Chapter
1
လူ့အဖွဲ့အစည်းနှင့်
နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ဟွာနိုင်ငံရှိ
ဆင်းရဲနွမ်းပါးသောကျေးလက်ဒေသများအား ဆင်းရဲတွင်းမှသာယာ
ဝပြောရေးသို့ပြောင်းလဲစေခဲ့သည်။ ထိုတိုးတက် ပြောင်းလဲမှုများကြောင့်
အရှေ့ဘက်ကမ်းရိုး တန်း ဒေသရှိ အချို့ကျေးရွာများသည်မြို့ကြီးပြ ကြီးများထက်ပင်
ပိုမိုစည်ပင်ကာလှပနေကြသော်လည်း အနောက်ဘက်ခြမ်း သည် ထို့ထက်ပိုဆိုးသည်။ Shanquan
သည် အနောက်ဘက် ဒေသရှိ Chuan ပြည်နယ် ပေ့မြို့၌တည်ရှိသောရွာငယ်လေးဖြစ်သည်။ ရွာရှိ
အိမ်ထောင်စုမှာ (၁၀၀) ကျော်ပင်မရှိချေ။ ကမ်းရိုးတန်းဒေသများ လောက် ဘဝကသိပ်ကျေနပ်စရာကောင်းမနေသော်လည်း
နေထိုင်သူများသည်အတန်အသင့်ကောင်းမွန်စွာနေထိုင်နိုင်ခဲ့ကြသည်။
Shanquan
မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကိုလက်ညိုးထိုးပြပါဆိုရင် ရွာသားတွေက မင်းကို
''လင်းဂျင်ရွှမ်'' ဆိုပြီး လက်ညိုးထိုးပြကြလိမ့်မယ်။
လင်းဂျင်ရွှမ်
သူ့ကံကြမ္မာကို ဘယ်လိုဖန်တီးခဲ့ရတယ်ဆိုတာကိုတော့ မည်သူမှမသိခဲ့ကြချေ။
တစ်နေ့သောလွန်ခဲ့သည့် အနှစ် 20 ကျော်၌ ''လင်း'' မိသားစုဝင်ခုနစ်ဦးစလုံး
ညတွင်းချင်းသေဆုံးခဲ့ကြပြီး သုံးနှစ်အရွယ် လင်းဂျင်ရွှမ်လေး ပျောက်
ဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ Shanquan တွင် ''လင်း''
မျိုးရိုးမရှိခဲ့တော့ပေ။သို့သော် လွန်ခဲ့သောရှစ်နှစ်ခန့်က လင်းဂျင်ရွှမ်ဟုဆိုသော
အမျိုးသားတစ်ဦးသည် ရွာသို့ရုတ်တရက်ပြန်ရောက် လာပြီး ''လင်း'' မိသားစု၏ ယခင်
နေရာဟောင်း မြေကွက်တစ်ကွက်တွင် တစ်နှစ်ခွဲအတွင်း အိမ်ရှေ့နှင့်အနောက်ဘက်တွင်
ဥယျာဉ်များ ဆောက်လုပ်ခဲ့သည်။ ထိုအချိန် ရွာသားများမနာလိုဖြစ်ကြပြီး
လင်းဂျင်ရွှမ်အားအိမ်ပိုင်ရှင်အဖြစ်မှ အစားထိုးရန်ပင်ဆန္ဒရှိခဲ့ကြသည်။
သိပ်မကြာခင်မှာပင်
ထိုလူသည် ဗီလာနဲ့မဝေးတဲ့ မြေကွက် (၆၆၆.၆၆၆ ... စတုရန်းမီတာ) ရှိသည်။
တရုတ်နိုင်ငံမှာတိုင်း တာသည့် ယူနစ် (Mu) ဒါဇင်ပေါင်းများစွာကိုဝယ်ယူခဲ့ပြီး
သူဘယ်လိုလုပ်ခဲ့လဲဆိုသည်အား မည်သူမှမသိခဲ့ကြပေ။ ထို့ နောက် သူသည်
