Chapter 87.2
“မရီးကလိုတစ်မျိုး မလိုတစ်မျိုး”
ရှန်ချီရှင်းက တည်တိုးဆန်စွာ လက်ခုပ်အကျယ်ကြီးတီး၏။ “မရီးကအရမ်းတော်တာပဲ! အရမ်းမိုက်တယ်! ဘယ်လိုလုပ်ခဲ့တာလဲ!”
ရှန်ယုဟန်က ကျိုးနွံစွာပြောလိုက်၏။ “အရမ်းလွယ်ပါတယ်၊ မင်းသင်ချင်ရင် ငါသင်ပေးမယ်”
ရှန်ချီရှင်းက အရမ်းလွယ်သည်ဟု ထင်လိုက်တာကြောင့် သူက ရို့ကျိူးစွာ အကြံဉာဏ်တောင်းပြီး သူ့ငယ်ချင်းများရှေ့မှာ ကြွားဖို့ဆုံးဖြတ်လိုက်၏။
ရှန်းယုဟန်က သူ့ခင်ပွန်းကိုမေးလိုက်သည်။ “ယောကျာ်း..ခင်ဗျားရောသင်ချင်လား?”
ရှန်ချီဟွမ်းက သူတို့ကို အပြုံးတစ်ခုဖြင့် ကြည့်နေ၏။ “မလိုဘူး၊ မင်းသူ့ကိုသာသင်ပေးလိုက်၊ သူနဲ့ဝေးဝေးနေဦး… အပူမလောင်စေနဲ့” သူက သူ့ဇနီးလေး၏ ဒဏ်ရာကိုဆွဲဆောင်သော ကိုယ်ခန္ဓာကို မဝေဖန်ဝံ့တာကြောင့် အနီးကပ်စောင့်ကြည့်ရမည်။
ရှန်းယုဟန်က ရယ်သည်။: “မလောင်ပါဘူး၊ လက်ဖက်ရည်ဖျော်ရုံပါပဲ”
သူက ကတိုက်ကရိုက်ပြောလိုက်သည်မှာ သူ့အတွက် အဆင်ပြေလို့ပင်။ သို့သော် ရှန်ချီရှင်းမှာ လက်ထူထူရှိတယ်လို့တော့မထင်၊ သူက စားပွဲပေါ်မှာ ရေနွေးပူပူတောင် လောင်းချခဲ့သည်။ ရှန်ချီဟွမ်းက ရှန်ချီရှင်းကို နောက်ဆိုရင် သူ့မရီး၏ လက်ဖက်ရည်ဖျော်သည့် ပစ္စည်းများကို မထိဖို့ မှာခဲ့ရလေသည်။
ရှန်ချီရှင်းကနားလည်သွားသည်။ သူ့မရီးကလူသားမဟုတ်ဘူး!
ဒီလောက်ရိုးရှင်းတာကို သူဘာလို့ မလုပ်နိုင်ရတာလဲ?
