Chapter
3
"ဖေဖေ
နိုးလာပြီလား"
လင်းဝူသည်
ကုတင်ပေါ်မှောက်လျက်သားဖြင့် အခွံခွာထားသည့် ကြက်မောက်သီးကဲ့သို့တောက်ပနေသော
မျက်လုံးရွဲကြီးများနှင့် လင်းဂျင်ရွှမ်အားစိုက်ကြည့်နေခဲ့သည်။ ထိုလူ၏ မျက်
လုံးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး မည်သည့်တစ်ခွန်းမှပြောမလာဘဲ
အရှက်မရှိငိုက် မျဉ်းနေခဲ့သည်။
"ဖေဖေ
ထ ထ ထတော့ ၊ ၀မ် အဘွားကို ဖေဖေကအရူးမဟုတ်တော့ဘူးလို့ပြောနေတာ သားကြား လိုက်တယ်။
ဖေဖေက တိုင်၀မ့်အဖေလို ပိုက်ဆံတွေအများကြီးရှာနိုင်တော့မှာလားဟင် ?? ဖေဖေ
စိတ်မပူနဲ့ သား ဖေဖေ့ကိုပိုက်ဆံကူရှာပေးမယ် သား အခု ဟင်းရွက်တွေခူးနိုင်၊
တူးနိုင်နေပါပြီသားနည်းနည်းကြီးလာရင် တိုင်၀မ်တို့ ဒါမှမဟုတ် တခြားသူတွေနဲ့ သား
ငါးလိုက်ဖမ်းနိုင်ပါတယ်။ သားတို့အတွက်မဟုတ်ပါဘူး။ ဖေဖေ့ အတွက် အကြီးဆုံးနဲ့
အဆူဖြိုးဆုံးငါးကို သား ဖမ်းပေးမယ်။ သား ခုထိ ငါး
တစ်ခါမှမစားဘူးသေးပေမယ့်ပေါ့။"
ရှောင်ဝူသည်
ဖခင်ဖြစ်သူ၏ ကုတင်နံဘေးမှာ စကားတွေတစ်တွတ်တွတ်နဲ့ပြောနေခဲ့ပြီး။ တစ်ခါတစ်လေ
နှာတရှုံရှုံနှင့် ခက်ခက်ခဲခဲပြောယူနေရသော်လည်း သူ့ဖေဖေအတွက် တောက်ပတဲ့အနာ
ဂတ်ကိုပုံဖော်နေခြင်းအား မတားဆီးနိုင်ခဲ့ချေ။ လင်းဂျင်ရွှမ်သည် ကောင်လေး
"ငါး" အကြောင်းပြောနေချိန် တံတွေးမြိုချသံကိုကြားလိုက်မိပုံရသည်။
မူလပိုင်ရှင်ရဲ့ခံစားချက် ဟုတ်၊ မဟုတ် (သို့) ကလေးလေး၏ပြောစကားကြောင့်
ကူးစက်ခံရခြင်း ရှိ၊ မရှိ မသိသော်လည်း လင်းဂျင်ရွှမ်သည် သူ့မျက်လုံးများပင်ချဉ်လာပြီး
နှလုံးအောင့်လာသလိုပင်ခံစားခဲ့ရသည်။
ငါးနှစ်တောင်မရှိသေးတဲ့ကလေးက
အရမ်းစဉ်းစားတတ်နေပြီ။ ဒါပေမယ့် သူက ခုထိ တစ်ခါမှတောင်
ငါးတောင်မစားဖူးသေးဘူးတဲ့လား ? ဒါ စိတ်မကောင်းစရာပဲ! 21 ရာစုတွင်
ယခုလိုအဖြစ်မျိုးတွေးကြည့်လို့ပင်မရချေ။
"ရှောင်ဝူ..."