၎င်း၏လယ်ယာလုပ်ငန်းတွင် အလုပ်လုပ်ပေးနိုင်မည့်သူများကို စတင်စုဆောင်းခဲ့သည်။ မူလက
လူ တိုင်းသည် သူနှင့်ပေါင်းသင်းရန်မလွယ်ဟုထင်ခဲ့ကြပြီး လင်းဂျင်ရွှမ်
ထံချဉ်းကပ်ရန်မဝံ့ရဲခဲ့ကြပေ။ သို့သော် အဆုံးတွင် သူသည်
ထိုရွာသားများနှင့်ပေါင်းစည်းနိုင်ခဲ့သည်။ ပုံမှန်အချိန်များတွင် လင်းဂျင်ရွှမ်သည်
ရွာသူကြီးဇနီးဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်ရှိလူများနှင့်
မာကျောက်လာကစားကာအချိန်ဖြုန်းလေ့ရှိသည်။ ဒါ့ပြင် မည်သူကမှ သူဘာအလုပ်လုပ်တယ်
သူဘယ်ကပိုက်ဆံရမှန်း မည်သူမှမသိကြချေ။ သေချာတာတစ်ခုကတော့
လင်းဂျင်ရွှမ်မကြာခဏဆိုသလို ပျောက်ပျောက်သွားတတ်ပြီး
ဘာမှမဖြစ်ခဲ့သလိုပင်ရွာသို့ပြန်ရောက်လာခဲ့သည်။
ညဉ့်နက်ချိန်ဖြစ်သောကြောင့်
အရာအားလုံးတိတ် ဆိတ်သွားချိန် Shanquan ရွာရှိ တစ်ခုတည်းသောဗီလာထံမှ လူတစ် ယောက်၏
မချိမဆန့်နာကျင်မှုကြောင့် ကျယ်လောင်သည့်အော်သံကတစ်ခုရုတ် တရက်ထွက်ပေါ်လာခဲ့သည်။
အသံလာရာ အနည်း ငယ်ဖွင့်ဟနေသည့်တံခါးအတွင်းတွင်
အရပ်ရှည်ရှည်သန်မာပြီးထွားကြိုင်းသည့် အမျိုးသားအများအပြား မတ်တပ်ရပ်ကာ
သေနတ်များကိုင်ဆောင်ထားပြီး
ယူနီဖောင်းအပြည့်ဖြင့်တိုက်ခိုက်လိုစိတ်များပြည့်နှက်နေသည်။ အထဲရှိလူတယောက်သည်
တံခါးကိုနောက်လှည့်ပြီးမြန်မြန်ပိတ်လိုက်သည်။ သူ့ရှေ့၌ အပေါ်အကျီချွတ်ထားသော
ကိုယ်လုံး တီးအမျိုးသားတစ်ဦးသည် သူ၏ပါးစပ်ထဲအဖြူရောင်အ၀တ်တစ်ထည်ရှိနေခဲ့ပြီး
ပခုံးရဲ့ဓါးဒဏ်ရာမှသွေးများသည် သူ့ဝမ်းဗိုက်အထိစီးကျနေခဲ့သည်။ အဆိုပါအော်သံသည်
၎င်းထံမှနေထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါယောက်ျားသည်နာကျင်မှုကြောင့်
မျက်ဖြူစိုက်နေသည်ကိုမြင်လိုက်ရသဖြင့် ကုတင်ရှေ့ရပ် နေသည့်လူမှ ထအော်လာသည်။
ဒဏ်ရာကိုချုပ်ပေးနေသည့် လင်းဂျင်ရွှမ်သည် ထိုလူအားအေးစက်စွာမော့ကြည့်လိုက်ပြီး
စိုက်ကြည့်လိုက်သည်။ သိမ်မွေ့ကာအစိတ်အပိုင်းတိုင်းကလှပနေသည့် သူ့မျက်နှာထက်ဝယ်မထီမဲ့မြင်လှောင်ပြောင်လိုမှု
