Ch 9
Viewers 274

9

စကားအဖြစ်ပြောရရင်တော့ “ငါက စာမလုပ်ချင်တာမဟုတ်ဘူး၊ စာက ငါ့ကို မလုပ်ချင်တာ!”

 

သခင်ကြီးယွီသည်လည်း အဲ့ဒါကို သတိပြုမိတာကြောင့် ပညာရေးနဲ့ပတ်သက်လို့ ရန်ကျစ်ဆီက အများကြီး မမျှော်လင့်ထားပေ။

သူသည် ကျောင်းမှာ မတော်ပေမဲ့ စာလေ့လာရင်းပဲ အချိန်ကုန်ပြီးတော့ သူ့မှာကျန်တဲ့ အားလပ်ချိန်အနည်းငယ်ကို ဂိမ်းကစားဖို့ သုံးသည်။

ကုရှောင်ရှမ်းရယ်၊ တစ်ခြားသူတွေရယ်နဲ့ ကစားရတာဟာ အတော်လေးပျော်ဖို့ကောင်းသည်။

သူသည် ‘လူ့အသိုင်းအဝိုင်းထဲမှ လူတစ်ယောက်’ ဖြစ်လာတော့ အရာအားလုံးပြောင်းလဲသွားသည်။

သူလည်း ကုရှောင်ရှမ်းလိုမျိုး မိသားစုစီးပွားရေးလုပ်ငန်းထဲကို ဝင်ရတော့သည်၊ ဒါပေမဲ့ ကုရှောင်ရှမ်းသည် ဦးလေးကုရဲ့ သားအရင်း မဟုတ်ဘူးလို့ စပြီးတော့ သံသယဝင်လာခဲ့သည်။

 

ကုရှောင်ရှမ်းသည် သူ့မိသားစုရဲ့စီးပွားရေးကို ဝင်တဲ့အချိန်မှာ အလုပ်သင်အဖြစ် စတင်ရလေသည်။

ရန်ကျစ်သည် မယုံကြည်နိုင်ပေ၊ ဒီလိုမျိုး အလိုလိုက် အကြိုက်ဆောင်ခံထားရတဲ့ သခင်လေးတစ်ယောက်က နာမည်ကြီးတဲ့စီးပွားရေးကျောင်းမှ ဘွဲ့ရပြီးနောက်တွင် အရောင်းဌာနမှာ လုပ်မှာလား?

သို့သော်လည်း ကုရှောင်ရှမ်းသည် ဘာမှအတွန့်မတက်ဘဲ လက်ခံလိုက်ပြီးတော့ သူ့ရဲ့အလုပ်ကို အရမ်း အလေးထားလေသည်။

အဲ့ဒါကလည်း သူ့ကို အလုပ်အရမ်းရှုပ်စေပြီးတော့ ကုရှောင်ရှမ်းသည် ဒေါ်လာသောင်းချီရောင်းရတဲ့ အရောင်းဝန်ထမ်းတစ်ယောက်ဆီကနေ အနိုင်ကျင့်ခံနေရတာကို ရန်ကျစ်ကမြင်လိုက်ရတဲ့အချိန်မှာ သည်းမခံနိုင်တော့ပေ။

“မင်းဘာလို့ အဲလို ဒေါ်လာသောင်းချီလေးရောင်းရတဲ့လူဆီကနေ ကြည်ကြည်ဖြူဖြူ အနိုင်ကျင့်ခံနေရတာလဲ?

တော်လောက်ပြီ၊ ငါ မင်းကို ဈေးကြီးကြီးတစ်ခု ရောင်းရအောင် လုပ်ပေးမယ်! မင်းက သေချာပေါက်ကို နောက်လရဲ့ အရောင်းစာရင်းရဲ့ထိပ်ဆုံးမှာ ရှိလိမ့်မယ်!”

 

ကုရှောင်ရှမ်းသည် ရန်ကျစ်ကို အထင်သေးသလို ကြည့်လိုက်သည်။

 

ရန်ကျစ်သည် မချင့်မရဲဖြစ်ကာ စိတ်ဖောက်နေလေပြီ။

ကံကောင်းစွာဖြင့် ကုရှောင်ရှမ်းသည် အရောင်ဝန်းထမ်းအဖြစ် အချိန်အကြာကြီး မနေရပေ။

တကယ်တော့ သူသည် ဦးလေးကုရဲ့ သားအရင်းဖြစ်နေသေးတာကြောင့် သူ့ရဲ့ ရာထူးသည် မြန်မြန်ဆန်ဆန်ပဲ တိုးသွားသည်။

