ရန်ကျစ် တိဆေးခန်းက
ဘောင်ချာအား လက်ခံရရှိမှသာ ဟားကျူ့က ပူဒယ်လေးကို ကိုက်ခဲ့တာကို ပြန်အမှတ်ရသွား၏။ သူအပြင်ရောက်လက်စနှင့်
ဟယ်ကျွင်းထံ ဖုန်းခေါ်ကြည့်လိုက်ရာ ဟယ်ကျွင်းသည်လည်း အားနေတာကြောင့်
အနားရှိကဖေးဆိုင်၌ တွေ့ရန်ချိန်းဆိုခဲ့ကြသည်။
ဟယ်ကျွင်းရောက်လာချိန်တွင်
သူ့ပုံစံသည်မောဟိုက်နေကာ ယခင်ကကဲ့သို့ ပိတ်အဝတ်အစားများလည်း ဝတ်မထားဘဲ အဲအစား
တီရှပ်ရိုးရိုးလေးသာ ဝတ်ထားလေသည်။ ဆံပင်ရှည်များအား ထုံးဖွဲ့မထားဘဲ ပင့်စီးကာ
အပေါ်မှဦးထုတ်ထပ်ဆောင်းထား၏။
ဟယ်ကျွင်း
ယဥ်ကျေးမှုရှိစွာ ဦးထုတ်အားချွတ်လိုက်လျှင် မျက်နှာပေါ်၌
မိတ်ကပ်များချယ်သထားသည်ကိုပါ ရန်ကျစ်သတိထားမိလိုက်တော့သည်။
ရန်ကျစ်
ရယ်လျက်-"ဒီနေ့ဝတ်စားထားတာ မိုက်လှချည်လား ပါတီသွားမလို့လား?"
ဟယ်ကျွင်းသည်လည်း
လိုက်ရယ်ကာ-"နေ့ခင်းတောင်ကြောင်ကြီး ပါတီလား? တကယ်တော့
အလုပ်ကြောင့်ပါ"
ရန်ကျစ်
သိချင်စိတ်များဖြင့် ထပ်မေးကြည့်လိုက်၏။
"မင်းက လက်ဖက်ရည်
အထူးကျွမ်းကျင်သူမဟုတ်ဘူးလား?"
ဟယ်ကျွင်းပြုံးကာ
သူ့နဖူးပေါ်ရှိ ဆံနွယ်များအား လက်ဖြင့်သပ်တင်လိုက်လေသည်။
"အဲတာက
အချိန်ပိုင်းအလုပ်ပါ တကယ်တော့ ကျွန်တော်က ပရော်ဖက်ရှင်နယ် မော်ဒယ်လေ— အာ
မဟုတ်သေးဘူး ကျွန်တော့်အလုပ်ကရတဲ့ ဝင်ငွေကို ကြည့်ရင်တော့ ပရော်ဖက်ရှင်နယ်လို့
ယူဆလို့မရသေးပါဘူး"
ရန်ကျစ် အနည်းငယ်
အံ့အားသင့်သွားရ၏။
"မင်းက မော်ဒယ်လား? အိုး အဲနယ်ပယ်က တော်တော်လေး ကြမ်းတမ်းတယ် ကြားတယ်
ဒါပေမယ့် မင်းက အရမ်းကြည့်ကောင်းတာ မင်းလုပ်နိုင်လိမ့်မယ်ဆိုတာ သေချာတယ်"
ဟယ်ကျွင်း
သက်ပြင်းချလိုက်မိကာ-"အဲ နယ်ပယ်မှာ ကျွန်တော့်လို စံနှုန်းနဲ့ လူတွေ
အများကြီးပါ"
ရန်ကျစ် လူတွေကို နှစ်သိမ့်သည့်နေရာ၌
သိပ်မကျွမ်းကျင်တာကြောင့် စကားလမ်းကြောင်းပြောင်းရန်သာ ကြိုးစား လိုက်တော့သည်။
"ဒါနဲ့ မင်းခွေးလေး
ဘယ်လိုနေသေးလဲ?"