အပြည့်ဖြစ်နေသဖြင့် သူ၏နူးညံ့သည့်မျက်နှာနှင့် လှောင်ပြောင်သည့်အကြည့်ထဲ မည်သည်က
သရုပ်မှန်ဖြစ်သည်ကို ခွဲခြားစိတ်ဖြာနိုင်စွမ်းမရှိချေ။ လင်းဂျင်ရွှမ်သည်
လက်ထဲမှကြိုးအားအဆုံးထိဆွဲတင်လိုက်ရင်း
"ကြည့်ရတာ
မင်းမှာ အတွေ့အကြုံတွေအများကြီးရှိတဲ့ပုံပဲ ? ငါ သူ့ကို
မင်းနဲ့ပဲထားခဲ့လိုက်သင့်တယ်လို့ထင်တယ်''
ထိုလူသည်
နာကျင်မှုကြောင့်တဆတ်ဆတ်တုန်ခါသွားပြီး မေ့မြောလုနီးပါးပင်ဖြစ်သွားခဲ့သည်။
လင်းဂျင်ရွှမ်သည် နှုတ်ခမ်းကိုရေးတေး တေးကွေးလိုက်ပြီး
အပ်နှင့်ချည်ကိုလွှင့်ပစ်ကာထပြီးထွက်သွားဟန်ဖြင့်ခြိမ်းခြောက်လိုက်သည်။ ထို့ နောက်
သွေးစွန်းနေသောလက်ဖဝါးသည် ရုတ်တရက် သူ့အားလှမ်းဆွဲလာသည်။ လင်းဂျင်ရွှမ်
ထိုလူအားလှည့်ကြည့်လိုက်ရာ ဒဏ်ရာ၏သုံးပုံနှစ်ပုံခန့်လောက်သာချုပ်ထားရသေးသည့်
အမျိုးသားသည်အသက်ပြင်းပြင်းရှူထုတ်ပြီး ကုတင်ဘေးရှိတစ်ယောက်အားစိုက်ကြည့်ကာ
ပါးစပ်ထဲကိုက်ထားသည့်အဖြူစကိုထွေးထုတ်ကာ ပြောလိုက်သည်။
"သွားတော့"
ဒဏ်ရာအပြင်းအထန်ရထားသော်ငြား
ထိုလူ၏ အရှိန်အဝါသည်လွှမ်းမိုးနိုင်ဆဲဖြစ်သည်။ လင်းဂျင်ရွှမ် ထိုလူနှင့် အချိန်
အတော်ကြာမျက်လုံး ချင်းအကြည့်ဆုံပြီးနောက် အေးစက်စွာပြောလာခဲ့သည်။
လင်းဂျင်ရွှမ်သည်
စကားကိုအဆုံးသတ်လိုက်ပြီး ထိုလူ၏ဒဏ်ရာအားချုပ်ပေးဖို့ရာပြန်ထိုင်လိုက်သည်။
အဆိုပါလူများ သည် မကြာသေးမီကမှ နိုင်ငံတကာ၌ကျော်ကြားလာသော ကြေးစားတပ်
သားများဖြစ်ပြီး ချွမ်ပြည်နယ်တွင် လုပ်ကြံသတ်ဖြတ်ရေးမစ်ရှင်တစ်ခုဆောင်ရွက်ရန်
စေလွှတ်ခံထားရခြင်းဖြစ်သည်။ သို့သော် ၎င်းတို့သည် ဟွာတပ်ဖွဲ့၏စွမ်းရည်
ကိုလျှော့တွက်မိကာ အမြစ်ပြတ်ချေမှုန်းခံရလုနီးပါးဖြစ်ခဲ့သည်။ ဒဏ်ရာရထားသူမှာ
တပ်ဖွဲ့၏ဘော့စ်ဖြစ်ကာ Yass ဟု ခေါ်ပြီး သူသည်
တစ်ချိန်ကလင်းဂျင်ရွှမ်းအားအကူညီပေးထားခဲ့ဖူးသဖြင့်
၎င်းတို့နှစ်ဦးရင်းနှီးခဲ့ကြသည်။ မဟုတ်ပါက ဒဏ်ရာကိုချုပ်ပေးဖို့
အကူအညီတောင်းရန်နေနေသာသာ လင်းဂျင်ရွှမ်ကိုပင်ရှာတွေ့နိုင်မည် မဟုတ်ပေ။
လင်းဂျင်ရွှမ်၏ လျှို့ဝှက်အမည်မှာ Soul – hunting ၊ ကမ္ဘာကျော်ဆရာဝန်လူသတ်သမား ၊