သို့ပေမဲ့ ကုရှောင်ရှမ်းရဲ့ နေရာက မြင့်လာသလိုမျိုး သူလည်း ပိုပြီးတော့ အလုပ်များလာလေသည်။

သူ့ရဲ့ပုံစံနဲ့ အပြုအမူတွေသည်လည်း ရန်ကျစ်သိတာနဲ့ ကွဲပြားသွားတော့သည်။

အရင်တုန်းကဆိုရင် သူ့ရဲ့အဆင့်များသည် ကုရှောင်ရှမ်းလောက်တောင် မကောင်းပေမဲ့ သူတို့မှာ ဆရာ/ဆရာမများအကြောင်းရယ် အားကစားအကြောင်းရယ် နဲ့ပတ်သက်လို့ ပြောစရာ အကြောင်းအရာတွေ ရှိသေးသည်။

ကုရှောင်ရှမ်းသည် CEO ဖြစ်လာပြီးနောက် ရန်ကျစ်သည်လည်း CEO တစ်ယောက်ဖြစ်သွားပြီး သူသည် ကုရှောင်ရှမ်းနဲ့ ဘာအကြောင်းအရာကိုမှ မပြောပြ ဖြစ်တော့ပေ။

အဲ့အတိုင်းပဲ၊ သူတို့ရဲ့ လူနေမှုအသိုင်းအဝိုင်းကလည်း အများကြီး ထပ်တူမကျတော့ပေ။

 

ရန်ကျစ်သည် ကုရှောင်ရှမ်းနဲ့ အရင်ကလိုမျိုး မကြာခဏလည်း မတွေ့ဖြစ်တော့ချေ။

ကုရှောင်ရှမ်း တစ်ယောက်တည်းပဲ မဟုတ်ဘဲ သူ့ရဲ့သူငယ်ချင်းဟောင်းများနဲ့လည်း အတူတူပဲဖြစ်သည်။

သူတို့တွေသည် အမွေဆက်ခံသူများတောင် မဟုတ်ကြပေမဲ့ သူတို့မှာလည်း အလုပ်လုပ်ဖို့ ကိုယ်ပိုင် ကုမ္ပဏီ ရှိသည်။

လူတိုင်းက အလုပ်များနေတဲ့အချိန်မှာ ရန်ကျစ်ကတော့ ဘာမှမလုပ်ဘဲ ပျင်းရိနေလေသည်။

အဲ့ဒီလူတွေရဲ့ နေထိုင်မှု နည်းလမ်းက သူတို့ရဲ့ ပုံစံတွေနဲ့ အတူတူပဲ လုံးဝကို အဆင်မပြေသဖြင့် ရန်ကျစ်သည် သူတို့နဲ့ ထပ်ပြီးတော့ အချိန်မဖြုန်းရဲတော့ပေ။

ဒါကြောင့် ရန်ကျစ်သည် အလယ်မှာ တန်းလန်းကျန်ခဲ့တော့သည်။

ငပျင်းတွေ အားလုံးသည် ကာမလိုက်စားပြီး လောင်းကစားလုပ်ကြသည်၊ သူ့လိုမျိုး ကာမ မလိုက်စား၊ လောင်းကစား မလုပ်တဲ့သူတွေအားလုံးကတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ ရည်မှန်းချက်အတွက် အလုပ်လုပ်နေကြသည်။

သူတစ်ယောက်တည်းသာ အလယ်ကြီးမှာ ပိတ်မိနေပြီး တစ်ခြားအဖွဲ့တွေနဲ့လည်း မပေါင်းနိုင်တာကြောင့် သူငယ်ချင်းတစ်ယောက်မှလည်းမရှိချေ။

 

သူသည် တကယ်ကြီး အတော်လေး အထီးကျန်နေသည်၊ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ယောက်ထဲ နေရမှာကို ကြောက်နေလေသည်။ သူ မိန်းကလေးတွေနောက်ကို မလိုက်ဘူးဆိုရင် လွတ်နေတဲ့နေရာကို ဘယ်အရာ ဖြည့်ပေးတော့မှာလဲ?