ရှန်ချီဟွမ်းက သူ့ကိုဖြေသည်။ “မင်းက တုံးလို့ဖြစ်မယ်။”
ရှန်ချီရှင်းက သူ့တို့နောက်ကနေလိုက်ကာ အိမ်ထဲဝင်သွားပြီး သူ့နောက်ကျောကိုဆုပ်ကိုင်ကာ သက်ပြင်းချ၏။ “ခင်ဗျားက ကျွန်တော့်ရဲ့အစ်ကို မှန်ပါတယ်နော်”
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မင်းရဲ့ပင်ကိုယ်စရိုက်ကို ဆွေမျိုးတွေပဲသိနိုင်တာ”
ရှန်းယုဟန်က အပြန်အလှန်ဖဲ့နေကြသော ညီအစ်ကိုနှစ်ယောက်ကိုကြည့်ကာ အိမ်ထဲမှာ ရယ်မောသံတွေပြည့်လာ၏။ သူက သူတို့စကားများကို နားထောင်ရတာသဘောကျသည်။
–
ရိုက်ကူးရေးဒုတိယနေ့ပြီးသွားခဲ့သည်။
ညနေမှာ ရှန်းယုဟန် ရေချိုးနေစဥ် သူ့တံတောင်ဆစ် နီရဲနေတာကို သိလိုက်ရပေမယ့် သူ့ခင်ပွန်းကို စိတ်မပူစေချင်တာကြောင့် အောက်ထပ်သွားပြီး ဆေးမလိမ်းခင် ရှန်ချီဟွမ်း ရေချိုးမယ့်အချိန်ကို စောင့်နေခဲ့သည်။
ရှန်ချီဟွမ်းက သူ့ကို မေးစရာရှိနေတာကြောင့် ရေချိုးမယ့်အစား သူ့အနောက်လိုက်လာလေ၏။
“မင်းဘာရှာနေတာလဲ?” ဆေးသေတ္တာဘူးရှေ့မှာ ဆောင့်ကြောင့်ထိုင်နေသော သူ့ကိုမြင်တော့ ရှန်ချီဟွမ်းက ချက်ချင်းအဖြေရှာခဲ့သည်။ “ဒီနေ့ဘာကိုတိုက်မိခဲ့တာလဲ?”
အဖမ်းခံလိုက်ရသောရှန်းယုဟန်က သူ့ကိုပြန်ကြည့်ကာ တံတောင်ဆစ်ကိုပြလိုက်လေ၏။ “အရေပြား နည်းနည်းစုတ်သွားလို့”
ရှန်ချီဟွမ်းက သူ့ကိုဆွဲထူကာ သူ့တံတောင်ဆစ်ကို ဂရုတစိုက်ကြည့်လိုက်သည်။ “အရေပြားနည်းနည်းစုတ်နေတယ်။ ဆိုဖာပေါ်မှာသွားထိုင်နေ၊ ပိုးသတ်ဆေးသွားယူလိုက်မယ်။ မင်းက တကယ်ကိုပဲ ငါ့ကို စိတ်ပူအောင်အမြဲလုပ်တယ်။”
ရှန်းယုဟန်က သူစကားပြောပြီးပြီးခြင်းမှာ ဆိုဖာပေါ်သွားထိုင်သည်။ သူက မတ်မတ်ထိုင်ပြီး ပြန်ပြောလိုက်သည်။ “ကျွန်တော်လည်း ခင်ဗျားကို စိတ်ပူအောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။”
“ငါသိပါတယ်” ရှန်ချီဟွမ်းက သူ့ကိုအိမ်မှာပဲ ထားလို့မရနိုင်တာကြောင့် ဆေးသေတ္တာဘူးကိုကိုင်ကာ သူ့ဘေးမှာထိုင်လိုက်သည်။ “လက်ဆန့်လိုက်၊ ငါကြည့်ဦးမယ်”
ရှန်းယုဟန်က သူ့အင်္ကျီကို အပေါ်ဆွဲတင်ပြီး ဒဏ်ရာကိုပြလိုက်သည်။
“ဘယ်လိုတောင်ဖြစ်ခဲ့တာလဲ၊ နာနေလား?” ရှန်ချီဟွမ်း၏လက်ချောင်းများက ဒဏ်ရာတစ်ဝိုက်ကိုထိနေပြီး သူက ဆေးတောင်မထည့်ရဲပေ။
ရှန်းယုဟန်က ခေါင်းခါသည်။ “အရမ်းမနာပါဘူး။ သွေးလည်းမထွက်ဘူး။ ရုပ်ဆိုးနေပေမယ့် သိပ်မနာဘူး။”