လက်တစ်ဖက်နဲ့ကယ်တင်ပြီး အခြားလက် တစ်ဖက်နဲ့ လူသတ်သူဖြစ်ရာ အစိုးရ
အဖွဲ့အစည်းများနှင့် မြေအောက်လောကဂိုဏ်းနှစ်ခုစလုံးမှ သူ၏နာမည်ကိုကြားရုံ
မျှဖြင့်ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့နေခဲ့ကြသည်။ သူ၏သွင်ပြင်အစစ်အမှန်ကိုမူ
မည်သူမှမသိရှိကြချေ။
လင်းဂျင်ရွှမ်၏ဆေးပညာပိုင်းကျွမ်းကျင်မှုနှင့်
လုပ်ကြံသတ်ဖြတ်သည့်ကျွမ်းကျင်မှုအပြင်၊ သူ့ကိုယ်သူ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ၊
ချော မောအောင် ၊ ရုပ်ဆိုးအောင်
အသွင်ပြောင်းနိုင်သည့်ကြောက်မက်ဖွယ်ရာစွမ်းရည်လည်းရှိသည်။ သာမန်အချိန်များတွင်
သူပုန်းအောင်းသည့် နေရာအား သိရှိသူအနည်းငယ်သာရှိပြီး ၎င်းထံဆေးကုသရန် (သို့) လူသတ်
ခိုင်းရန်ငှားရမ်းလိုသူများသည် ပုံမှန်အားဖြင့် သူ့အဖွဲ့ထံသို့ဆက် သွယ်လာကြသည်။
သူသည် သူ၏ စိတ်အခြေအနေပေါ် မူတည်၍ ဆရာဝန် (သို့)
လူသတ်သမားအဖြစ်အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင် တတ်သည်။ ကမ္ဘာပေါ်မှာ တစ်ဦးတည်း သော
သူ့စိတ်ကြိုက် သူ့လုပ်ချင်တာကို ရွေးချယ်လုပ်ကိုင်နိုင်တဲ့သူကိုပြပါဆိုလျှင်
လင်းဂျင်ရွှမ်သာ ဖြစ်ပေလိမ့်မည်။
"ဒီတစ်ကြိမ်
ငါတို့ ဂရုမစိုက်မိလို့ဖြစ်ခဲ့တာ၊ ငါတို့ မင်းကိုနှောင့်ယှက်မှာမဟုတ်လို့
မစိုးရိမ်နဲ့ ဒဏ်ရာချုပ်ပြီးတာနဲ့ ငါတို့ ထွက်သွားပေးပါ့မယ်"
Yass
၏မျက်လုံးများထဲနာကျင်နေသည့်ခံစားချက်အားမဖုံးကွယ်နိုင်ချေ။ လင်းဂျင်ရွှမ်သည်
လှုပ်ရှား မှုများအားရပ်တန့် မနေဘဲ ခေါင်းကိုမော့ကာတစ်ချက်ကြည့်လိုက်ပြီး
"ထွက်သွားပေးရမှာပေါ့
၊ မထွက်သွားပဲ ဒဏ်ရာအတွက် ဒီမှာနေချင်သေးတယ်လို့တော့ လာမပြောနဲ့"
(အကြီးမြတ်ဆုံးရသေ့သည်
ဆူညံသော တရားပွဲသို့ဆုတ်သွားလိမ့်မည်) ဟူသော ရှေးစကားပုံကဲ့သို့ဖြစ်သည်။ Yass
စိတ်ထဲမှာတော့ ကျေးလက်ထက်ပိုလုံခြုံတဲ့နေရာမရှိဘူးဟုတွေးမိသည်။ လင်းဂျင်ရွှမ်
ကလည်း Yass အပေါ် ကျေးဇူး ကြွေးတစ်ခုရှိနေလို့သာမဟုတ်ပါက လင်းဂျင်ရွှမ်သည် သူ့အ
သိုက်မြုံနေရာအားဘယ်သောအခါမှ ထုတ်ဖော်ဖို့အစပြုမည်မဟုတ်ချေ။
''ဂျင်ရွှမ်"
''ဘုန်း!''
