Volume - 1 CHAPTER - ( 1 )
" ညိုးလေသောပိတောက် "
( ပါ၀င်သောဇာတ်ကောင်များ ၊နေရာများမှာစာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါ၍တိုက်ဆိုင်မူတစ်စုံတစ်ရာရှိခဲ့ပါ တိုက်ဆိုင်မူသက်သက်သာဖြစ်ပါသည်။ )
နွေဥဩတို့တွန်မြည်လေပြီ အတာမိုးလေးအေးအေးသွန်းဖြိုးသည့်အခါ ရွှေဝါရောင်ပိတောက်တို့လည်းပွင့်လန်းကြပေတော့မည်။ နွသေည်ခြစ်ခြစ်တောက်အောင်ပူလေ၏။
ဟောင်းနွမ်းစုတ်ပြတ်နေသောဇရပ်လေးထက်၀ယ် ဖုန်အထပ်ထပ် အမိုးတို့သည်လည်းနေအပူဒဏ်ကိုလုံလောက်အောင်ကာကွယ်ပေးနိုင်စွမ်းမရှိ ။
လေပူတို့သည်အညှာအတာမရှိစွာဖြတ်သန်းတိုက်ခိုက်လေသည်။
အနာပြည်ပုပ်တို့ဖြင့်ရွှဲနေသောသူတောင်းစားငယ်တစ်ယောက်သည် သူ၏၀မ်းတွင်းရှိဆာလောင်မူကိုထိန်းချုပ်ရန်ရေတစ်မူတ်မျှသောက်ရန်မျှော်လင့်မိပါသော်လည်း သူ၏အပုပ်ကောင်ကဲ့သို့ကိုယ်မှာစိတ်သွားတိုင်းရွေ့လျား၍မရ။
လက်ဆစ်တို့မှာလည်းညိုပုပ်ကာတိုတိတိဖြစ်နေလေပြီ ။တစ်ချိန်တစ်ခါကတိုင်းပြည်တစ်ခွင်ကျော်ကြားခဲ့သောထိုသူငယ်၏မျက်နှာလှလှ မှာလည်းအမာရွတ် တို့ဖြင့်ပျက်စီးလေပြီ ။
လူအများကနှစ်သက်ကာအားကျခဲ့ရသောစစ်သူကြီးအိမ်တော်၏သားထွေးလေးမဟုတ်တော့သကဲ့သို့ ရွှေပေါ်မြတင်သခင်ငယ်လေးတစ်ပါးလည်းမဟုတ်ချေတော့ပြီ။
ယခုတွင်မူသူသည်ကျွန်များလောက်တောင်ပင်သက်သက်သာသာမနေရရှာ။ သူတစ်ချိန်ကကောင်းပေးခဲ့ဖူးသော အဆွေတော်တို့သည်လည်းသူ့အားကူညီစောင့်ရှောက်ရန်ရောက်မလာကြ။
သုသာန်ကဲ့သို့ဇရပ်အိုလေးထဲ၀ယ်သူ့အားအဖော်ပြုပေးမည့်မိတ်ဆွေမရှိ ၊မိသားစုမရှိ၊ ချစ်ရသူမရှိချေ။ ၀င်သက်ထွက်သက်တို့သည်လွန်စွာမှအားနည်းပေလေပြီ။
၀င်သက်တစ်ရိူက်တွင်ပိတောက်ပန်းရနံ့သင်းသင်းကိုရူရိူက်မိသည့်အခါ အတိတ်ကာလများဆီကချစ်ဦးသူကိုပြေးသတိရမိပြန်သည်။
ယခုအခြေအနေကပြုံးချင်ပါသော်လည်းပြုံးလို့မရ မဲ့၍မရအခြေအနေ၌သာဖြစ်သည်။။ ရေဓာတ်လုံလောက်စွာမရသောနူတ်ခမ်းသားတို့မှာပြာနှမ်းအက်ကွဲလျှက် လက်တို့သည်လည်းကာလကြာမြင့်စွာကတည်းကသုံးစား၍မရခဲ့ပြီ ။
သို့သော်ကျန်ရှိသည့်အားအင်တို့ဖြင့်ပိတောက်ကိုမြင်ချင်သေးသည် ။ မြတ်နိုးရသောပိတောက် တွယ်တာရသောပိတောက် အရှင့်အတွက်ပေးခဲ့သောသက်သေတို့၏ပိတောက်။
အရှင်နှင့်မထိုက်တန်ခဲ့သောတော်မဝင်သည့်ပိတောက်။