ရှန်ချီဟွမ်းသည် ငယ်ငယ်ကချော်ကျလို့ ဒဏ်ရာအမြဲရသော ရှန်ချီရှင်းကို ဆေးထည့်ပေးလေ့ရှိသည်။ သဘာဝကျစွာပင် သူက ရှန်းယုဟန်ကို ဆေးထည့်ပေးတာ ကျွမ်းကျင်နေသည်။ လက်ထပ်ပြီးကတည်းက သူ ရှန်းယုဟန်ကို ဆေးထည့်ပေးရတာများလာ၏။ လှုပ်ရှားမှုများက ညင်သာနေပြီး ရှန်းယုဟန်က နာကျင်မှုတစ်စိုးတစ်စိမျှ မခံစားခဲ့ရပေ။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ တင်းတင်းစေ့ထားသော ပါးစပ်ကိုကြည့်ပြီး လက်ဖြင့်ထိလိုက်သည်။ “ယောကျာ်း၊ သိပ်စိတ်မပူပါနဲ့၊ ဒဏ်ရာအသေးလေးပါ”
“ဒဏ်ရာအသေးလေးဆိုပေမယ့် မင်းဂရုမစိုက်ရင် ဒဏ်ရာရင်းသွားနိုင်တယ်။ ရာသီဥတုပိုပူလာလေ ဖောရောင်လာဖို့ လွယ်ကူလေပဲ” ရှန်ချီဟွမ်းက ဒေါသတကြီး မျက်လုံးလှန်ပြသည်။ “လူကို စိတ်မချမ်းသာအောင်လုပ်တယ်။”
ရှန်းယုဟန်က သူ့လည်ပင်းကိုဖက်တွယ်ကာ တည့်တိုးစိုက်ကြည့်၏။ “စိတ်မဆိုးပါနဲ့”
ရှန်ချီဟွမ်းက ဘာမှမလုပ်နိုင်ခဲ့ပေ။ ရှန်းယုဟန်က တအားချွဲနေတော့ တောက်ပသောမျက်ဝန်းက သူ့မျက်နှာပေါ်မှာ ရောင်ပြန်ဟပ်နေသည်။ သူက သူ့နဖူးကိုပုတ်ကာပြောလိုက်၏။ “ကောင်းပြီ၊ စိတ်မဆိုးတော့ဘူး။”
“ယောကျာ်း၊ ခင်ဗျားကအရမ်းကောင်းတာပဲ” ရှန်းယုဟန်က လေးလေးနက်နက်ပြောလိုက်သည်။ “ယောကျာ်း၊ အပေါ်ထပ်သယ်သွားပေးလို့ အဆင်ပြေမလား?”
“ခြေထောက်ကရောဘာဖြစ်? နာနေတာလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဘောင်းဘီကိုလှန်တင်မလို့လုပ်၏။
“မဟုတ်ပါဘူး။ ကျွန်တော်ငယ်ငယ်ကအမှတ်တရတစ်ခုကို သတိရသွားလို့၊ ကျွန်တော် တစ်ခါတုန်းက ချော်လဲပြီး အငိုမရပ်တော့လို့ ကျွန်တော့်မိသားစုက ဘာလုပ်ရမှန်းမသိဖြစ်ပြီး ကျွန်တော့်အစ်ကိုကြီးက ကျွန်တော်အိပ်မပျော်ခင်အထိ ကျောပိုးပေးထားတာ။ ကျွန်တော်ကြီးလာတော့ သူက အဲ့ဒီအကြောင်းကို အမြဲပြောတော့တာပဲ။” ရှန်းယုဟန်က အတိတ်ကို မနေ့ကလိုပင် အောက်မေ့နေ၏။
ရှန်ချီဟွမ်းကပြုံးလိုက်သည်။ “မင်းက အသားနုတယ်လို့ သူပြောခဲ့မှာပဲ…. ဟုတ်တယ်မလား”
“အဲ့လိုမရှိပါဘူး။” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့် ငြင်းဆိုသည်။
“ငါတော့အဲ့လိုထင်တယ်။” ရှန်ချီဟွမ်းက သူ့ကိုကျောပေးလိုက်သည်။ “တက်လိုက်၊ အပေါ်သယ်သွားပေးမယ်”
ရှန်းယုဟန်က သူ့ကျောပေါ်ကို မယဥ်ကျေးစွာပင် တက်လိုက်၏။ သူက ထိုအရာကို ရိုင်းစိုင်းတယ်လို့ ထင်မိသော်လည်း သူ့ခင်ပွန်းဖြစ်နေတာကြောင့် သိပ်ဂရုမစိုက်ပေ။ သူ့ခင်ပွန်း၏ ရက်ရောပေးသော နောက်ကျောက သူ့ကိုလုံခြုံမှုပေးခဲ့၏။
ရှန်ချီဟွမ်းက သူ့ကိုအပေါ်ထပ်ခေါ်သွားပြီး လမ်းလျှောက်နေရင်း ပြောလိုက်သည်။ “မင်းကြောက်နေတုန်းလား?”