''Fuck
! ဟွာတပ် တွေရောက်နေပြီ"
Yass
၏ပေါက်ကွဲသံကြောင့် စကားလုံးများပြတ်တောက်သွားသည်။ ခန္ဓာကိုယ်တောင့်တင်းသော
အမျိုးသားတစ်ဦးသည် ရုတ်တရက်ပြေးဝင်လာပြီးနောက် အခန်းထဲရှိကြေးစားတပ်သားများအားလုံး
Yass အားတစ်ပြိုင်တည်းစိုက်ကြည့်လိုက် ကြသည်။ ကြည့်ရသည်မှာ
ဟွာစစ်တပ်သည်ခြုံခိုပြီးပုန်းကာ ဗီလာအားဝိုင်းထားသည်မှာအချိန်ကြာလောက်ပြီဆိုတာပင်။
ယခုလိုတင်းမာသည့်လေထုအခြေအနေရောက်ရှိလာချိန်တွင်
လင်းဂျင်ရွှမ်သည် သူနှင့်မဆိုင်သလို ဒဏ်ရာအားအေးအေး
ဆေးဆေးနှင့်ကျွမ်းကျင်စွာချုပ်ပေးနေခဲ့ပြီး
ဘေးပတ်၀န်းကျင်မှာဖြစ်ပျက်သမျှအားလုံးသည် သူနဲ့လားလာမျှမဆိုင်သလိုဖြစ်နေခဲ့သည်။
''ဂလန်
သွားပြီး သူတို့ကိုတားထားလိုက် ၊ သူတို့ရဲ့ မပိတ်ဆို့ထားတဲ့ဘကကနေ
ဆုတ်ဖို့လုပ်မယ်''
ခေါင်းဆောင်ကတော့
ခေါင်းဆောင်ပါပဲ ၊ Yass ကတည်တည်ငြိမ်ငြိမ်ပင်။ သူ့ထံမှအမိန့်အရ ဂလန်ဟုခေါ်
သည့့်လူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ကျန်လူများ သူ့နောက်သို့လိုက်သွားခဲ့ကြသည်။
"ကောင်းပြီ၊
မင်း အခုထွက်သွားလို့ရပြီ"
လင်းဂျင်ရွှမ်သည်
မိနစ်အနည်းငယ်ကြာပြီးချိန်မှာ နောက်ဆုံးချုပ်ရိုးအားလက်စသတ်လိုက်ပြီး သူ့
ပစ္စည်းများကိုအေး အေးလူလူသိမ်းဆည်းနေလိုက်သည်။
Yass
သည် သူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး "ဂျင်ရွှမ် ငါတို့နဲ့ လိုက်ခဲ့ပါ"
ဟုပြောလာခဲ့သည်။
အခုလိုဒဏ်ရာအကြီးကြီးရထားသည့်
တခြားသူများအတွက် အတော်အိစိမ့်ပြီးနာကျင်နိုင်ပေမယ့် Yass ကမူ ဒဏ်ရာရ ထားသည်မှာ
သူမဟုတ်သလိုပင်။
သူ့ထံမှနွေးထွေးမှုဲ့အရိပ်အယောင်ကိုမြင်လိုက်ရတဲ့ခဏမှာ
လင်းဂျင်ရွှမ်သည် သူ့လက်ကိုဖြည်းညှင်းစွာ ပြန်ဆွဲယူလိုက်ပြီး
"ကြေးစားသမားနဲ့
လူသတ်သမားများကြားက ခြားနားချက်ကို မင်းသိလား ? ကြေးစားကစိတ်ကောင်းရှိဖို့နဲ့
ပါးနပ်ဖို့ လိုတယ် သူရဲ့အသင်းဖော်တွေကို နောက်ကျောပြရဲတဲ့သတ္တိလည်းလိုအပ်တယ်၊
