ ဒါရိုက်တာဖန့်ရဲ့ဖိတ်ခေါ်မှုကို လက်ခံခဲ့တယ်။


မနှုတ်ဆက်ပဲ ထွက်လာခဲ့ရလို့ ခွင့်လွှတ်ပေးပါ။ ဒီဆုံးဖြတ်ချက်က ခင်ဗျားနဲ့ ကမ္ဘာ့အလှမယ်ရဲ့ ဓာတ်ပုံကြောင့် ချမှတ်ခဲ့တာမဟုတ်ပါဘူး။ အင်တာနက်မှာ ပြောနေတာတွေက အမှန်မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က ကျွန်တော်တို့ကြားမှာ ပြဿနာတစ်ခုရှိနေသေးတယ် ထင်ရုံပါပဲ။ အကြောင်းပြချက်က ခင်ဗျားနဲ့ မဟုတ်ပဲ ကျွန်တော်နဲ့ပဲ သက်ဆိုင်တာပါ။


ခင်ဗျားနဲ့ ကျွန်တော်က လက်ထပ်ထားတာ နှစ်ဝက်ကြာပြီမို့ ခင်ဗျား ကျွန်တော့်အပေါ် ဘယ်လောက်ကောင်းလဲ ခံစားမိပါတယ်။ ခင်ဗျားက ကျွန်တော့်အကြိုက်တွေကိုလည်းသိတယ်။ ကျွန်တော် ချမ်းနေလား အိုက်နေလားလည်း ဂရုတစိုက်ရှိတယ်။ ခင်ဗျားအလုပ်ရှုပ်ပြီး ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ခင်ဗျားဘယ်နေရာမှာရှိလဲ ကျွန်တော့်ကိုအမြဲပြောပြပြီး စိတ်ပူအောင်မလုပ်ခဲ့ဘူး။ ဒါပေမယ့် ခင်​ဗျား ကျွန်တော့်ကို ပိုကောင်းပေးလေ ကျွန်တော်နေရခက်လေပါပဲ။ ကျွန်တော် ခင်ဗျားအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကိစ္စတွေကို ရင်ထဲမှာ ထိန်းချုပ်ထားပြီး လောလောဆယ် ဝန်ခံလို့မရသေးလို့ပါ။ အဲ့ဒီနေ့ရောက်လာရင် ကျွန်တော် စိတ်ပျော့တော့ ကျွန်တော့်နှလုံးသားက ခံနိုင်ရည်မရှိမှာကို ကြောက်မိတယ်။ 


တကယ်တော့ တစ်နေ့မှာ ကျွန်တော့်ချို့ယွင်းချက်တွေကြောင့် ယောကျာ်းငြီးငွေ့သွားမှာကို စိုးရိမ်နေတာပါ။ ပြီးတော့ ဒီအိမ်ထောင်ရေးက စီစဥ်ပေးခဲ့တဲ့ အိမ်ထောင်ရေးဖြစ်တာကြောင့် ခင်ဗျားရှေ့မဆက်ချင်တော့ရင် ခင်ဗျားအနာဂတ်ပျော်ရွှင်မှုအတွက် ကျွန်တော်မနှောင့်ယှက်ပါဘူး။ လက်ခံပေးပါ့မယ်။


ကျွန်တော်အခု ကျွန်တော်လိုချင်တဲ့အဖြေကို သွားရှာပြီး ကျွန်တော်တို့နှစ်ယောက် စိတ်တည်ငြိမ်သွားအောင် အချိန်တစ်ခုပေးလိုက်ပါမယ်။ ကျွန်တော်ဘေးကင်းကြောင်း ပုံမှန်သတင်းပို့ပေးပါမယ်။ ဒါပေမယ့် ပြန်လာဖို့က မသေချာဘူး။


ကျွန်တော်ပြန်လာရင် ခင်ဗျားကို အရာအားလုံးဖွင့်ပြောဖို့အတွက် စိတ်ငြိမ်ပြီး ယုံကြည်မှုရှိနေစေပါမယ်။