ရှန်းယုဟန်က သူ့လည်ပင်းကို လက်မောင်းဖြင့်ဖက်ကာ ခေါင်းကို ကျောပေါ်တင်လိုက်သည်။ “နည်းနည်းပဲ၊ ဒါပေမယ့် ကျွန်တော့်ယောကျာ်းရှိနေလို့ မကြောက်တော့ဘူး။”
“ဒါဆို ငါက အသုံးဝင်သေးတာပဲ” ရှန်ချီဟွမ်းက ရယ်လိုက်ပြီး ရှန်းယုဟန်က ရယ်မောမှုကြောင့် သူ့ရင်ဘတ်ကြီး လှုပ်ခါနေတာကို ခံစားမိသည်။
“ယောကျာ်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးပဲ၊ ဘယ်လိုလို့အသုံးမဝင်နိုင်မှာလဲ” ရှန်းယုဟန်က သူ့ခင်ပွန်းကို ချီးကျူးရာမှာ အကွက်အကုန်ထုတ်သုံးသည်။
“ချိုမြိန်လိုက်တဲ့ပါးစပ်လေး” ရှန်ချီဟွမ်းက ချီးကျူးခံလိုက်ရလို့ စိတ်ရွှင်နေကော သူ့ကို လက်နှစ်ဖက်ဖြင့် အပေါ်ကူတင်ပေးပြီး အပေါ်ထပ်တက်နေသောနှုန်းက မြန်သွားသည်။ ယင်းမှာ အားဖြည့်အချိုရည် ဆယ်ပုလင်းသောက်ထားသလိုပင်။
ရှန်းယုဟန်က ရင်ထဲကပြောလိုက်သည်။ သူချီတိုင်းပြည်မှာရှိနေတုန်းက သူ့မိသားစုက နှုတ်ချိုပြီး သူ့ခင်ပွန်းကလည်း ဘုရားသခင် သူ့ကိုပေးခဲ့သော မိသားစုဝင်နောက်တစ်ဦးဖြစ်ပြီး အရမ်းကောင်းသည်။
–
တတိယနေ့မနက်မှာ ရှန်းယုဟန်က မနက်စာထပ်လုပ်ပေးခဲ့သည်။
ရှန်ချီဟွမ်းက ယနေ့မှာတော့ ရှန်ချီရှင်းကို ပရိုဂရမ်ရိုက်ဖို့ အဖော်ပြုပေးခဲ့တာကြောင့် ကုမ္ပဏီကြီးများကို စစ်ဆေးဖို့မသွားခဲ့ပေ။
ရှန်ချီရှင်းက မနက်စာစားပြီ ဗိုက်ပြည့်နေတာကြောင့် ဂိမ်းဆော့ပြီး အစာချေရန် ဆုံးဖြတ်လိုက်သည်။
ရှန်ချီဟွမ်းကတော့ ရှန်းယုဟန်ကို ပန်းကန်ကူဆေးပေးနေပြီး ရှန်ချီရှင်းကို ပရိုဂရမ်ရိုက်ကူးဖို့ အဖော်မလုပ်ပေးပေ။ သူက အိမ်မှာ သူ့ဇနီးနဲ့သာနေပြီး ရှန်ချီရှင်းက ဆင်ခြေဆင်လက်တစ်ခုသာဖြစ်၏။
