Ch 10
Viewers 271

10

 

ကုရှောင်ရှမ်း၏ဘဝသည် ဟေးဇီ ထင်ထားသလိုတော့ အမှန်တကယ် မသာယာခဲ့ပေ။ ကုရှောင်ရှမ်း၏တစ်နှစ်အတွင်း အပန်းဖြေရွက်လှေစီးတာတို့၊ ပါတီတက်တာတို့ လုပ်သည့်အကြိမ်ရေသည် ဟေးဇီနှင့်ရန်ကျစ်တို့ တစ်လအတွင်းလုပ်သည့် အကြိမ်ရေထက်တောင် နည်းပါးသေး၏။ သို့သော် ဒါလည်း ဖြစ်သင့်ပေသည်။ ကုရှောင်ရှမ်း၏နေ့စဥ်ကိုင်တွယ်ရသည့် အလုပ်များသည် ရန်ကျစ်ထင်ထားသည်ထက်တောင် ပို၍ များပြားလွန်းလှ၏။ ရန်ကျစ်သည်လည်း တစ်ချိန်က စီအီးအို ဖြစ်ခဲ့ဖူးပေမယ့် အပျော်သက်သက်သာ ဖြစ်ပေသည်။ အလုပ်များအား ဝန်ထမ်းများလက်ထဲသာ ထိုးထည့်ကာ သူ့တွင် မျက်နှာပြရန်နှင့် စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးရန်သာ တာဝန်ရှိတာကြောင့် သူ၏အလုပ်ဝန်သည် ကုရှောင်ရှမ်းနှင့် နှိုင်းယှဥ်၍ မရနိုင်ပါ။ ထိုအချက်များကြောင့်လည်း သူ့အဖေသည် သူ့အပေါ် အားမလိုအားမရဖြစ်ခဲ့ကာ သူ့နေရာ၌ ပိုပြီးအားကိုးလို့ရသည့် သူ့အစ်ကို ယွီယွင်ထောင်နှင့် အစားထိုးခဲ့လေသည်။

 

အဲဒီနောက် ယွီယွင်ထောင်သည် အချိန်ပို အလုပ်သရဲဖြစ်ကြောင်း ရန်ကျစ် တစွန်းတစ ပြန်ကြားသိခဲ့ရ၏။ ဝန်ထမ်းများနှင့်ပတ်သတ်လျှင်လည်း အလွန်စည်းကမ်းကြီးလွန်းတာကြောင့် သူ၏လက်အောက်တွင် လူတော်တော်များများ ရုန်းကန်နေရလေသည်။ ထို့ကြောင့် ရန်ကျစ် ကျီရှန်ကိုတောင် မသိမသာ ကပ်တိုးလေးမေးခဲ့သေး၏။

 

"ငါ့အစ်ကိုက အရမ်း စည်းကမ်းကြီးတယ်လို့ကြားတယ် အားလုံးကိုလည်း ပင်ပန်းအောင်လုပ်တယ်ဆို! မင်းရော မပင်ပန်းဘူးလား?"

 

"ဟင့်အင်း အရင်ကထက်တောင် အလုပ်လုပ်ရတာ ပိုသက်သာသွားသေးတယ်"

 

 

ရန်ကျစ် အံ့သြသွားကာ-"ဘာလို့လဲ?"

 

"ဘာလို့ဆို စီအီးအို လုပ်သင့်တဲ့ အလုပ်တွေပါ လိုက်လုပ်ပေးစရာ မလိုတော့လို့လေ အခုလုပ်သင့်တာကိုပဲ လုပ်ရတာဆိုတော့ ပိုပြီးစိတ်အေးလက်အေး ဖြစ်သွားပြီ"

 

ရန်ကျစ် ခဏစဥ်းစားလိုက်ပြီးနောက်-"ငါက မင်းအလုပ်တွေကို ပိုတိုးစေတယ်လို့ စွပ်စွဲနေတာလား?"

 

"စွပ်စွဲတာမဟုတ်ပါဘူး> အရင်ကလည်း ကျွန်တော်ဒဲ့ပြောဖူးတယ် ထင်တယ်"

 

ရန်ကျစ်ရာထူးမှ နှုတ်ထွက်ပြီးနောက် ကျီရှန်သည် စီအီးအိုလက်ထောက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ လူအများ၏ "အချုပ်အခြာအာဏာ အပြောင်းအလဲသည် ဝန်ကြီးများ အပြောင်းအလဲကို ဖြစ်စေသည်" ဟူသည့်စကားအတိုင်း ရန်ကျစ် မရှိတော့တာကြောင့် ကျီရှန်သည်လည်း သူ့ရာထူးအား ဆက်၍ ထိန်းထားနိုင်တော့မည် မဟုတ်။

 

