ရန်ကျစ်တစ်ယောက်
ပုံမှန်ဆို ဒေါသထွက်လွယ်ကာ ပေါက်ကွဲတတ်သည့် သူ၏အဖေဖြစ်သူသည် ဒီတစ်ခေါက်တွင်တော့
ထိုကဲ့သို့ ရုတ်တရက်ကြီး စိတ်ဓါတ်ကျသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ ကြည့်ရတာ
ရန်ကျစ် သူ့အားအကြီးမားဆုံး အိပ်မက်ဆိုးကြီးတစ်ခု ပေးလိုက်တာကြောင့်
အလွန်ကိုရှက်ရွံ့နေပုံပင်။ သူသခင်ကြီးယွီ၏လက်အား ဆုပ်ကိုင်လိုက်ကာ-"အဖေ
အားလုံး ကျွန်တော့်အမှားတွေပါ ကျွန်တော် ယောကျာ်းတွေရဲ့ မာယာကို တောင့်မခံနိုင်ဘဲ
ဂေးသွားခဲ့တယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ရိုက်ပစ်လိုက်စမ်းပါ!"
သခင်ကြီးယွီတစ်ယောက်
လက်များကြား၌ သူ၏မျက်နှာအား ဆက်၍ ဖုံးကွယ်ထားကာ ပြန်မတုံ့ပြန်ချေ။ ရန်ကျစ် ပိုလို့တောင်
စိတ်မကောင်း ဖြစ်သွားကာ ချက်ချင်း မတ်တပ်ထရပ်၍ အော်ဟစ်လိုက်တော့၏။
"တုတ်ကောက်!
တုတ်ကောက် ဘယ်မှာလဲ?!"
အပြင်မှ လူများသည်လည်း
ရန်ကျစ်၏ တုတ်ကောက်ရှာသည့် အသံကြောင့်.."ငါတို့ ဒုသခင်လေးက ပိုပြီး ပိန်းတိန်းတိန်းဖြစ်လာပြီ
သူ အခုလေးတင် အိမ်ပြန်ရောက်တာကို ထပ် အရိုက်ခံဖို့လုပ်နေတာလား?" ဟုသာ ပြောနိုင်တော့သည်။
ထိုအချိန်တွင်
သခင်ကြီးယွီ ရန်ကျစ်အား ဆွဲလိုက်လိမ့်မည်ဟု ဘယ်သူက ထင်လိမ့်မည်နည်း။ ထိုလူအိုကြီး၏
လက်ဖဝါးသည် အလွန်ကြမ်းတမ်းနေပြီး ရန်ကျစ်၏နူးညံ့သော လက်ဖဝါးနှင့်
ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း ထိုလက်တစ်စုံ၌ နွေးထွေးမှုနှင့်
တည်ငြိမ်သည့်ခွန်အားအချို့အား ခံစားနေရ၏။
"အဖေ?" ရန်ကျစ် သခင်ကြီးယွီအား
နီရဲနေသည့်မျက်ဝန်းတစ်စုံဖြင့် ပြန်ကြည့်လိုက်လျှင် သခင်ကြီးတစ်ယောက်
သူ၏ပခုံးအားပုတ်ပေးရင်း..."ပြန်ထိုင်ပါအုန်း"
ရန်ကျစ်နာခံစွာပင်
ပြန်ထိုင်လိုက်ကာ-"ဒီတစ်ခါ ကျွန်တော်အတည်ပြောတာ အဖေ ကျွန်တော့်ကို ကြိုက်သလောက်ရိုက်
ကျွန်တော်ခံမယ်"
သခင်ကြီးယွီ
သက်ပြင်းချလိုက်ပြီးနောက်-"ဒါ ငါလည်း နားလည်ပါတယ်။ အရင်က မင်းတစ်ခါမှ ငါ့ကို ကောင်မလေးတွေ အကြောင်း အထူးတလည် မပြောဖူးဘူး။
အခုမင်းပြောလိုက်တဲ့အရာတွေက အကုန် မင်းရဲ့နှလုံးသားထဲက လာတာတွေပဲမဟုတ်လား? သေချာရော စဥ်းစားပြီးပြီလား?"
