Chapter
2
"သူ့ကိုသတ်ကြ
သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ သူ့ကို သတ်"
"အဖေ့ကို
မရိုက်ကြပါနဲ့ ရပ်လိုက်ကြပါတော့ ဖေဖေ့ကိုမရိုက်ရဘူးလို့"
"
ဝူးဝူး ဖေဖေ.. "
"
ဟား ...ဟား... "
ကျေးလက်တောရွာ
မြက်ခင်းပြင်တစ်ခုမှာဆယ် ကျော်သက်လူတစ်စုသည် တုန်လှုပ်ချောက်ချားနေသည့်
အမျိုးသားတစ်ယောက်အား လက်သီးနှင့်ထိုးနှက်ကန်ကျောက်နေခဲ့သည်။ ၎င်းတို့ဘေးတွင်
သုံးလေးနှစ်ခန့်အရွယ်ရှိသော အသားရေဝါကြန့်ကြန့်အရောင်နှင့် လူဗမာရုပ်ပေါက်နေသည့်
ကလေးနှစ်ယောက်သည် ထိုလူတစ်စုကိုရပ်တန့်ရန်ကြိုးစားနေကြခြင်းမှာ
ဘီးနှစ်ထပ်ပါစစ်ရပ်ထားရှေ့ လမ်းတစ်၀က်ကဖြတ်တားနေသလိုပင်။ သို့သော်
ထိုလူဆိုးတစ်စုသည် ကလေးနှစ်ယောက်အား မီတာဝက်အကွာသို့တွန်းထုတ်လိုက် ကာ သူတို့သည်
ထိုလူအားအော်ဟစ်ကန်ကြောက်နေခဲ့ပြီး ၎င်းတို့၏ထိုးနှက်ကန်ချက်များအားလုံးသည် ထိုလူ၏သေးသွယ်ကာ
ဖုန်အလိမ်းလိမ်းဖြစ်နေသည့် ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။
"အား...
"
ထိုလူတစ်စုရဲ့အော်သံတွေကြားထဲ
သူ့ရဲ့နာကျင်ညည်းတွားသံမှာ နစ်မွန်းလုနီးပါးပါဖြစ်နေခဲ့သည်။ လင်းဂျင်ရွှမ်သည်
သူ့မျက်လုံးများကိုမဖွင့်မီ ကြောက်မက်ဖွယ်ရာဝေဒနာများ
သူ့တစ်ကိုယ်လုံးအနှံ့ပျံ့နှံ့သွားပြီး ပြိုလဲသွားသလိုခံစားလိုက်ရပြီး
သူ့နှင့်မသက်ဆိုင်သောမှတ်ဉာဏ်များက သူ့ စိတ်ထဲအရူးအမူးဖောက်ထွင်းဝင်ရောက် လာသဖြင့်
ခေါင်းပေါက်ကွဲလုမတတ်ဖြစ်နေခဲ့သည်။
"ငါ့
အမေက ဒီကောင်က မကောင်းဆိုးဝါးလို့ ပြောတယ် သူ့ကို သတ်ကြ"
"သူ့ကို
သတ်"
"
ဖေဖေက မကောင်းဆိုးဝါးမဟုတ်ဘူး ၊ ဒီကနေ ထွက်သွားကြ၊ ဖေဖေ့ကို မထိနဲ့ "
ကောင်လေးနှစ်ယောက်သည်
ထိုလူများအားကုပ်ကပ်တွန်းလှဲပစ်ကြသည်။ ကလေးနှစ်ယောက်ထဲကတစ်ယောက်သည် အော်ဟစ်ပြောဆိုနေခဲ့သော်
လည်း သူ၏သေးသေးသွယ်သွယ် ခန္ဓာကိုယ် လေးဖြင့် အရူးကောင်များကိုမခုခံနိုင်ခဲ့ပေ။
သူတို့သည် ကလေးနှစ်ယောက်အပေါ် ပိုမိုကြမ်း ကြုတ်လာပြီးအနာတရဖြစ်လာစေသည်။
လူဆိုးတစ်စု၏ ထိုလူ အပေါ်သတ်ဖြတ်ချင်စိတ်အားပိုယားယံလာစေခဲ့သည်။
ဝိုင်းအရိုက်ခံနေရသော
လင်းဂျင်ရွှမ်သည် ရုတ် တရက်လျှပ်စီးလက်သကဲ့သို့