 

သူ့ရဲ့ဘဝကို ဗလာဖြစ်တယ်လို့ အမှန်တကယ် ခံစားစေရတဲ့ အရာကတော့ ကုရှောင်ရှမ်းသည် သူနဲ့ မတူတာကြောင့် ဆိုတာကို နောက်ဆုံးတော့ နားလည်သွားခဲ့သည် — အဆုံးမှာတော့ သူသည် အဲ့ဒါကို လက်ခံလိုက်လေသည်။

ရန်ကျစ်သည် ကောင်မလေးတွေနဲ့ လျှောက်ပတ်သွား နေစဉ် ကုရှောင်ရှမ်းက ဘာလို့ သူနဲ့ မတူရလဲဆိုတဲ့ အကြောင်းအရာနောက်တစ်ခုကို သိသွားတော့သည် — ကုရှောင်ရှမ်း၏ဘေးမှာ ယောက်ျားလေးတွေ စပြီးတော့ ပေါ်လာတော့သည်။

ရန်ကျစ်သည် အရမ်းကို တုံးတဲ့ လူဖြစ်တာကြောင့် တိုက်ရိုက်ပဲ မေးလိုက်သည် “အဲဒါက မင်းရဲ့ လက်ထောက်လား?”

 

ကုရှောင်ရှမ်းက ပြုံးပြီး “သူငယ်ချင်းပါပဲ။”

 

ရန်ကျစ်ကတော့ သူ့ရှုပ်ထွေးမှုတွေနဲ့ လမ်းပျောက်နေတုန်းမှာပဲ လူတိုင်းက သူတို့ နားလည်တယ်လို့ သွယ်ဝှိက်ပြီးတော့ ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။

နောက်တော့ ကုရှောင်ရှမ်းရဲ့ လိင်စိတ်တိမ်းညွှတ်မှုကိစ္စကြောင့် ဦးလေးကုနဲ့ ကုရှောင်ရှမ်း ရန်ဖြစ်ကြသည်ဟု သခင်ကြီးယွီ ပြောတာကို ကြားတဲ့အချိန်မှ သူ နားလည်သွားခဲ့သည်။

“ဘုရားရေ! အဲ့ဒီ သူ့ရဲ့...?”

 

ကုရှောင်ရှမ်းသည် ယောက်ျားလေးတွေကို ကြိုက်တယ်ဆိုတဲ့အကြောင်းသည် မကြာခင်မှာပဲ လူသိများတဲ့ လျှို့ဝှက်ချက် ဖြစ်လာခဲ့သည်။

သို့ပေမဲ့ ရန်ကျစ်သည် အပြည့်အဝ မယုံကြည်နိုင်သေးဘဲ နောက်ဆုံးတော့ ထပ်ပြီး မထိန်းထားနိုင်တာကြောင့် သူ့ကို မျက်နှာချင်းဆိုင် မေးလိုက်သည် “မင်း ယောက်ျားလေးတွေကို ကြိုက်တာလား?”

 

ကုရှောင်ရှမ်းသည် စိတ်အနှောက်အယှက်မဖြစ်ဘဲ “အင်း။”

 

ရန်ကျစ်သည် မျှော်လင့်ထားပြီးသားဖြစ်ပေမဲ့လည်း ကုရှောင်ရှမ်း၏ ပွင့်လင်းမှုကို မြင်ရတော့ ထိတ်လန့်သွားတော့သည်။

“ဘာလို့လဲ? ယောက်ျားလေးတွေက ဘာတွေများကောင်းလို့လဲ?”

 

ကုရှောင်ရှမ်းသည် သူ့ရဲ့ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။

“ယောက်ျားလေးတွေက ဘာတွေများ ကောင်းလို့လဲ?” အဲ့လိုဆို မင်းကရော ဘာတွေကောင်းတယ်လို့ မင်းထင်လဲ?”

 

ရန်ကျစ်က တစ်ခစ်ခစ်ရယ်ကာ “ငါ့မှာလည်း ဘာမှ ကောင်းတာမရှိပါဘူး။”

 

ကုရှောင်ရှမ်းသည် လှောင်ပြုံးပြုံးလိုက်ပြီး “အဲ့လိုဆို၊ မင်းဘေးက အဲ့ဒီ ရုပ်လှပြီး ဦးနှောက်မရှိတဲ့ မော်ဒယ်ကကော ဘာကောင်းလို့လဲ?