"ဖေဖေ
နိုးပြီလား ? ထပြီး တစ်ခုခုစားလိုက်ဦး၊ အဖွားလုပ်ပေးခဲ့တဲ့ ဆန်မုန့်ကိုသားပြန်နွေးပြီးပြီ"
လင်း၀မ်သည်
အက်ကွဲရာများပါသော ပန်းကန် လုံးကြမ်းတစ်လုံးယူလာပြီး
လင်းဂျင်ရွှမ်နိုးလာသည်ကိုမြင်လိုက်ရသည်နှင့် သူ၏ညစ်ပေနေသော မျက်နှာလေးသည်
အနည်းငယ်သဘာ၀မကျသလိုဖြစ်နေခဲ့သည်။ ကုတင်ထောင့်စွန်းမှ သစ်သားသေတ္တာကြီးပေါ်
ပန်းကန်လုံးကိုတင်ပြီး ပြန်ပြေးထွက်သွားပြန်သည်။ ခဏအကြာ
အရွယ်တူပန်းကန်လုံးကြမ်းတစ်လုံးယူပြီး ပြန်ရောက် လာခဲ့သည်။
ကုတင်ပေါ်မှာလဲလျောင်းနေသော လင်းဂျင်ရွှမ်သည် ပန်းကန်လုံးထဲ
မဲနက်နေသည့်အနစ်လိုလိုနှင့် အဖြူရောင်အရာများလည်းရှိနေသည်ကို
ဝိုးတဝါးသာမြင်လိုက်ရသည်။ ကန် စွန်းဥ မဟုတ်ဘူးလား ? ပေါင်မုန့်လုံးလေးက သူ မနိုးသေးဘူးဟုထင်နေသဖြင့်
သူ့ဝေစုကိုမီးဖို ချောင်မှာထားခဲ့ခြင်းဖြစ်ပြီး ယခု သူနိုးလာသည်ကိုတွေ့ရသောအခါ
သူ့အတွက် သွားယူပေးခြင်းဖြစ်သည်။
"ဖေဖေ
၊ ထပြီး တစ်ခုခုစားလိုက်ဦး ၊ ဖေဖေ အိပ်ပျော်နေတာ ရက်တော်တော်ကြာသွားပြီ.....
"
လင်း၀မ်
တတိယအကြိမ်ပြန်ရောက်လာတဲ့အခါ သူ့လက်ထဲ နောက်ထပ်တူအစုံအနည်းငယ်ကိုင်ဆောင်လာခဲ့သည်။
အကြိမ်ကြိမ်အဖန်ဖန်ရှေ့ နောက် အသွားအပြန်လုပ်ပြီး သကာလမှာတော့ လင်း၀မ် အနဲငယ်သာ
အသက်ရှူရသေးသည်။ ထို့ နောက်ကန်စွန်းဥတစ်ပန်းကန်ကို ကုတင်ပေါ်တင်ပေးလိုက်ပြီး
သူ့မျက်လုံးဝိုင်းကြီးများထဲ စူးစမ်းလိုစိတ်များနှင့်စိတ်လှုပ်ရှားမှုများဖြင့်
ပြည့်နှက်နေခဲ့သည်။ သူ့ဖေဖေ အသိဉာဏ်မရှိတော့တာမျိုးမဟုတ်ဘူးဆိုတာကို
သူယောင်ဝါးဝါးသိနေပေမယ့်လည်း သူ့ဖေဖေ ဘယ်လိုမျိုးဖြစ်လာမယ်ဆိုတာကိုလည်း
အတိအကျမပြောနိုင်သေးချေ။ ဘာပဲဖြစ်ဖြစ်ပါလေ အရင်ကထက်တော့ ပိုကောင်းလာမှာပဲ...
ကလေးနှစ်ယောက်မှာ
တစ်ယောက်သည်ချစ်စရာကောင်းသည့် စကားပြောစက်လေးဖြစ်ပြီး၊ အခြားတစ်ယောက်သည်တော့
အသက်အရွယ်နဲ့မလိုက်အောင်ကိုရင့်ကျက်နေခဲ့ပြီ။ သို့သော် ၎င်းတို့နှစ်ယောက်စလုံးက
တအားပိန်လှီနေခဲ့ပြီး သူတို့ကိုယ်ပေါ်မှာလည်း
အဖာအစပ်များစွာနှင့်အကျီကို၀တ်ထားကြသည်။ သူတို့ရဲ့တောက်ပတဲ့ မျက်လုံးများအပြင်
သူတို့ရဲ့တစ်ကိုယ်လုံး အထူး သဖြင့် 'ကြက်ခြေထောက်' တစ်စုံသည် ပျော့ခွေနေခဲ့သည်။
လင်းဂျင်ရွှမ်သည် တစ်စုံတစ်ရာ လှုပ်ရှားခြင်းမရှိသေးသော်လည်း
သူ့နှလုံးသားထဲတွင်တော့နာကျင်နေခဲ့သည်။ သူတို့ကတကယ့်ကိုသေးသွယ်ပိန်လှီနေပြီး
သူတို့ရဲ့အသားအရည်မဟုတ်ပေမယ့် သူတို့တစ်ကိုယ်လုံးအညစ်အ
ကြေးတွေရှိနေသည်ကိုတွေ့နေရသည်။ ရေမချိုးရတာ ဘယ်လောက်တောင်ကြာသွားပြီလဲမသိပေမယ့်
ဖခင်တစ်ယောက်အနေနဲ့တော့ လုံး၀ကိုအရှုံး ကြီးရှုံးနိမ့်သွားသည်ကို
သူသဘောပေါက်သွားခဲ့သည်။
ဒီလိုသားနှစ်ယောက်ရှိလာရတာလည်း
မကောင်းတာတော့ မဟုတ်ပါဘူးလေ..