ရန်ကျစ် ထိုကိစ္စနှင့်ပတ်သတ်ပြီး အနည်းငယ် စိုးရိမ်မိသော်လည်း အကောင်းမြင်နေဆဲပင်။ သူယွီယွင်ထောင်ကိုတောင် "ကျွန်တော့်ကိုယုံ ကျီရှန်က အရမ်းအားကိုးရတယ်။ သူ့နဲ့အလုပ်လုပ်ဖူးသူတိုင်း အဲတာကို ထောက်ခံလိမ့်မယ်။ အလျင်စလိုကြီး ဖြုတ်ပစ်ဖို့တော့ မလုပ်ပါနဲ့။ ဖြည်းဖြည်းချင်း လေ့လာကြည့်လိုက် သူဘယ်လောက်တော်လဲ သိလာလိမ့်မယ်!" ဟု အားကျိုးမာန်တက် ထောက်ခံပေးခဲ့၏။

 

ယွီယွင်ထောင် ရန်ကျစ်အား ရူပ်ထွေးစွာကြည့်လိုက်ပြီးနောက်-"ငါ မင်းရဲ့ ထင်မြင်ချက်ကို သေချာအလေးနက်ထားပြီး စဥ်းစားပေးမယ်"

 

အဆုံးသတ်မှာတော့ ကျီရှန်နေရာမှ ထုတ်ပယ် မခံခဲ့ရပါ။

 

ကျီရှန်သည် ရန်ကျစ်၏လက်ထောက် မဟုတ်တော့သော်လည်း ရန်ကျစ် ပြဿနာတစ်ခုကြုံလာတိုင်း ကျီရှန်အား လိုက်ရှာမိနေဆဲပင်။ ကျီရှန်အတွက်လည်း ရန်ကျစ်သည် သူ့လက်ရှိသူဌေး၏ ညီငယ်လေး ဖြစ်တာကြောင့် ကူညီပေးနေရဆဲ ဖြစ်၏။ ၂၀၂၈ ခုနှစ်ကိစ္စနှင့်ပတ်သတ်ပြီး ဟေးဇီ၏ အကြံသည် အတော်လေး အားကိုးဖွယ်ရာမရှိဟု သူတွေးမိတာကြောင့် ရန်ကျစ် ကျီရှန်ကိုသာ စာပို့လိုက်တော့သည်။

 

 

"အိပ်မက်ထဲမှာ တစ်စုံတစ်ယောက်နဲ့ sexလုပ်မိရင် အဲတာ ဘာအဓိပ္ပါယ်လို့ မင်းထင်လဲ?"

 

“မင်းက ဆယ်နှစ်သားလေးလား? ဒါမျိုးကို ဘာကိစ္စ မေးခွန်းလုပ်နေတာလဲ?"

 

ထိုမှသာ ရန်ကျစ် တစ်ယောက် သူဘောစ့် မဟုတ်တော့သည်ကို သိလိုက်ရတော့သည်။ ကျီရှန်၏လေသံထဲတွင် အရင်ကလိုမျိုး ယဥ်ကျေးမှုများ တစ်စက်မှပါ မနေချေ။ ရန်ကျစ် ဒေါသထွက်ရမယ့်အစား..."ငါသိပါတယ်ဟ။ ဒါပေမယ့် အဲတစ်ယောက်က ငါတစ်ခါမှလိုက်ဖို့ စိတ်ကူးထဲတောင် မရှိခဲ့ဖူးတဲ့လူမို့ တော်တော်လေး ခေါင်းစားနေပြီ"

 

ကျီရှန် ခဏလောက် စဥ်းစားလိုက်ပြီးနောက် အဖြေပြန်ပေးလာခဲ့သည်။  “မဖြစ်နိုင်ဘူး မင်းရဲ့ မသိစိတ်ထဲမှာသာ အဲ လူရှိမနေရင် အိပ်မက်ထဲမှာ sexလုပ်စရာအကြောင်းမရှိဘူးလေ။ ငါ အဲလိုကိစ္စတွေနဲ့ သိပ်မရင်းနှီးပေမယ့် အလားတူ သုတွေသနတွေ လုပ်ခဲ့တာကိုတော့ မှတ်မိသေးတယ်။ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် ဖိအားတွေကြောင့် လူတစ်ယောက်က သူမကြိုက်တဲ့လူ၊ မုန်းနေတဲ့လူနဲ့တောင် sexလုပ်တဲ့ အိပ်မက်မက်နိုင်တယ်တဲ့။ ဒါ မင်းစောက်ကျိုးနည်းနေပြီဆိုတာ မင်းအိပ်မက်က အသိပေးနေတာ ဖြစ်နိုင်တယ်။" ထိုစာအရှည်ကြီးအား ပို့လိုက်ပြီးနောက် ကျီရှန် ထိုအကြောင်းအား ပြန်စဥ်းစားနေမိပြန်၏။ ပထမဆုံးအနေနဲ့ ရန်ကျစ်မှာ ဘယ်လိုအခက်အခဲတွေ၊ ဖိအားတွေရှိနေနိုင်တာလဲ

 

ရန်ကျစ် အံ့အားသင့်သွားလေသည်။

 

"ဒါမျိုးတွေလည်း ရှိတာလား? ဒါပေမယ့် ငါ့အိပ်မက်ထဲက လူက ငါမုန်းတဲ့လူလည်း မဟုတ်ဘူး"

 

"ဒါဆိုရင် အဓိကအချက်က မင်းကောင်းခဲ့လား? ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်"

 

"ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော အကုန်ကောင်းခဲ့တာ" ရန်ကျစ်သည် အရမ်းပွင့်လင်းသူပင်။

 

ဖြစ်ချင်တော့ ကျီရှန်သည်လည်း အလွန်တည့်တိုးဆန်သူ ဖြစ်လေသည်။

 

"ဒါဆို မင်းအိပ်မက်ထဲက လူနဲ့ sexလုပ်ပြီး ကျေနပ်နေတာဆိုတော့ ပုံမှန်ဆိုရင် အပြင်မှာလည်း သူနဲ့ sex လုပ်ချင်နေတာလို့ ဆိုလိုတာ"

 

ရန်ကျစ် သူ့ဖုန်းကိုတောင် အဝေးသို့ ပစ်ပေါက်မိတော့မလို ဖြစ်သွားရတော့သည်။

 

"ဘယ်လိုကြီးလဲ? မင်းဟာက သေချာလို့လား?"

 

'ဒါပေါ့ မသေချာဘူး ငါလျှောက်ပြောနေတာ'

 

ကျီရှန် ရန်ကျစ်အား အမြန်သာ ရှင်းထုတ်ပစ်ချင်တာကြောင့်..."၁၀၀% နှုန်းသေချာတယ်လို့ မပြောနိုင်ဘူး ဒါပေမယ့် အဲလိုဖြစ်နိုင်ဖို့ များတယ် မင်းပဲ'တစ်ခါမှ လိုက်ဖို့ စိတ်ကူးထဲတောင် မရှိခဲ့ဖူးတဲ့လူ'ဆို မင်း အဲလူကိုလည်း မုန်းနေတာ မဟုတ်တော့ မသိစိတ်ထဲကနေ သူ့ကို လိုချင်တောင်းတနေတာပဲ ဖြစ်လောက်တယ် အကြောင်းအမျိုးမျိုးကြောင့် မင်းဘဝထဲကနေ အဲဆန္ဒကို ဖိနှိပ်ထားလို့ အိပ်မက်ထဲကနေပဲ ပေါ်လာတာမျိုးပေါ့"

 

'ဟုတ်တယ် ဒါလည်းအကုန် လျှောက်ပြောနေတာ ရန်ကျစ် ဒီအဖြေကို စိတ်ကျေနပ်ပြီး ငါ့ကို မြန်မြန်လွှတ်ပေးဖို့ပဲ ဆုတောင်းတယ်။ ငါသူ့ရဲ့အထန်အိပ်မက်တွေကို ဆွေးနွေးဖို့ စိတ်မဝင်စားဘူး'

 

ရန်ကျစ်လေးကတော့ လုံးဝကို ယုံကြည်သွားကာ ရွှင်မြူးစွာဖြင့်..."ကျီရှန် မင်းတကယ် ဗဟုသုတရှိတာပဲ!"

 

"ကူညီခွင့်ရလို့ ဝမ်းသာပါတယ်"

 

“ဒါဆို ငါဘာလုပ်သင့်လဲ?”

 

"မင်း အဓိကအခက်တွေ့နေတာက အဲကောင်မလေးက မင်းတစ်ခါမှ လိုက်မယ်လို့ မတွေးဖူးခဲ့တဲ့လူ ဖြစ်နေလို့ မဟုတ်လား? ဒါဆိုသူ့ကိုလည်း မင်းရဲ့စာရင်းထဲထည့်ပြီး လိုက်ဖို့ ပလန်ချလိုက်တော့။ အဲတာ မင်းရဲ့လက်ရှိပြဿနာကို ဖြေရှင်းနည်းပဲ"

 

"ကောင်မလေး"ဟူသည့် အသုံးအနှုန်းအားတွေ့ကာ ရန်ကျစ် အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်သွားတော့သည်။

 

"အိုး ဒီတစ်ယောက်က ကိုင်တွယ်ဖို့ မလွယ်တာလေးတစ်ခုပဲ။ ဘယ်သူလဲ မင်းသိချင်လား? ငါက ဘာလို့ ငါ့အိပ်မက်အကြောင်းကို မပြောပြရမှာလဲ? ငါ့ကို ကူပြီး စဥ်းစားပေးမယ်ဟုတ်?"

 

"အဲလို ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ ငါနဲ့တိုင်ပင်ချင်တာ သေချာလို့လား?"

 

"ငါ စိတ်ထဲမထားဘူး!" ရန်ကျစ် သူ့အပေါ်ထားသည့် ယုံကြည်မှုအား ထုတ်ပြလိုက်လျှင်..။

 

“ငါကတော့ ထားတယ်!” ကျီရှန် အေးစက်စွာ ခွန်းတုံ့ပြန်လိုက်၏။

 

ကျီရှန် ရန်ကျစ်၏အိပ်မက်ထဲရှိ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ဖြင့် မိန်းကလေးနှင့် ဖြစ်ပျက်သည့်အကြောင်းများအား နားထောင်ဖို့ စိတ်မဝင်စားပေ။ ဒါသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ဂေးနေသည့် သူ့လိုလူတစ်ယောက်နှင့် မလိုက်ဖက်လွန်းပါ။