ပူလောင်သောဖုန်ရနံ့ထဲဝယ် ဘယ်ဆီကမှန်းမသိသောပိစတောက်ပန်းနံ့သင်းသင်းသည်ပျံ့လွင့်နေပေသည်။
အတိတ်တို့သည်ပြောင်းလဲ၍မရတော့ပြီ ။
သူသည်အရှင့်သဘောအတိုင်းအရှင့်စေလိုရာဖြစ်စေသောအသုံးတော်ခံတစ်ယောက်လဲမဟုတ်ခဲ့တော့ပြီ။
အရှင့်အတွက်သွေးစွန်းခဲ့သောလက်တို့သည်မြင်ရက်စရာမရှိခဲ့တော့ ၊
အရှင့်အတွက်ပန်းဆက်ခဲ့သောလက်
အရှင့်အတွက်ပြုစုခစားခဲ့သောကိုယ်
အရှင့်ကိုသာမြင်ခဲ့သည့်မျက်၀န်းတစ်စုံတို့သည်အပူခိုးတို့ဖြင့်ရီဝေလေပြီ။
မျက်ရည်လည်းကျစရာမရှိတော့။ နောင်တလည်းရစရာမရှိတော့။
စွဲလမ်းစရာမရှိတွယ်တာစရာလည်းမရှိတော့ချေ။
ပိတောက်ရနံ့တို့ခေါ်ဆောင်လမ်းပြရာအရပ်ကိုဒီကျွန်လိုက်ပါရစေ။
အရှင့်အတွက်ပေးဆပ်ခဲ့တာလုံလောက်ပြီမို့။
အရှင့်အတွက်ပိုင်ဆိုင်သမျှအရာရာပုံပေးခဲ့ပြီးပြီမို့
အရှင့်ကိုထပ်ပေးစရာမရှိတော့ပြီမို့ ဒီကျွန်လွပ်လပ်ပါရစေတော့။
" ပိတောက်ရေ မင်းဖူးပွင့်မဲ့အရပ်မှာ ငါခေါင်းချပါရစေ ငါ့ကိုယ်ကမင်းအတွက်တစ်စိတ်တစ်နေရာကအာဟာရဓာတ်ဖြစ်ပါစေ
ပိတောက်တို့ပွင့်တာမြင်တဲ့အခါ တစ်ယောက်သောသူလည်းငါ့ကိုသတိရပါစေ "
[ အိုဟောင်းနေသောဇရပ်လေးဘေးဝယ်။
အဖော်မရှိတစ်ကိုယ်တည်းအထီးကျန်နေသောမိတ်ဆွေငယ်
လာရာလမ်းမသိသကဲ့သို့ ပြန်ရာလမ်းလည်းမသိပြီ
စွဲလမ်းရာပိတောက်ရနံ့ အထီးကျန်သူအားလမ်းပြပါစေ
အတာမိုးပက်ဖြန်းလို့ပိတောက်ပွင့်သည့်အခါ
အရှင်လည်းငါ့ကိုလွမ်းပါစေ
တော်မဝင်နန်းမထိုက်သည်မို့ အရှင်သခင်နှင့်မတန်
သွေးစွန်းခဲ့သောလက်တို့သည် အရှင့်၏ခြေနင်းကိုပင်ထိ၍မတန်
မတန်မရာမမှန်းအပ်သည်မို့
ပိတောက်တစ်ခက်ဖြင့်အဖော်ပြု၍
အဖော်မပါထွက်ခွာလေတော့မည်
ဝိဉာည်ငယ်အား လမ်းပြသူပိတောက်ငယ်
စွဲလမ်းစိတ်တို့အားလွှတ်ချပါစေ
လွတ်လပ်စွာထွက်ခွာပါစေ ]
_________________________________________________________________________
လေပူပူတို့သာသယ်ဆောင်တိုက်ခတ်သောနွေရာသီ၏ ညတာသည်ပူစပ်စပ်ဖြင့်သာဖြစ်၏။
ဆီမီးရောင်ဝါကျင်ကျင်သာ မှိန်ပြပြလင်းလက်နေသောဂူတစ်လုံးထဲဝယ် ။ လူရွယ်တစ်ယောက်သည် သူ၏နှလုံးသားတည့်တည့်အား နက်မှောင်သောဓားဖြင့်အညှာအတာမရှိထိုးချလိုက်ပေသည်။
သူ၏မျက်ဝန်းများသည် ရူးသွပ်မူတို့ဖြင့်ပြည့်နှက်နေလျှက် ။ညိုမြသောလက်တို့သည် သူ၏နှလုံးသွေးရှင်တို့ဖြင့်အင်းကွက်တစ်ကွက်အားအံကြိတ်ကာရေးဆွဲနေလေသည်။