"ဟိုမှာ
ထားထားလိုက်၊ ဖေဖေ ထပြီး မင်းတို့နဲ့ အတူတူစားမယ်"
လင်းဂျင်ရွှမ်
နောက်ဆုံး စကားပြောလာခဲ့သည်။ သူ့အသံသည် အက်ကွဲနေကာပြာတာတာဖြစ်လို့ နေသည်။
သူပြောသည်ကိုကြားပြီးနောက် ချက် ချင်းဆိုသလို ကလေးနှစ်ယောက်၏ခန္ဓာကိုယ်အား
တောင့်တင်းဖြောင့်တန်းသွားစေပြီး မျက် ရည်တွေပြည့်နေသည့် မျက်လုံးရွဲကြီးများဖြင့်
သူ့ကိုကြည့်လာကြသည်။ ထထိုင်ဖို့ ရုန်းကန်နေရတဲ့ လင်းဂျင်ရွှမ် စိတ်ထဲ
'ဘာဖြစ်သွားမှန်း' မတွေးတတ်လောက်အောင်ပင်။
"အူးဝါး...
ဖေဖေ၊ နောက်ဆုံးတော့ စကားပြောနိုင်ပြီပေါ့ ၊ အဖေကတော်လိုက်တာ"
လင်း၀မ်ရဲ့သည်းခံနိုင်မှု၊
ခေါင်းမာမှုတို့နဲ့ယှဉ်လျှင် လင်းဝူသည် အပြင်ပိုင်းမှာပိုနူးညံ့သည်။
ငိုနေရင်းပြေးလာကာ သူ့ဖေဖေကိုလက်မလွှတ်တမ်း စိတ်လှုပ်ရှားစွာဆုပ်ကိုင်ထားခဲ့သည်။
လင်းဂျင်ရွှမ် အံ့အားသင့်သွားသည်။ တစ်ချို့သောမှတ်ဉာဏ်တွေ သူ့ခေါင်းထဲအပြည့်ပေါ်လာပုံရပြီး
သူ့ခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်သည် ဒီကလေးနှစ်ယောက်ကိုကိုယ်ဝန်ရှိလာပြီးနောက်
မိသားစုမှမောင်းထုတ်ခံခဲ့ရသည်။ ထိုဖြစ်ရပ်ပြီးနောက် သတိလစ်နေသည့်
အခြေအနေရှိခဲ့ပုံရသည်ဟု ဝိုးတဝါးမှတ်မိနေခဲ့သည်။ မကြာသေးမီနှစ်များအတွင်း
သူမှတ်ဉာဏ်သည်ဗလာဖြစ်နေခဲ့သည်။ သူ့နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်စေ့ထားတဲ့
လင်း၀မ်ကိုမော့ကြည့်လိုက်ပြီး ရှည်လျားပြီးချစ် စရာကောင်းတဲ့ဖီးနစ်မျက်လုံးလေးက
အနည်း ငယ်မှေးကျဉ်းသွားခဲ့သည်။ လင်းဂျင်ရွှမ်က သူ့လက်တွေကိုဆန့်ပြီး
လင်း၀မ်ကိုပွေ့ဖက်ဖို့အစပြုလိုက်သည်။
"ဖေဖေ
အမြဲတမ်းစကားပြောနိုင်ခဲ့ပေမယ့် ဖေဖေ အချိန်အတော်ကြာမေ့သွားခဲ့တယ်။ ဒီတစ်ခေါက်
ကြည့်ရတာ ဖေဖေ့ကို အဲ့ရောဂါကြီးကိုပါ ကုသပေးသွားတဲ့ပုံပဲ။ ရှေ့လျှောက် ဖေဖေဘယ်
တော့မှမမေ့တော့ဘူးလို့ ကတိပေးတယ်။ ကဲ ဖေဖေ့ရဲ့ပေါင်မုန့်လုံးလေးတွေမငိုကြနဲ့တော့ဟုတ်ပြီလား
?"