 

ရန်ကျစ်သည် ပြောစရာစကားမဲ့သွားသည်။

 

တကယ်တော့ ရန်ကျစ်သည် အဲ့ဒီ ရုပ်လှပြီးဦးနှောက်မရှိတဲ့ မော်ဒယ်တွေရဲ့ နောက်ကိုပဲ လိုက်တာတော့ မဟုတ်ပေမဲ့ သူသည် သူတို့လို မိန်းကလေးမျိုးကိုသာ ရနိုင်သည်။ 

သူလိုက်တာ မအောင်မြင်ခဲ့တဲ့ ပထမဆုံးမိန်းကလေးကတော့ ကုရှောင်ဝူ — ကုရှောင်ရှမ်းရဲ့ ညီမလေးဖြစ်သည်။

ရန်ကျစ်သည် ကုရှောင်ဝူနဲ့ အတူကြီးပြင်းလာတယ်လို့ ထင်ရပေမဲ့ သူတိုသည် တစ်ယောက်နဲ့ တစ်ယောက် အရမ်းကြီး မရင်းနှီးပေ။ 

သူသည် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကုရှောင်ဝူ အိမ်ရှင်အဖြစ်ကျင်းပတဲ့ အရမ်းအထက်တန်းဆန်တဲ့ ပါတီကို တက်ခဲ့သည်။

ဒီတိုင်းပဲ သူမက ပါတီရဲ့ အဓိက လူဖြစ်သည်။

ပါးလွှာတဲ့ အနီရောင်ဝတ်စုံကို ဝတ်ထားပြီး မီးရောင်အောက်က သူမရဲ့ဘေးတိုက်မျက်နှာပုံစံသည် ကုရှောင်ရှမ်းနဲ့ နည်းနည်းလောက် တူနေပေမဲ့ အများကြီးပိုပြီးတော့ မိန်းမဆန်သည်။

အရမ်းလူကြိုက်များပုံပေါ်တဲ့ မိန်းကလေး မော်ဒယ်အစား သူမသည် ကျက်သရေရှိတဲ့ပုံစံနဲ့ လူအုပ်စုထဲမှာ ထင်းနေလေသည်။

 

ကုရှောင်ဝူကို လိုက်ချင်တယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲလို့ ရန်ကျစ်က ကျီရှန်ကို မေးလိုက်သည်။

 

ကျီရှန်က ပြန်ဖြေလိုက်သည် “မင်းရဲ့မျက်ရည်တွေကို သုတ်ဖို့ တစ်ရှူ ဆောင်ထားလိုက်။”

 

မိသားစုနှစ်ခုလုံးက ရင်းနှီးတာကြောင့် အစမှာတော့ အဆင်ပြေနေသေးသည်။

ရန်ကျစ်သည် ကုရှောင်ဝူနဲ့ စကားနည်းနည်းလောက်ပြောတဲ့အချိန်မှာ သူမက ပြုံးပြီးတော့ ပြန်ပြောသည်။

အဲ့ဒါပြီးနောက် သူမရဲ့ ရန်ကျစ်ရဲ့ အစီအစဉ်တွေကို သိသွားတဲ့အချိန်မှာ ချက်ချင်းပဲ သူ့အပေါ် အေးစက်သွားတော့သည်။ 

ရန်ကျစ်သည် သူ့ရဲ့ တစ်ခုတည်းသော ရည်းစားစကားပြောတဲ့နည်းလမ်းက “ငွေဖြုန်းခြင်း” ဆိုတာကို ဝမ်းနည်းဖို့ကောင်းစွာဖြင့် သိရှိသွားပေမဲ့ သူသည် ကုရှောင်ဝူကို လှုပ်ရှားလာအောင် ငွေနဲ့ ဘယ်လိုလုပ်ရမလဲ?

 

ဒါကြောင့်၊ ရန်ကျစ်သည် သူ့ရဲ့ဇွဲလုံ့လ၊ စိတ်ရှည်မှုနဲ့ ဆိုရင် လုပ်နိုင်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်တော့သည်!

သူ့ရဲ့ ထူးဆန်းတဲ့ဇွဲကြောင့် ကုရှောင်ရှမ်း ကိုယ်တိုင် ရန်ကျစ်ကိုရှာပြီးတော့ စိတ်ပါလက်ပါဖြင့် အကြံပေးလိုက်သည် “မင်း သူမကို ဆက်လိုက်နေမယ်ဆိုရင် ဖမ်းခိုင်းမယ်လို့ ငါ့ညီမက ပြောတယ်။”

 

ဖြေမဆည်နိုင်စွာဖြင့် ရန်ကျစ်သည် ကျီရှန်က သူ့ကိုဆောင်ထားဖို့ပြောတဲ့ တစ်ရှူကို ထုတ်ယူကာ မျင်ရည်စသုတ်လိုက်သည်။

သူ စီအီးအိုဖြစ်ပြီးကတည်းက မိန်းကလေးတစ်ယောက်ကို လိုက်တာမှာ ဒါက ပထမဆုံးကျဆုံးမှုဆိုတာကို လက်ခံလိုက်သည်။