ရှန်းယုဟန်…April 26,2021


စာဖတ်ပြီးနောက် ရှန်ချီဟွမ်းက နှလုံးဖောက်လုမတတ်ပင်။ သူက နာနေသောဗိုက်ကို ဆုပ်ကိုင်ကာ စကားတစ်ခွန်းမှမပြောပဲ ဆိုဖာပေါ်လဲကျသွားသည်။


သူက ရှန်းယုဟန်၏စိတ်ထဲမှာ တစ်ခုခုရှိတာကို သိပေမယ့် တစ်နေ့မှာ သူ့ကို ဖွင့်ပြောလာမယ်ဆိုတာ သိခဲ့သည်။ 



ရှန်းယုဟန်က တစ်ခါတစ်လေ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ကာ မိန်းမောတွေဝေနေတတ်တာကို သူအမြဲတမ်းသိခဲ့သည်။ သူက ရှန်းယုဟန်ကို အချိန်ပေးဖို့ဆန္ဒရှိပေမယ့် တစ်နေ့ကျရင် ပြဿနာအသေးအဖွဲလေးက သူတို့ကြားမှာ ကွဲလွဲမှုတစ်ခုဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ပေ။


ရှန်းယုဟန်က ဘာအမှားမှမလုပ်ခဲ့ပေ။ ယင်းမှာ သူအဆင်ပြေအောင် မလုပ်ခဲ့လို့သာဖြစ်ပြီး သူ့မှာ ရှန်းယုဟန်ကို ဂရုစိုက်ဖို့အချိန်နည်းပြီး သူပေးခဲ့တာတွေက ပစ္စည်းတွေသာဖြစ်၏။ သူက သူ့ကို အချိန်ပိုပေးပြီး သူတကယ်လိုအပ်တာကို နားလည်ခဲ့ရင် ကိစ္စအသေးလေးတစ်ခုကြောင့် သူတို့ဒီအခြေအနေထိ ရောက်လာခဲ့မှာမဟုတ်ပေ။ ဒါတွေအားလုံးက သူ ရှန်းယုဟန်ကို သေချာဂရုမစိုက်လို့ဖြစ်ခဲ့တာပင်။

သူ ရှန်းယုဟန်ကို နားလည်ရဲ့လားလို့ လျှိုထန် မေးခဲ့တာကို ပြန်စဥ်းစားကြည့်ပြီး ယခုသူ့မှာအဖြေရှိခဲ့လေပြီ။ သူနားမလည်ခဲ့ဘူး။ သူလုံးဝနားမလည်ခဲ့ပေ။


ဒါက သူတို့ပထမဆုံးအကြိမ် ရန်ဖြစ်တာဖြစ်ပြီး သူက ရှန်းယုဟန်ကို စိတ်​ငြိမ်အောင်လုပ်ဖို့ ပြောခဲ့လို့ ရှန်းယုဟန်က စိတ်ငြိမ်စေရန် အိမ်ကနေ တိုက်ရိုက်ထွက်သွားခဲ့သည်။ ဒါက သူလိုချင်တဲ့အဖြေလား? မဟုတ်ဘူး.. ဒါတွေအားလုံးက သူတစ်ဖက်လူကို နားမလည်ခဲ့လို့ပဲ…

သူ့ဗိုက်ထဲက နာကျင်မှုက သူ့အာရုံကြောကို နှိုးဆွပေးကာ ပိုနိုးကြားအောင် လုပ်ပေးနေသည်။


ရှန်းယုဟန်က သူရှေ့မှာဆိုရင် မင်းသမီးလေးလို သိမ်မွေ့ပြီး သူက ရှန်ချီဟွမ်းကိုအမြဲလိုက်လျောပေးပြီး သူ့ခံစားချက်များကိုတောင် အရင်ဆုံးဖွင့်ဟခဲ့သည်။ သူက ရှန်းယုဟန်ဆီမှာ အမှားလုံးဝရှာမတွေ့ပေ။ ဒါ​ကြောင့် ရှန်းယုဟန်က သူမရှိရင် မနေနိုင်ဘူးလို့ လျှိုထန်ကို​ပြောခဲ့တာဖြစ်၏။