သူ့အသံကြိုးသည်
အက်ကွဲပြီးပြာတာတာဖြစ်နေဆဲဖြစ်ပြီး မနှစ်မြို့စရာဖြစ်နေပေမယ့်လည်း
လင်းဂျင်ရွှမ်ရဲ့ နူးညံ့သိမ်မွေ့နေမှုကိုတော့ မဖုံး လွှမ်းနိုင်ခဲ့ပေ။
ဒီခန္ဓာကိုယ်ကိုယူလိုက်ပြီးက တည်းက အရမ်းချစ်စရာကောင်းသည့်
ပေါင်မုန့်လုံးလေးများသည် ယနေ့ကစပြီး သူ့သားတွေဖြစ်လာကြလိမ့်မည်။
သူတို့လေးတွေကိုကောင်း ကောင်းကျွေးမွေးပြီး
ယောက်ျားကောင်းလေးတွေဖြစ်အောင်ပြုစုပျိုးထောင်ပေးရမည်။
"
ဖေဖေ သားကိုပေါင်မုန့်လုံးလေးလို့ မခေါ်နဲ့ သားက ရှောင်ဝူ"
သူ့အား
'ပေါင်မုန့်လုံးလေး' ဟုခေါ်သည်ကို ကြားသဖြင့် လင်းဝူသည် သူ့
ပါးစပ်သေးသေးလေးကိုဟကာကန့်ကွက်လိုက်ပါတော့သည်။ လင်းဂျင် ရွှမ်သည်
မရယ်နိုင်သဖြင့် ကောင်လေးရဲ့မျက်နှာကိုထိရန် သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ သိုါသော်
ကောင်လေးသည် ပိန်လွန်းသဖြင့်အရေ ပြားပင်ရှုံတွနေခဲ့သည်။ လင်းဂျင်ရွှမ် စိတ်ထဲတွင်
ပိုဝမ်းနည်းလာခဲ့သည်။ ပြီးနောက် ကောင်လေး ၏မျက်နှာလေးကိုကိုင်လိုက်ပြီး
"ပေါင်မုန့်လုံးကကောင်းတယ်
မဟုတ်ဘူးလား ? ဖေဖေကတော့ကြိုက်တယ် အထူးသဖြင့် ဖြူဖြူဖွေးဖွေးနဲ့
အသားတွေအများကြီးပါတဲ့ ပေါင်မုန့် လုံးတွေကိုပိုကြိုက်တယ်"
"တကယ်လား
?? ဒါပေမယ့် သားက ဖြူလည်းမဖြူဘူး အသားလည်းအများကြီးမရှိဘူးလေ"
ကလေးရဲ့တောက်ပနေတဲ့
ချစ်စဖွယ်မျက်လုံး ၀ိုင်းလေးတွေက လင်းဂျင်ရွှမ်ရဲ့မျက်နှာပေါ်က
အပြုံးကိုပိုတောက်ပလာစေခဲ့သည်။
"မစိုးရိမ်နဲ့
ဖေဖေ မင်းတို့ကိုဂရုစိုက်မယ်၊ ပိုက်ဆံ တွေအများကြီးရှာပြီး နှစ်ယောက်စလုံးကို
စူပါ ပေါင်မုန့်လုံးလေးတွေဖြစ်အောင်လုပ်ပေးမယ်"
လင်းဂျင်ရွှမ်သည်
ကောင်လေးအမှန်တကယ် နားလည်လား (သို့) နားလည်ချင်ယောင်ဆောင်နေတာလား မသိနိုင်သော်လည်း
လင်းဝူသည် စိတ်လှုပ်ရှားစွာ မျက်လုံးလေမှိတ်တုတ်မှိတ်တုတ်ဖြင့်ပြုံးပြလာသည်။
ကလေးလေးက ဘယ် လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ !
သူ့ရှေ့က
လူနှစ်ယောက်ထံမှလျစ်လျူရှုခြင်းခံ ထားရသည့် လင်း၀မ်က သူ့ရဲ့
နှုတ်ခမ်းများကိုဖွင့်ဟလိုက်ပြီး အနက်ရောင်မျက်လုံးများထဲမှာ
ငါးနှစ်သားတစ်ယောက်မှာရှိရမဲ့ အဆင်အခြင်ကင်းမဲ့တဲ့တတ်ကြွမှုတွေရှိမနေပေ။ သို့သော်
စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ခြင်း၊ စိတ်လှုပ်ရှားခြင်းအရှင်းကင်းမဲ့နေခဲ့သည်။
လင်းဂျင်ရွှမ်သည် လင်း၀မ်အား လင်းဝူကဲ့သို့ချွေးသိပ်ရန် မလွယ်ကူမှန်းသိသောကြောင့်
သူ ဘာမှမပြောဘဲ ထလိုက်ကာ ရှောင်၀မ်ကို သူ့ဘက်သို့ခေါ်ကာ အခြားလက်တစ်ဖက်ဖြင့်
ပုံမှန်အတိုင်းဖက်ထားလိုက်သည်။
"ဖေဖေ
တကယ်ပဲ နေပြန်ကောင်းသွားပြီလား ?"