ရန်ကျစ်
သူ့မျက်လုံးထဲ၌ စူးရှမှုတစ်ခုအား ခံစားလိုက်ရတာကြောင့် လက်ဖြင့်ပွတ်သပ်လိုက်မိသည်။
"လွန်ခဲ့တဲ့ တစ်လလုံးလုံး
အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စဥ်းစားခဲ့ပြီးပြီ။ အဲ့အကြောင်းတွေးနေရင်း နည်းနည်းတော့
တုန်လှုပ်ခဲ့ရတယ်။ ဒါပေမယ့် အဲတာက အမှန်တရားပဲ။ ကျွန်တော်အခက်တွေ့နေခဲ့ပေမယ့်
သေချာစဥ်းစားပြီးချိန်မှာတော့ နေရထိုင်ရတာ ပေါ့ပါးသွားတယ်။ အဖေ့ကို ပြောပြရင်တောင်မှ
ရှက်မိမှာ မဟုတ်ဘူးလို့လည်း ခံစားရတယ်။"
“ဒါ ရှက်စရာမဟုတ်ဘူး။
မင်းသေချာစဥ်းစားပြီးတာ ကောင်းတယ်။”
သူ့ မတိုင်ခင်က
ယွီယွင်ထောင်တစ်ယောက် ရှေ့ဆောင်လမ်းပြ လုပ်ပေးခဲ့သော်လည်း သူ့အဖေ ဒီလောက်ကြီး
မြန်မြန်ဆန်ဆန် လက်ခံလိမ့်မည်လို့တော့ ရန်ကျစ် မမျှော်လင့်ထားခဲ့ပါ။ "အဖေ
တကယ်စိတ်မဆိုးဘူးလား?"
“ဘာမှမဖြစ်ဘူး။
ဒီဟာကြောင့် မင်း တာဝန်ယူတတ်လာမယ်ဆိုရင် ဒါ ပိုကောင်းတဲ့အရာတစ်ခုလို့တောင်
ငါခံစားမိမှာ၊ မင်းနောက်ထပ် ဘာမိုက်မဲတာမှ မဟုတ်ရင်ရပြီ။”
“ကျွန်တော် ဘာမိုက်မဲတာမှ
မလုပ်ဘူး အဖေ ကျွန်တော့်ကို ငယ်ငယ် ကတည်းက သင်ပေးခဲ့တာတွေ အကုန်မှတ်မိတယ်။ ကျွန်တော့်အဲလိုတွေ
မလုပ်ရဲပါဘူး”
“ဒါဆို ဘယ်သူလဲ?” သခင်ကြီးယွီ မေးခွန်းစထုတ်လေပြီ။ “မင်းကို ဒီလိုဖြစ်အောင်
ဘယ်သူလုပ်တာလဲ?”
ရန်ကျစ် အမူအရာသည်
ရှက်ကိုးရှက်ကန်း ဖြစ်လာတာကြောင့် သခင်ကြီးယွီ လျှာကိုက်လိုက်မိလေသည်။
"ဘယ်သူလဲ? ငါသိတဲ့ သူလား?"
ရန်ကျစ် ခေါင်းညိတ်
ပြလိုက်လျှင် သခင်ကြီးယွီ ခဏလောက် စဥ်းစားခန်းဝင် နေပြီးနောက်-"ကုမိသားစုကောင်လို့တော့
ငါ့ကိုမပြောနဲ့?"
ရန်ကျစ်
ထိုအရာအားကြားကာ မျက်နှာကြီးနီရဲတက်လာတော့သည်။
"အဖေ ဘယ်လို....ဘယ်လို
သိသွားတာလဲဟင်?"
ထိုမှသာ
သခင်ကြီးယွီ ထခုန်ကာ အော်ဟစ်လိုက်လေ၏။ "တုတ်ကောက် ငါ့တုတ်ကောက် ဘယ်မှာလဲ?!"
ရန်ကျစ် အသည်းအသန်
သူ့အဖေက ပြေးဖမ်းလိုက်ကာ-"အဖေပြောတော့ ကျွန်တော့်ကို မရိုက်ဘူးဆို?"