“တော်တော်လေး
ကောင်းနေပါပြီ” ဟယ်ကျွင်းပြုံးကာ အဖြေပေးလိုက်၏။
ဟယ်ကျွင်းနှင့် ရန်ကျစ်တို့
သူတို့ ခွေးများအကြောင်းအား ပြောရင်း အချိန်အကြာကြီး မဖြုန်းမိခင်မှာပင် ဟယ်ကျွင်း
စကားလမ်းကြောင်းအား ကုရှောင်ရှမ်းဘက်သို့ ကျွမ်းကျင်စွာ ပြန်ပြောင်းလိုက်လေသည်။
ရန်ကျစ်သည်လည်း သတိလက်လွတ်ဖြစ်ကာ ကုရှောင်ရှမ်းအကြောင်းတစ်ချို့အား
ထုတ်ပြောမိလိုက်၏။ နောက်မှ ပြန်စဥ်းစားမိသွားကာ၊ 'ငါတို့ဘာလို့
အစ်ကိုရှောင်ရှမ်းအကြောင်း ထပ်ပြောနေတာလဲ?' သူဒေါသဖြင့်
ခပ်ချဥ်ချဥ်ဖြစ်သွားတော့သည်။
"မင်းကြည့်ရတာ
အစ်ကိုရှောင်ရှမ်း အပေါ် အတော်လေး စိုးရိမ်နေပုံပဲ"
ဟယ်ကျွင်း
ခေါင်းညိမ့်ပြကာ-“ဟုတ်တယ်”
ဟယ်ကျွင်း၏ ပြတ်သားမှုသည်
ရန်ကျစ်အား တည့်တိုးပြောချင်လာအောင် ဆွပေးနေတော့၏။
"ဒါဆိုမင်းတို့နှစ်ယောက်ကြား
ဘာမှရှိမနေဘူးဆိုတာ သေချာလို့လား?"
ဟယ်ကျွင်း
ထိုစကားကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း ပြုံးနေဆဲပင်။
"အဲလိုရှိနေခဲ့ရင် သိပ်ကောင်းမှာပဲ"
သူအရမ်းရိုးသားလွန်းပြီး
ရန်ကျစ်၏အတွေးများအား အတည်ပြုပေးလိုက်သည်။ ရန်ကျစ် စားပွဲအား
ရိုက်ချလိုက်ကာ-"ထင်သားပဲ! ငါသိနေတယ်! မင်းတို့နှစ်ယောက်က
တစ်ခုခုတော့တစ်ခုခုပဲ ဆိုတာ!"
ဟယ်ကျွင်း
မဲ့ပြုံးပြုံးလိုက်မိကာ ခုဏက စကားအား ပြန်ထပ်ပြောလာခဲ့၏။ "ငါတို့ အဲလိုဖြစ်ရင်
ကောင်းမယ်"
ရန်ကျစ်
ဟယ်ကျွင်းအား သေချာအကဲခတ်နေပြီး..."ဒါဆို မင်း ယောကျာ်းလေးတွေကို
ကြိုက်တာပေါ့?"
ဟယ်ကျွင်း အနည်းငယ်
အံ့သြသွားကာ ခဏလောက်ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်ပြလာသည်။
"ဟုတ်တယ်
အရမ်းထူးဆန်းနေလား?"
ရန်ကျစ်
အလျင်အမြန်ပင် လက်များဝှေ့ယမ်းပြလိုက်ရင်း..."မဟုတ်ဘူး မဟုတ်ဘူး
အဲလိုဆိုလိုချင်တာမဟုတ်ဘူး ငါ့အနားမှာ ဂေးတွေပဲ ဝိုင်းနေတော့ အခုဆို အဖြောင့်ကောင်တွေကိုတောင်
ထူးဆန်းတဲ့ကောင်လို့ ခံစားလာရပြီ"
ဟယ်ကျွင်း မထိန်းနိုင်တော့ဘဲ
ရယ်လိုက်မိတော့၏။
"အိုး
အဲလိုလား!"