ဆယ်ကျော်သက်များ၏ခြေကျင်းဝတ်များကို ရုတ်တရက်ဖမ်းဆွဲလိုက်သည်ကို
မည်သူမျှသတိမထားမိလိုက်ကြချေ။
လေးလံသည့်
အရာဝတ္ထုတစ်ခုမြေပြင်ပေါ်သို့ ပြုတ်ကျသွားတဲ့အသံက ရုတ်တရက်ထွက်ပေါ် လာပြီးနောက်
ကောင်လေး၏စူးရှတဲ့အော်သံထွက်ပေါ် လာခဲ့သည်။ ကျန်လူများလည်း တစ်ယောက်ပြီး
တစ်ယောက်ကြောက်ပြီး နောက်ပြန်ဆုတ်ကြသည်။ သူတို့ကိုဆွဲပြီးအော်နေသည့် ကလေးသည်
အငိုရပ်သွားပြီး မြေပြင်ပေါ်လဲကျနေသည့် ကောင်လေး၏ခြေထောက်ကိုတင်း
တင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် ညစ်ပတ်ပေရေနေတဲ့လက်ကိုကြည့်လိုက်သည်။ လက်ကိုငုံ့
ကြည့်လိုက်တဲ့အခါမှာ အဆိုပါလက်ပိုင်ရှင်မှာ သူတို့ရိုက်နှက်နေတဲ့လူဖြစ်နေသည်ကို
တွေ့လိုက်ကြရသည်။
"မင်း
မကောင်းဆိုးဝါးကောင်"
"မလှုပ်နဲ့
မင်းလည်ပင်းကို ဖြတ်ပစ်လိုက်မယ်"
အဲဒီအချိန်မှာ
ကောင်လေးကပြန်ပြီး လင်းဂျင်ရွှမ် ရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်ကို
ကန်ဖို့ခြေဆန့်လိုက်တယ်။ ဘယ်လိုရွေ့လျားသွားမှန်းမသိသလို ဘယ်သူမှ
ရှင်းရှင်းလင်းလင်း မမြင်လိုက်ပဲ မှုန် ဝါးဝါးသာမြင်လိုက်ရသည်။ နောက်တစ်စက္ကန့်မှာ
လင်းဂျင်ရွှမ်သည် ချွန်ထက်တဲ့ အပိုင်းအစတစ်ခုနဲ့ အဆိုပါကောင်လေး၏
လည်ပင်းကိုတင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ နည်းနည်းလောက်ဖိလိုက်သည်နှင့်
ထိုကောင်လေး၏သွေးလွှတ် ကြောတွေပြတ်ထွက်သွားပေလိမ့်မည်သာ။
သူ့ရဲ့ရှည်လျားသော
ဗာဒံစေ့မျက်လုံးများထဲ၌ ခါတိုင်းလို လန်းဆန်းတတ်ကြွမှုတွေ ရုတ်ချည်း
ပျောက်သွားပြီး ကြောက်မက်ဖွယ်ရာအေးစက်တဲ့ အလင်းတန်းများပေါ်ထွက်လာသည်။ လူငယ်လေးသည်
ထိတ်လန့်တုန်လှုပ်ပြီး စကားပါထစ်သွားခဲ့သည် ယခင်က ထိုကဲ့သို့ရူးသွပ်စွာအကြမ်း
ဖက်ခံရခြင်းမျိုးမရှိခဲ့ပေ။ ဒီလိုမြင်ကွင်းမျိုးသည် သူ ယခုမှသာ
ပထမဆုံးမြင်ဖူးတာဖြစ်သည်။
လင်းဂျင်ရွှမ်က
သူ့ကိုပြန်ဖြေချင်ပေမယ့် သူ့ခေါင်းက အချိန်မရွေးပေါက်ကွဲတော့မလိုဖြစ်နေတာကြောင့်
သူ့လက်ကကောင်လေးရဲ့လည်ပင်းကိုတောင် အားနဲ့မကိုင်နိုင်တော့ပဲ သူ့ခေါင်းထဲက
ရှုတ်မှတ်ဉာဏ်တွေ ရှုပ်ထွေးနေပြီး သူက