တပြိုင်တည်းမှာပဲ ဘယ်သူ့ကိုမှလည်း ယုံကြည်လို့မရပြန်ဘူး "
သူ့စကားက
ရှင်းရှင်းလေးဘဲ၊ သူ ထွက်သွားချင်တာမဟုတ်သလို သူလည်း သူတို့ကိုမယုံဘူး။
"
ဂျင်ရွှမ်၊ မင်း အမြဲတမ်း၊ လူတွေကိုဘယ်လိုနာ ကျင်အောင်လုပ်ရမလဲ တကယ်သိတာပဲ"
Yass
သည် သူ့ကိုယ်သူလှောင်ပြုံးပြုံးရင်း ဒဏ်ရာ ၏နာကျင်မှုများကိုကျောခိုင်းကာ
မတ်တပ်ထရပ်လိုက်သည်။ ဒဏ်ရာ
၏နာကျင်မှုနဲ့ယှဉ်ပါကသူ့နှလုံးသားထဲပိုနာကျင်နေပုံရပေမယ့် သူကတော့
ခံစားချက်မရှိတဲ့လူလိုဖြစ်နေပါပြီ။
သူထွက်သွားဖို့တံခါးကိုဆွဲဖွင့်လိုက်ချိန်
လင်းဂျင်ရွှမ်ထံမှ အေးစက်စက်အသံတစ်ခုရုတ်တရက်ထွက်ပေါ်လာသည်။ Yass သည်
လင်းဂျင်ရွှမ်ဘက်ပြန်လှည့်ကြည့်လာပြီး သူ့နှုတ်ခမ်းတွေကိုကွေးညွှတ်လိုက်တယ်။
သူ့အတွက်လုံလောက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ လင်းဂျင်ရွှမ်ရဲ့နုတ်ကနေထွက်လာတဲ့
ဒီစကားကို ကမ္ဘာပေါ်မှာ သူ့အပြင် ဘယ်သူမှမကြားနိုင်တာကြောင့်ပဲ !
"အင်း
မင်း ကောပဲ "
"ဘန်း...
ဘန်း... "
တံခါးဖွင့်ပြီးပြန်ပိတ်လိုက်သည့်နောက်
အပြင်ဘက်မှာသေနတ်သံများတရစပ်ထွက်ပေါ်လာခဲ့သည်။ လင်းဂျင်ရွှမ် သည်
ပစ္စည်းတွေထုပ်ပိုးလိုက်ပြီး တံခါးကိုလှည့်ကြည့်လိုက်ရာ
သူ့မျက်လုံးထဲမှာခါးသီးမှုတွေထွက်ပေါ်လာခဲ့သည်။ မျက်စိ ကန်းစေတဲ့
စိတ်ခံစားမှုတွေထဲ သူ့ကိုယ်သူမစွန့်စားနိုင်ဘူးဆိုတာကောင်းကောင်းကြီးသိတယ်။
သူ့
သူငယ်ချင်းကို မဖြစ်သင့်တဲ့မျှော်လင့်ချက်ပေးလိုက်မိတာထက်စာရင်
တစ်ညတာအတွက်ကြိုးတစ်ချောင်းကိုပဲ ရှာလိုက်ချင်တယ်။
"ဒိုင်း၊
ဒိုင်း ၊ ဒိုင်း ... "
"
Yass ဒီဘက်........ "
"
ဒါ နိုင်ငံတကာကအလိုရှိနေတဲ့ ရာဇ၀တ်ကောင်တွေပဲ
လိုအပ်ရင်အားကုန်လုံးကိုသတ်ပစ်လိုက်"
ပြင်းထန်သောရုန်းရင်းဆန်ခတ်ပစ်ခတ်မှုထဲ
နှစ်ဖက်စလုံးမှအသီးသီးအမိန့်ပေးခဲ့ကြသည်။ စစ်ဘက်ဆိုင်ရာ အထူးတပ်ဖွဲ့ ဘက်မှာလည်း
ပြင်းထန်သောပစ်ခတ်မှုတွေရှိလာသည်။ Yass ၏အဖွဲ့သားများသည် အရှေ့ဘက်ကနေမဖြတ်နိုင်တာ