သို့သော် လက်တွေ့မှာက သတိဝင်အောင် သူ့ကို ပါးရိုက်လိုက်သလိုပင်။ ရှန်းယုဟန်မှာ ကိုယ်ပိုင်စည်းမျဥ်းနှင့် ကိုယ်ပိုင်အခက်အခဲတွေရှိ၏။ ထို့အပြင် သူက ရှန်းယုဟန်၏ ပြီးပြည့်စုံသော မျက်နှာအောက်မှာ ဖုံးကွယ်ထားသော စိတ်ခံစားချက်များကို ဘယ်တုန်းကမှရှာမတွေ့ခဲ့ပေ။ သူက ရှန်းယုဟန်ကို သူ့ဆီက လက်ဆောင်တစ်ခု၊ အပြုံးတစ်ခု၊ ပွေ့ဖက်မှုနဲ့ အနမ်းတစ်ခုပေးကာ စိတ်ကျေနပ်စေသဖြင့် သူ့ကို မထားခဲ့နိုင်ဘူးလို့ထင်ခဲ့သည်။ ယင်းမှာ သူရိုးရိုးလေးသာ တွေးထားခဲ့လို့ဖြစ်ပြီး တကယ်အလိုလိုက်ခံရသူက သူဖြစ်နေခဲ့တာပင်။


ရှန်ချီဟွမ်းက ရှန်းယုဟန်၏ တည်နေရာကို ကြည့်ချင်ခဲ့သည်။ သူ ရှန်းယုဟန်၏ လက်ရေးဖြင့်ရေးထားသောစာကို နောက်တစ်ကြိမ်ဖတ်ပြီးတော့ စာရွက်ကို ရင်ဘတ်ပေါ်တွင် ဆုပ်ကိုင်ကာ ဆိုဖာပေါ်မှာလှဲနေပြီး မျက်လုံးများကို လက်မောင်းဖြင့် ပိတ်ထားခဲ့သည်။


“ရှေ့မဆက်ချင်တော့ဘူးဆိုတာ ဘာကိုပြောတာလဲ… ငါ့မှာဘယ်တုန်းက ဒီလိုအတွေးရှိဖူးလို့လဲ? မင်းရဲ့ခေါင်းက တစ်နေ့ပြီးတစ်နေ့ ဘာတွေဖြစ်နေတာလဲ”


ရှန်ချီဟွမ်းက စိတ်တိုနေချိန်မှာ ရှန်းယုဟန်က သူ့ကိုလာကြိုသောလူနှင့်အတူ သုတေသနပြုလုပ်နေသောနေရာကို ရောက်သွားခဲ့သည်။ ဒီတစ်ကြိမ်မှာ သူက တကယ်ကိုရဲတင်းပြီး ကြိုတင်ပြင်ဆင်မှုမရှိပဲ သူ့လက်မှတ်ကို ကိုယ်တိုင်ဝယ်နိုင်ခဲ့သည်။ သူက လေယာဥ်ကိုလည်း တစ်ယောက်တည်းစီးကာ ကားပေါ်မှာလည်း သူစိမ်းတစ်ယောက်နှင့် အတူထိုင်ခဲ့သည်။


ကံကောင်းစွာပင် ရောက်လာသူက သူတို့နာမည်နှင့် အလုပ်ခွင့်ပြုချက်ကို ပြောခဲ့တာကြောင့် ရှန်းယုဟန်က ယုံကြည်မှုရှိသွားပြီး တခြားသူ၏ကားပေါ်ကို တက်သွားခဲ့သည်။

ယင်းမှာ သုံးဆယ်အရွယ် အကိုကြီးဖြစ်​ပြီး သူက ရှေးဟောင်းသုတေသနဌာန၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ ပါရဂူတစ်ယောက်လည်းဖြစ်သည်။ သူက အနောက်ဟန်မင်းဆက်နှင့်ပတ်သတ်သော သမိုင်းဝင်ပစ္စည်းများနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို လေ့လာခဲ့ပြီး ယနေ့သူ့တာဝန်က သိပ်မကြီးတာကြောင့် သူ့အထက်လူကြီးများက ရှန်းယုဟန်ကိုလာကြိုရန် စီစဥ်ပေးခဲ့သည်။


သူက စကားအရမ်းများပြီး တိုတိုတုတ်တုတ် ဖော်ပြတတ်သည်။ သူနဲ့ရှန်းယုဟန်ကြားက အကွာအဝေးက ကျဥ်းသည်။


ရှန်းယုဟန်​က ကားပေါ်မှာ ချိတ်ထားသော မိသားစုသုံးယောက်၏ ပျော်ရွှင်နေသောဓာတ်ပုံကို မြင်သွားခဲ့သည်။ “အကိုကြီးလင်း… ဒါက ခင်ဗျားနဲ့ ခင်ဗျားမိသားစုလား?”