မနေ့က မတော်တဆမှုက ရေပန်းစားနေသောသတင်းဖြစ်လာခဲ့ပြီး ကံကောင်းတာက ပရိုဂရမ်အဖွဲ့က ထိုအရာကို အချိန်ကိုက်ရိုက်ကူးခဲ့ပြီး တခြားသူများကို ထုတ်ဖော်ခွင့်မပေးခဲ့ပေ။ ရှန်ချီရှင်းနှင့် ရှန်းယုဟန်က အခင်းနေရာမှ အမြန်ထွက်လာတာကြောင့် ဖြတ်သွားဖြတ်လာများက သူတို့ကို မရိုက်ကူးနိုင်ခဲ့ပေ။
မနက်စာစားပြီးပြီးခြင်း ရှန်ချီဟွမ်းက ရှန်ချီယွမ်ထံမှ ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီး ကိစ္စက ယခုချိန်ထိ မပြီးသေးလို့ ရှန်ချီယွမ်က ငြိမ်ငြိမ်လေး ထိုင်မနေနိုင်ပေ။ ဖုန်းမချခင်မှာ ရှန်ချီရှင်းက မေးခွန်းအချို့မေးခဲ့သည်။
“ကျွန်တော် ရှန်ချီရှင်းကို ရှိုးတစ်ခုကူရိုက်ပေးနေတာ။ ခင်ဗျား ဒီညညစာလာစားချင်လား? တစ်မိသားစုလုံး အတူရှိနေနိုင်တာပေါ့”
“ကောင်းပြီ၊ ငါအခုအလုပ်မရှုပ်ဘူး။ ရှန်ချီပင်းကို ခေါ်လိုက်မယ်။ သူမရော အဖေရော ဒီမှာရှိတယ်။”
“အော်” ရှန်ချီဟွမ်းက သူ့အမေအကြောင်းမမေးပဲ သူမက သူ့ကိုမတွေ့ချင်ဘူးလို့ ယူဆလိုက်သည်။
ရှန်ထျန်းဖုန်း၏အသံက တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာသည်။ “ယုဟန် ဒီညချက်မှာလား?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဟုတ်တယ်”
ရှန်ထျန်းဖုန်းက ပြောလာသည်။ “ဒါဆို ငါ့ကိုလည်းခေါ်ပါ။”
ရှန်ချီယွမ်: “ယုဟန်ချက်တာ အတော်လေးကောင်းတယ်လို့ ငါကြားခဲ့တယ်။ ငါတို့အခုထိမမြည်းရသေးဘူး”
ရှန်ထျန်းဖုန်းက ဂုဏ်ယူသလိုပြောလိုက်သည်။ “ငါစားဖူးတယ်။ စွပ်ပြုတ်က ကောင်းမှကောင်း”
ရှန်ချီပင်း: “ငါလည်းစားမယ်။ ငါဒီည ညစာစားဖို့အိမ်မပြန်တော့ဘူး”
ရှန်ချီဟွမ်း: “.....” မင်းတို့ဘာဖြစ်နေတာလဲ၊ သူတို့က ပရိုဂရမ်ရိုက်နေတာကို၊ ပုံမှန်ဆို သူတို့ကလည်း ဒါမျိုးတွေမပါဝင်ချင်ကြပါဘူး။ ဘာလို့ရုတ်တရက်တက်ကြွနေတာလဲ… “ကျွန်တော့်ဇနီးက စားပွဲအပြည့်ချက်ပြုတ်ပြီး ပင်ပန်းရတော့မှာလား?”