ကြောင့် အနောက်ဘက်ကနေထွက်ရုံသာတတ်နိုင်သည်။ သို့သော် မထင်မှတ်ထားသည်မှာ
အိမ်နောက်ဖေးဘက်တွင် လည်း အထူးစစ်သားအများအပြားပုန်းအောင်းနေခဲ့ခြင်းပင်။ Yass
၏အဖွဲ့သားများသည် တခဏအတွင်းမှာပင် လူ လေး၊ ငါးယောက်သာကျန်ရှိတော့သည်။
အားလုံးကိုသုတ်သင်ပစ်ခါနီးတွင် လူများနဲ့ အမြဲအကွာအဝေးတစ်ခုထိန်းထားတတ် သည့်
လင်းဂျင်ရွှမ်မှာ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"ငါ့
နောက်လိုက်ခဲ့ "
Yass
၏အပေါ်ပိုင်းဗလာထက်သွေးထွက်နေသော ရင်ဘတ်အားစိုက်ကြည့်လိုက်ရင်း လင်းဂျင်ရွှမ်
လက်နှင့်အချက်ပြ လိုက်သည်။ Yass ထံမှခွင့်ပြုချက်ရရှိပြီးနောက်
အခြားသူများလည်းနောက်မှလိုက်လာခဲ့ကြသည်။ မြေအောက်ခန်း ထဲရောက်သော် ဂျင်ရွှမ်သည်
လူတိုင်း၏အံ့အားသင့်မှုကိုလျစ်လျူရှုပြီး ကြမ်းပြင်ကြွေပြားများထဲမှ
တစ်ခုအားခေါက်ရန် ခါးကိုကိုင်းညွတ်လိုက်သည်။
ထိုအချိန်မှာပင်
လူကြီးတစ်ယောက်ကောင်း ကောင်းသွားနိုင်လောက်သည့် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတစ်ခု
ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ လင်းဂျင်ရွှမ် ဘေးနားကနေကပ်ကာနောက်ဆုတ်လိုက်ပြီး
"ဒီဟာက
အနီးနားကမြစ်ချောင်းနဲ့ချိတ်ထားတာ ၊ ရော်ဘာလှေတစ်စီးကို အဲ့ဒီမြစ်ချောင်းနားက
တောအုပ်ထဲမှာထား ထားတယ် ၊ မင်းတို့ လွတ်မြောက်နိုင်မလားဆိုတာကတော့
မင်းတို့ကံအပေါ်မှာမူတည်တယ်။"
သေချာတာကတော့
သူ သူတို့နဲ့ လိုက်ဖို့ရည်ချက်မရှိဆိုသည်ပင်။ Yas သည်
လက်အောက်ငယ်သားများကိုအရင်ဆင်းစေကာထပ်ပြောလာသည်။
"ဂျင်ရွှမ်
ငါတို့နဲ့လိုက်ခဲ့ပါ"
Yass
သည် လက်အောက်ငယ်သားများကို အရင်ဆင်းခိုင်းလိုက်သည်။ သူ လင်းကို
တစ်ယောက်တည်းချန်မထားခဲ့ချင်ဘူး။
တစ်ချိန်တည်းမှာပင်
အပြင်ဘက်မှာရောက်ရှိနေသည့် ဟွာစစ်တပ်မှလည်း တစ်ခုခုမှားနေမှန်းသတိပြုမိသွားကြသည်။
အဆုံးမှာ ၎င်းတို့အနေဖြင့် သေနတ်သံမကြားရသည်မှာအချိန်အတော်ကြာနေပြီဖြစ်သလို
ဗီလာပိုင်ရှင်မှာ လင်းဂျင်ရွှမ် ဖြစ်ကြောင်းအတည်ပြုပြီးသည်နှင့်