ရန်ကျစ်
အအေးပိုက်အား ကိုက်ကာ မျက်တောင်များ
မှိတ်တုတ်မှိတ်တုတ်လုပ်ရင်း..."မင်းဂေးဆိုတာကို ဘယ်လို စသိခဲ့တာလဲ?" ထို့နောက် သူ ဟယ်ကျွင်းအား စော်ကားမိမည်ကို
စိုးရိမ်တာကြောင့် ထပ်ပေါင်းပြောလိုက်သည်။ "အမ်..ငါ့မေးခွန်းက မင်းကို
အနှောင့်အယှက်ဖြစ်သွားရင်..."
"ရပါတယ်"
ဟယ်ကျွင်း ဖြတ်ပြောကာ ပြုံးပြလိုက်၏။
"ဖုံးကွယ်ထားစရာ
ဘာမှမရှိပါဘူး။ ကျွန်တော်က ဒီအတိုင်း မိန်းကလေးတွေထက် ယောကျာ်းလေးတွေကို
ပိုစိတ်ဝင်စားတာ ရိုးရိုးရှင်းရှင်းပဲလေ။ သတိထားမိဖို့ သိပ်မခက်ဘူး"
"အိုး
ဒါဆိုမင်းအနားမှာရော ဂေးတွေအများကြီးပဲလား?"
ဟယ်ကျွင်း ခေါင်းညိတ်ပြကာ-"ကျွန်တော်တို့
နယ်ပယ်မှာ အဲလိုတွေ တော်တော်များတော့ သိပ်အထွေအထူးတောင် မဟုတ်တော့ဘူး"
ရန်ကျစ်
ခေါင်းတဆတ်ဆတ်ညိမ့်လိုက်၏။
"အာ
ဟုတ်ပြီ...ဒါဆို မင်းအနားမှာ အရင်က ဖြောင့်ပြီးတော့ ရုတ်တရက်ကြီး
ဂေးသွားတဲ့သူရောရှိလား?"
ထိုစကားအားကြားလျှင်
ဟယ်ကျွင်း ရန်ကျစ်၏အမူအရာအား သေချာလေ့လာရင်း သူ့နှုတ်ခမ်းသူ ကိုက်လိုက်မိတော့သည်။
"ဒါမျိုးလည်း ဖြစ်တတ်ပါတယ်..."
ရန်ကျစ်၏မျက်လုံးများ
အရောင်လက်သွား၏။
"အဲတာဘယ်လို
အခြေအနေမျိုးတွေလဲ?"
ဟယ်ကျွင်း၏မျက်လုံးများ
အပြုံးတစ်ပွင့်နှင့်အတူ ကွေးတက်သွားတော့သည်။
"ဘာလို့ အဲတာတွေ
မေးနေတာလဲ? မင်းရော ရုတ်တရက်ကြီး ဂေးသွားလို့လား?"
ရန်ကျစ်မျက်နှာကြီး
နီမြန်းသွားရ၏။
ဟယ်ကျွင်း
သူ၏ကော်ဖီခွက်အားမွှေရင်း ရန်ကျစ်ကို ဆက်တိုက် စိုက်ကြည့်နေလေသည်။
"အဲလိုအခြေအနေမျိုးက
ဖြစ်တတ်တယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့...ဒီအတိုင်း နားလည်မှုလွဲရုံပဲ"
ရန်ကျစ်
အံ့သြသွားတော့သည်။ "နားလည်မှုလွဲတာ?"
"ဟုတ်တယ်
နားလည်မှုလွဲတာ...အနည်းဆုံးတော့ အဲလူက ယောကျာ်းတစ်ယောက်ကြောင့် ထန်လာနိုင်တယ်ဆိုတာ
သေချာဖို့ လိုတယ်မဟုတ်လား?"