အကိုကြီးလင်းက ရိုးရှင်းပြီး ရိုးသားသောလူတစ်ယောက်ဖြစ်သည်။ သူက တစ်နှစ်ပတ်လုံး အိမ်ပြင်ထွက်နေတာကြောင့် သူ့အသားအရေက အတော်လေးနက်မှောင်သည်။ “ဟုတ်တယ်။ ငါ့ဇနီးနဲ့ငါ့သားလေ။ ဒါက လွန်ခဲ့တဲ့နှစ်နှစ်က ရိုက်ထားတာ။ လတ်တလောမှာ အလုပ်ရှုပ်နေလို့ သူတို့ကိုတွေ့ဖို့တောင် အချိန်မရှိဘူး။ ရှန်းယုဟန်က အိမ်ထောင်မကျသေးဘူးမလား?”


ရှန်းယုဟန်က အိမ်မှာထားခဲ့သည့် ရှန်ချီဟွမ်းကိုတွေးကာ ​ပြောလိုက်သည်။ “ကျွန်တော်လက်ထပ်ပြီးပါပြီ။”


အကိုကြီးလင်း: “ငါမြင်ကြည့်လို့မရဘူး။ မင်းလည်း ငါ့လို သေနတ်ထောက်ခံထားရတာတော့ မဟုတ်ဘူးမလား… ဟားဟားဟား”

(ကိုယ်ဝန်ရလို့ လက်ထပ်လိုက်ရတာကိုပြောတာပါ။)


“မဟုတ်ပါဘူး။ ကျွန်တော့်လက်တွဲဖော်က အမျိုးသားတစ်ယောက်ပါ။” ရှန်းယုဟန်က ပြောလိုက်သည်။


“ဒါဆိုကောင်းပါတယ်။ ဒုက္ခသက်သာတယ်။ ကလေးတွေက တကယ်ကိုစိတ်ပျက်ဖို့ကောင်းတယ်။ ငါ့သားက အခုဆိုရင် ၇နှစ် ဒါမှမဟုတ် ၈နှစ်ရှိမယ်။ သူက မျောက်ပိန်တစ်ကောင်လိုပဲ ဆရာတွေက ငါ့ကို နေ့တိုင်း ဝီချက်ကနေ လှမ်းတိုင်နေတော့တာပဲ။”

.


“တစ်ယောက်ချင်းစီမှာ အားသာချက်ကိုယ်စီလည်းရှိပါတယ်။ ကလေးတွေက ပျော်ရွှင်မှုကို သယ်ဆောင်လာပေးတယ်လေ” ရှန်းယုဟန်က ပြောရင်း ရယ်မောလိုက်သည်။


“အဲ့ဒါအမှန်ပဲ” အကိုကြီးလင်းက ကလေးအကြောင်းခေါင်းစဥ်ကိုကျော်ပြီး ပြည်တွင်းအခြေအနေနဲ့ပတ်သတ်ပြီး ပြောပြခဲ့သည်။ “ဒီနေရာက အတော်လေးဝေးတယ်။ အလုပ်ဆိုက်ကိုရောက်ဖို့ နှစ်နာရီကျော်ကြာမှာမို့ မင်းပင်ပန်းနေရင် အနားယူလို့ရတယ်။”


“အဲ့လောက် မပင်ပန်းပါဘူး။” သူက လေယာဥ်ပေါ်မှာ သုံးနာရီနီးပါး စီးခဲ့ရပြီး အခုချိန်ထိတော့ အရှည်ဆုံးခရီးဖြစ်သည်။ “ဒီမှာတော့ တောင်တွေက တောင်တွေ၊ ရေကရေပဲ… မြို့နဲ့ အတော်လေးကွာခြားတယ်။”

“မြို့ထဲမှာဆိုရင်တော့ ဟိုအရင်တည်းက ရှာတွေ့ခဲ့လောက်တယ်။ ဒီအုတ်ဂူကိုလည်း အုတ်ဂူဖောက်သူတစ်စုက ရှာတွေ့ခဲ့ပြီး သူတို့ရဲ့ တွေ့ရှိမှုဖြစ်စဥ်က အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။”


“ဘယ်လိုမျိုးလဲ?”


