Chapter 87.1
“မရီးကလိုတစ်မျိုး မလိုတစ်မျိုး”
ရှန်းယုဟန်က ရုတ်တရက်ပေါ်လာသောကားကြောင့် သေအောင်ထိတ်လန့်သွားမယ်လို့ထင်ခဲ့ပြီး သူ့ခန္ဓာကိုယ်က လုံးဝမတုံ့ပြန်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်မှာ တောင့်တင်းသန်မာသော အမျိုးသားတစ်ယောက်က သူ့ကိုဘေးသို့တွန်းထုတ်လိုက်ပြီး ပြေးဝင်လာသောကားက ဆိုင်နံရံကို ထိုးဖောက်သွားသည်။
ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး အလုပ်ရှုပ်နေသော ဖြတ်သွားဖြတ်လာများက လန့်ဖျပ်သွားကြသည်။
ရှန်ချီရှင်း၏တုံ့ပြန်မှုက ထိုတောင့်တင်းသန်မာသောလူလောက် မမြန်ခဲ့ပဲ သူက ထိတ်လန့်နေတာကြောင့် ကြောင်စီစီဖြစ်နေပြီး သူ့လက်ထဲက ပိတ်စအထုပ်က မြေပြင်ပေါ် ပြုတ်ကျသွားသည်။
ရှန်းယုဟန်က ဘေးကိုလှိမ့်ကျကာ ထိတ်လန့်တုန်လှုပ်နေသည်။
တောင့်တင်းသန်မာသောအမျိုးသားက သူ့ကို မတ်တပ်ရပ်ဖို့ ကူညီပေးခဲ့သည်။ “မစ္စတာရှန်း…အဆင်ပြေရဲ့လား?”
ထိုမှသာ ရှန်းယုဟန် မော့ကြည့်လိုက်တော့ ထိုလူက သူ့ခင်ပွန်းနောက်ကို အမြဲလိုက်နေသည့် ဘော်ဒီဂတ်ဖြစ်နေသည်။ သူက သူ့ကို တိတ်တိတ်လေး ကာကွယ်ပေးနေတာလား?
သူက အတန်ငယ်တုန်ယင်နေကာ သေခြင်းရှင်ခြင်းကြားမှာ လှည့်လည်နေရသည့် နှစ်ပေါင်းများစွာအပြီးမှာ သူ့စိတ်က အမြန်ငြိမ်သက်သွားပြန်သည်။
ရှန်ချီရှင်းကပြေးလာပြီး သူ့တစ်ကိုယ်လုံးကို စစ်ဆေးခဲ့သည်။ “မရီး၊ မရီး…. အဆင်ပြေလား?”
ရှန်းယုဟန်က သူ့အဝတ်အစားကိုပုတ်ကာ ခေါင်းခါပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ သက်တော်စောင့်အကိုကြီး…. ကျွန်တော်အဆင်ပြေပါတယ်။”
သူ့မရီးအဆင်ပြေတာသေချာမှ ရှန်ချီရှင်းက အခင်းဖြစ်ပွားခဲ့သော အကြောင်းအရင်းကိုမေးလိုက်သည်။ “အဲ့ဒီကားကဘာဖြစ်သွားတာလဲ?”