ဖအေနှင့်သားများသည်
သစ်သားသေတ္တာဟောင်းလေးပေါ် ငုတ်တုတ်ထိုင်နေကြသည်။ လင်း၀မ်
ခဏလောက်ရုန်းထွက်ပြီးနောက်အဆုံးမှာတော့ သူ့စိတ်ထဲကအကြောက်ဆုံးမေးခွန်းကို
မေးလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ်အဆုံးမှာ သူသည် အသက် 5 နှစ်အောက်ကလေးသာရှိသေးသည်။
သက်တူရွယ်တူ ကလေးအများစုထက်ပိုရင့်ကျက်နေလျှင်ပင် လူကြီးတစ်ယောက်လို
သူ့မျက်နှာထက်ကခံစားချက်များကိုတော့ မဖုံး ကွယ်ထားနိုင်သေးပေ။
လင်းဂျင်ရွှမ်သည်
သူ့မျက်လုံးများကိုကြည့်လိုက်သောအခါ ရင်ထဲနာကျင်မှုကိုတစ်ခဏခံစားလိုက်ရပြီး
အချိန်အတော်ကြာပြီးနောက် သူ တိုး တိုးလေးရယ်လိုက်သည်။
"အင်း
ဖေဖေက ဖေဖေတို့မိသားစုကိုထောက်ပံ့မယ် ပြီးတော့ မင်းတို့ကိုကာကွယ်ပေးမယ်"
ချစ်စရာကောင်းတဲ့ပေါင်မုန့်လုံးလေးက
သူနှင့် ကျီစားချင်နေသလို ရင့်ကျက်တဲ့ပေါင်မုန့်လုံးကြီးကတော့
သေချာသည့်အာမခံချက်လိုချင်နေ သည်။
"ဖေဖေ..."
"ဟမ်
?"
နောက်တစက္ကန့်တွင်၊
ပေါင်မုန့်လုံးကြီးသည် သူ့ဖေဖေရဲ့ ရင်ခွင်ထဲကိုစိတ်လှုပ်ရှားစွာပြေးဝင်လာခဲ့သည်။
လင်းဂျင်ရွှမ်ခမျာ နာကျင်မှုကြောင့် ကျယ်လောင်စွာ မအော်နိုင်ဘဲရှိတော့သည်။
သူ့ရင်ဘတ်ကစိုစွတ်မှုကြောင့် နာကျင်နေတဲ့ဝေဒနာကိုလျစ်လျူရှုပြီး
ကောင်လေးရဲ့ကျောကိုညင် သာစွာပုတ်ဖို့လက်ကိုမြှောက်လိုက်သည်။ တစ် ဖက်မှာတော့
ပေါင်မုန့်လုံးလေးသည် သူတို့အား မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာကြည့်ပြီး
နှုတ်ခမ်းကိုဆူပြီး ငိုယိုအော်ဟစ်ခြိမ်းခြောက်လိုက်သည်။ လင်းဂျင်ရွှမ်က
သူ့လက်ကိုအလျင် အမြန်မြှောက်လိုက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက် သည်။
ကောင်လေးနှစ်ယောက်က
သူ့ရင်ခွင်ထဲမှာနစ် မြုပ်နေပြီး ကျယ်လောင်စွာအော်ဟစ်ငိုယိုနေကြသဖြင့်
လင်းဂျင်ရွှမ် စိတ်ထဲပိုပြီးဝမ်းနည်းသွားမိ သည်။ ဒီအချိန်မှာ သူ သတိထားမိတာတစ်ခုက
ဘယ် လောက်ပဲ ကလေးတွေစဉ်းစားချင့်ချိန်တတ်ပြီးအရွယ်နဲ့မလိုက်အောင်ရင့်ကျက်နေတာ
ဒါမှမဟုတ် ချစ်ဖို့ကောင်းနေတာဖြစ်ပါစေ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းတို့သည်
အသက်ငါးနှစ်ပင်မပြည့်သေးသည့် ပေါင်မုန့်လုံးလေးတွေဆိုတာကို သူသဘောပေါက်သွားခဲ့သည်။