အကြီးဆုံးစစ်ဦးစီးချုပ်သည် နေအိမ်ကိုပါဖျက်ဆီးပစ်ရန်အမိန့်ထုတ်လာခဲ့သည်။
မစ်ရှင်ကိုတာဝန်ယူထားရသည့် အထူးတပ်ဖွဲ့သည်နေအိမ်တဝိုက်အားဗုံးများကျဲချခဲ့ပြီး
၎င်းတို့တပ်ဆုတသည်နှင့့် အိမ် ကြီးမှာလည်း
ချက်ချင်းဆိုသလိုပြာပုံဘဝသို့ရောက်ရှိသွားသည်။
"
Yass ငါ ဘယ်သူ့အပေါ်မှာမှ ခံစားချက်မရှိဘူးဆိုတာ မင်း သိထားသင့်တယ်။ မင်း
သွားတော့၊ ငါ့မှာ လမ်းရှိပြီးသား "
လင်းဂျင်ရွှမ်း၏ချောမောလှပသည့်မျက်နှာဖက်ဝယ်
ရှားရှားပါးပါးခံစားချက်လေးတွေပေါ်လာသော်လည်း သူ ဘာကတိ မှပေးမလာခဲ့ပေ။ သူသည် LGBT
တစ်ယောက်ဖြစ်ပြီး ၎င်းကိုကောင်းစွာသိထားသော်လည်း သွေးထွက်သံယိုသတ်ဖြတ်နေရသည့်ဘ၀ကိုငြီးငွေ့ပြီဖြစ်ကာ
သာမန်ဘဝတွင်သာနေထိုင်ချင်တော့သည်။ နောင်တွင် သူသည် ကလေးအနည်းငယ် မွေးစားပြီး
ကျန်ဘဝတစ်လျှောက်လုံးကို သာမန်လူတစ်ဦးအနေနဲ့ကုန်ဆုံးမည်ဖြစ်သည်။ သူလိုချင်တဲ့
အဲ့လိုဘဝက Yass သူ့အားဘယ်တော့မှမပေးနိုင်သည့်အရာပင်။
"ဒါဆို
ကိုယ့်ကိုကိုယ် ဂရုစိုက်ဦး"
Yas
သည် သူ့နှုတ်ခမ်းများကိုလှုပ်ရှားလိုက်သော်လည်း သူ့နှလုံးသားထဲ
ဂျင်ရွှမ်အပေါ်ထားရှိသည့် သူ့ခံစားချက်ကိုမူ ထုတ်မပြောဖြစ်ခဲ့ချေ။ ထို့နောက် သူ
ပြန်လှည့်ပြီး ဥမင်အောက်သွားသည့်လှေကားထစ်ပါ်ဆင်းသွားခဲ့သည်။
''ဘုန်း....
"
လင်းဂျင်ရွှမ်လိုလူမပြောနဲ့
ရိုင်းစိုင်းသည့်ယုန်တောင်မှ သူ့ထံတွင်းပေါက်သုံးခုရှိသည်။ Yass
ပျောက်သွားသည်နှင့် အခြား ဥမင်တစ်ခုဖွင့်ခါနီးတွင် သူ တစ်ချက်လှမ်းကြည့်လိုက်ရင်း
ပေါက်ကွဲသံနှင့်အတူမြေပြင်သည် ချက်ချင်းတုန်ခါသွားခဲ့ သည်။ လင်းဂျင်ရွှမ်
မတုံ့ပြန်နိုင်လိုက်ပဲ အပျက် အစီးများကြားထဲနစ်မြှုပ်သွားခဲ့သည်။
ကြောက်စရာအကောင်းဆုံးနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူသတ်သမား Soul-hunting သည်
သူ့ဘဝတွင် တစ်ကြိမ်တစ်ခါလေး စိတ်ပျော့လိုက်မိခြင်းကြောင့်နှင့် အသတ်ခံလိုက်ရမည်ဟု
ဘယ်တုန်း ကမှတွေးမိခဲ့မည်မဟုတ်ပေ။