“လတ်တလောမှာ သင်္ချိုင်းလုယက်မှုနဲ့ပတ်သတ်တဲ့ ရုပ်ရှပ်နဲ့ ဇာတ်လမ်းတွဲတွေမရှိဘူးလား။ သူတို့က ညသန်းခေါင်မှာ အုတ်ဂူတူးဖို့ အင်ဂျင်နီယာပေါက်တူးနဲ့ ဖယောင်းတိုင်တွေ ယူလာကြတာ။ ရလဒ်အနေနဲ့ သမင်တစ်ကောင်က တောထဲမှာ ရုတ်တရက်ပေါ်လာတော့ သူတို့ အရမ်းလန့်သွားပြီး သရဲလို့ထင်လိုက်တာ၊ ချက်ချင်းမေ့မျောသွားတဲ့သူတောင် ရှိသေးတယ်။ နောက်တစ်နေ့ တောင်ပေါ်မှာ မျှစ်သွားတူးတဲ့ ရွာသားတစ်ယောက်က သူ့ကိုတွေ့တော့ ရဲစခန်းကို ချက်ချင်းခေါ်သွားခဲ့တာ။ ငါ့မှာ သေမတတ်ရယ်မောလိုက်ရတာလေ…ဟားဟားဟား”


ရှန်းယုဟန်က ထိုစကားကြားတော့ သိသိကြီးနဲ့ပြုံးလိုက်၏။ ဒီသင်္ချိုင်းလုယက်သူက တကယ်ဖမ်းခံရသင့်သည်။


ကံကောင်းတာက ဤသားစဥ်မြေးဆက် သင်္ချိုင်းဂူကို လုယက်သူတွေက အောင်အောင်မြင်မြင် မလုနိုင်ခဲ့သလို အတွင်းက ယဥ်ကျေးမှုအမွေအနှစ်များကလည်း ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်၏။


အကိုကြီးလင်းက စကားများတာကြောင့် သူတို့က နှစ်နာရီကြာအောင် စကားစမြည်ပြောခဲ့ကြသည်။ သူတို့က ရွာမှာနေဖို့ နေရာတစ်နေရာရှိပြီး သီးသန့်အိမ်လေးတစ်လုံးမှာ နေခဲ့ကြသည်။ ရွာသားများက ကားအဝင်အထွက်ကို သိပ်မခံစားရ​တော့ပဲ အနောက်ဟန်မင်းဆက်၏ သင်္ချိုင်းကို ထုတ်ဖော်ပြီးကတည်းက လူတွေ ဝင်ထွက်သွားလာခဲ့ကြသည်။

ရှန်းယုဟန်က ကားပေါ်ကဆင်းတော့ မတ်စ်တပ်လိုက်ပြီး သူက နာမည်ကျော်မဟုတ်သော်လည်း သူ့ခင်ပွန်းက အပြင်ထွက်တိုင်း မတ်စ်တပ်ခိုင်းတာကြောင့် သူက နေသားကျနေခဲ့၏။ တစ်ခါတစ်လေ သူအသက်ရှူချင်လို့ နှာခေါင်းဖော်ထားသောအခါ သူ့ခင်ပွန်းက အောက်ဆွဲချပေးလေ့ရှိပြီး ဒါမှမဟုတ် ပုဝါကို အပေါ်ကူတင်ပေးလေ့ရှိ၏။



သူကားပေါ်ဆင်းလာတော့ သူ့ခင်ပွန်းအကြောင်းသာ တွေးနေမိပေမယ့် ယခုလိုဆုံးဖြတ်ချက်အတွက် သူနောင်တမရပေ။ ဤဆုံးဖြတ်ချက်က သူတို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်၏။