ရန်ကျစ် ခဏလောက်
တွေးတောလိုက်ပြီးနောက် သူ ကုရှောင်ရှမ်းကြောင့် ထန်ဖူးသည်မှာ အရှင်းအလင်းကြီးပင်။
ဒါသေချာပေါက် နားလည်မှုလွဲတာ မဖြစ်နိုင်ချေ။
သူ၏ လိင်စိတ်တိမ်းညွှတ်မှုအပေါ်
သံသယများဖြင့် နစ်မြုပ်နေချိန် ရန်ကျစ်၏ဖု န်းမြည်လာခဲ့သည်။ ဖုန်းကိုင်လိုက်ချိန်၌
တစ်ဖက်မှ သခင်ကြီးအသံ ထွက်ပေါ်လာ၏။
"လူဆိုးကောင်
မင်းဒီနေ့ညစာစားဖို့ အိမ်ပြန်လာမှာလား?"
ဒါစကားကြောင့်
ရန်ကျစ်တစ်ယောက် သူ့အဖေ ဒေါသများပြေလျော့သွားပြီဆိုတာ သိလိုက်ကာ အမြန်ပင် လက်ခံလိုက်သည်။
ကုရှောင်ရှမ်း၏ တိုက်ခန်းသို့
ပြန်ရောက်ချိန် ရန်ကျစ် သူ့ပစ္စည်းများအား ထုပ်ပိုးနေရင်း နှလုံးသားထဲ၌
လစ်ဟာမှုတစ်ခုကို ခံစားနေရ၏။ သူအရင်က ကုရှောင်ရှမ်းဆီမှ ထွက်သွားသည့်အခါတိုင်း
ဒါမျိုးမခံစားဖူးပါ။ သူ ရိုးသားစွာပင် ကုရှောင်ရှမ်း၏အနား၌ အချိန်အကြာကြီး
အတူရှိနေနိုင်ဖို့ မျှော်လင့်မိပြီး ထိုအတွေးများသည် သူ့အား နှိပ်စက်နေတော့သည်။
သူကုရှောင်ရှမ်းအား အိမ်ပြန်တော့မည် ဖြစ်ကြောင်း မက်ဆေ့ချ်ပို့ချိန်၌ သူ့အရင် ရည်းစားများနှင့်
လမ်းခွဲရတာထက် ပိုလို့တောင် ဝမ်းနည်းကြေကွဲမိ၏။
“ငါက မွေးကတည်းက
ဂေးနေတာဖြစ်မယ်” ရန်ကျစ် ကုရှောင်ရှမ်းအား မက်ဆေ့ချ်ပို့နေစဥ် လက်သည်းများအား
ကိုက်နေမိသည်။
“သခင်ကြီးက ငါ့ကိုပြန်ခေါ်နေပြီ
အခု ငါ ပြန်တော့မယ်”
ကုရှောင်ရှမ်းတစ်ယောက်
“အိုခေ”ဟူသည့်စာတိုဖြင့် အလျင်အမြန် အဖြေပေးလာ၏။
ထို့နောက်
နောက်ထပ်စာတစ်ကြောင်းပါ ထပ်ရောက်လာခဲ့သည်။ "ခွေးကိုပါ ခေါ်သွားဖို့
မမေ့နဲ့"
ထိုအချိန်၌ ရန်ကျစ်
ကားပေါ်သို့ ရောက်နှင့်နေပြီ ဖြစ်ကာ သူ့ ကားဒရိုင်ဘာအား ပြန်ကွေ့ဖို့ အသည်းအသန်
လှမ်းတားလိုက်ရတော့သည်။
"အား ငါ တကယ် ဟားကျု့ကို
မေ့ခဲ့တာပဲ!"