ရှန်ချီပင်း: “မင်းလည်း ရှိနေတာပဲ… လောင်စစ်ကိုလည်း ကူခိုင်းလိုက်၊ သူဂိမ်းကစားနေလောက်တယ်”
ဟုတ်ပါပြီ သူ့အစ်ကိုကြီးကို အပိုမေးခွန်းမေးမိတာ သူ့အမှားပါ…
ရှန်ချီဟွမ်းက သူ့အဖေနှင့် တခြားသူတွေ ညစာလာစားမယ့်အကြောင်း ရှန်းယုဟန်ကို ပြောပြလိုက်သည်။
အိမ်ကိုလာလည်တာ လူအနည်းငယ်သာရှိ၍ ထိုစကားကြားကြားခြင်း ရှန်းယုဟန်က လက်ခံလိုက်သည်။
ရှန်းယုဟန်က ရေခဲသေတ္တာဆီ ချက်ချင်းပြေးသွားလေ၏။ “အိမ်မှာ အစာပလာမလောက်ဘူး။ ကျွန်တော်တို့ သွားဝယ်ဖို့လိုတယ်။”
သူပြောပြီးပြီးခြင်းမှာ ရှန်ချီပင်းက ရှန်ချီဟွမ်းကို မက်ဆေ့ပို့လာပြီး သူမက သူ့မတ်လေးကို ပင်လယ်စာများပို့ခိုင်းခဲ့သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မက်ဆေ့ပြလိုက်သည်။ “ပင်လယ်စာဝယ်ဖို့မလိုတော့ဘူး”
“ကောင်းတယ်၊ ဒါဆိုကျွန်တော်စာရင်းပြုစုပြီးမှ အပြင်ထွက်ရအောင်” ရှန်းယုဟန်က ဂရုတစိုက် ရေတွက်နေပြီး ညနေအတွက် ဟင်းလျာများကို သူ့စိတ်ထဲမှာ စီစဥ်ထားသည်။ “နှစ်ရက်လောက်ကြိုပြောရင် ကျွန်တော်က စွပ်ပြုတ်လက်ရာဟောင်းတချို့ကိုပါ ပြင်နိုင်ခဲ့မှာ။ အခုတော့နောက်ကျသွားပြီ”
ရှန်ချီဟွမ်းက သူ့ကို မပင်ပန်းစေချင်ပေ။ “လွယ်တာပဲပြင်ပါ”
ရှန်းယုဟန်က ထိုစကားကို အတည်ယူလိုက်သည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက ယောက်ဖရဲ့ပရိုဂရမ်လေ၊ ကျွန်တော် သေချာပြင်ဆင်ရမှာပေါ့”
ရှန်ချီဟွမ်းက ပြုံးသာပြပြီး မေးလိုက်လေ၏ “မင်းလက်က နာနေသေးလား?”
ရှန်းယုဟန်က ခေါင်းခါသည်။ “သိပ်မနာတော့ဘူး”
ရှန်ချီဟွမ်းက အင်္ကျီလက်ကိုဆွဲတင်ကြည့်တော့ ဒဏ်ရာက မနီတော့ပေ။ “အပြင်မထွက်ခင် ဆေးလိမ်းပေးမယ်”
ရှန်းယုဟန်က ခေါင်းညိတ်သည်။ “ကောင်းပြီ”
ရှန်းယုဟန် စာရင်းပြုစုပြီးနောက် ရှန်ချီဟွမ်းက သူ့ကိုဆေးလိမ်းပေးပြီး ရှန်ချီရှင်းကိုပါ ဟင်းသီးဟင်းရွက်စျေးသို့ ဆွဲခေါ်လာခဲ့သည်။
ရှန်ချီရှင်းက ရေရွတ်သည်။ “ကုန်စုံဆိုင်သွားတာ ကျွန်တော့်ကိုဘာလို့ခေါ်လာတာလဲ?”
ရှန်ချီဟွမ်းက သူ့ကို သူ့အမေဗိုက်ထဲ ကန်ထည့်နိုင်ဖို့ ဆုတောင်းနေသည်။ “ရှိုးရိုက်ကူးနေတာ မင်းလား ငါတို့လား? ဟမ်”
ရှန်ချီရှင်းက ဂိမ်းကစားနေသော စိတ်အခြေအနေမှ လက်တွေ့ဘဝကို ချက်ချင်းပြန်ရောက်လာသည်။ “ကျွန်တော်. ကျွန်တော်… ကျွန်တော်ပဲ! မှားသွားပါတယ်…. တတိယအစ်ကို မျက်နှာထားလေးပြန်ပြောင်းပေးပါလား?”