နာကျင်မူတို့ထက်သာလွန်သောနောင်တ။
အလှတရားအားစွဲလမ်းမိနေသောတဏှာစိတ်
ငြိမ်းချမ်းခြင်းအားမရရှိလည်းနေပါစေတော့ ။လူ့ဘဝထပ်မရနိုင်လည်းနေပါစေတော့။
တစ်ချိန်ကသူငေးကြည့်ကာစွဲလမ်းခဲ့ရသောထိုလူသား၏ ရုပ်ပုံလွှားအားမျက်ဝါးထင်ထင်တခါမျှတွေ့မြင်ရရင်တော်ပါလေပြီ ။
ထိုလူသားလေးအားသူကိုယ်တိုင်၏ကံကိုပြောင်းလဲကာငြိမ်းငြိမ်းချမ်းချမ်းရှင်သန်သွားစေချင်သည်။
တစ်ချိန်ကကဲ့သို့ထိုလူသားလေးကိုဖျက်ဆီးရာလူတစ်စုထဲတွင်မပါလိုတော့ပြီ။
အင်းကွက်၏နောက်ဆုံးစည်းလည်းရေးဆွဲပြီးလေပြီ အနက်ရောင်အခိုးအငွေ့တို့သည်ဂူငယ်လေးအတွင်းရှိထိုလူရွယ်အားရစ်သိုင်းပတ်ခွေလျှက် အလျှံအညီးညီးတောက်လောက်သောငရဲမီးတို့သည်ထိုသူအားဝါးမြိုကြတော့မည်။
တစ်စုံတစ်ယောက်အားကယ်တင်ရန် သူ၏ဘ၀အားထာ၀ရငရဲတွင်ကုန်ဆုံးရပေတော့မည်။
မီးလျှံများကဝါးမြိုနေသော်လည်းမပူလောင်သကဲ့သို့ ထီမထင်သောမျက်နှာထက်ဝယ် တစ်ဘဝလုံးတွင်အားရကျေနပ်မူအရှိဆုံးသောအပြုံးအားပန်ဆင်လို့ထားချေသည် ။
အရာရာအတွက်သူသည်နောင်တမရှိတော့ပြီ။
----------------------------------------------------------------------------------------------------------------------
တူညီသောပိတောက်ရနံ့ဖြစ်သော်ငြားမတူညီသောခံစားချက် ။
သူလဲလျှောင်းနေခဲ့သောမြေပြင်မာမာနှင့်မတူညီတော့။
ပိုးကောင်ပေါင်းများစွာကိုက်ဖြတ်နေသကဲ့သို့သူ၏ကိုယ်မှနာကျင်မူအစုံစုံသည်လည်းကွယ်ပျောက်နေလေသည်။
အားယူကာဖွင့်နေရသောကော့ညွှတ်ရှည်လျှားသည့်မျက်တောင်တို့သည် လိပ်ပြာတို့တောင်ပံခတ်သကဲ့သို့တုန်ယင်နေလျှက်
ကျွန်းပြတင်းကြားမှဝင်ရောက်လာသည့်သူ့မျက်နှာအားကျီစယ်သောနေခြည်နွေးနွေးအားခံစားမိသည်။
ထိုအခိုက်အသက်၂၀အရွယ်မိန်းမပျိုလေးတစ်ဦး၏ ပူညံပူညံအသံကိုကြားလိုက်ရတော့သည်။
" စစ်သူကြီးအိမ်တော်ကသားယောက်ျားလေးတစ်ယောက်ဖြစ်ပြီးဒီလောက်ပျော့ညံ့နေရင်ဘယ်နေရာမှာများသွားသုံးစားမလဲအချိန်တန်လို့တိုက်ရခိုက်ရပါပြီတဲ့ ဒီလိုပျော့နွဲ့နွဲ့ပုံမျိုးနဲ့ကွမ်းတစ်ညက်အချိန်တောင်ရှင်ကျန်မှာမဟုတ်ဘူး "
သေချာပါသည်။ ထိုအသံသည်သေချာပေါက်သူ၏အမတော် အိုနဒီ၏အသံပင်အမှန်ဖြစ်သည်။