ထိုအချိန်တွင် ရိုက်ကူးရေးအဖွဲ့က ဖြစ်စဥ်တစ်ခုလုံးကို ရိုက်ထားမိပြီး ဒါရိုက်တာအဖွဲ့နှင့် တခြားသူများက အခြေအနေကိုလာမေးခဲ့သည်။ ရုတ်တရက် အရှိန်မထိန်းနိုင်သော ထိုကားက ရှန်းယုဟန်နှင့် ရှန်ချီရှင်းကို မထိခိုက်ပေမယ့် လူအများကြီးကို ထိခိုက်စေခဲ့သည်။ တချို့လူများက ကားဘီးကြောင့် ပွန်းပဲ့သွားပြီး အခင်းနေရာမှာ အော်သံများထွက်ပေါ်နေသည်။ သိပ်မကြာခင်မှာ လူတစ်ယောက်က ရဲစခန်းကိုသတင်းပို့ပြီး အနီးအနားမှ ရဲအရာရှိများက ချက်ချင်းရောက်လာခဲ့သည်။
သူတို့ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ကားပိုင်ရှင်သည်လည်း ရဲတွေရောက်မလာမချင်း ကားပေါ်က မဆင်းရဲပဲ ထိတ်လန့်သွားကာ အော်ငိုနေသည်။ သူ့စကားများက လုံးထွေးနေပြီး အခင်းဖြစ်ပွားရာနေရာမှာ ရှင်းလင်းချက်မရှိပေမယ့် ကံကောင်းတာက ဘယ်သူမှ ဒဏ်ရာမရခဲ့ကြပေ။
ဘောဒီဂတ်က ရှန်ချီရှင်းနှင့် ရှန်းယုဟန်ကို ကားပေါ်အမြန်တက်ဖို့ပြောပြီး ဘယ်မှမသွားခိုင်းပေ။ သူတို့က ကိစ္စများကို ကိုင်တွယ်ရမှာဖြစ်၏။
ရဲတွေက ကားပိုင်ရှင်ကို ရဲစခန်းကို ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှာ ဖြေရှင်းဖို့လိုအပ်သည့် လျော်ကြေးကိစ္စရပ်များရှိနိုင်သည်။
အဖြစ်အပျက်က ရုတ်တရက်ဆန်ပြီး ပရိုဂရမ်အဖွဲ့က အုပ်စုနှစ်စုခွဲလိုက်သည်။ တစ်စုက ရဲစခန်းမှာ မေးခွန်းဖြေဖို့လိုက်သွားပြီး တစ်စုက ရှန်းယုဟန်တို့နှင့်အတူ အိမ်ပြန်သွားသည်။
ရှန်းယုဟန် ကားပေါ်တက်ပြီးနောက် သူက မတုံ့ပြန်နိုင်သေးပဲ အခင်းဘယ်လိုဖြစ်ပွားခဲ့တာလဲ နားမလည်နိုင်ဖြစ်နေသည်။ အားလုံးက ဖြစ်ပျက်သွားတာ မြန်ဆန်လွန်းသည်။
မကြာခင် သူ့ဖုန်းကမြည်လာပြီး ယင်းမှာ ရှန်ချီဟွမ်းဖြစ်ပြီး ရှန်းယုဟန်က ဖုန်းမဖြေခင် ရွှံ့ပေနေသောလက်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။
“ယောကျာ်း?”
“ဘာဖြစ်တာလဲ? မင်းကားတိုက်ခံရမလိုဖြစ်ခဲ့တယ်လို့ ဘော်ဒီဂတ်ဆီကကြားတယ်။ မင်းဒဏ်ရာရသွားလား?”
“ဒဏ်ရာမရပါဘူး။ ကျွန်တော် ယောက်ဖနဲ့အတူ အိမ်ပြန်လာပြီ”
“ရှန်ချီရှင်းအဆင်ပြေလား?”
“သူလည်းအဆင်ပြေတယ်။ ကံကောင်းတာက သက်တော်စောင့် အကိုကြီးက ကျွန်တော်တို့ကို အချိန်မှီဆွဲခဲ့တာ။ ကျွန်တော်တို့ နည်းနည်းလန့်သွားတယ်။ ထိသွားတာက တခြားတစ်ယောက်ပါ။”
“ကောင်းပြီ၊ငါသိပြီ၊ ငါ အိမ်ပြန်ပြီး မင်းကိုစောင့်နေမယ်” ရှန်ချီဟွမ်းက လူကိုမတွေ့ရတော့ စိတ်ပူနေပြီး ရှန်းယုဟန်က အပြင်ထွက်ဖို့ လုံးဝမသင့်တော်ပေ။ သူ ဒီတစ်ခေါက် ဒဏ်ရာမရခဲ့လည်း အန္တရာယ်ရှိခဲ့သည်။ ကံကောင်းတာက ဘော်ဒီဂတ်ကို အနီးကပ်လိုက်ခိုင်းထားလို့ပေါ့….