တစ်ခြားလူရဲ့ခန္ဓာကိုယ်ထဲကူးပြောင်း၀င်ရောက်လာတာ (သို့) အချိန်ခရီးသွားနေတာမှန်း
မှတ်ဉာဏ်တွေကနေတဆင့်သိလိုက်ရသည်။ ဘယ်ကဘယ် လိုရောက်လာတာလဲ ဘယ်မင်းဆက်ကိုရောက်
နေတာလဲ ? လက်ရှိအခြေအနေက ဘယ်လိုဖြစ်သွားတယ်ဆိုတာကို သူ အတိအကျမသိရသေးပေ။
အသားရေဝါကြန့်ကြန့်အရောင်နဲ့
လူမမာရုပ်ပေါက်နေတဲ့ကောင်လေးက သူ့ ရင်ခွင်ထဲ သူနဲ့အသက်မတိမ်းမယိမ်းရှိတဲ့
တခြားကလေးကိုကိုင်ထားပြီး သူ့ကို ဖေဖေလို့ခေါ်လာသည်။ သူ့ရဲ့
တောက်ပတဲ့မျက်လုံးများက လင်းဂျင်ရွှမ်အား တည့်တည့်စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူက
မျက်မှောင်ကြုတ်ကာ သူ့စိတ်ထဲ မှတ်ဥာဏ်အပိုင်းအစအချို့ပျံ့လွင့်လာသည်။
မြင်မြင်ချင်းတွေ့လိုက်ရသည့် အာဟာရချို့တဲ့နေသောကလေးနှစ်ယောက်မှာ
သူ၏သားဖြစ်သူလင်းဝမ် နှင့် လင်းဝူတို့ဖြစ်ပုံရသည်။ ဘုရား၊ ဘုရား ! ဘုရားက သူ့ကို
ဘာလို့များ ဒီလောက်ထိရက် ရက်စက်စက်ကျီစယ်ရတာလဲ ? သူ့အသက်က 20 တောင် ပြည့်ကော
ပြည့်ရဲ့လား ??
"ဟမ်...
"
လင်းဂျင်ရွှမ်တွေးနေရင်းနဲ့ပင်
ရင်ထဲပိုနာကျင်လာတာကြောင့် သူ့စိတ်ထဲမှာရှုပ်ယှက်ခတ်နေတဲ့
အတွေးတွေကိုဖယ်ထုတ်ပစ်လိုက်ပြီး ပေါက်ကွဲလုမတတ်နာကျင်နေတဲ့
ခေါင်းကိုဟာကိုင်ထားလိုက်သည်။
"မင်း
ဦးနှောက်မရှိတဲ့ နတ်ဆိုးကောင် ၊ ဒီမှာ စောင့်နေ ၊ ငါ့အမေကို ဒီကိုခေါ်လာခဲ့မယ်၊
မင်း စောင့်နေလိုက်"
သူ့လက်နေလွတ်သွားတဲ့
လူငယ်က သူ့ကိုတွန်းဖယ်ကာ ကြိမ်းမောင်းပြောဆိုရန်လည်း မမေ့ပဲ
အခြားသူများနှင့်ထွက်ပြေးသွားခဲ့သည်။ ခဏအကြာတွင် နာကျင်မှုကြောင့်
ခေါင်းကိုကိုင်ကာညည်းတွားနေသည့် လင်းဂျင်ရွှမ်နှင့် ပိန်လှီပြီးအားနည်းပုံရသည့်
ပေါင်မုန့်နှစ်လုံးသာကျန်ရှိတော့သည်။
လင်း၀မ်က
သူ့ညီလေးကိုဆုပ်ကိုင်လိုက်ပြီး ရှေ့ကိုလှမ်းကာ စိတ်လှုပ်ရှားမှုနဲ့
ကြောက်ရွံ့တုန်လှုပ်မှုတွေကို မဖုံးကွယ်ထားဘဲ အစမ်းသဘောမေးလိုက်သည်။
သူ့အစ်ကိုရဲ့ရင်ခွင်ထဲမှာ ထွေးပွေ့ခံထားရတဲ့ လင်းဝူ၏မျက်လုံးထဲမှာလည်း
ပျော်ရွှင်မှုလေးတွေဖြင့် ညီအကိုနှစ်ယောက်စလုံးသည်
ဖခင်ဖြစ်သူအားတပြိုင်တည်းမျက်လုံး ဝိုင်းဝိုင်းလေးနဲ့ စိုက်ကြည့်လာကြသည်။
"......."