ဒါဆိုသူကရော သူသေသွားပြီမဟုတ်ဘူးလား ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ ။
သူ သူ တကယ်သေသွားခဲ့တာပါ ။
ထိုအခိုက်အားမန်အပြည့်ဖြင့်အမြဲတစေတည်ငြိမ်နေသောသူ့အကိုတော်၏အသံသည်လည်းနွမ်းလျှနေပေသည်။
" အထွေးလေးကပျော့ညံ့တာမဟုတ်ဘူး ညီမငယ် အထွေးလေးကအရှင်မင်းသားအပေါ်မှာဘယ်လိုစိတ်မျိုးရှိတာလဲ နှမငယ်လဲအသိဘဲ သူကျေနပ်နေသရွေ့ အရှင်မင်းသားရဲ့ဘယ်လိုအရှက်ခွဲမူမျိုးမဆိုခံဖို့အသင့်ရှိနေမှာဘဲ "
ထိုအခါအိုနဒီသည်သူမ၏မောင်ငယ်အချစ်ကြီးပုံအကြောင်းတွေးကာမျက်ရည်မဆယ်နိုင်ဖြစ်ရလေသည်။
" နှမငယ်လေ ဘယ်တော့မှလင်္ကာလေးက ယောက်ျားတစ်ယောက်ကိုသဘောကျလို့ရှက်စိတ်မရှိခဲ့သလိုအထင်သေးရွှံရှာတာမျိုးလည်းမရှိခဲ့ဖူးဘူးအကိုတော် ဒါပေမဲ့လေသူ့ကိုတန်ဖိုးထားပေးတဲ့လူနားမှာဘဲရှိစေချင်တယ်"
အာဂအမျိုးသမီးတစ်ဦး ငယ်စဉ်ကတည်းကယောက်ျားများနှင်လက်ရည်တူအရည်အချင်းရှိသောအမတော်သည် သူ့အတွက်အမြဲပင်စိုးရိမ်ပူပန်ကာမျက်ရည်ကျခဲ့ရလေသည်။
မာနကြီးကာခက်ထန်သောအကိုကြီးပင်လျှင်သူ့အတွက်ဆိုရင် ရှင်ဘုရင်တောင်ပုန်ကန်ဝံ့သည်မှာသူ၏မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
သူသည်သာ သူတစ်ယောက်သည်သာ သူ့မိသားစုကပေးခဲ့သောနွေးထွေးမူတွေကိုတန်ဖိုးမထားခဲ့မိလေခြင်း။
နောင်တသည်အချိန်လွန်မှရပေသည် ။
သူ့အားကျီစယ်နေသောနေခြည်သည်နွေးထွေးရမည့်အစားပူလောင်လာလေသည်။
ပြန်လည်ရှင်သန်လာသည့်အတွက်ဝမ်းမြောက်ရမည့်အစား ဆပ်ရန်အပြစ်ကျွေးတို့အားထမ်းပိုးထားရပေသည်။
ဒီတစ်ကြိမ်တွင်တော့အရှင့်အားသူပိုင်ဆိုင်ရန်ကြိုးစားမည်မဟုတ် ။
အရှင့်အားသူ့နှလုံးသား၏တစ်ထောင့်တစ်နေရာတွင်သာသော့ခတ်ထားလေမည်။
သူသည်ပေးဆပ်ရမည့်အရာများစွာရှိသည်။သူတင်နေသောအပြစ်ကျွေးများ သူပြန်ပေးဆပ်ရမည့်ကျေးဇူးတရားများစွာရှိနေသေးသည်။
သူသည်အချစ်ကိုဦးစားပေး၍မဖြစ်ပြီ သို့တည်းမဟုတ်သူ့တွင်ချစ်ရန်အခွင့်မရှိ။
တုန်ယင်နေသောကိုယ်သည်ညောင်စောင်းထက်မှယိုင်နဲ့စွာဆင်းလာပေသည် ။ ဒူးတို့သည်လည်းပျော့ခွေကာ စိတ်ဖြင့်သာအားတင်းရွေ့လျားရ၏။
နောင်တတို့ဖြင့်ရူပ်ထွေးသောစိတ်အစုံသည်အကိုတော်နှင့်အမတော်အားဝန်ချတောင်းပန်ရန်သာအလိုရှိပေသည်။