“အင်း၊ နောက်မှတွေ့မယ်” ရှန်းယုဟန်က စကားသိပ်မပြောခဲ့ပေ။ သူ့စိတ်က ကမောက်ကမဖြစ်နေတုန်းပင်။ နောက်မှ ဖြစ်ပျက်ခဲ့တာက ဘယ်လောက်အန္တရာယ်များလည်း သိလိုက်ရသည်။
ထိုအချိန်တွင် ပရိုဂရမ်အဖွဲ့ကလူတွေက သူတို့ကိုပြန်ပို့ပြီး ရိုက််ကူးရေးမလုပ်ခဲ့ကြပေ။
ရှန်းယုဟန်ကားပေါ်ကဆင်းတာနဲ့ အိမ်ပြန်ရောက်ပြီဖြစ်သော ရှန်ချီဟွမ်း၏ပွေ့ဖက်ခြင်းကိုခံခဲ့ရသည်။ “ငါသေအောင်လန့်သွားတာ”
အိမ်ပြန်လမ်းမှာ ဒရိုက်ဘာက ရဲကိုဘာပြောခဲ့လဲ ဘော်ဒီဂတ်ကသိသွားခဲ့သည်။
ဒရိုက်ဘာက မူးနေတာမဟုတ်ပဲ ကားဘရိတ်မမိတော့တာပင်။ သူဘရိတ်ဆက်တိုက်နင်းနေလည်း ကားကမတုံ့ပြန်တော့ပဲ ရုတ်တရက်ဆိုတော့ သူကမထိန်းချုပ်နိုင်ခဲ့ပဲ နံရံကိုဝင်တိုက်မိသွားတာဖြစ်၏။
I
ရှန်းယုဟန်နှင့် ရှန်ချီရှင်းက ကံဆိုးမှုကိုကြုံခဲ့ရပေမယ့် အသေးစိတ်ကို စုံစမ်းမေးမြန်းရမည်။ ရဲအရာရှိက ထိုအကြောင်းကို သိပ်မတွေးခဲ့ပေ။ အကြောင်းမှာ ရှန်ချီရှင်းက ရှန်းယုဟန်တို့မှာ အထည်ဆိုင်ကိုသွားဖို့ မူလကအစီအစဥ်မရှိခဲ့လိုပင်။ သူက ရိုက်ကူးရေးအဖွဲ့မှာရော အဓိကဇာတ်ကောင်မဟုတ်တာကြောင့် သူရောက်ရှိနေသောနေရာက ပေါက်ကြားမှုမရှိခဲ့ပေ။
ဘော်ဒီဂတ်က ရှန်းယုဟန်နှင့် ရှန်ချီရှင်းတို့နောက်ကို လိုက်နေခဲ့ပြီး ခြေရာခံနိုင်မယ့် သဲလွန်စသံသယဖြစ်စရာများကို ရှာမတွေ့ခဲ့ပေ။
လက်ရှိမှာ ယင်းက အမှန်တကယ် တိုက်ဆိုင်မှုဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
ဒါပေမယ့် ဒါကတကယ်ဖြစ်ခဲ့တာလား?
ရှန်းယုဟန်က သူ့ခင်ပွန်း၏ တင်းတင်းပွေ့ဖက်ထားတာကို ခံနေရပြီး သူ့ခင်ပွန်းကြောက်နေတယ်ဆိုတာကို သိခဲ့သည်။ “ယောကျာ်း၊ တကယ်အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့။”
“မင်းကတကယ်ကိုပဲ… အပြင်ထွက်တိုင်း ငါ့ကိုစိတ်မအေးအောင်လုပ်တယ်။” ရှန်ချီဟွမ်းက သူ့ကိုနောက်တစ်ကြိမ် ပွေ့ဖက်လိုက်သည်။
“ဒါကတိုက်ဆိုင်မှုမလား၊ ကားက ရုတ်တရက် ကျွန်တော့်တို့ဆီ ပြေးလာမယ်ဆိုတာမသိခဲ့ဘူး။ အရမ်းထူးဆန်းတာပဲ” ရှန်းယုဟန်က ဒါက လုပ်ကြံမှုလား သိချင်နေသည်။ သူ့ခင်ပွန်း နောက်ဆုံးတစ်ခေါက်က ကားမတော်တဆမှုဖြစ်ခဲ့တာကို မှတ််မိသေးသည်။ ဒီတစ်ကြိမ်လည်း တူနေမလားလို့ စိုးရိမ်နေသည်။
“အိမ်အရင်ပြန်ရအောင်” ရှန်ချီဟွမ်းက ပရိုဂရမ်အဖွဲ့ကိုပြောလိုက်သည်။ “ကျွန်တော့်မိသားစုဝင်တွေ လန့်နေလို့ ဒီနေ့ရိုက်ကူးရေးကို ရပ်လိုက်ပါမယ်”