အဲ့ဒါပြီးနောက် သူသည် အဲ့လို စိန်ခေါ်မှုမျိုးကို လက်လျော့လိုက်ပြီးတော့  အဲ့ဒီအစား ခပ်ငယ်ငယ် မော်ဒယ်လေးတွေကို လိုက်တဲ့အပေါ်မှာသာ စိတ်နှစ်ထားလိုက်သည်။

ရန်ကျစ်သည် သူ့ကို လက်မခံတဲ့ လူတစ်ချို့ကို ရင်ဆိုင်ရပေမဲ့ သူ့ကိုယ်သူ ထပ်ပြီးတော့ အပြစ်မတင်တော့ပေ၊ တစ်ယောက်က လက်မခံဘူးဆိုရင် သူ့ရဲ့နောက် ပစ်မှတ်တစ်ခုကို ပြောင်းလိုက်ရုံပဲ ဖြစ်သည်။

 

ရန်ကျစ်သည် မတော်ပေမဲ့ သူ့ရဲ့ငွေကြောင့် မိန်းကလေးတွေက သူနဲ့ရှိနေတယ်ဆိုတာကို ဖြည်းဖြည်းချင်း နားလည်လာခဲ့တော့သည်။  ရန်ကျစ်သည် အဲ့ဒီရည်းစားကောင်မလေးများအပေါ်မှာ ငွေဖြုန်းသဖြင့် မိန်းကလေးတွေက စပြီးတော့ ပိုတောင်းလာတာကြောင့် ရန်ကျစ်က သူတို့ကို ထပ်ပြီးတော့ လုံးဝ မပေးတော့တဲ့အခါ များသောအားဖြင့် လမ်းခွဲလိုက်ကြလေသည်။

သို့ပေမဲ့၊ သူလည်း အဲ့ဒီလို မိန်းကလေးများကို တကယ်မကြိုက်တာကြောင့် အဲ့ဒါက အရမ်းကို မျှတတယ်လို့ ခံစားရလေသည်။

အဲ့ဒီအတိုင်းပဲ၊ သူသည် “အတူအယောင် မိန်းကလေးများကို စုဆောင်းသူ”ဆိုတဲ့ နာမည်ပြောင်ကို ပျော်ပျော်ရွှင်ရွှင်ပဲ လက်ခံလိုက်သည်။

 

ကုရှောင်ရှမ်းအတွက်တော့ သူ့ရဲ့ချစ်သူတွေကို ဖြတ်တာက ရန်ကျစ်ထက်တောင် ပိုမြန်သေးတဲ့ပုံပေါ်သည်။

 

သို့သော်လည်း ကုရှောင်ရှမ်းသည် ဘယ်တော့မှ ငွေပေးဖို့ မလိုအပ်ပေ။

 

ရန်ကျစ်က အဲ့ဒါသည် မှန်တယ်လို့ ယူဆသည်၊ သူသည် အဲ့ဒီ ဝတ်စလစ်ပုံတွေကို လွယ်လွယ်ကူကူရနိုင်ရင် သူ ဘာလို့ ပိုက်ဆံဖြန်းဖို့ လိုတော့မှာလဲ?

 

ဟေးဇီက တစ်ခါတစ်လေတောင် ပြောသေးသည် “ဘာလို့လဲ၊ ကုရှောင်ရှမ်းက သူ့ရဲ့ မျက်နှာလေးကြောင့် အရာအားလုံးကို ဘာလို့ ရနေရတာလဲ?”

 

သို့ပေမဲ့၊ ရန်ကျစ်ကတော့ ကုရှောင်ရှမ်းကို အဲ့လိုမျိုး တစ်ခါမှ မတွေးဖူးပေ။

အဲ့ဒီအစား သူသည် ဟေးဇီကို ပြောလိုက်သည် “အစ်ကိုရှောင်ရှမ်းက ငါ့ထက် သာတယ်ဆိုတာမှန်ပေမဲ့ သူက အရာရာတိုင်းကို ငါ့ထက်ပိုပြီးတော့ လုပ်နိုင်တယ်။”

 

ရန်ကျစ်ကိုကြည့်ကာ ဟေးဇီသည် မဆဲဘဲ မနေနိုင်တော့ပေ။ “မင်းရဲ့ စိတ်ကြောင့်ပဲ။ သူက မင်းကို အမြဲတမ်း အနိုင်ကျင့်နေတာလေ။”