သခင်ကြီးယွီ
အော်ဟစ်နေဆဲပင်။
"ငါက ဘာလို့ မင်းကို
ရိုက်ရမှာလဲ? ဟိုကောင့်ကို သွားရိုက်မလို့!"
ရန်ကျစ် ချစ်ရသူအား
ကာကွယ်ချင်တာ သဘာဝပဲ ဖြစ်သည်။
"အဖေက ဘာလို့ သူ့ကိုရိုက်မှာလဲ? သူ ဘာအမှားမှ မလုပ်ထားဘူးလေ!"
သခင်ကြီးယွီ
ပိတ်ဟောက်လိုက်၏။
"ဘာကို ဘာမှမလုပ်တာလဲ?? အဲ့ဆတ်ဆတ်လူးကောင် မင်းကို မြူဆွယ်လိုက်တာ!"
ကုရှောင်ရှမ်းအား
ဆတ်ဆတ်လူးဟု တင်စားလိုက်တာသည် အသစ်အဆန်းပင်။ ရန်ကျစ် ထိုအခေါ်အဝေါ်ကြောင့်
ဆွံ့အသွားကာ သူ့အဖေတုတ်ကောက် လှမ်းတောင်းနေသည်အား ပြူးကြည့်နေမိ၏။ ထို့နောက်
သူတစ်ဖန် သူ့အဖေအား ပြန်ဆွဲဖက်လိုက်ကာ-"မဟုတ်ဘူး မဟုတ်ဘူး
သူဘာမှမသိသေးဘူး"
သခင်ကြီးယွီ
အနည်းငယ် အံ့အားသင့်သွားလေသည်။
"ဘာကို ဆိုလိုတာလဲ? မင်းပြောတော့ သူ့ကိုကြည့်တာနဲ့ ထန်လာတယ်ဆို
မင်းဟာမင်း တစ်ယောက်တည်း ဖြစ်ပျက်နေတာလို့တော့ မပြောနဲ့နော်?"
ရန်ကျစ်
ရှက်ရွံ့စွာထပ်၍ ခေါင်းညိတ်ပြလိုက်လျှင် သခင်ကြီးယွီ ခနဲ့လိုက်၏။ "အသုံးကို မကျဘူး!"
ထိုစ ဥ်အချိန်ကိုက်ပင်
အိမ်တော်ထိန်းတစ်ယောက် တံခါးအား ခေါက်လိုက်ပြီး..."သခင်ကြီး တုတ်ကောက်က ဒီမှာပါ
လိုသေးလား မသိဘူး?"
သခင်ကြီးယွီ
သူ့လက်အား ဝှေ့ယမ်းပြလိုက်ကာ ရှင်းလင်းစွာဖြင့်..."မလိုတော့ဘူး။ ဝေးဝေးကို ယူသွားလိုက်တော့"
အိမ်တော်ထိန်း
လေးစားစွာဖြင့် အသိအမှတ်ပြုကာ နောက်ကြောင်း ပြန်လှည့်သွားတော့သည်။
သခင်ကြီးယွီ
ချောင်းဟန့်လိုက်လျှင် ရန်ကျစ် အလျင်အမြန်ပင် လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ
ကမ်းပေးလိုက်၏။ လက်ဖက်ရည်သောက်ပြီး လည်ချောင်းရှင်းလိုက်ပြီးနောက် သခင်ကြီးယွီ
ပြန်စကားဆိုလာခဲ့သည်။ "ပြန်ထိုင်အုန်း"
ရန်ကျစ်
ပြန်ထိုင်လိုက်ရ၏။ သူ ဗိုက်ဆာနေ သော်လည်း စားပွဲပေါ်ရှိ အစားအသောက်များအား
မထိရဲသေးပေ။ သခင်ကြီးယွီကတော့ တူအား ကိုင်လိုက်ကာ စတင်၍ စားသောက်လိုက်တော့သည်။
"ဒါဆို တကယ်ကြီး
ကုမိသားစုက တစ်ယောက်ပေါ့?"