ပရိုဂရမ်အဖွဲ့သားများက သိပ်မပြောရဲပေမယ့် အဆုံးမှာ တိုက်ပွဲဝင်နေကြဆဲပင်။ သို့သော် ရှန်းယုဟန်က သူတို့အတွက် မလွယ်ဘူးဆိုတာ နားလည်တာကြောင့် ရိုက်ကူးရေးကို ညနေပိုင်းပြောင်းပေးဖို့ ရှန်ချီဟွမ်းကို တောင်းဆိုလိုက်သည်။
ရှန်ချီဟွမ်းက သူ့နဖူးကိုပုတ်ကာ လက်ခံပေးရုံမှတစ်ပါး ရွေးချယ်စရာမရှ်ိပေ။ “စိတ်ပျော့တယ်”
ရှန်းယုဟန်က သူ့ကိုဖက်ကာပြောလိုက်သည်။ “လူတိုင်းအတွက်မလွယ်လို့ပါ။”
ရှန်ချီရှင်းကပြောလာသည်။ “မှန်တယ်၊ တတိယအစ်ကို၊ သူတို့က ကားအက်စီးဒန့်ကို ရိုက်ကူးထားလို့ ရဲတွေအတွက် သက်သေအဖြစ်သုံးလို့ရတယ်။”
ရှန်ချီဟွမ်းက ဒါရိုက်တာကို သူရထားသော ဗီဒီယိုဖိုင်ပို့ပေးဖို့ တောင်းဆိုခဲ့သည်။ သူက ရှန်းယုဟန်နှင့် ရှန်ချီရှင်းကို သူ့သံသယအကြောင်းမပြောခဲ့ပေမယ့် သူတို့အပြင်ထွက်ရင် လူများများခေါ်သွားဖို့ တွန်းအားပေးခဲ့သည်။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ တစ်ယောက်တည်းမထွက်သင့်တော့ပေ။
ရှန်းယုဟန်က သူ့ခင်ပွန်းကိုပြောတာကို သေချာနားထောင်နေပြီး ရှန်ချီရှင်းကလည်း ခေါင်းညိတ်လိုက်သည်။ သူက သူ့တတိယအစ်ကိုစကားကို အမြဲနားထောင်ပြီး အမိန့်တစ်ခုအဖြစ် လက်ခံရလည်း ကိစ္စမရှိပေ။ သူ့အစ်ကိုစကားနားထောင်တာ မှန်ကန်သောလုပ်ရပ်ဖြစ်၏။
–
အကြောက်တရားရှိနေသေးပေမယ့် စွမ်းအားကုန်ခမ်းသွားချိန်မှာ အဆင်ပြေလာခဲ့သည်။ ရှန်းယုဟန်က ပြင်ထန်းသောလေမုန်တိုင်းကို ကြုံတွေ့ခဲ့ဖူးသော လူတစ်ယောက်ဖြစ်တာကြောင့် ညနေမှာ သူက ချက်ပြုတ်ခဲ့သေးသည်။ သူက အစတည်းက သူတစ်ခါမှမချက်ဖူးသော ဟင်းလျာအနည်းငယ်ကို ချက်ပြုတ်ဖို့ တွေးထားခဲ့တာပင်။
လူသုံးယောက်အတွက် ဟင်းအမယ်ငါးမျိုးနှင့် စွပ်ပြုတ်တစ်ခွက်၊ ရတနာဘဲဟင်း၊ ခရမ်းသီးနှပ်၊ မျှစ်ပုဇွန်ဟင်း၊ ဆေးဖက်ဝင်ရေဘဝဲမုန့်ညင်းဟင်းချို၊ ကြက်စပ်ကြော်၊ ကြက်သားစွပ်ပြုတ်… ရှန်ချီရှင်းအကြိုက်နှင့်ကွက်တိပင်။
ပရိုဂရမ်အဖွဲ့က သူတို့၏ညစာကိုကြည့်ကာ လူတစ်ယောက်တည်းက ကြယ်ငါးပွင့်စားဖိုမှုးလို ဟင်းလျာများကိုပြင်နိုင်မယ်လို့ ယုံကြည်ရခက်နေသည်။ ဟင်းလျာများက ခမ်းနားပြီး မွှေးကြိုင်ကာ အရသာရှိမယ်ပုံပင်။ လုပ်ငန်းစဥ်တစ်လျှောက်မှာ တခြားအကူလည်းမရှိပေ။ သူတို့သာ ရိုက်ကူးမထားရင် ဤဟင်းလျာများကို ကြယ်ငါးပွင့်ဟိုတယ်မှ မှာထားတယ်လို့ သံသယဝင်မိမှာပင်။ သို့သော် ကမ္ဘာပေါ်မှာ ဒီလိုမျိုးရှင်သန်နေသော လူတွေရှိနေခဲ့သည်။ မစ္စတာရှန်းက ငယ်ငယ်လေးနဲ့ အရမ်းတော်ပြီး ချမ်းသာသောမိသားစုမှာ လက်ထပ်နိုင်ခဲ့ခြင်းအတွက် သူတို့မအံ့သြတော့ပေ။ သူ့ကို အရည်အချင်းမရှိဘူးလို့ပြောရင် တခြားသူအားလုံး သူ့ထက်ပိုဆိုးပေမည်။