ရှန်ချီဟွမ်းက သူ့ကို အေးစက်စက်ကြည့်သည်။ “မပြောင်းနိုင်ဘူး” သူက ကားသော့ကိုယူလိုက်သည်။
ရှန်ချီရှင်းက ကားသော့မြင်မြင်ခြင်း တတွတ်တွတ် ငိုကြွေးတော့သည်။ “မရီး၊ ကျွန်တော်နဲ့အပြင်သွားတော့ လမ်းလျှောက်ပြီး…အစ်ကိုနဲ့ကျတော့ ဘာလို့ကားစီးတာလဲ!”
ရှန်းယုဟန်က အကျိုးအကြောင်းရှင်းပြ၏။ “အဲ့ဒါက အဝေးကြီးလျှောက်ရလို့ပါ၊ သူက ပုံမှန်ဆို အလုပ်ကြိုးစားရလို့ လမ်းလျှောက်ရမှာပင်ပန်းတယ်လေ”
ရှန်ချီဟွမ်းက သူ့ဇနီးလေးကို ထောက်ခံသည်။ “အင်း၊ ငါအလုပ်ကြိုးစားရလို့”
ရှန်ချီရှင်းက သူ့နှုတ်ခမ်းကိုကိုက်ကာ နောက်ခုံမှာလဲကျသွားသည်။ သူ့မရီးကလည်း လိုတစ်မျိုး မလိုတစ်မျိုး စံနှုန်းနှစ်မျိုးနဲ့လူစားပဲ!
ဟင်းသီးဟင်းရွက်စျေးကိုရောက်တော့ သူ့မရီးက စံနှစ်မျိုးပိုဆန်မှန်းသိခဲ့ရသည်။ သူ့ကို လုံးဝလျစ်လျူရှုထားကာ သူ့တတိယအစ်ကိုကိုပဲ ကြည့်နေသည်။
“ယောကျာ်း… ကြက်ဟင်းခါးသီးစားမလားး?.
“ယောကျာ်း..ဒီမှိုကလည်း ကောင်းမယ့်ပုံပဲ”
“ယောကျာ်း.. ခင်ဗျားသခွားသီးသုပ်ကြိုက်တယ်မလား၊ နေ့လည်သုပ်ပေးမယ်။ ခေါက်ဆွဲလည်း ပြုတ်ရအောင်”
ရှန်ချီဟွမ်းက လုပ်ငန်းစဥ်တစ်လျှောက် ခေါင်းသာညိတ်ပြီး သူ့ဇနီးကို ထောက်ခံအားပေးနေသည်။ သူနဲ့သူ့ဇနီး ဦးဆောင်ဝယ်ပြီးတော့ ရှန်ချီရှင်းကို အထုတ်သယ်ခိုင်းလိုက်သည်။
ရှန်ချီရှင်းက ကင်မရာဘက်လှည့်ကာ တိုးတိုးလေး ညည်းတွားလိုက်သည်။ “ငါက ခေတ်ဟောင်းအစေခံနဲ့တူလို့လား? ဒီနှစ်ယောက်က ငါ့သခင်နဲ့သခင်မလား?”
ဟင်းသီးဟင်းရွက်စျေးကိုသွားပြီးနောက် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က အိမ်ပြန်ဖို့လုပ်သည်။
ကားထွက်ပြီးနောက် ရှန်းယုဟန်က တစ်ခုခုကျန်ခဲ့တာကို ရုတ်ချည်းသတိရသွားသည်။ “ယောကျာ်း၊ တစ်ခုခုကျန်ခဲ့တယ်မထင်ဘူးလား?”
ရှန်ချီဟွမ်းက နောက်ခုံကိုကြည့်လိုက်သည်။ ရှန်ချီရှင်းဘယ်ရောက်သွားလဲ?