ရန်ကျစ်
ခေါင်းညိမ့်ကာ အဖြေပြန်ပေးလာ၏။
"အဖေ သူ့ကို
အမြဲသဘောကျနေခဲ့တာ မဟုတ်လား? ကျွန်တော်တို့ မိသားစုချင်းကလည်း
နီးစပ်တယ်လေ အဖေတောင် သူနဲ့အစ်ကိုကြီးကို ဒိတ်လုပ်ဖို့ စီစဥ်ပေးခဲ့ပြီးတော့
ကျွန်တော့်အလှည့်ကျမှ ဘာလို့ စိတ်ဆိုးနေတာလဲ?!"
သခင်ကြီးယွီ
နှာမှုတ်လိုက်ကာ-"မင်းက သူ့ကို ထိန်းနိုင်လို့လား?"
“ဒါပေါ့! သူက မြွေဖြူမလေးဆို
ကျွန်တော်က လီဖွန်းဘုရားပဲ!” [T/N : ဒါကမြွေဖြူမလေးကို လီဖွန်းဘုရားကျောင်းအောက်မှာ
ချုပ်နှောင်ထားတယ်ဆိုတဲ့ တရုတ်နာမည်ကြီး ဒဏ္ဍာရီလာပုံပြင်ထဲကပါ။ ]
သခင်ကြီးယွီ တစ်ယောက်
သူ၏တဒိန်းဒိန်းခုန်နေသည့် နားထင်များအား ဖိနှိပ်လိုက်မိ၏။
"အရွယ်ရောက်ပြီးသား
သားတစ်ယောက်ကို အိမ်မှာထားလို့ မရဘူးဆိုတာအမှန်ပဲ၊ သူ့မျက်လုံးထဲမှာ
မင်းလုံးဝမရှိဘူးလေ။ ဒါတောင် မင်းရဲ့အရာအားလုံးက သူ့အတွက် ဖြစ်နေပြီလား?"
ရန်ကျစ်
သူ့ကိုယ်သူခုခံလိုက်လေသည်။
"ကျွန်တော်တို့ သိလာတာပဲ
နှစ်အတော်ကြာနေပြီ။ ဘာလို့ကျွန်တော့်က သူ့မျက်လုံးထဲမရှိရမှာလဲ? နောက်ပြီး သူက ကန်းနေတာမဟုတ်ဘူး"
သခင်ကြီးယွီ
ပေါက်ကွဲလာတော့၏။
"မင်းအရူးလား? မင်းနဲ့သူ သိလာတာ နှစ်တွေကြာပြီဆိုရင် သူ ဂေးလာတာလည်း
အတော်ကြာနေပြီ! အဲတာတောင် သူတစ်ခါမှ မင်းကို ထည့်မတွေးဖူးဘူးလေ။
မင်းမှာမျှော်လင့်ချက်မရှိဘူးဆိုတာ လက်မခံနိုင် သေးဘူးလား?"
ထိုအစား ရန်ကျစ်သည်
အလွန်အကောင်းမြင်လွန်းသူပင်။ "မကြိုးစားကြည့်ပဲ ဘယ်လိုလုပ်ပြီး
မျှော်လင့်ချက် မရှိဘူးလို့ပြောနိုင်မှာလဲ?"
သခင်ကြီးယွီ
နှာမှုတ်လိုက်ပြီး..."အေး ဒါဆိုလည်း သွားကြိုးစား၊ သေချာပေါက် အငြင်းခံရမှာ"
သခင်ကြီးယွီ၏ ယုံကြည်မှုကြောင့်
ရန်ကျစ် သူ့ကိုယ်သူ စတင်၍ သံသယဝင်လာလေသည်။ "ဘာလို့လဲ?"