ညစာစားပြီးနောက် သူတို့က ဖန်လုံအိမ်ထဲမှာ လက်ဖက်ရည်ဖျော်ကာ စကားစမြည်ပြောနေပုံကို ရိုက်ကူးခဲ့ပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဘယ်သူမှမသိလိုက်သည်မှာ ယောက်ဖကိုကူညီဖို့ ရှန်းယုဟန်က ပြဇာတ်ကို ပိုစိတ်ဝင်စားဖို့ကောင်းအောင် ကြိုးစားခဲ့ပြီး သူ့အရည်အချင်းများကို ထုတ်ပြခဲ့သည်။
“ခင်ဗျားတို့ လက်ဖက်ရည်သောက်မလား?” ရှန်းယုဟန်က သူ့အစ်ကိုဆီက သူများအထင်ကြီးအောင်လုပ်နိုင်သော အတတ်ပညာကို သင်ဖူးသည်။ “ခင်ဗျားတို့ကြိုက်ပါ့မလားတော့မသိဘူး”
“အရင်တစ်ခေါက်က လဲ့ချာမဟုတ်ဘူးလား? ရှန်ချီဟွမ်းကမေးလိုက်သည်။ “အဲ့ဒါက အတော်လေးအရသာရှိတယ်။”
“အဲ့တစ်ခုက ပါဝင်ပစ္စည်းအများကြီးလိုတယ်။ ကျွန်တော်တို့က အခုလေးတင် ထမင်းစားထားတော့ ခင်ဗျားတို့မစားနိုင်တော့ဘူးထင်တယ်။ ဒီတစ်ကြိမ်က ပုံမှန်နဲ့မတူဘူး။ လှည့်ကွက်လေးတစ်ခုလုပ်ပြမယ်။” ရှန်းယုဟန်က အပြုံးတစ်ခုဖြင့်ဆိုသည်။
“ဟုတ်ပြီ ကျွန်တော်တွေ့ချင်တယ်။ ခင်ဗျားဘယ်တုန်းက လဲ့ချာထပ်သောက်ခဲ့တာလဲ၊ ကျွန်တော်ဘာလို့မသိရတာလဲ? ရှန်ချီရှင်းက သူတို့ သူ့ကိုမေ့ထားခဲ့တာကို ညည်းတွားပြသည်။
“မင်းမရှိတဲ့အချိန်ပေါ့ကွာ” ရှန်းယုဟန်ကပြောလိုက်သည်။
“နောက်တစ်ခါကျွန်တော့်ကိုခေါ်။ အမြဲတမ်း တစ်ယောက်တည်းမစားနဲ့” ရှန်ချီရှင်းက မကျေနပ်သလို ဟန်ဆောင်သည်။
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒီအဆင့်တွေက မင်းအတွက်ရေးပေးထားတာ၊ မင်းကိုယ်တိုင်လုပ်လို့ရတယ်”
“ဒါဆိုဘာထူးတော့မှာလဲ၊ မရီးရဲ့အချက်အပြုတ်စွမ်းရည်က သူများတွေနဲ့ကွာတယ်လေ၊ သူက ကျွန်တော်မြင်ဖူးတဲ့ထဲမှာ အကျွမ်းကျင်ဆုံးလက်ပိုင်ရှင်ပဲ”
ရှန်ချီဟွမ်းက လက်ဖက်ရည်ဖျော်နေသော ရှန်းယုဟန်ကိုကြည့်လိုက်သည်။ ဖန်လုံအိမ်ထဲမှာ ရှန်ချီဟွမ်း နာမည်ပင်မသိသော ကိရိယာတန်ဆာပလာများရှိနေပြီး ပိုင်ရှင်ကသာ ဘယ်လိုသုံးရမလဲသိသည််။
ရှန်းယုဟန်က ပူအိုက်သည့်နေ့အတွက် သင့်တော်သော ကျန့်ချာဖျော်ဖို့ ကြိုးစားနေသည်။