အရာအားလုံး၌သူသည်သာအမှားပြုမိသူဖြစ်လေသည်။ သူအားအမေကဲ့သို့ရောအမကဲ့သို့ပါချစ်ခင်တွယ်တာရှာလေသောအမကြီးအားစိတ်မဆင်းရဲစေလိုတော့။
သူ့အားအလွန်ချင်ခင်ပါတော့အကိုကြီးအားလည်းသူ့ကြောင့်အသက်မဆုံးရူံးစေလိုတော့။
ဒီတစ်ခါတွင်တော့သူသည်သာအနစ်နာခံမည်။
သူသည်သာသေလိုတော့သည်။စစ်သူကြီးဒီပအားတိုင်းပြည်တာဝန်မကျေပွန်၊ အရှင်သခင်အားပုန်ကန်ခြားနားမူဖြင့်ကွပ်မျက်မခံရစေလိုတော့။
တစ်လောကလုံးတွင်သုံးဦးသာကျန်ရှိခဲ့သောမောင်နှမချင်းမကွဲပြားချင်တော့။
သူသည်သာအဓိကဖြစ်သည် သူသည်သာပေးဆပ်ရန်တာဝန်ရှိပေသည်။
----------------------------------------------------------------------------------------------------------------------
[ ပိတောက်သည်တစ်ရာသီမို့
သခင်လိုသော သဇင်လိုမမွှေးနိုင်ပြီ
ဘုန်းမြင့်သူပန်ဆင်ရမည်မို့
တစ်နွေလန်းသောပိတောက်မမှန်းတန်ရာပြီ
သဇင်နှင့်အလှချင်းပြိုင် ၊ တန်ဖိုးချင်းယှဉ်
မနိုင်ခဲ့ပြီမို့
သခင်လိုသောသဇင်ကိုသာယူပါလေ ]
___________________________________________________________________________
နက်မှောင်သောကျွန်းတံခါးအပွင့်ဝယ် လုလင်ပျိုလေးတစ်ဦးသည်မျက်ရည်လည်ရွဲဖြင့် ကြမ်းပြင်၌ပုံလျှက်သားလဲကျနေလေသည်။
အိုနဒီသည်မိမိမောင်ငယ်၏နုနယ်ပုံအားသိသည့်အလျှောက်လွန်စွာမှပူပန်သွားရလေသည်။
ကြမ်းပြင်၌လဲကျနေသောလူငယ်လေး၏မျက်လုံးတို့သည် မျက်ရည်ကြည်တို့ဖြင့် သူ၏အကိုကြီး အမကြီးတို့အားနှစ်ကာလအတော်ကြာခွဲခွာခဲ့ရသကဲ့သို့တွယ်တာစွာဖြင့်ကြည့်နေလေသည်။
လင်္ကာ၏ဘဝသည်ရွှေလင်ဗန်းနှင့်အချင်းဆေး၍မွေးသောငယ်စဉ်ကပင်တတိုင်းရကာ
အကိုကြီးနှင့်အမကြီးတို့၏ချစ်သောမျက်ရူလေးဖြစ်ပေ၏။
သို့သော်သူ၏ဘဝသည်လူတစ်ယောက်ကိုချစ်မိရာမှစ၍ကံဆိုးမိုးမှောင်ကျခဲ့လေသည်။
ထိုလူသားနှင့်သူနောက်တစ်ခါပြန်ဆုံတွေ၍မဖြစ်ပြီ ။
အိုနဒီသည်စိုးရိမ်စွာဖြင့်သူ၏မောင်ငယ်အားညောင်စောင်းပေါ်သို့တွဲကူ၍တင်လေသည်။
" ကြည့်စမ်းပါဦး နှစ်ဦးမှာကတည်းကဒီလိုချူချာနေရင်တစ်နှစ်လုံးနိမိတ်မကောင်းတော့ဘဲဖြစ်တော့မှာဘဲ တစ်ခုခုဆိုချူချာလိုက်ပါဘိနဲ့ အတာရေနည်းနည်းစိုတာတောင်အဖျားဝင်ရတယ်လို့ "
မိန်းမတို့သဘာဝပွစိပွစိလုပ်ပါသော်လည်း အမတော်အတွက်သူသည်အသည်းပွတ်လေးဖြစ်ကြောင်းကိုကောင်းကောင်းသိလေသည်။
အမတော်...
" ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော်သာနည်းနည်းလောက်ပိုပြီးဂရုစိုက်မိရင်အမတော်နဲ့အကိုကြီးတို့စိတ်ပူရမှာမဟုတ်ဘူး ကျွန်တော်နည်းနည်းအနားယူပါရစေ နက်ဖြန်ခါမှအကြောင်းစုံကိုသေချာရှင်းပြပါ့မယ် "
အတိတ်ကာလများတုန်းကအလိုရှိရာရနိုင်ဖို့အတွက်သူသည်အချိုသာဆုံးမုသားများဖြင့်မိသားစုဝင်များအားလိမ်ညာဖျက်ဆီးခဲ့မိလေသည်။
ယခုတွင်တော့အတိတ်အားတစ်ကျော့ပြန်ရန်မည်သို့မျှခွင့်ပြုမည်မဟုတ်။
ယခုသူ၏အသက်၁၅နှစ်အရှင့်အားရူးရူးမိုက်မိုက်ချစ်နေဆဲအချိန်ကာလ။မိမိအတွက်နှင့်တစ်အိမ်သားလုံးအသက်မသေဆုံးမှီ ၈ နှစ်အလို။
တကယ်ဆိုအတာရေစိုလို့အဖျားဝင်သည်ထက်အရှင့်ရဲ့နောက်လိုက်အပေါင်းအပါတွေနဲ့ရေဆော့ပြီးတစ်ယောက်ထဲနေပူဒဏ်ခံရလို့ဆိုရင်ပိုမှန်မယ်ထင်တယ် ။
ယခုမှတော့အတိတ်တွေတွေးနေတော့လဲဘာမှမထူးသော နွံမနစ်ခင်အချိန်မနှောင်းခင်မှာရုန်းထွက်ဖို့သာကြိုးစားသင့်လေပြီ။
ယခုဘ၀တွင်တော့အရှင်သည်သူ၏ဦးစားပေးဖြစ်မလာနိုင်တော့။
တစ်ခါတစ်ရံအရှင့်ရဲ့အပြုံးချိုချိုတွေအောက်မှာဖွက်ထားတဲ့ဓားသွားကိုဒီကျွန်မြင်ခဲ့သင့်တာ။
အချစ်ကတကယ်ဘဲလူကိုစုံလုံးကန်းစေတယ်။
----------------------------------------------------------------------------------------------------------------------
မြူးကြွစွာပျံ့လွင့်နေသောစောင်းသံလွင်လွင်နှင့်အတူ အမွှေးနံ့သာခွက်မှမီးခိုးေငွ့တန်းလေးသည်ယိမ်းနွဲ့ကပြဖော်ဖြေနေသယောင်။
နေစောင်းချိန်ပင်မရောက်သေးအပျော်မယ်ဂေဟာ၏အဝတွင်ဧည့်သည်တို့ဖြင့်ရူပ်ထွေးစပြုလေပြီ။
ဘုံသုံးဆင့်အမြင့်ထက်မြို့တော်၏ရူခင်းကိုလုလင်ပျိုတစ်ဦးသည်သေရည်တစ်အိုးဖြင့်ကြည့်ရူနေလေသည်။
ထိုလူလင်ပျို၏ထူထဲသောမျက်ခုံးတန်းတန်းတို့မှာသူ၏ပြတ်သားသောစိတ်ဓာတ်ကိုအပြည့်အဝထင်ဟပ်နေပေသည်။ တိကျသောေမးရိုး မဖြူသော်လည်းမညိုဟုဆိုအပ်သောအသားအရေ ရင်အုပ်ကျယ်တို့မှာ မည်သည့်အမျိုးသမီးမဆိုသူ၏ရင်ခွင်တွင်းသို့ပစ်ဝင်လာလိုအောင်ဆွဲဆောင်နိုင်လေသည် ။
အပြစ်ဆိုစရာတစ်ချက်မှာထိုလုလင်၏ပါးထက်ရှိသွေးစက်တို့ပင်ဖြစ်သည်။
ညောင်စောင်းပေါ်သို့ပျင်းတွဲတွဲချထားသောလက်မှသွေးတို့တစက်စက်ကျနေသည်။
သွေးစက်တို့၏အရောင်မှာရဲရဲနီလျှက်လုလင်ပျို၏၀တ်ရုံမှာလဲနီးစွေးလျှက်။
အခန်းအတွင်းစောင်းတီးကာဖျော်ဖျေနေသောစောင်းတီးသမလေးမှာအတုန်တုန်အယင်ယင်ဖြင့်သံစဉ်မမှားအောင်ဂရုစိုက်နေရရှာသည်။
တစ်လှမ်းလေးအသွားမတော်လိုက်ရုံဖြင့်ညောင်စောင်းခြေရင်းကအပျော်မယ်လိုခေါင်းနှင့်ကိုယ်အိုးစားကွဲပေလိမ့်မည်။