နောက်ဆုံးတော့
ဟားကျု့နှင့်အတူ ရန်ကျစ် ယွီအိမ်တော်သို့ ပြန်ရောက်လာခဲ့၏။ ဟားကျု့ ဥယျာဥ်ဆီသို့ ရောက်ချိန်၌
ချက်ချင်းပင် ယွစိထိုးလာကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေသည်။ ရန်ကျစ်သည်လည်း
ထိန်းဖို့ စိတ်မပါတာကြောင့် ထိုအတိုင်းသား မွှေနှောက် ခိုင်းလိုက်ရ၏။ ထိုအချိန်
အိမ်တော်ထိန်းရောက်လာကာ ရန်ကျစ်အား ညစာအဆင်သင့်ဖြစ်ပြီ ဆိုသည့်အကြောင်း အသိပေးရင်း
ထမင်းစားခန်းသို့ ဦးဆောင် ခေါ်သွားတော့သည်။ ထမင်းစားပွဲ၌ မီးအိမ်ဘေးတွင်
ထိုင်နေသည့် သခင်ကြီးမှလွဲ၍ ဘယ်သူမှမရှိကြောင်း ရန်ကျစ် တွေ့လိုက်ရပြီး
သူ"အဖေ"ဟု ခေါ်လိုက်ချိန်တွင် သခင်ကြီးတစ်ယောက် နှာမှုတ်ရင်းသာ
အသိအမှတ်ပြုလာခဲ့၏။
ရန်ကျစ်ထိုင်ခုံ၌
နေရာယူရင်း လှမ်းမေးလိုက်သည်။
"အစ်ကိုကြီးရော
ဘယ်ရောက်နေတာလဲ?"
“သူ ညတိုင်း ကျီရှန်ဆီမှာပဲ
သွားနေနေတာ အိမ်ကို ဘယ်လိုပြန်ရမလဲဆိုတာရော သိသေးရဲ့လား!”
ရန်ကျစ်
ရယ်လျက်-"အဖေ သူ့ကို သွားအပြစ်တင်လို့မရဘူး။ ချစ်သူတွေဆိုတာဒီလိုပဲလေ"
သခင်ကြီးတစ်ယောက်
ခေါင်းညိတ်လိုက်ရင်း..."မင်းမှန်တယ် အနည်းဆုံးတော့ သူတို့က အတည်တကျ တွဲသေးတယ်။
မင်းလို ပေါက်ကရမဟုတ်ဘူး"
ရန်ကျစ် သူ့ကိုယ်သူ
ကာကွယ်လိုက်၏။
"ကျွန်တော့်ကျ
ဘာလို့ ပေါက်ကရလဲ?"
သခင်ကြီး၏ဒေါသများ
ပြန်လည်ကြီးထွားလာလေသည်။ "ပြန်မေးနေသေးတာလား? ကိုယ့်ဟာကိုယ် သုံးသပ်ကြည့်လေ!
မင်းဘာတွေ လုပ်ခဲ့လဲဆိုတာ!"
“ကျွန်တော်ကောင်မလေးတွေကို
လိုက်ရင်း ပိုက်ဆံနည်းနည်းပဲ ဖြုန်းခဲ့တာပါ။ အခုဘယ်မိန်းကလေးကိုမှ မလိုက်တော့ဘူး။
အိုခေ?”
သခင်ကြီး ဒေါသများကြား
ရယ်လိုက်မိ၏။
"မင်းအခုလေးတင်
ပြောခဲ့တာကို မှတ်မိနေရင်းကောင်းမယ်။ ဘယ်မိန်းကလေးကိုမှ မလိုက်တော့ဘူး!"
ရန်ကျစ်
ပြတ်သားစွာဖြင့်..."ကျွန်တော် သူတို့ကို လုံးဝ မလိုက်တော့ဘူး! လုံးဝပဲ!
မိန်းမတွေများ ဟား!"
ယွီယွင်ရန်၏ ခိုင်မာပြတ်သားမှုကြောင့်
သခင်ကြီးအံ့သြသွားတော့သည်။ "တကယ်လား?"
ရန်ကျစ်ခေါင်းညိတ်ပြကာ-"တကယ်ပြောတာ!
ကျွန်တော်စဥ်းစားပြီးပြီ!"
သခင်ကြီး
သိချင်စိတ်များဖြင့်..."မင်းဘာကိုစဥ်းစားထားတာလဲ?"
"ကျွန်တော်ဒါကို
စဉ်းစားခဲ့တာ နောက်ဆုံးတစ်ယောက်က ကျွန်တော့်ရဲ့ မိုက်မဲမှုတွေကြောင့်
တစ်ခြားသူတွေရဲ့ ဖြုန်းတီးလွန်းတဲ့ သားမိုက်လို့ ထင်ခံခဲ့ရတယ်"
ထိုစကားများအားကြားကာ
သခင်ကြီးမျက်ရည်များပင် ဝဲသွားရတော့၏။ "ဘယ်လို...ဘယ်လိုစဥ်းစားခဲ့လဲ?"