သူက လက်ဖက်ခြောက်ကိုထုတ်ကာ အမှုန့်ဖြစ်အောင်ထောင်းပြီး ဘူးလေးထဲထည့်လိုက်သည်။ ထို့နောက် ရေဖြည့်ထားသော လက်ဖက်ရည်အိုးကို မီးဖိုပေါ်မှာအပူပေးလိုက်သည်။
ကျန့်ချာမှာ သုံးဆင့်ရှိပြီး ပထမအကြိမ်ရေဆူလာသည့်အခါ ဆားထည့်ပြီး ဒုတိယအကြိမ် ရေဆူလာသောအခါ ရေနွေးအိုးကိုယူကာ တစ်ဖက်ခြမ်းမှာချလိုက်သည်။ ထို့နောက် လက်ဖက်ခြောက်မှုန့်ကို ရေနွေးအိုးထဲထည့်ပြီး တတိယအကြိမ်ဆူလာသောအခါ ခဏရပ်ပြီး လက်ဖက်ရည်က လိုချင်သောပုံစံဖြစ်လာသည်။
ရှန်ချီဟွမ်းက သူ့ဇနီးလေး၏ အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်မှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူ့လှုပ်ရှားမှုက ကြော့ရှင်းနေကာ စွဲမက်ဖွယ်ကောင်းသည်။ သူက စိတ်ရှည်သလို ကျန့်ချာဖျော်နေတာသိသာပေမယ့် ကျန့်ချာလက်ဖက်ရည်ပွဲထက် ပန်းချီကားတစ်ချပ်နဲ့ပိုတူနေသည်။ သူက သူ့ဇနီးလေး စွယ်စုံရတာသိပေမယ့် သူမသိသေးသော အရည်အချင်းများစွာ ထပ်ရှိနေမယ်လို့ မထင်ထားခဲ့ပေ။ သူက သူ့ဆီမှာ အရည်အချင်းဘယ်လောက်ရှိလဲ မသိပေမယ့် ကြော့ရှင်းပြီး စွယ်စုံတော်နေပုံက ရှေးခေတ်က ကုန်းဇီတစ်ယောက်နှင့်တူနေသည်။
သူက ရှေးခေတ်က အမျိုးသားတစ်ယောက်လိုပင်။ ထူးခြားလွန်းတာကြောင့် ကမ္ဘာပေါ်မှာ နောက်တစ်ယောက် ရှာတွေ့နိုင်မှာမဟုတ်ပေ။
ရှန်းယုဟန်က သူ့ခင်ပွန်းကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ “ယောကျာ်း၊ ကြည့်ကောင်းလား?”
ရှန်ချီဟွမ်းက သူ့မျက်နှာကိုကြည့်ကာ တွေဝေနေသည်။ “ကြည့်ကောင်းတယ်”
ရှန်းယုဟန်က တည့်တိုးဆန်သော သူ့အကြည့်ကြောင့် ပူနွေးလာပြီး ရှန်ချီဟွမ်း၏မေးစေ့ကို လက်ညိုးနဲ့ဖိချလိုက်သည်။ “ပန်းကန်လုံးကိုကြည့်၊ ဘာလို့ကျွန်တော့်ကိုကြည့်နေတာလဲ?”
ထိုမှသာ ရှန်ချီဟွမ်းက ပန်းကန်လုံးထဲမှ လက်ဖက်ရည်ကိုကြည့်လိုက်တော့ လက်ဖက်ရည်က ရှုခင်းပန်းချီအလား အဖြူအစိမ်းရောင်ဖြစ်ပြီး တောင်၊ရေနှင့် လှေလေးတစ်ခုတောင်ပါသေးသည်။
ပရိုဂရမ်အဖွဲ့နှင့် တခြားသူများက ငုံ့ကြည့်ပြီး အံ့အားသင့်သွားကြသည်။
ဒါက လူချမ်းသာအိမ်ကချွေးမလား? သူတို့ ဒီလိုကံမကောင်းတာလဲ မထူးဆန်းတော့ပေ။ ထွက်ပေါ်လာသောလက်ရာတိုင်းက လက်ဆုပ်လက်ကိုင်ပြနိုင်သော ယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည်။ မနာလိုဖြစ်စရာကောင်းရုံတင်မကပဲ ကြောက်စရာလည်းကောင်း၏။ သာမန်လူတွေရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုအတွက် ထိုးနှက်ချက်တစ်ခုပဲ!