အကိုကြီးလင်းက ရှန်းယုဟန်ကို အိမ်တော်တစ်ခုသို့ခေါ်သွားပြီး ယင်းမှာ အတော်လေးရိုးရှင်းကာ ရာသီဥတုက သူတို့လောက်မအေးပေ။ အပူချိန်က သုညအောက် ရောက်မသွားပေမယ့် လူတွေကို တုန်ယင်သွားစေပြီး မြေပြင်က အနည်းငယ်စိုစွတ်နေတာ မိုးရွာထားလို့ ​ဖြစ်ပေမည်။



“မင်းညအိပ်တဲ့အခါ လျှပ်စစ်စောင်ကို ဖွင့်ထားလို့ရတယ်။ ရေချိုးချင်ရင် အထဲမှာရေချိုးခန်းရှိတယ်။ အိမ်ကတော့ နည်းနည်းရိုးရှင်းတယ်။ ငါက ဆန့်ကျင်ဘက်အိမ်လေးမှာရှိနေမယ်။ ငါဒီမှာရှိနေသရွေ့ မင်းလိုအပ်တာရှိတိုင်း ခေါ်လို့ရတယ်။ ရွာက အစ်မကြီးက နေ့လည်စာနဲ့ ညစာပြင်ပေးတယ်။ မင်းဗိုက်ဆာရင် ခေါက်ဆွဲပြုတ် ဒါမှမဟုတ် တစ်ခုခုချက်စားပေါ့၊ ငါကတော့ မချက်တတ်ဘူး”


“ကောင်းပြီ” ရှန်းယုဟန်က တုံ့ပြန်လိုက်သော်လည်း သူက အလုပ်စလုပ်ရမည့် အချိန်နဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားနေသည်။ “အကိုကြီးလင်း၊ ကျွန်တော် ဘယ်ချိန်စလုပ်စမှာလဲ?”


“အခုနောက်ကျနေပြီ၊ ကြီးကြပ်ရေးမှူးလျန့်နဲ့ တ​ခြားသူတွေက အလုပ်ရှုပ်နေလို့ မလာကြသေးဘူး။ မင်းကို သူတို့နဲ့တွေ့ပေးဖို့ မနက်ဖြန်မနက်ခေါ်သွားမယ်။ သူမက မင်းအတွက် စီစဥ်ပေးလိမ့်မယ်။ ဒီညတော့ ရေချိုးပြီး အနားယူလိုက်ပါ။ မနက်ဖြန်မနက် အပြင်ထွက်မယ့်အချိန် ငါမင်းကိုခေါ်လိုက်မယ်။”

“ကောင်းပြီ”

ရှန်းယုဟန် ရွာကိုရောက်တော့ အတော်လေးနောက်ကျနေပြီး ရွာထဲမှာ သူနဲ့ အကိုကြီးလင်းက မပြန်ခင် ထမင်းစားခဲ့ကြလို့ သူဗိုက်မဆာတော့ပေ။


အမြန်သန့်ရှေးရေးလုပ်ပြီးနောက် ရှန်းယုဟန်က အနံ့ဆိုးအနည်းငယ်ထွက်နေသော ကုတင်ပေါ်မှာ အနားယူခဲ့သည်။

အခန်းကရိုးရှင်းပြီး ထောင့်စောင်းမှာ စားပွဲတစ်လုံးသာရှိ၏။ သစ်သားကုလားထိုင်ပေါ်က ဆေးကကွာနေပြီး ဗီရိုကလည်း အရမ်းတိုပေမယ့် အဝတ်အစားတချို့ရှိနေသည်။ ရှန်းယုဟန်က ဤသည်မှာ ရွာသားတစ်ယောက်၏အိမ်မို့ အဝတ်အစားများကို မယူသွားပဲ ချန်ထားခဲ့တာဖြစ်မည်ဟု တွေးလိုက်၏။


သူ့ဖုန်းက ပါဝါကုန်သွားပြီး အားသွင်းပြီး​နောက် ဖုန်းမျက်နှာပြင်က လင်းလာခဲ့သည်။ ပုံမှန်လိုပင် ဂရုတိုင်းက အသက်ဝင်နေပြီး သူ့အကြည့်က သူရေးထားသော စာလုံးများနှင့်တူသည့် သူ့ခင်ပွန်း၏ wechat avatar ကို ကျဆင်းသွားသည်။


သူက ရှန်းယုဟန်ကို မက်ဆေ့ ၇စောင်ပို့ထားသည်။


အသံနဲ့စာ မက်ဆေ့လည်းရှိနေ၏။


သူ့အသံက အရေးကြီးနေပြီး စိုးရိမ်ပူပန်မှုနှင့် ပြည့်နေသည်။


မူကမ်း: “မင်းရောက်နေတာလဲ?”