Bang
!!
လင်းဂျင်ရွှမ်
ပြန်မဖြေနိုင်ခင်မှာ သူ့မျက်လုံးတွေလည်ပြီးလဲကျသွားသည်။ သူ
လဲကျသွားတဲ့အခါပေါင်မုန့်လေးတွေ သူ့ဆီ စိတ်လှုပ်ရှားစွာပြေးလာသည်ကို
ယောင်ဝါးဝါးနဲ့မြင်လိုက်ရသည်။ အမာ ရွတ်ရှိတဲ့ပါးပြင်မှာ ရုပ်ဆိုးတဲ့အပြုံးကို
မွေးဖွားလိုက်န်ိုင်ရုံမှတပါး မကူညီနိုင်ခဲ့ပေ။
မှိန်ဖျော့ဖျော့သက်ကယ်အိမ်လေးထဲတွင်
လင်းဂျင်ရွှမ်ရဲ့ခေါင်းပေါ်၌ ဖုန်မှုန့်အလိမ်းလိမ်းဖြင့် ဖုံးအုပ်နေပြီး သူသည်
သစ်သားကုတင်ပေါ်တွင် ပျော့ညံ့စွာအိပ်ပျော်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်မှာ
အက်ကွဲနေတဲ့မြေသားနံရံကြီးက တစ်ခါတစ်လေလေအေးတွေရဲ့ တိုက်စားခြင်းကိုခံရသည်။သစ်သားကုတင်အထက်နားလောက်
မြေသားနံရံပေါ်တွင် လေးထောင့်ပြတင်းပေါက်လေးတစ်ခုကို ဖွင့်ဟထားသည်။ ယိုင်နဲနေသော
ပြတင်း ပေါက်နှစ်ခုသည် ၎င်းနံရံအပေါ်တွင်ကပ်ရပ်ချိတ် ဆွဲထားပြီး
အချိန်မရွေးပြုတ်ကျလာနိုင်သည့်အပြင် အိမ်ထဲ၌ကုတင်ထောင့်စွန်းတွင်ရှိသော
သစ်သားသေတ္တာကြီးတစ်လုံးမှလွဲ၍ ဘာဆို ဘာမှမရှိပေ။ ဒီမိသားစုက အရမ်းဆင်းရဲတယ်ဟ !
သာမာန်ဆင်းရဲတာမျိုးတောင် ဟုတ်မနေဘူး !
"ကော၊
ဖေဖေ အိပ်နေတာ ရက်တော်တော်ကြာနေပြီ၊ ဖေဖေ ဘယ်တော့နိုးလာမှာလဲ ?"