“မင်း သူနဲ့ နှစ်ပေါင်းများစွာ
အတူရှိလာတဲ့သူတွေကို မြင်ဖူးလား? ဘယ်တစ်ယောက်နဲ့မှ
သူ အတည်တကျမတွဲခဲ့ဘူး။ ငါတို့ သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရင်တောင် သူ အကုန်လုံးကို
ငြင်းလိမ့်မယ်။ ဘာလို့ အဲလိုထင်တာလဲဆိုရင် သူ့စိတ်ကအတည်တကျ အခြေချဖို့ အဆင်သင့် မဖြစ်သေးလို့လေ။
အခုမှ ကစားတတ်တဲ့ အရွယ်မှာပဲ ရှိသေးတာ။ သူသာ မင်းကိုလက်ခံရင် ရူးနေလို့ပဲနေမယ်။ သူ
မင်းနဲ့တွဲတာနဲ့ ငါနဲ့ အဘိုးကြီးကုတို့ နှစ်ယောက်လုံး သူ့ကို စောင့်ကြည့်နေမှာလေ။
အဲတော့ သူလျှောက်ပွေလို့ မရတော့ဘူးပေါ့။ မင်းသူ့ကို မလိုချင်တာပဲ ဖြစ်ဖြစ်
မင်းတို့နှစ်ယောက် တစ်သက်လုံး တွဲဖြစ်ကြရင်တောင် သူ ရူးနေလို့ မင်းကိုလက်ခံမှာ။”
ရန်ကျစ် ချက်ချင်း
သူ့အဖေ၏စကားများအောက်တွင် ကျရူံးသွားတော့သည်။
'ဘုရားရေ ငါ့အဖေ တကယ်
ပညာရှိတာပဲ! ဂေးတစ်ယောက်ရဲ့ စိတ်ကိုတောင် လုံးဝနားလည်နိုင်နေပြီ!'
သခင်ကြီးယွီ
ရန်ကျစ်အား စိတ်အေးအေးထားခိုင်းကာ အိပ်စက်အနားယူရန် အခန်းထဲသို့ ကန်လွှတ်လိုက်ရ၏။
ရန်ကျစ်၏ နုံးခွေနေသည့်ပုံစံကြောင့် အဖေဖြစ်သူသည်
အခန်းတံခါးအားမှီလိုက်ကာ-"မင်း တကယ် ဂေးနေရင်တော့ ငါ့မှာ အဲတာနဲ့ပတ်သတ်ပြီး
ဘာ ကန့်ကွက်မှုမှမရှိဘူး။ ဒါပေမယ့် မင်း အားကိုးလို့ရမဲ့သူကိုတော့
ရှာမှဖြစ်မယ်နော် နားလည်လား?"
ရန်ကျစ် ပြန်မဖြေဘဲ
မရွှင်မပျဖြင့်သာ သူ့ကိုယ်သူ စောင်ထဲသို့ နှစ်ဝင်လိုက်တော့သည်။
ထို့နောက် ရန်ကျစ်
စောင်အောက်မှ တောက်ပနေသည့် မျက်လုံးတစ်စုံဖြင့်
ချောင်းကြည့်လိုက်ပြီး..."ဒါပေမယ့် မကြိုးစားကြည့်ဘဲ ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ?"
သခင်ကြီးယွီလည်း
သူ့သားလူဆိုး ထိုမိုက်မဲသည့်လမ်းအား လျှောက်နေသည်ကို မတားဆီးနိုင်တော့ချေ။
"မင်း ကြိုးစားလို့တယ်!
ဒါဆို တစ်မျိုးစဥ်းစားကြည့်ရအောင်။ အကယ်၍ မင်း ကုရှောင်ရှမ်းကို လိုက်လို့ မအောင်မြင်ခဲ့ရင်
ဘာဖြစ်သွားမယ် ထင်လဲ?"
"အမ်...အဆုံးသတ်ကတော့
အများကြီး ရှိမယ်မထင်ဘူး။ လူအများစု ကျွန်တော့်ကို လှောင်ပြောင်ကြမယ်။ နောက်ပြီး
သူ..ကျွန်တော့်ကို လစ်လျူရူမယ်...”
“ဟုတ်တယ်
မင်းသူငယ်ချင်းတစ်ယောက်ကို အဆုံးရူံးခံဖို့ အတွက်ပါ စိတ်ပြင်ဆင်ထားရင်တော့
ကြိုးစားကြည့်တာ ကောင်းပါတယ်”
ရန်ကျစ်၏နှလုံးသားလေးသည်
မီးတောက်ကဲ့သို့ တောက်လောင်နေလေပြီ။ ယခု သခင်ကြီးယွီသည် သူ့အပေါ်သို့ ရေအေးတစ်ပုံး
သွန်ချလိုက်တာကြောင့် ကျန်ရှိနေတာတွေ အားလုံးသည် မီးခိုးနှင့်ပြာများသာပင်။