ရန်ကျစ် သက်ပြင်းချလိုက်ပြီးနောက်-"ကျွန်တော်အဲဒါကို
ဟိုးအရင်ကတည်းက တွေးခဲ့သင့်တာ ရုတ်တရက်ကြီး နောက်ပြန် လှည့်ကြည့်လိုက်တော့
မီးရောင်မှိန်ဖျော့ဖျော့လေးအောက်မှာ သူရှိနေတယ်!"
သခင်ကြီးတစ်ယောက်
အတော်လေး ဟက်ထိသွားတော့သည်။
"ငါ့သားမိုက်က
သူ့အတွေးတွေ တည့်မတ်လာရုံတင်မက အခုဆိုကဗျာတွေတောင် ရွတ်နေနိုင်ပြီ..."
ရန်ကျစ်လည်း
အနည်းငယ် တုန်လှုပ်သွားပြီး သူ့လုပ်ရပ်များအား ပြန်တွေးကြည့်လိုက်စဥ် တကယ့်ကို
မသိတတ်လွန်းလှသည်ဟု တွေးလိုက်မိ၏။ သူ့အဖေ စိတ်ပူနေသည်မှာလည်း မဆန်းလှပေ။
ထို့ကြောင့် ရန်ကျစ် ရှင်းပြလိုက်တော့သည်။ "အခု ကျွန်တော်ပြောင်းလဲနေပြီ
ကိုယ်လိုချင်တာကိုလည်း ကိုယ်သိနေပြီ ဘာပေါက်ကရမှ လျှောက်မလုပ်တော့ဘူး"
သခင်ကြီး
ထိုစကားဝိုင်း၏ အဓိကအချက်အား ဖမ်းဆုပ်လိုက်ကာ အမြန်ပင် မေးခွန်းထုတ်လိုက်လေ၏။
"ဒါဆို မင်း အခု
လိုချင်တာ ဘာလဲလို့?"
ရန်ကျစ်
တောင့်တင်းသွားရသည်။ သူ ထိုအခြေအနေ ရောက်လာလိမ့်မည်ဟု မတွေးထားမိခဲ့ပေ။
သို့သော်
သူအံကြိတ်ကာ ရှိသမျှ သတ္တိများ စုစည်းလိုက်ရင်း..."ကျွန်တော်အခုသိပြီ။
ကျွန်တော်မိန်းကလေးတွေကို လုံးဝမကြိုက်ဘူးဆိုတာ!"
သခင်ကြီးတစ်ယောက်
ထိုစကားကြောင့် နှလုံးရောဂါ ဖြစ်တော့မလိုတောင် ခံစားလိုက်ရတော့၏။
"မင်း ဘာကို..ဘာကို
ဆိုလိုတာလဲ?"
ယွီယွင်ရန်တစ်ယောက်
ခေါင်းမော့ရင်ကော့လိုက်ကာ-"နောက်ဆုံးတော့ ကျွန်တော်တွေးကြည့်ပြီး ဘာလို့
အဲ့ကောင်မလေးတွေအပေါ် ခံစားချက်သိပ်မရှိလဲဆိုတာ နားလည်သွားပြီ။ သူတို့နဲ့တွဲလိုက်၊
ခဏလေးနဲ့ပြတ်လိုက်ဖြစ်နေတာ မိန်းကလေးတွေကို လုံးဝမကြိုက်လို့ပဲ!"