သော့ဖွင့်ထားခဲ့တဲ့
သစ်သားတံခါးကိုအပြင်ကနေ တွန်းဖွင့်လိုက်ကြသည်။ 'ပေါင်မုန့်'လုံးလေးနှစ်လုံးက
တယောက်ပြီးတယောက်ရောက်လာပြီး သူ့လက်ကိုကိုင်ထားကြကာ သူတို့ထဲကတစ်ယောက်သည်
လင်းဂျင်ရွှမ်၏နဖူးကိုထိဖို့ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ဘာသာ
"မပူတော့ဘူး" ဟု တိုးတိုးလေးပြောလိုက်သည်။
"ဒီမှာနေပြီး
ဖေဖေ့ကို ဂရုစိုက်ထားနော်၊ မွန်းလွှဲပိုင်းကအဖွားလုပ်ပေးထားခဲ့တဲ့
ဆန်မုန့်သွားပြန်နွေးလိုက်ဦးမယ်"
"ကော
ငါလည်း ဗိုက်ဆာတယ်"
လင်းဝူက
ချစ်စဖွယ်ခေါင်းညိတ်ပြသည်။ ကြက် ခြေထောက်လေးလို လက်သေးသေးလေးက သူ့ဗိုက်ကို
ဖွဖွလေးဆုပ်ကိုင်လိုက်သည်။ လင်း၀မ် ကပြုံးပြီး "အင်း၊ ရှောင်ဝူ
ကောင်းကောင်းနေနော်၊ မကြာခင်စားရတော့မယ်" ဟု ပြောပြီးပြီးချင်း
ကလေးလေးမှာထွက်သွားခဲ့သည်။
လင်းဝူ
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သူ့အဖေကိုကြည့်ကာ လျော့ကျနေတဲ့
စောင်ကိုဆွဲတင်ရန်ပြေးလှည့်လာပြီး ဆွဲတင်ပေးပြီးနောက် ခြေ ထောက်မပါသောကျိုးနေတဲ့
ခုံတန်းလေးကို ကောက်ကိုင်လိုက်ပြီး ခုံလေးပေါ်မှာနာခံစွာထိုင် နေလိုက်သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများကိုဖြည်း
ညှင်းစွာဖွင့်လိုက်သည်။ ပေါင်မုန့်နှစ်လုံးတံခါးဖွင့်လိုက်ကတည်းက သူနိုးနေခဲ့တာဖြစ်ပြီး
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေါက်ထွက်မတတ်၀င်ရောက်လာတဲ့ မှတ်ဉာဏ်အသစ်တွေနဲ့
ယှဉ်ကြည့်လိုက်ရင် အခုဒီခန္ဓာကိုယ်ရဲ့အခြေအနေကို ပုံမှန်အားဖြင့် နားလည်လုနီးပါးဖြစ်သွားပြီဖြစ်သည်။
ပေါင်မုန့်နှစ်လုံးသည် အမှန်ပင်သူ့သားများဖြစ်ကာ အမြွှာများဖြစ်သည်
ပိန်ပိန်သေးသေးဖြင့် အများဆုံးသုံးလေးနှစ်ဟုထင်ရသော်လည်း ယခုနှစ်ကုန်တွင်
အသက်ငါးနှစ်ပြည့်မည်ဖြစ်သည်။
ထိုအကြောင်းကိုတွေးရင်း
လင်းဂျင်ရွှမ်သည် သူ့ခေါင်းကိုလှည့်ကာ ပတ်ဝန်းကျင်ကိုကြည့်ပြီး စိတ်ထဲကြိတ်၍
သက်ပြင်းချလိုက်မိသည်။ သူ့အိမ်ထဲမှာ ဗလာသက်သက်နံရံနဲ့ ပေါင်မုန့်နှစ်လုံးကလွဲလို့
ဘာမှရှိမနေဘူးပဲ။
**
ဒီဘဝထပ် ပိုပြီးများဆင်းရဲနိုင်ဦးမလား **
ဒါ့ထက်
သူတို့ရဲ့ဖခင်အရင်းဖြစ်ခဲ့ခြင်းပင်။ အဲ့ဒါကြောင့် ရွာကလူတွေက
သူ့ကိုမကောင်းဆိုးဝါးဟု ခေါ်ကြသည်။ အမျိုးသားတစ်ဦးသည် ကလေးများကို
မည်သို့မွေးဖွားနိုင်ရသနည်း ? ရွာသားများ သူ့နောက်ကွယ်မှာ အတင်းအဖျင်းပြောပြီး
ထိုကလေးတွေကလည်း သူ့အားအနိုင်ကျင့် ရန်အုပ်စုဖွဲ့လေ့ရှိသည်။
သူဒီကိုကူးပြောင်းလာတဲ့နေ့ကလိုပဲ သူ့ကို ရိုက်နှက်ကာ ဆူပူကြိမ်း မောင်းကြသည်။
မူလကိုယ်သည် ခံနိုင်ရည်ရှိခဲ့ပြီး ငါးနှစ်ကြာ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်
သေသည်အထိရိုက်နှက်ခံလိုက်ရသည်။ ဒါကို အောင်မြင်သွားတယ်လို့ပဲပြောရမလား ??