မူကမ်း: “ရှန်းယုဟန်၊ ဖုန်းဘာလို့ပိတ်ထားတာလဲ?”


မူကမ်း: “အင်တာနက်ပေါ်မှာ ပြောနေတာတွေက အမှန်မဟုတ်ဘူး။ ငါ မနေ့ညက လျှိုထန်နဲ့ညစာစားပြီး အိမ်ပြန်လာတာ။”


မူကမ်း: “အဲ့ဒါငါ့အပြစ်ပါ။ မင်းငါ့ကို ပြဿနာရှာနေတယ်လို့ ငါမပြောခဲ့သင့်ဘူး။ မင်းဖုန်းမြန်မြန်ဖွင့်ပါ။ မဟုတ်ရင် ငါတကယ်စိတ်ဆိုးတော့မှာ!”


မူကမ်း: “ရှန်းယုဟန်.. ဖုန်းဖွင့်တာနဲ့ ငါ့ကိုဖုန်းဆက်!”


မူကမ်း: “ငါနားလည်ပါတယ်။ မင်းဘေးကင်းကြောင်း အချိန်မှန် သတင်းပို့နော်။”



မူကမ်း: “ရှန်းယုဟန်… အပြင်မှာ အကြာကြီးမနေနဲ့နော်။”


သူ့ခင်ပွန်း၏မက်ဆေ့ကိုဖတ်ပြီးတော့ သူ့မျက်လုံးက နီရဲလာပြီး မျက်ရည်များပြည့်လာပြန်၏။ သူက သူ့ကို ဘေးကင်းကြောင်း မက်ဆေ့တစ်စောင်ပို့လိုက်၏။ တကယ်တော့ သူ လမ်းပေါ်မှာ ကြုံတွေ့ခဲ့ရသော အရာများကို သူ့ခင်ပွန်းကို မျှဝေပြောပြချင်မိသည်။ သို့သော် ခွဲခွာပြီး စိတ်ငြိမ်စေဖို့ အဆိုပြုခဲ့သူမှာ သူဖြစ်တာ​ကြောင့် သူက သူ့ခင်ပွန်းမရှိပဲ မနေနိုင်သလို ပြုမူလို့မရချေ။


ရှန်းယုဟန်: ကျွန်တော် ရှေးဟောင်းအုတ်ဂူကိုရှာတွေ့ခဲ့တဲ့ ရွာလေးကိုသွားခဲ့တယ်။


ခေတ်သစ်ကိုရောက်လာပြီးတော့ ဤကဲ့သို့ ရိုးရှင်းသောအိမ်လေးမှာ နေထိုင်ရတာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်၏။ ရှန်းယုဟန်က တံခါးနှင့် ပြတင်းပေါက်ကို သေချာပိတ်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းလိုက်ပေမယ့် လုံးဝအိပ်မပျော်ပေ။ သူက ရှန်ချီဟွမ်းပို့ထားသော အသံမက်ဆေ့ကို ထပ်ခါထပ်ခါ နားထောင်လိုက်မှ နေရထိုင်ရကောင်းလာ၏။


ထို့​နောက် သူက ခရီးဆောင်အိတ်ကိုဖွင့်ကာ သူ့ခင်ပွန်းဝတ်ဖူးသော အင်္ကျီကိုထုတ်လိုက်ပြီး ဖက်မအိပ်ခင် သူ့မျက်နှာကို နစ်မြှုပ်လိုက်လေ၏။


သင်းပျံ့သောရေမွှေးရနံ့ကို ရှူရှိုက်ရင်း ရှန်းယုဟန်က အိပ်ပျော်သွားခဲ့သည်။