တေးတစ်ပုဒ်မပြီးခင်မှာတင်ထိုလုလင်ပျိုသည်စောင်းသမအားလက်ဟန်ဖြင့်အမူအရာပြကာထွက်သွားခိုင်းလေသည်။
ယခုတွင်မှစောင်းသမလေးသည်အသက်ရန်မှဝေးရန်အတွက် အသက်လုကာပြေးထွက်သွားတော့သည်။
လုလင်ပျိုလည်း သေဆုံးနေပြီဖြစ်သောအပျော်မယ်၏အလောင်းအားတစ်ချက်ကြည့်ကာသူ့လက်မှသွေးစက်များကိုပိုးပဝါဖြူဖြင့်သုတ်သင်လိုက်လေသည်။
မကြာမီအချိန်တွင်အပျော်စံအိမ်၏ဦးစီးသူရောက်လာလေသည်။ လနီအဖွဲ့အစည်းမှပိုင်ဆောင်သောအပျော်စံအိမ်တွင်လူသတ်ရဲသူမှာပေါ့ပေါ့တန်တန်အပြစ်ပေးခြင်းဖြင့်အဆုံးသတ်မည်မဟုတ်။
ကံကောင်းလျှင်အသက်သေရုံမျှသာဖြစ်ပြီး ကံမကောင်းလျှင်ဝိဉာည်အားဆင်းရဲမျိုးစုံခံစားရအောင်ကျိန်စာတိုက်ပေလိမ့်မည်။
သွေးနံ့ပြင်းပြင်းအားအခန်းအပြင်မှပင်ရနေလေသည်။ ထိုအခန်းမှသွေးစက်တို့သည်ကြမ်းကြားမှစိမ့်ကျကာ သွေးများပင်အိုင်ထွန်းခဲ့လေပြီ။
ဦးစီးသူသည်မရဲတရဲဖြင့်တံခါးအားဖွင့်ကြည့်သည့်အခါညောင်စောင်းထက်၌ထိုင်နေသောလုလင်ပျိုတစ်ဦးနှင့် ကြမ်းပြင်၌အလောင်းအားတစစီဆွဲဖြဲစားသောက်နေကြသောခွေးနက်ကြီးနှစ်ကောင်အားတွေ့ရလေသည်။
ဦးစီးသူသည်မြင်ကွင်အားကြောက်လန့်လွန်းသဖြင့်သတိပင်လစ်ချင်နေလေပြီ။
လက်အောက်ငယ်သားလက်ရဲဇတ်ရဲလူမိုက်တစ်သိုက်သည်လည်းမျက်နှာတွင်သွေးမရှိတော့တစ်ယောက်မှာထပင်အန်တော့သည်။
ထိုအခိုက်လုလင်ပျိုမှာညောင်စောင်းထက်မှထကာဦးစီးသူဆီသို့လှမ်းလာလေသည်။
နီဆွေးသောဝတ်ရုံခက်ထန်သည့်မျက်နှာထားတို့ဖြင့်လုလင်လှမ်းလာပုံမှာငရဲမှယမမင်းတစ်ပါးကလူပြည်အားအပြစ်စီရင်ရန်လာသည်နှင့်တူပေသည်။
ဦးစီးသူသည်သေရန်စိတ်ပိုင်းဖြတ်ပြီးသည့်သကာလမျက်လုံးများစုံမှိတ်ထားလိုက်တော့သည်။
သို့ရာတွင်သူ၏နှဖူးထက်သို့အေးစိမ့်စိမ့်အရာတစ်ခုကပ်လာသည်ကိုသာသတိထားမိသည်။
မျက်လုံးဖွင့်ကြည့်သည့်အခိုက်လနီအဖွဲ့အစည်းမှအရှင်သခင်သာပိုင်ဆိုင်သောတံဆိပ်ပြားအားမျက်ဝါးထင်ထင်တွေ့လိုက်ရလေသည်။
"သ သ သခင်လား"
" အင်း "
လုလင်ပျိုသည်အပိုစကားတစ်ခွန်းမဆိုဘဲဖြတ်လျှောက်သွားလေတော့သည်။
ထိုလုလင်သည်ကားအမှန်စင်စစ်တွင်လနီအဖွဲ့အစည်း၏သခင် သဣသာဖြစ်ပေတော့သည်။
____________________________________________________________________________
ရောင်နီလာခါနီးမိုးကောင်းကင်သည်တိမ်လွှာတို့ကင်းစင်နေလေသည်။ အတာသင်္ကြန်သည်လည်းအေးချမ်းစွာပြီးဆုံး၍ နှစ်ဆန်းတစ်ရက်သို့ပင်ရောက်ချေပြီ။
အရှင်သခင်၏နန်းတော်တွင်း၌နှစ်ကူးတရားနာယူ၍ကုသိုလ်ပြုကြရန်နန်းတွင်းသူ၊ နန်းတွင်းသားတို့သည်လွန်စွာမှစိတ်အားထက်သန်နေကြပေသည် ။