သခင်ကြီး
"သူ့သားမိုက်နောက်ဆုံးတော့ ရင့်ကျက်လာပြီ"ဟူသည့်အတွေးဖြင့် ပျော်နေရာမှ
ရုတ်တရက်ကြီး မဲ့ကျလာတော့သည်။ ခံစားချက်သည် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျကာ
ထိုလူအိုကြီး၏အသက်အား အဆုံးသတ်လုနီးနီးပင်။
ကံကောင်းထောက်မစွာပင်
သခင်ကြီးသည် သန်တုန်းမြန်တုန်းဖြစ်ပြီး ဘဝအတွေ့အကြုံများစွာ ခံစားဖူးတာကြောင့်
အသက်ခပ်ပြင်းပြင်း တစ်ချက် ရူပြီးနောက် တည်ငြိမ်စွာ ဆူငေါက်လိုက်လေသည်။
"အဲလို ခပ်ပိန်းပိန်းဟာသတွေ
လုပ်မနေနဲ့!"
ရန်ကျစ်တစ်ယောက်
အိမ်ပြန်ရောက်သည်နှင့် ထိုအဖြစ်အပျက်များ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု
မမျှော်လင့်ထားသော်လည်း သူခြေလှမ်းတစ်ခု လှမ်းပြီးနေပြီ ဖြစ်တာကြောင့်
နောက်ဆုတ်ဖို့မဖြစ်နိုင်တော့ဘူးဟု တွေးလိုက်မိ၏။ သူသည် အချစ်ဟူသည့် အမည်နာမအောက်၌
သူရဲကောင်းကြီးလိုပင်။ ထို့နောက် ရန်ကျစ်
မတ်တပ်ထရပ်လိုက်ကာ-"နောက်နေတာမဟုတ်ဘူး။ နောက်ပြီးကျွန်တော်လည်း
မပိန်းဘူး!"
“မနောက်ဘူးလို့သာ
ပြောလိုက်စမ်းပါ အဲတာဆို ပိုယုံချင်စရာဖြစ်အုန်းမယ်!”
ရန်ကျစ်
အလေးအနက်ပင်..."ကျွန်တော်တို့ ဒီအထိတောင် ရောက်နေပြီဆိုတော့
တည့်ပဲပြောလိုက်တော့မယ်။ ကျွန်တော်နောက်ဆုံးတော့ အချစ်ဆိုတာ ဘယ်လိုလဲသိလိုက်ရပြီ။"
သခင်ကြီး
ပိတ်ဟောက်လိုက်၏။
"အရေးမပါတာတွေ!
မင်းလိုကောင်က အချစ်ကို ဘယ်လိုလုပ်ပြီးသိမှာလဲ? လိုက်ပွေနေတာကို!"
ရန်ကျစ်
သူ့အားယုံကြည်လာအောင် ဖျောင်းဖျလိုက်တော့သည်။
"သူ့ကို ကြည့်တာနဲ့
ကျွန်တော်ထန်လာတာ ကိုယ့်ဟာကိုယ်တောင် ထိစရာမလိုဘူး။ အိပ်မက်ထဲမှာလည်း
သူနဲ့လုပ်တာတွေပဲမက်တယ်။ အဲတာအချစ်ရဲ့ခံစားချက် မဟုတ်ဘူးလား?"
သခင်ကြီးယွီ
ဆွံ့အသွားတော့သည်။ သေချာပေါက် ဒါသည်အချစ်၏ ခံစားမှုမျိုးပင်။
သခင်ကြီးယွီ
အမြန်ပင် ယုံကြည်လာကာ သူ၏နောက်ထပ်သားသည်လည်း ဂေးဆိုသည့် အဖြစ်မှန်အား
လက်ခံလိုက်ရတော့၏။
'ဘုရားရေ ဘာလို့လဲ?"
သခင်ကြီးယွီ၏
နေရောင်ခြည်များဖြင့် သာယာနေသည့် ကမ္ဘာကြီးထဲ၌ မိုးရွာစပြုလာလေသည်။ သူ့မျက်နှာအား
ရင်နာစွာဖုံးအုပ်လိုက်ကာ ထိုခါးသက်လှသည့်အမှန်တရားအား လက်ခံနိုင်အောင်
ကြိုးစားနေရင်း သခင်ကြီးတစ်ယောက် သူ့ကိုယ်သူတောင် ဂေးဖြစ်နိုင်လားဆိုတာ
စပြီးတွေးမိလာခဲ့၏။