စားဖိုဆောင်မှသံဃာတော်များအားဆပ်ကပ်လှူဒါန်းရန်ဆွမ်းဖွယ်များ၏မွှေးရနံ့သည်မနက်ခင်းလေပြေနှင်အတူသင်းပျံ့ခဲ့လေပြီ။
ရောင်နီလာချိန်သည်အေးချမ်းခြင်းအပေါင်းဖြင့်စတင်ခဲ့လေ၏။
---------------------------------------------------------------------------------------------------------------------
ဆီးမီးရောင်ဝါကျင်ကျင်သည်အမှောင်ယံထဲတွင်အားနည်းဖျော့တော့စွာလင်းလက်နေပေသည်။
မင်းသားတစ်ပါး၏အိပ်ခန်းဆောင်အနီး၌ရံရွေတော်တစ်သိုက်သည်စိုးရိမ်စွာဖြင့်သာနေထွက်မည့်အချိန်အားဘုရားတကာစောင့်ဆိုင်းနေကြလေသည်။
ပြင်းပြသောအသက်ရူသံတို့သည်မူန်ဝါးဝါးအခန်းငယ်ထဲ၌မကောင်းဆိုးဝါးတစ်ကောင်၏ငိုရိူက်သံအလားတုန်ရီနေပေသည်။
သုနန်၏လက်ထဲ၌ဘယ်အချိန်ကပင်ထိရှထားခဲ့မှန်းမသိသောပြတ်ရှရာမှသွေးစက်များသည်ညောင်စောင်းထက်၌ရွဲစိုနေလေပြီ။
သို့သော်သုနန်သည်ကားအိပ်မက်မှနိုးထလာရန်အရိပ်အယောင်ပင်မရှိချေ။
သုနန်ငယ်လေးသည်မည်သည့်အရပ်တွင်ရှိမှန်းမသိလေသောပိတောက်ပင်တို့၏အလယ်၌ ရပ်နေလေသည်။
ဘယ်နေရာကိုသွားမလဲသူမသိ။
သုနန်၏စိတ်ထဲတွင်ရှိသည့်တစ်ခုတည်းသောအရာကားသူ၏မယ်တော်အားရှာဖွေရန်သာဖြစ်လေသည်။
အချိန်ဘယ်လောက်ပင်ကြာပါစေသူကြိုးစား၍ရှာသည့်အခါမယ်တော်သည်အနှစ်သက်ဆုံးပိတောက်ပင်အောက်ဝယ်သူ့အားနွေးထွေးစွာထွေးပွေ့ထားပေးပေလိမ့်မည်။
သို့ရာမည်သို့ပင်ရှာဖွေပါစေမယ်တော်အားရှာမတွေနိုင်ခဲ့ပါချေ။
မယ်တော်မြတ်နိုးသောပိတောက်ပင်တို့ကြားဝယ်အသက်မဲ့သောသူ၏မယ်တော်ကိုသာတွေခဲ့ရလေသည်။
သူ့အားနွေးထွေးစွာထွေးပွေ့ထားတတ်လေသောရင်ခွင်သည်အေးစက်နေလျှက်၊
မယ်တော့်၏နွေးထွေးသောအပြုံးတို့သည်လည်းအသက်မဲ့ခဲ့လေပြီ။
သုနန်ငယ်လေးဘဝမှသည် မင်းသားကြီးသုနန်ဖြစ်သည်အထိ ညစဉ်ညတိုင်းအတိတ်မှမှတ်ဉာဏ်တို့သည်သူ့အားနှိပ်စက်လေ၏။
ရုန်းထွက်၍မရပြီ ရုန်းထွက်ခွင့်လည်းမရှိပြီ။
ရောင်နီသည်လစ်ဟာနေသောခန်းစီးတော်ကြားမှနွေးထွေးစွာဖြာကျနေပုံမှာမယ်တော်ကသူ့အားထွေ့ပွေ့ထားပေးပုံနှင့်ဆင်တူလေသည်။
သူအိပ်မက်တို့ထပ်မက်ပြန်လေပြီ။
ဖြတ်သန်းခဲ့သောနှစ်ကာလတို့အတိုင်းမိမိ၏ဒဏ်ရာများအားလူသိစေလို့မဖြစ်ပြီ။
ပိုးပဝါစအားလက်၌ဖြစ်သလိုရစ်ပတ်ကာဝတ်ရုံတော်သာလဲ၍ထွက်လာခဲ့လေသည်။
မိမိတို့၏အရှင်အဆင်ပြေသည်ကိုသိရမှရံရွေတော်တို့သည်သက်မချကာအရှင်အားတရားပွဲအမှီပြင်ဆင်ပေးကြလေတော့သည်။
သုနန်သည်ကား ခေမာဝတီပြည်၏အရှင်သခင်ဖြစ်မည့်သူ
လင်္ကာ၏မြတ်နိုးရသောအရှင်သခင်ပင်ဖြစ်ချေတော့သည်။
____________________________________________________________________________